← Chapters

ယောက္ခမနှင့် ပြန်ဆုံခြင်း

Vol. 31 Ch. 458

ယောက္ခမနှင့် ပြန်ဆုံခြင်း

Vol. 31 Ch. 458

ချန်လွေ့က တစ်ဖနီ၏သရုပ်ကို သံသယ ရှိနေဆဲဖြစ်သော်လည်း ဆက်ခ်ရက် တောင်မှ ကျေနပ်စွာဖြင့် ထွက်လာခဲ့သည်။ အကြီးမားဆုံး ရရှိခြင်းဖြစ်သည့် သြဇာယွမ်မြေအပြင် သူက မမျှော်လင့်ဘဲနှင့် နတ်ဘုရား-တစ်ပိုင်း စွမ်းအား၏ တစ်စွန်းတစ်ကိုလည်း ရရှိခဲ့သည်။ တံဆိပ်ပြားကမူ အချိန်တစ်ခုခု၌ မ‌မျှော်လင့်ဘဲ အရေးပါလာနိုင်ပေသည်။

စေတန်က နတ်ဆိုးဘုံ အင်ပါယာများ၏ ကျရှုံးခြင်း၊ ပေါ်ထွန်းခြင်းကို ဂရုမစိုက်ကြောင်း ပြောခဲ့ဖူးသည်။ နတ်ဘုရား-တစ်ပိုင်း ပုဂ္ဂိုလ်သည် သေမျိုးလောကကို ကျော်လွန်သွားသော ဒဏ္ဍာရီလာ တည်ရှိမှုတစ်ခု ဖြစ်သည့်အတွက် ထိုစကားမှာ လိမ်ညာခြင်း ဖြစ်ဟန်မတူပေ။ ထို့ကြောင့် ချန်လွေ့သည် သူ၏ [ မြေဆွဲအား ] ၊ ဒြပ်စင်ကောင်းချီးနှင့် အခြားစွမ်းအားများ‌ ပေါက်ကြားသွားပြီး မကောင်းကြံသူများ သံသယ ဝင်လာနိုင်သည်ကို စိုးရိမ်စရာ မလိုအပ်ပေ။

သို့သော် အကျိုးအမြတ် ရရှိခြင်းကြောင်း ချန်လွေ့က စေတန်ကို သတိထားခြင်း လျော့သွားမည် မဟုတ်ပေ။ သူက စေတန်၌ မိမိအပေါ်တွင် သဘာဝအလျောက် ငြင်းပယ်ခြင်း သို့မဟုတ် မနှစ်သက်ခြင်း ရှိနေကြောင်း ရေးရေးလေး ခံစားမိနေသည်။ သို့ရာတွင် စေတန်က သူ့ကို အကျိုးအမြတ် ကြီးကြီးမားမားတစ်ခု ပေးခဲ့သေးသည်။ သူ့တွင် လက်လှမ်းမမီသော ရည်ရွယ်ချက်တစ်ခု ရှိမည်မှာ သေချာပေသည်။

ဒီလိုလက်‌ဆောင်စွမ်းအားမှာ ဘယ်လိုလှည့်ကွက်မျိုး ရှိမရှိကို ဘယ်သူသိမှာလဲ။

ပေးချင်ရင် အရင်ပေးပေါ့။ အသူရာချောက်နက် ဝင်ပေါက်က ရှာတွေ့ဖို့ တော်တော်လေး ခက်ခဲမှတော့ ရှာတွေ့ဖို့ လိုအပ်ချက်က “တိုက်ဆိုင်မှပဲ”။ တကယ့် ရည်ရွယ်ချက်က တစ်ခုခု ဖြစ်နိုင်တယ်။ ဒါပေမဲ့ အခု အများကြီး စဉ်းစားလို့ အကျိုး မရှိဘူး။ ပြောရရင်တော့ ငါက ကျားရုပ်တစ်ရုပ်ပဲ။ ထွက်ပြေးလို့ မသုံးမဝင်ဘူး။ အဲဒီအဆင့် ကစားသမားအဖြစ် အရည်အချင်း မပြည့်မီတဲ့အထိတော့ မီးစင်ကြည့်ကရမှာပဲ။

လောကတစ်ခုလုံးမှာ လူတိုင်းက ကျားရုပ်တစ်ရုပ်ပဲ။ ဒါပေမဲ့ စစ်တုရင်က မတူဘူး။ အခုတော့ ငါ့ရဲ့ ကိုယ်ပိုင်ကစားပွဲထဲ ပြန်ရဦးမယ်။

ဆက်ခ်ရက်တောင်မှ ရရှိခဲ့သော အကျိုးအမြတ်များကို ဖယ်ရှားလိုက်သည့်တိုင် သွေးရောင်အင်ပါယာသို့သွားခဲ့သော ခရီးတစ်ခုတည်းက အကျိုးအမြတ်များလှသည်။ ပထမဦးစွာ သူသည် နိတ်၏ စိတ်ရင်းအမှန်ကို ဖော်ထုတ်နိုင်ခဲ့ပြီး ဆရာသခင် ဖွန်ဆက်အတွက် လက်စားချေနိုင်ခဲ့တယ်။ ထို့နောက် အားဒီလိတ်၏ သေဆုံးခြင်းကို အသုံးချပြီး မင်းသားနှစ်ပါးအကြား ပဋိက္ခကို ပိုမိုကြီးထွားစေခဲ့သည်။ သူက တစ်ချိန်တည်းမှာပ်င သွေးရောင်အင်ပါယာ အခြေအနေများထဲ ဝင်ရှုပ်ခဲ့ပြီး သွေးမြေကျကို အပြစ်ပုံချခဲ့သည်။ ထို့ကြောင့် သွေးမြေကျ ရိုင်ဖန်၏ ထိုးနှက်ခြင်းကို ခံရပြီး ကြီးကြီးမားမား ထိခိုက်သွားသည်။ ထို့ပြင် စာအုပ်ပေါင်းချုပ်ခန်းမ စတုတ္ထအလွှာမှ ရရှိခဲ့သော တန်ဖိုးရှိသည့် အခြေခံ ဥပဒေသ အမြင်သစ်များလည်း ရှိပေသည်။

သို့သော်လည်း ချန်လွေ့သည် မင်းသားငယ် တဲရစ်ကို သံသယ ဝင်နေဆဲ ဖြစ်သည်။ ထိုညက သူလျှိုလုပ်ခြင်း မအောင်မြင်ခဲ့ဘဲ ဂူစတက်ဗ်ကြောင့် ဒဏ်ရာရသွားခဲ့သည်။ သို့သော်လည်း တဲရစ်စံအိမ်ထဲ၌ ဂူစတက်ဗ် အလျင်အမြန် ပေါ်ထွက်လာခြင်းနှင့် စံအိမ်ထဲမှ မှော်စက်ဝိုင်းများ၏ ဝိသေသလက္ခဏာများကို သဘောပေါက်ခြင်းက ပြဿနာအချို့ကို ဖြေရှင်းရန် လုံလောက်ပေသည်။

ငါ သွေးရောင်အင်ပါယာကို ‌ရောက်နေတာ ၂လကျော်ပြီ။ အမှောင်လကို အမြန်ဆုံး ပြန်သွားရမယ်။ ဒါက မကောင်ကြံသူတွေ သံသယဝင်မှာကို ရှောင်ဖို့လည်း ဟုတ်ယ်။ ပြီးတော့ ကိစ္စတွေအများကြီးက ဖြေရှင်းဖို့ စောင့်နေတယ်။ ကြယ်အမှတ်ရဲ့ အမြင့်ဆုံး အကန့်အသတ်က ၂ခုပဲရတာ ဝမ်းနည်းစရာပဲ။ ယာယီလိုအပ်နေတာအတွက် ကြယ်အမှတ် နှစ်ခုလုံးကို သွေးရောင်အင်ပါယာဆီ ပြောင်းလိုက်ရတယ်။ မဟုတ်ရင် အမှောင်လကို မျက်စိတစ်မှိတ်အတွင်း ငါ ပြန်သွားနိုင်မှာ။

အတော်လေး ကွေ့ပတ်သွားရမည် ဖြစ်သည့်အတွက် ချန်လွေ့က အရိပ်နက်အင်ပါယာရှိ သံနက်တောင်တန်းမှ သွေးနယ်နယ်မြေသို့ ဖြတ်သွားပြီး လိုင်ရာမြို့မှ‌ကွေ့ကာ အမှောင်လနယ်မြေ အနောက်ဘက်သို့ မဝင်ရောက်ချင်ပေ။ ထို့ပြင် ယခင်တစ်ခေါက် သူစီးသွားခဲ့သော ဝိုင်ဗန်သည်လည်း သူ၏အမိန့်ကြောင့် အမှောင်လသို့ ပြန်သွားသည်မှာ ကြာခဲ့လေပြီ။

ချန်လွေ့သည် သွေးရောင်အင်ပါယာမှ တောင်ဘက်သို့သွားရန် ရွေးချယ်ခဲ့သည်။ သူသည် ကြယ်ကြွေတမန် အင်ပါယာနယ်စပ်သို့ မှော်ဆရာခံတပ်မှတစ်ဆင့် ဝင်ရောက်နိုင်ပေသည်။ ၎င်းမှာ ပိုမြန်ပေသည်။

စိတ်ပိုင်းဖြတ်ပြီးနောက် ချန်လွေ့က သွေးရောင်အင်ပါယာ မြို့တော်သို့ [ ကြယ်ဂိတ် ] မှတစ်ဆင့် ချက်ချင်း ပြန်သွားခဲ့သည်။ ထိုအချိန်၌ မြို့တော်သည် အခြေအနေ တင်းမာနေဆဲ ဖြစ်သည်။ သွေးမြေကျသာမက အခြားအင်ပါယာမှ သူလျှိုအချို့လည်း အတိုင်းအတာတစ်ခုအထိ ထိ‌ရောက်မှုရှိခဲ့သည်။ အမှောင်နတ်ဆိုးက ချန်လွေ့၏ သတိပေးချက်ကို ကြိုတင်ရရှိခဲ့သည့်အတွက် ဆုံးရှုံးမှုများမှာ အနည်းဆုံး ဖြစ်သည်။ ယန္တရားအစည်းအရုံးက ယခုတွင် ဥက္ကဋ္ဌအသစ်တစ်ယောက်ကို ရွေးချယ်နေသည်။ နာမည်အကြီးဆုံးသူနှစ်ယောက်မှာ ချန်လွေ့၏ ပြိုင်ဘက်ဟောင်းနှင့် နှစ်သွယ်-အထူးပြု ဆရာသခင် ဟောဖို့ဒ် နှင့် အခြားတစ်ယောက်မှာ ဆရာသခင် သူရိယ ဖြစ်သည်။

သူရိယ၏မိန်းမ မာဗင်နာသည်လည်း ဆရာသခင်ဘွဲ့ ရထားသည်။ သူက နိတ်ကို ဖြေရှင်းရန်အတွက် ဆရာသခင်များကို စုစည်းခဲ့သော ခေါင်းဆောင်များထဲမှ တစ်ယောက်လည်း ဖြစ်သည်။ အရေးကြီးဆုံးမှာ သူရိယသည် နိတ်၏ စိတ်ရင်းအမှန်ကို ဖော်ထုတ်ခဲ့သော နောက်ဆုံး “ပါရမီရှင်” ရစ်ချတ်၏ ဆရာဟောင်းလည်း ဖြစ်ပေသည်။

ဟောဖို့ဒ်၏ ပါရမီနှင့် စွမ်းရည်မှာ ပို၍ သာလွန်သည်။ သို့သော်လည်း သူ၏ စိတ်နေသဘောထားမှာ ထူးခြားသည့်အတွက် သူ၏နာမည်ကျော်ကြားမှုမှာ အနည်းငယ် နိမ့်ပါးသည်။ သို့သော် သူရိယမှာ အလွန်ပင် နာမည်ကျော်ကြားပြီး ဥက္ကဋ္ဌ ဖြစ်လာရန် ရေပန်းအစားဆုံးသူလည်း ဖြစ်ပေသည်။

ချန်လွေ့က အစုအဖွဲ့များမှ စိတ်လှုပ်ရှားစရာများကိုကြည့်ရန် သွေးရောင် အင်ပါယာ၌ မနေခဲ့ပေ။ သူက တောင်ဘက်သို့ တည့်တည့် သွားလိုက်သည်။ ဝမ်းနည်းနေသေးတဲ့ မစ်-ဘလူအန် အတွက်ကတော့ .... “ရစ်ချတ်”ဆိုတာ သူ့ဘဝမှာ ဖြတ်သွားဖြတ်လာပါပဲ။ ပြီးတော့ “ရစ်ချတ်”က သေသွားပြီ။ ကံမကုန်ရင်တော့ ပြန်ဆုံကြတောပေါ့။

ချန်လွေ့က အမှောင်နတ်ဆိုးထံမှ သန္ဓေပြောင်း ဂလော်ဖင်းတစ်ကောင် တောင်းပြီး သွေးရောင်အင်ပါယာ မြောက်ဘက်သို့ တည့်တည့်သွားခဲ့ကာ အရှိန်အမြန်ဆုံးဖြင့် သံလက်သီးနယ်မြေသို့ ရောက်ရှိသွားခဲ့သည်။ ထို့နောက် သူက လှည်းတစ်စင်းငှားပြီး နယ်စပ်ကို ဖြတ်ကာ မှော်ဆရာခံတပ်သို့ သွားသည်။

သွေးရောင်အင်ပါယာနှင့် ကြယ်ကြွေတမန်အင်ပါယာကြား၌ ငြိမ်းချမ်းရေး သဘောတူညီချက် ရှိသော်လည်း နယ်စပ်၌ ပြဿနာ အသေးလေးများ ရှိနေဆဲဖြစ်သည်။ ကံကောင်းစွာပင် အဓိက လမ်းမကြီးမှာ အတော်လေး ဘေးကင်းလှသည်။ မကြာခင်က အမှောင်လ၏ တိုးတက်လာမှုကြောင့် အင်ပါယာနှစ်ခုအကြား အပြန်အလှန် စီးပွားရေးများ တိုးပွားလာခဲ့သည်။ သွေးရောင်အင်ပါယာမှ ကုန်သည်များက ထိုလမ်းမကြီးတစ်ဆင့် ကြယ်ကြွေတမန်အင်ပါယာသို့ ဝင်ရောက်ကြသည်။ ချန်လွေ့က ကုန်သည်အုပ်စုတစ်ခုထဲ ရောဝင်ပြီး စစ်ဆေးရေးများကို အောင်အောင်မြင်မြင် ကျော်လွှားနိုင်ကာ ကြယ်ကြွေတမန်အင်ပါယာ နယ်စပ်အတွင်းရှိ နင်ဘတ်စ် မြို့ငယ်လေးသို့ ဝင်ရောက်လာခဲ့သည်။

နင်ဘတ်စ်မြို့ငယ်လေးသည် အသီနာနှင့် ရိုမန်တို့ သိကျွမ်းခဲ့သောနေရာ ဖြစ်သည်။ ၎င်းသည် လိုင်ရာမြို့ထက် ပိုမိုကျယ်ဝန်းသည်။ တစ်ခါတစ်ရံ မှော်ဆရာခံတပ်မှ စစ်သည်များကို မြင်တွေ့နိုင်သည်။ နင်ဘတ်စ်မြို့ အနောက်ဘက်တွင် သွေးရောင်အင်ပါယာနှင့် မျက်နှာချင်းဆိုင်ဖြစ်သော ကြယ်ကြွေတမန် အင်ပါယာ၏ အင်အားအကြီးဆုံး အကာအရံဖြစ်သည့် မှော်ဆရာခံတပ် ရှိသည်။ ၎င်းကို ကြယ်ကြွေတမန် အင်ပါယာ၏ ပထမဗိုလ်ချုပ်ဖြစ်သော ဂျော့်ချ်ဝေးလ်စ်က စောင့်ကြပ် နေသည်။ ယခုတစ်ခေါက်မှာ ချန်လွေ့သည် အမှောင်လသို့ပြန်ရန် အမြန်ဆုံး လမ်းကြောင်းကို အသုံးပြုချင်ရုံသာမက ယောက္ခမဖြစ်သူထံလည်း သွားရောက် လည်ပတ်ချင်၍ ဖြစ်သည်။

ဖမ်းဆီးခံထားရသော ခီရာ၏ “ဖခင်” အဇ်ဂါလောနှင့်ယှဉ်လျှင် အသီနာ၏အဖေ ဗိုလ်ချုပ်‌ဂျော့ချ်သည် သူ၏ စစ်မှန်သော ယောက္ခမတစ်ယောက် ဖြစ်ပေသည်။ သွေးမျိုးဆက်၌ ဖြစ်စေ၊ သမီးဖြစ်သူအပေါ် အချစ်နှင့် ဂရုစိုက်ခြင်း၌ဖြစ်စေ၊ သူ့ကို သာမန်ဖခင်များ မယှဉ်နိုင်ပေ။

ဗိုလ်ချုပ်ဂျော့ချ်က သမက်ဖြစ်သူကို စစ်ဆေးကြည့်ရန်အတွက် အမှောင်လသို့ သွားရောက်လည်ပတ်ခဲ့ဖူးသည်။ သူက ချန်လွေ့က ဉာဏ်ကောင်းပြီး စွမ်းအားမဲ့သော လူသားအဖြစ် ထင်နေခဲ့စဉ် အသီနာနှင့် ချန်လွေ့တို့ကို မတားဆီးခဲ့ပေ။ အကြောင်းပြချက်မှာ ရိုးရှင်းပေသည်။ သူ့သမီးက ချန်လွေ့ကို သဘောကျသည့် အတွက်ကြောင့်ပင်။

ဗိုလ်ချုပ်ဂျော့ချ်၏ စစ်ဘက်ရေးရာ၌ နံပါတ်(၁)ဟူသော ဂုဏ်ပုဒ်ကြောင့် သူ၏သမီး ဖြစ်သူ အသီနာသည် နိုင်ငံရေးလက်ထပ်မှုအဖြစ် ဖြစ်သင့်သည်။ သို့သော်လည်း ဂျော့ချ်က လက်ထပ်ရန် တောင်းဆိုချက်များအားလုံးကို ငြင်းဆိုရန် မတုံ့ဆိုင်းခဲ့ပေ။ သူက “ဝေးလ်စ် မျိုးရိုးနာမည် ဆက်လက်တည်မြဲရန်” ခြိမ်းခြောက်မှုများကြောင့်ပင် စိတ်မဝေဝါးသွားခဲ့။ ၎င်းသည် သူရသတ္တိပင် ဖြစ်လေသည်။

ယောက္ခမဖြစ်သူ ပြောခဲ့သော အားကောင်းသည့် စကားများကို ချန်လွေ့ မှတ်မိနေဆဲပင် ဖြစ်သည်။ “မိသားစုအကျိုးအမြတ်အတွက် ငါ့သမီးရဲ့ ပျော်ရွှင်မှုကို စတေးရမှာလား။ ဒီလောက်အထိ ငါဖြစ်နေရင် ဝေးလ်စ်ဆိုတဲ့ မျိုးရိုးနာမည်က အဓိပ္ပာယ် မရှိတော့ဘူး။ အသီနာ သဘောမတူဘူးဆိုရင် ငါလည်း သဘောမတူဘူးပဲ။ လက်မခံနိုင်တဲ့သူတွေ မှော်ဆရာခံတပ်ကိုလာပြီးတော့ ငါနဲ့ လာတိုက်။ လာတဲ့သူတိုင်းကို ငါသတ်ပြီးတော့ သူ့တစ်မိသားစုလုံးကိုပါ သုတ်သင်ပေးမယ်။ သန်းခေါင်နေအရှင်ရဲ့ အင်ပါယာကို ခိုးယူခဲ့တဲ့ အိုဆိုင်ဒန်ကိုရောပဲ။ ငါ့ကို ရန်စရင် သူ့ကိုလည်း ငါ ပုန်ကန်မယ်။”

ယခုတွင် ထိုအကြောင်းကို ပြန်တွေးနေရင်း ချန်လွေ့က ဦးထုတ်ချွတ်ကာ ပထမ ဗိုလ်ချုပ်ကို အရိုအသေပြုချင်စိတ် ပေါက်နေသေးသည်။ ထိုကဲ့သို့ စန်းကြောင့် အဆိပ်နဂါးကပင် ဗိုလ်ချုပ် ဂျော့ချ်နှင့် တစ်ခါတည်း အဆင်ပြေသွားခြင်း ဖြစ်သည်။

ချန်လွေ့သည် နင်ဘတ်စ်မြို့ငယ်လေးတွင် မနေခဲ့ပေ။ သူက ကုန်သည်အုပ်စုမှ ထွက်သွားပြီး မှော်ဆရာခံတပ်သို့ တစ်ခါတည်း သွားလိုက်သည်။

မှော်ဆရာခံတပ်မှ တောင်တစ်တောင်ကို အမှီပြုပြီး တည်ဆောက်ထားသော ခံတပ်ကြီး တစ်ခု ဖြစ်သည်။ မြေနေရာမှာ အလွန်အမင်း အန္တရာယ် များလှသည်။ ၎င်းသည် ငှက်တောင်ဖြူနယ်မြေသို့သွားရာ တစ်ခုတည်းသောလမ်း ဖြစ်သည်။ ခံတပ်သည် ရဲတိုက်နှင့် မတူပေ။ အတွင်း တည်ဆောက်ပုံမှာ အလွန်အမင်း ခိုင်မာလှသည်။ သူတို့သည် ဒူးလေး အကူအညီများ ထောက်ပံ့ပေး၍ ရသည်။ နယ်မြေကလည်း စစ်သည်များ ပိုမို ဝင်ဆံ့ပြီး ပိုအားကောင်းသော ခံစစ်စွမ်းရည်များကို ထောက်ပံ့ပေးနိုင်သည်။ အဓိက လမ်းမှ၌ သာမန်အသွားအလာမှလွဲ၍ ခံတပ်ထဲ၌ လူသေအဆောက်အအုံများ အရပ်သားများ မရှိပေ။

တစ်ခုတည်းသော လမ်းကြောင်းကို တောင်နံဘေး၌ ဖွင့်ထားသည်။ တောင်နံရံများ၌ အစောင့်များ တင်းကြပ်ပြီး ဘေးနှစ်ဖက်တွင် အမျိုးမျိုးသော စစ်ဘက်ဆိုင်ရာ လက်နက်များ တပ်ဆင်ထားသည်။ အပေါ်တွင် လက်နက်အပြည့် တပ်ဆင်ထားသော စစ်သည်များရှိပြီး မှော်လက်နက်များမှာ တဖြည်းဖြည်း နိမ့်ဆင်းသွားနေသည်။ ဖြတ်သွားသူက မူမမှန်သော လုပ်ရပ်တစ်ခု ပြုလုပ်သည်နှင့် တိုက်ခိုက်မှုတစ်ခုကို ချက်ချင်း ပြုလုပ်မည် ဖြစ်သည်။ ထိုရှည်လျားသာ လမ်းကြောင်းမှာ အမှန်တကယ်၌ အင်အားကြီးသော သံချပ်ကာ အဝန်းအရံတစ်ခု ဖြစ်သည်။ ၎င်းအထဲ၌ စွမ်းအားမည်မျှ ရှိသည်ကို မည်သူမှ မသိကြပေ။

ချန်လွေ့က စိတ်ထဲ၌ ခေါင်းညိတ်လိုက်သည်။ ဒါက တကယ့်ကို နတ်ဆိုးဘုံရဲ့ အင်အားအကြီးဆုံး ခံတပ်တွေထဲက တစ်ခုပဲ။ စစ်သည်တွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ လက်နက်တွေကို သာမန်ထက် အများကြီး သာလွန်တယ်။ သူတို့က သွေးရောင်အင်ပါယာက လက်ရွေးစင် ဗိုလ်ခြေတွေထက် မနိမ့်ကျဘူး။ ခံတပ်တစ်ခုလုံးက ဖြိုခွဲလို့မရတဲ့ စွမ်းအားကြီးတဲ့ အဟုန်မျိုး ပြသနေတယ်။ ဒါကြောင့် ယောက္ခမက ပထမဗိုလ်ချုပ်နေရာကို အမြဲတမ်း သိမ်းပိုက်ထားနိုင်တာာကိုး။ ခုခံတာပဲဖြစ်ဖြစ်၊ စစ်သည် နေရာချတာပဲဖြစ်ဖြစ်၊ သူ့မှာ ကိုယ်ပိုင်ထူးခြားချက် ရှိတာကိုး။

မှော်ဆရာခံတပ် ဗဟိုထိန်းချုပ်ခန်း၌ ဗိုလ်ချုပ်ဂျော့ချ်က စစ်ဘက်ဆိုင်ရာ မှော်မြေပုံကို အသေအချာ ကြည့်နေသည်။ ထိုမြေပုံမှာ သုံးဖက်မြင်ဖြစ်ပြီး သဲခုံနှင့် ဆင်တူသည်။ ၎င်းသည် သာမန် သဲခုံများထက် ပိုကောင်းမွန်သော လုပ်ဆောင်ချက်များ ရှိသည်။ ၎င်းသည် တိုက်စစ်နှင့် ခံစစ်များကိုပင် သရုပ်သကန် ပြသနိုင်သည်။ ဗိုလ်ချုပ်ဂျော့ချ်က ပြင်းပြင်းထန်ထန် မျက်မှောင်ကြုတ်လိုက်သည်။ သူက စိုးရိမ်နေဟန်တူသည်။ သူသည် သုံးလေးရက်ကြာအောင် ထိုကဲ့သို့ မျက်မှောင်ကြုတ် နေခဲ့သည်။

ထိုအချိန်၌ အစောင့်တစ်ယောက်က သတင်းလာပို့သည်။ “အမှောင်လက စိုင်မွန်ဆိုတဲ့ စီးပွားရေးတစ်ယောက် မစ်-အသီနာဆီက စာတစ်စောင် ယူလာပေးတယ်။”

ချစ်မြတ်နိုးရသော သမီးဖြစ်သူ၏ နာမည်ကို ကြားသည့်အခါ ဗိုလ်ချုပ်‌ဂျော့ချ်က ရုတ်တရက် အနည်းငယ် တက်ကြွသွားသည်။ “စာ ဘယ်မှာလဲ။”

အစောင့်က ချက်ချင်းပင် စာကို ကမ်းပေးလိုက်သည်။ သူ၏လက်ထဲသို့ စာကို တိုက်ရိုက်‌ပေးသည်ဆိုလျှင် အထဲတွင် ထောင်ခြောက်များ၊ အဆိပ်များ မပါဝင်ကြောင်း အတည်ပြုပြီးဖြစ်သည်ကို ဂျော့်ချ် သိသည်။

သူ ဖွင့်ကြည့်လိုက်သောအခါ အထဲတွင် စာတစ်ကြောင်းသာ ရှိသည်။ “တွေ့ခွင့် တောင်းပါတယ်။ ဆာ-ဗိုလ်ချုပ်။ အမှောင်လမှာတုန်းက သစ်သီးတစ်လုံးနဲ့ ဆေးရည် ၅ပုလင်း ပေးခဲ့တဲ့ သူတစ်ယောက်။”

ထိုစာကြောင်းမှာ လက်မှတ်ထက်ပင် တိုတောင်းလှသည်။ သို့သော်လည်း ဂျော့ချ်၏ မျက်လုံးများ အရောင်တောက်သွားခဲ့သည်။ သူက ပြောလိုက်သည်။ “အဲဒီလူကို ဒီ ချက်ချင်း ခေါ်လာခဲ့။”

သိပ်မကြာခင်၌ ချန်လွေ့က ခံတပ်ဗဟိုရှိ ထိန်းချုပ်ခန်းမသို့ ရောက်လာခဲ့သည်။ ဂျော့ချ်က ချန်လွေ့ကို သုံးလေးခေါက်ကြည့်ပြီး အစောင့်များကို ထွက်သွားရန် အမိန့်ပေးခဲ့သည်။

အစောင့်များ ထွက်သွားသောအခါ ချန်လွေ့၏မျက်နှာ အလျင်အမြန် ပြောင်းသွား ခဲ့သည်။ သူက ဂျော့ချ်နှင့်ရင်းနှီးသော လူသားမျက်နှာသို့ ပြန်လည်ပြောင်းခဲ့ခြင်း ဖြစ်သည်။

“အသွင်ပြောင်းခြင်း ပညာရပ်လား။” ဂျော့ချ်၏မျက်လုံးများက အံ့အားသင့်စွာဖြင့် အရောင်လက်သွားသည်။ “ခုနက ငါ ဘာလို့ ဘာမှော်လှုပ်ရှားမှုကိုမှ မခံစားမိတာလဲ။”

ချန်လွေ့က အသာလေး ပြုံးလိုက်သည်။ “ဒါက အသွင်ပြောင်းခြင်း ပညာရပ်နဲ့ ဆင်တူတဲ့ ပါရမီတစ်မျိုးလို့ ပြောလို့ရမယ် ထင်တယ်။ ကျုပ်တို့ မတွေ့တာ အတော်လေး ကြာပြီနော်။ ဗိုလ်ချုပ်။”

“အချိန်အရဆိုရင်တော့ သိပ်မကြာသေးပါဘူး။” ‌ဂျော့ချ်က ခံစားချက်များဖြင့် ပြောလိုက်သည်။ “ဖြစ်သွားတဲ့ကိစ္စအရဆိုရင်တော့ အချိန်တော်တော် ကြာသွားပြီလို့ ခံစားမိမှာပဲ။ အရင်တုန်းက ငါမင်းကို တော်တော်လေး တန်ဖိုးထားခဲ့ပြီလို့ ထင်ခဲ့တာ။ မင်းရဲ့စွမ်းရည်က ငါထင်ထားတာထက်ကို အများကြီး သာလွန်နေတာပဲ။”

အမှောင်လမှ ဂျော့ချ် ထွက်သွားပြီးနောက် ပြောင်းလဲမှု အများအပြား ဖြစ်သွားခဲ့သည်။ အထင်ရှားဆုံးမှာ အမှောင်လ ဦးမော့လာခြင်း ဖြစ်သည်။ မြို့‌တော်၏ ထိန်းချုပ်မှု ခံထားရသော ကျဆင်းနေသည့် နယ်မြေတစ်ခုအဖြစ်မှ စစ်ဘက်ရေးရာနှင့် စီးပွားရေးအင်အား တိုးတက်နေသော အကြီးမားဆုံး နယ်မြေအဖြစ် ပြောင်းလဲသွားသည်။ သို့သော် မြို့တော်မှာမူ ရီဂျန့် အိုဆိုင်ဒန်က “ရန်ပုံငွေ”ကိစ္စအကြောင့် မေးခွန်းထုတ်ခံ နေရသည်။ သူက ယခုတွင် အခြေအနေ ဆိုးဝါးနေပြီဂ အမှောင်လ၏ အဟုန်နှင့် ဂုဏ်သြဇာက တိုးတက်လာနေသည်။ ၎င်းသည် ပို၍ပင် ကြွယ်ဝလာပြီး အရိပ်နက် အင်ပါယာနှင့် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်နိုင်ခဲ့သည်။ ၎င်းသည် မြို့တော်ကိုပင် အနည်းငယ် ဖုံးလွှမ်းသွားခဲ့သည်။

အပြင်လောကသည် ၎င်းမှာ လူသား ဘဏ္ဍာရေးအရာရှိကြောင့် ဖြစ်ကြောင်း ခန့်မှန်းမိနိုင်သည်။ သို့သော်လည်း ၎င်းတို့အားလုံးမှာ မိမိ “သမက်” အစီအစဉ်ကြောင့် ဖြစ်ကြောင်း ဂျော့ချ် သိလေသည်။

ချန်လွေ့က နှိမ့်ချလျက် ပြန်ဖြေလိုက်သည်။ ထို့နောက် ဂျော့ချ်က မေးလိုက်ပြန်သည်။ “နောက်ဆုံးတစ်ခေါက် လေလံပွဲတုန်းက နတ်ဆိုးအရှင်သခင်အဆင့် လုပ်ကြံသူတစ်ယောက်က အရိပ်နက်အင်ပါယာရဲ့ သွေးနွယ်နယ်မြေ လော့ဒ်ကို လုပ်ကြံချင်ခဲ့သည်။ ဒါပေမဲ့ သူတို့က အဖမ်းခံခဲ့ရပြီးတော့ ချက်ချင်း အသတ်ခံလိုက် ရတယ်။ ငါ သိချင်တာက ငါ့ရဲ့ နဂါးမိတ်ဆွေ ပါ့ဂ်လီအိုက စွမ်းအားတွေ ပြန်ရသွားတာလား။”

“ဟုတ်ပါတယ်။” ချန်လွေ့က ခေါင်းညိတ်ပြီး ပြုံးလိုက်သည်။ “ပါ့ဂ်လီအိုကလည်း ဗိုလ်ချုပ်အပေါ်မှာ တော်တော်လေး အမြင်ကောင်းတယ်။ ဒီတစ်ခေါက် ပါ့ဂ်လီအိုကို သူ့ရဲ့ အဝေးမှာရှိတဲ့ မှော်ဆရာခံတပ်က မိတ်ဆွေ နတ်ဆိုးအရှင်သခင်အဆင့်ကို အောင်အောင်မြင်မြင် ရောက်သွားပြီလို့ ကျုပ် သတင်းကောင်း သွားပြောရမယ်။”

ဂျော့ခ်ျက မိမိ၏ စွမ်းအားအဆင့်ကို ထိုလူသား မြင်နိုင်မည်ဟု မထင်ထားခဲ့ပေ။ သူက ချန်လွေ့အား အနည်းငယ် ထူးထူးဆန်းဆန်း ကြည့်လိုက်သည်။ “ဒါက ပါရမီလား.... ဒါမှမဟုတ် စွမ်းအားလား။”

“ကျုပ် တစ်ဘဝလုံး အသီနာကို ဂရုစိုက်ပြီးတော့ ထိခိုက်မခံရအောင် ကာကွယ် ပေးမယ်လို့ ပြောခဲ့တယ်မလား။ အဲဒီအတွက် ကျုပ် တစ်ခုခုကို သက်သေပြရမှာပေါ့။ ပြီးတော့ သူ့အဖေကိုလည်း လျို့ဝှက်ချက်တွေ ပြောပြရမယ်။” ဗိုလ်ချုပ်ဂျော့ချ်မှာ ချန်လွေ့၏ ယောက္ခမ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူက ရှီရာ၏ အခိုင်မာဆုံး ထောက်ခံသူလည်း ဖြစ်သည်။ ဗိုလ်ချုပ်ဂျော့ချ်ဆီ လာလည်ခြင်းအပြင် ချန်လွေ့က ယခုတစ်ခေါက်၌ သူကို အရေးပါသော အရင်းအမြစ်တချို့လည်း ပေးချင်နေခဲ့သည်။ ကိစ္စအချို့မှာ အနှေးနှင့်အမြန်ပင် ပေါ်ပေါက်သွားမည် ဖြစ်သည်။ “သိပ်ကောင်းတယ်။ မင်းက အသီနာကို ဂရုစိုက်နိုင်တဲ့စွမ်းရည် ရှိတယ်ဆိုတာ အဲဒီတုန်းက ငါ ခံစားမိပြီးသား။” ဂျော့ချ်က အများကြီး မမေးခဲ့ပေ။ သူက စိတ်သက်သက်သာသာနှင့် ခေါင်းကိုသာ ညိတ်လိုက်သည်။ “ဒါပေမဲ့ ငါ့ ဝေးလ်စ်မိသားစုရဲ့ သမီးက အလှပန်းအိုးသက်သက် မဟုတ်ဘူး။ အသီနာက အမှီအခိုကင်းတဲ့ ကောင်မလေး တစ်ယောက်ပဲ။ ပြီးတော့ သူက စစ်ဘက်ရေးရာမှာလည်း တော်တော်လေး ပါရမီရှိတယ်။ သူက မင်းအတွက် အကူအညီကောင်းတစ်ခု ဖြစ်နိုင်ပါတယ်။”

“ဒါပေါ့။ သူက အခု မီးလျှံဗိုလ်ခြေရဲ့ တပ်မှူးဖြစ်နေပြီ။ သူက တော်ဝင်မင်းသမီး အားအကိုးရဆုံး သူတွေထဲက တစ်ယောက်လည်း ဟုတ်တယ်။” အသီနာနှင့် ပတ်သက်လာသည့်အခါ ချန်လွေ့သည် ရှက်မနေဘဲ သူ၏စကားများတွင် မြတ်နိုးခြင်းများ ဖော်ပြခဲ့သည်။ “သူက အကောင်းဆုံး ဇနီးတစ်ယောက်လည်း ဟုတ်တယ်။”

“ဒါပေါ့။ အသီနာက ငါ့သမီးပဲလေ။” သမီးဖြစ်သူအကြောင်း ပြောနေရင်း ဂျော့ချ်က စိတ်အားတက်ကြွနေသော ဗိုလ်ချုပ်ထံမှ ဂုဏ်ယူသော ဖခင်တစ်ယောက်အဖြစ် ‌ပြောင်းလဲသွားခဲ့သည်။ “ဒါပေမဲ့ ဇနီးဆိုတဲ့ အသုံးကို မင်းတို့ တရားဝင် လက်ထပ်ပြီးမှပဲ သုံးလို့ရမယ်။ အရင်တစ်ယောက် ငါ မသွားခင်တုန်းက ပြောခဲ့တာကို မှတ်မိလား။ မင်းမှာ မိန်းမတွေ ဘယ်လောက်ပဲရှိရှိ၊ အသီနာကို အချစ်ဆုံး ဖြစ်ရမယ်။ မဟုတ်လို့ကတော့ ငါ....”

“သိပါတယ်။” ချန်လွေ့က ယောက္ခမဖြစ်သူ၏ မျိုးသုန်းရန် ခြိမ်းခြောက်မှုကို စောင့်မနေတော့ဘဲ အလျင်အမြန် တုံ့ပြန်လိုက်သည်။ ယောက္ခမပြောတာက အကျိုးအကြောင်း သင့်ပါတယ်။ ဒါပေမဲ့ သူ့မှာ မိန်းမတွေ ဒါဇင်လောက် ရှိတာမလား။

ဂျော့ချ်၏အကြည့် လေးနက်သွားသည်။ “ကောင်းပြီလေ။ အခု ငါ ခေါင်းကိုက် နေတယ်။ မင်းလိုမျိုး နတ်ဆိုးဘုံရဲ့ နာမည်ကျော် စွမ်းဆောင်ရည်ရှိတဲ့ ဝန်ကြီးက ငါ့ကို အဖြေရှာပေးနိုင်လောက်တယ်။”

“ပြောပါ။ ဗိုလချုပ်။”

ဂျော့်ချ် သက်ပြင်းချလိုက်သည်။ “သိပ်မကြာခင်က အဓိကနယ်မြေတွေနဲ့ အင်ပါယာက မိသားစုတွေ ပေါင်းပြီးတော့ ရီဂျန့်ကို ရန်ပုံငွေအကြောင်း မေးခဲ့တယ်။ အိုဆိုင်ဒန်က အဓိကနယ်မြေတွေနဲ့ မိသားစုတွေကို ယာယီတည်ငြိမ်စေဖို့အတွက် အရစ်ကျပြန်ပေးတဲ့နည်းကို မသုံးချင်ဘဲ သုံးခဲ့ရတယ်။ ဒါပေမဲ့ အဲဒီနောက် သူက စစ်ဘက်ရေးရာနဲ့ လက်နက်တွေမှာ အသုံးစရိတ် အများကြီး ဖြတ်တောက်ခဲ့တယ်။ အခု မှော်ဆရာ ခံတပ်ရဲ့ မှော်စက်ဝိုင်းတွေနဲ့ အကာအကွယ်တွေက အရေးတကြီး အသစ်ပြင် လိုနေပြီ။ စစ်သည်တွေရဲ့ လက်နက်တွေနဲ့ ချပ်ကာတွေကိုလည်း အစားထိုးဖို့ လိုအပ်နေပြီ။ ပိုက်ဆံတွေအများကြီး အရေးတကြီး လိုအပ်နေတာ။ ဒါပေမဲ့ မြို့တော်က စစ်အသုံးစရိတ်နဲ့ ရိက္ခာကို တစ်ဝက်နီးပါး ဖြတ်တောက်ခဲ့တယ်။ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် စစ်သည်တွေရဲ့ စိတ်ဓာတ် မတည်ငြိမ်နိုင်တော့သလို သွေးရောင်အင်ပါယာက တိုက်ခိုက်လာရင်လည်း ခုခံဖို့ ခက်ခဲသွားလိမ့်မယ်။”

ချန်လွေ့သည် သွေးရောင်အင်ပါယာ၌ ရောက်နေခဲ့သည်။ သူသည် ကြယ်ကြွေတမန် မြို့တော်၌ ဖြစ်ခဲ့သော ကြီးမားလှသည့် “ငွေကြေးတောင်းခံခြင်း” အဖြစ်အပျက်ကို မသိခဲ့ပေ။ အိုဆိုင်ဒန်၏ အချိန်ဆွဲထားခြင်းမှာ ချန်လွေ့ ထင်ထားသည့် အတိုင်းပင် ဖြစ်သည်။ ၎င်းသည် အဆုံးသတ်၍ ပို၍ပင် မတည်မငြိမ် ဖြစ်လာပေမည်။ အရာအားလုံးသည် သူစီစဉ်ထားသကဲ့သို့ပင် ချောချောမွေ့မွေ့ ဖြစ်နေခဲ့သည်။

ဗိုလ်ချုပ် ဂျော့ချ်၏ ပြဿနာကိုမူ ချန်လွေ့က ယုံကြည်ချက်ရှိသော အပြုံးမျိုး ပြသလိုက်သည်။ ချန်လွေ့တွင် အပေါဆုံးမှာ ပိုက်ဆံ ဖြစ်၏။

All Chapters