← Chapters

အလစ်ချောင်းတိုက်ခြင်း နှင့် [ နွေပိုင်နက် ]

Vol. 31 Ch. 460

အလစ်ချောင်းတိုက်ခြင်း နှင့် [ နွေပိုင်နက် ]

Vol. 31 Ch. 460

ပါမီရာက နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်းစွမ်းအား ထုတ်လွှတ်နေသော ဝတ်ရုံနှင့် သူစိမ်းတစ်ယောက်ကို ကြည့်လိုက်သည်။ ထိုသူက မအောင်မြင်ရသည့် အကြောင်းအရင်း ဖြစ်မည်ကို သူသိသည်။ တစ်ခါမှမမြင်ဖူးသော “အနီရောင်တိုးမြှင့်မှု” သည်ပင် ထိုရန်သူက အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ပါမီရာ ဒေါသတကြီး အော်လိုက်ပြီး သူ၏လက်သီးပေါ်တွင် အနက်ရောင်အငွေ့အသက်တစ်ခု ပေါ်ထွက်လာသည်။ ၎င်းမှာ တော်ဝင်မိသားစု ပါရမီဖြစ်သော [ ဒုစရိုက်အလင်း ] ဖြစ်သည်။ ပါမီရာ၏ စွမ်းအားကလည်း နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်း ဖြစ်သည်။ နှစ်ဖက်စလုံး၏စွမ်းအား တူညီနေသည်ဟု သူ ထင်ထားခဲ့သည်။ သူက တော်ဝင်မိသားစု၏ ပါရမီကို အသုံးချပြီး ထိုသူကို အနိုင်ယူနိုင်သည်နှင့် နဂါးနီဗိုလ်ခြေ၏ တိုးမြှင့်မှော်ပညာ ပျောက်ကွယ်သွားမည်မှာ သေချာသည်။ ထို့နောက်တွင် ဖရန်စစ်နှင့် အခြားသူများကို ‌ဖြေရှင်းရန် ခက်ခဲလိမ့်မည် မဟုတ်ပေ။

ဗိုလ်ချုပ် ဘူဘိုဝါရဲ့ မှော်စက်ဝိုင်းနဲ့ ငါးစာချတဲ့အစီအစဉ် မအောင်မြင်ဘူး ဆိုတော့ အနည်းဆုံး ဖရန်စစ်နဲ့ ဒီလူတွေကို ငါ သတ်ပစ်ရမယ်။

[ ဒုစရိုက်အလင်း ] အတွင် အမျိုးမျိုးသော အပျက်သဘော အားနည်းခြင်း သက်ရောက်မှုများရှိသည်။ သို့သော်လည်း ပါမီရာကို ကြောက်လန့်သွားစေသည်မှာ သူက ပြိုင်ဘက်ဖြစ်သူကို အားနည်းအောင် မလုပ်နိုင်ခင်မှာပင် သူ၏ပတ်ပတ်လည်၌ ကြယ်ပွင့်များ ပေါ်ထွက်လာခြင်းပင် ဖြစ်သည်။ ၎င်းသည် သူ၏ခွန်အားကို တစ်ဝက်နီးပါး လျော့ကျသွားစေခဲ့သည်။ ထို့နောက် ပုံရိပ်တစ်ခုက သူ့ရှေ့သို့ လျှပ်တပြက်အတွင်း အပြေးဝင်လာသည်။ ၎င်းမှာ “စွမ်းအားတူသည်”ဟု သူထင်ထားခဲ့သော ထူးဆန်းသည့် ရန်သူပင် ဖြစ်လေသည်။

“ဖောင်း။” ပါမီရာ မတုံ့ပြန်နိုင်ခင်မှာပင် ချန်လွေ့၏လက်သီးက သူ၏ ဝမ်းဗိုက်သို့ ရောက်ရှိသွားခဲ့သည်။ ခိုင်မာလှသော သားရေချပ်ကာတွင် ချိုင့်တစ်ခု ဖြစ်ပေါ်လာပြီး လေစီးဆင်းမှုကြောင့် ကျောဘက်ပါ နောက်သို့ ပြန်ကန်သွားခဲ့သည်။ ထိုလက်သီးချက်က သူ၏ဝမ်းဗိုက်ကို ဖောက်ထွင်းသွားသကဲ့သို့ပင် ဖြစ်သည်။

မိမိ၏အတွင်းအင်္ဂါများ ပြောင်းပြန်လှန်သွားသကဲ့သို့ ပါမီရာ ခံစားလိုက်ရသည်။ သူက စိတ်သန်မာသည့်တိုင် နာကျင်စွာဖြင့် အော်လိုက်မိသည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံး နောက်ဆုတ်သွားပြီး ပြိုင်ဘက်က သူ့နောက်တွင် တစ္ဆေသဖွယ်‌ ပေါ်ထွက်လာသည်။ “ဖောင်း ဖောင်း ဖောင်း။” ထိုးနှက်သံများမှာ အဆုံးမဲ့ ဖြစ်နေသည်။ အနီးအနားရှိ စစ်သည်များက လှုပ်ရှားမှုများကိုပင် မမြင်နိုင်တော့ပေ။ သိပ်သည်းသော အသံတစ်ခုသာ ကြားရပြီးနောက် ပါမီရာ၏ခန္ဓာကိုယ်က ပြင်းအားတစ်ခုနှင့်အတူ လေထဲသို့ လွှင့်ပစ် ခံလိုက်ရသည်။ ထို့နောက် ထူးဆန်းသော [ အသံဗုံး ] အသံနှင့်အတူ ပုံရိပ်တစ်ခုက ပါမီရာ၏ ထိန်းချုပ်၍မရသော ခန္ဓာကိုယ်ဆီသို့ ‌မမျှော်မှန်းနိုင်သော အမြန်နှုန်းဖြင့် လိုက်မီသွားခဲ့သည်။ သူက လက်နှစ်ဖက်ကိုမြှောက်ပြီး လက်သီး ကျစ်ကျစ်ဆုပ်ကာ အပေါ်ပျံတက်နေသော ပါမီရာ၏ခန္ဓာကိုယ်အား ထုရိုက်ချလိုက်သည်။

အားနှစ်ခုကြောင့် ပါမီရာက ဥက္ကာပျံတစ်ခုကဲ့သို့ပင် မြေပြင်ပေါ်သို့ ထိုးဆင်းသွားသည်။ မြေပြင်ပေါ်၌ အလွန်ကြီးမားသော တွင်းချိုင့်ကြီးတစ်ခု ပေါ်ထွက် လာသည်။ ပါမီရ၏ခန္ဓာကိုယ်က မြေကြီးထဲ နစ်နေလေသည်။ သားရေချပ်ကာ အစိတ်အပိုင်းများလည်း ပျက်စီးသွားကြသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး အားနည်းသွားလေ၏။ သူ့တွင် ထရန်အတွက်ပင် အားအင် မရှိတော့ချေ။

အချိန်တစ်ခုအထိ သွေးရောင်အင်ပါယာ ဒေါသမီးလျှံ ဗိုလ်ခြေမှ စစ်သည်များ သာမက နဂါးနီဗိုလ်ခြေမှ ဖရန်စစ်သည်ပင် ကြက်သေသေသွားခဲ့သည်။ မန်မွန် တော်ဝင်မိသားစု သွေးမျိုးဆက်ရှိတဲ့ နတ်ဆိုးဧကရာဇ်အဆင့် ပါမီရာ၊ တိုက်ပွဲတွေ အများကြီးကို တွေ့ကြုံခဲ့ဖူးတဲ့ ဗိုလ်ချုပ်က အချိန်တိုအတွင်း လုံးဝ ရှုံးနိမ့်သွားခဲ့တာလား။ ပါမီရာ အားနည်းသွားတာလား။

ဖရန်စစ်နှင့် ပါမီရာတို့သည် လက်ရည်ညီသော ပြိုင်ဘက်ဟောင်းများ ဖြစ်ကြသည်။ သူက ပါမီရာ၏စွမ်းအားကို ကောင်းကောင်း သိသည်။ ပါမီရာက နည်းနည်းလေးမှ အားမနည်းသွားဘူး။ သူ့ပြိုင်ဘက်က အားကောင်းလွန်းနေတာ။

ဖရန်စစ်ကိုယ်တိုင် ပါမီရာကို တိုက်ခိုက်ရမည်ဆိုလျှင် အချိန်အတော် ကြာသည်အထိ ရလာဒ်ကို ပြောနိုင်မည် မဟုတ်ပေ။ ယခုတွင် “နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်း” ဖြစ်သော မရင်းနှီးသည့် ရဲဘော်ရဲဘက် တစ်ယောက်က .....

ပတ်ဝန်းကျင်မျက်လုံးများ၏ အံ့အားသင့်မှု ကြားထဲတွင် ချန်လွေ့၏ ခန္ဓာကိုယ် တဖြည်ဖြည်းဆင်းသက်လာသည်။ စာအုပ်ပေါင်းချုပ်ခန်းမ စတုတ္ထအလွှာ၌ ဥပဒေသ အသစ်တစ်ခုကို ဉာဏ်အလင်းရပြီး စေတန်ပေးခဲ့သော စွမ်းအားကို အနည်းငယ် ချေဖျက်ပြီးနောက်တွင် သူ၏ပိုင်နက်က တိုးတက်မှုအသစ်တစ်ခု ဖြစ်လာခဲ့ရုံသာမက သာမန်အခြေအနေ တိုက်ခိုက်ရေး စွမ်းအားများလည်း ကြီးကြီးမားမား တိုးတက်သွားခဲ့သည်။ [ ကြယ်စင်စုပိုင်နက် ] ၏ တိုးမြှင့်မှု နှင့် ဆန်းကြယ်ကျောက်စိမ်း ချပ်ကာပါ ပေါင်းလိုက်သောအခါ ပါမီရာအတွက် အမှန်တကယ်ပင် အနည်းငယ် မမျှတသလို ဖြစ်သွားခဲ့သည်။

 ပါမီရာ ရှုံးနိမ့်သွားခြင်းသည် ကျန်ရှိသော စစ်သည်များ၏ စိတ်ဓာတ်ကို အပြင်းအထန် ကျဆင်းသွားစေသည်။ သို့သော်လည်း အများစုမှာ သေသည်အထိ တိုက်ခိုက်နေကြသေးသည်။ လူနည်းစုသာ ထွက်ပြေးသွားကြသည်။ ရှုံးနိမ့်မှုမှ နိုင်ပွဲအဖြစ် ပြောင်းလဲနိုင်ခဲ့သော နဂါးနီဗိုလ်ခြေက ပျော်ရွှင်စွာ အော်ဟစ်လိုက်ကြသည်။

ချန်လွေ့က မေးသည်။ “ဗိုလ်ချုပ်။ ခင်ဗျားရဲ့ဒဏ်ရာ အဆင်ပြေလားး။”

မူလက ဖရန်စစ်သည် ခြင်္သေ့သွားဓားကို ကိုင်ဆောင်ထားသော မရင်းနှီးသည့် ရဲဘော်ရဲဘက်အပေါ် သံသယအနည်းငယ် ရှိခဲ့သော်လည်း ယခုတွင် လေးစားမှုများနှင့် အစားထိုးသွားသည်။ သူက အပြစ်မကင်းသလို ခံစားသွားရဟန်တူသည်။ “အဆင်ပြေ ပါတယ်။ ဒါပေမဲ့ ဒီတစ်ခေါက် ချောင်းမြောင်းတိုက်ခိုက်ဖို့ ကျုပ်ရဲ့အကြံအစည်က ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို ဖြစ်သွားတယ်။ ကျုပ်ရဲ့ ညီအစ်ကိုတွေ အများကြီး ဆုံးရှုံးခဲ့ရတယ်။ ဗိုလ်ချုပ်ဂျော့ချ်ဆီ ပြန်သွားပြီ မျက်နှာချင်းဆိုင်ဖို့အတွက် ကျုပ် တကယ် ရှက်မိတယ်။”

“ကျုပ်မေးချင်တာက ခင်ဗျား ဆက်ပြီးတော့ တိုက်ခိုက်နိုင်သေးလား ဆိုတာပဲ။”

ဖရစ်စစ်၏မျက်လုံးထဲ၌ ထူးဆန်းသော အလင်းရောင်တစ်ခု ရှိနေသည်။ “မင်း ပြောချင်တာက...”

ချန်လွေ့က အသာလေး ပြုံးလိုက်သည်။ “ကျုပ် အကြံတစ်ခု ရထားတယ်။ ခင်ဗျားတို့ရဲ့ ဒီနေ့ရည်ရွယ်ချက်က ရန်သူ့ခေါင်းဆောင်ကို ချောင်‌မြောင်းတိုက်ခိုက်ဖို့ မဟုတ်လား။ မဒမ်-ဂလိုရီယာက အခုဆိုရင် ရန်သူ၏ အဓိကတပ်ဖွဲ့ အင်အားစုကို အာရုံဆွဲဆောင်နေလောက်ပြီ။ ခင်ဗျားရဲ့ ချောင်းမြောင်းတိုက်ခိုက်တဲ့ အစီအစဉ်ကို အလှမ်းဝေး ဝင်စီးမှုအဖြစ် ပြောင်းရဲလား။”

“ဟုတ်တယ်။ ငါတို့တွေ ရန်သူက မပြင်ဆင်ထားတုန်း မထင်မှတ်ထားဘဲ တိုက်ခိုက်လို့ရတယ်။ ဒီရှုံးနိမ့်သွားတဲ့ စစ်သည်တွေက သူတို့ရဲ့ ယာယီ အဆက်အသွယ် နေရာကို ပြန်ပြေးသွားကြမှာ သေချာတယ်။ ရန်သူက ငါတို့လက်ကျန်တွေ ဒီလိုမျိုး သတ္တိရှိမယ်လို့ ထင်ကြမှာမဟုတ်ဘူး။”

ဖရန်စစ်က စစ်ဗျူဟာကျွမ်းကျင်သော ဗိုလ်ချုပ်တစ်ဦး ဖြစ်သည်။ သူက အနည်းငယ် ပြောရုံမျှဖြင့် အဓိပ္ပာယ်ကို ချက်ချင်း သဘောပေါက်လိုက်သည်။ သူက စမ်းကြည့်ချင်နေကြသော စစ်သည်များကို ကြည့်လိုက်သည်။ ထို့နောက် ချန်လွေ့ကို အရိုအသေ ပေးလိုက်သည်။ “ငါ မင်းနောက်ကို လိုက်ချင်ပါတယ်။ ခြင်္သေ့သွားဓား ကိုင်ဆောင်သူ။ ငါတို့ ထွက်မသွားခင် ဒီလိုအလစ်ဝင်စီးမှုကို ဦးဆေင်မယ့် ခေါင်းဆောင်ကို ဘယ်လို ခေါ်ရမလဲ သိချင်ပါတယ်။”

“ဗိုလ်ချုပ် ယဉ်ကျေးနေစရာ မလိုပါဘူး။ ကျုပ်က အမည်မဲ့ “စစ်ဘက်ဆိုင်ရာ အထောက်အပံ့ အရာရှိ” တစ်ယောက်ပါ။” ချန်လွေ့သည် “စစ်ဘက်ဆိုင်ရာ အထောက်အပံ့ အရာရှိ” ဟူသော ဂုဏ်ပုဒ်နှင့် ထိုက်တန်ပေသည်။ စစ်တပ်အတွက် သူထောက်ပံ့ပေးထားသော ပိုက်ဆံမှာ အမှန်တကယ်တွင် အိုဆိုင်ဒန်ဆီမှ “လိမ်ညာယူ” ထားခြင်း ဖြစ်လေသည်။

“ချန်လွေ့က နာမည်ကို ထုတ်မပြောချင်ကြောင်း ဖရန်စစ် သိလိုက်သည်။ သို့သော်လည်း ခြင်္သေ့သွားဓားကို ကိုင်ဆောင်နိုင်သူသည် ဗိုလ်ချုပ်ဂျော့ချ်၏ အယုံကြည်ရဆုံးသူ ဖြစ်သည်မှာ သေချာသည်။ သူက ချက်ချင်းပင် မေးခွန်းများ မမေးတော့ဘဲ မှော်လက်ထိပ်များထုတ်ကာ ပါမီရာကို အကျဉ်းချလိုက်သည်။ ထို့နောက် သူက အခြေအနေကောင်းမွန်နေသေးသော စစ်သည်၁၀၀ကို ရွေးချယ်ကာ ကျန်သူများအား ပါမီရာနှင့်အတူ မှော်ဆရာခံတပ်သို့ ပြန်ခိုင်းလိုက်သည်။

ယခုတစ်ခေါက် ဖရန်စစ် ဦးဆောင်ခဲ့သော စစ်သည်များအားလုံးမှာ နဂါးနီ ဗိုလ်ခြေ၏ လက်ရွေးစင်များ ဖြစ်ကြသည်။ ဖြည့်တင်းဆေးရည်သောက်ပြီးနောက် ကျန်ရှိသော စစ်သည်များက အတော်များများ ပြန်ကောင်းသွားကြသည်။ ချန်လွေ့နှင့် ဖရန်စစ်တို့၏ ဦးဆောင်မှုအောက်တွင် သူတို့သည် ရှုံးနိမ့်သွားသော ဒေါသမီးလျှံဗိုလ်ခြေ စစ်သည်များကို တိတ်တဆိတ် လိုက်မီသွားခဲ့သည်။

ဒေါသမီးလျှံဗိုလ်ခြေ စစ်သည်များက အဆုံးအထိ ထွက်ပြေးကြပြီး ဝေဂျူး တောင်ကြားမှ ထွက်ခွာသွားကြသည်။ ၂နာရီကြာပြီးနောက် သူတို့က ဆာဘွတ်ကန်သို့ ရောက်လာကြသည်။

ထိုနေရာ၌ တောင်နံဘေး ရှိနေသည်။ တောင်နံဘေးပေါ်တွင် ကြီးမားလှသော တဲအိမ် ရာနှင့်ချီ ရှိနေသည်။ ၎င်းမှာ “သူခိုးဓားပြများ”၏ ယာယီ အခြေစိုက်စခန်း ဖြစ်ပုံရသည်။ မှော်ဆရာခံတပ်က သွေးရောင်အင်ပါယာ၏ သံလက်သီးနယ်မြေကို ရင်ဆိုင်ခဲ့ရဖူးသည်။ ၎င်းကို ကာကွယ်ထားသော သီးခြားခံတပ်လည်း မရှိပေ။ ဆိုလိုသည်မှာ သွေးရောင်အင်ပါယာ စစ်တပ်မှာ တိကျသော ခုခံမှု မရှိခြင်းပင်။ ၎င်းသည် အထောက်အပံ့ရေးရာ၌ အတော်လေး အားနည်းသော်လည်း ရွှေ့‌ပြောင်းရလွယ်ကူသည်။ ထို့ပြင် ယခုသည် တရားဝင် စစ်ပွဲ မဟုတ်ပေ။ ဘူဘိုဝါ ဦးဆောင်သော သွေးရောင်အင်ပါယာ ဒေါသမီးလျှံ ဗိုလ်ခြေ၏ လက်ရွေးစင်များက တစ်ခါတိုက်ခိုက်ပြီးလျှင် တစ်နေရာ ပြောင်းလဲကြသည်။ ၎င်းသည် ပြောက်ကျားပုံစံနှင့် ဆင်တူသည်။ ၎င်းသည် ဂျော့ချ်၏ နဂါးနီဗိုလ်ခြေကို ခေါင်းကိုက်စေသည်။ ထို့ကြောင့် ဖရန်စစ်က ရန်သူ၏လက်ရွေးချင်များကို ပိတ်မိစေရန်အတွက် တမင်တကာ ချောင်မြောင်းတိုက်ခိုက်ရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ သို့သော် သူ့လုပ်ရပ်ကို ကြိုမြင်သွားခဲ့ပြီး သူ၏စစ်သည်အားလုံးနီးပါး ဆုံးရှုံးခဲ့ရသည်။

“ဒါက ရန်သူရဲ့ အခြေစိုက်စခန်းဖြစ်မယ်။ ဒါပေမဲ့ ငါတို့ခေါ်လာတဲ့ လူအင်အားက မလုံလောက်ဘူး။” ဖရန်စစ်က သူတို့ကို အဝေးမှကြည့်လိုက်ပြီး နှစ်ဖက်စလုံး၏ အင်အားကို အကြမ်းဖျဉ်း တွက်လိုက်သည်။

“ချန်လွေ့ ခဏ စဉ်းစားနေလိုက်သည်။ “ကျုပ် အရင်ဆုံး ရန်သူရဲ့ အာရုံစိုက်မှုကို ရဖို့အတွက် သွားလိုက်မယ်။ ပြီးရင် ခင်ဗျားက ဘေးဖက်ကနေ အခြေအနေအရ လှုပ်ရှားလိုက်။”

ဖရန်စစ်က မျက်မှောင်ကြုတ်ပြီး ပြောသည်။ “မင်းက အစွမ်းထက်ပေမဲ့ အခု ရန်သူရဲ့ အခြေအနေကို မသိရသေးဘူး။ အတင်းဝင်သွားတာက အန္တရာယ်များတယ်။”

“ကျုပ်ရထားတဲ့ သတင်းအရဆိုရင် ဒေါသမီးလျှံဗိုလ်ခြေရဲ့ ခေါင်းဆောင်း ဂူစတက်ဗ်က အခုလက်ရှိ မြို့တော်မှာ ရှိနေတယ်။ သူက ရှေ့တန်းမှာ ရှိမနေဘူး။ ဒီတော့...” ချန်လွေ့ ဘာမှ မပြောခဲ့ပေ။ သူက ယုံကြည်ချက်ရှိရှိဖြင့်သာ ပြုံးလိုက်သည်။

“ဒီတော့ ဘာဖြစ်လဲ။” ဖရန်စစ်သည် ဇဝေဇဝါနှင့် မေးလိုက်သည်။

“ဒီတော့ လုပ်ကြတာပေါ့။” ချန်လွေ့ မတ်တပ်ရပ်လိုက်သည်။ “ဒါပေမဲ့ ဒီမတိုင်ခင်တော့ ကျုပ်တို့ အရင်ဆုံး ပြင်ဆင်ရမယ်။”

ဆာဘွတ်ကန် တောင်နံ‌ဘေးရှိ အခြေစိုက်စခန်း၌ -

ဒေါသမီးလျှံဗိုလ်ခြေ၏ ဒုတိယခေါင်းဆောင် ဘူဘိုဝါက ရှုံးနိမ့်သွားသော စစ်တပ်၏ အစီရင်ခံစာကို သေသေချာချာ နားထောင်နေသည်။ “အဲဒီလူက နတ်ဆိုးသားရဲတွေကို ထိန်းချုပ်ပြီးတော့ ငါ့မှော်စက်ဝိုင်းကို ချိုးဖောက်သွားတယ်။ ပြီးတော့ ဖရန်စစ်ကို ကယ်တင်ပြီးတော့ ဗိုလ်ချုပ် ပါမီရာကို ဖမ်းဆီးသွားတယ်။ ဟုတ်လား။”

“အခု ဂလိုရီယာက အရှေ့ဘက်ကို တခမ်းတနားနဲ့ ချီတက်နေတယ်။ အဲဒီလူက ဂျော့ချ်ကိုယ်တိုင် မဟုတ်ဘူးဆိုတာ သေချာလား။ ကယ်နိုင်တဲ့ တခြားရန်သူတွေက ဝင်ပါနိုင်မှာ မဟုတ်ဘူး။”

ဘေးဖက်မှ စစ်ဘက်ဆိုင်ရာ အရာရှိဖြစ်သော မက်ခ်က မျက်မှောင်ကြုတ်လိုက်သည်။ “ပါမီရာကို ဖမ်းဆီးနိုင်တဲ့သူ။ နဂါးနီဗိုလ်ခြေမှာ ဘယ်တုန်းက ဒီလိုမျိုးအစွမ်းထက်တဲ့ရန်သူ ရှိသွားတာလဲ။”

ဘူဘိုဝါ၏ အမူအရာအလည်း အလွန်လေးနက်နေသည်။ “ကြည့်ရတာ အားကောင်းတဲ့ ပြိုင်ဘက်တစ်ယောက်ကို ငါတို့ မမြင်ခဲ့တဲ့ပုံပဲ။ ဒီလိုဆိုရင် ဂလိုရီယာရဲ့ ကယ်တင်မှုကို အယောင်ပြသက်သက်ပဲ။ ဒါကြောင့် ဒီလိုမျိုး တခမ်းတနား ဖြစ်နေတာကိုး။ သူတို့က ငါတို့ရဲ့ ချောင်းမြောင်းတိုက်ခိုက်တဲ့ အဝန်းအဝိုင်းထဲကို မဝင်ရသေးဘူး။ ဒါက ငါ့အမှားပါ။ ငါ သံချပ်ကာလေတပ်ကို မရွှေ့ပြောင်းလိုက်သင့်ဘူး။ အခု ငါတို့မှာ တစ်နည်းပဲ ရှိတော့တယ်။ အဲဒါက ငါတို့စွမ်းအားအကုန်သုံးပြီးတော့ ဂလိုရီယာကို ဖမ်းဖို့ပဲ။ အဲဒီမိန်းမက စိတ်မရှည်တတ်ဘူး။ ငါတို့ဒါကို ကောင်းကောင်း အသုံးချနိုင်ရင် ဒါက တစ်ခုတည်းသော အခြေအနေကို ပြောင်းပြန်လှန်တာပဲ။ ဒါပေမဲ့ သူက ဟန်ပြ လုပ်နေတာ ဆိုတော့ သေချာပေါက် အရှေ့ကို အမြန်တိုးမှာ မဟုတ်ဘူး။ လိုအပ်တယ်ဆိုရင်တော့ မက်ခ်.....”

မက်ခ် ခေါင်းညိတ်လိုက်သည်။ “သဘောပေါက်ပါတယ်။ ကျုပ်ကိုယ်တိုင် ငါးစာအနေနဲ့ လုပ်မှာပါ။”

ထိုအချိန်၌ ဘူဘိုဝါနှင့် မက်ခ်တို့အမူအရာ တစ်ချိန်တည်း ပြောင်းလဲသွားကြသည်။ သူတို့နှစ်ယောက်လုံးသည် နတ်ဆိုးဧကရာဇ်အဆင့်များ ဖြစ်ကြသည့်အတွက် အနီးအနားရှီ အလွန်အမင်း ပြင်းထန်သော အငွေ့အသက်တစ်ခုကို အာရုံခံမိခဲ့ကြသည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက် စခန်းအပြင်ဘက်မှ စစ်သည်များ စတင် အော်ဟစ်လာသည်။ ဘူဘိုဝါနှင့် မက်ခ်တို့ အပြင်ဘက်ထွက်ကြည့်ရာ လူတစ်ယောက် လေထဲ ပျံဝဲနေသည်ကို မြင်လိုက်ရသည်။ ထိုသူ၏ ခန္ဓာကိုယ်တစ်ခုလုံး၏ ဝတ်ရုံဖြင့် ရစ်ပတ်ထား၏။ သို့သော်လည်း ၎င်းသည် သူ၏ ကြောက်မက်ဖွယ်ရာကောင်းမှုကို မဖုံးကွယ်နိုင်ခဲ့ပေ။ အောက်မှစစ်သည်များ ပစ်လိုက်သော မြားများက ထိုသူကို မထိခင်မှာပဲ လေထဲ၌ ပြာကျသွားကြသည်။

ပါမီရာ၏ ရှုံးနိမ့်သွားသော စစ်သည်များက တအံ့အတသြနှင့် ပြောလိုက်ကြသည်။ “ဗိုလ်ချုပ်။ သူ....သူပဲ။”

ဘူဘိုဝါ မျက်မှောင်ကြုံ့လိုက်သည်။ တစ်ဖက်က ဒီလောက်ရဲတင်းမယ်လို့ ငါ မထင်ထားခဲ့ဘူး။ ဖရန်စစ်ကို ကယ်တင်ပြီး ပါမီရာကို ဖမ်းဆီးပြီးတော့ သူက မရပ်တန့်ဘဲနဲ့ တန်ပြန်တိုက်ခိုက်လာခဲ့တယ်။

လေထဲမှလူက တဖြည်းဖြည်း ဆင်းလာသည်။ ထို့နောက် အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာသည်။ “ဘူဘိုဝါ....သေစမ်း။” 

“အတင့်ရဲလှချည်လား။” တစ်ဖက်လူက သူတို့ကိုယ်ပိုင်စခန်းက မောက်မာနေဆဲ ဖြစ်သည်ကို မြင်လိုက်သည့်အခါ မက်ခ်က လက်မြှောက်လိုက်ပြီး ကောင်းကင်ပေါ်၌ မီးတောက်နေသော ဥက္ကာပျံအများအပြား ပေါ်ထွက်လာခဲ့သည်။ သူတို့က တစ်ခုပြီးတစ်ခု မြေပြင်ပေါ်သို့ ပြုတ်ကျလာပြီး မြေပြင်လည်း တုန်ခါသွား၏။ အလယ်တွင် မီးတောက်နေဆဲ ဖြ်သော အလွန်ကြီးမားသည့် တွင်းများ ဒါဇင်ခန့် ဖြစ်သွားသည်။ ထိုသူသည် မီးဥက္ကာပျံ ရွာသွန်းမှုကြောင့် အပိုင်းပိုင်း ဖြစ်သွားဟန်တူသည်။

“သတိထား။” ဘူဘိုဝါ၏အသံ ရုတ်တရက် ထွက်ပေါ်လာသည်။ မက်ခ် အလွန်အမင်း လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ သူက ခြေထောက်ကို တော့လိုက်ပြီး ဘူဘိုဝါ၏အသံဘက်သို့ ပျံသန်းသွားလိုက်သည်။ တစ်ချိန်တည်းမှာပင် သူက လက်မြှောက်လိုက်ပြီး နောက်ထပ် မှော်ပညာတစ်ခုဖြစ်သော [ ငရဲမီးတောက် ] ကို အသုံးပြုလိုက်သည်။ မန္တန်ရွတ်စရာ မလိုအပ်ပေ။ သူက ဆမ်မြူရယ် တော်ဝင်မိသားစု၏ သန္ဓေပြောင်းသွေးမျိုးဆက်ဖြစ်သည့် [ မီးကျွမ်းကျင်မှု ] ကို အဆုံးစွန်အထိ တတ်ကျွမ်းခဲ့ပြီ ဖြစ်သည်။

ထိုပုံရိပ်က မီးတောက်ပင်လယ်ထဲမှ မိမိထံသို့ လမ်းလျှောက်လာနေသည်ကို မြင်လိုက်ရသည့်အတွက် မက်ခ်၏ မျက်နှာပေါ်မှ ယုံကြည်ချက်က အလျင်အမြန်ပင် ကြောက်လန့်မှုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုသူသည် ဥယျာဉ်ထဲ၌ အေးအေးဆေးဆေး လမ်းလျှောက်နေပုံရသည်။ သူ၏ပတ်ပတ်လည်၌ နေရာလွတ်ကို ပျက်ယွင်းစေသည့် ထူးဆန်းသော အားစက်ကွင်းတစ်ခု ရှိနေဟန်တူသည်။ [ ငရဲမီးတောက် ] ၏ ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြင့်မားသော အပူရှိန်နှင့် မီးတောက် စွမ်းအားတို့က ထိုအားစက်ကွင်း၏ စုပ်ယူခြင်းကို ခံလိုက်ရပြီး နောက်ထပ် ပြင်းထန်သော အငွေ့အသက်တစ်ခု ဖြစ်လာသည်။

တစ်ဖက်လူ တစ်လှမ်းချင်း ချဉ်းကပ်လာသည်ကို မက်ခ် ခံစားလိုက်မိပြီး သူက ခုခံရန်နှင့် ထွက်ပြေးရန်ပင် သတ္တိမရှိတော့သလို ဖြစ်သွားသည်။ သူက မလွတ်မြောက်နိုင်သော အိပ်မက်ဆိုးတစ်ခုထဲ ရောက်နေသကဲ့သို့ပင် ဖြစ်နေသည်။ သူက အသည်းအသန် ရုန်းကန်နေစဉ် ဘူဘိုဝါ၏အော်သံကို ကြားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် မီးတောက်များ လောင်ကျွမ်းသွားပြီး ထိုသူ၏ပုံရိပ် ဖျပ်ခနဲ ပျောက်သွားသည်။ မက်ခ်လည်း “အိပ်မက်ဆိုး”စွမ်းအား အတော်လေး လျော့နည်း သွားသည်ကို ခံစားလိုက်မိသည်။ သူက စိတ်ဝိညာဉ်စွမ်းအားကို အသည်းအသန် ထုတ်လွှတ်ပြီး ကြောက်မက်ဖွယ်ရာခံစားချက်မှ လွတ်မြောက်နိုင်ခဲ့သည်။ ထို့နောက်မှသာ ဘူဘိုဝါက ပိုင်နက်စွမ်းအားကို အသက်သွင်းပြီး ရန်သူကို တိုက်ခိုက်နေကြောင်း သိလိုက်ရသည်။

ဘူဘိုဝါ၏ [ မီးတောက်ပိုင်နက် ] ကို ရန်သူ၏ ထူးဆန်းသောပိုင်နက်က တင်းတင်းကြပ်ကြပ် ဖိနှိပ်ထားပုံရသည်။ မက်ခ်က မီးမှော်အသုံးပြုပြီး မကူညီလျှင် လုံးဝ ရှုံးနိမ့်သွားပေလိမ့်မည်။ သူတို့နှစ်ယောက်ပေါင်းပြီး တိုက်ခိုက်သည့်တိုင် သူတို့သည် အကြိမ်များစွာ အရေးနိမ့်နေပြီး အန္တရာယ်အခြေအနေ၌ ရောက်ရှိနေခဲ့သည်။

မက်ခ် စိုးရိမ်ထိတ်လန့်နေစဉ် စစ်သည်များထံမှ ရုတ်ရုတ်သဲသဲ ဖြစ်နေသည်ကို ကြားလိုက်ရသည်။ စစ်တဲအိမ်များ မီးလောင်သွားခြင်း ဖြစ်သည်။ ထူထဲသော မီးခိုးများအကြား၌ တိုက်ခိုက်သံများလည်း ရှိနေသည်။ ချောင်းမြောင်းတိုက်ခိုက်သော စစ်သည်မည်မျှရှိနေသည်ကို သူတို့ မသိရပေ။

ထိုသို့ အာရုံပြောင်းသွားပြီးနောက် မက်ခ်က သူ၏ခန္ဓာကိုယ်နှင့် နီးကပ်နေသော ထက်လှသည့် ချီစွမ်းအင်တစ်ခုကို ခံစားလိုက်မိသည်။ ကံကောင်းစွာပင် ဘူဘိုဝါက သူ့ကို ချက်ချင်း ဆွဲလိုက်သည်။ သူ၏ခန္ဓာကိုယ်က အချိန်မီ ရှောင်တိမ်းလိုက်နိုင်သည်။ သို့သော်လည်း ဘယ်ဘက်လက် ပေါ့သွားကြောင်း ခံစားလိုက်ရပြီး အမှန်တကယ်ပင် သူ၏ တံတောင်ဆစ် ပြတ်တောက်သွားခဲ့သည်။ အလွန်အမင်းထက်မြက်လှသော လက်နက် တစ်ခုဖြင့် ဖြတ်တောက်ခြင်း ခံခဲ့ရသလိုမျိုးပင် သွေးများ ဒလဟော ထွက်လာခဲ့သည်။

မက်ခ် အော်ဟစ်လိုက်သောအခါ ဘူဘိုဝါ ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်သည်။ သူက ပြင်းထန်သော လက်သီးချက်ကို အတင်းခုခံပြီး ထိုအားကို ငှားယူကာ မက်ခ်နှင့်အတူ ပျံထွက်သွားလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏လက်ထဲ၌ စာလိပ်တစ်ခု ရှိနေသည်။

ဘူဘိုဝါက စာလိပ်ပေါ်သို့ သွေးတစ်လုပ်အန်လိုက်ရာ အပြာရောင် တောက်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူနှင့် မက်ခ်တို့ တစ်ချိန်တည်း ပျောက်ကွယ်သွားကြသည်။

စာလိပ်များကို လူသားလောက၌ အတော်လေး အသုံးများကြသော်လည်း နတ်ဆိုးဘုံ၌ ကုန်ကြမ်းနည်းပါးမှုကြောင့် အလွန်ရှားပါးလှသည်။ ထို့ပြင် စာလိပ်၏ မှော်စွမ်းအားနှင့် အောင်မြင်နှုန်းလည်း လျော့နည်းသွားမည် ဖြစ်သည်။ အထူးသဖြင့် ထိုကဲ့သို့ တယ်လီပို့ပြောင်းရွှေ့ခြင်း မှော်ပညာသည် တောနက်ထြ၌ ပတ်ဝန်းကျင် မှော်ပညာ အဟန့်အတား နိမ့်ပါးမှုကြောင့်သာ မဟုတ်လျှင် အမှောင်ဆန္ဒအား ချန်လွေ့ အသုံးပြုခဲ့သလိုမျိုး ကျရှုံးနိုင်ချေများပေသည်။

သွေးရောင်အင်ပါယာစစ်သည်များက ရဲရဲရင့်ရင့် တိုက်ခိုက်ခဲ့ကြသော်လည်း ခေါင်းဆောင် ဆုံးရှုံးသွား‌သောအခါ ရုတ်တရက် ဖရိုဖရဲ ဖြစ်ကုန်သည်။ သူတို့က ဖရန်စစ် ဦးဆောင်သော သုတ်သင်ရှင်းလင်းမှုကြောင့် မတည်မငြိမ် ဖြစ်ကုန်သည်။ နောက်ဆုံး၌ သူတို့ ဆုတ်ခွာသွားကြတော့သည်။

“ဗိုလ်ချုပ် ဖရန်စစ်။ အချိန်ကျတော့မယ်။ ပြန်သွားကြရအောင်။”

ထိုအသံကြောင့် ဖရန်စစ်က လိုက်ဖမ်းနေခြင်းကို ချက်ချင်း ရပ်တန့်လိုက်သည်။ ထိုအချိန်၌ ဖရန်စစ်နှင့် စစ်သည်များက ချန်လွေ့ကို လေးစားအားကျစွာ ကြည့်နေလိုက်ကြသည်။ ဗိုလ်ချုပ်ဂျော့ချ်၏ ခြင်္သေ့သွားဓားကို ကိုင်ဆောင်ထားသော ထိုဆာသည် ရဲရင့်ပြီး ပညာရှိသည်။ သူက အံ့သြဖွယ်ကောင်းလောက်အောင်ပင် ရှုံးနိမ့်နေသောတပ်ဖွဲ့ကို ရန်သူအား အနိုင်တိုက်နိုင်ရန် ဦးဆောင်ပေးခဲ့သည်။

အထူးသဖြင့် ခုနက ဘူဘိုဝါ၏စွမ်းအားအဆင့်ကို သေသေချာချာ ခံစားမိခဲ့သော ဖရန်စစ်က ပိုမိုအံ့အားသင့်နေသည်။ မက်ခ်သည် နတ်ဆိုးဧကရာဇ်အဆင့် အလတ်ပိုင်း ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် “စစ်ဘက်ဆိုင်ရာ အထောက်အပံ့ အရာရှိ”ဟု ခေါ်သော ထိုသူက ပြိုင်ဘက်နှစ်ယောက်ကို တစ်ယောက်တည်း တိုက်ခိုက်ခဲ့သည်။ သူသည် မက်ခ်၏ လက်ကိုပင် ဖြတ်တောက်နိုင်ခဲ့သည်။ အကယ်၍ ဘူဘိုဝါသာ လျို့ဝှက်ပညာရပ်ကိုသုံးပြီး ထွက်မပြေးသွားခဲ့လျှင် သူတို့နှစ်ယောက်လုံးကို “ဖမ်းမိ”သွားလောက်ပြီ ဖြစ်သည်။”

အမှန်တကယ်၌ ချန်လွေ့က စွမ်းအား ထိန်ချန်ထားဆဲပင် ဖြစ်သည်။ သူက အမှန်တကယ် သတ်ပစ်ရန် မရည်ရွယ်ထားခဲ့ပေ။ အပေါ်ယံ၌ ကြယ်ကြွေတမန် အင်ပါယာနှင့် သွေးရောင်အင်ပါယာတို့မှာ ရင်းနှီးသော မဟာမိတ်များ ဖြစ်ကြသည်။ ထိုပြဿနာမှာ စကားပွဲအသေးလေး သို့မဟုတ် စစ်တပ်လေ့ကျင့်ရေးနှင့် ပိုမိုတူပေသည်။ ဗိုလ်တစ်ယောက်၊ အဖွဲ့ခေါင်းဆောင်တစ်ယောက် ကျဆုံးသွားလျှင် ကိစ္စမရှိပေ။ စွမ်းအားပိုကြီးသောသူသာ စကားပြောပိုင်ခွင့် ရှိလေသည်။ နှစ်ဖက်စလုံးက ဆေးခါးကိုသာ အတင်းမျိုချကြရလေသည်။ သို့သော်လည်း အပြန်အလှန် နားလည်မှုတွင် အကန့်အသတ် တစ်ခုရှိသည်။ အထူးသဖြင့် ဒေါသမီးလျှံ ဗိုလ်ခြေ၏ ဒုတိယခေါင်ဆောင်ဟူသော ဘူဘိုဝါ၏ လက်ရှိအဆင့်အတန်းမှာ အကန့်အသတ်ကို ကျော်လွန်သွားလေပြီ။ အခြေအနေ ပိုဆိုးသွားသည်နှင့် ပိုကြီးမားသော စစ်ဘက်ဆိုင်ရာ စီမံကိန်းများနှင့် စစ်ပွဲတစ်ခုကိုပင် ဖြစ်စေနိုင်သည်။ လက်ရှိတွင် ကြယ်ကြွေတမန် အင်ပါယာ၏ တိုက်ခိုက်ရေးစွမ်းအားနှင့် အင်ပါယာစွမ်းအားမှာ သွေးရောင်အင်ပါယာ၏ ပြိုင်ဘက် မဟုတ်ပေ။ သူတို့သည် ပိုမိုအားနည်းနေသည့်အတွက် ပဋိပက္ခမှ တကယ့်စစ်ပွဲသို့ မဖြစ်လာစေရန် သည်းခံရမည်ဖြစ်သည်။ ဗိုလ်ချုပ်ဂျော့ချ်က ချန်လွေ့အား မသွားခင် အထူး အကြံပေးခဲ့သည်။

သို့သော်လည်း ထိုတိုက်ပွဲသည် သွေးရောင်အင်ပါယာ၏ မောက်မာမှုကို ထိထိရောက်ရောက် ချေမှုန်းနိုင်ခဲ့သည်။ ဘူဘိုဝါက သူ့ကို နှောင့်နှေးစေခဲ့သော လျို့ဝှက်ဆန်းကြယ်သည့် ရန်သူက အနီးကပ်စောင့်ကြည့်မည် ဖြစ်သည်။ ထို့နောက် သူက အချိန်အတော်ကြာသည်အထိ မဆင်မခြင် လှုပ်ရှားမည် မဟုတ်ပေ။

ယခုတစ်ခေါက် ချန်လွေ့ ရရှိခဲ့သည်များမှာ ထိုမျှသာ မဟုတ်ပေ။ နတ်ဆိုးဧကရာဇ် အဆင့် ရန်သူနှစ်ယောက်ကို တိုက်ခိုက်နေစဉ် သူသည် [ မီးသင့်နဂါးဝင်စီးခြင်း ] ကို အသုံးပြုခဲ့သလို အခြေခံဥပဒေမှ သူသိသွားခဲ့သော ပိုင်နက်အသစ်တစ်ခုဖြစ်သည့် [နွေပိုင်နက်] ကိုလည်း အသုံးပြုခဲ့လေသည်။

All Chapters