← Chapters

ညဘက်၌ လိုလီလေး တုတ်ဖြင့်ချောင်းရိုက်ခြင်း

Vol. 31 Ch. 465

ညဘက်၌ လိုလီလေး တုတ်ဖြင့်ချောင်းရိုက်ခြင်း

Vol. 31 Ch. 465

အဲလစ်စိတ်ကူးထားသကဲ့သို့ “ပျားရည်ဆမ်းခရီး” မဟုတ်ဘဲ ထိုခရီးလမ်းမှာ အတော်လေး မြန်ဆန်လှသည်။ ပျံသန်းနှုန်းမှာ အလွန်မြန်လှပြီး စကားပြောရန်ပင် ခက်ခဲပေသည်။ သို့သော်လည်း အသီနာနှင့် အခြားသူများကို အမြဲမနာလိုဖြစ်နေခဲ့သော လိုလီလေးအဖို့ ချန်လွေ့နှင့် အပြင်သွားရသည်ကို ကျေနပ်နေပြီ ဖြစ်သည်။

ထိုနတ်ဆိုးဘုရင်အဆင့် ဝိုင်ဗန်က မြန်ဆန်သည်။ ၎င်းသည် နေ့လယ်၌ ထွက်ခွာပြီး ညနေတွင် မိုးသစ်တောမည်းသို့ ရောက်ရှိခဲ့သည်။ မိုးသစ်တောမည်းမှာ ဝိုင်ဗန်ဗိုလ်ခြေ၏ လျို့ဝှက်အခြေစိုက်စခန်း ဖြစ်သွားခဲ့လေပြီ။

အမှန်တကယ်၌ ချန်လွေ့က ဝိုင်ဗန်မျိုးနွယ်တစ်စုလုံးကို အသံတိတ်ည စိမ့်မြေမှ ခေါ်လာခဲ့ခြင်း ဖြစ်သည်။ ချန်လွေ့က သူတို့နှင့်အတူ သေခြင်းရှင်ခြင်းကို ဖြတ်ကျော်ခဲ့ ဖူးသည်။ ဝိုင်ဗန်ဘုရင် ဂယ်လင် ဦးဆောင်သော ဝိုင်ဗန်များ၏ မျက်လုံးထဲ၌ ချန်လွေ့သည် အမှန်တကယ် ယုံကြည်ရသော တစ်ဦးတည်းသောသူ ဖြစ်သည်။ အထူးသဖြင့် ထိုမိတ်ဆွေ၏ စွမ်းအားသည် ဝိုင်ဗန်များ မော်ကြည့်ရသော အဆင့်အထိ ရောက်သွားပြီ ဖြစ်သည်။ ချန်လွေ့၏ အမိန့်ဖြင့်ဆိုလျှင် ဝိုင်ဗန်များသည် သူတို့နှင့် တစ်နေ့လုံး တစ်ညလုံး ရှိနေသော ဝိုင်ဗန်သူရဲကောင်း ဆိုသည်များကိုပင် သေစေနိုင်သော တိုက်ခိုက်မှုများ ချက်ချင်းပြုလုပ်မည်ဖြစ်ကြောင်း ပြောဆိုရန်မှာ ပုံကြီးချဲ့ခြင်း မဟုတ်ပေ။

ယခင်က အဲလစ်သည် ဝိုင်ဗန်များကို စိတ်ဝင်စားခဲ့သော်လည်း သုံးလေးခေါက် စီးပြီးသွားသည့်အခါ စိတ်လှုပ်ရှားမှုများ‌ လျော့ပါးသွားသည်။ ယခုတစ်ခေါက် သူသည် စခန်းထဲဝင်ကာ မနားချင်ဘဲ တောနက်ထဲ၌ စခန်းချရန် တောင်းဆိုခဲ့သည်။

ချန်လွေ့ သဘောတူရလေသည်။ ပျော်ပွဲစား ပြုလုပ်ပြီးနောက် ချန်လွေ့က မှော်တဲအိမ်ကိုထုတ်ပြီး အိပ်ရန်အတွက် တောင်နံဘးတစ်ခုကို ရွေးချယ်လိုက်သည်။

“ဝိုး။ ဒီတဲအိမ်က မယုံနိုင်စရာပဲ။ အထဲမှာ တော်တော်လေး ကြီးတယ်။ ပြီး‌တော့လည်း အားလုံး ရှိတယ်။”

“အပြင်ကိုလည်း ဖောက်ထွင်းမြင်နေရသလိုပဲ မြင်နေရတယ်။ အပြင်က ကြည့်တော့...အမ်...အထဲကိုလည်း မမြင်ရပါလား။”

“ဒီမြေပြင်က တော်တော်လေး သက်တောင့်သက်သာ ရှိတာပဲ။”

ချန်လွေ့က ခေါင်းအုံးကိုဖက်ပြီး ကော်ဇော်ပေါ်၌ တလိမ့်တုံးကဲ့သို့ လှိမ့်နေသာ လိုလီလေးကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။ “အဲလစ်။ မင်း ဘာလုပ်နေတာလဲ။”

“လေ့ကျင့်နေတာ။” လိုလီလေး လှိမ့်နေလိုက်ပြန်သည်။ ထို့နောက် သူက နူးညံ့သော အိပ်ယာပေါ်သို့ ပြန်သွားခဲ့သည်။

“လေ့ကျင့်နေတာလား။” အဲလစ်က ခေါင်းအုံးကြီးကို ဖက်ပြီး မျက်နှာ နီမြန်းသွားခဲ့သည်။ ၎င်းမှာ လေ့ကျင့်ခန်း သို့မဟုတ် ရှက်ရွံ့မှုကြောင့် ဖြစ်နိုင်ပေသည်။ “အမ်း....စောင်လိပ်တာ*။” (*တစ်ယောက်ယာက်နဲ့တစ်ယောက် တရင်းတနှီးအိပ်တာကို ပြေတာပါ။)

စောင်လိပ်တာလား။ ချန်လွေ့၏ နဖူးတွင် ချွေးစီးများ ပြန်သွားသည်။ သူက လိုလီလေး၏ အရိုင်းဆန်သော အတွေးများကို လိုက်မမီနိုင်ကြောင်း သိရှိသွားသည်။ “ဆော့မနေနဲ့တော့။ အခု ကောင်းကောင်းနား‌တော့။ ငါမင်းကို အပြင်ကနေ ကင်းစောင့်ပေးမယ်။”

လိုလီလေး၏ မျက်လုံး ပြူးကျယ်သွားခဲ့သည်။ “နင်ဒီမှာ မအိပ်ဘူးလား။”

ဒီမှာ အိပ်ရမှာလား။ မင်းနဲ့အတူ စောင်လိပ်ဖို့လား။

အသီနာ ဒါမှမဟုတ် ရှီရာသာ သိသွားရင် စောင်လိပ်နိုင်တဲ့ ငါ့ရဲ့စွမ်းရည်တွေ ပျောက်ကွယ်သွားမှာ စိုးရတယ်.....

အရေးကြီးဆုံးကတော့ လိုလီလေးအပေါ်မှာ ငါ့ရဲ့ ခံစားချက်က ညီမလေးလိုမျိုး ဖြစ်နေတာပဲ။ ဒီအပိုင်းမှာ မသင့်တော်တဲ့ ခံစားချက်တွေ တကယ် မရှိဘူး။

ချန်လွေ့က ချက်ချင်း ခေါင်းခါလိုက်သည်။ “မရဘူးလေ။ ဒါက တောနက်။ နတ်ဆိုးသားရဲတွေ ရှိတယ်။ တစ်ယောက်ယောက်ကတော့ ညပိုင်း ကင်းစောင့်ရမှာပဲ။ ကောင်းပြီ။ အခု နောက်ကျနေပြီ။ အိပ်တော့။ မနက်ဖြန် ငါတို့တွေ မနက်အစောကြီး ထွက်ပြီးတော့ ရှီလန်တောင်ကို သန်ဘက်ခါ နေ့လယ်ရောက်အောင် သွားရမယ်။”

ချန်လွေ့က အဲလစ်ကို စကားပြောခွင့် မပေးတော့ပေ။ ထိုသို့ပြောပြီးနောက် ချန်လွေ့ ထလိုက်ပြီး မှော်တဲအိမ်မှ ထွက်သွားသည်။ သူက ကျောက်တုံးကြီးတစ်တုံးကို ရွေးချယ်ပြီး မြေပြင်ပေါ်၌ စောင်တစ်ထည် ခင်းလိုက်သည်။ ထို့နောက် ကျောက်တုံးပေါ်တွင် အိပ်ဟန်ဆောင်လိုက်သည်။

လိုလီလေး နှုတ်ခမ်းထော်ပြီး အပြင်ဘက်မှ ရိုမန့်တစ်မဆန်သောသူကို မကျေနပ်သော မျက်လုံးကြီးကြီးများဖြင့် စိုက်ကြည့်နေလိုက်သည်။ မဟုတ်ဘူး။ သူက တကယ်ပဲ ဒီလောက်တုံးအတယ်ဆိုရင် အသီနာနဲ့ ခီရာက သူ့ကို ဘာလို့ သဘောကျ ရမှာလဲ။ ပြီးတော့ အစ်မလည်း.....

( ဒါက ငါ့ရဲ့ ရင်သားအရွယ်အစားကြောင့်လား။ ဒါမှမဟုတ် သူငါ့ကို လုံးဝ သဘောမကျလို့လား။ )

လိုလီလေး စိတ်ဓာတ်ကျနေပြီး ခေါင်းအုံးကို ဖက်ကာ ဟိုလှိမ့်ဒီလှိမ့် လုပ်နေလိုက်သည်။ ၎င်းသည် စောင်လိပ်ခြင်းမဟုတ်ဘဲ အိပ်မပျော်၍ စောင်ပေါ်တွင် လှိမ့်နေခြင်း ဖြစ်သည်။

လရောင် တဖြည်းဖြည်း မှောင်လာသည်။ ချန်လွေ့က အသာလေး မျက်လုံး မှိတ်လိုက်သည်။ ထို့နောက် သူ၏အာရုံများ ဖြန့်ကျက်လိုက်သည်။ မီတာ၁၀၀ အတွင်းမှ လှုပ်ရှားမှုများအားလုံးသည် သူ၏ထိန်းချုပ်မှု အတွင်း၌သာ ဖြစ်သည်။

ရှီလန်တောင်ကို အသီနာနဲ့အတူ သွားတုန်းက ဒီမှာ စခန်းချခဲ့တာကို ငါမှတ်မိသေးတယ်။ အဲဒီတုန်းက ငါတို့တွေ သားရဲအုပ်နဲ့ မိစ္ဆာသစ်သီးကို ကြုံတွေ့ခဲ့ရတယ်။ ငါတို့တွေ ဒိုဒို ဟန်ဆောင်ထားတဲ့ တစ္ဆေနဂါးနဲ့လည်း ကြုံခဲ့ရတယ်။ အဲဒီအချိန်က အသီနာရဲ့လက်ကို ငါ ပထမဆုံး ကိုင်ခဲ့တဲ့အချိန် ဖြစ်မယ်။ ပြီးတော့ ငါတို့က ရှီလန်တောင်ဆီ သွားခဲ့တယ်။ နောက်တော့ မမေ့နိုင်တဲ့ ဖြစ်ရပ်တွေ အဆက်လိုက် ဖြစ်ပွားခဲ့တယ်။ အကြီးမားဆုံးရရှိမှုကတော့ ငါအချစ်ဆုံးမိန်းမကို ရှာတွေ့ခဲ့တာပဲ။

ပြန်လည်သတိရနေရင်း ချန်လွေ့က လှုပ်ရှားမှုအသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။ ၎င်းသည် တဲအိမ်ဘက်မှ ထွက်လာခြင်း ဖြစ်သည်။ မှော်တဲအိမ်သည် မူလက အသံလုံသည်။ သို့သော်လည်း ယခုတွင် ပုံရိပ်တစ်ခုက တဲအိမ်ထဲမှ ခိုးထွက်လာလေသည်။

ချန်လွေ့ မျက်လုံးပိတ်ထားပြီး [ သရုပ်ခွဲမျက်လုံးကို ] မသုံးသည့်တိုင် သူသည် ခြေဖျားထောက်ပြီး သူ့နားသို့ ချဉ်းကပ်လာသောသူကို သိနိုင်ပေသည်။

ချန်လွေ့၏မျက်လုံးများ အနည်းငယ် ဖွင့်လိုက်ပြီးနောက် တဖြည်းဖြည်း ချဉ်းကပ်လာသော ဂါဝန်နှင့် ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ ထိုသူသည် လက်ထဲ၌ တုတ်တစ်ချောင်း ကိုင်ထားဟန်တူသည်။ မဟုတ်တာပဲ။

ချန်လွေ့က ထိုတုတ်ကို ရင်းနှီးသည်။ အဲဒီမြင်ကွင်းက ရေကန်ပြာမှာလိုပဲ......

ဒီအကွက်ပဲလား။

ချန်လွေ့ ရုတ်တရက် ချွေးပြန်လာသည်။

လိုလီလေးသည် ဂါ့စ်ထံမှ ဖြစ်နိုင်လောက်သော မူးဝတုတ်ချောင်းကို ကိုင်ထားရင်း ကျောက်တုံးပေါ်၌ “အိပ်”နေသော ချန်လွေ့ထံ သေသေချာချာ ချဉ်းကပ်လာသည်။ ချန်လွေ့က အဲလစ်၏ စိုးရိမ်နေသော အသက်ရှူသံကို သေသေချာချာ ခံစားနေရသည်။

လိုလီလေးက ချန်လွေ့ဆီ ရောက်လာပြီး တုံ့ဆိုင်းနေဟန်တူသည်။ နောက်ဆုံး၌ သူက တုတ်ချောင်းကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။ ချန်လွေ့ ရုတ်တရက် တစ်ဖက်လှည့်လိုက်၏။ လိုလီလေးက ကြောက်လန့်နေသော ငှက်တစ်ကောင်ကဲ့သို့ပင် တမူထူးခြားသော အမြန်နှုန်းဖြင့် တဲအိမ်ထဲသို့ ထွက်ပြေးသွားတော့သည်။

ချန်လွေ့က တိတ်တိတ်လေး ခေါင်းခါလိုက်သည်။ သူက လိုလီလေးကို မရှက်စေချင်သည့်အတွက် ဆက်လက် အိပ်ဟန်ဆောင်နေလိုက်သည်။ သို့သော် မှော်တဲအိမ်က အပြင်ကို မြင်နိုင်သည်။ ပစ်မှတ်က “မနိုး”သွားသည့်အတွက်ကြောင့် ဖြစ်ပေမည်။ ခဏကြာပြီးနောက် တဲအိမ်ထဲမှ ခေါင်းသေးသေးလေးတစ်လုံး ထွက်လာပြန်သည်။ သူက သေသေချာချာ စစ်ဆေးကြည့်ပြီးနောက် တဖြည်းဖြည်း တွားသွားထွက်သွားလိုက်သည်။

ပြီးပြီလား။ ချန်လွေ့၏ ခန္ဓာကိုယ်တစ်ခုလုံးက ‌ရေတံခွန်ကဲ့သို့ ချွေးများ စိုရွှဲနေလေသည်။

ယခင်တစ်ခေါက်က သူ မူးဟန်ဆောင်ပြီး လိုလီလေးအား “အနိုင်ကျင့်ခွင့်” ပေးခဲ့သော်လည်း သူ၏ မထိန်းချုပ်နိုင်မှုက ပိုမိုပြင်းထန်သော အကျိုးဆက်များကို ဖြစ်သွားစေနိုင်ပေသည်။ ထို့ပြင် ထိုကဲ့သို့ ဆက်ဖြစ်ရန်မှာလည်း ကောင်းလှသည် မဟုတ်ပေ။

နောက်ထပ်တစ်ကြိမ် တုတ်ကို မြင့်မြင့်မြှောက်လိုက်သည့်အခါ ချန်လွေ့ ရုတ်တရက် နှာချေပြီး မမျှော်လင့်ဘဲနှင့် “နိုး”လာသည်။ သူက လက်နောက်ပစ်ကာ နောက်သို့ ရုတ်တရက် ခုန်ထွက်သွားသော လိုလီလေးကို ကြည့်လိုက်သည်။ “အဲလစ်။ မင်းဘာလို့ မအိပ်သေးတာလဲ။”

“အဲဒါက....” ချန်လွေ့သည် အရေးကြီးသော အခိုက်အတန့်၌ နှာချေပြီး “နိုးထ” လာလိမ့်မည်ဟု အဲလစ် မထင်ထားခဲ့ပေ။ သူက မူးဝေတုတ်ရိုက် စီမံကိန်း ပေါ်လုနီးပါး ဖြစ်သွားခဲ့သည်။ ထို့ကြောင့် သူ သိမ့်သိမ့်တုန်နေပြီး ကြောက်လန့်နေဟန်တူသည်။

လိုလီလေးက တုတ်ချောင်းအား သူ၏နောက်ဘက်မှ သိုလှောင်လက်ပတ်ထဲသို့ တိတ်တဆိတ် သိမ်းထားလိုက်သည်။ “ငါ...အိပ်မပျော်လို့။ ငါ နင့်ကို အဖော်ပြုပြီးတော့ ကင်းစောင့်ချင်တယ်။”

ချန်လွေ့ သမ်းလိုက်သည်။ “၂ယောက် ကင်းစောင့်တယ်ဆိုတာ မရှိဘူး။ ပြန်အိပ်တော့။”

“တကယ် အိပ်မပျော်လို့ပါ။” အဲလစ် လမ်းလျှောက်လာပြီး ချန်လွေ့ဘေးတွင် ထိုင်ချလိုက်သည်။

လိုလီလေးက ထိုနေရာ၌နေရန် အမှန်တကယ် အတင်းအကြပ် တောင်းဆိုနေပုံ ရသည်။ အကယ်၍ သူက တိုးတိုးတိတ်တိတ် မလုပ်နိုင်လျှင် ပွင့်ပွင့်လင်းလင်း ပြုလုပ်မည် ဖြစ်သည်။

ချန်လွေ့က ကူကယ်ရာမဲ့လျက် မေးလိုက်သည်။ “ဒါဆိုလည်း ကိုယ့်ရဲ့ တော်ဝင် မင်းသမီးလေး။ ခင်ဗျားက ဘယ်လိုမှ အိပ်ပျော်မှာလဲ။”

ထိုဂုဏ်ပုဒ်က လိုလီလေး၏မျက်လုံးများကို တောက်ပသွားစေသည်။ “အမ်း.... ငါ ငယ်ငယ်တုန်းက ညတိုင်း မအိပ်ခင်မှာ ပုံပြင်တစ်ပုဒ် အစ်မပြောပြတာ မှတ်မိတယ်။ သူ ငယ်ငယ်တုန်းကလည်း အမေက ဒီလိုပဲလုပ်တယ်လို့ပြောတာ ကြားဖူးတယ်။ ဒါပေမဲ့ ကံဆိုးချင်တော့ ငါ့အမေက အစောကြီး ဆုံးပါးသွားခဲ့သည်။ သူ ဘယ်လိုပုံလဲဆိုတာ မမှတ်မိဘူး။ နောက်တော့ အစ်မက ငါ့ကို ပုံပြင် ထပ်မပြောပြတော့ဘူး။”

ထို “နောက်တော့” ဆိုသည်မှာ သူ၏ခမည်းတော် ဂါရမ်းက ရှီရာအား လော့ဒ်နေရာ အတင်းဆက်ခံခိုင်းသည့်အချိန် ဖြစ်နိုင်သည်။ ချန်လွေ့က ဝမ်းနည်းသော လိုလီလေးကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။ “မင်းအစ်မရဲ့ဘဝက တကယ် မလွယ်ဘူး။”

“သိပါတယ်....” အဲလစ် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ချန်လွေ့ကို တိတ်တိတ်လေး ကြည့်လိုက်သည်။ “နင်က အသီနာကို သဘောကျလား။ ဒါမှမဟုတ် ခီရာကို ပိုသဘောကျလား။ ဒါမှမဟုတ်...အစ်မရဲ့ ပုံစံမျိုးကိုလား။”

“အမ်....” ချန်လွေ့က လိုလီလေးသည် မိမိနှင့် ရှီရာတို့ ပတ်သက်မှုအချို့ကို မှန်းဆမိသွားကြောင်း သိလိုက်သည်။ ထိုကဲ့သို့ အလွယ်တကူ ပြဿနာ ဖြစ်စေနိုင်သော လေးနက်သည့် ပြဿနာနှင့် ရင်ဆိုင်ရသောအခါ ချန်လွေ့က ရွေးစရာမရှိတော့ဘဲ ပြောရတော့သည်။ “အားလုံးကောင်းပါတယ်။ မင်းက ငယ်သေးတယ်။ နောက်တော့ နားလည်လာမှာပါ။”

“ငါက မငယ်တော့ဘူး။ ၁၅နှစ် ပြည့်တော့မယ်။” လိုလီလေးက မကျေနပ်ဘဲ ပြောလိုက်သည်။ ရုတ်တရက် သူက ချန်လွေ့သည် အသက်ကြီးသော မိန်းကလေးများကို သဘောကျကြောင်း ပြောခဲ့သည်ကို တွေးမိလိုက်သည်။ “အင်း။ နောက်ကျရင် ငါ အသက်ကြီးလာမှာပဲ။ ငါတို့ သဘောတူထားတာ ၂နှစ်၊ ၂လ နဲ့ ၈ရက် ကျန်သေးတယ်။”

ချန်လွေ့ အနည်းငယ် ရှက်သွားသည်။ ဒီကောင်မလေးက တိတိကျကျကို ရေတွက်နေခဲ့တာကိုး။

လိုလီလေးကို ဂါဝန်အစွန်းနှစ်ဖက်ကို ပွတ်သပ်ရင်း အားမွေးကာ မေးလိုက်သ်ည။ “အမ်း....နင် မဖြေရသေးဘူး။ ဘယ်လိုပုံစံမျိုးကို နင် သ‌ဘောအကျဆုံးပဲ။ ငါ သင်ယူလို့ ရတယ်....”

“ငတုံးမလေး။ ၂နှစ်က အဝေးကြီး ကျန်သေးတယ်။ အခု ဘာလို့ အများကြီး စဉ်းစားနေတာလဲ။” ချန်လွေ့က လိုလီလေး၏ မကျေနပ်သော အမူအရာကို မြင်သည့်အခါ အနည်းငယ် ပြုံးလိုက်သည်။ “ပြီးတော့လည်း ငါ့နှလုံးသားထဲမှာ အဲလစ်က အဲလစ်ပဲ။ မင်းက တမူထူးခြားတယ်။ တခြားသူတွေကို အတုခိုးဖို့ မလိုပါဘူး။ ပြောရရင်တော့ ငါ သ‌ဘောအကျဆုံး အဲလစ်က သူကိုယ်တိုင်ပဲ။”

“ဒီပုံစံအတိုင်းလား။” လိုလီလေးက နားကြားမှားနေသလားဟု ထင်မိလိုက်ပြီး ငေးငိုင်လျက် မေးလိုက်သည်။

ချန်လွေ့ ခေါင်းညိတ်သည်။ “ငါ ထပ်ဖြည့်ပြောလိုက်မယ်။ ကိုယ့်ပုံစံအတိုင်း လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်နေ။ ဘယ်သူ့ကိုမှ အတုခိုးစရာ မလိုဘူး။”

“တကယ်လား။” လိုလီလေး၏ မျက်လုံးထဲ၌ ကြယ်ပွင့်ကလေးများ ဖြစ်ပေါ်လာပြီး ဖြည်းဖြည်းချင်း ထလိုက်သည်။ သူက ရုတ်တရက် အဓိကမေးခွန်းတစ်ခုကို တွေးမိပြီး ရှက်သွားသည်။ သူ မေးလိုက်ပြန်သည်။ “ငါ့ရဲ့ရင်သားက အသီနာနဲ့ တခြားသူတွေကို မယှဉ်နိုင်ရင်တောင်.... နင် သဘောကျမှာလား။”

ဒီရင်သားအရွယ်အစားက... လူတစ်ယောက်ကို သဘောကျတာ မကျတာနဲ့ ဘာမှ မဆိုင်သလိုပဲ။ သို့သော်လည်း အသီနာ၊ ခီရာ၊ ဇိုလာ နှင့်ရှီရာတို့ကို ကြည့်မည်ဆိုလျှင် ရင်သား အရွယ်အစားများမှာ “ကြီးမားသော” အမျိုးအစား၌ ပါဝင်သည်။ လိုလီလေး၏ စိတ်ထဲ၌ ထိုကဲ့သို့ ယူဆချက်၌ အခြေအမြစ် မရှိသည် မဟုတ်ပေ။

ချန်လွေ့က ချွေးသုတ်လိုက်ပြန်သည်။ ထို့နောက် သူက လေးလေးနက်နက်နှင့် ခေါင်းညိတ်လိုက်သည်။ “ဟုတ်ပါပြီ။ ဒါပေမဲ့ ငါတို့က ၂နှစ် ထပ်ပြီးတော့‌ စောင့်ဖို့ လိုသေးတယ်....”

ချန်လွေ့ စကားမပြောပြီးခင်မှာပင် လိုလီလေးက သူ၏ကိုယ်ပေါ်သို့ ခုန်အုပ် လိုက်သည်။ ထို့နောက် သူ၏ပါးပေါ်၌ ခပ်အကြမ်းကြမ်း အနမ်းခံလိုက်ရသည်။ နမ်းပြီးနောက်တွင် လိုလီလေးနှင့် အလယ်ဆင့်နတ်ဆိုးနှင့် လုံးဝမကိုက်ညီသော အမြန်နှုန်းဖြင့် ခုန်ဆင်းလိုက်သည်။ သူက စိတ်အားထက်သန်သော အမူအရာဖြင့် ပြောလိုက်သည်။ “ဟုတ်ပြီ။ အခု ရှင်က ကျွန်မရဲ့ မှော်ချိပ်ပိတ် မိသွားပြီ။ နင် အပြင်ထွက်ပြီးတော့ ရှုပ်ပွေရဲရင် ရှင့်ငယ်ပါကို ဖြတ်ပစ်မယ်။ အိုး။ အစ်ကို။ ငယ်ပါ ဆိုတာ ဘာကို ပြောတာလဲ။” ချန်လွေ့က ချက်ချင်းပင် မျက်လုံးလှန်လိုက်သည်။ ဒီစကားက ညစ်ညမ်းစာအုပ်ထဲကနေ တိုက်ရိုက်ကူးယူထားတာ သေချာတယ်။ အခုက အဓိပ္ပာယ်ကိုတောင် ‌မေးနေလိုက်သေးတယ်။

“ကောင်းပြီ။ ပြဿနာ မရှာနဲ့တော့။ ငါတို့တွေ မနက်ဖြန်မနက် မြန်မြန် သွားရမယ်။ စောင်ကို ကောင်းကောင်းခြုံ။ မအိပ်ခင် ငါမင်းကို ပုံပြင်အသေးလေး တစ်ပုဒ် ပြောပြမယ်။ မင်း ဒီည ကောင်းကောင်း အိပ်ရမယ်။”

“အင်း။” လိုလီလေးက စကားနားထောင်လျက် ထိုင်ချပြီး ချန်လွေ့ကို မှီလိုက်သည်။ “ဒါက ပုံပြင်ကောင်းတစ်ပုဒ် ဖြစ်မှာပါ။”

“ကောင်းကင်က ကြယ်တွေကို မြင်ရလား။ ကြယ်တွေကြားမှာ ပုံပြင်တွေ အများကြီး ရှိတယ်.....” ချန်လွေ့က နက္ခတ်တာရာအချို့ကို စတင်ပြောပြတော့သည်။ နတ်ဆိုးဘုံရှိ ကြယ်များနှင့် မြေကမ္ဘာကနှင့် အတော်လေး ကွဲပြားသော်လည်း အဲလစ်က ထိုကဲ့သို့ နက္ခတ်တာရာများ အမှန်တကယ် တည်ရှိနေသကဲ့သို့ပင် အားတက်သရော နားထောင်နေခဲ့သည်။

အစပိုင်း၌ လိုလီလေးက ခဏခဏ မေးခွန်း ထမေးသည်။ သို့သော်လည်း သူ၏အသံ တိုးသထက် တိုးလာသည်။ သူ၏အသက်ရှူသံလည်း ပိုရှည်လာပြီး သူ၏ ခန္ဓာကိုယ် တစ်ခုလုံးက ချန်လွေ့၏ခြေထောက်ပေါ်သို့ တဖြည်ဖြည်း ပြုတ်ကျလာသည်။

သူ၏ရှည်လျားသော မျက်‌တောင်များလည်း ညင်သာစွာ ပိတ်နေပြီး လှပသော မျက်လုံးများကို ဖုံးလွှမ်းထား၏။ အိပ်နေသော ကောင်မ‌လေး၏ ငယ်ရွယ်ပြီး လှပသော မျက်နှာက ခရမ်းရောင်လအောက်၌ အလွန်ငြိမ်းချမ်းသော တည်ငြိမ်နေသည့်အပြုံးမျိုး ပြသနေလေသည်။

အဲလစ်၏ နူးညံ့သော ရွှေရောင်ဆံပင်ရှည်ကို အသာအယာ ပွတ်သပ်ရင်း ချန်လွေ့က ဖြည်းဖြည်းချင်း မျက်လုံးပိတ်လိုက်တော့သည်။

All Chapters