နှုတ်ဆက်ပြီးနောက် အမျိုးသမီးများ
Vol. 31 Ch. 462
အမှောင်လမြို့၊ ငြိမ်ဝပ်ပိပြားရေး အရာရှိနှင့် ဘဏ္ဍာရေးအရာရှိ နေအိမ်၌ -
ချန်လွေ့က အသီနာနှင့် ခီရာတို့ကို ပွေ့ဖက်ထားလိုက်သည်။ အိပ်ယာပေါ်၌ လှဲနေကာ ပြတင်ပေါက်ထိပ်မှ ခရမ်းရောင်လနှင့်အတူ သူက ထွက်သွားပြီးနောက် သူ၏ ဇာတ်လမ်းကို ပြောပြတော့လေသည်။
“နိတ်က အခု နာမည်တော်တော်ကြီးနေတယ်။ အဲဒီစက်ဆုပ်စရာလူဆိုးက နောက်ဆုံးတော့ ပြစ်ဒဏ်ခံရပြီ။” အသီနာက ချန်လွေ့၏လက်မောင်းထဲ၌ ပွတ်သပ်နေရင်း ဒေါသတကြီး ပြောလိုက်သည်။
“ဒါပေမဲ့ အဲဒီစက်ဆုပ်စရာလူဆိုးက ငါတို့လူလိမ်နဲ့တွေ့တော့ သနားစရာ ကောင်းအောင် အကွက်ဆင်ခံလိုက်ရတယ်။” ခီရာ၏ ချန်လွေ့၏ လက်မောင်း နောက်တစ်ဖက်ကို ယူလိုက်ပြီး ရုတ်တရက် ပြောလိုက်သည်။ “ဒါနဲ့ အသီနာ။ သွေးရောင်အင်ပါယာ ယန္တရားအစည်းအရုံးရဲ့ လက်ရှိဥက္ကဋ္ဌ သူရိယရဲ့သမီးက ရစ်ချတ် ကို စိတ်ဝင်စားနေတယ်လို့ ဒေလီယာ ဆီကနေ ကြားထားတယ်။ သူက ရစ်ချတ် သေသွားတာတောင် သတိရနေတုန်းပဲ။ ငါတို့ရဲ့ မစ္စတာ လူလိမ်က အပြင်သွားပြီးတော့ ငါတို့အတွက် “ညီအစ်မကောင်း”တစ်ယောက် သွားရှာခဲ့တာလား။”
ထိုမနာလိုသော မှတ်ချက်က ချန်လွေ့ကို ဆွံ့အသွားစေသည်။ ဒေလီယာသည် အမှော်ငနတ်ဆိုး၏ ခေါင်းဆောင်၂ယောက်မှ တစ်ယောက်ဖြစ်သည်။ သူက သွေးရောင် အင်ပါယာ၏ သတင်းအချက်အလက် အတော်များများကို သိသည်။ အုပ်ချုပ်မှု အစည်းအရုံး၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်သည့်အလျောက် သူက ထို “အတင်းစကားများ” ကို အစည်းအရုံးမှ ညီအစ်မများကို မျှဝေမည် ဖြစ်သည်။ သို့သော်လည်း ထိုကိစ္စမှာ မမှန်ကန်ပေ။ သူသည် ဘလူအန်နှင့် ဘာမှမဟုတ်ခဲ့ပေ။ သို့သော်လည်း အစ်ဇဘယ်လာ ဘက်ခြမ်း၌ ပြဿနာတစ်ခုခု ရှိနိုင်ပေသည်။
ယခင်အထင်လွဲမှုများကို အလျင်အမြန် ရှင်းလိုက်နိုင်သည်။ အစ်ဇဘယ်လာနှင့် ခရိုဘဲလက်စ်တို့က ကြယ်ကြွေတမန်မြို့တော်မှဖြစ်သော အကြီးအကဲမိသားစုမှ နတ်ဆိုးဧကရာဇ်အဆင့် လက်ရွေးစင် လျို့ဝှက်သလင်းအချက်အလက် ခေါင်းဆောင်ကို ပစ်မှတ်ထားနေခြင်း ဖြစ်သည်။ အထင်လွဲမှုအပြီး ခဏအကြာတွင် အစ်ဇဘယ်လာနှင့် ခရိုဘဲလက်စ်တို့က လျို့ဝှက်သတင်းအချက်အလက် ခေါင်းဆောင်ကို ဖမ်းမိသွားသည်။ ချန်လွေ့ကို ပြောစရာစကားမဲ့သွားစေသည်မှာ သူ၏ “စိုင်မွန်”သည် ထိုသူနှင့် အသွင်အပြင်၊ အဝတ်အစားနှင့် အရပ်အမြင့်ပါ အလွန်အပင် ဆင်တူနေခြင်းပင်။ ထိုသူက ကုန်သည်ဟူသော သရုပ်ကိုသုံးပြီး ရုပ်ဖျက်ထားခဲ့သည်။ ထို့ပြင် ထိုအထင်လွဲခြင်း အချိန်မှာ ချန်လွေ့ ခရီးသွားသော မြို့တော်မှ လိပ်ပြာနီနယ်မြေ၊ ထိုမှ အမှောင်လ ဖြစ်နေခြင်းကြောင့်နှင့်လည်း သက်ဆိုင်နေသည်။ မည်သို့ပင် ဆိုစေကာမူ ယခု တစ်ခေါက်၌ ချန်လွေ့သည် အမှန်ကတယ်ပင် အကြောင်းရင်းမရှိဘဲ တိုက်ခိုက်ခံရခြင်း ဖြစ်ပေသည်။
အစ်ဇဘယ်လာက အမှောင်နတ်ဆိုး သူလျှိုများကို ဆူလိုက်သည်။ သို့သော်လည်း ချန်လွေ့ကို ကြည့်လိုက်သောအခါ ထူးဆန်းသော သံသယနှင့် ကြည့်လိုက်ပြီး ၎င်းသည် လူလိမ်ကို တိတ်တဆိတ် စိုးရိမ်သွားစေသည်။
ချန်လွေ့ထွက်သွားသော နေ့ရက်များအတွင်း ရှီရာက ဆရာသခင်အဲဒက်စ်သည် အရေးကြီး ဆေးဝါးစမ်းသပ်မှုတစ်ခု ပြုလုပ်မည်ဖြစ်ကြောင်းနှင့် သူ၏တပည့် ချန်လွေ့က အကူအညီပေးရမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထို့ကြောင့် ဘဏ္ဍာရေးအရာရှိ ရာထူးကို ဂါ့စ်ထံ ယာယီလွှဲအပ်ထားခဲ့သည်။ ထိုဆင်ခြေက အမှန်တကယ်ပင် အကြောင်းအကျိုး သင့်သည်။ သို့သော်လည်း အမှောင်လ၏ စီးပွားရေးမှာ လက်ရှိတွင် အလျင်အမြန် တိုးတက်နေသည့်အတွက် ဘဏ္ဍာရေးအရာရှိမှာ ယခင်ကထက် မသာပေ။ ဂါ့စ်က ကြုံတွေ့နေရတော့ ပြဿနာ အများအပြားကို မဖြေရှင်းနိုင်သည့်အတွက် အများစုကို အစ်ဇဘယ်လာက ဖြေရှင်းရလေသည်။
အစ်ဇဘယ်လာက ကြယ်ကြွေတမန်အင်ပါယာ၏ လျို့ဝှက် သတင်းအချက်အလက် ဌာနကို ထိန်းချုပ်ခဲ့ရုံသာမက အင်ပါယာ၏ ဘဏ္ဍာရေးအကြံပေးလည်း ဖြစ်သည်။ သူက အာဏာရယူထားသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သည်။ စွမ်းရည်၌ဖြစ်စေ၊ အတွေ့အကြုံ၌ ဖြစ်စေ၊ သူ့ကို ထိပ်တန်းထူးချွန်သူဟု သတ်မှတ်နိုင်ပေသည်။ သူ့အပေါ် ရှီရာ၏ ယုံကြည်မှုများ ပိုမိုတိုးပွားလာခဲ့သည်။
ချန်လွေ့က မိမိကိုယ်စား ဘဏ္ဍာရေးကိစ္စများကို ပြုလုပ်ပေးခဲ့သည့် အစ်ဇဘယ်လာအား ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့သည်။ သို့သော် မစ်-ရင်းနီ၏ ထူးဆန်းသောအကြည့်နှင့် ဆုံမိသည့်အခါ ချန်လွေ့ အနည်းငယ် လိပ်ပြာမလုံ ဖြစ်နေခဲ့သည်။ ယခုစဉ်းစားကြည့်လိုက်ရာ အစ်ဇဘယ်လာက သူ့ကို သံသယ ဝင်နေခြင်း ဖြစ်ရပေမည်။ အဝေးမှ ဘလူအန်ထက်စာလျှင် မစ်-ရင်းနီးမှာ အခက်အခဲ အစစ်အမှန် ဖြစ်လေသည်။
၎င်းကို စဉ်းစားနေရင်း ချန်လွေ့က ခါးဘယ်ဘက်တွင် နာကျင်မှုတစ်ခု ခံစားလိုက်ရသည်။ သူ့ကို အသီနာက အပြင်းအထန် ဆွဲဆိတ်လိုက်ခြင်းဖြစ်သည်။ ထို့နောက် ချက်ချင်းမှာပင် အစေခံမလေးကလည်း ဇနီးကြီး၏ လုပ်ရပ်နှင့် မျှခြေညီရန် အတွက် ညာလက်ကို တိတ်တိတ်လေး ဆွဲဆိတ်လိုက်သည်။
“သူ့ကိုသတိရရင် ဘာလို့ အလောတကြီး ပြန်လာရတာလဲ။” အသီနာ၏ စကားများက သဝန်တိုနေသည်မှာ သိသာလှပေသည်။
“ဒါက အထင်လွဲနေတာပါ။” ချန်လွေ့က ခါးသက်သက်နှင့် ပြုံးလိုက်သည်။ “ကိုယ် ခုနက တခြားတစ်ခုကို တွေးနေတာပါ။ အဲဒါကြောင့် အတွေးထဲ နစ်မြောသွားတာ။ မစ်-ဘလူအန်နဲ့ ကိုယ်က ဘာမှမဖြစ်ခဲ့ဘူး။ အဲလိုမှ မဟုတ်ရင် ကိုယ် သေဟန်ဆောင်ခဲ့မှာ မဟုတ်ဘူး။”
“ရှင်လုပ်ခဲ့တဲ့ တစ်ခုခုကနေ ထွက်ပြေးဖို့အတွက် သေဟန်ဆောင်တာလည်း ဖြစ်နိုင်တာပဲ....” အစေခံမလေး ဆက်ပြောပြီး အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်လိုက်သည်။ ၎င်းကို ကြားသည့်အတွက် ချန်လွေ့ စိတ်ရှုပ်သွားခဲ့သည်။ သူက ခီရာ၏ အိတုံတုံ တင်ပါးလေးကို ရိုက်နှက်လိုက်သည်။
ထိုရိုက်နှက်မှုကြောင့် အစေခံမလေးက ရုတ်တရက် စကားမပြောတော့သော်လည်း သူ၏ခန္ဓာကိုယ် အနည်းငယ် ပူလောင်လာသည်။ သူက ချန်လွေ့၏ ရင်ဘတ်ပေါ်သို့ သူ၏ခန္ဓာကိုယ်ကို ညင်ညင်သာသာ ပွတ်သပ်လိုက်ပြီး ချန်လွေ့ကို အထိန်းအချုပ် ကင်းမဲ့စေလုနီးပါး ဖြစ်သွားခဲ့သည်။ ချန်လွေ့၏လက်က အောက်ဘက်သို့ ချောချောမွေ့မွေ့ ရောက်ရှိသွားပြီး ခီရာ၏ အတွင်းခံများပင် စိုနေပြီဖြစ်ကြောင်း သိလိုက်သည်။
ချန်လွေ့၏လက်က လှိုင်းထနေသော စမ်းရေကို ထိလိုက်သောအခါ ခီရာ၏ အသက်ရှူသံ ပိုမိုကျယ်လာသည်။ သူ၏ခန္ဓာကိုယ်က မြွေတစ်ကောင်ကဲ့သို့ အနည်းငယ် တွန့်လိမ်သွား၏။ အသီနာက တစ်ခုခုလွဲနေကြောင်း သတိထားမိသွားသည်။ သူ ရှက်သွားပြီး ထရန်ပြင်လိုက်စဉ် အစေခံမလေးက ဖမ်းဆွဲလိုက်သည်။ “ဒီည တူတူနေဖို့ ငါတို့ သဘောတူထားတယ်။ ဇိုလာရဲ့ ရေရှည် တံခါးပိတ်စမ်းသပ်ချက်ကို အခွင့်ကောင်း ယူပြီးတော့ ဒီလူလိမ်ကို အရင်ဆုံး ညှစ်ထုတ်ပစ်ကြမယ်။”
အသီနာ ခဏ တုံ့ဆိုင်းသွားပြီးနောက် သူ့ကို ချန်လွေ့က ပွေ့ဖက်လိုက်သည်။ သူ၏ ခန္ဓာကိုယ် ပျော့သွားပြီး ရုတ်တရက် အားပြတ်သွားခဲ့သည်။ ဘေးဖက်မှ အစေခံမလေးက အမှန်တကယ်ပင် ချန်လွေ့၏ဘောင်းဘီကို ချွတ်ပြီး ထိုင်ချကာ ပြုစုတော့သည်။ ၎င်းသည် အသီနာ၏ ပထမဆုံးအကြိမ် မဟုတ်သော်လည်း ရှက်နေဆဲ ဖြစ်သည်။
ဗိုလ်ခြေခေါင်းဆောင်နှင့် မဒမ်-အရာရှိက ရက်ရောသော်လည်း အိပ်ယာထက်၌ အစေခံမလေးကို မမီနိုင်ပေ။ အထူးသဖြင့် သူက အစေခံမလေးနှင့်အတူ ချန်လွေ့အား “စိန်ခေါ်”စဉ်က ဖြစ်သည်။ အသီနာ၏ စိတ်နေသဘောထားကို ချန်လွေ့ သိသည်။ သူက ဦးဆောင်ပြီး အသီနာ၏ အဝတ်အစားများကို ဗြုန်းစား ချွတ်လိုက်သည်။ “အခု မင်းတို့ ယောက်ျားက အပြင်မှာ ဖောက်ပြန်မပြန် မင်းတို့ကို စစ်ဆေးခိုင်းမယ်။ မနက်ဖြန် ငါ မင်းတို့ကို ခွင့်ယူရအောင် လုပ်မယ်။” ချန်လွေ့ ပြုံးဖြီးဖြီးလုပ်ပြီးနောက် မိန်းမများ၏ ညည်းတွားသံများ ပေါ်ထွက်လာသည်။ လိမ်ယှက်ပြီး ဆွဲဆောင်မှုရှိသော ညည်းသံများက အခန်းထဲ၌ စတင်မျောလွင့်သွားတော့သည်။
နောက်တစ်နေ့၌ ချန်လွေ့ အမှောင်လနန်းတော် အရှေ့၌ ပေါ်ထွက်လာသည်။ သူက လန်းဆန်းနေပုံရသည်။
၃လနီးပါး သူထိန်းထားခဲ့သော ခံစားချက်များက ယမန်ညက လုံးဝ ထုတ်လွှတ်ခဲ့၏။ [ နှစ်သွယ်လေ့ကျင့်ခြင်း ]၏ ဂုဏ်သတ္တိများကို အပြည့်အဝ အသုံးချခဲ့သည်။ သူက အပြင်လူများအား အမျိုးမျိုးသော အကြိုက်များကို မဖော်ပြနိုင်သော်လည်း “အရည်အသွေးစစ်ဆေးသော” အမျိုးသမီးနှစ်ယောက်က ဆန္ဒပြည့်ဝခြင်း လွန်ကဲမှုကြောင့် ရုပ်ပိုင်းဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာခွန်အား အတော်များများ ကုန်ဆုံးခဲ့ရလေသည်။ သူတို့သည် အိပ်ယာထက်၌ လှဲလျောင်းနေဆဲပင် ဖြစ်သည်။ သူတို့သည် ခွင့်ယူရန် အမှန်တကယ် လိုအပ်ပုံရသည်။
သတင်းကြားသော ရှီရာက လက်ထဲမှ အလုပ်ကို ချက်ချင်းချပြီး ကောင်စီခန်းမထဲသို့ ချန်လွေ့ တစ်ယောက်တည်းကို ဆင့်ခေါ်လိုက်သည်။
ကြယ်ကြွေတမန်အင်ပါယာမှ အကြီးမားဆုံးနယ်မြေ၏ လော့ဒ်တစ်ယောက် ဖြစ်သည့်အပြင် အင်ပါယာ၏ တော်ဝင်မင်းသမီးလည်း ဖြစ်သည့်အလျောက် ရှီရာ၏ တာဝန်နှင့် ဖိအားမှာ အတော်လေး ကြီးမားသည်။ သို့သော်လည်း ၎င်းသည် မြို့တော်က ထိန်းချုပ်ပြီး ဖိနှိပ်ထားသော အမှောင်လမှရရှိသော ဖိအားနှင့် လုံးဝကွဲပြားနေသည်။ အတော်လေး ပိန်ပါးသော မျက်နှာက ယခင်အတိုင်း အေးစက်နေဆဲဖြစ်သော်လည်း ပိုမိုယုံကြည်ချက်ရှိသော စရိုက်လက္ခဏာများ ရှိနေသည်။ သူက ပို၍လှပပြီး ဆွဲဆောင်မှု ရှိနေသည်။
ရှီရာ၏ ခရမ်းရောင်မျက်လုံးများက နွေးထွေးမှု ယဲ့ယဲ့လေး ပြသလိုက်သည်။ သူက ၃လနီးပါး ပျောက်သွားသော ချန်လွေ့ကို ကြည့်နေလိုက်သည်။ သို့သော်လည်း သူပြောလိုက်သည်မှာ ပုံမှန်လော့ဒ်တစ်ဦး၏လေသံအတိုင်း ဖြစ်နေသည်။ “မင်း ပြန်လာပြီလား။ မင်း သလင်းကျောက်မိုင်းတွင်းကို ကောင်းကောင်းမွန်မွန် ကိုင်တွယ်ပြီးတော့ ဆရာသခင် ရမ္မနစ်ဂီကို ကယ်တင်နိုင်ခဲ့တယ်။ သွေးနွယ်နယ်မြေရဲ့ လော့ဒ်ဖြစ်တဲ့ ဗိုလ်ချုပ် ခရောဖို့ဒ်က ငါတို့ကို စိတ်ရင်းနဲ့ ကျေးဇူးတင်ကြောင်း ပြသခဲ့တယ်။ အယေက် ၁၀၀၀ မှော်ပညာရှင်ဗိုလ်ခြေက ရောက်နေပြီ။ ဒါပေမဲ့ မီးလျှံဗိုလ်ခြေကို ဝင်မယ့် ခရောဖို့ဒ်ရဲ့သား မွန်ရိုးက အမှောင်လကို သတင်းလာ မပို့သေးဘူး....”
ရှီရာ စကားပြောမပြီးခင်မှာပင် ချန်လွေ့က စကားဖြတ်ပြောလိုက်သည်။ “မင်း ပိန်သွားတယ်။”
ရှီရာ၏မျက်လုံးများ အနည်းငယ် လှုပ်ရှားသွားသည်။ သူက ပင့်သက်ရှိုက်ပြီး စကားဆက်ပြောသည်။ “ဒီတစ်ခေါက် သွေးရောင်အင်ပါယာမှာ မင်းရဲ့ စွမ်းဆောင်ရည် ကိုလည်း ငါကြားထားတယ်။ အဲဒါက တော်တော်လေး....”
“အဝေး ရောက်နေတုန်းက ကိုယ်မင်းကို တော်တော်လေး သတိရနေခဲ့တာ။”
ရှီရာ၏ပါးစပ် လှုပ်ရှားသွားပြီး သူ၏အသံ ပိုတိုးသွားခဲ့သည်။ “မင်းကြားပြီးပြီလား။ လူတွေက အမှောင်လမြို့တော်မှာ ဘယ်ဇီဘတ်အကြောင်း သတင်းတွေ ဖြန့်နေတယ်....”
“ကိုယ်မင်းကို အခု ဖက်ချင်တယ်။”
ချန်လွေ့က တော်ဝင်မင်းသမီးအရှေ့ရောက်လာပြီး လက်ဆန့်ထုတ်လိုက်သည်။ ရှီရာက လုံးဝ မလှုပ်ခဲ့ပေ။ ထို့ကြောင့် ချန်လွေံက သူ့ကို တည့်တည့်ဖက်လိုက်တော့သည်။ ရှီရာ တည်ငြိမ်ပြီး ခံစားချက်ကင်းမဲ့နေဟန်တူသော်လည်း သူ၏ နှလုံးခုန်သံက တကယ့် မျက်နှာအမူအရာကို သစ္စာဖောက်သွားခဲ့လေပြီ။
“မင်း မနေ့နေ့လယ်တုန်းက ပြန်လာခဲ့တာမလား။” ယခုတစ်ခေါက်၌ ရှီရာက တရားဝင် အလုပ်ကိစ္စအကြောင်း ရပ်တန့်လိုက်သည်။ သူ၏အသံတွင် မကျေနပ်သော အရိပ်အယောင် ပါဝင်နေသည်။
ချန်လွေ့ ကြက်သေသေသွား၏။ ထို့နောက် သူက ထိုစကား၏ အဓိပ္ပာယ်ကို သဘောပေါက်သွားသည်။ ဘာလို့ အခုမှ ငါ့ဆီ လာတာလဲ။
သို့မဟုတ် နောက်ထပ် အဓိပ္ပာယ်များလည်း ရှိနိုင်သည်။
မည်သို့ပင်ဆိုစေကာမူ ၎င်းမှာ သဝန်တိုခြင်းပင် ဖြစ်လေသည်။
ထိုအချိန်၌ တော်ဝင်မင်းသမီးသည် လော့ဒ်တစ်ယောက် မဟုတ်တော့ဘဲ သဝန်တိုနေသော မိန်းကလေးတစ်ယောက်သာ ဖြစ်သည်။
ဂရုစိုက်ခြင်းသည် သဝန်တိုခြင်းနောက်တွင် ရှိနေတတ်လေသည်။
“တောင်းပန်ပါတယ်။” ချန်လွေ့က ရှီရာနှင့် နဖူးချင်း ထိလိုက်သည်။ သူတို့ နှစ်ယောက်၏ နှာခေါင်းများက အချင်းချင်း ညင်ညင်သာသာ ထိသွားကြပြီး တစ်ယောက်ချင်းစီ၏ ဝင်သက်ထွက်သက်ကို ခံစားမိနိုင်လေသည်။ ၎င်းမှာ ရှီရာ သဘောအကျဆုံး တရင်းတနှီး လုပ်ရပ် ဖြစ်သည်။
“ဟွန့်။ လူလိမ်။” ရှီရာ၏ မကျေနပ်ချက်က နှာမှုတ်လိုက်သည်နှင့်အတူ ပျောက်ကွယ်သွားပုံရသည်။ ထိုနေရာသည် ကောင်စီခန်းမ ဖြစ်သော်လည်း အသီနာက ယခင်ကဲ့သို့ မရုန်းကန်ခဲ့ပေ။ သူက ချန်လွေ့၏ ကျောဘက်ကို ညင်ညင်သာသာ ပြန်လည် ပွေ့ဖက်လိုက်သည်။ သူက ထိုရင်ခွင်၏ နွေးထွေးမှုကို မခံစားခဲ့ရသည်မှာ ၂လနှင့် ၂၃ရက် ရှိပြီ ဖြစ်သည်။
သူတို့နှစ်ယောက် တိတ်တိတ်လေး ပွေ့ဖက်နေကြပြီး အချင်းချင်း၏ နွေးထွေးမှုကို ခံစားနေလိုက်ကြသည်။ ထို့နောက် ရင်ခွင်ထဲမှ ဆွဲဆောင်မှုရှိသော အမျိုးသမီး ခန္ဓာကိုယ်ကြောင်း အမျိုးသား ဝိသေသလက္ခဏာများ ပြသလာသည်။ ထို့ကြောင့် နွေးထွေးသောအခြေအနေ ပျက်စီးသွားခဲ့ရသည်။
ရှီရာ ရှက်သွားပြီး ချန်လွေ့ကို ဒေါသတကြီး ပြောလိုက်သည်။ “လေးစားမှုမရှိတဲ့သူ။ မင်းရဲ့ခေါင်းထဲမှာ တစ်နေ့လုံး ဒါတွေပဲ ရှိနေတာလား။”
အမှန်တကယ်၌ သူမပြောလိုက်ရသည့် နောက်တစ်ခု ရှိနေသေးသည်။ မင်း မနေ့ညတုန်းက အသီနာနဲ့ ခီရာတို့နဲ့ မလုံလောက်ခဲ့ဘူး ဖြစ်မယ်။
အသီနာက တော်ဝင်မင်းသမီးထံမှ “ခွင့်”ယူခဲ့ရသည်။ သူက ထိုကိစ္စကို မကြုံတွေ့ ခဲ့ရသေးသော်လည်း မည်သည်ဖြစ်ခဲ့ကြောင်း ကောင်းကောင်းသိသည်။ စကားတစ်ခွန်းဖြင့် ဖော်ပြရမည်ဆိုလျှင် ငါ ဝက်သားမစားဖူးပေမဲ့ ဝက်ပြေးတာကို မမြင်ဖူးတာတော့ မဟုတ်ဘူး ဟူ၍ပင် ဖြစ်လေသည်။
၎င်းမှာ တော်ဝင်မင်းသမီး သဝန်တိုရသည့် အကြောင်းရင်းများထဲမှ တစ်ခုလည်း ဖြစ်သည်။
ချန်လွေ့က ရှက်ရှက်နှင့်ရယ်လိုက်ပြီး အပြစ်ကင်းသလို ခံစားမိနေသည်။ အကယ်၍ သူက မိန်းမလှများကို လျစ်လျူရှုပြီး မည်သည့်တုံ့ပြန်မှုမျှ မရှိခဲ့လျှင် ၎င်းမှာ အမှန်တကယ် “လေးစားမှုမရှိသလို” ဖြစ်သွားပေလိမ့်မည်။
ရှက်စရာအခြေအနေကို ရှောင်တိမ်းရန်အတွက် ချန်လွေ့က ချက်ချင်းပင် ကစားလမ်းကြောင်း လွှဲလိုက်သည်။ “ဒီတစ်ခေါက် ကိုယ်ရဲ့အလုပ်ကိစ္စ ပြီးသွားပြီ။ အမှောင်လက စစ်အင်အား တိုးတက်မှုကို အာရုံစိုက်သင့်တယ်။ ဒီတစ်ခေါက် သွေးရောင်အင်ပါယာကို ရောက်သွားတော့ သူတို့စစ်တပ်ရဲ့ အင်အားနဲ့ စိတ်ခွန်အား ပုံစံတွေကို မြင်ခဲ့ရတယ်။ အဲဒါကို အင်ပါယာ ၃ခုမှာ ထိပ်တန်းလို့ သတ်မှတ်လို့ရတယ်။ အမှောင်လစစ်တပ် သင်ယူစရာတွေ အများကြီး ရှိသေးတယ်။”
မှော်ဆရာခံတပ် တိုက်ပွဲငယ်လေး၌ ခေါင်းဆောင် ရှုံးနိမ့်သွားသော်လည်း ဆက်လက် တိုက်ခိုက်နေသေးသော် သွေးရောင်အင်ပါယာ စစ်သည်များကို ချန်လွေ့ နက်နက်ရှိုင်းရှိုင်း အထင်ကြီးမိသွားသည်။ အမှန်တကယ်၌ ချန်လွေ့သည် သွေးရောင် အင်ပါယာသို့ ပထမဆုံး ရောက်ခဲ့စဉ်က လေ့ကျင့်ရေးကွင်းရှိ တိုက်ပွဲဘောလုံးပွဲအတွင်း သွေးရောင်အင်ပါယာ စစ်သည်များ၏ မလျှော့သောစိတ်ဓာတ်နှင့် ပြတ်သားမှုများကို တွေ့ခဲ့ရသည်။
ပြောရမည်ဆိုလျှင် အမှောင်လ၊ ကြယ်ကြွေတမန်အင်ပါယာ နှင့် အရိပ်နက် အင်ပါယာစစ်တပ်တို့သည် ထိုအပိုင်းတွင် နိမ့်ပါးလှသည်။ ထို့ကြောင့် ချန်လွေ့က အဖွဲ့တစ်ခုလုံး၏ တိုက်ခိုက်ရေးသက်ရောက်မှုနှင့် သဟဇာတဖြစ်မှုကို တိုးတက်စေရန် အတွက် စိတ်စွမ်းအားကို ပိုမိုသန်မာစေရန် လေ့ကျင့်ပေးချင်နေသည်။
“အမ်း။” ရှီရာက အလိုက်တသိဖြင့် အာရုံပြောင်းလိုက်သည်။ သို့သော် သူက ချန်လွေ့၏ အမြင်ကို အရေးထားသည်မှာ သေချာပေသည်။ “အမှောင်လရဲ့ လူခေါ်တာနဲ့ လေ့ကျင့်တာက ရလာဒ်တွေ ထွက်လာပြီ။ အခုဆိုရင် သွေးနီဗိုလ်ခြေက ဦးရေ ၇၀၀၀၀ အထိ ရှိလာပြီ။ မီးလျှံဗိုလ်ခြေက ၈၀၀၀၀၊ အနောက်ဘက်ရဲ့ လရိပ်ဗိုလ်ခြေက ၅၀၀၀၀။ စီးနင်းသူ ၁၂၀၀ နဲ့ ဝိုင်ဗန်ဗိုလ်ခြေ၊ ဦးရေ ၁၁၀၀ ရှိတဲ့ မှော်ပညာရှင်ဗိုလ်ခြေ၊ ပြီးတော့ ဦးရေ ၂၄၀၀ရှိတဲ့ ပြိဿဗိုလ်ခြေ၊ ဦးရေ ၂၅၀၀ ရှိတဲ့ မယ်ဒူဆာ ဗိုလ်ခြေလည်း ရှိတယ်။”
ရှီရာ၏ မိမိ၏နယ်မြေက စစ်အင်အား အသေးစိတ် အချက်အလက်တစ်ခုကိုမှ မကြည့်ခဲ့ပေ။ ၎င်းမှာ လော့ဒ်ကောင်းတစ်ယောက် ပိုင်ဆိုင်သင့်သော အရည်အသွေး တစ်ရပ်ပင် ဖြစ်လေသည်။
ချန်လွေ့ မော့ကြည့်လိုက်သည်။ “ကိုယ်တို့ရဲ့ အကြီးမားဆုံးရန်သူက မြို့တော်က အိုဆိုင်ဒန်ပဲ။ လက်ရှိ စစ်အင်အား ၂သိန်းနဲ့ ရိက္ခာ၊အဆင်တန်ဆာ တောင်းဆိုမှု ပေါင်းလိုက်မယ်ဆိုရင် အခုအခြေအနေမှာ အမှောင်လနယ်မြေရဲ့ အကန့်အသတ်ကို ရောက်လုနီးပါး ဖြစ်နေပြီ။ အခုလက်ရှိသော တပ်သားအရေအတွက်ကို တိုးဖို့ မလိုတော့ဘူး။ နောက်ထပ်အရေးကြီးတာက အရည်အသွေးပဲ။ စစ်သည်တွေနဲ့ ပတ်သက်လာရင် အရည်အသွေးက အရေအတွက်ထက် ပိုသာတယ်။ ကိုယ်တို့တွေ စစ်မှန်တဲ့ လက်ရွေးစင် စစ်တပ်တစ်ခုကို တည်ဆောက်ဖို့ ကြိုးစားရမယ်။ လိုအပ်ရင် စစ်တပ်ကို လက်နက်ဖြုတ်တာတွေ၊ ချန်ညှိတာတွေလုပ်ဖို့ စဉ်းစားရမယ်...”
ရှီရာက သေသေချာချာ နားထောင်ပြီး မေးလိုက်သည်။ “အသေးစိတ် အစီအစဉ် တစ်ခုခု ရှိလား။”
“အခုလက်ရှိတော့ အသေးစိတ်အစီအစဉ် မရှိဘူး။ ဒါပေမဲ့ ဒီကိစ္စကို ကိုယ် အသီနာနဲ့ ဆွေးနွေးပြီးပြီ။ အကြမ်းတော့ရှိတယ်။ အဓိကအတွက်ကတော့ စစ်ဘက်ဆိုင်ရာ ပြိုင်ဆိုင်မှုနဲ့ လေ့ကျင့်ခန်းတွေအတွက် အခြေအနေအရ ချမှတ်ဖို့ပဲ....”
ချန်လွေ့ ခဏစဉ်းစားပြီး ပြောသည်။ “လော့ဒ်စစ်ပွဲထဲမှာ ဝိုင်ဗန်ဗိုလ်ခြေနဲ့ မယ်ဒူဆာ ဗိုလ်ခြေ ပေါက်ကြားသွားခဲ့တယ်။ အခုအချိန်အတွင်းတော့ မှော်ဆရာ ဗိုလ်ခြေကို လျို့ဝှက်လက်နက်အဖြစ် ဝှက်ထားရမယ်။ ပြီးတော့ ပြိဿတွေက အဆင့်အမြင့်ဆုံ မှော်အစီအရင် ပညာရပ်ကို တပ်ကျွမ်းသွားကြပြီ။ သူတို့တစ်ယောက်စီက အဖိုးတန်တဲ့ ပန်းပဲဆရာသခင်နဲ့ ယန္တရား ဆရာသခင်တွေပဲ။ အခု လက်ရှိ ကိုယ်တို့တွေ အဆောက်အအုံ အထောက်အပံ့နဲ့ ပစ္စည်းကိရိယာအတွက် အာရုံစိုက်ပြီးတော့ လွယ်လွယ်နဲ့ ပေးပစ်လို့ မဖြစ်ဘူး။ ယန်းကော်မြို့မှာ အရေအတွက်နဲ့ တိုက်ခိုက်ရေး သက်ရောက်မှုတူညီတဲ့ အံ့သြလောက်စရာ အရေအတွက်နဲ့ မသေမျိုးစစ်တပ်တစ်ခု ရှိနေသေးတယ်ဆိုတာ မမေ့နဲ့ဦး။ အိုဆိုင်ဒန်က ရန်ပုံငွေကိစ္စကြောင့် အခြားကိစ္စအတွက် အချိန်မရှိဘူး။ ကိုယ်တို့တွေ ဒီအခွင့်အရေးကို အသုံးချပြီးတော့ အင်အားပိုတိုးအောင် ပြန်ပြီးတော့ အားဖြည့်ရမယ်။ နောက်တစ်ဆင့်အတွက် ကိုယ့်မှာ အစီအစဉ် တချို့ ရှိတယ်....”
ရှီရာက ခေါင်းညိတ်နေခဲ့သည်။ ချန်လွေ့၏အသံ ရုတ်တရက် ပျောက်သွားကြောင်း ကြားလိုက်ရသည့်အခါ သူ မေးလိုက်မိသည်။ “ဘာ အစီအစဉ်လဲ။”
ချန်လွေ့က လျို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်သည်။ “ဒီအစီအစဉ်က တော်တော်လေး အရေးကြီးတယ်။ တော်ဝင်မင်းသမီးကို နှစ်ယောက်တည်း သတင်းပို့ဖို့ ဆုံးဖြတ်ထားတယ်။”
“အခုက ငါတို့နှစ်ယောက်တည်း မဟုတ်လား။”
“ကောင်စီခန်းမ တအားကျယ်လွန်းတယ် မထင်ဘူးလား။ ကိုယ်လိုချင်တဲ့ နေရာက တော်တော်လေးသေးတယ်။ ကြေးမုံနဲ့ ဆည်းလည်းတွေပါရင် ပိုကောင်းတယ်။ ကိုယ်တို့ ဆွေးနွေးနေလို့ ဂီတသံနဲ့အတူ ကလို့ရတာပေါ့။ စားပွဲပေါ်မှ တရင်းတနှီးနဲ့ ဘဝ အကြောင်းတွေ ပြောလို့ရတယ်။ ဒီမှာဆိုရင် အရေးကြီးတဲ့အပိုင်းတွေ မကျန်ခဲ့နိုင်ဘူးလို့ အာမ မခံနိုင်ဘူး။”
ရှီရာ ရှက်သွားပြန်ပြီး အေးစက်စက် ပြောလိုက်သည်။ “မင်းငါ့ကို ခြိမ်းခြောက် နေတာလား။”
“အဲလိုပဲ ထားလိုက်ပါ။” ချန်လွေ့၏ သူ၏သူဌေးမကို ခြိမ်းခြောက်နေခြင်း အတွက် မည်သည့်နောင်တမျှ မရဘဲ ပြုံးဖြီးဖြီး လုပ်နေလိုက်သည်။
“မင်း မပြောချင်မှတော့ အခု သွားလို့ရပြီ။” ရှီရာ၏မျက်နှာ အေးစက်သွား၏။
ဒီလိုမျိုးအကွက် ဉာဏ်များတဲ့ ကူးပြောင်းသူအတွက် အသုံးမဝင်ဘူး။ ချန်လွေ့က စိတ်ထဲ၌ပြောပြီး ရှီရာကို အရိုအသေပြုလိုက်သည်။ “အခုအချိန်က မသင့်တော်သေးဘူး။ ညပိုင်းက အကောင်းဆုံးပဲ။ ဒါဆို ဒီည တစ်နေရာတည်းမှာ တွေ့ကြတာပေါ့။ ချစ်ရတဲ့ တော်ဝင်မင်းသမီး။”
ရှီရာ မတုံ့ပြန်နိုင်ခင်မှာပင် ချန်လွေ့က အလျင်အမြန် ဦးညွှတ်လိုက်ပြီး တံခါးဆီသို့ လျှပ်တပြက် သွားလိုက်သည်။ “အိုး။ မေ့တော့မလို့။ နောက်လအစက မင်းမွေးနေ့ပဲ။ အဲဒီအချိန်ကျရင် မင်းကို မမေ့နိုင်မယ့်လက်ဆောင်တစ်ခု ပေးမယ်။”
ထိုသို့ပြောပြီးနောက် ချန်လွေ့က တံခါးနားတွင် ပျောက်ကွယ်သွားခဲ့သည်။
မွေးနေ့ပွဲလား။ ချန်လွေ့ သိမ့်သိမ့်တုန်သွားခဲ့သည်။ သူကိုယ်တိုင် မေ့လုနီးပါး ဖြစ်နေခဲ့သည်။ သို့သော်လည်း ချန်လွေ့က အမှန်တကယ် မှတ်မိနေလေသည်။
တော်ဝင်မင်းသမီးက မျက်နှာကို အသာလေး ဖုံးထားလိုက်သည်။ သူက ပျော်ရွှင်မှုနှင့် ပူနွေးမှုကို ဖုံးဖိထားဟန်တူသည်။ တဖြည်းဖြည်းနှင့် သူက လက်လွှတ်လိုက်ပြီး သူ၏ခြေထောက်က ပေါ့ပေါ့ပါးပါးနှင့် ပျော်ရွှင်စွာ စတင် ကခုန်တော့သည်။