← Chapters

သတ်မှတ်ချက်များ

Vol. 31 Ch. 455

သတ်မှတ်ချက်များ

Vol. 31 Ch. 455

ရိုင်ဇန်က အငွေ့အသက်ကို မဖော်ပြဘဲ ပြိုင်ဘက်ကင်းသည့် ခံစားချက်မျိုး ပေးစွမ်းသည်ဆိုလျှင် သူ့အရှေ့မှလူသည် “သဘာဝအတိုင်း” ဖြစ်သည်။ ထိုသူသည် လောကတစ်ခုဖြစ်သော ဆက်ခ်ရက်တောင် တစ်ခုလုံးနှင့် ပေါင်းစပ်နေသည်။ သူ၏အသက်ရှူသံနှင့် အကြည့်သည်ပင် “လောက”စွမ်းအားကို သက်ရောက်မှု ရှိသည်။

ထိုအချက်တစ်ခုတည်းဖြင့် နတ်ဆိုးဘုံ၏ ထိပ်တန်းအစွမ်းထက်ပုဂ္ဂိုလ်ဖြစ်သော ရိုင်ဇန်က နောက်ကျ ကျန်ခဲ့ပြီ ဖြစ်သည်။

တစ်နည်းပြောရလျှင် ထိုသူမှာ သာမန်အစွမ်းထက်ပုဂ္ဂိုလ် အမျိုးအစားကို ကျော်လွန်သွားခဲ့လေပြီ။

နောက်ဆုံး၌ ချန်လွေ့က မိမိသည် အစကတည်းက အထင်မှားနေခဲ့ကြောင်း သဘောပေါက်သွားသည်။ ဒါက အပျက်အစီး မဟုတ်ဘူး။ ဒီနေရာက .... ထိပ်တန်း အစွမ်းထက်ပုဂ္ဂိုလ် သီးသန့်နေထိုင်တဲ့ နေရာပဲ။

သူ့ခံစားချက်ကနေပဲဖြစ်ဖြစ်၊ [ သရုပ်ခွဲမျက်လုံးက ] အချက်အရပဲဖြစ်ဖြစ်၊ ဒီလူရဲံ စွမ်းအားက အနည်းဆုံး နတ်ဘုရား-တစ်ပိုင်း အဆင့်ဖြစ်တဲ့ နတ်ဆိုးဒိဗ် အဆင့်ပဲ။

ထိုသူသည် ဤလောကသို့ ချန်လွေ့ရောက်လာခဲ့စဉ် မြင်ဖူးသမျှထဲ၌ အစွမ်းအထက်ဆုံး တည်ရှိမှုတစ်ခု ဖြစ်ပေသည်။

မဟာနတ်ဆိုးဘုရင် အလတ်ပိုင်းနဲ့ နတ်ဆိုးဘုရင်တို့က အမြင့်ဆင့် နတ်ဆိုးဧကရာဇ်နှင့် နတ်ဆိုးအရှင်သခင်တို့ကို မော့ကြည့်ရန်လိုအပ်သလိုပင် နတ်ဆိုး အရှင်သခင်အဆင့်နှင့် နတ်ဆိုးဒိဗ်ကြား၌ ကွာဟချက် ကြီးမားလှပေသည်။ ယခင်က ပါ့ဂ်လီအို၏ ထိပ်သီးအခြေအနေမှာပင် နတ်ဆိုးဒိပ် ပုဂ္ဂိုလ်၏ ရိုးရိုးရှင်းရှင်း လက်ယမ်းရုံဖြင့် ချိပ်ပိတ်ခံခဲ့ရလေသည်။

နတ်ဆိုးအရှင်သခင်အဆင့် အလွန်ကို အထူးအစွမ်းထက်ပုဂ္ဂိုလ်ဟု သတ်မှတ်၍ ရနိုင်ပေသည်။

အထူးအစွမ်းထက်ပုဂ္ဂိုလ်အထက်တွင် နတ်ဘုရားများ ရှိနေသေးသည်။ သို့သော် တိတ်ဆိတ်နေသော နတ်ဘုရားများသည် အံ့သြဖွယ်ရာများ မပြသသည်မှာ နှစ်ပေါင်း ထောင်သောင်းချီနေပြီ ဖြစ်သည်။ ဒဏ္ဍာရီများ ဖြစ်သွားကြသော နတ်ဘုရားများနှင့် ယှဉ်လျှင် ရံဖန်ရံခါ ပေါ်ထွက်လာတတ်သော နတ်ဘုရား-တစ်ပိုင်း ပုဂ္ဂိုလ်များမှာ ဤဂြိုလ်၏ အန္တိမတည်ရှိမှု ဖြစ်ပေသည်။

အခြေအနေရ ထိုသူ၏စွမ်းအားမှာ နတ်ဘုရား-တစ်ပိုင်းအဆင့် ဖြစ်လောက်သည်။

“ဆရာ။” “တစ်ဖနီ”က လေးစားသမှု ပြသပြီး ထိုသူ၏နောက်သို့ ဆုတ်ခွာသွားသည်။ ထိုဂုဏ်ပုဒ်က ချန်လွေ့ကို အံ့အားသင့်သွားစေသည်။ တစ်ဖနီသည် ထိုအစွမ်းထက်ပုဂ္ဂိုလ်၏ တပည့်တစ်ယောက် ဖြစ်နေလေသည်။

ထိုသူက တစ်ဖနီကို မကြည့်ခဲ့ပေ။ သူက ချန်လွေ့အား ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်သည်။ “မင်းက တကယ်ပဲ ငါ့ရဲ့တည်ရှိမှုကို ခပ်မြန်မြန် အာရုံခံမိသွားတာပဲ။ ပြီးတော့ မင်းက တစ်ခုခုကို သဘောပေါက်သွားတာ ထင်တယ်။”

ချန်လွေ့ ထိုလူကို သတိထားမိချိန် ထိုလူကလည်း ချန်လွေ့ကို သတိထားမိခဲ့သည်။ ထိုလူက ချန်လွေ့၏ခံစားချက် အတက်အကျ တစ်စိတ်တစ်ပိုင်းကို ဆုပ်ကိုင်မိခဲ့သည်။

“လေးစားရတဲ့ပုဂ္ဂိုလ်ခင်ဗျာ။ ကျုပ်နာမည်က ဆိုင်မွန်ပါ။” ချန်လွေ့က ထိတ်လန့်နေရာမှ သတိပြန်ဝင်လာပြီး စိတ်ရင်းနှင့် အရိုအသေ ပေးလိုက်သည်။ ခုနက သူ အရဲစွန့်ပြီး [ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] သုံးလိုက်လျှင် ယခုတွင် လုံးဝ ကံမကောင်းနိုင်ပေ။ ထိုကဲ့သို့အဆင့် ပုဂ္ဂိုလ်မျိုး အရှေ့တွင် လုံးဝ ကံကောင်းနိုင်မည် မဟုတ်ပေ။

“စိုင်မွန်လား။” ထိုသူ၏ မျက်လုံးများက ချန်လွေ့၏ခန္ဓာကိုယ်ကို ပတ်ကြည့် လိုက်သည်။ ရုတ်တရက် ချန်လွေ့က လျို့ဝှက်ချက် လုံးဝမရှိဘဲ ကိုယ်တုံးလုံး ဖြစ်နေသကဲ့သို့ ခံစားလိုက်မိသည်။

“သူစိမ်း မတွေ့ရတာ တော်တော်ကြာပြီ။ ခွန်အားပဲဖြစ်ဖြစ်၊ ကံကြောင့်ပဲဖြစ်ဖြစ်၊ မင်းဒီကို ရောက်လာတာ ရှားပါးတဲ့ အခွင့်အရေး တစ်ခုပဲ။ မင်းက သာမန်နတ်ဆိုး ဆိုရင် အဖိုးတန်လက်ဆောင်တစ်ခု ရသင့်တာ။ ကံဆိုးချင်တော့ မင်းမှာ ငါမုန်းတဲ့ အနံ့တစ်မျိုး ရှိနေတယ်။ ငါ မင်းရဲ့ကံကြမ္မာကို ဆုပ်ကိုင်နိုင်ဖို့ တစ်မိနစ် အခွင့်အရေးပေးမယ်။ မင်းရဲ့ သုတ်သင်ခံရမယ့် အဆုံးသတ်ကို ပြောင်းလဲနိုင်ရင်နိုင်မှာ။”

ထိုသူ၏ သာမန်လေသံက သူသည် သေခြင်းရှင်းခြင်းကို ဆုံးဖြတ်ရန် စွမ်းအားရှိသော နတ်ဘုရားကဲ့သို့ ပုရွက်ဆိတ် တစ်ကောင်ကို သတ်ဖြတ်ရန် ဆုံးဖြတ်နေသည့်နှယ် မေးခွန်းထုတ်၍မရသော အခိုင်အမာ ပြောဆိုမှုမျိုး ဖြစ်နေသည်။

တစ်ဖက်လူရဲ့လုပ်ရပ်ကို မမြင်ရဘဲ ချန်လွေ့က တင်းကြပ်သလို ခံစားသွားရသည်။ သူက ထူးဆန်းသော အားတစ်ခုဖြင့် ပိတ်လှောင်ခြင်း ခံလိုက်ရသည်။ တစ်ချိန်တစ်ခုအထိ သူသည် မည်သည့်အစွမ်းကိုမျှ အသုံးမပြုနိုင်ခဲ့ပေ။ ချန်လွေ့သည် သက်တန့်တောင်ကြား နတ်ဘုရား-တစ်ပိုင်း နေရာလွတ်မှ မြင်ကွင်းကို သတိရမိသွားသည်။ အခုလက်ရှိ အခြေအနေက ပိုဆိုးနေတယ်။ သူက တကယ့် နတ်ဘုရား-တစ်ပိုင်း ပုဂ္ဂိုလ်လေ။

ချန်လွေ့ အလျင်အမြန် ပြောလိုက်သည်။ “လေးစားရတဲ့ အစွမ်းထက်ပုဂ္ဂိုလ်။ ဒီကို ကျူးကျော်လာမိတဲ့အတွက် ကျုပ်ကို ခွင့်လွှတ်ပေးပါ။ ကျုပ်ကို လုပ်ဖော်ကိုင်ဖက် တစ်ယောက်က သူ့နဲ့ သူတို့မျိုးနွယ်အတွက် အတော်လေး အရေးကြီးတာ တစ်ခုကို ရှာပေးဖို့ ကျုပ်ကို အလုပ်အပ်ထားလို့ပါ။ အဲဒါကို သြဇာယွမ်မြေလို့ ခေါ်ပါတယ်။”

ထိုသူက အသာလေး ခေါင်းညိတ်သည်။ “သြဇာယွမ်မြေက မြေဒြပ်စင်ကောင်တွေ အတွက် မရှိမဖြစ် အရေးကြီးတယ်။ မင်း လိမ်နေတာ မဟုတ်နိုင်ဘူး။ ဒါပေမဲ့ ငါကိုယ်တိုင် မျက်လုံးနဲ့ မမြင်ခဲ့ရရင် အမှောင်ထုဘုရင်တွေက မင်းလိုမျိုး လူတစ်ယောက်ကို ဒြပ်စင်ကောင်းချီး ပေးခဲ့တယ်ဆိုတာ ယုံရခက်ခက်ပဲ။”

ဒီလူက ငါ ဂါဂိုယောင်တွေကို ချေမှုန်းဖို့ သုံးခဲ့တဲ့ [ မြေဆွဲအား ] ကို မြင်သွားတာ ထင်တယ်။ ပြီးတော့ သူက ကိစ္စအများကြီးကိုလည်း ထွင်းဖောက် မြင်ခဲ့သည်။ ချန်လွေ့သည် “အမှောင်ထုဘုရင်” ဟူသော အသုံးအနှုန်းနှင့် မစိမ်းပေ။ ရေဒြပ်စင်ဘုရင်က ထိုအသုံးအနှုန်းကို လုပင်မြို့၌ ဖော်ပြခဲ့ဖူးသည်။ အမှောင်ထုဘုရင်များ ဆိုရင်မှာ အမှောင်ဒြပ်စင်၊ မြေဒြပ်စင်နှင့် ရေဒြပ်စင်တို့၏ ဘုရင်သုံးပါးကို ဆိုလိုခြင်းဖြစ်သည်မှာ အသေအချာပင် ဖြစ်လေသည်။

ထိုသူတွင် အစကတည်းမှ “ရွံစရာအနံ့”ကြောင့် မိမိအပေါ်တွင် မလိုမုန်းတီးမှု တစ်ခုရှိခဲ့ခြင်း ဖြစ်ကြောင်း ချန်လွေ့ ရေးရေးလေး ခံစားမိခဲ့သည်။

“မင်းဒီနေ့ အသက်ရှင်မယ်ဆိုရင် ဒြပ်စင်စစ်ပွဲက အကြောင်းရင်းတစ်ခု ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဒါက “ဖြစ်ကောင်းဖြစ်နိုင်တယ်” ပဲ။” ထိုသူက အနည်းငယ် ငြီးတွားပြီး မျက်လုံးထဲမှ အေးစက်မှုများကို ဘေးဖယ်ထားလိုက်သည်။ “ငါမင်းကို အခု ရွေးချယ်စရာ ၂ခု ပေးမယ်။ ပထမတစ်ခုက ငါမင်းကို သြဇာယွမ်မြေပေးမယ်။ ဒါပေမဲ့ အရင်ဆုံး မင်းက ငါ့ရဲ့ပိုင်နက်တိုင်းပြည်ကို ဝင်ပြီးတော့ ဆက်ခ်ရက်တောင်ရဲ့ ထာဝရ အစေခံ ဖြစ်လာရမယ်။ ငါမင်းကို ဒီလိုလက်ဆောင်မျိုး ပေးရတာက မင်းကိုယ်ထဲက “တစ်ခုခု” ကြောင့်ပဲ။ ပြီးတော့ ငါမမျှော်လင့်ထားတဲ့ ထူးချွန်တဲ့ စွမ်းဆောင်ရည် ကြောင့်လည်း ပါတယ်။ ”

ထိုသူ၏စကားကြောင့် ချန်လွေ့ ခေါင်းငုံ့ပြီး တိတ်ဆိတ်နေခဲ့သည်။ ပိုင်နက်တိုင်းပြည် ဆိုသည်မှာ ဆက်ခ်ရက်တောင်တစ်ခုလုံး ဖြစ်နိုင်ပေသည်။ ၎င်းသည် နတ်ဘုရား-တစ်ပိုင်း ပုဂ္ဂိုလ်၏ ပိုင်နက်လျို့ဝှက်ဆန်းကြယ်မှု ဖြစ်နိုင်ပေသည်။ ၎င်းကို [နတ်ဘုရားတိုင်းပြည်] ၏ ရှေးပြေးပုံစံဟုလည်း သတ်မှတ်၍ ရနိုင်သည်။

ချန်လွေ့က ထာဝရအစေခံ မဖြစ်ချင်ပေ။ သို့သော်လည်း သူအရှေ့မှ အထူး အစွမ်းထက်ပုဂ္ဂိုလ်ကို ဖျော်ဖြေရန် အတော်လေး ခက်ခဲမည်မှာ သေချာပေသည်။ သူ ဆက်ခ်ရက်တောင်မှ ထွက်ပြေးနိုင်သည့်တိုင် သူ၏မိတ်ဆွေများနှင့် ချစ်သူများကို ကြောက်မက်ဖွယ်ရာ ကပ်ဘေးဆိုးများ ယူဆောင်သွားမိနိုင်ပေသည်။

“မင်း တကယ် ငြင်းချင်တာလား။” ထိုသူက ချန်လွေ့၏ အတွေးများကို ချက်ချင်း သဘောပေါက်လိုက်သည်။ သူ၏မျက်နှာ၌ ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာသည်။ “မင်း ငါ့အဆင့်ကို ခန့်မှန်းမိလောက်ပါပြီ။ ဒါပေမဲ့ မင်းမသိတာက အခြားသူတွေမရတဲ့ လက်ဆောင်တစ်ခု ငါမင်းကို ပေးနိုင်တယ် ဆိုတာပဲ။ ငါ မင်းရဲ့သက်တမ်းကို ၂၀၀ အထိ တိုးပေးနိုင်တယ်။ အထွတ်အမြတ်တောင်ရဲ့ အစေခံ တစ်ယောက်အနေနဲ့ မင်းက အထူးစွမ်းရည်တွေလည်း ရလိမ့်မယ်။ ဒီလိုမျိုးပေါ့.....”

ထိုသူက နောက်မှ “တစ်ဖနီ”ကို လှမ်းကြည့်လိုက်ရာ “တစ်ဖနီ”၏ ခန္ဓာကိုယ်မှ ထူးဆန်းသော အလင်းရောင်တစ်ခု ချက်ချင်း ထွက်ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်၌ ကြက်သွေးရင့်ရောင် ချပ်ကာပိုင်းတစ်ခု ပေါ်ထွက်လာသည်။ ၎င်းက ကျောက်မျက်များ ကဲ့သို့ပင် အရောင်တောက်နေသည်။ သူ၏အဟုန် ပိုမိုပြင်းထန်သွားခဲ့သည်။

“ [ ယုံကြည်မှုချပ်ကာ ] က ပေါင်းစပ်နိုင်ပြီးတော့ အသုံးပြုသူရဲ့ စွမ်းအားကို ကြီးကြီးမားမား တိုးပွားစေနိုင်တယ်။ ဒါက အမှောင်မှော်ပညာရဲ့စွမ်းအားကိုလည်း တိုးမြှင့်နိုင်တယ်။ ငါ့ပိုင်နက်တိုင်းပြည် ပိုအစွမ်းထက်လေလေ ဒီ [ယုံကြည်မှုချပ်ကာ] ပိုအစွမ်းထက်လေလေပဲ။ ငါ့ပိုင်နက်တိုင်းပြည်က နတ်ဘုရားတိုင်းပြည်အဖြစ်ကို အဆင့်တက်သွားနိုင်ရင် ချပ်ကာကလည်း ကြီးကြီးမားမား ပြောင်းလဲသွားလိမ့်မယ်။ တစ်ချိန်တည်းမှာပဲ [ ယုံကြည်မှုချပ်ကာ ] ရှိတဲ့သူတွေက နတ်ဘုရားတိုင်းပြည်မှာ ယုံကြည်မှု ဖြန့်ကျက်ပြီးတော့ အရေးကြီးတဲ့နေရာတွေ ချမှတ်ဖို့အတွက် ဗျာဒိတ်တော်တွေ အဖြစ်ကို တစ်ခါတည်း အဆင့်တက်သွားမယ်။”

ချန်လွေ့၏ မျက်လုံးများက တစ်ဖနီ၏ချပ်ကာကို စိုက်ကြည့်နေလိုက်သည်။ သူ၏နှလုံးသားထဲမှ အံ့အားသင့်မှုသည် အကန့်အသတ်ကို ကျော်လွန်သွားခဲ့သည်။ ၎င်းမှာ [ ယုံကြည်မှုချပ်ကာ ] ၏ အထူးစွမ်းရည်ကြောင့် မဟုတ်ဘဲ သူ့တွင်လည်း ဆင်တူသော “ချပ်ကာ”တစ်ခု ရှိနေခြင်းကြောင့်ပင် ဖြစ်သည်။ _ [ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ]

[ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] က အသုံးပြုဖို့အတွက် ယုံကြည်မှု သလင်းကျောက်တွေ လိုအပ်တယ်။ ဒါက နိယာမ တူတာလား။ ထိုသူ၏ ပိုင်နက်မှာ ထို ဆက်ခ်ရက်တောင်သာဖြစ်ပြီး ချန်လွေ့၏ ကိုယ်ပိုင် “တိုင်းပြည်”မှာ ပြီးပြည့်စုံသော နေအဖွဲ့အစည်းတစ်ခု ဖြစ်သည်။

လက်ရှိမှာ သက်ရှိတွေက ဂြိုလ်ပြာမှာပဲ ရှိပြီးတော့ အ‌ရေအတွက် နည်းပါးပေမဲ့ အနာဂတ်မှာ ဖြန့်ကျက်နိုင်ဖို့ သေချာတယ်။ ပြီးရင် ယုံကြည်မှုစွမ်းအားလည်း ပိုပိုပြီး အားကောင်းလာမယ်။ ဒါက [ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] လည်း ပိုအစွမ်းထက်လာမယ်လို့ ကိုယ်စားပြုသလိုပဲ။

ချန်လွေ့က “စိတ်ဝိညာဉ်ကွင်းဆက်” နှင့် [ ကွင်းဆက်တိုးမြှင့်မှု ] အကြောင်း တွေးမိလိုက်ပြီး အကြံတစ်ခု ရသွားသည်။ [ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] ကိုလည်း အစွမ်းပိုထက်အောင် လုပ်လို့ရသလို အနာဂတ်မှာ ငါ့စွမ်းအားက အဆင့်တစ်ခုအထိ ရောက်သွားရင် ဒီလူလိုမျိုး ငါလည်း အခြားသူတွေကို [ ယုံကြည်မှုချပ်ကာ ] အပ်နှင်းနိုင်မှာလား။

ထိုသူက ချန်လွေ့၏ ပျော်ရွှင်မှုကို အာရုံခံမိခဲ့သည်။ သူက ချန်လွေ့၏ “ခန္ဓာကိုယ်” တွင် စစ်မှန်သော နတ်ဘုရားတိုင်းပြည်နှင့် ဆင်တူပြီး “အထွတ်အမြတ်တောင်” ၏ လက်ရှိ ပိုင်နက်တိုင်းပြည်ထက် များစွာသာလွန်သော တည်ရှိမှုတစ်ခု ရှိနေကြောင်း မသိခဲ့ပေ။ ထိုပျော်ရွှင်မှုမှာ သူထင်ထားသည်နှင့် လုံးဝကွဲပြားနေပေသည်။

“လေးစားရတဲ့ အစွမ်းထက်ပုဂ္ဂိုလ်။ ကျုပ် ဒုတိယရွေးချယ်မှု နားထောင်လို့ ရမလား။”

ချန်လွေ့၏မေးခွန်းက ထိုသူကို အနည်းငယ် မျက်မှောင်ကြုတ်သွားစေသည်။ ထို့နောက် ထိုသူက သရော်ပြုံးပြုံးလိုက်သည်။ “ကောင်းပြီလေ။ မင်းလိုမျိုး အစေခံမျိုးကိုလည်း ငါ သဘောမကျဘူး။ ဒါပေမဲ့ ဒီလိုဆိုရင်တော့ ပထမရွေးချယ်မှုကို မင်း လက်လွှတ်လိုက်ပြီဆိုတဲ့ အဓိပ္ပာယ်ပဲ။”

ချန်လွေ့က ထိုသူသည် ထိုမျှ အညှာအတာကင်းမဲ့လိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူ မရှင်းပြနိုင်ခင်မှာပင် ထိုသူက စကားစပြောသည်။ “ဒုတိယ ရွေးချယ်စရာက သြဇာယွမ်မြေနဲ့ ညီမျှတဲ့ ပစ္စည်းတစ်ခုနဲ့ လဲလှယ်ဖို့ပဲ။ မင်းမှာ အခွင့်အရေး သုံးခု ရှိတယ်။ ၁၀မိနစ်အတွင်း ငါ့ကို စိတ်ဝင်စားစေနိုင်တဲ့ ပစ္စည်းတစ်ခု မထုတ်ပြနိုင်ဘူးဆိုရင် ငါ မင်းရဲ့ နိမ့်ကျတဲ့အသက်နဲ့ လဲလှယ်မယ်။”

အကြိမ်တိုင်း သတ်ပစ်ရန် ခြိမ်းခြောက်မှုက ချန်လွေ့ကို စိတ်ထဲ၌ ဒေါသ ထွက်သွားစေသည်။ သို့သော်လည်း ထိုသူ၏စွမ်းအားမှာ အလွန်ပင် ကြောက်စရာ ကောင်းလှပြီး ချန်လွေ့တွင် အနည်းငယ်ပင် ခုခံနိုင်စွမ်း မရှိပေ။ အကြွင်းမဲ့စွမ်းအားကို ရင်ဆိုင်ရာ၌ သူမည်မျှပင် ပါးနပ်စေကာမူ စကားပွဲ၏ စည်းမျဉ်းအတိုင်း ရိုးရိုးသားသား လိုက်နာရန်မှလွဲ၍ ရွေးစရာ မရှိပေ။

စွမ်းအားသည် လောက၌ အဆုံးစွန်သော စည်းမျဉ်း ဖြစ်သည်။

ချန်လွေ့ ခဏစဉ်းစားပြီးနောက် သိုလှောင်လက်စွပ်ထဲမှ လက်သီး လက်တစ်ဆုပ်စာကို ထုတ်ယူဟန် ပြင်လိုက်သည်။ “ဒါက ကျုပ်ရဲ့ ရတနာတွေပဲ။ ဆာ့ရဲ့ သြဇာယွမ်မြေနဲ့ လဲလှယ်လို့ ရနိုင်မလား မသိဘူး။”

ထိုသူက ၎င်းတို့ကို ဖျပ်ခနဲ ကြည့်လိုက်သည်။ “မိစ္ဆာသစ်သီး၊ မိစ္ဆာတလဲသီး.. ပြီးတော့ အမည်မသိတဲ့ ထူးခြားတဲ့ သစ်သီး။ ဒါတွေက အပြင်က အင်ပါယာတွေ အတွက်ဆိုရင်တော့ ဆူပူအုံကြွမှု ဖြစ်သွားမှာပဲ။ ကံဆိုးချင်တော့ ဒီနေရာနဲ့ အပြင်လောကက အယူအဆ နှစ်ခုပဲ။ ဒါတွေက လုံးဝ တန်ဖိုးမရှိဘူး။”

မိစ္ဆာသစ်သီးကဲ့သို့ ရှားပါးသစ်သီးများအပြင် ချန်လွေ့၌ အရှိန်အဝါ တိုးစေသော သစ်သီးများလည်း ရှိသည်။ ကံဆိုးစွာပင် တစ်ဖက်လူက ကြည့်ရန်ပင် ပျင်းရိနေသည်။ သူ စိတ်မဝင်စားသည်မှာ အသိအသာပင် ဖြစ်သည်။

နတ်ဘုရား-တစ်ပိုင်း ပုဂ္ဂိုလ်တစ်ယောက်အတွက် ဘာက စိတ်ဝင်စားစရာ ကောင်းမှာလဲ။ အဆောင်ပစ္စည်းလား။

အဆောင်ပစ္စည်းများကို ထုတ်ပြခြင်းသည် မသိနိုင်သော အန္တရာယ်များကို ဖြစ်စေနိုင်သော်လည်း လက်ရှိတွင် အသက်ရှင်ရေးမှာ အဓိက ဖြစ်သည်။ သို့သော် ချန်လွေ့သည် ယန္တရားအစည်းအရုံး၌ အတော်များများ ရရှိခဲ့သော်လည်း အတော်လေး သာမန်ဖြစ်သော ကုန်ကြမ်းအချို့ကို မသန့်စင်၊ မစုဆောင်းရသေးပေ။ ထို့ကြောင့် ချန်လွေ့က အဆောင်ပစ္စည်းအသစ်များကို မထုတ်လုပ်နိုင်သေးပေ။ အသင့်သုံး အဆောင်ပစ္စည်းများမှာလည်း ပိုင်ရှင် အသိအမှတ် ပြုပြီးပြီဖြစ်သည်။ ထို့ကြောင့် သူသည် ၎င်းတို့ကို ထုတ်ပြပြီး ထိုသူကို မဆွယ်နိုင်ပေ။ ချန်လွေ့၏အတွေးများ လှည့်ပတ်သွားပြီး အပြာရောင်အလင်း တောက်ပနေသော ပုတီးလုံးတစ်လုံးကို ထုတ်ယူလိုက်သည်။

၎င်းမှာ ဒိုဒို ကမ်းလှမ်းခဲ့သော ရတနာတစ်ခု ဖြစ်သည်။ ၎င်းတွင် စွမ်းအားကြီး ရေဒြပ်စင်များ ပါဝင်သည်။ ၎င်းသည် ဒြပ်စင်နှလုံးသား မဟုတ်ဘဲ ရှားပါးရတနာတစ်ခု ဖြစ်ကြောင်း မြေဒြပ်စင်ဘုရင် ပြောခဲ့ဖူးသည်။

“လှိုင်းသရဖူလား။” ထိုသူက ၎င်းကို ဖျပ်ခနဲ ကြည့်လိုက်သည်။ “မင်းဒါကို ရေဒြပ်စင်ဘုရင်ဆီ ယူသွားသင့်တာ။ ဒီကို မဟုတ်ဘူး။ မင်းမှာ နောက်ဆုံး အခွင့်အရေး တစ်ခုကျန်မယ်။ ဒါက မင်းဘဝမှာ နောက်ဆုံးအကြိမ်လည်း ဖြစ်နိုင်တယ်။”

ထို “ပုတီး”ကို လှိုင်းသရဖူဟုခေါ်ကြောင်း ချန်လွေ့ ယခုမှ သိရှိသွားသည်။ ထိုသူ၏ လေသံအရ ၎င်းသည် ရေဒြပ်စင်ဘုရင် တန်ဖိုးထားရသော အရာတစ်ခု ဖြစ်သည်။ သို့သော်လည်း ယခုတွင် သူ့၌ နောက်ဆုံး အခွင့်အရေးသာ ကျန်တော့သည့်အတွက် ၎င်းကို တွေးနေရန် အချိန်မရတော့ပေ။

ထိုသူ၏အသံမှာ မလွန်တည်ငြိမ်နေဆဲပင် ဖြစ်သည်။ ပတ်ဝန်းကျင် အငွေ့အသက်များ၌ သတ်ဖြတ်ချင်စိတ် မရှိပေ။ ၎င်းသည် စနောက်နေသည်ဟု ချန်လွေ့ လုံးဝ မထင်ပေ။ အကယ်၍ သူသာ ထိုသူကို စိတ်ဝင်စားစေသော အရာတစ်ခု မပြသနိုင်လျှင် ချက်ချင်း အသတ်ခံရပေလိမ့်မည်။

သေရေးရှင်ရေး အခိုက်အတန့်၌ ချန်လွေ့ ပင့်သက်ရှိုက်လိုက်သည်။ ဆေးရည်မည်းပဲ ကျန်တော့တယ်။ ဒါက ကိစ္စတော်တော်များများကို ပေါက်ကြား သွားစေနိုင်ပေမဲ့ ငါ့အသက်ကို ကယ်တင်ဖို့အတွက် သိပ်ပြီး ဂရုစိုက်နေလို့ မရဘူး။ နတ်ဘုရား-တစ်ပိုင်း ပုဂ္ဂိုလ်က ဆေးရည်မည်းတွေကို စိတ်ဝင်စား/မစားကို ငါ မသိဘူး။ ဒါတောင် သူ့ကို မဆွဲဆောင်နိုင်ရင်တော့ လမ်းဆုံးသွားပြီပဲ။

ချန်လွေ့က ဆေးရည်မည်း ထုတ်ရန် ပြင်လိုက်စဉ် ရုတ်တရက် တစ်ခုခုကို တွေးမိသွားသည်။ သူ၏လက်ထဲ၌ တစ်စုံတစ်ခု ရှိနေပြီဖြစ်သည်။ “ပန်း”တစ်ပွင့်။

ထိုပန်းပွင့်မှာ သလင်းကျောက် တစ်မျိုးမျိုးဖြင့် ဖွဲ့စည်းထားပုံရသည်။ ၎င်းသည် လက်သီး၂ဆုပ်စာခန့်ရှိပြီး ဆွဲဆောင်မှုရှိသော အနီရောင်ကို ထုတ်လွှတ်ပေးနေသည်။

ချန်လွေ့က ၎င်းကို ထုတ်လိုက်သည်နှင့် ထိုသူ၏အကြည့် ပြောင်းလဲသွားသည်။ ချန်လွေ့ မူးဝေသွားခဲ့ပြီး ချက်ချင်းပင် ကြောက်မက်ဖွယ်ရာ အငွေ့အသက်တစ်ခု၏ ဝိုင်းရံခြင်းကို ခံလိုက်ရသည်။ တစ်မုဟုတ်ချင်းမှာပင် သူ သုတ်သင်ခံလိုက်ရသော ပုံရိပ်ယောင်တစ်ခုကို ခံစားမိလိုက်သည်။ သူ၏ဝိညာဉ်ကို ဖောက်ထွင်းသွားသော တစ္ဆေသဖွယ်အသံတစ်ခုက သူ၏နားထဲသို့ ရောက်လာသည်။ “အသူရာချောက်နက်ပန်း။ မင်းဒါကို ဘယ်ကနေ ရလာတာလဲ။”

All Chapters