← Chapters

ဂူစတက်ဗ်၏လက်သီး

Vol. 31 Ch. 451

ဂူစတက်ဗ်၏လက်သီး

Vol. 31 Ch. 451

အမှောင်လမှ ဆရာသခင်ဖွန်ဆက်နှင့် ဆရာသခင်ရှင်းရှင်းတို့သည် သွေးရောင် အင်ပါယာမှ ထိုသတင်းကို သုံးလေးရက်ကြာပြီးမှသာ သိရှိခဲ့ရသည်။ ထိုကိစ္စ ဖြစ်နေစဉ်အတွင်း နောက်ကွယ်မှ ကြိုးကိုင်သူကို မည်သူမှ မခန့်မှန်းမိနိုင်ခဲ့ပေ။

သတ္တိရှိရှိ“ကိုယ့်ကိုယ်ကိုယ် စတေး”ခဲ့သော သူရသတ္တရှိသော “ရစ်ချတ်”သည် လမ်းသွားလမ်းလာ ဖြစ်သွားလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ကြပေ။ သူက သွေးရောင် အင်ပါယာမြို့တော်ထဲ၌ အေးအေးလူလူ လမ်းလျှောက်သွားရင် ဆွေးနွေးမှုများ ကြားထဲ၌ပင် ဝင်ပါခဲ့သည်။ သူက နိတ်ကို ကျိန်ဆဲပြီး “ကိုယ့်ကိုယ်ကိုယ်”ကိုပင် ချီးမွမ်းခဲ့သေးသည်။

အမှန်တကယ်၌ ချန်လွေ့၏စွမ်းအားဖြင့် နိတ်ကိုသတ်ရန် မခက်ခဲပေ။ ခက်ခဲသည်မှာ ထိုထိပ်တန်းဆရာသခင်ကို ဂုဏ်သိက္ခာ လုံးဝပျက်စီးစေခြင်း ဖြစ်သည်။ သို့မဟုတ်ပါက နိတ် သေသွားသည့်တိုင် နှစ်ပေါင်းများစွာကြာအောင် လေးစားခံရမည့် အာဇာနည်တစ်ယောက် ဖြစ်သွားခဲ့ပေမည်။ ယခုတွင် ထိုသို့ မဟုတ်တော့ပေ။ ထိုကဲ့သို့ “လူတိုင်းသိသွားသော” ပြီးပြည့်စုံသည့်လှည့်ကွက်ကြောင့် နှစ်ပေါင်းများစွာကြာအောင် အာဇာနည်အဖြစ်မှ “လူဆိုး” အဖြစ်သို့ ရောက်ရှိသွားခဲ့လေပြီ။

ချန်လွေ့သည် သူဖတ်ခဲ့ဖူးသော ရုပ်ပြနှင့် ရုပ်ရှင်များရှိ ဇာတ်ကွက်များမှ နည်းဗျူဟာများကို အတုခိုးခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံး၌ သူသည် နိတ်ကို မသတ်ဘဲ “အသက်ရှင်ရန် လမ်းကြောင်းတစ်ခု” ပေးခဲ့သည်။

သို့သော်လည်း ထိုလမ်းကြောင်းမှာ မချောမွေ့လှပေ။ အသက်ရှင်ကျန်ခဲ့သော နိတ်သည် သူ၏လျို့ဝှက်အကြံအစည်ကို သိသော အစည်းအရုံးမှ ဆရာသခင်များနှင့် ယန္တရားပညာရှင်များအပါအဝင် လူတိုင်းကို ရင်ဆိုင်ရမည်ဖြစ်သည်။

နိတ်က ချန်လွေ့၏ စိတ်ကို ဖိနှိပ်ရန်အတွက် ဝင့်ကြွားကာ စကားအများကြီး ပြောခဲ့မိသည့်အတွက် ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်ရတော့သည်။ အထူးသဖြင့် “ဒီ ယန္တရားအစည်းအရုံးက ဆရာသခင်တွေ၊ ယန္တရားပညာရှင်တွေက ငါ အကျဉ်းချ မွေးမြူထားတဲ့ စားစရာတွေပဲ” ဟူသော စကားပင် ဖြစ်သည်။ ယန္တရားပညာရှင်အားလုံးက ကပ်ဘေးအန္တရာယ်နှင့် မခံမရပ်နိုင် ခံစားကြရလေသည်။

ဘုံရန်သူဆိုတာ ဘာလဲ။ အခုက သူ့ “အစာ”တွေရဲ့ ဒေါသကို ရင်ဆိုင်ရမယ့် အချိန်ပဲ။

ရိုင်ဇန်က တော်ဝင်မိသားစုဝင်ဖြစ်သော နိတ်ကို သတ်ပစ်ရန် အမိန့်မပေး ခဲ့သည့်တိုင် နာမည်ဆိုးတွင်ခဲ့သော နိတ်သည် ဥက္ကဋ္ဌအဖြစ် ဆက်ရှိရန်မပြောနှင့်၊ ယန္တရားလောကသို့ ပြန်လည်ခြေချရန်ပင် အရှက်ရနေလိမ့်မည်။ သို့သော်လည်း ရိုင်ဇန်က အများပြည်သူ၏ဒေါသကို ပြေလျော့သွား‌အောင် သေချာပေါက် ပြုလုပ်ပေလိမ့်မည်။ သို့မဟုတ်ပါက သွေးရောင်အင်ပါယာ၏ ယန္တရားအစည်းအရုံး၌ ဆရာသခင်နှင့် ပါရမရှင်များ ရှိတော့မည် မဟုတ်ပေ။

ဖွန်ဆက်ကို ထိခိုက်အောင် ပြုလုပ်ခဲ့သော နိတ်၏ပြစ်မှုများကို ချန်လွေ့ ပြောပြခဲ့သော အခါ၌ တဲရစ်၏ သစ္စာဖောက်ခြင်းကို တမင်တကာ ထည့်ပြောခဲ့သည်။ ၎င်းသည် အလိမ်အညာ မဟုတ်ပေ။ ဆရာသခင်ဖွန်ဆက်က တဲရစ်ထံမှ အကူအညီ တောင်းခံခဲ့သောအခါ သူရှိနေသောနေရာကို နိတ်သိသွားခဲ့ကြောင်း ပြောခဲ့ဖူးသည်။ ထိုစကားပြောခဲ့သည့် ရည်ရွယ်ချက်မှာ ချန်လွေ့က တဲရစ်ကို ပြဿနာထဲ ဆွဲထည့်ရန် အတွက်သာ ဖြစ်လေသည်။

အားဒီလိတ်၏ မွေးနေ့ပွဲ၌ တဲရစ်က ဒုတိယမင်းသားအက်မန်းအား မဖြစ်နိုင်သော အကြောင်းပြချက်ဖြင့် လုပ်ကြံခဲ့သော “ပြစ်မှု”ကို ဝန်ခံခဲ့ပြီး အမှောင်မီးဖို၌ အပြစ်ပေးရန် တောင်းဆိုခဲ့သည်။ ၎င်းသည် ပြဿနာကို ယာယီ ပြေလည်စေခဲ့သည်။ သို့သော်လည်း ထိုသူမှာ မရိုးရှင်းကြောင်း ချန်လွေ့ အမြဲပင် ထင်နေခဲ့သည်။ သူက ပါရမီရှိရုံတင် မကဘူး။ လျို့ဝှက်ကြံစည်တဲ့နေရာမှာလည်း တော်တယ်။ ခြေလှမ်းတိုင်းက တမင်လုပ်နေသလိုပဲ။ သူက အမှောင်မီးဖိုကို တမင်သွားချင်တာများလား။

တစ်နည်းပြောရရင်တော့ အမှောင်မီးဖိုက ချော်ရည်ပြာနယ်မြေရဲ့ လုပင်မြို့ လိုမျိုးပဲ နဂိုကတည်းက သူသွားရမယ့် နေရာတစ်ခုများလား။ ဒီတော့ သူက အကြောင်းပြချက် ကောင်းကောင်းတစ်ခုနဲ့ အခွင့်အရေးကို အသုံးချပြီး အဲဒီကို သွားလိုက်တယ်ပေါ့။

ချန်လွေ့ အချိန်အကြာကြီး စဉ်းစားပြီးနောက်တွင် မြို့တော်မှ ထွက်ခွာပြီး ဆက်ဖေးတောင်တန်းသို့ မသွားခင် တဲရစ်အိမ်သို့သွားရန် စီစဉ်လိုက်သည်။

ခရမ်းရောင်လအောက်တွင် လူအများက မနက်ပိုင်းမှ ယန္တရားအစည်းအရုံး၏ အဓိကဖြစ်ရပ်များကို ညစျေးတွင် အားပါးတရ ပြောနေဆဲဖြစ်သည်။ ချန်လွေ့က အတွင်းမြို့တော်ရှိ တဲရစ်၏စံအိမ်ထဲ၌ တိတ်တိတ်လေး ပေါ်ထွက်လာခဲ့သည်။

ယခုတစ်ခေါက်တွင် တော်ဝင်စံအိမ်မှာ ဗိုလ်ချုပ်စံအိမ်ကို ယှဉ်၍မရပေ။ ယခင်တစ်ခေါက်က ချန်လွေ့သည် မွေးနေ့ပွဲကို အသုံးချပြီး ဗိုလ်ချုပ်စံအိမ်သို့ ဝင်ရောက်ခဲ့သည်။ သူက ကြယ်အမှတ်ကို နေရာချပြီး [ကြယ်ဂိတ်]ကို အသုံးပြုခဲ့သည်။ ယခုတစ်ခေါက်တွင် ထိုသို့ပြုလုပ်၍ မရပေ။

လုပ်ကြံခြင်းနှင့် စုံစမ်းခြင်းများကို ကာကွယ်ရန်အတွက် အတွင်းမြို့တော်ရှိ အိမ်အများစုကို အကာအကွယ် မှော်စက်ဝိုင်းအလွှာများ တပ်ဆင်ထားကြသည်။ တော်ဝင်စံအိမ်မှာလည်း ခြွင်းချက် မဟုတ်ပေ။ သို့သော်လည်း ချန်လွေ့သည် အမှန်တရားကို ရှာဖွေရန် ရောက်လာသည့်အတွက် အတင်းဝင်ရန် မဖြစ်နိုင်ပေ။ သူ အပြင်ထွက်လာသော အိမ်ဖော်တစ်ယောက်ကို သတိလစ်အောင်ပြုလုပ်ပြီး အိမ်ဖော်အဖြစ် ရုပ်ဖျက်ကာ စံအိမ်ထဲသို့ ဝင်သွားခဲ့သည်။

ချန်လွေ့ကို အံ့အားသင့်သွားစေသည်မှာ သူက တဲရစ်၏စံအိမ်သို့ အောင်အောင်မြင်မြင် ဝင်လိုက်နိုင်ပြီး ကျန်ရှိသော အစေခံများကဲ့သို့ ပုံမှန်အတိုင်း ပြုလုပ် ခဲ့သော်လည်း နောက်လိုက်ခံနေရသော ခံစားချက်မျိုး ခံစားနေရသည်။ မည်သည့် အတွက်ကြောင့်မှန်း သူ မသိပေ။

သူထင်ထားသကဲ့သို့ မဟုတ်ဘဲ တရစ်၏ စံအိမ်မှာ အတော်လေး နည်းပါးပြီး ရိုးစင်းလှသည်။ ခမ်းနားသော ပရိဘောဂများကို မမြင်ရပေ။ တတိယဗိုလ်ချုပ် အားဒီလိတ်နှင့်ယှဉ်လျှင် ၎င်းသည် “ချို့တဲ့”သည်ဟု ပြော၍ ရနိုင်သည်။ ၎င်းသည် မင်းသားတစ်ပါး၏ နေအိမ်ကဲ့သို့ ဟုတ်မနေပေ။

တဲရစ်သည် လက်ရှိတွင် အမှောင်မီးဖိုထဲ၌ အပြစ်ပေးခံနေရပြီး လက်မထပ် ထားရသေးသည့်အတွက် မိန်းမနှင့် ကိုယ်လုပ်တော်များ မရှိပေ။ ထို့ကြောင့် အိမ်ဖော်များက တော်ဝင်နေအိမ်မှ သာမန်ကိစ္စများကို တာဝန်ယူရသည်။ အိမ်ဖော်နှင့် အစေခံများက အဓိကအားဖြင့် သန့်ရှင်းရေး ပြုလုပ်ရသည်။ အိမ်ဖော်အဖြစ် ရုပ်ဖျက်ထားသော ချန်လွေ့က စာကြည့်ခန်းကို သန့်ရှင်းရန် စေလွှတ်ခံလိုက်ရသည်။ ၎င်းသည် ချန်လွေ့ လိုချင်နေသည့်အတိုင်းပင် ဖြစ်လေသည်။

ချန်လွေ့က စာကြည့်ခန်းကို လေ့လာကြည့်နေရင်း စားပွဲကို သုတ်သင်ရှင်းလင်း နေသည်။ စာကြည့်ခန်းမှာ အလွန်ကျယ်ပြီး ခမ်းနားသော ပရိဘောဂများ မရှိနေပေ။ မျက်စိကို အဖမ်းစားဆုံးအရာများမှာ စစ်ရေး၊ နိုင်ငံရေး၊ သမိုင်း အစရှိသည့်အဖြင့် စာအုပ်အမျိုးမျိုးကို စာရင်းပြုစုထားသည့် အလွန်ကြီးမားလှသော စာအုပ်စင်ကြီးပင် ဖြစ်လေသည်။ ထိုထဲ၌ နတ်ဆိုးဘုံရှိ အလွန်ရှားပါးသော စီးပွားရေးစာအုပ်များပင် ရှိနေသည်။ စာအုပ်ထောင့်များ၌ တွန့်ကြေနေသည်ကို ကြည့်ခြင်းအားဖြင့် ၎င်းတို့မှာ အလှပြသက်သက်သာ မဟုတ်ဘဲ ခဏခဏဖတ်ရှုကြောင်း သိနိုင်ပေသည်။

ချန်လွေ့က အမှောင်လမှ သူ၏စာကြည့်ခန်းကို ယခင်ဘဝမှ အိမ်တွင်းပုန်း အခန်းနှင့် ယှဉ်ကြည့်လိုက်ပြီး အလွန်ပင် ရှက်သွားခဲ့သည်။ ငါ့ ကွန်ပျူတာဓာတ်ပြားထဲက “စာပေနဲ့အနုပညာရုပ်ရှင်” ရာချီကပဲ ငါ့အရှေ့က စာအုပ်အရေအတွက်ကို ယှဉ်နိုင်မယ် ထင်တယ်။

ချန်လွေ့သည် တဲရစ်၏ လေ့လာမှုအပေါ် လေးစားမိသွားသည်။ ဒီပါရမီရှင်က ထူးချွန်တဲ့ ပါရမီအပြင်ကို ထူးချွန်တဲ့ လုံ့လဝီရိယလည်း ရှိတာပဲ။ တဖြည်းဖြည်း သုတ်နေရင်း ချန်လွေ့က စာအုပ်အချို့ကို ရွှေ့ကြည့်သည်။ သို့သော်လည်း ကံဆိုးစွာပင် သူထင်ထားသကဲ့သို့ လျို့ဝှက်တံခါးများ ရှိမနေပေ။ 

ချန်လွေ့၏လှုပ်ရှားမှု ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ စွမ်းအားကြီးသော အားတစ်ခု၏ ပစ်မှတ်ထားခံရသကဲ့သို့ ပြင်းထန်သော ကပ်ဘေးခံစားချက်တစ်ခုက သူ၏စိတ်ထဲ၌ ရုတ်တရက် မြင့်တက်လာသည်။

မျိုးနွယ် - အမျက်တော်ဝင်မိသားစု။

စွမ်းအားအကဲဖြတ်မှု - A+ (S-)

ခန္ဓာအမျိုးအစား - A (S-)

ခွန်အား - A+ (S)

စိတ်ဝိညာဉ် - B+ (A-)

မြန်ဆန်မှု - A (S-)

[ စိစစ်ချက် ] - မီးဂုဏ်သတ္တိ။

ထိုအချက်အလက်ကြောင့် ချန်လွေ့သည် နောက်ပြန်လှည့်မကြည့်ဘဲ မည်သူဖြစ်ကြောင်း ခန့်မှန်းနိုင်ပေသည်။ ၎င်းမှာ သွေးရောင်အင်ပါယာ၏ ပထမဗိုလ်ချုပ် ဂူစတက်ဗ်ပင် ဖြစ်လေသည်။ သူ့တွင် ဘရေ့ဂက်ဟူသော အခြားနာမည်တစ်ခု ရှိသည်။

ပထမဗိုလ်ချုပ်က အမှန်တကယ်ပင် တဲရစ်၏စံအိမ်၌ ကိုယ်တိုင် ပေါ်ထွက်လာခဲ့သည်။

“မင်း ဘာကိုရှာနေတာလဲ။” ဂူစတက်ဗ်၏အသံ ထွက်ပေါ်လာသည်...

ချန်လွေ့က မိမိ၏လုပ်ရပ်ပေါ်သွားကြောင်း သိလိုက်သည်။ အိမ်ဖော်၏ ခန္ဓာကိုယ်က အလျင်အမြန်ပင် ယောက်ျားတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။ ၎င်းမှာ ရစ်ချတ်၏မျက်နှာတော့ မဟုတ်ပေ။

“မတွေ့သေးဘူး။ ဒါပေမဲ့ ကံဆိုးချင်တော့ အခု ရှာဖို့ အချိန်မရှိတော့ဘူး။” ချန်လွေ့က ဖြည်းဖြည်းချင်း နောက်သို့ ခေါင်းလှည့်လိုက်သည်။ သူ၏အသံက မိတ်ဆွေဟောင်းတစ်ယောက်ကို ရင်ဆိုင်နေရသကဲ့သို့ပင် မှိုင်တွေတွေ ဖြစ်နေသည်။ အမှန်တကယ်၌ သူသည် “မိတ်ဆွေဟောင်း”ပင် ဖြစ်လေသည်။

ဂူစတက်ဗ်က မရင်းနှီးသောသူကို စိုက်ကြည့်လိုက်သည်။ တစ်ဖက်လူ၏ စွမ်းအားမှာ အမြင့်ဆင့်နတ်ဆိုးဟုသာ ပြသသော်လည်း သူ သတိလက်လွတ်မနေပေ။ အစွမ်းထက်သော နတ်ဆိုးအရှင်သခင်အဆင့် အငွေ့အသက်က ချန်လွေ့အား အဆိပ်ပြင်း မြွေတစ်ကောင်၏ စိုက်ကြည့်ခြင်းကို ခံနေရသည့် ဖားသဖွယ် တုန်လှုပ်သော ခံစားချက်မျိုး ပေးစွမ်းနေသည်။

ချော်ရည်ပြာနယ်မြေ လုပင်မြို့၌ ဘရေ့ဂက်အဖြစ် ရုပ်ဖျက်ထားသော ဂူစတက်ဗ်က မယုံကြည်နိုင်လောက်အောင် ကြောက်မက်ဖွယ်ရာစွမ်းအားမျိုး ပြသခဲ့သည်။ သူက ချန်လွေ့၏ အကြီးမားဆုံး သတ်ဖြတ်ခြင်းတိုက်ကွက်ဖြစ်သည့် [ မီးသင့်နဂါးသတ်ဖြတ်ခြင်း ] ကို တည့်တည့် ခုခံနိုင်ခဲ့သည့်အပြင် [ ကြယ်လမ်းလွှဲ ] ကို အသုံးပြုကာ ချန်လွေ့လမ်းလွှဲလိုက်သော အမှောင်ဒြပ်စင်ဘုရင် ဟေးဂယ်က အစွမ်းထက် တိုက်ကွက်ကို ခုခံနိုင်ခဲ့သည်။ ၎င်းမှာ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း၏ စွမ်းအားကြီး တိုက်ခိုက်မှုတစ်ခု ဖြစ်လေသည်။

ဂူစတက်ဗ်၏ စွမ်းအားအကဲဖြတ်မှုမှာ မြနဂါး ခရိုဘဲလက်စ်နှင့် ဆင်တူဟန်တူပြီး နတ်ဆိုးအရှင်သခင်အဆင့် ကနဦးပိုင်း ဖြစ်သည်။ သို့သော်လည်း ခရိုဘဲလက်စ်သည် ဂူစတက်ဗ်၏ ပြိုင်ဘက်မဟုတ်ကြောင်း ချန်လွေ့ သေချာသိသည်။

ချန်လွေ့သည် ဂူစတက်ဗ်၏ လက်သီးချက်ကို ရှောင်တိမ်းရန်အတွက် နတ်ဘုရား-ဝါးမျို မျက်နှာဖုံး၏ အထူးစွမ်းရည်ဖြစ်သော [ နတ်ဆိုးယင်‌ကောင် အသွင်ပြောင်းခြင်း ] ကို အသုံးပြုခဲ့ဖူးသည်။ သို့သော်လည်း [ နတ်ဆိုးယင်‌ကောင် အသွင်ပြောင်းခြင်း ] ကို တစ်ကြိမ်သာ အသုံးပြု၍ရပြီး [ ကြယ်လမ်းလွှဲ ] မှာ ၁၀စက္ကန့်သာခံသည်။ ထိပ်တိုက် ရင်ဆိုင်ရာ၌ ချန်လွေ့သည် [ မီးသင့်နဂါးဝင်စီးခြင်း ] ဖြင့်ပင် ဂူစတက်ဗ်ကို မယှဉ်နိုင်ပေ။

ဒါဆိုရင် [ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] ကရော။ အဲဒါက ဘယ်လောက်အထိ လုပ်နိုင်မှာလဲ။

ချန်လွေ့က ကြယ်စွမ်းအင်ကို တိတ်တိတ်လေး ချိန်ညှိလိုက်ပြီး ပုံမှန်အတိုင်း မေးလိုက်သည်။ “နောက်ဆုံးမေးခွန်းတစ်ခု မေးချင်တယ်။ ဒီနေရာကို ဝင်လာကတည်းက ကျုပ်ကို သိသွားတယ်လို့ ခံစားရတယ်။ ကျုပ်မသေခင် ဘာကြောင့်လဲဆိုတာ သိလို့ ရမလား။ ဆာ-ဗိုလ်ချုပ်။”

ဂူစတက်ဗ်က အေးအေးဆေးဆေး ပြုံးနေသော ချန်လွေ့ကို ကြည့်လိုက်သည်။ အကြောင်းရင်းတစ်ချို့ကြောင့် ထိုစွမ်းအားနိမ့်သောသူသည် သူ့ကို ခန့်မှန်း၍မရသော ခံစားချက်မျိုး ပေးစွမ်းနေသည်။ “မင်းက တော်တော်လေး တည်ငြိမ်တာပဲ။ ဒါပေမဲ့ ဒီလိုနဲ့တော့ သေရမယ့်ကြမ္မာကနေ လွတ်မြောက်မှာ မဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ မင်းမသေခင် နောက်ဆုံးအဖြေတစ်ခု ပြောလိုက်မယ်။ မင်းသားစံအိမ်တစ်ခုလုံးက ထူးဆန်းပြီးတော့ ကြီးမားတဲ့ မှော်စက်ဝိုင်းတစ်ခုပြ။ အစေခံတိုင်း၏ အငွေ့အသက်နဲ့ သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်က အမှတ်အသားတွေက မှော်စက်ဝိုင်းရဲ့ အစိတ်အပိုင်း တစ်ခုပဲ။ ကွဲပြားမှုတစ်ခုခုရှိတာနဲ့ ဘယ်လိုပဲအသွင်ပြောင်းပြောင်း၊ ရုပ်ပဲဖြစ်ဖြစ် ချက်ချင်း သတိထားမိမှာပဲ။”

ဝင်လာစဉ်က စိုက်ကြည့်ခံနေရသကဲ့သို့ မည်သည်ကြောင့် ခံစားခဲ့ရကြောင်း ချန်လွေ့ သဘောပေါက်သွားသည်။ ဒီလိုမျိုး သာမန်ပုံစံ မင်းသားစံအိမ်ရဲ့ အကာအကွယ်က သေသေချာချာကို ပြင်ဆင်ထားတာပဲ။ ဒါက အပေါ်ယံပဲ ရှိသေးလောက်တယ်။

“အခု မင်း အဖြေသိပြီ။ ဒီတော့ သေခြင်းတရားနဲ့ ပြန်ပေးဆပ်တော့။” ဂူစတက်ဗ်က ဖြည်းဖြည်းချင်း လက်မြှောက်လိုက်သည်။

ချန်လွေ့က အချိန်ထပ်ဆွဲ၍ မရတော့ကြောင်း သိသည်။ သူ၏ခန္ဓာကိုယ် ချက်ချင်း ပျောက်ကွယ်သွားပြီး အခန်းထဲမှ ဝင်းထဲသို့ ရောက်လာသည်။ ဂူစတက်ဗ်က သူ့ကို အငွေ့အသက်ဖြင့် ပစ်မှတ်ထားပြီး ချက်ချင်းပင် လိုက်သွားခဲ့သည်။ သို့သော်လည်း ရန်သူက ထွက်မပြေးဘဲ ဝင်းထဲ၌သာ ရပ်နေခဲ့သည်။ ဂူစတက်ဗ် အရှေ့တွင် ရပ်နေရင်း ချန်လွေ့၏ ခန္ဓာကိုယ်မှ အလွန်အမင်းတောက်ပသော အလင်းရောင် ရုတ်တရက် ထွက်လာသည်။

ထိုအလင်းရောင်၏ တလက်လက်တောက်ပမှုကြောင့် ဂူစတက်ဗ်သည်ပင် ချန်လွေ့ကို တည့်တည့်ကြည့်နိုင်ရန် ခဲယဉ်းသွားခဲ့သည်။ ဂူစတက်ဗ်က မျက်လုံးကို ကာထားရင်း စွမ်းအားကို အလျင်အမြန် စုစည်းနေတော့သည်။

ခဏအကြာ၌ ဂူစတက်ဗ်အရှေ့တွင် ခန့်ညားသော ချပ်ကာ၊ ခေါင်းစွပ်နှင့် မျက်နှာဖုံးတို့ ဝတ်ဆင်ထားသော ယောက်ျားတစ်ယောက် ပေါ်ထွက်လာသည်။

[တော်ဝင်ကြယ်အသွင်ပြောင်းခြင်း] မှလွဲ၍ ဂူစတက်ဗ်ကို အခြား မည်သည့် စွမ်းရည်နှင့်မျှ မယှဉ်နိုင်ပေ။ ထို့အပြင် မလိုအပ်သောပြဿနာများကို ရှောင်ရှားရန်အတွက် ချန်လွေ့သည် “အက်ဂ်ယော”ဟူသော သရုပ်ကို မဖော်ပြချင်ပေ။ ယခုတွင် စူပါစနစ်၌ [တော်ဝင်ကြယ်အသွင်ပြောင်းခြင်း] ကို အသုံးပြုနိုင်ရန် ယုံကြည်မှုသလင်းကျောက်များ လုံလောက်နေပြီဖြစ်သည်။ ထို့ပြင် ထိုစွမ်းရည်ကို ယခင်တစ်ခေါက် ဂူစတက်ဗ် အရှေ့၌ မပြသရသေးပေ။ ထို့ကြောင့် သူသည် ထိုအစွမ်းအထက်ဆုံး “အသွင်ပြောင်းခြင်း”ကို အစကတည်းက သုံးခဲ့ခြင်းဖြစ်ပေသည်။

[တော်ဝင်ကြယ်အသွင်ပြောင်းခြင်း] အခြေအနေသည် [မီးသင့်နဂါးသတ်ဖြတ်ခြင်း] အပါအဝင် အမျိုးမျိုးသော စွမ်းရည်များကို အသက်သွင်းနိုင်သည်။ တစ်ခုတည်းသော ဆန့်ကျင်မှုမှာ [မီးသင့်နဂါးဝင်စီးခြင်း]၏ တိုးမြှင့်စွမ်းရည်ပင် ဖြစ်သည်။ ၎င်းကို [တော်ဝင်ကြယ်အသွင်ပြောင်းခြင်း]နှင့်အတူ အသုံးပြု၍ မရနိုင်ပေ။

တလက်လက်တောက်ပနေသော “ချပ်ကာလူသား”ကို ရင်ဆိုင်နေရသော်လည်း ဂူစတက်ဗ် အံ့အားမသင့်သွားပေ။ သူက အေးစက်စက်နှင့် နှာမှုတ်လိုက်ပြီး ထိုသူကို လက်သီးဖြင့် ပစ်ထိုးလိုက်သည်။

ထိုလက်သီးတွင် လှည့်ကွက်များ ပြောင်းလဲမှုများ မရှိပေ။ သာမန် လက်သီးချက် တစ်ခုသာ ဖြစ်သည်။ သို့သော်လည်း ၎င်းတွင် ရှုပ်ထွေးမှုကို ရိုးရှင်းမှုအဖြစ်သို့ လျှော့ချနိုင်သော အနုပညာအမြင်တစ်ခု ရှိသည်။ ထိုအချိန်၌ ချန်လွေ့ကို ၎င်းကို ရှောင်တိမ်းရန် စဉ်းစားမရခဲ့ပေ။

သူ၏ခန္ဓာကိုယ်သို့ လက်သီးမရောက်ခင်မှာပင် လေတိုးသံ ဖိအားများကို ခံစားလိုက်ရသည်။ ၎င်းမှာ အတော်လေး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအား တစ်ခုပင် ဖြစ်လေသည်။

ချန်လွေ့က ၎င်းကို အတင်း မခုခံခဲ့ပေ။ သူ၏အရှေ့ နေရာလွတ် ရုတ်တရက် ပျက်ယွင်းသွားပြီး နက်ရှိုင်းသော တွင်းနက်တစ်ခု ပေါ်ထွက်လာခဲ့သည်။

[ ကြယ်ဝါးမျိုခြင်း ]

ချက်ချင်းပင် ဂူစတက်ဗ်က မိမိ၏စွမ်းအား ထိန်းချုပ်၍မရတဲ့ တွင်းနက်ဆီသို့ လှိုင်းတစ်ခုသဖွယ် လှိမ့်တက်သွားကြောင်း ခံစားလိုက်မိသည်။ သူကစွမ်းအားကို ပိုမို ချုပ်တည်းလေလေ၊ ဝါးမျိုခြင်းစွမ်းအား ပိုမိုအားကောင်းလေလေပင် ဖြစ်သည်။ သူ၏မျက်လုံးထဲ၌ အံ့အားသင့်သောအမူအရာ ဖြစ်မိသွားသည်။

သူ့စွမ်းအားက ငါထင်ထားတာထက်ကို ပိုမြင့်နေတာပဲ။

[ ကြယ်ဝါးမျိုခြင်း ]၏ သာမန်ကြိမ်နှုန်းအတိုင်းဆိုလျှင် ဂူစတက်ဗ် မည်မျှ အစွမ်းထက်စေကာမူ အချိန်တစ်ခု၌ သူ၏အထွက်စွမ်းအားကို တွင်းနက်က လုံးဝ ဝါးမျိုလိုက်မည် ဖြစ်သည်။ သို့သော်လည်း လူများသည် သက်မဲ့အရာများ မဟုတ်ကြပေ။ အထူးသဖြင့် တိုက်ခိုက်ရေးအတွေ့အကြုံ အလွန်အမင်း ရင့်ကျက်သော နတ်ဆိုး အရှင်သခင်အဆင့် ဂူစတက်ဗ်ပင် ဖြစ်သည်။

ဂူစတက်ဗ် အော်ဟစ်လိုက်သောအခါ သူ၏ခန္ဓာကိုယ်က အနီရောင် တောက်သွားပြီး လက်မောင်းမှ ကြွက်သားများလည်း ကြီးကြီးမားမား ရောင်ကိုင်း သွားသည်။ “တွင်းနက်”ဝါးမျိုခြင်းစွမ်းအား၏ ကြိမ်နှုန်း ရုတ်တရက် မြန်ဆန်သွားကြောင်း ချန်လွေ့ ခံစားလိုက်မိသည်။ ထိုအရှိန်မြန်ခြင်းမှာ တွင်းနက်၏ လုပ်ဆောင်ချက်မဟုတ်ဘဲ ပြိုင်ဘက်၏ တိုးပွားလာသောစွမ်းအားနှင့်အညီ အလိုလို မြန်ဆန်လာခြင်း ဖြစ်သည်။

ဝါးမျိုခြင်းကြိမ်နှုန်း မြင့်မားသထက် မြင့်မားလာခဲ့သည်။ ခဏအကြာ၌ ၎င်းသည် တွင်းနက်ကိုယ်တိုင် ခံနိုင်သော အကန့်အသတ်ကို ကျော်လွန်သွားသည်။ ပေါက်ကွဲသံ တစ်ခုနှင့်အတူ နေရာလွတ်က ထူးထူးဆန်းဆန်း ပျက်ယွင်းသွားပြီး တွင်းနက်လည်း အမှန်တကယ်ပင် အစအနမကျန် ပျောက်ကွယ်သွားတော့သည်။ ဂူစတက်ဗ်ကလည်း တွန်းကန်အားစက်ကွင်းနောက် နောက်ဆုတ်သွားရသည်။ သူ၏မျက်လုံးထဲ၌ အနီ‌ရောင် အငွေ့အသက် ရှိနေသည်။ ကြောက်မက်ဖွယ်ရာစွမ်းအားတစ်ခုက သူ၏ ရောင်ကိုင်းနေသော လက်မောင်းထဲ၌ စီးဆင်းနေဆဲပင် ဖြစ်သည်။ ခုနက တိုက်ကွက်မှာ သူထင်ထားသည်ထက် စွမ်းအားပိုကုန်သွားခဲ့ပုံရသည်။

ချန်လွေ့ ထိတ်လန့်သွားခဲ့သည်။ [ ကြယ်ဝါးမျိုခြင်း ] ကို ဖြိုခွဲဖို့အတွက် စွမ်းရည် အများကြီး မသုံးလိုက်ရဘူး။ ဒါက လုံးဝကို အကျိုးအကြောင်းမသင့်တဲ့ “ပြင်းအား”ပဲ။ မင်းက စွမ်းအားကို ဝါးမျိုတာလား။ ပေါက်ကွဲတဲ့အထိ ဝါးမျိုနေလိုက်။

ချန်လွေ့သည် [ ကြယ်ဝါးမျိုခြင်း ] ကို စူပါစနစ် နေရာလွတ်ထဲ၌ အကြိမ်များစွာ အသုံးပြုခဲ့ဖူးသည်။ ၎င်းသည် နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းဖြစ်သော ဂလော်ဖင်း၏ ဝိညာဉ်ကို ဝါးမျိုခဲ့သည်။ တကယ့်လက်တွေ့၌ အရာအားလုံးကို ထိန်းချုပ်သော စူပါစနစ်ထက် မသာသော်လည်း ဂူစတက်ဗ်က တွင်းနက်ကို တန်းတန်းမတ်မတ် ဖြိုခွဲနိုင်သည့်အတွက် သူ၏စွမ်းအားမှာ ထင်ရှားနေပေသည်။

အပေါ်ယံ၌ သူတို့နှစ်ယောက် မျှနေကြသည်။ ဂူစတက်ဗ်က ဒဏ်ရာအချို့ပင် ရရှိခဲ့သည်။ သို့သော်လည်း ချန်လွေ့က စိတ်ထဲ၌ သိနေသည်။ တွင်းနက်ကို ဖောက်ခွဲလိုက်တဲ့ လက်သီးချက် တစ်ခုတည်းနဲ့တင် [ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] ကို ငါသုံးရင်တောင် ဂူစတက်ဗ်ရဲ့ပြိုင်ဘက် ဖြစ်နိုင်မှာ မဟုတ်ဘူး။ သွေးရောင် အင်ပါယာရဲ့ ပထမဗိုလ်ချုပ်က တကယ့်ကို အမျက်တော်ဝင်မိသားစုရဲ့ လော့ဒ် ဖြစ်ထိုက်ပါပေတယ်။

ယခုတစ်ခေါက် ညသူလျှိုပြုလုပ်ခြင်း ကျရှုံးသွားပြီး ပြိုင်ဘက်က သူ မနိုင်သော ဂူစတက်ဗ် ဖြစ်သည့်အတွက် ဤနေရာ၌ ဆက်နေရန် မသင့်တော်တော့ပေ။ ချန်လွေ့က ထွက်သွားရန် ရည်ရွယ်ထားပြီး နည်းလမ်းတစ်ခု အလျင်အမြန် ရှာဖွေနေတော့သည်။

“ငါမင်းကို အထင်သေးခဲ့မိတဲ့ပုံပဲ။ ကြည့်ရတာ ငါ နည်းနည်းတော့ အာရုံစိုက်ရမယ် ထင်တယ်။” ဂူစတက်ဗ်၏မျက်လုံးထဲ၌ သွေးဆာနေသော အနီရောင် ပေါ်လာပြန်သည်။ “ငါ့ရဲ့စစ်မှန်တဲ့ခွန်အားနဲ့ ထိုက်တန်ရုံရှိတဲ့ ပြိုင်ဘက်တစ်ယောက်အနေနဲ့ ငါမင်းကို တစ်ခု ပြောပြနိုင်တယ်။ ငါ့မှာ သန္ဓေပြောင်း သွေးမျိုးဆက် မရှိဘူး။ ဆမ်မြူရယ် တော်ဝင်မိသားစုရဲ့ သွေးမျိုးဆက်ပါရမီ၃ခုမှာ ငါတစ်ခုပဲ နှိုးထနိုင်သေးတယ်။ အဲဒါက [သွေးအမျက်] ပဲ။ ငါ့ရဲ့မွေးရာပါ ပါရမီက သိပ်မကောင်းဘူး။ အဲဒါကြောင့် ငါ့ရဲ့ ပါရမီ စွမ်းရည်ကို တိုက်ပွဲတွေကနေပဲ တိုးတက်အောင် လုပ်ရတာ။ အခုတော့ ငါ့ကိုယ်ထဲက သွေးတွေကို စိတ်ရှိသလို ထိန်းချုပ်နိုင်ပြီးတော့ [သွေးအမျက်] ကို အစွမ်းထက်ဆုံး အခြေအနေအထိရောက်အောင် လုပ်နိုင်နေပြီ။ နောက်ထပ် လက်သီးချက်မှာ ငါ့ရဲ့ တကယ့်စွမ်းအားကို သုံးမယ်။ မင်းငါ့ကို စိတ်ပျက်အောင်မလုပ်ဖို့ မျှော်လင့်တယ်။”

ဂူစတက်ဗ် အပိုပြောနေခြင်း မဟုတ်ပေ။ ထိုသို့ပြောပြီးနောက် သူ၏ခန္ဓာကိုယ်ရှိ အနီရောင်အလင်း အလျင်အမြန် လည်ပတ်လာသည်။ မပျော်ဝင်သော သွေးရည်များမှာ ဆယ်လ်ဝင်မြစ် စီးဆင်းနေသည်နှင့် ဆင်တူပေသည်။ သူ၏လက်မောင်းမှ ကြွက်သားများလည်း မူမမှန်ဘဲ စတင်ဖောင်းကားလာသည်။ သူ၏ ကြောက်မက်ဖွယ်ရာ စွမ်းအားအငွေ့အသက်က ထိပ်ဆုံးအထိ ချက်ချင်းတက်သွားပြီး နောက်တစ်ကြိမ် လက်သီးဖြင့် ထိုးလိုက်ပြန်သည်။

ထိုလက်သီးချက်တွင် မတွန့်ဆုတ်သော ပြတ်သားမှုတစ်ခု ပါဝင်နေသည်။ ကြောက်မက်ဖွယ်ရာ ဖိအားက လေထုနှင့် နေရာလွတ်ကိုပင် စုတ်ပြဲသွားစေခဲ့သည်။ ၎င်းအတွင်း၌ ပါဝင်သော စွမ်းအားသည် ခုနက [ ကြယ်ဝါးမျိုခြင်း ] ကို ပေါက်ကွဲစေခဲ့သော လက်သီးချက်ထက် များစွာ သာလွန်ပေသည်။

ချန်လွေ့ မရှောင်နိုင်တော့ပေ။ သူ၏ခန္ဓာကိုယ်မှ တလက်လက်ဖြစ်နေသော ကြယ်ပွင့်များ ချက်ချင်းပင် အဆုံးစွန်အထိ တောက်ပသွားသည်။ ရုတ်တရက် ဂူစတက်ဗ်က သူ၏မျက်နှာသို့ ပြေးဝင်လာသည့် ကျယ်ပြန့်လှသော အငွေ့အသက် တစ်ခုကို ခံစားမိလိုက်ပြီး အချိန်ခရီးသွားသော ရှေးဟောင်းကြယ်ပွင့်များ၏ ဝိုင်းရံခြင်း ခံလိုက်ရကဲ့သို့ ဖြစ်သွားသည်။ နေရာအနှံ့တွင် ဖော်ပြ၍မရသော ဥပဒေတစ်ခု ရှိနေဟန် တူသည်။ သူ၏လှုပ်ရှားမှုများ ရှင်းပြ၍မရနိုင်ဘဲ နှေးကွေးသွားခဲ့သည်။ ထိုအချိန်၌ “ကြယ်ပွင့်များ”အားလုံး ရုတ်တရက်‌‌ ပေါက်ကွဲထွက်သွားသည်။

[ ကြယ်ပေါက်ကွဲခြင်း ]

.

ချန်လွေ့က အားဒီလိတ်နှင့် တိုက်ခိုက်ခဲ့စဉ်တွင် စွမ်းအားချန်ထားခဲ့သေးသည် ဆိုလျှင် ယခုတွင် [ ကြယ်ပေါက်ကွဲခြင်း ] ၌ အစွမ်းကုန် အသုံးပြုခဲ့ပြီ ဖြစ်သည်။ အားနှစ်ခု ပြင်းထန်စွာ ရိုက်ခတ်မိသွားခဲ့သည်။

ချက်ချင်းပင် မင်းသားစံအိမ်တစ်ခုလုံး၏ မြေပြင် အပြင်းအထန် တုန်လှုပ်သွား၏။ အကာအကွယ် မှော်စက်ဝိုင်းများသည်ပင် ထိုကဲ့သို့ပြင်းထန်လှသော မတည်ငြိမ်မှုကို မထိန်းထားနိုင်တော့ပေ။ တလက်လက် ကြယ်ပွင့်များ တောက်ပနေသောပုံရိပ်က နောက်သို့ ပျံသန်းသွားပြီးနောက် ထူးဆန်းသော အလင်းရောင်ဂိတ်တစ်ခုထဲသို့ ဝင်ရောက်သွားသည်။ သူသည် ချက်ချင်းပင် အစအနမကျန် ပျောက်ကွယ်သွားတော့သည်။

ဂူစတက်ဗ်က လက်သီးထိုးနေသော ရိုးရှင်းသည့် လှုပ်ရှားမှုကို ထိန်းထားဆဲပင် ဖြစ်သည်။ သူက တောင်တစ်တောင်ကဲ့သို့ပင် မတ်မတ်ရပ်နေသော်လည်း ထိုးလိုက်သော လက်မောင်းတစ်ခုလုံးက ဆိုးဆိုးဝါးဝါး ထိခိုက်သွားခဲ့ပြီး အရိုးများကိုပင် မြင်နေရသည်။

အထင်ရှားဆုံးမှာ သူ၏လက်မောင်းပေါ်တွင် ရှိနေသေးသော ကြယ်ပွင့်များ၏ စွမ်းအားများပင် ဖြစ်သည်။ ၎င်းတို့ပြင် မျက်စိဖြင့်မြင်နိုင်သော အမြန်နှုန်းဖြင့် ဒဏ်ရာကို ပျံ့နှံ့သွားစေသည့် မြောက်မြားလှစွာသော အားထက်ထက်များ ပါဝင်နေပုံရသည်။ ၎င်းသည် အပေါ်ယံမျှသာ မဟုတ်ပေ။ အမှန်တကယ် မမြင်နိုင်သည်မှာ သူ၏ခန္ဓာကိုယ်ထဲ ပြေးဝင်သွားသော ထူးဆန်းသည့်ကြယ်စွမ်းအားက အတွင်းတစ်သျှူးတစ်ခုလုံး နှင့် ဆဲလ်များကို ဆိုးဆိုးဝါးဝါး ဖျက်ဆီးနေခြင်းပင် ဖြစ်သည်။

ဂူစတက်ဗ်က တိုးတိုးလေး ငြီးတွားလိုက်သည်။ သူ၏မျက်လုံးများ ပို၍နီသွားပြီး လက်မောင်းတစ်ခုလုံး ယောင်ကိုင်းသွားပြန်သည်။ ထုတ်လိုက်သောသွေးများက သွေးမြူအဖြစ် ပြောင်းလဲသွားသည်။ သွေးမြူများကြားထဲ၌ ကြယ်ပွင့်များ နောက်ဆုံး၌ အရောင်မှိန်သွားပြီး ပျောက်ခြင်းမလှ ပျောက်ကွယ်သွားခဲ့လေသည်။

“သိပ်ကောင်းတယ်။” ဂူစတက်ဗ်က သွေးပေနေတဲ့ သူ၏လက်ကို ကြည့်လိုက်သည်။ သူက ဒဏ်ရာကြောင့် အနည်းငယ် အံ့အားသင့်သွားပုံရပြီး သူ၏မျက်လုံးထဲ၌ အသိအမှတ်ပြုသော အရိပ်အယောင်တစ်ခု ရှိနေသည်။ “နောက်တစ်ခါ မင်းရဲ့အလောင်းကို ငါသိမ်းထားမယ်။”

တစ်ချိန်တည်းမှာပင် မြို့ဆင်ဖြေဖုံးရှိ အိမ်တစ်အိမ်၌ ချန်လွေ့၏ပုံရိပ် ဘွားခနဲ ပေါ်ထွက်လာပြီး ကြမ်းပြင်ပေါ်သို့ တည့်တည့်ပြုတ်ကျသွားခဲ့သည်။

မူလက ကျက်သရေရှိပြီး ကြယ်ပွင့်များ လွှမ်းခြုံနေသော ချပ်ကာသည် ပို၍ မှိန်ပျသွားသည်။ ရင်ဘက်နေရာ၌ ထိတ်လန့်ဖွယ်ရာ လက်သီးရာတစ်ခု ရှိနေသည်။ အလယ်၌ ထိုလက်သီးရာနှင့်အတူ နေရာအနှံ့သို့ မြောက်မြားလှစွာသော အက်ကွဲရာများ ဖြန့်ကျက်နေလေသည်။

ချန်လွေ့၏ခန္ဓာကိုယ်ထဲရှိ ကြယ်စွမ်းအား ကုန်ခမ်းသွားသောအခါ ချပ်ကာသည် တဖြည်းဖြည်း ပျောက်ကွယ်သွား၏။ သို့သော်လည်း ချန်လွေ့ မထနိုင်သေးပေ။

[ ကြယ်ပေါက်ကွဲခြင်း ] က စွမ်းအားကြီးမားလှသော်လည်း [ ကြယ်ပေါက်ကွဲခြင်း ] စွမ်းအားကို တည့်တည့်ခုခံနိုင်ခဲ့သော ဂူစတက်ဗ်၏ လက်သီးချက်သည် ၎င်းကို ကျော်လွန်ပြီး ချန်လွေ့ကို ထိသွားခဲ့သေးသည်။ ချန်လွေ့က ဖော်ပြ၍မရသော အားတစ်ခု၏ ဖောက်ထွင်းမှု ခံနေရသကဲ့သို့ ခံစားခဲ့ရသည်။ ထိုဖောက်ထွင်းခြင်းတွင် “အပိုင်းပိုင်းဖြစ်ခြင်း”လည်း ပါဝင်နေသည်။

“ဝုန်း ဝုန်း ဝုန်း”

ချန်လွေ့၏ခန္ဓာကိုယ်ထဲ၌ ပေါက်ကွဲသံ တိုးတိုးလေးများ တရစပ် ထွက်လာသည်။ သူ၏သွေးများက ရုတ်တရက် ကြမ်းပြင်ပေါ်၌ ပျံ့နှံ့သွားခဲ့သည်။ သူ၏ အတွင်း အင်္ဂါများလည်း ဒဏ်ရာအပြင်းအထန် ရသွားခဲ့ပြီး အချို့မှာ ကြေမွသွားခဲ့သည်။ သာမန်လူသာဆိုလျှင် သေသွားပြီဖြစ်သည်။ ကံကောင်းစွာပင် ချန်လွေ့၌ [အသစ်ပြန်ဖြစ်ခြင်း] နှင့် [နက္ခတ်သဏ္ဌာန်] တို့ ရှိသည်။ သူက ဒဏ်ရာအပြင်းအထန် ရသွားခဲ့သော်လည်း ပြန်ကောင်းလာရန်ပင် အနှေးအမြန်သာ ဖြစ်သည်။

သို့သော်လည်း [ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] ၏ ချပ်ကာနှင့် ဆန်းကြယ် ကျောက်စိမ်းချပ်ကာအလွှာတို့က သေစေနိုင်သောစွမ်းအား တစ်စိတ်တစ်ပိုင်းကို ကာကွယ်ပေးခဲ့ခြင်း မဟုတ်ခဲ့လျှင် ခုနက လက်သီးချက်သည် ချန်လွေ့၏ရင်ဘတ်၌ အပေါက်ကြီးတစ်‌ပေါက် ဖြစ်သွားစေလိမ့်မည်။ ၎င်းသည် အသက်အန္တရာယ် စိုးရိမ်ရမည်မှာ သေချာပေသည်။

တကယ့် ဂူစတက်ဗ်ပဲ။ ပြောရရင်တော့ သန့်စင်တဲ့စွမ်းအားတဲ့ အကြွင်းမဲ့ လက်သီးစွမ်းအားကို သာမန်စွမ်းရည်တွေနဲ့ မယှဉ်နိုင်ဘူး။ စွမ်းအားအဆင့်ချင်း မတူရင်ပေါ့။

ချန်လွေ့၏ခေါင်းထဲသို့ အတွေးတစ်ခု ရောက်ရှိလာသည်။ သွေးရောင်အင်ပါယာ ပထမဆုံးဗိုလ်ချုပ်ရဲ့ တကယ့် တိုက်ခိုက်ရေးစွမ်းအားက နတ်ဆိုးအရှင်သခင်အဆင့် ကနဦးပိုင်းထက်တောင် ပိုမြင့်နိုင်တယ်။ 

ဘယ်လိုပဲဖြစ်ဖြစ် ဒီလို ကြောက်စရာကောင်းတဲ့ လက်သီးစွမ်းအားကို ငါ ကျော်လွှားနိုင်ရမယ်။ ဂူစတက်ဗ်က ငါ နောက်ထပ် ကျော်ဖြတ်ရမယ့် ပန်းတိုင်တစ်ခုပဲ။

All Chapters