← Chapters

တစ်ဖနီလား။ ရင်းနှီးသလိုလိုနှင့် မရင်းနှီးသော မိန်းကလေး

Vol. 31 Ch. 454

တစ်ဖနီလား။ ရင်းနှီးသလိုလိုနှင့် မရင်းနှီးသော မိန်းကလေး

Vol. 31 Ch. 454

ချန်လွေ့ ခေါင်းမော့ကြည့်လိုက်ရာ အဝေးမှ လှေကားထစ်ပေါ်၌ ဘွားခနဲ ပေါ်ထွက်လာသော အမျိုးသမီးတစ်ယောက်ကို တွေ့သွားသည်။ ထိုအမျိုးသမီးသည် အဖြူရောင် ရှပ်အင်္ကျီကို ဝတ်ဆင်ထားသည်။ သူက အချိုးအစားညီညာပြီး ရှည်လျားသော အပြာဖျော့ရောင်ဆံပင်ရှိကာ မျက်နှာကို ပိုးဇာလွှားဖြင့် ဖုံးလွှမ်းထားသည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှ အေးစက်ပြီး လျို့ဝှက်ဆန်းကြယ်သော စိတ်နေသဘောထားမျိုး ထုတ်ပေးနေသည်။

ချန်လွေ့ အံ့အားသင့်သွားပြီး လွှတ်ခနဲ ပြောလိုက်မိသည်။ “တစ်ဖနီလား။”

ချန်လွေ့ အော်ပြောလိုက်သော နာမည်ကို ကြားသည့်အခါ ထိုအမျိုးသမီး၏ မျက်လုံးများ အရောင်လက်သွားပြီး သူထုတ်လွှတ်သော အရှိန်အဝါက ပို၍ပင် အေးစက်သွားသည်။

ချန်လွေ့က ထိုယူဆချက်ကို ချက်ချင်းပင် ပယ်ချလိုက်သည်။ သူ့အရှေ့မှ အမျိုးသမီးသည် ပုံပန်းသွင်ပြင်၊ အသံ၊ အဝတ်အစားတွင် ချွတ်စွပ်ပင် ဖြစ်သော်လည်း စိတ်နေသဘောထားမှာ လုံးဝကွဲပြားလွန်းနေသည်။ သူ၏အမြင်၌ တစ်ဖနီမှာ အပြစ်ကင်းပြီး ချစ်စရာကောင်းကာ မကောင်းကြံမတတ်သော ကောင်မလေး တစ်ယောက်ဖြစ်ပြီး သူ့အရှေ့မှ အမျိုးသမီးမှာ စိတ်နေသဘောထား လုံးဝကွဲပြားနေ၏။ အထူးသဖြင့် ထိုကဲ့သို့ အရိုးထဲစိမ့်ဝင်သော အေးစက်သည့် သတ်ဖြတ်ချင်စိတ်က ချန်လွေ့ကို သိမ့်သိမ့်တုန်သွားစေသည်။

သူ့လေသံကို ကြည့်ရတာ သူက ဒီ ဆက်ခ်ရက်တောင်ရဲ့ ပိုင်ရှင်များလား။ ဒါမှမဟုတ် နတ်ဘုရား-တစ်ပိုင်း ပုဂ္ဂိုလ်က ချန်ထားတာ တစ်ခုခုကို သူရခဲ့တာလား။

ဒါနဲ့ တစ်ဖနီက ဆက်ခ်ရက်တောင်နဲ့ ရင်းနှီးသလိုပဲ။ အထဲမှာ ဘယ်သူရှိလဲ ဆိုတာကိုတောင် သူသိတယ်။ သူက ဒီအမျိုးသမီးနဲ့ ရင်းနှီးတာများလား။ ဒါမှမဟုတ် တစ်ဖနီလည်း “အထွတ်အမြတ်တောင်” ကပဲလား။

၉၀ % ဖြစ်နိုင်ချေရှိသော်လည်း လေထဲရှိ ဂါဂိုယောင်များက တစ်ကောင်ပြီး တစ်ကောင် ထိုးဆင်းလာသည့်အတွက် ချန်လွေ့တွင် စဉ်းစားရန် အချိန်အများကြီး ရှိမနေတော့ပေ။

“နေပါဦး။ မိန်းကလေး။ ကျုပ်က ဒီမှာ...”

ထိုအမျိုးသမီးက လုံးဝ တုံ့ဆိုင်းမသွားဘဲ ချန်လွေ့ကို အေးစက်စက်နှင့် ကြည့်လိုက်သည်။ အပြင်းအထန် ဆင်းလာကြသော ဂါဂိုယောင်များကို မြင်သည့်အခါ ချန်လွေ့က တိုက်ပွဲကို ရှောင်လွှဲ၍ မရတော့ကြောင်း သိလိုက်သည်။ သူ လက်လှုပ်လိုက်ရာ ထိန်းချုပ်ခံထားရသော ဂါဂိုယောင်၏ မျက်လုံးထဲမှ အနီရောင် ချက်ချင်း ပျောက်ကွယ်သွားသည်။ ၎င်း၏ အနက်ရောင်ခန္ဓာကိုယ်က မီးခိုးရောင် ဖြစ်သွားခဲ့သည်။ ၎င်းသည် ချက်ချင်းပင် တကယ့်ကျောက်အဖြစ် ပြောင်းလဲသွားကာ မြေပေါ်သို့ ပြုတ်ကျပြီး အပိုင်းပိုင်း ကွဲသွားခဲ့သည်။

တစ်ချိန်တည်း နီးပါးမှာပင် အောက်ဆင်းလာသော ဂါဂို‌ယောင်ဒါဇင်ခန့်က ရုတ်တရက် အဖြူရောင် ရောင်ပြန်ဟပ်သွားခဲ့သည်။ အလင်းအ‌ရင်းအမြစ်မှာ တလက်လက် တောက်ပနေပြီး ကြီးမားသော အလင်းစက်လုံး ဖြစ်သည်။ ထိုအလင်းစက်လုံး ဖြတ်သွားသောနေရာတိုင်း ဂါဂိုယောင်များက ပြာအဖြစ် ပြောင်းသွားကာ ပြန့်ကျဲသွားခဲ့သည်။ အလင်းစက်လုံး ၇လုံးရှိပြီး ကျည်ဆန်ကဲ့သို့ ပစ်လွှတ်လိုက်ခြင်း ဖြစ်သည်။ ဂါဂိုယောင် တစ်ကောင်ပြီးတစ်ကောင် မြေပေါ်သို့ ပြုတ်ကျလာသည်။ ကျောက်တုံး အကျိုးအပဲ့များက နေရာအနှံ့ ပြန့်ကျဲနေလေသည်။

သို့သော်လည်း ထိုသေဆုံးမှုများမှာ ဂါဂိုယောင် အရေအတွက် အများအပြားအတွက် ဘာမျှ မဟုတ်ပေ။ ချန်လွေ့က [ အာရုံဦးပစ်ချက် ] ကို ပစ်မည်ပြင်လိုက်သောအခါ ဂါဂိုယောင်များက နေရာအနှံ့မှ လျင်မြန်စွာ ပြေးဝင်လာသည်။ ထို့ကြောင့် ချန်လွေ့က [အာရုံဦးပစ်ချက်] ၏ ဦးတည်ဘက်ကို ထိန်းချုပ်ရန်ပင် အချိန်မရခဲ့ပေ။

ချန်လွေ့၏လက်ထဲ၌ အလင်းရောင်ဖျော့ဖျော့ တောက်ပသွားသည်။ အောက်ဆင်း လာကြသည့် မြောက်မြားလှစွာသော အရိပ်နက်များက အနီးမကပ်နိုင်ခင်မှာပင် ပေါက်ကွဲထွက်သွားသည်။ ချန်လွေ့၏ ဓားနှစ်လက်က လျှပ်စီးကဲ့သို့ပင် ဖြစ်သည်။ သူက ရှေ့တက်ရင်း တိုက်ခိုက်နေခဲ့သည်။ လမ်းတစ်လျှာက်၌ ပြန့်ကျဲနေသော ဂါဂိုယောင် အလောင်းများ ရှိနေလေသည်။ ချန်လွေ့က ထိုအမျိုးသမီးကို အာရုံစိုက်နေဆဲဖြစ်ပြီး အတတ်နိုင်ဆုံး ဝေးဝေးတွင် နေနေသည်။

ကောင်းကင်တွင် ဂါဂိုယောင်များစွာ ရှိနေသော်လည်း အဝတ်အစားအဖြူနှင့် အမျိုးသမီးသည် ဂါဂိုယောင်များထက် ပိုမိုအန္တရာယ်ရှိကြောင်း ချန်လွေ့ ခံစားနေရသည်။ ထိုအမျိုးသမီး၏ တည်နေရာကြောင့်သာ [ သရုပ်ခွဲမျက်လုံး ] က အသေးစိတ် အချက်အလက်ကို အာရုံမခံနိုင်ခြင်း ဖြစ်သည်။ တဖြည်းဖြည်းနှင့် ဂါဂိုယောင်များ ပိုများလာသည့်အတွက် ချန်လွေ့သည် ထိုအမျိုးသမီးကို အာရုံမစိုက်နိုင်တော့ပေ။

ဂါဂိုယောင်များ၏ အမြင့်ဆုံးစွမ်းအားမှာ မဟာနတ်ဆိုးဘုရင်အဆင့် ဒါဇင်ခန့်သာ ဖြစ်သည်။ အချို့တွင် အသိစိတ်များပင် ရှိသည်။ ၎င်းတို့မှာ အမှန်တကယ် ကြောက်စရာ မဟုတ်ပေ။ ကြောက်စရာအကောင်းဆုံးအရာမှာ အရေအတွက်နှင့် သေခြင်းတရားကို အကြောက်အလန့်မရှိခြင်းပင် ဖြစ်သည်။ တစ်အုပ်ပြီးတစ်အုပ် တိုက်ခိုက်မှုအောက်တွင် ချန်လွေ့လည်း အနည်းငယ် ပင်ပန်းသွားခဲ့သည်။ မြေပြင်တွင် ပြန့်ကျဲနေသော မီးခိုးရောင် ကျောက်တုံးများ ဖုံးလွှမ်းနေသည်။ သူ၏ခန္ဓာကိုယ်၌လည်း ဒဏ်ရာများ ရှိနေလေသည်။

ထိုကဲ့သို့ ဒဏ်ရာမှာ ကိစ္စကြီး မဟုတ်သော်လည်း ရှင်းပစ်ခံလိုက်ရသော ဂါဂိုယောင် အရေအတွက်မှာ ဆယ်ပုံတစ်ပုံထက် နည်းလေသည်။ ၎င်းတို့သည် သိပ်သည်းစွာ အစုလိုက်ရှိနေပြီး ချန်လွေ့ကို ခေါင်းကိုက်သွားစေသည်။ ချန်လွေ့တွင် ရုပ်ပိုင်းဆိုင်ရာ ခွန်အား ကြီးကြီးမားမား ကုန်ခမ်းနေပြီဖြစ်သည်။ ထိုကဲ့သို့ ဆက်လက် တိုက်ခိုက်ရလျှင် အားကုန်ပြီး သေဆုံးသွားမည်မှာ သေချာသည်။

ချန်လွေ့၏ ဝှက်ဖဲများမှာ ထိုထက်ပိုသည်။ မြောက်အဏ္ဏဝါမှော်ဓား၊ မီးသင့်နဂါး၊ [တော်ဝင်ကြယ်အသွင်ပြောင်းခြင်း] နှင့် အနှိုင်းမဲ့ထွက်ပြေးစွမ်းရည် [ ကြယ်ဂိတ်] တို့ ရှိကြသည်။ သို့သော်လည်း လျို့ဝှက်ဆန်းကြယ်သော အမျိုးသမီးကို သူ့ကို ကြည့်နေ၏။ မသိသေးသော အန္တရာယ်များ ပို၍ပင် ရှိနေနိုင်သည်။ သူသည် တစ်ခါတည်း ဝှက်ဖဲအားလုံး ထုတ်ပြ၍ မဖြစ်ပေ။ အရေးကြီးဆုံးမှာ သူ ခက်ခက်ခဲခဲ ကြိုးစားပြီး ဤနေရာသို့ ရောက်လာရခြင်းမှာ အကြီးမားဆုံးပန်းတိုင်ဖြစ်သည့် သြဇာယွမ်မြေကြောင့်ပင် ဖြစ်လေသည်။

မည်သို့ပင်ဖြစ်ပါစေ၊ ထိုဂါဂိုယောင်အုပ်ကို အရင်ဦးစွာ ဖြေရှင်းရပေမည်။ ချန်လွေ့သည် အစွမ်းအထက်ဆုံး အုပ်စုတိုက်ခိုက်ရေးအစွမ်းဖြစ်သော [ စစ်မှန် ဖျက်ဆီးခြင်းအရှိန်အဝါ တိုက်ကွက် ] ကို အသုံးမချရသေးပေ။

[ စစ်မှန် ဖျက်ဆီးခြင်းအရှိန်အဝါ တိုက်ကွက် ] သည် မီတာ၃၀ ပတ်လည်ရှိ ရန်လိုသော သတ္တဝါများကို မြန်နှုန်းမြင့် ဓားချီစွမ်ားအဖြင့် အပိုင်းပိုင်းဖြစ်အောင် ပြုလုပ်နိုင်သည်။ သို့သော်လည်း သူက ၎င်းကို တစ်နာရီလျှင် တစ်ကြိမ်သာ အသုံးပြု၍ ရသည်။ ဂါဂိုယောင် အရေအတွက်က ၁၀၀၀ဆိုလျှင် ချန်လွေ့သည် ၎င်းတို့အားလုံးကို သေချာပေါက် ဖျက်ဆီးပစ်ပေမည်။ သို့သော်လည်း သူ့ရှေ့တွင် ဂါဂိုယောင် ထောင်သောင်းချီ ရှိနေသည်။ ထို့ပြင် ၎င်းတို့သည် နေရာအနှံ့ဖြစ်နေပြီး လျင်လျင်မြန်မြန် ပျံသန်းနိုင်ကြ၏။ [ စစ်မှန် ဖျက်ဆီးခြင်းအရှိန်အဝါ တိုက်ကွက် ] ကို အသုံးပြုသည့်တိုင် ၎င်းတို့ကို တစ်ခါတည်း ဖျက်ဆီးပစ်နိုင်မည် မဟုတ်ပေ။

ချန်လွေ့က စိတ်ကို ရွှေ့ပြောင်းပြီး ခြေထောက်ကိုနင်းကာ လေထဲသို့ ခုန်တက်လိုက်သည်။ သူက ဂါဂိုယောင်အုပ်စုဆီသို့ ပျံသန်းသွားခဲ့သည်။ ၎င်းတို့က ချန်လွေ့ကို ချက်ချင်းပင် နေရာအနှံ့မှ ဝိုင်းရံလိုက်ကြသည်။ ချန်လွေ့၏ ပျံသန်းစွမ်းရည်မှာ သာမန်နတ်ဆိုးဧကရာဇ်အဆင့်ထက် သာလွန်သော်လည်း အမြန်နှုန်း၌ ထိုပျံသန်း သားရဲများထက် အနည်းငယ် နိမ့်ကျသည်။ ၎င်းတို့က ချန်လွေ့ကို ဝိုင်းရံလိုက်သောအခါ [အသံဗုံး] ၏ ထူးဆန်းသောအသံတစ်သံ ထွက်ပေါ်လာသည်။ “ပစ်မှတ်”က ရုတ်တရက် အရှိန်မြန်သွားပြီးနောက် လျှောက်သွားကာ အရှိန်လျှော့လိုက်သည်။ ဂါဂိုယောင်များက သူ့ကို ဝိုင်းရံလိုက်ကြပြန်သည်။ ထို့နောက် [ အသံဗုံး ] ထွက်ပေါ်လာပြန်သည်။ သိပ်သည်းလှသော အနက်ရောင်အရိပ်များက ပုံစံပြောင်းလိုက်ကြပြီး စက်ဝိုင်းပုံအဖြစ် ဝိုင်းဝန်းလည်ပတ်နေလိုက်ကြသည်။ ထိုဝိုင်းကြီးပတ်ပတ် “ပြေးလွှားမှု” တွင် ဂါဂိုယောင်အများစုက အတူတကွ စုဝေးနေလိုက်ကြသည်။

အချိန်ကျပြီ။ ချန်လွေ့၏မျက်လုံးများ တောက်ပသွားခဲ့သည်။ ချက်ချင်းပင် ဂါဂိုယောင်အားလုံးက ခန္ဓာကိုယ်များ ကျုံ့သွားကြောင်း ခံစားလိုက်ရပြီး သူတို့၏ အလေးချိန် ရုတ်တရက် တိုးမြင့်သွားခဲ့သည်။ ၎င်းမှာ မြေဒြပ်စင်ဘုရင်က ကောင်းချီး ပေးထားသော ချန်လွေ့သိသည့် တစ်ခုတည်းသော မှော်ပညာ [ မြေဆွဲအား ] ပင် ဖြစ်လေသည်။

သူ၏ နတ်ဆိုးဧကရာဇ်အဆင့် စိတ်ဝိညာဉ်စွမ်းအားနှင့် ဒြပ်စင်ကောင်းချီး ပေါင်းလိုက်သောအခါ မီတာ၃၀ ပတ်လည်အတွင်းရှိ အရိပ်နက်များ တစ်ပြိုင်နက်တည်း ပြုတ်ကျကုန်သည်။ ၎င်းမှာ မိုးရွှာသကဲ့သို့ပင် ဖြစ်သည်။ ချန်လွေ့လည်း ပြုတ်ကျသွား၏။ သူက အသင့်တော်ဆုံးနေရာသို့ အမြန်ပြေးသွားခဲ့ပြီး သူ၏လက်က ထူးဆးန်းသော အလင်းရောင်တစ်ခု တောက်ပသွားသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ပြုတ်ကျလာသော အနက်ရောင်အရိပ်များမှ ရွှေအလင်းရောင်များက တစ်ချိန်တည်းမှာပင် လက်ခနဲ ဖြစ်သွားကြပြီး ခုန်ပေါက်နေကြသော စာသားများကဲ့သို့ ဖြစ်နေသည်။ အမှန်တကယ်၌ ၎င်းတို့မှာ ထက်မြက်သော ဓားချီစွမ်းအားဖြင့် အလွန်လျင်မြန်စွာ အပိုင်းပိုင်း ဖြတ်ခံခဲ့ရခြင်း ဖြစ်ပေသည်။

ကောင်းကင်ပေါ်မှ မိုးရွာလာသည်။ ကျောက်တုံး အကျိုးအပဲ့ မိုးပေတည်း။

ခုနက ကြမ်းတမ်းပြီး ရက်စက်သော ဂါဂိုယောင် ထောင်သောင်းချီက အသက်မဲ့ အပိုင်းအစများအဖြစ် ပြောင်းလဲသွားပြီး မြေပေါ်သို့ ပြန့်ကျဲသွားခဲ့သည်။ အဖြူရောင် အဝတ်အစားနှင့် အမျိုးသမီးသည်ပင် မျက်လုံးထဲ၌ အံ့အားသင့်သော အမူအရာ ဖြစ်ပေါ်လာသည်။ ဒီကျူးကျော်သူက နတ်ဆိုးဧကရာဇ်အဆင့် စွမ်းအားပဲ ရှိတယ်။ ဒီလိုမျိုး သတ်ဖြတ်ခြင်းတိုက်ကွက်က ပိုင်နက်စွမ်းအား မဟုတ်ဘူး။ ဒါပေမဲ့ ဒါက အစွမ်းထက် ဂါဂိုယောင် ထောင်သောင်းချီကို လျှပ်တပြက်အတွင်း သတ်နိုင်ခဲ့တယ်။ ဒီတိုက်ကွက်ရဲ့ စွမ်းအားက တကယ့်ကို မယုံနိုင်စရာပဲ။

ချန်လွေ့၏ပုံရိပ်က တဖြည်းဖြည်း မြေပြင်ပေါ်သို့ ဆင်းသက်လာခဲ့သည်။ သူ၏မျက်နှာ ဖြူဖျော့နေပြီး အသက်ရှူသံလည်း မြန်ဆန်နေ၏။ [ စစ်မှန် ဖျက်ဆီးခြင်းအရှိန်အဝါ တိုက်ကွက် ] ၏ စွမ်းအားမှာ အမှန်တကယ်ပင် မယုံနိုင်စရာ ကောင်းသော်လည်း တိုက်ခိုက်ရသည့် အရေအတွက်များလေလေ စွမ်းအား ပိုမို ကုန်ခမ်းလေလေပင် ဖြစ်သည်။ ချန်လွေ့သည် အရှိန်အဝါတန်ဖိုး အများအပြား ကုန်သွားခဲ့ရသည်။ သူက လျှပ်တပြက်အတွင်း ကြယ်စွမ်းအား အများအပြား အသုံးပြုပြီး ဂါဂိုယောင် ‌ထောင်သောင်းချီကို သတ်ပစ်ခဲ့သည့်အတွက် [ နက္ခတ်သဏ္ဌာန် ] နှင့် စိတ်ဝိညာဉ် သုံးခုဖြင့်ပင် ဖြည့်တင်းရန် ခက်ခဲလှပေသည်။ ယွမ်ဖြည့်တင်း သစ်ပင် တစ်ပင်က ချန်လွေ့အရှေ့၌ ပေါ်ထွက်လာခဲ့သည်။ သူ၏ခန္ဓာကိုယ်မှ အလိုအလျောက် ဖြည့်တင်းသော ဝိသေသလက္ခဏာနှင့် ပေါင်းလိုက်သည့်အခါ ဆုံးရှုံးသွားသော ရုပ်ပိုင်းဆိုင်ရာ ခွန်အားများ အလျင်အမြန် ပြန်ရရှိလာခဲ့သည်။

ခုနက တိုက်ကွက် အောင်မြင်ခဲ့သော်လည်း ကောင်းကင်ပေါ်၌ အနက်ရောင် အရိပ် တစ်ဝက်နီးပါး ကျန်နေသေးသည်။ ခုနက သူသည် ရန်သူအကုန်လုံးကို သတ်ပစ်နိုင်ပြီဟု ယူဆခဲ့သည်။ ကံဆိုးစွာပင် [ စစ်မှန် ဖျက်ဆီးခြင်းအရှိန်အဝါ တိုက်ကွက် ] ၏ အကျယ်အဝန်းမှာ အကန့်အသတ်ရှိပြီး နောက်ထပ် တစ်နာရီအတွင်း အသုံးပြု၍ မရနိုင်တော့ပေ။ သူက မြောက်အဏ္ဏဝါဓားကို ထုတ်ရန်ပြင်လိုက်စဉ်မှာပင် အမျိုးသမီး၏အသံ ထွက်ပေါ်လာပြန်သည်။ “ကျူးကျော်သူ။ ရှင်က အထွတ်အမြတ် တောင်ရဲ့ အစေခံတွေ အများကြီးကို သတ်ပစ်ရဲတယ်ပေါ့။ သေတာ တစ်ခုတည်းနဲ့ ရှင့်ရဲ့ပြစ်မှုတွေ မကျေနိုင်ဘူး။”

အဖြူရောင် အဝတ်အစားနှင့် အမျိုးသမီးက လှေကားထစ်မှ တဖြည်းဖြည် ဆင်းလာသည်။ မူလက သူတို့အကြားမှ အကာအဝေးမှာ မီတာ ၁၀၀ကျော်သည်။ သို့သော် ထိုအမျိုးသမီးက ဥယျာဉ်ထဲ၌ အေးအေးလူလူ လမ်းလျှောက်နေသကဲ့သို့ ခြေထောက်ကို လှမ်းလိုက်ပြီးနောက် ချန်လွေ့၏မျက်လုံးဆီသို့ အလျင်အမြန် ရောက်ရှိလာခဲ့သည်။

မျိုးနွယ် - လောဘတော်ဝင်မိသားစု။

စွမ်းအားအကဲဖြတ်မှု - C+ (S)

ခန္ဓာအမျိုးအစား - C- (S-)

ခွန်အား - C (S-)

စိတ်ဝိညာဉ် - C (S)

မြန်ဆန်မှု - C (S)

[ ဂုဏ်သတ္တိ ] - အလင်းဂုဏ်သတ္တိ။ အမှောင်ဂုဏ်သတ္တိ။

ချန်လွေ့က စိတ်ထဲ၌ အံ့အားသင့်သွားသည်။ သူ့ရဲ့ဂုဏ်သတ္တိက တစ်ဖနီနဲ့ အတူတူပဲ။ မျိုးနွယ်၊ စွမ်းအားအဆင့်နဲ့ အရည်အသွေးတွေက တိုက်ဆိုင်တာဆိုရင်တောင် တမူထူးခြားတဲ့ အလင်းနဲ့အမှောင် ဂုဏ်သတ္တိက ဘာလဲ။

သူ့အရှေ့မှ အမျိုးသမီးသည် အေးစက်သော အငွေ့အသက် ထုတ်လွှတ်နေသည်။ သူ၏ အနက်ရောင်မျက်လုံးများမှာ အဓိကအားဖြင့် စစ်မှန်သော သတ်ဖြတ်ချင်စိတ်များ အပြည့်ဖြစ်နေသည်။ ချန်လွေ့က မုန်းတီးမှုနှင့် ရွံရှာမှု တစ်မျိုးကိုပင် ခံစားမိခဲ့သည်။ သူ့ကို အပြစ်ကင်းပြီး ချဉ်းကပ်ရလွယ်ကူသော ကောင်မလေးနှင့် ချိတ်ဆက်ရန် ခက်ခဲလှသည်။ ဧကန္တ တစ်ဖနီက.....

ချန်လွေ့ တုံ့ပြန်သည်ကိုမစောင့်ဘဲ အလွန်အမင်း အန္တရာယ်များသော နိမိတ်တစ်ခုက ချန်လွေ့၏ခေါင်းထဲသို့ အမြန်ရောက်လာသည်။ ချန်လွေ့သည် ချက်ချင်းပင် တယ်လီပို့ ခုန်လိုက်သည်။

မြေပြင်တုန်ခါနေပြီး သူ၏မူလနေရာ၌ ဧရာမအပေါက်တစ်‌ပေါက် ပေါ်ထွက်လာသည်။ အနီးအနားရှိ လှေကားထစ်များ ပြိုကျသွားသည်။ လျို့ဝှက်ဆန်းကြယ်သော ပိုင်နက်အငွေ့အသက်နှင့် ရှေးမှော်စာ အကာအကွယ်ရှိနေသော နေရာ၌ သူသည် အမှန်တကယ်ပင် ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာ ထိခိုက်မှုကို ဖြစ်စေခဲ့သည်။ တစ်ဖက်က လုံးဝ မလျှိုထားကြောင်းကို မြင်နိုင်ပေသည်။

ကြောက်စရာအမြန်နှုန်း။ ကြောက်စရာတိုက်ခိုက်စွမ်းအား။

အကယ်၍ ချန်လွေ့သာ အမြင်ကို အသုံးပြုခဲ့လျှင် ခုနက “တစ်ဖနီ”၏ လှုပ်ရှားမှုကို မြင်တွေ့နိုင်ခဲ့မည် မဟုတ်ပေ။ သူက အာရုံကိုသာ အသုံးပြုခဲ့ရသည်။ တစ်ဖက်က နတ်ဆိုးအရှင်သခင်အဆင့် အလတ်ပိုင်းစွမ်းအား ရှိနေသည့်အတွက် ချန်လွေ့သည် [ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] ကို အသုံးပြုသည့်တိုင် “တစ်ဖနီ”ကို ယှဉ်နိုင်မည် မဟုတ်ပေ။

တယ်လီပို့အကွာအဝေးမှာ အကန့်အသတ် ရှိသည့်အတွက် တယ်လီပို့အစွမ်းသည် အဆင့်မြင့်တိုက်ပွဲများ၌ များများစားစား အသုံးမဝင်ပေ။ အစွမ်းထက်ပုဂ္ဂိုလ်များ လှုပ်ရှားနိုင်သော အမြန်နှုန်းသည် တယ်လီပို့ခုန်သည်နှင့် သိပ်ပြီး မကွာလှပေ။ ချန်လွေ့က ခုနက လွတ်မြောက်သွားခဲ့သော်လည်း သတ်ဖြတ်ချင်စိတ်တစ်ခု၏ ပစ်မှတ်ထားခြင်းကို ချက်ချင်း ခံစားလိုက်မိသည်။ နောက်ထပ်တိုက်ကွက်သည် လုံးဝကို ထိတ်လန့်စရာ ကောင်းမည်မှာ သေချာပေသည်။

“ခဏနေပါဦး။”

“တစ်ဖနီ။ ငါပါ။ မင်းရဲ့မိတ်ဆွေ။ ဆိုင်မွန်လေ။” အခြေအနေ အရေးကြီးနေကြောင်း သိသည့်အတွက် ချန်လွေ့က ချက်ချင်း အော်ပြောလိုက်သည်။ အမှန်တကယ်၌ သူနှင့် တစ်ဖနီတို့သည် အလွန်ဆုံး တစ်ကြိမ်သာ ဆုံခဲ့ဖူးလေသည်။

“သလင်းကျောက်ပြားကို မှတ်မိလား။ ကုဗတုံးတွေကို ပျောက်သွားအောင်လုပ်တဲ့ ဂိမ်းပစ္စည်းလေ။”

တစ်ဖနီက ရပ်တန့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ သို့သော်လည်း သူက ၂စက္ကန့်သာ ရပ်တန့်သွားခဲ့ပြီးနောက် ညှာတာမှုကင်းမဲ့စွာ လက်သီးဖြင့် ထိုးလိုက်သည်။ ချန်လွေ့က စိတ်ထဲ၌ ဆဲဆိုလိုက်မိသည်။ ကြံရမရသည့်အဆံဒး သူက တယ်လီပို့ခုန်ပြီး ၎င်းကို ရှောင်တိမ်းလိုက်ရပြန်သည်။ တတိယအကြိမ် တယ်လီပို့ခုန်၍ မရတော့ပေ။ အကယ်၍ ချန်လွေ့သာ [ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] ကို အသုံးမပြုလျှင် နောက်ထပ် တိုက်ခိုက်မှုသည် အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်ပေသည်။ ထွက်ပြေးရန်အတွက်ပင် ပြဿနာ ဖြစ်သွားပေလိမ့်မည်။

ငါရှာနေတဲ့ သြဇာယွမ်မြေကို မတွေ့ခင် ဒီလိုကြောက်စရာကောင်းတဲ့မိန်းမနဲ့ တိုက်ခိုက်ရမယ်လို့ မထင်ထားခဲ့ဘူး။ ပို၍ဒုက္ခရောက်တာက ငါက သူ့ပြိုင်ဘက် မဟုတ်တာပဲ။

ထိုအချိန်တွင် ကောင်းကင်ကို ဝိုင်းဝိုင်းလည်နေသော ဂါဂိုယောင်များက ညွှန်ကြားချက် အချို့ ရရှိခဲ့သလိုမျိုးပင် ရုတ်တရက် ပြန့်ကျဲသွားကြသည်။ တစ်ချိန်တည်းမှာပင် အသံတစ်သံ ထွက်ပေါ်လာသည်။ “ခဏနေဦး။”

ထိုအသံမှ သာမန်သာဖြစ်ပြီး အလွန် သိမ်မွေ့နူးညံ့သည်။ ၎င်းကို ကောင်းကင်မှ ကြားရသော်လည်း သူ၏နားထဲ၌ အသံကြားရသကဲ့သို့ ဖြစ်နေသည်။

“တစ်ဖနီ”က ချန်လွေ့၏အရှေ့ ညာဘက် မနီးမဝေးတွင် ချက်ချင်းနီးပါး ပေါ်ထွက်လာခဲ့သည်။ သို့သော်လည်း သူက တစ်မုဟုတ်ချင်း လက်သီးကို ရုပ်သိမ်းလိုက်သည်။

ချန်လွေ့၏မျက်လုံးများ အနည်းငယ် ကျုံ့သွားခဲ့သည်။ ထိုအသံမှာ အလွန်ပင် ဝေးကွာပုံရသည်။ လူတစ်ယောက်၏ ကိုယ်ရေးအကျဉ်းက [ သရုပ်ခွဲမျက်လုံး ] ၌ ပေါ်ထွက်လာသည်။ ထိုသူမှာ ချန်လွေ့အရှေ့ရှိ အမျိုးသမီး၏ ညာဘက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

[ သရုပ်ခွဲမျက်လုံး ] ကြောင့်သာ မဟုတ်လျှင် ချန်လွေ့သည် သူ၏မြင်ကွင်း၌ နောက်ထပ် ယောက်ျားတစ်ယောက် ရှိနေသည်ကို ခံစားမိခဲ့မည် မဟုတ်ပေ။ ထိုသူသည် ခန့်ညားပြီး ငယ်ရွယ်သော အသွင်အပြင် ရှိသည်။ သူက ပြင်းထန်သော အငွေ့အသက်များ မထုတ်လွှတ်နေသော်လည်း ‌လောကနှင့် ပေါင်းစပ်နေဟန်တူသည်။

ချန်လွေ့က မြေအမြင့်တွင် ရပ်နေသည်မှာ သေချာသော်လည်း သူ၏မျက်လုံး၌ ထိုသူကို မော့ကြည့်၍သာ ရလေသည်။ [ သရုပ်ခွဲမျက်လုံး ] ၌ ဖော်ပြသော အချက်အလက်က ချန်လွေ့၏ စိတ်ထဲမှ ထိတ်လန့်မှုကို ဖုံးဖိ၍ မရလုနီးပါး ဖြစ်သွားစေခဲ့သည်။

မျိုးနွယ် - ဆုံးဖြတ်၍ မရနိုင်။

စွမ်းအားအကဲဖြတ်မှု - ဆုံးဖြတ်၍ မရနိုင်။

[ စိစစ်မှု ] - အလွန်အမင်း အန္တရာယ်ရှိ။

All Chapters