← Chapters

တကျွတ်ကျွတ်

Vol. 123 Ch. 1720

တကျွတ်ကျွတ်

Vol. 123 Ch. 1720

ရှီမာယူယူသည် အမည်းလေးကို ခေါ်ထုတ်လိုက်သည်။ ထိုအကောင် လေးသည် ချက်ချင်းပင် သူမ ရင်ခွင်ထဲသို့ ခုန်ဝင်လိုက်ပြီး အိမ်မွေးခွေးလေးမှ ပိုင်ရှင်ကို ပြုမူသကဲ့သို့ သူမလက်မောင်းကို လျှက်လေသည်။

သူမသည် အမည်းလေး၏ လည်ပင်းကိုကိုင်ပြီး အထင်သေးစွာဖြင့် ပြော လိုက်သည် “မင်းက ခွေးမဟုတ်ဘူး ဒီလိုထပ်လုပ်ရင် မင်းကို ခွေးသား စားသောက်ဆိုင်ပို့ပစ်မယ်”

အမည်းလေးသည် ညည်းညူကာ ခေါင်းညိတ်လေသည်။ ထို ကြီးမား လုံးဝန်းသော မျက်လုံးများသည် အမှားကို ခံစားမိသည့်အလား ရှီမာယူယူကို ကြည့်လေသည်။ အရာများအားလုံးထဲတွင် သူမ မခံနိုင်သည်မှာ သူမ သားရဲ များ၏ ဤကဲ့သို့သော အကြည့်များပင်ဖြစ်သည်။

“ဟုတ်ပါပြီ မင်းကို ခွေးသားစားသောက်ဆိုင်ကို မပို့ပါဘူး” သူမ သက်ပြင်း ချလိုက်သည် “ဒါကိုလုပ်ကြည့်ဦး မင်းနဲ့ဆိုအလုပ်ဖြစ်မလား ကြည့် တာပေါ့”

သူမသည် အမည်းလေးကို ချကာ အမှောင်ဝိညာဉ်ကျောက်ကို တိုက်ခိုက် ရန် ကြိုးစားကြည့်စေသည်။

အမည်းလေးသည် သူမကိုကြည့်ပြီးနောက် ထိုအမှောင်ကျောက်များကို ခြေလက်များဖြင့် ကုတ်လိုက်ရာ အမှောင်ကျောက်များသည် ကွဲသွားလေသည်။

“ဝူး ဝူး ဝူး” အမည်းလေးသည် အမှောင်ဝိညာဉ်ကျောက်ဆီမှ အနံ့ထွက် လာသည်နှင့် ကျောက်များကို ခေါင်းငုံ့ပြီး ဝါးစားကာ ပျော်ရွှင်နေသည်။

“ကျွတ် ကျွတ်”

အားလုံး ထိတ်လန့်နေချိန်တွင် အမည်းလေးသည် ထိုအမှောင်ဝိညာဉ် ကျောက်များကို လျင်မြန်စွာ စားလေသည်။

သူသည် တစ်လုံးပြီး တစ်လုံးစားပြီးသည့်တိုင်အောင် မကျေနပ်သေးဘဲ နောက်တစ်တုံးပြီးတစ်တုံး ခွဲပြီး စတင်ဝါးစားတော့သည်။

ရှောင်ချီ၏ နှုတ်ခမ်းတွင် အပြုံးများဖြစ်လာသည် “ဒီကောင်လေးတော့…”

အမှောင်ဝိညာဉ်ကျောက်၏ စွမ်းအားများသည် အမည်းလေးအပေါ် သက်ရောက်မှုမရှိပေ။ အမည်းလေးသည် အမြီးတနှံ့နှံ့နှင့် ပျော်ရွှင်စွာ စားသောက်နေသည်ကို ရှီမာယူယူ မြင်နေရသည်။ ထိုသို့ဆိုလျှင် အကြီးအကဲဖြူအပေါ်တွင် မည်သည့်သက်ရောက်မှုမရှိသောကြောင့် ချိပ်စည်း ကို ထိသွားမည်လည်းမဟုတ်ပေ။

“အမည်းလေး ဒါကိုစမ်းကြည့်” ရှီမာယူယူသည် အမည်းလေးကို ချီကာ နောက်ထပ်အမှောင်ဝိညာဉ်ကျောက်ဆီသို့ ပို့ပြီး ခေါင်းပုတ်ပေးလိုက်သည်။

အမည်းလေးသည် အမြီးလှုပ်ယမ်းနေသည်။ ရှီမာယူယူ ဘာကြောင့် နေရာပြောင်းလိုက်သည်ကို သူ မသိသော်လည်း သူမ၏ အမိန့်ကို လိုက်နာကာ ရှီမာယူယူပြောသည့် ကျောက်ကိုခွဲလိုက်သည်။

ထိုအချိန်တွင် ချိပ်စည်းမှာ တုန်ခါလာပြီး အကြီးအကဲဖြူသည် ညှိုးငယ် စွာဖြင့် ညည်းနေသည်ကို ရှီမာယူယူ အာရုံခံမိသည်။

“အကြီးအကဲဖြူ အဆင်ပြေရဲ့လား” သူမသည် အကြီးအကဲဖြူ၏ အခြေအနေကို မသိသဖြင့် စိုးရိမ်တကြီးမေးလိုက်သည်။

“အဆင်ပြေတယ် ငါ့ခန္ဓာကိုယ်ထဲမှာ စိုက်နေတာကြီးက ထုတ်သွားသလို ခံစားရတယ် ခဏတော့နာသွားပေမဲ့ ခဏကြာတော့ သက်သာသွားတယ်” အကြီးအကဲဖြူ တုံ့ပြန်လေသည်။

“အင်း ခဏနေရင် ပိုကောင်းသွားမှာပါ ချိပ်စည်းကို အမှောင်ဝိညာဉ်‌ ကျောက် ၁၀၀ ရာနဲ့လုပ်ထားတာ ဒါပေမဲ့ တကယ်တမ်းက အတုံး ၁၀၀ မှာ ၁၀ တုံးကပဲ အဓိကပဲ၊ အခု တစ်ခုရှာတွေ့ပြီဆိုတော့ နောက်ထပ် ၉ တုံးကိုပဲ ရှာဖို့ လိုတော့တယ်” တဒင်္ဂနာကျင်မှုမှာ မလွယ်ကူကြောင်းကို ရှီမာယူယူ သိသဖြင့် အသံမှာ အားလျော့လာသည်။

“နောက်ထပ် ၉ ခါလား” ရှောင်ချီ အော်လိုက်သည် “တစ်ခါဆိုရင်တောင် နာနေပြီ ဘိုးဘိုးဖြူက နာလွန်းလို့သေသွားလိမ့်မယ်”

“အမည်းလေးက အဲဒီစွမ်းအား အများစုကိုတောင် ခုခံနေရပြီ သူ အကုန် လုံးကို ရှင်းနိုင်မှာမဟုတ်ဘူး” ရှီမာယူယူလည်း မတတ်နိုင်ပေ။

ဒုတိယမြောက်ကျောက်ကို ခွဲပြီးနောက် ရှီမာယူယူသည် အမည်းလေးကို ရပ်ခိုင်းလိုက်သည်။

“သွား ရှောင်ချီနဲ့ ခဏသွားဆော့လိုက်ဦး” ရှီမာယူယူသည် အမည်းလေး ကို ချီကာ ရပ်ခိုင်းပြီး ကုန်းပေါ်သို့ပျံသွားလိုက်သည်။ မဟုတ်လျှင် အကြီးအကဲ ဖြူသည်ခံနိုင်ရည်ရှိမည်မဟုတ်ပေ။

ရှောင်ချီသည် အမည်းလေးကို ချီပြီး မေးလိုက်သည် “အကြီးအကဲဖြူ ဘယ်လိုလဲ”

“ငါ မကြည့်ရသေးဘူး သူ အဆင်ပြေလောက်မှာပါ” ရှီမာယူယူသည် သူမ ကို နှစ်သိမ့်လိုက်သည် “အရင်ဆုံးကြည့်တာပေါ့”

“အကြီးအကဲဖြူကို မင်းလက်ထဲ အပ်လိုက်ပြီ” ချင်ယိ ပြောလိုက်သည်။

“အင်း” ရှီမာယူယူသည် သူ့ကိုခေါင်းညိတ်ပြပြီး အကြီးအကဲဖြူ၏ အမြစ် များဆီသို့ ပျံသွားလိုက်သည်။

“အကြီးအကဲဖြူ ကျွန်မ အခြေအနေကို အာရုံခံကြည့်မယ် အရမ်းကြီး တောင့်ခံဖို့မလိုဘူး” သူမသည် အကြီးအကဲဖြူကိုပြောပြီးနောက် သူ၏ အကိုင်း ကို လက်တင်ပြီး ဝိညာဉ်စွမ်းအင်ထည့်ကာ အကြီးအကဲဖြူ၏ တုံ့ပြန်ချက်ပြန်ရ ပြီးသည်နှင့် အခြေအနေကို စတင်စစ်ဆေးကြည့်တော့သည်။ သို့သော် သူမ သည် သူမ၏စာချုပ်သားရဲကဲ့သို့မဟုတ်ဘဲ အခြားအပင်အမျိုးအစားကို မရင်းနှီး သောကြောင့် ဘာမှကိုရှာမတွေ့ခဲ့ပေ။

သူမသည် ချင်ယိကို ခေါင်းခါယမ်းပြလိုက်ရာ ချင်ယိသည် ရှီမာယူယူဆီ သို့ပျံလာပြီး တစ်ခဏမျှတိတ်ဆိတ်သွားသည်။

“ချင်ယိ” ရှောင်ချီသည် အလန့်တကြားအော်ဟစ်ပြီး ချင်ယိ၏ အင်္ကျီကို အလိုလို ဆွဲလိုက်မိသည်။

“ဒီမှာနေ” ခင်ယိသည် ပြောပြီးသည်နှင့် အကြီးအကဲဖြူ၏ ဘေးတွင် ဆင်းသက်လိုက်သည်။ အမှောင်ဝိညာဉ်ကျောက်၏ စွမ်းအားသည် သူ့ကို နေရ ခက်စေသဖြင့် သူ မျက်မှောင်ကြုတ်လိုက်သည်။

“ဘာလို့ လာတာလဲ” ရှီမာယူယူ မေးလိုက်သည်။

“ငါ အကြီးအကဲဖြူရဲ့ အခြေအနေကို ပြောနိုင်တယ်” ချင်ယိသည် ပြော ပြီးသည်နှင့် အကိုင်းများပေါ်သို့ လက်တင်ပြီး အကြီးအကဲဖြူ၏ အခြေအနေကို စတင်စစ်ဆေးကြည့်လေသည်။

“သူ အရင်ကထက် အားပိုနည်းလာတယ်” ချင်ယိ ဆက်ပြောလေသည် “ငါတို့ နှစ်ခုပဲထုတ်ရသေးတယ် ကျန်တာတွေ ထုတ်လိုက်ရင် အကြီးအကဲဖြူ မခံနိုင်မှာ သေချာတယ်”

“ဒါဆိုရင် အခုတော့ သူနားလို့ရပြီ” ရှီမာယူယူ ပြောလိုက်သည် “သူ ရက် နည်းနည်းလောက် နားပြီးမှ ထပ်ကြည့်တာပေါ့”

ချင်ယိ ခေါင်းခါယမ်းလိုက်သည် “မလောက်ဘူး ချိပ်စည်း ဖယ်လို့မရရင် သူ နေ့တိုင်း စွမ်းအားနည်းနည်းပဲရနိုင်မယ်”

“ဒါဆိုရင်…” ဘယ်လိုလဲ။

ရှီမာယူယူ စကားမဆုံးခင်တွင် ချင်ယိ၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်း တန်း တောက်ပလာပြီး သူ၏ ဖြတ်လတ်မှုကို ဝိညာဉ်သစ်ပင်ထဲသို့ထည့်လိုက် သည်။

“မဖြစ်ဘူး ချင်ယိ မဖြစ်ဘူး” အကြီးအကဲဖြူသည် ထိုသို့ပြုလုပ်ရန် သူ့ကို ခွင့်မပြုပေ “ဒါမင်းရဲ့ ဖြတ်လတ်မှုတွေ အများကြီးကုန်သွားလိမ့်မယ်”

ချင်ယိသည် ဘာမှမပြောသလို လုပ်နေသည့်အလုပ်ကိုလည်း မရပ်ပေ။

“ချင်ယိ… မင်း ဆက်လုပ်နေနရင် နှစ်ဆအားထုတ်ရပြီး ရလဒ်တစ်ဝက်ပဲ ရလိမ့်မယ်” အကြီးအကဲဖြူ၏ အသံသည် ပို၍အားကောင်းလာသည်။

ချင်ယိ၏ မျက်နှာမှာ ဖြူဖျော့လာပြီး ခန္ဓာကိုယ် တုန်ခါနေသည်ကို ရှီမာယူယူ ကြည့်ပြီး သူ့လက်မောင်းကို ကိုင်ကာ ရပ်ရန်ပြောလိုက်သည်။

“တော်လောက်ပြီ” သူ့ခန္ဓာကိုယ် လှုပ်လာသည်နှင့် သူမသည် သူ့ကို တွင်းထဲမှ ခေါ်လာသည်။

“ချင်ယိ ဘယ်လိုခံစားရလဲ” ရှောင်ချီသည် အမည်းလေးကို ပစ်ပြီး ချင်ယိကို လာတွဲလေသည်။

“ငါ အဆင်ပြေတယ် ခဏလောက် နားဦးမယ်” ချင်ယိသည် လက်ခါယမ်း လိုက်သည်။

ရှီမာယူယူသည် သူ့ကို ဆေးတစ်လုံးပေးလိုက်သည် “ဒါက သားရဲတွေ အတွက် ပြင်ထားတာ မင်းအပေါ် သက်ရောက်မလားတော့မသိဘူး ဒါပေမဲ့ ဝိညာဉ်အရည်ထည့်ထားတော့ သက်သာဖို့ ကူညီပေးနိုင်မှာပါ”

“ကျေးဇူးပဲ” ချင်ယိသည် ဆေးသောက်လိုက်ရာ ပို၍သက်သာလာသည်။

“ဝိညာဉ်အရည်” ရှီမာယူယူသည် တစ်စုံတစ်ရာကို စဉ်းစားမိပြီး အကြီးအကဲဖြူဆီသို့ သွားလိုက်သည်။

သူမသည် အကိုင်းများကို ထိပြီး ဖြတ်လတ်မှုကိုခံစားလိုက်သည်။ ချင်ယိ ထည့်လိုက်သော ဖြတ်လတ်မှုမှာ အလဟဿမဖြစ်သည့်ပုံပင်။

“အကြီးအကဲဖြူ အကြီးအကဲက ဝိညာဉ်သစ်ပင်ဆိုတော့ ဝိညာဉ်ပစ္စည်း တွေက အသုံးဝင်နိုင်တယ်မလား”

“ဟုတ်တယ်”

“ဒါကို စမ်းကြည့်ဦးမယ်” ရှီမာယူယူသည် ဝိညာဉ်အရည် တစ်ပုလင်း ထုတ်လိုက်သည်။ သူမသည် သစ်ခေါက်များကို ခွဲပြီး ဝိညာဉ်အရည်ကို တစ်ဝက်မျှ အစက်ချထည့်လိုက်သည်။

အကြီးအကဲဖြူသည် ဝိညာဉ်အရည်ကို စုပ်ယူလိုက်ရာ သူ၏ အကိုင်းများ သည် သက်သာလာကာ သစ်ရွက်ဖြူများ ပွင့်လာတော့သည်။

“ကျေးဇူးပဲ ဒီလိုမျိုး မခံစားရတာ တော်တော်ကြာပြီ” အကြီးအကဲဖြူ ပြောလိုက်သည်။

“အကြီးအကဲအပေါ် အသုံးဝင်တဲ့ပုံပဲ” ရှီမာယူယူ ပြောလိုက်သည် “အဲတော့ ဘယ်နခါတောင့်ခံနိုင်မလဲ”

“ချင်ယိလုပ်ပေးတာရယ် ဒါကြောင့်ရယ်ဆိုတော့ နှစ်ခါလောက်တော့ သည်းခံနိုင်တယ်” အကြီးအကဲဖြူသည် မျှော်လင့်ချက်ကို မြင်ရလာသည်။

“ဟုတ်ပြီ ကျွန်မတို့ ဆက်လုပ်လို့ရတယ် ဒါပြီးရင်တော့ နားပြီးတော့ ချင်ယိပြန်ကောင်းလာတာနဲ့ ဆက်ကြတာပေါ့”

“ဟုတ်ပြီ”

ထိုအဆင့်များကို ထပ်တလဲလဲလုပ်ပြီးနောက် နောက်ဆုံးတွင် သုံးလကြာ ပြီးနောက် ရှီမာယူယူသည် ကျောက်များအားလုံးကို ဖယ်ရှားပြီးလေသည်။ အတိအကျပြောရလျှင် ထိုအရာများအားလုံးကို အမည်းလေးမှ စားလိုက်ခြင်း ဖြစ်သည်။

***

All Chapters