← Chapters

နယ်စပ်၌ကူညီရန် အပြေးသွားခြင်း

Vol. 31 Ch. 459

နယ်စပ်၌ကူညီရန် အပြေးသွားခြင်း

Vol. 31 Ch. 459

မျက်စိတစ်မှိတ်အတွင်းမှာပင် ကျယ်ဝန်းလှသော ဂိုဒေါင်တစ်ခုက‌ သလင်းကျောက် ဒင်္ဂါးအိတ်များနှင့် ပြည့်နှက်သွားခဲ့သည်။

၎င်းကိုမြင်သည့်အခါ အမြဲတမ်း တည်ငြိမ်နေသော ဂျော့ချ်သည်ပင် ကြောင်သွားရသည်။ ထို့နောက် သူ၏အမူအရာက ပျော်ရွှင်မှုအဖြစ် ပြောင်းလဲသွားသည်။ ထိုကဲ့သို့ သလင်းကျောက်ဒင်္ဂါး အများအပြားကို ထုတ်ရန်အတွက် ချန်လွေ့က မည်သည့်နည်း၊ မည်သည့် နေရာလွတ်မှော်ပညာကို အသုံးပြုခဲ့ကြောင်း သူမသိပေ။ ထို့ပြင် သူ၏သမက်၌ ထိုကဲ့သို့ငွေ အမြောက်အမြား ရှိနေလိမ့်မည်ဟုလည်း သူ မသိခဲ့ပေ။ သို့သော်လည်း ထိုငွေပမာဏဖြင့် လက်ရှိ သူရင်ဆိုင်နေရသော အကြီးမားဆုံး ပြဿနာကို ဖြေရှင်းနိုင်မည်မှာ သေချာပေသည်။

ဂျော့ခ်ျ၏ အံ့အားသင့်မှုမှာ ဆက်လက်ရှိနေသေးသည်။ ငွေကြေးအပြင် ချန်လွေ့က ခုခံမှု မှော်စက်ဝိုင်း ပုံကြမ်း အပြည့်အစုံ တစ်ခုကိုလည်း ထောက်ပံ့ပေးခဲ့သည်။ ၎င်းသည် ခံတပ်တစ်ခုလုံး၏ ခုခံမှုကို ထောင်ခြောက်အမျိုးမျိုးနှင့်အတူ သုံးဆ တိုးပေးနိုင်လေသည်။ တစ်ချိန်တည်းမှာပင် သူက အမှောင်လသို့ ပြန်ပြီးနောက်တွင် ဆန်းသစ်သော လက်နက်များ၊ ချပ်ကာများနှင့် အဆင့်အမြင့်ဆုံး မှော်လက်နက်များကို လျို့ဝှက် ပို့ဆောင်ရန် လူလွှတ်လိုက်မည်ဖြစ်ကြောင်း ဂျော့ချ်အား ကတိပေးခဲ့သည်။ ၎င်းသည် မှော်ဆရာခံတပ်မှ နဂါးနီဗိုလ်ခြေ၏ တိုက်ခိုက်ရေးကို ကြီးကြီးမားမား တိုးမြင့်စေနိုင်မည် ဖြစ်ပေသည်။

၎င်းတွင် နောက်ထပ် ရည်ရွယ်ချက်တစ်ခုလည်း ရှိတယ်။ မြို့တော်၌ လုပ်ဆောင်ချက် တစ်ခုခု သို့မဟုတ် ပြောင်းလဲမှုများ ရှိခဲ့လျှင် သူသည် အမှောင်လကို ထောက်ပံ့ရန်အတွက် သက်ဆိုင်ရာ စစ်ရေးလုပ်ဆောင်ချက်များ ပြုလုပ်နိုင်ပေသည်။

ချန်လွေ့၏လက်ဆောင်မှာ ဗိုလ်ခြေတစ်ခုလုံးအတွက်သာမက သူ၏ ယောက္ခမ အတွက်လည်း ဖြစ်သည်။ ယခင်တစ်ယောက် ဆေးရည်၅ပုလင်းတွင် ပြန်လည် ရှင်သန်ခြင်း ဆေးရည်မပါပေ။ ထို့ကြောင့် ချန်လွေ့က တမင်တကာပင် ဆေးရည်၂ပုလင်း လဲလှည်ပြီး ဂျော့ချ်အား လိုရမည်ရ ပေးလိုက်သည်။ ဒဏ္ဍာရီလာအဆင့် အဆင်တန်ဆာ တစ်ခုလည်း ပါဝင်ပေသည်။

ဂျော့ချ် အလွန်ပင် ကျေနပ်နေ၏။ ထိုပစ္စည်းများထက်စာလျှင် သူက ချန်လွေ့၏ စွမ်းရည်ကို ပိုမိုကျေနပ်နေသည်။ ထိုကဲ့သို့လူမျိုးက အသီနာကို ဂရုစိုက်ပေးသည့်အတွက် သူသည် အမှန်တကယ် စိတ်ချရနိုင်လေပြီ။

ထိုအချိန်၌ တစ်စုံတစ်ယောက်က ဌာနချုပ်သို့ အကြောင်းမကြားဘဲ အတင်း ဝင်လာသည်။ ချန်လွေ့သည် [ ရုပ်ဖျက်ခြင်း ] ကို အသက်သွင်းရန်ပင် အချိန်မရခဲ့ပေ။ သို့သော်လည်း ထိုကဲ့သို့ “အတင်းဝင်ရောက်”နိုင်သူတစ်ဦးသာ ရှိသည့်အတွက် ဂျော့်ချ်က ချန်လွေ့ကို မပုန်းခိုင်းခဲ့ပေ။

၎င်းမှာ ဆံပင်အတို အနီရောင်နှင့် မိန်းမလှတစ်ယောက် ဖြစ်သည်။ သူက နီညိုရောင် သားရေချပ်ကာကို ဝတ်ဆင်ထားသည်။ သူ၏ ဆံပင်ပုံစံနှင့် ဝတ်စုံမှာ အသီနာနှင့် အတော်လေး ဆင်တူသော်လည်း အနည်းငယ် ပို၍ ရင့်ကျက်သော ဆွဲဆောင်မှု ရှိနေသည်။

“ဂျော့်ချ်။ ဤကဲ့သို့ စစ်တန်းလျား၌ ထိုအမျိုးသမီး၏ အခေါ်အဝေါ်မှာ အတော်လေး ပုံမှန်ဖြစ်နေသည်။

စွမ်းအားအကဲဖြတ်မှု - A +

ခွန်အား - A +

ခန္ဓာအမျိုးအစား - A +

စိတ်ဝိညာဉ် - A –

အမြန်နှုန်း - A

[ ဂုဏ်သတ္တိ ] - မီးဂုဏ်သတ္တိ။

ချန်လွေ့က အသီနာပြောခဲ့ဖူးသော သူနှင့် အရင်းနှီးဆုံး “‌ဒေါ်လေး” အကြောင်းကို တွေးမိလိုက်ပြီး ရုတ်တရက် သဘောပေါက်သွားသည်။

ဗိုလ်ချုပ်ဂျော့ချ်က အသာလေး ပြုံးလိုက်သည်။ “လာပါဦး။ ဂလိုရီယာ။ ငါတို့ ဧည့်သည်ကို လာတွေ့ဦး။”

“ဧည့်သည်လား။” ဂလိုရီယာက ချန်လွေ့ကို သုံးလေးခေါက် ကြည့်လိုက်သည်။ သူက ရွံရှာမှုကို မဖုံးကွယ်ထားခဲ့ပေ။ “ဒီလိုအားနည်းတဲ့သူလား။”

“ဒါက ဂလိုရီယာ။ နဂါးမ။ နဂါးနီဗိုလ်ခြေရဲ့ ဒုတိယခေါင်းဆောင်။ ငါ့ရဲ့ ၁၃ယောက်မြောက် မိန်းမ။ အသီနာရဲ့ သဘောအကျဆုံး အဒေါ်။”

ဂျော့ချ်က အချင်းချင်း မိတ်ဆက်ပေးလိုက်သည်။ “သူက ချန်လွေ့။ ငါတို့ သမီးလေးရဲ့ အချစ်ရဆုံးသူ။ နာမည်ကျော်အမှောင်လနယ်မြေရဲ့ ဘဏ္ဍာရေးအရာရှိတဲ့ နတ်ဆိုးဘုံမှာ စွမ်းဆောင်ရည်ရှိတဲ့ အရာရှိတစ်ယောက်...အမ်း.... အနည်းဆုံးတော့ အပေါ်ယံမှာ ဒီလိုမျိုးပေါ့။”

“နင်က လူသားလား။” ဂလိုရီယာက မထင်မှတ်ထားသော အမူအရာ ပြသလိုက်သည်။ သူက ချန်လွေ့ကို ကြည့်ပြီး ရုတ်တရက် အေးစက်စက် ပြောလိုက်သည်။ “အားနည်းပြီးတော့ ချည်းနဲ့တဲ့သူပဲ။ ငါတို့မင်းသမီးလေးက နင့်လိုလူကို ဘာလို့ သဘောကျသွားတာလဲ မသိဘူး။ တကယ်လို့ တစ်နေ့ကျရင် တရင်းတနှီး ပွေ့ဖက်တာကနေ သူ့ရဲ့ ကြွက်သားတွေကို မတော်တဆ ပြုတ်ထွက်သွားရင်ကော... ပြီးတော့လည်း ဟီးဟီး.....” ထိုစကားလမ်းကြောင်း၏ ရဲတင်းမှုက ချန်လွေ့ကို ချွေးပြန်သွားစေသည်။ သို့သော်လည်း ဂျော့ချ်က ဘာမျှမပြောပေ။ သူက သမက်ဖြစ်သူကို ကူညီချင်စိတ် လုံးဝရှိပုံ မရချေ။ ကြည့်ရတာ ငါ့ယောက္ခမရဲ့ အဆင့်ကို ကျော်ဖြတ်ဖို့ ကိုယ့်ဘာသာ လုပ်ရမယ့်ပုံပဲ။

“လှပတဲ့ မဒမ်-ဂလိုရီယာ။ ခင်ဗျားက သူ သဘောအကျဆုံးနဲ့ အလေးစားရဆုံး မိန်းမလို့ အသီနာပြောဖူးတယ်။ သူက ခင်ဗျားကို အများကြီး အတုယူထားတာပဲ။ ဒါဆို ကျုပ်ဆီက လက်ဆောင်အသေးလေးကို လက်ခံပေးပါ။”

ချန်လွေ့ မျက်လုံးလှန်လိုက်သည်။ သူ၏လက်ထဲ၌ လက်သီးအရွယ် ရဲရဲနီနေသော ကျောက်မျက်တစ်ခု ရှိနေ၏။ အပြစ်အနာအဆာကင်းမဲ့သော ထောင့်စွန်းများက ခမ်းနားလှ‌သော အလင်းရောင်များကို ရောင်ပြန်ဟပ်နေလေသည်။

“ဒါက...ဒါက ဒဏ္ဍာရီလာ နီရဲရဲအင်ပါယာ မျက်လုံးလား။” ဂလိုရီယာက အရည်အသွေးကောင်းသော ပစ္စည်းများကို ခွဲခြားတတ်သော နဂါးတစ်ကောင် ဖြစ်သည်မှာ အသေအချာပင် ဖြစ်သည်။ သူ၏အနီရောင်မျက်လုံးများက ရုတ်တရက် အရောင်လက်သွားခဲ့သည်။ ကျောက်မျက်ကို လက်ခံပြီးတော့ သူက ချန်လွေ့ကို အနည်းငယ် ချီးမွမ်းပြီးနောက် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ သူက ပြတ်သားမှု တစ်ခုဖြင့် ထိုကျောက်မျက်ကို ဗိုလ်ချုပ်ဂျော့ချ်ထံ တွန့်ဆုတ်ဆုတ်နှင့် ကမ်းပေးလိုက်သည်။ “ဒါနဲ့ဆိုရင် စစ်သည်တွေရဲ့လစာက ပြဿနာ မဟုတ်လောက် တော့ဘူး။”

ထိုလုပ်ရပ်က ချန်လွေ့ကို အံ့သြသွားစေသည်။ နဂါးတစ်ကောင်အနေဖြင့် ထိုမဒမ်သည် ခက်ခဲလှပြီး မျှော်လင့်၍မရနိုင်သော ဆုံးဖြတ်ချက်တစ်ခုကို အမှန်တကယ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ဂျော့ချ်က ပြုံးရင်း ခေါင်းခါလိုက်သည်။ “မင်းပြောတဲ့ ဒီအားနည်းတဲ့သူက ငါတို့ရဲ့အကြီးမားဆုံး ပြဿနာကို ဖြေရှင်းပေးခဲ့ပြီးပြီ။ ဒါက သူမင်းကို ကိုယ်တိုင်ပေးတဲ့ လက်ဆောင်ပဲ။ မင်း လွတ်လွတ်လပ်လပ် လက်ခံလို့ ရပါတယ်။”

“အကြီးမားဆုံးပြဿနာကို ဖြေရှင်းနိုင်သွားပြီလား။” ဂလိုရီယာက အံ့အားသင့်သွား ခဲ့သည်။ သူက အလျင်အမြန်ကို နီရဲရဲအင်ပါယာ မျက်လုံးကို ကျစ်ကျစ်ဆုပ်ပြီး လေသံပြောင်းလိုက်သည်။ “ငါတို့မင်းသမီးကရဲ့အကြိုက်က ကောင်းနေသေးတဲ့ပုံပဲ။ အနည်းဆုံးတော့ မင်းက နည်နည်းလေး စွမ်းဆောင်ရည်ရှိပြီးတော့ ကပ်စေးနဲ မဟုတ်ဘူး။”

ထင်ထားတဲ့အတိုင်း နဂါးတွေက နဂါးတွေပါပဲ။ သူတို့ကြိုက်မကြိုက် ဆုံးဖြတ်တာက နည်းနည်း ဘက်လိုက်တယ်။ ချန်လွေ့က စိတ်ထဲ၌ ရယ်ချင်သွားသည်။ ဂျော့ချ်က မေးလိုက်သည်။ “ဒါနဲ့ မင်းက ဒီလိုအမြန်ရောက်လာတယ်ဆိုတော့ အခြေအနေ တစ်ခုခု ထူးခြားလို့လား။” ဂျော့ချ် ထိုသို့ပြောလိုက်သောအခါ ဂလိုရီယာက ပတ္တမြားကို သိမ်းထားပြီး လေးလေးနက်နက် ပြောသည်။ “ဖရန်စစ်နဲ့ ပတ်သက်ပြီးတော့ တစ်ခုခု ပြဿနာ တက်နေလောက်တယ်။ အခုအထိ သူနဲ့ အဆက်အသွယ် မရသေးဘူး။”

ဂျော့ချ် မျက်မှောင်ကြုတ်လိုက်သည်။ “ဒီတစ်ခေါက် သူက လူအင်အား အများကြီး မယူသွားပေမဲ့ အကုန်လုံးက လက်ရွေးစင်တွေပဲ။ ဧကန္တ တစ်ဖက်က....”

“နောက်ဆုံးရထားတဲ့ သတင်းအရဆိုရင် သွေးရောင်အင်ပါယာရဲ့ မီးလျှံဗိုလ်ခြေကို တပ်မှူးတစ်ယောက် အသစ်ပြောင်းလာတဲ့ပုံပဲ။ အရင်လှည့်ကွက်သူကို သူကပဲ ဖန်တီးခဲ့တာ။ ဒီတစ်ခေါက် ဖရန်စစ် ပြင်ဆင်တာက ကိုယ့်တပ်ကိုယ်ပြန်နင်းသလို ဖြစ်နေလောက်တယ်။”

လက်စသတ်တော့ သွေးရောင်အင်ပါယာနဲ့ ကြယ်ကြွေတမန်အင်ပါယာကြားက နယ်စပ်ပဋိပက္ခက တစ်ခါမှ ရပ်မသွားခဲ့တာကိုး။ အများဆုံးကိစ္စမှာ နယ်စပ်ပြဿနာ ဖြစ်သည်။ နယ်စပ်ကို ကိုယ်စားပြုသော ကျောက်တိုင်က နှစ်ဖက်စလုံးကြောင်း အကြိမ်များစွာ အခေါက်ခေါက် ရွှေ့ပြောင်းခဲ့ရသည်။ သူတို့သည် မြေနေရာ တစ်လက်မ တိုင်းအတွက် အမှန်တကယ် တိုက်ခိုက်နေကြခြင်း ဖြစ်သည်။

ထို့ကြောင့် မကြာခဏ တိုက်ပွဲအသေးလေးများ ဖြစ်ကြခြင်း ဖြစ်သည်။ သို့သော် တိုင်းပြည်နှစ်ခုမှာ “ရင်းနီးသော အိမ်နီးချင်းများ” ဖြစ်ကြသည်။ ထိုကဲ့သို့ တိုက်ပွဲမျိုးကို သူခိုးဓားပြအုပ်စုနာမည်ဖြင့် တိုက်ခိုက်ကြသည်။ သူတို့သည် ကုန်သည်များ၊ အရပ်သားများကို မလုယက်ကြပေ။ ၎င်းမှာ သူတို့အကြားရှိ အသေအကြေ တိုက်ခိုက်မှု တစ်ခုသာ ဖြစ်ပြီး ရှုံးနိမ့်သူသည် အင်ပါယာနာမည်ဖြင့် အတိအလင်း အပြစ်တင်၍ မရပေ။ ၎င်းမှာ “မရေးသားထားသောစည်းမျဉ်း”မျိုး ဖြစ်ပေသည်။

သိပ်မကြာခင်က ဒေါသမီးလျှံဗိုလ်ခြေဘက်မှ တိုက်ခိုက်မှုများ ခဏခဏ ဖြစ်နေခဲ့သည်။ ဗိုလ်-ဖရန်စစ်က အဖွဲ့တစ်ဖွဲ့ကို ကိုယ်တိုင်ဦးဆောင်ပြီး ရန်သူကို ချောင်းမြောင်းတိုက်ခိုက်ရန် ပြင်ဆင်ခဲ့သည်။ သို့သော် နံနက်ပိုင်းတွင် ပြင်ဆင်ပြီးနောက် သတင်းမကြားရတော့ပေ။ သူ အန္တရာယ်ကျရောက်နိုင်ချေ များလေသည်။

“တပ်မှူးအသစ်က ဘယ်သူလဲဆိုတာ ကျုပ်သိတယ်လို့ ထင်တယ်။” ချန်လွေ့သည် သိပ်မကြာခင်က အမှောင်နတ်ဆိုး ထောက်ပံ့ပေးသော သွေးရောင်အင်ပါယာမှ သတင်းအချက်လက်များကို ပြန်တွေးပြီး ကြားဖြတ်ပြောလိုက်သည်။ “ဘူဘိုဝါ။”

ဂျော့ချ်က ထိုသတင်း၏ တိကျမှုကို မေးခွန်းမထုတ်ခဲ့ပေ။ သူက ပို၍ပင် မျက်မှောင်ကြုတ်လိုက်သည်။ “မူလသွေးလှိုင်းဗိုလ်ခြေခေါင်းဆောင် ဂေါ်ဒွန်ရဲ့ လက်ထောက်လား။ ငါသူ့ကို တစ်ခါမှ မတိုက်ခိုက်ဖူးပေမဲ့ သူက ခက်ခဲတဲ့ ပြိုင်ဘက် တစ်ယောက်လို့ ကြားတယ်။ ဒီလိုဆိုမှတော့ ငါတို့တွေ ဖရန်စစ်ကို ချက်ချင်း စစ်ကူပေးရတော့မယ့်ပုံပဲ။”

ဖရန်စစ်သည် ဂျော့ချ်၏ အင်အားအကြီးဆုံး လက်ထောက်များထဲမှ တစ်ယောက် ဖြစ်သည်။ သူက နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်းစွမ်းအားကို ပိုင်ဆိုင်သည်။ သူက စစ်တပ်၌ အလွန်အမင်း ဂုဏ်သြဇာ ရှိသည်။ သူက မမျှော်လင့်ထားသော အဖြစ်အပျက်နှင့် ကြုံတွေ့ခဲ့လျှင် နဂါးနီဗိုလ်ခြေနှင့် မှော်ဆရာခံတပ်အတွက် တိုင်းတာ၍မရသော ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်သွားပေလိမ့်မည်။

“ဖရန်စစ် ချောင်းမြောင်းတိုက်ခိုက်ဖို့ ပြင်ဆင်တဲ့နေရာက ဝေဂျူး တောင်ကြားပဲ။ ကျွန်မ အခုပဲ သူ့ကို သွားကယ်လိုက်မယ်။”

ဂလိုရီယာ ချက်ချင်း ပြောလိုက်သည်။ သူက ထောက်လှမ်းရေးနှင့် သတင်း အချက်အလက်များ နေရာချထားမှုကို အသေးစိတ် ရှင်းပြခဲ့သည်။

ဂျော့ချ် ခဏတွေးပြီး ခေါင်းခါလိုက်သည်။ “မင်းရဲ့ဒဏ်ရာဟော်ငးက ပြန်မကောင်းသေးဘူး။ ဒီတစ်ခေါက်က ဘူဘိုဝါရဲ့လှည့်ကွက် ဖြစ်နိုင်တယ်။ မင်း အတင်းဝင်သွားရင် အန္တရာယ် ပိုကြီးသွားနိုင်လောက်တယ်။ အဲဒီကို ငါကိုယ်တိုင်သွားဖို့ ဆုံးဖြတ်ပြီးပြီ။ ငါ နတ်ဆိုးအရှင်သခင်အဆင့် ရောက်ပြီးတာကို ရန်သူ မသိသေးဘူး။ ဒါက မထင်မှတ်ထားတဲ့ သက်ရောက်မှုတွေ ရှိနိုင်တယ်။”

“မဖြစ်ဘူး။” ဂလိုရီယာက ချက်ချင်းပင် သဘောမတူကြောင်း ပြောသည်။ “ရှင်က ဗိုလ်ခြေရဲ့ အမြင့်ဆုံး တပ်မှူးပဲ။ ရှင်က ဘယ်လိုလုပ် ကိုယ်တိုင် အရဲစွန့်ရမှာလဲ။ အန္တရာယ် တစ်ခုခု ဖြစ်သွားခဲ့ရင် ဗိုလ်ခြေက ဆုံးရှုံးမှာကို ခံနိုင်မှာ မဟုတ်ဘူး။ ကျွန်မသွားတာ ပိုကောင်းမယ်။ ကျွန်မရဲ့ ပျံသန်းတဲ့ အမြန်နှုန်းနဲ့ဆိုရင် အဲဒီကို အမြန်ဆုံး ရောက်နိုင်လောက်တယ်။”

စကားအချေအတင်ဖြစ်နေစဉ်အတွင်း အသံတစ်သံ ထွက်ပေါ်လာသည်။ “ကျုပ်သွားမယ်။”

ထိုအသံမှာ မှော်သဲခုံကို ကြည့်နေသော ချန်လွေ့ထံမှ ဖြစ်သည်။ ဂျော့ချ်နှင့် ဂလိုရီယာတို့ အံ့အားသင့်သွားကြသည်။ ဂလိုရီယာက စိတ်ဆိုးဆိုးနှင့် ပြောသည်။ “ငါ့ကို ပြဿနာပိုရှုပ်အောင် မလုပ်နဲ့။ ဒါက နေရာတိုင်းမှာ တိုက်ပွဲဖြစ်နေတဲ့ နယ်စပ်။ အမှောင်လလိုမျိုး အန္တရာယ်ကင်းတဲ့ အပန်းဖြေပန်းခြံ မဟုတ်ဘူး။”

ချန်လွေ့က အသာလေး ပြောလိုက်သည်။ “ဗိုလ်ချုပ်။ ကျုပ် ပြောစရာ တစ်ခု ရှိတယ်။ ကျုပ်တို့ရဲ့နည်းဗျူဟာကို ပြန်ချမှတ်ဖို့ လိုတယ်။”

ဂလိုရီယာက စကားပြောရန်ပြင်လိုက်သော်လည်း သူ၏ မျက်နှာပေါ်မှ ရွံရှာမှုသည် ရုတ်တရက် အံ့အားသင့်မှုအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူက ချန်လွေ့၏ မျက်နှာသည် အလျင်အမြန်ပင် သူစိမ်းမျက်နှာတစ်ခုသို့ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်။ သူ၏ခန္ဓာကိုယ်မှ အငွေ့အသက်လည်း ပြောင်းလဲသွားခဲ့သည်။ ဂလိုရီယာသည်ပင် လျစ်လျူရှု၍မရသော ခြိမ်းခြောက်မှုတစ်ခုကို ခံစားလိုက်ရသည်။

“မဒမ်-ဂလိုရီယာ။ ဒီဆေးရည်တွေကို လက်ခံပေးပါ။ ဒါတွေက ခင်ဗျားရဲ့ ဒဏ်ရာတွေကို အပြည့်အဝ မကုသနိုင်ပေမဲ့ သာမန်ဆေးရည်တွေ မလုပ်နိုင်တာတွေကို လုပ်နိုင်တယ်။ တစ်ချိန်တည်းမှာပဲ ဒီစီမံကိန်းက ခင်ဗျားရဲ့စွမ်းအားအပေါ်မှာ မှီခိုဖို့ လိုတယ်။ အနည်းဆုံးတော့ မဒမ်က အပေါ်ယံမှာ အဓိက တိုက်ခိုက်ပြီးတော့ ရန်သူကို အာရုံစိုက်လာအောင် လုပ်ရမယ်။”

ချန်လွေ့သည် ခုနက ဂလိုရီယာပြောသော သတင်းကိုကြားခဲ့ပြီး မှော်သဲခုံမှ တည်နေရာကို ရှာတွေ့သွားခဲ့သည်။

သူ စကားမဆုံးသေးခင်မှာပင် ဂျော့ချ်၏မျက်လုံးများ အရောင်တောက်သွား၏။ “မျှားခေါ်တဲ့ ဗျူဟာလား။”

“အမှန်ပဲ။” ချန်လွေ့က အဘိုးကြီး၏ လျင်မြန်သော တုံ့ပြန်မှုကို ချီးမွမ်းလိုက်သည်။ “ကျုပ်က ရန်သူမဟုတ်ဘူးဆိုတာကို သက်သေပြဖို့ တစ်ခုခု လိုမယ်ထင်တယ်။”

ဂျော့ချ်က သူ့ခါးမှ ဓားကို ဆွဲထုတ်လိုက်သည်။ “ဒီ ခြင်္သေ့သွားဓားက မင်းအတွက်။ မင်း ဒါကို သုံးပြီးတော့ ဖရန်စစ်နဲ့ သူ့လူတွေကို အမိန့်ပေးလို့ရတယ်။ သူတို့ အသက်ရှင်နေသေးရင်ပေါ့။”

ချန်လွေ့က ခြင်္သေ့သွားဓားကို ယူပြီး သိုလှောင်ဂိုဒေါင်ထဲ၌ သိမ်းထားလိုက်သည်။ “ဒါဆို အချိန်မဆွဲတော့ဘဲ အခု သွားလိုက်တော့မယ်။”

ဂျော့ချ် ခေါင်းညိတ်ပြီး ရုတ်တရက် မေးလိုက်သည်။ “မင်းက ဂျို့ရှ် နဲ့ ရုစ်ကို အနိုင်ယူခဲ့တာလား။” ချန်လွေ့က အသာလေးပြုံးလိုက်ပြီး ပြန်မဖြေခဲ့ပေ။ ထို့နောက် လှည့်ထွက်သွားလိုက်သည်။

ဂျော့ချ်က အဝေးမှ ချန်လွေ့၏ပုံရိပ်ကို စိုက်ကြည့်နေလိုက်သည်။ “အသီနာရဲ့ အကြိုက်က ဘယ်လိုလဲ။” ဂလိုရီယာ ခေါင်းညိတ်လိုက်သည်။ ရုတ်တရက် သူက ဉာဏ်ကောင်းသည့်ပုံစံ ပြသလိုက်သည်။ “ကျွန်မထက် ပိုသာတယ်။”

“…” ယောက္ခမဖြစ်သူက ရှားရှားပါးပါး အသက်ရှူကြပ်သွားခဲ့သည်။

မှော်ဆရာခံတပ်မှ ထွက်သွားပြီးနောက် ချန်လွေ့က ဝေဂျူး တောင်ကြားသို့ ဦးတည်သွားခဲ့သည်။

ပုံမှန်အားဖြင့် သွေးရောင်အင်ပါယာစစ်တပ်နှင့် ကြယ်ကြွေတမန်အင်ပါယာကြားမှ ပဋိက္ခသည် အဓိကလမ်းမနှင့်ဝေးသော ချောင်ကျသည့်နေရာ၌ ဖြစ်တတ်သည်။ ဝေဂျူး တောင်ကြားသည် အန္တရာယ်များသော ချောင်ကျသည့် တောင်ကြားတစ်ခု ဖြစ်လေသည်။

လျို့ဝှက်သော တစ်နေရာရာ၌ -

“ဗိုလ်ချုပ် ပါမီရာ။ နဂါးနီဗိုလ်ခြေကလူတွေ မှော်မြှုပ်ထားတဲ့မိုင်းကြောင့် အတော်လေး ထိခိုက်ကုန်ပြီး လိုဏ်ဂူထဲမှာ ပိတ်မိနေကြတယ်။ ဖရန်စစ်လည်း အဲဒီမှာ ရှိတယ်။ သူတို့ကို ချေမှုန်းဖို့ပဲ အာရုံစိုက်ပါလား။ အခုဘာဖြစ်သွားလဲ။ သံချပ်ကာ လေတပ်တွေအားလုံးကို အရေးတကြီး ရွှေ့ပြောင်းနေရပြီ။ သူတို့တွေ ကြံရာမရ ဖြစ်သွားရင် ချေမှုန်းဖို့ ခက်ခဲသွားနိုင်တယ်။” ဘေးဖက်မှ မန်မွန်မိသားစု ဗိုလ်ချုပ် တစ်ယောက်က အော်ပြောလိုက်သည်။

“ရိုချက်စတာ။ မင်းက တော်တော် သွေးဆူတဲ့ကောင်ပဲ။ မင်းဘာကို စိုးရိမ်နေတာလဲ။ ဖရန်စစ်က ငါးသေးလေး တစ်ကောင်ပဲ။ ဒီတစ်ခေါက် ငါတို့ရဲ့ပန်းတိုင်းက ငါးအကြီးကြီး။ အနည်းဆုံး နဂါးနီဗိုလ်ခြေရဲ့ ဒုတိယ ခေါင်းဆောင်ပဲ။ ရှေ့က မှော်စက်ဝိုင်းကိုမြင်လား။ အဲဒါကို ဗိုလ်ချုပ် ဘူဘိုဝါ ပုံစံဆွဲထားတာ။ ဒါက ကုန်ကြမ်းတွေ၊ လုပ်အားတွေ တော်တော်လေး ကုန်ခဲ့တာ။ ဒီနယ်မြေမှာ ရန်သူက လှည့်ကွက်တွေ လုပ်မယ်ဆိုတာ ဗိုလ်ချုပ် ဘူဘိုဝါက အရင်ကတည်းက မြင်ခဲ့ပြီးသား။ မြှုပ်ထားတဲ့မိုင်း ပေါက်သွားရင် မှော်စက်ဝိုင်းက အလိုအလျောက် ပွင့်သွားပြီးတော့ ငါးကြီးမိဖို့ စောင့်နေလိမ့်မယ်။”

“မှော်စက်ဝိုင်းက တစ်ခါပဲ ဖွင့်လို့ရတယ်။ ငါတို့ ဒါက ဖရန်စစ်အတွက် သုံးလိုက်မယ်ဆိုရင် ငါးကြီးလာတဲ့အခါ ဘာလုပ်ရမှာလဲ။ အခု ငါတို့တွေ ဖရန်စစ်ကို ဝိုင်းပြီး တိုက်ခိုက်လို့ပဲ ရမယ်။ ပြီး‌တော့ ငါးကြီး မလာဘူးဆိုရင် ဖရန်စစ်က ဒီမှာ ရှိနေတုန်းပဲ မဟုတ်ဘူးလား။ အဲဒီအချိန် ငါတို့ သူ့ကို အသုံးချပြီးတော့ မှော်စက်ဝိုင်းကို အသက်ဝင်အောင် လုပ်လို့ရတယ်။ သူတို့ မသေရင်တောင် ဒဏ်ရာအပြင်းအထန် ရနေတဲ့ အမှိုက်တွေကို ငါတို့ မရှင်းနိုင်ဘူးလား။”

ရိုချက်စတာ ရယ်လိုက်သည်။ “သဘောပေါက်ပြီ။ ဗိုလ်ချုပ် ဘူဘိုဝါက တကယ် ဉာဏ်များတာပဲ....အအင်း... သိပ်ကောင်းတဲ့ အစီအစဉ်ပဲ။” ထိုအချိန်၌ အဝေးမှ သိပ်သည်းပြီး မူမမှန်သော အသံများ ထွက်ပေါ်လာသည်။ စစ်သည်အချို့က အော်ပြောလိုက်ကြသည်။ “ဗိုလ်ချုပ် ပါမီရာ။ အဲဒါ ဘာလဲ။”

“နတ်ဆိုးသားရဲတွေ။” ပါမီယာက ၎င်းနှင့်ပတ်သက်ပြီး ခံစားချက်မကောင်းပေ။

နတ်ဆိုးသားရဲတစ်အုပ်က သူတို့ထံ အလျင်အမြန် ပြေးဝင်လာကြသည်။ အတော်များများက အမှန်တကယ်ပင် မှော်စက်ဝိုင်း၏ အဓိကသော့ချက်ဖြစ်သော ခလုတ်နေရာများကို ဝင်တိုက်သွားကြလေသည်။

ပါမီရာက ၎င်းကို သေသေချာချာ မြင်လိုက်ပြီး ထိတ်လန့်သွားသည်။ “ချီးပဲ။ အဲဒီ နတ်ဆိုးသားရဲတွေကိုတား။ သူတို့ကို လေးတွေ မြားတွေနဲ့ ပစ်။” သို့သော်လည်း နောက်ကျသွားခဲ့လေပြီ။ အင်အားကြီးသော မှော်စက်ဝိုင်းက စွမ်းအားအကုန် ထုတ်လိုက်သည်။ လျှပ်စစ်မီးပွင့်များ ပေါက်ကွဲမှုများ ရုတ်တရက် ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ရာ တုန်ခါမှုများ တစ်ခုပြီးတစ်ခု ဖြစ်လာသည်။ မှော်စက်ဝိုင်းစွမ်းအားမှာ ထူးခြားလွန်းလှသည်။ ပေါက်ကွဲမှုမှာ ၁၀မိနစ်ကျော် ဖြစ်ပွားနေခဲ့သည်။ အနီးအနားရှိ သွေးရောင်အင်ပါယာမှ စစ်သည်များက ထိခိုက်မခံရစေရန်အတွက် အကာအကွယ်ထဲ၌ ပုန်းအောင်းနေကြသည်။

အပြာဖျော့ရောင်မျက်နှာဖုံးနှင့် ပုံရိပ်တစ်ခုက အလွန်လျင်မြန်စွာ ပျံသန်းပြီး ချက်ချင်း ထိုးဆင်းသွားကာ မှော်စက်ဝိုင်းနောက်ဘက်မှ လိုဏ်ဂူထဲ၌ ပေါ်ထွက် လာသည်ကို မည်သူမှ မမြင်ခဲ့ပေ။

အချိန်အတော်ကြာပြီးနောက် မီးခိုးများ ရှင်းလင်းသွားသောအခါ မြေပြင်တွင် နတ်ဆိုးသားရဲများ၏ အလောင်းများ ပြည့်နှက်နေခဲ့သည်။ ရှင်ကျန်သူအချို့သာ လွတ်မြောက်သွားခဲ့သည်။

ပါမီယာ ဒေါသထွက်သွားသည်။ အသေအချာပြင်ဆင်ထားသော အစီအစဉ်က ရုတ်တရက် နတ်ဆိုးသားရဲတစ်အုပ်ကြောင့် ပျက်စီးသွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ မှော်စက်ဝိုင်းမရှိလျှင် သံချပ်ကာလေတပ်က အလျင်အမြန် ပို့ဆောင်ပြီးပြီ ဖြစ်သည်။ ရန်သူ၏ “ငါးကြီး” ရောက်လာသည့်တိုင် ကူကယ်ရာမဲ့သွားပေလိမ့်မည်။

ထိုအချိန်၌ စစ်သည်များအကြား အုတ်အော်သောင်းတင်း ဖြစ်သွားခဲ့သည်။ အနီးအနား၌ ရန်သူတစ်ဖွဲ့ ရုတ်တရက် ပေါ်ထွက်လာခြင်း ဖြစ်သည်။ ၎င်းတို့အားလုံးသည် ဖုန်များဖြင့်း ပေကျံနေပြီး ခေါင်းဆောင်မှာ ပြိုင်ဘက်ဟောင်း ဖရန်စစ်ပင် ဖြစ်သည်။ ထူးခြားသည့် ဝတ်ရုံနှင့် မျက်နှာစိမ်းကို ပါမီယာ သတိထားမိသွားပြီး ထိုသူ၏မျက်နှာတွင် ဖုန်ရှိမနေပေ။ သူသည် လူအုပ်ကြားထဲ၌ အတော်လေး ထင်းနေလေသည်။

ပါမီရာနှင့် ဖရန်စစ်တို့ တိုက်ခိုက်သည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ ယခုတွင် မှော်စက်ဝိုင်းပြိုကွဲသွားပြီး သူတို့၏စွမ်းအားများကလည်း ရွှေ့ပြောင်းသွားပြီ ဖြစ်သည်။ ယခုရောက်ရှိသော “ငါးကြီး”မှာ စစ်ကူများ ဖြစ်နိုင်ပေသည်။ ထို့ကြောင့် နှစ်ဖက်စလုံးက အပိုမပြောတော့ဘဲ တိုက်ခိုက်ကြတော့သည်။

ပါမီရာတွင် အစွမ်းအထက်ဆုံး သံချပ်ကာလေတပ် မရှိသော်လည်း ကိုယ်တိုင်က နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်း ဖြစ်သည်။ ထို့ပြင် သွေးရောင်အင်ပါယာ စစ်တပ်၏ အရေအတွက်နှင့် အဆင့်အတန်းမှာ မှော်မိုင်းတွင်းများကြောင့် အပြင်းအထန် ဒဏ်ရာရကာ တိုက်ခိုက်ရေးစွမ်းအား လျော့ကျနေသူများထက် ပိုသာလွန်သည်။ ပါမီရာက သူသည် ရန်သူအားလုံးကို ရှင်းပစ်နိုင်မည်ဟု ယုံကြည်ချက် ရှိနေသည်။

ထိုအချိန်၌ ကြယ်ကြွေတမန်အင်ပါယာ စစ်သည်အားလုံး၏ ခြေထောက်အောက်၌ အနီရောင်ဖျော့ဖျော့ အလင်းတစ်ခု ပေါ်ထွက်လာပြီး သူတို့၏အမြန်နှုန်း နှင့် တိုက်ခိုက်ရေး စွမ်းအားတို့ ရုတ်တရက် တိုးပွားကုန်သည်။ အထူးသဖြင့် အမြန်နှုန်းမှာ တစ်ဆနှစ်ဆ တိုးပွားသွားခဲ့သည်။

၎င်းမှာ ဆန်းကြယ်ကျောက်စိမ်းချပ်ကာ၏ [ သွေးပူရောင်လျှံ ] အပါအဝင် နှင်းအပ်သစ်သီးနှင့် ခြေလှမ်းဖိနပ်တို့ကြောင့် ဖြစ်ပေသည်။ အခြေအနေမှာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ နဂါးနီဗိုလ်ခြေမှ စစ်သည်များက အမှန်တကယ်ကို အရေအတွက် များလှသော ရန်သူများကို ဖိနှိပ်နိုင်သွားကြသည်။ ဖရန်စစ်၏ ဦးဆောင်မှုအောက်တွင် သူတို့သည် ရန်သူများကို ချေမှုန်းပြီး ဒေါသမီးလျှံ ဗိုလ်ခြေ၏ အသေအကြေ အလျင်အမြန် တိုးပွားလာခဲ့သည်။

ပါမီရာက ဖရန်စစ်ကို ကိုယ်တိုင် ရှင်းပစ်ချင်ခဲ့သည်။ သို့သော်လည်း ဖရန်စစ်က သူနှင့် တစ်ဦးချင်းတိုက်ခိုက်ရန် အကြံ မရှိပေ။ သူက အားအနည်းဆုံးသော ဒေါသမီးလျှံ စစ်သည်များထံ တစ်ခါတည်း ပြေးဝင်သွားပြီး အေးအေးဆေးဆေး သတ်ပစ်တော့သည်။

ပါမီရာ ဒေါသထွက်သွားသည်။ သူက ဖရန်စစ်ကို ကြားဖြတ်ရန်ပြင်လိုက်စဉ် အသံတစ်သံ ထွက်လာသည်။ “ခင်ဗျားရဲ့ပြိုင်ဘက်က ကျုပ်ပဲ။ ဗိုလ်ချုပ် ပါမီရာ။”

All Chapters