← Chapters

နဂါးနက်

Vol. 31 Ch. 456

နဂါးနက်

Vol. 31 Ch. 456

အလွန်ကြီးမားလှသော ကပ်ဘေးခံစားချက်ကြောင့် ချန်လွေ့ကို မတုံ့ဆိုင်းရဲအောင် ဖြစ်သွားစေသည်။ သူက ချက်ချင်းပင် ထိုနေ့က သလင်းကျောက်တောင်ကြားရှိ သလင်းကျောက်မြေအောက်မိုင်းတွင်း၌ ဖြစ်ပျက်ခဲ့သည်ကို ပြောပြလိုက်သည်။ ခဏ ကြာပြီးနောက် ကြောက်မက်ဖွယ်ရာ ခံစားချက်က တဖြည်းဖြည်း လျော့ပါးသွားသည်။

“အသူရာချောက်နက်ပန်း”ဟုခေါ်သော ဆွဲဆောင်မှုရှိသည့် အနီရောင်ပန်းက ထိုသူ၏လက်ဝါးပေါ်၌ လွင့်ပျံနေသည်။ ၎င်းကို ဝိုင်းဝန်းပြီး ဖောက်ထွင်းမြင်ရသော အလင်းရောင် အလွှာတစ်ခုဖြင့် ဖုံးလွှမ်းထားသည်။ ထိုသူက သတိထားနေဟန်တူသည်။

အသူရာချောက်နက်ပန်းကိုကြည့်ရင်း ထိုသူက အတွေးထဲ မျောသွားတော့သည်။ အချိန်အတော်ကြာပြီးနာက် သူက ပြောသည်။ “အသူရာချောက်နက်ပန်းရဲ့ တန်ဖိုး အစစ်အမှန်က သြဇာယွမ်မြေထက်ကို အများကြီးသာတယ်။ သြဇာယွမ်မြေက အနောက်ဘက် သစ်နက်ကမ်းပါးမှာ ရှိတယ်။ မင်းကိုယ်တိုင် သွားရှာပြီး ယူလို့ရတယ်။ မင်းရဲ့လုပ်ရပ်တွေကို ငါ နှောင့်ယှက်မှာ မဟုတ်ဘူး။ ဒါက စမ်းသပ်မှုတစ်ခုလည်း ဟုတ်တယ်လို့ ငါမင်းကို သတိပေးရမယ်။ မင်း သြဇာယွမ်မြေကို အောင်အောင်မြင်မြင် ရနိုင်မယ်ဆိုရင် ငါမင်းကို အဖိုးတန်လက်ဆောင်တစ်ခု ပေးပြီးတော့ ဒီနေရာကနေ အန္တရာယ်ကင်းကင်းနဲ့ ထွက်သွားခွင့်ပြုမယ်။”

ချန်လွေ့ စကားအများကြီး မပြောခဲ့ပေ။ သူ အရိုအသေပေးပြီး အနောက်ဘက်သို့ လှည့်ကာ မျက်စိတစ်မှိတ်အတွင်းမှာပင် တောအုပ်ထဲ၌ ပျောက်ကွယ်သွားသည်။

“နှစ်ပေါင်းများစွာ ကြာပြီးတာတောင် အသူရာချောက်နက်မိသားစုက ပြန်ပေါ်ထွက်လာဖို့ စဉ်းစားနေသေးတာလား။” ထိုသူ၏လက်ထဲရှိ အလင်းရောင်အလွှာ ရုတ်တရက် အနီရောင်ပြောင်းသွားပြီး အတွင်းမှ အသူရာချောက်နက်ပန်းလည်း စတင် တုန်ခါလာသည်။ ၎င်းသည် အမှန်တကယ် ဆိုးဆိုးဝါးဝါး ငြီးတွားလိုက်ပြီး ပန်းပွင့်ကလည်း အလျင်အမြန်ပင် နွမ်းခြောက်သွားခဲ့လေသည်။ နောက်ဆုံး၌ ၎င်းသည် ပြာပုံအဖြစ် ပြောင်းလဲသွားခဲ့သည်။

ထိုလူ၏နောက်မှ တစ်ဖနီက ပြောသည်။ “ဆရာ။ အဲဒီလူကို ကျွန်မ သတ်လိုက်ရမလား။”

ထိုသူက ခေါင်းခါလိုက်သည်။ “ဒါက စမ်းသပ်ချက်လို့ ငါပြောခဲ့တယ်။ သူက အိုလီဖီးရက်စ်ဆီကနေ သြဇာယွမ်မြေကို ယူနိုင်မယ်ဆိုရင် သူ့ရဲ့ ထိုက်တန်မှုကို ပြသဖို့အတွက် လုံလောက်တယ်။ သူက အစီအစဉ်ထဲမှာ အရေးပါတဲ့ ကျားရုပ်တစ်ရုပ် ဖြစ်လာနိုင်တယ်။ တကယ်လို့ ငါတွက်တာ မှားသွားရင်တောင် အချိန်ကုန်စေဖို့အတွက် ကစားစရာအနေနဲ့ အသုံးချလို့ ရသေးတာပဲ။”

အသူရာချောက်နက်ပန်း ဖျက်ဆီးခံလိုက်ရကြောင်း ချန်လွေ့ မသိခဲ့ပေ။ ထိုသူ၏ မြင်ကွင်းမှ ထွက်သွားပြီးနောက် ချန်လွေ့သည် သူ၏တင်းမာနေသော နာ့ဗ်ကြောများ ပြေလျော့သွားကြောင်း ခံစားလိုက်ရသည်။ ထိုသူသည် အသူရာချောက်နက်ပန်းကို မြင်တွေ့သည့်အခါမှသာ အငွေ့အသက် တစ်ပိုင်းတစ်စ ထုတ်လွှတ်ခဲ့သည်။ သို့သော်လည်း သူက ဖိအားအများအပြား မထုတ်ခဲ့ပေ။ သို့ရာတွင် ထိုသူအရှေ့၌ ရပ်နေရခြင်းမှာ ချန်လွေ့၏အသက်သည် ထိုသူ၏လက်ထဲမှ ဖယောင်းတိုင်မီးကဲ့သို့ ဖြစ်နေသည်။ ထိုသူ တစ်ချက်မှုတ်လိုက်သည်နှင့် မီးငြိမ်းသွားမည် ဖြစ်သည်။

နတ်ဘုရား-တစ်ပိုင်းအဆင့် နတ်ဆိုးဒိပ်ကို နတ်ဆိုးအရှင်သခင်အဆင့်နှင့် အမှန်တကယ် ယှဉ်၍ မရနိုင်ပေ။ ချန်လွေ့၏ လက်ရှိအဆင့်နှင့်ဆိုလျှင် ပြောနေစရာပင် မလိုအပ်ပေ။

ထိုသူက “စမ်းသပ်ချက် ကျရှုံးသွားလျှင်” ဖြစ်မည့်အကြောင်း မပြောခဲ့သော်လည်း ထိုခရီးမှာ လွယ်ကူမည်မဟုတ်ဘဲ သူ၏အသက်ပင် အန္တရာယ် ကျရောက်နိုင်ကြောင်း ချန်လွေ့ ကောင်းကောင်း သိသည်။ သို့သော်လည်း ယခုအချိန်၌ နောက်ပြန်ဆုတ်စရာ မရှိတော့ပေ။ မည်သို့ပင် ပေးဆပ်ရပါစေ၊ သူက သြဇာယွမ်မြေကို ရရှိရမည် ဖြစ်သည်။

“အဖိုးတန်လက်ဆောင်” အတွက်ကိုမူ ချန်လွေ့ မမျှော်လင့်ထားရဲပေ။ ထို နတ်ဘုရား-တစ်ပိုင်းအဆင့်မှာ အလွန်အမင်း အန္တရာယ်ရှိလှသည်။ သူ့အရှေ့၌ ချန်လွေ့၏ ဝိညာဉ် ဖောက်ထွင်းမြင်နေရသကဲ့သို့နီးပါး ခံစားခဲ့ရသည်။ အန္တရာယ်ကင်းကင်းနှင့် ပြန်သွားနိုင်လျှင်ပင် ကံကောင်းနေပြီ ဖြစ်သည်။

ဆက်ခ်ရက်တောင်မှာ အတော်‌လေး ကျယ်ဝန်းလှသ်ည။ ထိုသူပြောသည့်အတိုင်း ဆိုလျှင် ၎င်းမှာ သူ၏ “ပိုင်နက်တိုင်းပြည်” ဖြစ်သည်။ နတ်ဘုရား-တစ်ပိုင်းပုဂ္ဂိုလ်၏ ပိုင်နက်မှာ တိုက်ခိုက်ရေးအမျိုးအစားတွင် မပါတော့ဘဲ [ နတ်ဘုရားတိုင်းပြည် ] ၏ ‌ရှေးပြေးပုံစံနှင့် အနည်းငယ် ဆင်တူပေသည်။

ယခင်က မြင်တွေ့ခဲ့ရသော ပေါက်ကွဲငှက်များ အပါအဝင် ဆက်ခ်ရက်တောင်၏ သစ်ပင်ပန်းမန်များနှင့် သားရဲတိရစ္ဆာန်များသည် ယုံကြည်မှု စွမ်းအားနှင့် ဆင်တူသော စွမ်းအားတစ်မျိုး ထောက်ပံ့ပေးနိုင်ပုံရသည်။ သူတို့သည် ထိုသူ၏စွမ်းအား တိုးမြှင့်ရန် အရေးကြီးသော အခန်းကဏ္ဍ၌ ပါဝင်သည်။ သို့သော်လည်း ထိုကဲ့သို့ “ယုံကြည်မှု” မျိုးက အသက်ရှင်ရန်အတွက်နှင့် ပိုတူနေသေည်။ စစ်မှန်သော ယုံကြည်မှုနှင့် အလွန်ပင် ကွဲပြားနေသေးသည်။ ၎င်းသည် နတ်ဘုရား-တစ်ပိုင်း နှင့် နတ်ဘုရားကြားရှိ အခြေခံကျသော ခြားနားချက်များထဲမှ တစ်ခု ဖြစ်နိုင်ပေသည်။

ချန်လွေ့၏အမြန်နှုန်းဖြင့် ၃နာရီကြာ လမ်းလျှောက်ပြီးသည့်တိုင် ထိုလူပြောသော သစ်နက်ကမ်းပါးကို ရှာမတွေ့သေးပေ။ သူက လမ်းတစ်လျှောက်၌ ထူးဆန်းသော ပန်းပွင့်များနှင့် အဖိုးတန်သော ဆေးကုန်ကြမ်းများကို တွေ့ခဲ့သည်။ သို့သော်လည်း ချန်လွေ့က မဆင်မခြင် မလုပ်ရဲပေ။ သူက သြဇာယွမ်မြေကို ရှာဖွေရန်အတွက်သာ အာရုံစိုက်ထားခဲ့သည်။

နောက်ဆုံး၌ တောင်စောင်းတစ်ခု အရှေ့တွင် ချန်လွေ့က မြူဖုံးနေသော အနက်ရောင်ကမ်းပါးတစ်ခုကို အဝေးမှ မြင်လိုက်ရသည်။ သူအရှိန်တင်နေစဉ်အတွင်း စိတ်ထဲ၌ အန္တရာအချက်ပြ ပေါ်ထွက်လာသည်။ သူက ခြေထောက်ကို တော့လိုက်ပြီး ၁၀မီတာအကွာတွင် ပေါ်ထွက်လာသည်။ ခုနက သူရပ်နေသောနေရာ၌ ကြံ့ခိုင်သော ခြင်္သေ့ခေါင်းနှင့် မကောင်းဆိုးဝါးတစ်ကောင် ရောက်နေပြီဖြစ်သည်။ ထိုသတ္တဝါသည် ကျွဲအရွယ်ရှိပြီး တောင်ပံတစ်စုံ ရှိသည်။ ၎င်း၏တင်ပါး နောက်ဘက်တွင်လည်း ၂မီတာ ရှည်လျားသော ကင်းမြီးကောက် အမြီးတစ်ခု ရှိပြီး အစွန်းဘက်မှ အချွန်က အေးစက်သော အပြာအလင်းရောင် တောက်နေသည်။

မန်တီကိုး။

မန်တီကိုးမှာ အလွန်လျင်မြန်စွာ ရွှေ့လျားနိုင်သော အစွမ်းထက် နတ်ဆိုးသားရဲ တစ်မျိုး ဖြစ်သည်။ ၎င်း၏လက်သည်းများမှာ အတော်လေး အဆိပ်ပြင်းလှပြီး ရန်သူကို သွက်ချာပါဒ ဖြစ်စေနိုင်သည်။ ၎င်း၏အမြီးရှိ အဆိပ်ဆူးချွန်မှာလည်း အထူးသဖြင့် အဆိပ်ပြင်းလှသည်။ ထိုမန်တီကိုးသည် သန္ဓေပြောင်းသွေးမျိုးဆက် ဖြစ်ပြီး ၎င်း၏ စွမ်းအားက နတ်ဆိုးဧကရာဇ်အဆင့် အလတ်ပိုင်းသို့ ရောက်နေပြီ ဖြစ်သည်။ နတ်ဆိုးသားရဲများ၏ တိုက်ခိုက်ရေးစွမ်းအားမှာ အဆင့်တူ သာမန်နတ်ဆိုးများထက် သာလွန်သည်။ မန်တီကိုး၏ ကြောက်မက်ဖွယ်ရာကောင်းသော တိုက်ခိုက်ရေးပါရမီနှင့် ပေါင်းလိုက်သည့်အခါ တကယ့်တိုက်ခိုက်ရေးစွမ်းအားမှာ နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းသို့ နီးကပ်နေလောက်ပေသည်။

ချန်လွေ့ သတိလက်လွတ် မနေရဲပေ။ သူက တိတ်တဆိတ် စွမ်းအား စုစည်း လိုက်သည်။ သူက ဂါဂိုယောင်များနှင့် တိုက်ခိုက်စဉ်က စွမ်းအားအတော်များများ သုံးခဲ့ရသော်လည်း ကံကောင်းစွာပင် [ နက္ခတ်သဏ္ဌာန် ] ၏ ဝိသေသလက္ခဏာများကြောင့် အတော်များများ ပြန်လည်ပြည့်ဝသွားခဲ့သည်။ ထို့ပြင် သူက [ ဖျက်ဆီးခြင်း အရှိန်အဝါ တိုက်ကွက် ] ကဲ့သို့ စွမ်းရည်များကိုလည်း ပြန်လည်အသုံးပြု၍ရပြီ ဖြစ်သည်။

ကြောက်မက်ဖွယ်ရာမုဆိုး ဖြစ်သည့်အပြင် မန်တီကိုးတွင် အလွန်ပြင်းထန်သော ပိုင်နက်အယူအဆရှိသည့် နတ်ဆိုးသားရဲမျိုး ဖြစ်သည်။ ၎င်းသည် “ပိုင်နက်”ထဲ ကျူးကျော်လာသူများကို အပြင်းအထန် တိုက်ခိုက်ကြသည်။ ချန်လွေ့လည်း [သရုပ်ခွဲမျက်လုံး] ထဲ၌ ပြင်းထန်သော သတ်ဖြတ်ချင်စိတ်တစ်ခုကို ခံစားလိုက်မိသည်။ သူက ၎င်းနှင့် လုံးဝ ဆက်သွယ်စကားပြော၍ မရခဲ့ပေ။

ဟိန်းဟောက်နေရင်း မန်တီကိုးက ချန်လွေ့ထံ ပြေးလွှားလာနေခဲ့သည်။ ၎င်း၏ အမြန်နှုန်းမှာ မယုံကြည်နိုင်စရာ ကောင်းလှပေသည်။ ချန်လွေ့၏ ခန္ဓာကိုယ် ပတ်ပတ်လည်၌ ကြယ်ပွင့်များ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ သူက [ကြယ်စင်စုပိုင်နက်] ကို အသက်သွင်းလိုက်ပြီ ဖြစ်သည်။

[ကြယ်စင်စုပိုင်နက်] ကြောင့် မန်တီကိုး ရုတ်တရက် နှေးကွေးသွားသည်။ ရန်သူ အားကုန်မည်ကို စောင့်နေသော ချန်လွေ့က ဘေးဖက်သို့ ရွှေ့သွားလိုက်သည်။ ရှောင်တိမ်းနေရင်း ချန်လွေ့က မန်တီကိုး၏ ဝမ်းဗိုက်ကို လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် လက်သီးဖြင့် ထိုးလိုက်သည်။ မန်တီကိုး၏ ခွန်အား၊ အမြန်နှုန်းနှင့် အခြားအရည်အသွေး များမှာ [ကြယ်စင်စုပိုင်နက်] ကြောင့် အားနည်းနေသည့်အတွက် ၎င်းက မပြင်ဆင် ထားခဲ့ပေ။ ၎င်း၏ခန္ဓာကိုယ်က ထိုလက်သီးချက်ကြောင့် လွင့်စင်သွားခဲ့သည်။

၎င်း၏ခန္ဓာကိုယ် မြေပြင်သို့ မကျခင်မှာပင် အလင်းစက်လုံးတစ်လုံးက ၎င်း၏ မျက်နှာဆီသို့ ပြေးဝင်လာနေပြီ ဖြစ်သည်။ [ အရုဏ်ဦးပစ်ချက် ] ပေတည်း။

“ဝုန်း”ခနဲ အသံနှင့်အတူ [ အရုဏ်ဦးပစ်ချက် ] က မန်တီကိုးကို ထိသွားခဲ့သည်။ အဖြူရောင်အလင်းက တောအုပ်ထဲသို့ အလွန်လျင်မြန်စွာ ထိုးဖောက်ဝင်ရောက် သွားခဲ့သည်။ ထိုပစ်ချက်ကြောင့် သစ်ပင်အများအပြား ပျက်စီးကုန်၏။

ထိုတိုက်ခိုက်မှုသည် အမှတ်မထင်ဖြစ်သော်လည်း ထိုစွမ်းအားကြီးသော မန်တီကိုးအား လုံးဝချေမှုန်းနိုင်မှာ သေချာပေါက် မဖြစ်နိုင်ကြောင်း ချန်လွေ့ သိသည်။ ချန်လွေ့၏ ပန်းတိုင်မှာ သစ်နက် ကမ်းပါး ဖြစ်ပြီး မန်တီကိုးနှင့် အကြာကြီး တိုက်ခိုက် မနေချင်ပေ။ သူ နောက်လိုက်မသွားသလို သွားပြီးလည်း မကြည့်ခဲ့ပေ။ သူက တယ်လီပို့ ခုန်ပြီး မျက်နှာချင်းဆိုင်ဘက်၌ ပေါ်ထွက်လာခဲ့သည်။ သူက အမြန်ပြေးသွားရန် ပြင်လိုက်ရန် ရုတ်တရက် ရပ်တန့်လိုက်သည်။

သူ့အရှေ့မှ နက်ရှိုင်းသော ဟိန်းသံတစ်သံ ထွက်လာသည်။ မန်တီကိုး တစ်ကောင်ပြီးတစ်ကောင် ပေါ်ထွက်လာသည်။ ၃..၄ စုစုပေါင်း ၁၁ကောင် ပေါ်ထွက်လာခဲ့သည်။

ချန်လွေ့က စွန့်စားခန်း အများအပြား ထွက်ခဲ့သော်လည်း ထိတ်လန့်သွားသေး၏။ ငါက တကယ်ကြီး မန်တီကိုးအသိုက်ထဲ ဝင်လာခဲ့မိတာပဲ။

ထိုမန်တီကိုး အများစုတွင် သန္ဓေပြောင်းသွေးမျိုးဆက်များ ရှိကြသည်။ အနိမ့်ဆုံးမှာ မဟာနတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်းဖြစ်ပြီး အမြင့်ဆုံးမှာ နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဆက်ခ်ရက်တောင်မှ မျိုးစိတ်များမှာ ပိုင်နက်စွမ်းအား တစ်မျိုးမျိုး၏ သက်ရောက်မှုကြောင့် သာမန်အဆင့်များထက် ပိုမို အစွမ်းထက်ပုံရသည်။ ပေါက်ကွဲငှက်များက ထိုတောင်သို့ အသည်းအသန် ပြန်ဝင်နေကြသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။

ခုနကလွင့်ထွက်သွားသော မန်တီကိုးလည်း ပြန်လည်ရောက်ရှိလာသည်။ ၎င်းက အဖော်များနှင့်အတူ ဝိုင်းဝန်းလိုက်ကြသည်။ ထိုမန်တီကိုး၏မျက်နှာက သွေးများ ပေနေပြီး မျက်လုံးတစ်ဖက် ပိတ်နေသည်။ ၎င်း၏ခန္ဓာကိုယ်မှ အမွှေးများလည်း ထိခိုက်ခံခဲ့ရသည်။ ရုတ်တရက် တိုက်ခိုက်မှုသည် ၎င်းကို ဒဏ်ရာ အပြင်းအထန် ရရှိစေခဲ့ပုံ ရသည်။ သို့သော်လည်း ၎င်း၏ ကြမ်းကြုတ်သော အမူအကျင့်က ပိုမိုအားကောင်းလာသည်။ ဒဏ်ရာများက ၎င်းကို ရက်စက်ကြမ်းကြုတ်မှုကို နှိုးဆွလိုက်သကဲ့သို့ ဖြစ်သွားမှာ အသေအချာပင် ဖြစ်သည်။

မန်တီကိုးသည် အလွန်အမင်း မြန်ဆန်လှသည်။ ၎င်းသည် ဂါဂိုယောင်ထက်ပင် ပို၍မြန်ဆန်စွာ ပျံသန်းနိုင်သည်။ ချန်လွေ့က ထွက်ပြေး၍ မရတော့သည့်အတွက် တိုက်ခိုက်ရံသာ တတ်နိုင်တော့သည်။ ဆက်ခ်ရက်တောင်က အဲဒီလျို့ဝှက်ဆန်းကြယ်တဲ့ သူရဲ့ ပိုင်နက်တိုင်းပြည်ဆိုတော့ “တိုင်းပြည်”မှာနေတဲ့ သက်ရှိတိုင်းက သူ အာရုံခံမိမှာပဲ။ ငါ [ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] ကို လွယ်လွယ်နဲ့ အသက်သွင်းလို့ မဖြစ်ဘူး။ ဒါဆို မီးသင့်နဂါးကိုပဲ ငါသုံးလိုက်မယ်.....

ထိုအချိန်၌ အဝေးမှ သံရှည်ညည်းတွားသံ တစ်သံ ထွက်လာသည်။

ထိုအသံတွင်း အထူး အဟန့်အတား တစ်မျိုးမျိုးကို ယူဆောင်လာပေးသည်။ မန်တီကိုးများက ကြောက်လန့်သော အမူအရာ ပြသလိုက်ကြပြီး ယခင်ကကဲ့သို့ မဟိန်းဟောက်ရဲတော့ပေ။ ၎င်းတို့သည် အသက်ပြင်းပြင်းပင် မရှူရဲတော့သလို ဖြစ်သွားသည်။

ထိုအသံက တဖြည်းဖြည်း နီးကပ်လာပြီး ကောင်းကင်ပေါ်မှ အမည်းစက်လည်း အလျင်အမြန် ကြီးလာသည်။ ၎င်းသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်ပေါ်၌ ရောက်နေပြီ ဖြစ်သည်။ ချန်လွေ့ ရုတ်တရက် ပင့်သက်ရှိုက်လိုက်မိသည်။ ၎င်းမှာ ၇မီတာ ၈မီတာ အရှည်ရှိပြီး ကျောဘက်တွင် တောင်ပံတစ်စုံရှိသော နဂါးတစ်ကောင် ဖြစ်သည်။ ၎င်းကို အနက်ရောင်ကြေးခွံများက ဖုံးလွှမ်းထားသည်။ ၎င်း၏ဝမ်းဗိုက်တစ်ခုတည်းသာ အနီရင့်ရောင် ဖြစ်နေသည်။ လက်သည်းထိပ်နှင့် ဦးချိုပ်များမှလည်း ငွေအလင်းရောင်များ ထုတ်လွှတ်နေသည်။

မျိုးနွယ် - မျိုးနွယ်မရှိ ( နဂါးနက် )

စွမ်းအားအကဲဖြတ်မှု - S

ခွန်အား - S

ခန္ဓာအမျိုးအစား - S-

စိတ်ဝိညာဉ် - S-

အမြန်နှုန်း - S-

[ ဂုဏ်သတ္တိ ] - အမှောင်ဂုဏ်သတ္တိ။

အနီးအနားမှ မန်တီကိုးများလည်း သိက္ခာမဆည်နိုင်တော့ဘဲ အထိတ်တလန့် ထွက်ပြေးသွားတော့သည်။

ချန်လွေ့လည်း ထွက်ပြေးချင်ခဲ့သည်။ သို့သော်လည်း သူ့ကို ကြောက်မက်ဖွယ်ရာ အငွေ့အသက်တစ်ခုက အသေမှတ်ထားကြောင်း ခံစားလိုက်မိသည်။ သူ မဆင်မခြင် လှုပ်ရှားမိလျှင် ထိုနဂါးနက်က သူ့ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ပေလိမ့်မည်။ ခုနက မန်တီကိုးများသာဆိုလျှင် ချန်လွေ့ တိုက်ခိုက်နိုင်သေးသည်။ နတ်ဆိုးအရှင်သခင်အဆင့် အလတ်ပိုင်း နဂါးနက်မှာမူ သူ တိုက်ခိုက်နိုင်သောအရာ မဟုတ်ပေ။

ချီးထုပ် နတ်ဆိုးဘုရာသခင်။ ချန်လွေ့ ကျိန်ဆဲလိုက်မိသည်။ မန်တီကိုးတွေရော၊ နဂါးနက်ရော။ ဒါတွေက ဆက်ခ်ရက်တောင်ရဲ့ ကြောက်စရာအကောင်းဆုံး သတ္တဝါ တွေပဲ။ ပြီးတော့ ငါက အကုန်လုံးနဲ့ လာတွေ့နေတယ်။ ဒီနေ့ ငါ တကယ့်ကို ထီပေါက်တာပဲ။

နဂါးနက်က တောင်ပံခတ်ပြီး ချန်လွေ့ အရှေ့သို့ ဆင်းသက်လိုက်သည်။ ၎င်းက ချန်လွေ့ကို စိုက်ကြည့်ပြီး လူသားစကားများ ပြောလိုက်သည်။ ၎င်းမှာ မိန်းကလေးအသံ ဖြစ်နေသည်။ “အတင့်ရဲလိုက်တာ။ နင်က ငါအိပ်နေတာကို တကယ်ကြီး နှောင့်ယှက် ရဲတယ်။ နင် အသက်ရှင်ချင်ရင် ပိုက်ဆံအများကြီး ချက်ချင်းပေး။”

ချန်လွေ့ အနည်းငယ် ဆွံ့အသွားသည်။ အခုက ညရောက်တော့မယ်။ ခုနက ဘယ်လောက်များ အသံညံလို့လဲ။ သူက သက်သက်ကို လုယက်ချင်နေတာပဲ...

မစ်-နဂါးနက်က ရက်ရက်စက်စက် ပြောလိုက်သည်။ “နင့်မျက်နှာကို မရင်းနှီးဘူး။ နင့်မှာ ပိုက်ဆံမရှိဘူးလို့ မပြောနဲ့နော်။ အဲလိုဆိုရင်တော့ ငါနင့်ကို သစ်နက်ကမ်းပါးမှာ ပိတ်လှောင်ထားပြီးတော့ တစ်လလောက် အငတ်ထားလိုက်မယ်။”

သစ်နက်ကမ်းပါး လား။ ချန်လွေ့ အမြန်စဉ်းစားပြီး ပြောလိုက်သည်။ “လှပပြီးတော့ စွမ်းအားကြီးတဲ့ နဂါးမိန်းမပျိုလေး။ ကျုပ်နာမည်က စိုင်မွန်ပါ။ ကျုပ် ဆက်ခ်ရက်တောင် ပိုင်ရှင်ရဲ့ အမိန့်နဲ့ သစ်နက်ကမ်းပါးမှာ သြဇာယွမ်မြေကို လာယူတာပါ။ ကျုပ်ကို ခွင့်ပြုပေးပါ။”

“ဆာ-စေတန်က သြဇာယွမ်မြေကို လိုချင်တာလား။” မစ်-နဂါးနက်၏ လေသံက အံ့အားသင့်သွားပုံရသည်။ ချန်လွေ့က ထိုသူ၏နာမည်ကို ယခုမှသာ သိတော့သည်။ စေတန်တဲ့လား။ ဒီလိုနာမည်မျိုးကို လူစီဖာနဲ့ မန်မွန်လိုမျိုး ကမ္ဘာမှာ နေခဲ့တုန်းက ကြားဖူးသလိုပဲ။ ဒါပေမဲ့ လုံးဝမသက်ဆိုင်တဲ့ ဂြိုလ်တစ်ခုပဲ။ အဲဒါကြောင့် သစ်နက်ကမ်းပါးမှာ အရှေ့တိုင်း ပြိုင်ဘက်ကင်း၊ ရမ်ဝေါ်ရှင်း နဲ့ အစ်ကိုလျန်တို့ မရှိဘူး။ မစ်-နဂါးနက်နဲ့ သြဇာယွမ်မြေပဲ ရှိတယ်။

ထိုအချိန်၌ နဂါးနက်၏ခန္ဓာကိုယ်က အမျိုးသမီးတစ်ယောက်၏အသွင်သို့ အလျင်အမြန် ပြောင်းလဲသွားသည်။ ထိုအမျိုးသမီးမှာ ဆံပင်နက်များနှင့် ဖုံးလွှမ်းနေ၏။ သူက ငယ်ရွယ်ပြီး ဆွဲဆောင်မှုရှိကာ ဝတ်ရုံနက် ဝတ်ဆင်ထားသည်။ သွယ်လှသော ခန္ဓာကိုယ်ရှိပြီး အထူးသဖြင့် ခြေထောက်များမှာ လုံးဝပြီးပြည့်စုံလေသည်။ တစ်ခုတည်းသော ပြစ်ချက်မှာ သူ၏ရင်ဘက် အနည်းငယ် ပြားနေခြင်းပင်။ အမ်း။ ဟုတ်တယ်။ မြနဂါးနဲ့ နတ်မိမယ်နဂါးတို့နဲ့ယှဉ်ရင် သူ့ကို “ပန်ကိတ်” လို့ပဲ ပြောလို့ရမယ်။

ချန်လွေ့က အခွင့်အရေးကို အသုံးချပြီး ပြောလိုက်သည်။ “ဟုတ်ပါတယ်။ ဆာ-စေတန်ကြောင့်သာ မဟုတ်ရင် သစ်နက်ကမ်းပါး ရှိတာကို ကျုပ် ဘယ်လိုသိ....”

“သြဇာယွမ်မြေအကြောင်း နောက်မှပြောမယ်။” မစ်-နဂါးနက်က ချန်လွေ့ကို စကားဖြတ်ပြောလိုက်သည်။ သူက ချန်လွေ့ကို တည့်တည့်စိုက်ကြည့်ပြီး အော်ပြောလုနီးပါး ဖြစ်သွားခဲ့သည်။ “ပိုက်ဆံ။ ငါ့ကို ပိုက်ဆံအရင်ပေး။ မဟုတ်လို့ကတော့ ဆာ-စေတန်ရဲ့အမိန့်ကို ဆန့်ကျင်ရရင်တောင် ငါနင့်ကို သေတဲ့အထိ တိုက်ခိုက်မယ်။” ထိုအခိုက်အတန့်၌ မစ်-နဂါးနက်၏ အဟုန်က ပို၍ပင် စွမ်းအားကြီးလာသည်။ ကြောက်မက်ဖွယ်ရာ နဂါးအငွေ့အသက်က ချန်လွေ့ကို ဖိနှိပ်လိုက်သည်။ ကံကောင်းစွာပင် ချန်လွေ့က ပါ့ဂ်လီအိုနှင့် ညီတူမျှတူစာအုပ် ချုပ်ဆိုထားခဲ့ပြီး အများအပြား ကြုံတွေ့ခဲ့ဖူးသည်။ ထို့ကြောင့် ထိုနဂါးအ‌ငွေ့အသက်မှာ ကြောက်စရာ ကောင်းသော်လည်း သူ့ကို အနည်းငယ်သာ သက်ရောက်မှုရှိသည်။ သို့သော်လည်း ထိုနဂါးနက်၏ ဆာလောင်နေသော မျက်လုံးများကသာ ချန်လွေ့ကို ချွေးပြန်နေစေခြင်း ဖြစ်ပေသည်။

“အိပ်တာကို နှောင့်ယှက်တာက စက်ဆုပ်စရာအကောင်းဆုံး လုပ်ရပ်လို့ အမေ ပြောဖူးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နင်ငါ့ကို ၅၀... မဟုတ်ဘူး.. သလင်းကျောက်နက် ဒင်္ဂါး ၁၀၀ ပေးရမယ်။”

“ဒီလောက်”ပဲလား။ အနောက်မှာ သုညတွေ မရှိတော့ဘူးဆိုတာ သေချာလား။

ချန်လွေ့ တံတွေးနင်လုနီးပါး ဖြစ်သွားခဲ့သည်။ သူက ဒီလိုမျိုး ကြီးကြီးကျယ်ကျယ် ပြောခဲ့သေးတယ်။ သလင်းကျောက်ဒင်္ဂါး ၁၀၀ တည်းနဲ့ သူက သေတဲ့အထိ တိုက်ခိုက်မယ်လို့ ပြောပြီးတော့ နတ်ဘုရား-တစ်ပိုင်း ပုဂ္ဂိုလ်ကိုတောင် ဆန့်ကျင်ဖို့ ဆန္ဒရှိနေတာလား။

All Chapters