← Chapters

အိုလီဖီးရက်စ် နှင့် သြဇာယွမ်မြေ

Vol. 31 Ch. 457

အိုလီဖီးရက်စ် နှင့် သြဇာယွမ်မြေ

Vol. 31 Ch. 457

ဆက်ခ်ရက်တောင်၊ သစ်နက်ကမ်းပါးရှိ လိုဏ်ဂူတစ်ခု၌ -

ချန်လွေ့က သလင်းကျောက်နက်ဒင်္ဂါး ၁၀၀ကို အဖိုးတန်ရတနာများ ရရှိသကဲ့သို့ မြေပေါ်တွင်ထိုင်ကာ ရေတွက်နေသော မစ်-နဂါးနက်အား ပြောစရာစကားမဲ့လျက် ကြည့်နေလိုက်သည်။

ဒီနေ့ ဒီလိုမျိုး ထူးခြားတဲ့ နဂါးတစ်ကောင်ကို ဆက်ခ်ရက်တောင်မှာ တွေ့ရမယ်လို့ မထင်ထားခဲ့ဘူး။ လုယက်တာက ကိစ္စမရှိဘူး။ ဒါပေမဲ့ ထူးခြားတာက အရေအတွက် တော်တော်လေး နည်းလွန်းတာပဲ။

၎င်းမှာ သန်းကြွယ်သူဌေးတစ်ယောက်ကို ပြန်ပေးဆွဲပြီး ယွမ်၁၀၀ ငွေညစ်သလိုမျိုး ဖြစ်နေသည်။ ၎င်းမှာ ချန်လွေ့ တွေ့ခဲ့ဖူးသမျှ၌ သတိအထားဆုံးနဂါးပင် ဖြစ်သည်။

“ဒါက တကယ် သလင်းကျောက်နက်ဒင်္ဂါးတွေပဲ။ နောက်ဆုံးတော့ ငါ့မှာ ပိုက်ဆံရှိပြီ။” မစ်-နဂါးနက်က စိတ်လှုပ်ရှားလျက် မျက်ရည်ဝဲသွားသည်။ သူက မျက်နှာ တစ်ခုလုံးကို သလင်း‌ကျောက်နက်ဒင်္ဂါး အပုံသေးလေးထဲ၌ မြှုပ်နှံလိုက်လုနီးပါး ဖြစ်သွားခဲသည်။

“မစ်-အီလိုဖီးရက်စ်။” ချန်လွေ့က ထိုအမျိုးသမီး၏နာမည်ကို သိသွားခဲ့သည်။ “ဒီ ပိုက်ဆံတွေက...”

“ငါ့ဟာတွေ။” မစ်-နဂါးနက်က သလင်းကျောက်နက်ဒင်္ဂါးပုံလေးကို ဆွဲယူပြီး ချန်လွေ့အား သတိထားလျက် ကြည့်လိုက်သည်။ ခုနက ပျောက်ကွယ်သွားသော ရန်လိုမှု ပြန်ပေါ်လာလေသည်။

“ဟုတ်ပါတယ်။ ဒီပိုက်ဆံတွေကို မိန်းကလေး ပိုင်ဆိုင်သွားပါပြီ။” ချန်လွေ့က အိုလီဖီးရက်စ်၏စိတ်ကို တည်ငြိမ်အောင် အမြန်ပြုလုပ်လိုက်သည်။ “ကျုပ် ပိုက်ဆံ ပေးပြီးပြီဆိုတော့ သြဇာယွမ်မြေက....”

အိုလီဖီးရက်စ်က ထပ်ကာထပ်ကာ ခေါင်းခါပြီး ခိုင်ခိုင်မာမာ ပြောလိုက်သည်။ “မရဘူး။ သြဇာယွမ်မြေက ငါ့ဘဝရဲ့ အရေးအပါဆုံး အစိတ်အပိုင်းတစ်ခုပဲ။ ငါ အဲဒါကို ဘယ်တော့မှပေးမှာ မဟုတ်ဘူး။”

မူလက ချန်လွေ့သည် အိုလီဖီးရက်စ်အား စမ်းသပ်နေခြင်းသာ ဖြစ်သည်။ ယခုတွင် သြဇာယွမ်မြေက မစ်-နဂါးနက်လက်ထဲ၌ ရှိနေကြောင်း အတည်ပြုလိုက်နိုင်သည်‌။ သူ ထပ်ပြောလိုက်သည်။ “ဒါပေမဲ့ ဆာ-စေတန်က ကျုပ်ကို ...... ”

“ဆာ-စေတန်က ငါ့ရိက္ခာကို ယူမှာ မဟုတ်ဘူး။” အိုလီဖီးရက်စ်က ခေါင်းခါနေဆဲ ဖြစ်သည်။ “ပြီးတော့ နင့်ကို ဆာ-စေတန်က တကယ်လွှတ်လိုက်တာဆိုရင် ဘယ်လိုလုပ် အဲဒီမန်တီကိုးတွေ တိုက်ခိုက်တာကို ခံရတာလဲ။”

ဒီ မစ်-နဂါးနက်က တော်တော်လေး ဉာဏ်ပြေးသားပဲ။ ချန်လွေ့က တစ်ခုခုကို သတိထားမိသွားသည်။ မစ်-နဂါးနက်က သြဇာယွမ်မြေကို “ရိက္ခာ”လို့ ခေါ်တာလား။

အိုလီဖီးရက်စ်သည် သေချာပေါက် ကပ်စေးနှဲတစ်ယောက် ဖြစ်သည်။ သို့သော် သူ၏ ကြွယ်ဝမှုစံနှုန်းမှာ အတော်လေး နိမ့်ကျနေပုံရသည်။ ချန်လွေ့သည် ပိုက်ဆံသုံးပြီး အဆင်ပြေအောင် ပြုလုပ်၍ရသည်။ သို့သော်လည်း ချန်လွေ့က ကိစ္စတစ်ခုခုကို အရင် သိချင်နေသည်။ “မစ်-အိုလီဖီးရက်စ်။ ကျုပ် ရိုင်းပျမိရင် ခွင့်လွှတ်ပေးပါ။ ခင်ဗျား သြဇာယွမ်မြေကို ဘာအတွက် သုံးတာလဲ မသိဘူး။”

“ဒါက တော်တော်လေး အသုံးဝင်တယ်။ ဒါက အရသာအရှိဆုံး ဟင်းခတ် အမွှေးအကြိုင်ပဲ။ လာလာအာလူး နှစ်ခြမ်းကို အလယ်မှာ သြဇာယွမ်မြေ နည်းနည်းထည့်။ အဲဒါက ဒဏ္ဍာရီလာ အကင်လိုမျိုးပဲ။” အိုလီဖီးရက်စ် မျက်မှောင်ကြုတ်လိုက်သည်။ “မကောင်းတာတစ်ခုက စားပြီးရင် ဗိုက်တောင့်သွားတာပဲ။ ပြန်ကောင်းဖို့ အချိန် တော်တော်ကြာတယ်။”

ချန်လွေ့ ထိတ်လန့်သွားပြန်သည်။ ဒီ မစ်-အိုလီဖီးရက်စ်က လုံးဝကို ဒဏ္ဍာရီလာ အစားပုပ်ပဲ။

သြဇာယွမ်မြေက ဘာလဲ။ သူက တကယ်ကြီး အဲဒါကို အသားညှပ်ပေါင်မုန့်လိုမျိုး လုပ်ပြီး စားတာလား။

ဒါကလည်း နဂါးနက်၏ အထူးခန္ဓာအမျိုးအစားပဲ။ အခြား နတ်ဆိုးတွေ၊ နတ်ဆိုးသားရဲတွေဆိုရင် ကျောက်တုံး ဖြစ်သွားတာကြာပြီ။

အိုလီဖီးရက်စ်က တစ်ခုခုကို စဉ်းစားမိသွားဟန်တူသည်။ သူက လက်ထဲ၌ သလင်းကျောက်နက်ဒင်္ဂါး ၁၀၀ကို ကျစ်ကျစ်ဆုပ်ပြီး ခြေထောက်ကို ဆန့်ထုတ်လိုက်သည်။ ထို့နောက် အတော်လေး မသင့်လျော်သော အနေအထားဖြင့် ထောင့်တစ်နေရာမှ အရောင်ဖျော့ဖျော့တောက်နေသော ကျောက်တုံးတစ်တုံးကို‌ ကောက်ယူလိုက်သည်။ ထို့နောက် သူက ၎င်းကို သလင်းကျောက်နက်ဒင်္ဂါများဖြင့် ဖုံးလွှမ်းလိုက်သည်။ သူက ကိုယ်နေဟန်ထားနှင့် အတွင်းခံ ပေါ်သွားသည်ကိုပင် ဂရု မစိုက်တော့ပေ။

ချန်လွေ့က လက်ဝါးအရွယ်ရှိသော ကျောက်တုံးကို ချက်ချင်းပင် အာရုံစိုက် ကြည့်လိုက်သည်။ သူက ပြင်းထန်သော မြေဒြပ်စင်အငွေ့အသက်ကို ခံစားမိခဲ့သည်။ ဟုတ်တယ်။ ဒါက သြဇာယွမ်မြေပဲ။ ဒါက မြေဒြပ်စင်ဘုရင်နဲ့ မြေဒြပ်စင်ကောင်တွေရဲ့ စွမ်းအားကို ကြီးကြီးမားမား တိုးတက်စေနိုင်တယ်။

“မစ်-အိုလီဖီးရက်စ်။ ခင်ဗျားရဲ့ သြဇာယွမ်မြေကို “ဒဏ္ဍာရီလာ” အကင်နဲ့ လဲမယ်လေ။” ချန်လွေ့ မျက်လုံးလှန်လိုက်သည်။ ထို့နောက် သိုလှောင်ဂိုဒေါင်ထဲမှ အကင်အနည်းငယ် ထုတ်လိုက်သည်။ သူ နောက်ထပ် မပြောနိုင်ခင်မှာပင် လေပြေတစ်ခု တိုက်ခတ်သွားပြီး အကင်က မစ်-နဂါးနက်၏လက်ထဲသို့ ကျရောက်သွားခဲ့သည်။ ၎င်းကို အနံ့ခံပြီးနောက် အိုလီဖီးရက်စ်က တောင့်တသော အမူအရာ ပြသလိုက်သည်။

“ဒါက ဒဏ္ဍာရီလာ အကင်ကိုး။ ဒါက ငါလုပ်တဲ့ အမှိုက်ထက် အဆတစ်ရာ ပိုကောင်းတယ်။ အနံ့နဲ့တောင် ငါ့ကို စွဲမက်စေတယ်။ အိုး.....” အိုလီဖီးရက်စ် မျက်ရည်ဝဲသွားပြီး ‌လောဘတကြီး ထလာသည်။

ချန်လွေ့က သူတို့ရှိနေသော လိုဏ်ဂူကို ကြည့်လိုက်သည်။ ၎င်းသည် ကျယ်ဝန်းပြီး သန့်ရှင်းသော်လည်း ကျောက်ကုတင်တစ်လုံး၊ ရိုးရှင်းသော စားပွဲများနှင့် စင်များသာရှိကာ ဆင်းရဲသော စံပုံစံ ဖြစ်လေသည်။

အိုလီဖီးရက်စ်၏ လည်ပင်းနှင့် လက်များတွင် ဘာမျှမရှိပေ။ သူ့တွင် လက်ဝတ်ရတနာ တစ်ခုမျှ မရှိသလို နေရာလွတ်ပစ္စည်းလည်း မရှိဘူး။ သလင်းကျောက်နက် ဒင်္ဂါး “ပုံကြီး” နှင့် သြဇာယွမ်မြေတို့ကို ထိုနေရာတွင်သာ ချထားလေသည်။

နောက်ဆုံး၌ ချန်လွေ့ သဘောပေါက်သွားသည်။ ဒီ မစ်-နဂါးနက်က ဆင်းဆင်းရဲရဲ နေခဲ့ရသလို အပြင်လောကကိုလည်း တစ်ခါမှ မမြင်ဖူးတာပဲ။

အိုလီဖီးရက်စ်က မျက်စိတစ်မှိတ်အတွင်းမှာပင် အကင်ကို အကုန်စားလိုက်သည်။ ထို့နောက် လျှာထုတ်ပြီး ဝါးချောင်းများကို လျက်လိုက်သည်။ ထိုကဲ့သို့ “လျက်ခြင်း” သည် ယောက်ျားသားများအား သွေးဆူပွက်သွားစေနိုင်ပေသည်။ သို့သော်လည်း မစ်-နဂါးနက်က ဝါးချောင်းကိုပင် ဝါးစားလိုက်သည့်အတွက် ထိုခံစားချက်များ ပျောက်ကွယ်သွားရသည်။

ထိုလုပ်ရပ်က စိတ်ကူးယဉ်သော ယောက်ျားသားများအား ခြေထောက်ကို ညှပ်ကာ သိမ့်သိမ့်တုန်သွားစေသည်။ အမှန်တကယ်၌ မစ်-အိုလီဖီးရက်က ဆွဲဆောင်မှုရှိသော အနံ့ကို ခံစားရန်အတွက်သာ ဝါးကြည့်ခြင်း ဖြစ်ပေသည်။

ချန်လွေ့က မသင့်မလျော် မတွေးခဲ့သော်လည်း ထိုလုပ်ရပ်ကြောင့် ချွေးထွက် သွားခဲ့သည်။ ဒီမိန်းကလေး ပုံမှန်ဆိုး ဘာစားလို့များလဲ။

“ဟိုတစ်ယောက်။ ဆိုင်မွန်....အကင်တွေ ရှိသေးလား။”

“အမ်....”

“စိတ်အေးအေးထားပါ။ နင်ငါ့ကို အကင်ပေးမယ်ဆိုရင် ငါ့အမေနာမည်နဲ့ ငါကျိန်ဆိုတယ်။ ငါနင့်ကို ဘယ်တော့မှ ပြဿနာ မရှိဘူး။ ဘယ်တော့မှ....”

အိုလီဖီးရက်စ်၏ ရှက်တင်သော မျက်လုံးများကြောင့် ချန်လွေ့ အကင်များအပြား ထုတ်ပေးလိုက်သည်။ မစ်-နဂါးနက် အလွန်ပျော်ရွှင်သွား၏။ သူ့ရိက္ခာကို လုယက်ချင်သော ထိုသူအပေါ် အိုလီဖီးရက်စ်၏ သဘောကျခြင်းများ တိုးပွားသွားခဲ့သည်။ ယုတ်စွအဆုံး ယခင်က ရှိခဲ့သော သတ်ဖြတ်ချင်စိတ်နှင့် ရန်လိုမှုများ ပျောက်ကွယ်သွားခဲ့လေသည်။

မစ်-နဂါးနက်၏ စားချင်စိတ်မှာ အတော်လေး ကြီးလှသည်။ သူက ချန်လွေ့၏ သိုလှောင်ဂိုဒေါင်ထဲရှိ အကင်အားလုံးကို စားခဲ့သည်။ ထို့နောက် သူက ဗိုက်ဖောင်းဖောင်းလေးကို ကျေနပ်စွာဖြင့် ပွတ်သပ်နေတော့သည်။

“သိပ်ကို သက်တောင့်သက်သာ ရှိတာပဲ။ ...အဟင့်....ဒီလိုမျိုး သာယာတဲ့ ဘဝမျိုး ရှိလိမ့်မယ်လို့ ငါတစ်ခါမှ မတွေးထားခဲ့ဖူးဘူး။” မစ်-အိုလီဖီးရက်စ်က ရင်ထဲထိသွားပြီး မျက်ရည်ဝဲသွားပြန်သည်။ “ဟို...စိုင်မွန်။ နင်က တောင်ရဲ့ ဘယ်နေရာမှာ နေတာလဲ။ ငါနင့်ကို နေ့တိုင်းလာရှာပြီးတော့ ....ဘဝနဲ့ ကြိုက်တာတွေအကြောင်း လာဆွေးနွေးမယ်။”

ချန်လွေ့ မျက်လုံးလှန်လိုက်သည်။ မင်းက နေ့တိုင်း အကင်လာစားချင်တာပဲ မဟုတ်လား။ ငါက ရေရှည် စားစရာလက်မှတ်လို့ တကယ် ထင်နေတာလား။

“မစ်-အိုလီဖီးရက်စ်က ဒဏ္ဍာရီလာအကင်ကို စားပြီးပြီပဲ။ သြဇာယွမ်မြေ အကြောင်း ဆွေးနွေးကြရအောင်။”

အိုလီဖီးရက်စ်က သူ့အရှေ့၌ သလင်းကျောက်နက်ဒင်္ဂါးများနှင့်အတူ ချထားသော သြဇာယွမ်မြေကို သတိထားလျက် ကာကွယ်ထားလိုက်သည်။ “မရဘူး။ ဒါ ငါ့ဟာ။”

အိုလီဖီးရက်စ်ကို အတင်းဖိအားပေး၍ မရကြောင်း ချန်လွေ့ သိသည်။ ထို့ကြောင့် သူက ဖြည်းဖြည်းလေး ချဉ်းကပ်ရမည် ဖြစ်သည်။ “ကျုပ်က မိန်းကလေးကို အရသာရှိတဲ့ အကင်တွေအများကြီး ကျွေးပြီးပြီဆိုတော့ အရသာဆိုဝါးတဲ့ သြဇာယွမ်မြေက တန်ဖိုး မရှိတော့ဘူး မဟုတ်လား။ မိန်းကလေး ကျုပ်ကို ပြဿနာ မရှာတော့ဘူးလို့ ကျိန်ဆိုခဲ့တယ်။ ခင်ဗျားက အကျိုးအမြတ်ကို ရပြီးတော့ စကားမတည်တဲ့သူမျိုး မဟုတ်ဘူးမလား။”

“မဟုတ်ပါဘူး။ ဒါပေမဲ့ ငါက ငတုံး မဟုတ်ဘူး။” သြဇာယွမ်မြေက အရသာ မကောင်းပေမဲ့ စားပြီးရင် အသစ်ပြန်ဖြစ်တယ်။ ဒါက နှစ်တစ်သောင်းလောက် တာရှည်ခံတယ်။ နင်ဒါကို ယူသွားချင်ရင် နှစ်တစ်သောင်းစာ အကင်တွေ ပေးမှရမယ်။ ဒါမှမဟုတ် နှစ်တစ်သောင်းလောက် ငါကို ချက်ကျွေး။”

နှစ်တစ်သောင်းစာ စာဖိုမှူးလား။ ချန်လွေ့ ဆွံ့အသွားပြန်သည်။ အိုလီဖီးရက်စ်က အပြင်လောကကို မမြင်ဖူးသော်လည်း အသေးစိတ် တွက်ချက်နေသည်။ ထို့ကြောင့် ချန်လွေ့က ဝှက်ဖဲကို အသုံးပြုရတော့သည်။ “ကျုပ်က မိတ်ဆွေတစ်ယောက်ကို ကယ်တင်ဖို့အတွက် သြဇာယွမ်မြေ အရေးတကြီး လိုအပ်နေတာ။ ကျုပ် ဒီမှာ တစ်သက်လုံး နေလို့မရဘူး။ အဲဒါကို သလင်းကျောက်နက်ဒင်္ဂါးအဖြစ် ပြောင်းလို့ရမလား မသိဘူး။”

“သလင်းကျောက်နက်ဒင်္ဂါးများ”အကြောင်း ကြားသည့်အခါ အိုလီဖီးရက်စ်၏ မျက်လုံးများ အရောင်တောက်သွားသည်။ သူက ခေါင်းညိတ်ရန် ပြင်လိုက်စဉ် ပြန်တွေးလိုက်ပြန်သည်။ “နင်က အများကြီး ချမ်းသာလား။”

ထင်တာမှန်တယ်။ သာမန်ချမ်းသာတာတောင် မဟုတ်ဘူး။ ချန်လွေ့က နဂါးများ၏ လေဘကို သိသည့်အတွက် အပေါ်ယံ ပြန်ဖြေလိုက်သည်။ “သိပ်တော့မဆိုးပါဘူး။ ကျုပ်ရဲ့ ပိုက်ဆံက သလင်းကျောက်နက်ဒင်္ဂါး နှစ်သောင်းက သုံးသောင်းအထိပဲ ရှိတာ။ အခုက စျေးနှုန်းတွေက ခေါင်ခိုက်နေတာ။ ငွေကြေးဖောင်းပွမှုလည်း ရှိတယ်။ ဘဝက ခက်ခဲတယ်....”

ဆင်းရဲဟန်ဆောင်ရန်အတွက် လျှော့လိုက်ရသော အရေအတွက်မှာ အလွန်ပင် ကြီးမားလွန်းလှသည်။ သူ အလွယ်လေး ထုတ်လိုက်သော မည်သည့်ပစ္စည်းမဆိုသည် ထိုထက် ပိုမိုတန်ကြေးရှိလေသည်။ အပိုအစွန်းများကို ဖယ်ရှားပြီး ပါ့ဂ်လီအို၏ ရတနာသိုက် ဝေစု၊ ကြယ်ကြွေတမန်အင်ပါယာ၏ ရန်ပုံငွေ၊ သလင်းကျောက်နဂါး၏ ရတနာသိုက် နှင့် သလင်းကျောက်တောင်ကြား မိုင်းတွင်းမှ ရရှိထားသည်နှင့်ဆိုလျှင်ပင် သူ့ကို အနည်းဆုံး “ကျိကျိတက် ချမ်းသာသည်”ဟု ပြော၍ ရနိုင်ပေသည်။

သို့သော်လည်း အိုလီဖီးရက်စ်အပေါ် “နှစ်သောင်းမှ သုံးသောင်းအထိ” အထိ အရေအတွက်၏ သက်ရောက်မှုက ချန်လွေ့ မျှော်လင့်ထားသည်ထက် လွန်ကဲနေသည်။ မစ်-နဂါးနက်၏ မျက်လုံးများ ရုတ်တရက် အရောင်တောက်သွား။ ၎င်းတို့သည် အစိမ်းရောင် ပြောင်းသွားဟန်တူပြီး မခံစားနိုင်အောင် ဖြစ်သွားစေသည်။

“ငါဆုံးဖြတ်လိုက်ပြီ။ ငါနင့်ကို သြဇာယွမ်မြေပေးမယ်။ ဒါပေမဲ့....” ၎င်းကို ကြားပြီးနောက် ချန်လွေ့က “ငွေကြေးအားလုံး” လုယက်ခံရရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။ သို့သော်လည်း သူ၏လေသံ ပြောင်းလဲသွားခဲ့သည်။ “နင်ငါ့ကို သက်တော်စောင့် အနေနဲ့ ငှားရမယ်။ တစ်နှစ်ကို သလင်းကျောက်ဒင်္ဂါး ၁၀၀။ ငါနင့်ကို နှစ်၃၀၀ ကာကွယ်ပေးမယ်။ ဒါနဲ့ နေ့စဉ်စားစရာက အကင်ဖြစ်ရမယ်။ ဒဏ္ဍာရီလာ သစ်သီးဝိုင်။ ထောပတ်ပေါင်မုန့်နဲ့ အသားကင်လည်း ပါရမယ်....”

အဆုံးထိပြောပြီးနောက် မစ်-နဂါးနက်က တံတွေးမျိုချလိုက်မိသည်။ သူက ဗိုက်ပြည့်နေပုံ မရချေ။ ချန်လွေ့ ပြောစရာစကား မဲ့သွားခဲ့သည်။ ဒီကောင်မလေးက တော်တော်လေး ဉာဏ်များတာပဲ။ စကားပလ္လင်ခံပြီးတော့ ရေရှည် စားစရာလက်မှတ် အတွက် လက်မလျှော့ခဲ့သလို “ငါ့ရဲ့ကြွယ်ဝမှု” အားလုံးကိုလည်း ယူချင်နေသေးတယ်။

ပထမဆုံး အကင်စားကတည်းက မင်းရဲ့အမေနာမည်နဲ့သာ မကျိန်ဆိုခဲ့ဘူးဆိုရင် အဲဒါကို အတင်းလုယူမှာ သေချာတယ်။

ဒါပေမဲ့ နတ်ဆိုးအရှင်သခင်အဆင့် နဂါးနက်ကို တစ်နှစ် သလင်းကျောက်နက် ဒင်္ဂါး ၁၀၀ နဲ့ ငှားတာက အတော်လေးထူးခြားတဲ့ စျေးနှုန်းတစ်ခုပဲ။ ဒီလောက်ကောင်းတဲ့ အရာကို ငါ ဘယ်မှာ သွားရှာနိုင်မလဲ။

ချန်လွေ့ သဘောတူတော့မည့်အချိန်၌ မစ်-နဂါးနက်က နောက်ထပ်စကားတစ်ခွန်း ပြောလိုက်သည်ကို ကြားလိုက်ရသည်။ “ဒါပေမဲ့ ဆက်ခ်ရက်တောင်ကနေ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း မရောက်မချင်း မထွက်သွားဘူးလို့ အမေ့ကို ငါ ကတိပေးခဲ့တယ်။ ဆာ-စေတန်ကလည်း အဲဒီအရာ ခက်ခဲအောင် လုပ်မှာ မဟုတ်ဘူး။ အခုက ငါက နတ်ဆိုးအရှင်သခင်အဆင့် အလတ်ပိုင်းပဲ ရှိသေးတယ်။ အဲဒါကြောင့် ငါ ဒီကနေ နင်နဲ့တူတူ မထွက်သွားခင် အဲဒီလိုချက်ကို ရောက်အောင် နင် စောင့်ရမယ်။”

ချန်လွေ့ ကြက်သေသေသွားခဲ့သည်။ နတ်ဆိုးအရှင်သခင်အဆင့် အလတ်ပိုင်း ကနေ ထိပ်သီးပိုင်းကို ရောက်ဖို့အတွက် ရာစုနှစ်၊ ဒါမှမဟုတ် ထောင်စုနှစ်အထိ ကြာနိုင်တယ်။ ငါ ဘယ်လိုလုပ် စောင့်နိုင်မှာလဲ။ ချန်လွေ့က သလင်းကျောက်နက်ဒင်္ဂါး လက်တစ်ဆုပ်စာ ယူထုတ်လိုက်သည်။ “မစ်-အိုလီဖီးရက်စ်။ ကျုပ် ခင်ဗျားကို ပိုက်ဆံပဲ ပေးလို့ရမလား....”

“မရဘူး။ ငါ့ကိုနင် ဘာထင်နေတာလဲ။” မစ်-အိုလီဖီးရက်စ်က ထိုသို့ ပြောလိုက်သော်လည်း သလင်းကျောက်နက်ဒင်္ဂါးများကို လုယူခဲ့သည်။ “ငါက ပိုက်ဆံ လိုချင်တယ်။ ပြီးတော့ အစားအစာကောင်တွေ လိုချင်တယ်။ မဟုတ်ဘူး.....နေဦး။ ငါက စိတ်ချရတဲ့သူ တစ်ယောက်ပဲ။ ငါက ငါ့အမေနာမည်နဲ့ ကျိန်ဆိုခဲ့တယ်။ ပြီးတော့ ငါ ဘယ်တော့မှ လက်စားချေမှာ မဟုတ်ဘူး....”

သြဇာယွမ်မြေကို အနီးကပ်မြင်နေရသော်လည်း မစ်-နဂါးနက်က ၎င်းကို သလင်းကျောက်နက်ဒင်္ဂါးများနှင့်အတူ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည့်အတွက် ချန်လွေ့ အတော်လေး ကူကယ်ရာ မဲ့သွားခဲ့သည်။ သူက ချက်ချင်းပင် အစမ်းသဘော မေးကြည့်လိုက်သည်။ “ခင်ဗျားရဲ့အမေ ဟုတ်လား။”

အိုလီဖီးရက်စ်က ရုတ်တရက် စိတ်ဓာတ်ကျသွားသည်။ “အမေ့ကို သစ်နက်ကမ်းပါး အနောက်မှာ မြှုပ်နှံထားတာ။ သူက ငါ ကလေးဘဝတုန်းက ရန်သူဆီကနေ လွတ်မြောက်ဖို့အတွက် ငါ့ကို ခေါ်သွားခဲ့တယ်။ သူ ဒဏ်ရာအပြင်းအထန်ရပြီးတော့ ဒီကို ထွက်ပြေးလာခဲ့တယ်။ နောက်တော့.....”

ချန်လွေ့ အနည်းငယ် ပို၍ သဘောပေါက်သွားခဲ့သည်။ အိုလီဖီးရက်စ် ဆင်းရဲတာ ဒါကြောင့်ကိုး။ သူ့ကို ငါတွေ့ဖူးသမျှထဲမှာ အဆင်းရဲဆုံးနဂါးလို့ ပြောရမယ်။

ဒီလို သီးသန့် လောကငယ်လေးထဲမှာ တစ်ယောက်တည်း နေရပြီးတော့ အပြင်ထွက်လို့ မရတာက သနားစရာ ကောင်းသားပဲ။

“မစ်-အိုလီဖီးရက်စ်။ ဒီလိုပါ။ ကျုပ်မှာ အရေးကြီးကိစ္စတစ်ခု ရှိနေတယ်။ ဒီမှာ နေလို့မရဘူး။ အဲဒါကြောင့် အပေးအယူပဲ လုပ်ပါ့မယ်။” ထို့နောက် ချန်လွေ့က သိုလှောင်လက်စွပ်တစ်ကွင်း ထုတ်လိုက်သည်။ “ဒီသိုလှောက်လက်စွပ်ထဲမှာ သလင်းကျောက်နက်ဒင်္ဂါး တစ်သောင်းရှိတယ်။ ဒါက နှစ်၁၀၀အတွက် ပိုက်ဆံ ကြိုပေးထားတာပါ။ ဆက်သွယ်ဖို့အတွက် မှော်သလင်းကျောက်တစ်ခုလည်း ရှိတယ်။ ကျုပ် ခင်ဗျားကို အဲဒါတွေ ဒီလက်စွပ်နဲ့အတူတူ ပေးမယ်။ အနာဂတ်မှာ ခင်ဗျား နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်ကို ရောက်တဲ့အခါ ကြယ်ကြွေတမန်မြို့တော်ရဲ့ ဝါလောင်ဟိုတယ်ကို လာပြီးတော့ ကျုပ်ကို ဆက်သွယ်လို့ရတယ်။ သဘောတူထားတဲ့ အတိုင်း ကျုပ် ခင်ဗျားကို ငှားမှာပါ။”

သလင်းကျောက်နက်ဒင်္ဂါး တစ်သောင်းလား။ အိုလီဖီးရက်စ်က ချက်ချင်းပင် ချန်လွေ့၏လက်ထဲသို့ သြဇာယွမ်မြေကို ပေးလိုက်သည်။ သူက သိုလှောင်လက်စွပ်ကို ဆုပ်ကိုင်ပြီး ထိတွေ့ကာ ကြည့်နေပြီး မျက်ရည်ဝဲသွားခဲ့သည်။ “ဒါက ဒဏ္ဍာရီလာ သိုလှောင်လက်စွပ်ပဲ။”

ဒါက ဒဏ္ဍာရီလာ သြဇာယွမ်မြေပဲ။ ချန်လွေ့က လက်ထဲမှ လေးလံသော ကျောက်တုံးကို ကြည့်ရင်း မျက်ရည်ဝဲလုမတတ် ဖြစ်သွားသည်။ တကယ် မလွယ်ဘူးပဲ။

ချန်လွေ့နှင့် အိုလီဖီးရက်စ်တို့သည် ယခုမှ တွေ့ဖူးကြခင်း ဖြစ်သည်။ သူတို့ မည်ကဲ့သို့ ကတိပေးစေကာမူ အမှောင်လ၏ လျို့ဝှက်ချက်များကို ထုတ်ပြ၍ မရပေ။ ဝါလောင် ဟိုတယ်သည် အမှောင်နတ်ဆိုးအတွက် အဆက်အသွယ်လုပ်နိုင်သော နေရာတစ်ခု ဖြစ်သည်။ အကယ်၍ အိုလီဖီးရက်စ်က တစ်နေ့နေ့၌ သူ့ကို လာရှာခဲ့လျှင် အမှောင်နတ်ဆိုးက အထိုက်အလျောက် ဟန်ဆောင်ပေးရပေမည်။ သို့သော်လည်း ၎င်းသည် ဆယ်စုနှစ်၊ သို့မဟုတ် ရာစုနှစ်အထိ ကြာနိုင်ပေသည်။

ချန်လွေ့က ထွက်သွားတော့မည် ပြင်လိုက်စဉ် [ သရုပ်ခွဲမျက်လုံး ] ၌ ရုတ်တရက် အသိပေးချက်တစ်ခု ပေါ်ထွက်လာသည်။ လိုဏ်ဂူထဲ၌ နောက်ထပ်တစ်ယောက် ရှိနေလေသည်။ ၎င်းမှာ လျို့ဝှက်ဆန်းကြယ်သောသူ စေတန်ပင် ဖြစ်လေသည်။

စေတန်နှင့် တွေ့သည့်အခါ အိုလီဖီးရက်စ်က ပိုမိုရိုးသားသွားပုံရသည်။ သို့သော် သူက သိုလှောင်လက်စွပ်အား လက်ထဲ၌ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး အရိုအသေ ပေးလိုက်သည်။ “ဆာ-စေတန်။”

စေတန်က ခေါင်းညိတ်ပြီး ချန်လွေ့ကို ကြည့်လိုက်သည်။ “ဘယ်လိုပဲဖြစ်ဖြစ် မင်းက စမ်းသပ်ချက်ကို အောင်မြင်သွားပြီးတော့ သြဇာယွမ်မြေကို ရသွားပြီ။ ဒီတော့ မင်းနဲ့ထိုက်တန်တဲ့ ဆုလာဒ်ကိုလည်း ရမယ်။”

ထို့နောက် သူ၏လက်ချောင်းထိပ်များမှ အနီ‌ရောင် အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်သည်။ ချန်လွေ့က မိမိ၏ ခန္ဓာကိုယ်ထဲ၌ ထူးဆန်းပြီး လျို့ဝှက်ဆန်းကြယ်သော အငွေ့အသက်တစ်ခုကိုသာ ခံစားမိခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ၏လက်ပေါ်၌ အနီရောင် တံဆိပ်ပြားတစ်ခုပေါ်ထွက်လာပြီး ၎င်းအပေါ်၌ ထူးဆန်းသော မြွေကဲ့သို့ ပုံစံကွက်များ ထွင်းထုထားလေသည်။

စေတန်က ပြောသည်။ “ဒီပိုင်နက်တိုင်းပြည်ရဲ့ စွမ်းအားကို မင်းစုပ်ယူနိုင်မယ်ဆိုရင် မင်းရဲ့စွမ်းအား တဟုန်ထိုး တိုးတက်သွားလိမ့်မယ်။ တံဆိပ်ပြားကတော့ အဲဒါနဲ့ မင်းငါ့ကို ဆင့်ခေါ်လို့ရတယ်။ မင်း သွေးပင်လယ်၊ အသူရာချောက်နက် ဒါမှမဟုတ် အဲလိုမျိုး ဆင်တူတဲ့ မြင်ကွင်းမျိုးကို ထပ်ကြုံတွေ့ရရင် မင်းရဲ့စွမ်းအားကို မြွေခေါင်းပေါ်မှာ အာရုံစိုက်ပြီး တံဆိပ်ပြားကို ဖျက်ဆီးလိုက်။ ဒါပေမဲ့ ငါ့ကို စိတ်ဝင်စားစေတဲ့အရာက လွဲပြီးတော့ နတ်ဆိုးဘုံရဲ့ အင်ပါယာကိစ္စတွေ၊ အင်ပါယာ ပျက်စီးတာ၊ တည်ထောင်တာတွေကို အာရုံစိုက်မှာ မဟုတ်ဘူး။ ငါ့ကို ဆင့်ခေါ်ဖို့အတွက်နဲ့ မင်းဒါကို သုံးရင်တော့ သေခြင်းနဲ့ ဖျက်ဆီးခြင်းကိုပဲ မင်း ‌ကြုံတွေ့ရလိမ့်မယ်။”

ချန်လွေ့က လက်ထဲမှ မြွေပုံစံကွက် တံဆိပ်ပြားကို ကျစ်ကျစ်ဆုပ်လိုက်မိသည်။ ထို့နောက် အစမ်းသဘော မေးကြည့်သည်။ “မြေအောက်သလင်းကျောက်မိုင်းတွင်းက....”

“သလင်းကျောက်မိုင်းတွင်းကို ထပ်သွားစရာ မလိုတော့ဘူး။ အသူရာ ချောက်နက်ထဲ ဝင်ပေါက်က အသေမဟုတ်ဘူး။ တစ်ခါပေါ်လာပြီးတာတဲ့ အဲဒီနေရာမှာ ထပ်ပေါ်လာတော့မှာ မဟုတ်ဘူး။”

“နားလည်ပါပြီ။ ကျေးဇူးပါပဲ။ ဆာ-စေတန်။” ချန်လွေ့ ခေါင်းညိတ်လိုက်သည်။ သူ၏ နှလုံးသားထဲ၌ ထိန်းချုပ်၍မရသော ပျော်ရွှင်မှုတစ်ခု ရှိနေသည်။ ဒီတစ်ခေါက် သြဇာယွမ်မြေကိုလည် ငါ ရခဲ့တယ်။ နတ်ဘုရား-တစ်ပိုင်း ပုဂ္ဂိုလ်က ကောင်းချီးပေးတဲ့ စွမ်းအား တစ်စွန်းတစ်စလည်း ရရှိခဲ့တယ်။

စွမ်းအား “တစ်စွန်းတစ်စ”ကို လျှော့မတွက်ပါနှင့်။ သက်တန့်‌တောင်ကြား၌ နတ်ဘုရား-တစ်ပိုင်း ပိုက်နက်စွမ်းအား၏ တစ်စွန်းတစ်စကြောင့် နတ်မိမယ်နဂါး ဇိုလာနှင့် ချန်လွေ့တို့က အခက်အခဲများ ကြုံတွေ့ခဲ့ရပြီး သေလုမတတ် ဖြစ်သွားခဲ့သည်။

“အနာဂတ်မှာ ငါတို့ ပြန်ဆုံတွေ့ဖို့ အခွင့်အရေး ရှိလောက်မှာပါ။ မင်းကြိုးစားမယ် ဆိုရင် အကျိုးအမြတ်တွေ အများကြီး ရမှာပါ။” စေတန်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ ၎င်းတွင် လေးနက်သော အဓိပ္ပာယ်တစ်ခု ရှိနေဟန်တူသည်။

ချန်လွေ့က နေရာလွတ် ယိုယွင်းသွားကြောင်း ခံစားလိုက်မိပြီးနောက် ဆက်ခ်ရက်တောင် အပြင်ဘက်သို့ ရောက်ရှိသွားခဲ့သည်။ သူ၏နားထဲ၌ မစ်-နဂါးနက်၏ အသံကို ကြားနေရဆဲပင် ဖြစ်သည်။ “သိပ်မကြာခင် ငါနင့်ကို လာရှာမယ်။ အဲဒီအချိန်ကျရင် ဒဏ္ဍရီလာ သစ်သီးဝိုင်၊ ထောပတ်ပေါင်မုန့်နဲ့ အကင်တွေ ပြင်ထားဖို့ မမေ့နဲ့။”

စေတန်၏ ခန္ဓာကိုယ်က ဆက်ခ်ရက်တောင်အပေါ်၌ ပေါ်ထွက်လာသည်။ သူက အဝေးမှ လူသားကို ကြည့်လိုက်သည်။ “[ ကောင်းချီးအလင်းခန္ဓာ ]....ဟီးဟီး...”

ရုတ်တရက် ချန်လွေ့ မူးဝေသွားပြီးနောက် သူ့ရှေ့မှ အထွတ်အမြတ် တောင်ဖြူလည်း ပျောက်ကွယ်သွားခဲ့ကာ မူရင်းဗလာနတ္ထိသာ ကျန်ရှိတော့သည်။

All Chapters