← Chapters

“စစ်မေးခြင်းလား။” ရင်းနီ၏ သံသယ

Vol. 31 Ch. 463

“စစ်မေးခြင်းလား။” ရင်းနီ၏ သံသယ

Vol. 31 Ch. 463

ရက်အနည်းငယ်ကြာပြီးအမှောင်လမြို့ထဲတွင် အက်ဂ်ယောနှင့် ဘယ်ဇီဘတ် ကောလာဟလများ ပျံ့နှံ့နေဆဲ ဖြစ်သည်။ သို့သော်လည်း သွေးနီဗိုလ်ခြေ ဒုတိယခေါင်းဆောင် အက်ဂ်ယောက နန်းတော်၏ လက်ထောက်ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်မည် ဖြစ်ကြောင်း ကြေညာလိုက်သည့်အခါ ကောလာဟလများ အတော်လေး လျော့ပါးသွားခဲ့သည်။

နန်းတော်ရဲ့ လက်ထောက်ခေါင်းဆောင်ဆိုတာ ဘာလဲ။ အစောင့်ခေါင်းဆောင် ခါဂူလီပြီးရင် ဒုတိယမြောက် လူယုံပဲ။ နန်းတော်အစောင့်တွေကိုလည်း ရွှေ့ပြောင်း နိုင်တယ်။ နန်းတော်ကိုလည်း အချိန်မရွေး ဝင်ထွက်သွားလို့ရတယ်။ ဒါက တော်ဝင်မင်းသမီးရဲ့ ယုံကြည်မှုကို ပြသဖို့ လုံလောက်တယ်။ ဘယ်ဇီဘတ် တော်ဝင်မိသားစုဝင် တစ်ယောက်လိုမျိုး သံသယရှိပြီးတော့ အန္တရာယ်များတဲ့ လူတစ်ယောက်ကို တော်ဝင်မင်းသမီးက သူ့အနားမှာ ထားမှာလား။

၎င်းမှာ ချန်လွေ့၏အကြံ ဖြစ်သည်။ ကောလာဟလများကို ဖြေရှင်းခြင်းမှာလည်း ရည်ရွယ်ချက် တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ အခြားတစ်ဖက်၌လည်း ကိုယ်ရေးကိုယ်တာ အတွက် တရားဝင်ကိစ္စကို အကြောင်းပြကာ သရုပ်ကို လွတ်လွတ်လပ်လပ် ပြောင်းလဲနိုင်ပြီး တော်ဝင်မင်းသမီးနှင့် ချိန်းတွေ့၍ ရနိုင်ပေသည်။

ထိုနေ့ရက်များ၌ သူတို့နှစ်ယောက်ကြားမှ ပတ်သက်မှုမှာ တဖြည်းဖြည်းနှင့် နွေးထွေးသွားခဲ့သည်။ နောက်ဆုံးခံစစ်မှလွဲ၍ ရှီရာ၏ ခုခံမှုများအားလုံး ကျိုးပျက်ကုန်၏။ ချန်လွေ့သည် ရှီရာ၏ ဂရုမထားသော လော့ဒ်မျက်နှာဖုံးအောက်၌ ကြာရှည်ဖိစီးထားသော ညင်သာမှုများကို သေသေချာချာ ခံစားနေရပြီး တဖြည်းဖြည်းနှင့် ရှီရာ ယစ်မူးသွားခဲ့သည်။

ရက်စက်သော အလှအပနောက်ကွယ်၌ ရှီရာတွင် အမှန်ကယ်ပင် အထီးကျန်ခြင်းကို လုံးဝကြောက်ရွံ့သော်လည်း ရင်ဆိုင်ခဲ့ရသည်။ ကံကောင်းစွာပင် ယခုတွင် သူသည် တစ်ယောက်တည်း မဟုတ်တော့ပေ။ သူ့တွင် မှီခိုနိုင်သည့် “ကိုက်”နိုင်သည့် ပုခုံးတစ်ဖက် ရှိနေပြီဖြစ်သည်။

ချန်လွေ့အား တစ်ယောက်ယောက်အဖြစ် အထင်မှားသော အဖြစ်အပျက်၌ မြို့တော်၏ လျို့ဝှက်သတင်းအချက်အလက်ခေါင်းဆောင်ကို ဖမ်းဆီးနိုင်ခဲ့ပြီး ထိုသူက အစ်ဇဘယ်လာ၏ လျို့ဝှက်ပညာရပ်အောက်တွင် ဖွင့်ပြောခဲ့သည်။ ယခုတစ်ခေါက် သူ အမှောင်လသို့ လာရခြင်း၏ အဓိကအကြောင်းရင်းမှာ ဝတ်ရုံဂိုဏ်း၏ “အက်ဂ်ယော” အကြောင်း အသေးစိတ်ကို စုံစမ်းရန် ဖြစ်သည်။ အက်ဂ်ယောသည် ဘယ်ဇီဘတ် တော်ဝင်မိသားစုဝင်ဖြစ်ကြောင်း အတည်ပြုနိုင်သည့်အခါ သူက အက်ဂ်ယောထံ ချဉ်းကပ်ရန်ကြိုးစားပြီး ရီဂျန့်အိုဆိုင်ဒန်ကိုပင် သက်ဆိုင်ရာ ရည်ရွယ်ချက်တစ်ခုဖြင့် ကိုယ်စားပြု နိုင်ပေသည်။ ထိုထဲတွင် အမှောင်လအား ဘယ်ဇီဘတ်တော်ဝင်မိသားစု အဖြစ် နာမည်တတ်ရန်လည်း ပါဝင်နေသည်။ သတ်မှတ်ချက်များမှာ ရှီရာကို ပုန်ကန်ပြီး မြို့တော်ကို နာခံရန် ဖြစ်သည်။

ထိုရည်ရွယ်ချက်မှာ အတော်လေး ဆိုးယုတ်လှသည်။ အိုဆိုင်ဒန်က ရန်ပုံငွေကိစ္စ၌သာ ကြားထဲညှပ်နေခဲ့သည်။ သူက အကြွေးဆပ်ရန်အတွက် ပိုက်ဆံစုရန်သာ စိတ်အားထက်သန်နေခဲ့သည်။ ထို့ကြောင့် ရှီရာကို ဖြေရှင်းရန်အတွက် အာရုံစိုက်ချိန် မရှိပေ။ အမှောင်လအင်အားနှင့် ဂုဏ်သြဇာအာဏာ တဖြည်းဖြည်း ကြီးထွားလာသည်ကို ကြည့်ရင်း သူ အေးဆေး မနေနိုင်တော့ပေ။ ထို့ကြောင့် သူက အမှောင်လတွင် အတွင်းရေးပြဿနာဖြစ်ရန် ထိုကဲ့သို့ ဆိုးယုတ်သော လှည့်ကွက်ကို အသုံးချခြင်း ဖြစ်သည်။ သူက အမှောင်လအား ကမ္ဘာမကြေရန်သူဖြစ်သော ဘယ်ဇီဘတ် တော်ဝင် မိသားစုဟူ၍ပင် နာမည်တတ်နိုင်သည်။

ထို“တာဝန်”မှာ ရေတိုကတိသာ ဖြစ်သည်။ သို့သော်လည်း ၎င်းသည် ယုတ်စွအဆုံး အမှောင်လကို အနည်းငယ် နှေးကွေးစေနိုင်သည်။ ဘယ်ဇီဘတ်မိသားစုနှင့် ရှီရာတို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်သည်နှင့် အမှောင်လ၏ ဖွံ့ဖြိုးတိုးတက်မှုများ သေချာပေါက် ရပ်တန့်ပြီး ဆုတ်ယုတ်သွားပေလိမ့်မည်။ အိုဆိုင်ဒန်က သူတို့ တိုက်ခိုက်နေစဉ်အတွက် မီးလောင်နေသည်ကို ကမ်းခြေမှ ကြည့်ပျော်ပေသည်။ တစ်ချိန်တည်းမှာပင် သူက ရှီရာနှင့် ဘယ်ဇီဘတ်ကို ကိုင်တွယ်ရန်အတွက် မလွှတ်ခင် ရန်ပုံငွေကိစ္စဖြစ်သော အကြီးမားဆုံး ပြဿနာကို ဖြေရှင်းရန် ကြိုးစားပေမည်။

.

သို့သော် အိုဆိုင်ဒန်က သူလွှတ်လိုက်သော လျို့ဝှက်သလင်းအချက်အလက် ခေါင်းဆောင်သည် ရန်သူလက်ထဲ အလျင်အမြန် ရောက်ရှိသွားလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။ အမှောင်လ လျို့ဝှက်သတင်းအချက်အလက် ဌာန “အမှောင်နတ်ဆိုး”၏ လက်ရှိခေါင်းဆောင်မှာ မြို့တော်၏ လျို့ဝှက်ချက်များကို ကောင်းကောင်းသိသော သူ၏ အင်အားကြီး ငယ်သားဟောင်း မိစ္ဆာထောင်ခြောက်ပန်း အစ်ဇဘယ်လာ ဖြစ်လိမ့်မည်ဟုလည်း မထင်ထားခဲ့ပေ။ ပို၍ မထင်မှတ်ထားသည်မှာ “အက်ဂ်ယော ဘယ်ဇီဘတ်” ဆိုသည်မှာ ရှီရာ၏ “လူယုံ” ဖြစ်နေခြင်းပင်။

ထိုမတိုင်ခင် ရှီရာသည် အက်ဂ်ယောက နန်းတော်၏ ဒုတိယ အစောင့်ခေါင်းဆောင် အဖြစ် ကြေညာခဲ့သည့်အတွက် ထိုသတင်းအချက်အလက်က ချန်လွေ့ကို အနည်းငယ် နှမြောသွားစေသည်။ အကယ်၍ သူသာ လျို့ဝှက်သတင်းအချက်လက် ခေါင်းဆောင်မှ “အက်ဂ်ယော”ကို ဆက်သွယ်မည့်အကြောင်း စောစော သိရလျှင် ချန်လွေ့သည် အခြား သရုပ်တစ်ခုကို အသုံးပြုပြီး အိုဆိုင်ဒန်နှင့် စကားပြော၍ ရနိုင်ပေသည်။ ထို့ပြင် သူသည် ရီဂျန့် အိုဆိုင်ဒန်ကို နောက်တစ်ကြိမ် လှည့်စား၍ ရနိုင်လောက်သည်။

လျို့ဝှက်သတင်းအချက်အလက် ခေါင်းဆောင် အဖမ်းခံလိုက်ရကြောင်း အိုဆိုင်ဒန် မသိပေ။ ထို့ကြောင့် ချန်လွေ့က အခြားနည်းဗျူဟာများကို စဉ်းစားရပေမည်။ သို့သော် ချန်လွေ့တွင် ထိုကိစ္စကို စဉ်းစားရန် အချိန်မရှိပေ။ အကြောင်းရင်းမှာ ထိုသတင်းကို ကိုယ်တိုင်ပေးခဲ့သော အမှောင်နတ်ဆိုး ခေါင်းဆာင် အစ်ဇဘယ်လာက သူ့ကို ဒေလီယာနာမည်ဖြင့် အမှောင်နတ်ဆိုး ဌာနချုပ်သို့ “ဖိတ်ကြား”လိုက်သည့် အတွက်ကြောင့်ပင်။ မစ်-ရင်းနီက ယခုတွင် သူ၏အရှေ့၌ ရှိနေလေပြီ။ သူက ဆာ- ဘဏ္ဍာရေးအရာရှိအား စူစူးစိုက်စိုက် ကြည့်နေလိုက်သည်။

အခန်းတစ်ခုလုံးတွင် အစ်ဇဘယ်လာနှင့် ချန်လွေ့တို့ နှစ်ယောက်တည်းသာ ရှိသည်။ ကျန်သော အမှောင်နတ်ဆိုးအဖွဲ့ဝင်များမှာ မဒမ် သူဌေးမ အချက်ပြသည့်အခါ ထွက်သွားခဲ့ကြလေပြီ။

ချန်လွေ့က အစ်ဇဘယ်လာ၏ စိုက်ကြည့်မှုကြောင့် အနည်းငယ် လိပ်ပြာမလုံ ဖြစ်နေသည်။ အစ်ဇဘယ်လာက ပြောသည်။ “အမှောင်နတ်ဆိုးရဲ့ အနာဂတ် တိုးတက်မှုတွေနဲ့ သက်ဆိုင်နေတဲ့ အရေးကြီး မေးစရာတွေ ရှိတယ်။ ဆာ-ဘဏ္ဍာရေး အရာရှိ။ ကျွန်မရဲ့ သံသယတွေကို ရှင်းလင်းပေးပါ။”

ချန်လွေ့လည်း အစ်ဇဘယ်လာကို အာရုံပြောင်းရန် အကြောင်းအရာတစ်ခု ရှာဖွေချင်နေသည်။ သို့သော်လည်း အရေးကြီးကြောင်း ကြားလိုက်ရသည့်အခါ ခပ်မြန်မြန် ခေါင်းညိတ်လိုက်သည်။

“ပထမမေးခွန်းက ရိုမန်အကြောင်း ရှင် ဘယ်လောက်သိလဲ။”

ထိုမေးခွန်းက ချန်လွေ့ကို အံ့အားသင့်သွားစေသည်။ အစ်ဇဘယ်လာက သူ့တူမှာ ပြဿနာ တစ်ခုခု ရှိနေတယ်လို့ သံသယ ရှိနေတာလား။ လျို့ဝှက်သတင်းအချက်ဌာနရဲ့ ခေါင်းဆောင်အနေနဲ့ သူ့မှာ လူတိုင်းကို သံသယဝင်ဖို့ အကြောင်းရင်း ရှိသည်။ ရိုမန်က ရမ္မက်ကြီးပြီး ပေါ့ပျက်ပျက်နေကော အရက်စွဲနေသော်လည်း ချန်လွေ့က သတိထားစရာ မလိုဘဲ အန္တရာယ်ကင်းကင်း ကျောပေးနိုင်ပေသည်။

“ရိုမန်နဲ့ကျုပ်က သိတာ သိပ်မကြာသေးပေမဲ့ ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် ကျုပ်မှာ ပြောစရာ စကားနှစ်လုံးပဲ ရှိတယ်။ လုံးဝယုံကြည်မှု။”

အစ်ဇဘယ်လာ အသာလေး ခေါင်းညိတ်ပြီး မေးလိုက်ပြန်သည်။ “ပါ့ဂ်လီအို အတွက်ကရော။ ဒီစကား နှစ်လုံးပဲလား။ ရှင်တို့နှစ်ယောက်ကြားက ပတ်သက်မှုက ထူးခြားတယ်လို့ ဘက်တီ ဆီကနေ ကျွန်မ ကြားထားတယ်။”

မစ်-ရင်းနီက တမင်တကာပင် “ထူးခြားတယ်” ဟူသော စကားလုံးကို အလေးပေး ပြောခဲ့သည်။ ချန်လွေ့က အနည်းငယ် ကိုးရိုးကားရား ဖြစ်သွားခဲ့သည်။ ငါနဲ့ ဘဲခေါင်း နဂါးကြားမှာ ဖြူစင်တာလွဲပြီးတော့ ဘာမှမရှိဘူး။

“ကျွန်မ အခု ကိစ္စတစ်ခုကို တော်တော်လေး သိချင်နေတယ်။” အစ်ဇဘယ်လာက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ “အဲဒီနေ့တုန်းက “စိုင်မွန်” ဆိုတဲ့ စီးပွားရေးသမားတစ်ယောက်က ကျွန်မနဲ့ ပါ့ဂ်လီအိုရဲ့ တိုက်ခိုက်မှုကနေ ဘယ်လို လွတ်မြောက်သွားတာလဲ။”

ထိုစဉ်းစားနှုန်းမှာ အတော်လေး ကျယ်ဝန်းလှသည်။ သူသည် ချက်ချင်းပင် “စိုင်မွန်”ကို ဆွဲသွင်းလာလိုက်သည်။ ချန်လွေ့က အလျင်အမြန် ရှင်းပြသည်။ “ဒါက ဒီလိုပါ။ ကျုပ်က ကံကောင်းပြီးတော့ လူသားလောကမှာရှိတဲ့ မဟာဆရာသခင် အမွေအနှစ်တစ်ခုကို ရှိခဲ့တယ်။ ပြီးတော့ ကျုပ်က ယန္တရားပညာနဲ့ အသက်ကယ် စွမ်းရည်တွေ ရလာတယ်။ ဒါပေမဲ့ ဒါက အသက်ကယ်ရုံပဲ။ တိုက်ခိုက်ရေးစွမ်းအား မပါဘူး။ တကယ်လို့ ကျုပ်က ပါ့ဂ်လီအိုကို မတားလိုက်ရင် ကျုပ်လူတွေကြောင့်ပဲ ကျုပ် သေသွားလောက်ပြီ။”

ချန်လွေ့က ထိုရှင်းပြချက်ကို အချိန်အကြာကြီး စဉ်းစားနေခဲ့သည်။ သူက အစ်ဇဘယ်လာကို လှည့်စားနိုင်ရန် မျှော်လင့်ထားသော်လည်း အစ်ဇဘယ်လာက သာမန်မိန်းမ မဟုတ်ပေ။ သူက အလွန်ဉာဏ်ကောင်းပြီး တဲရစ်ကိုပင် ယှဉ်နိုင်လုနီးပါး ဖြစ်သည်။ သူက “ချာလီစ်”အဖြစ် ချန်လွေ့ ဟန်ဆောင်ခဲ့စဉ် ရန်ပုံငွေ အလိမ်ပညာကို ဖော်ထုတ်ခဲ့ဖူးသည်။ သူသည် ချန်လွေ့၏အကွက်ကို မြင်သွားခဲ့သည့် ပထမဆုံး “ပြိုင်ဘက်”လည်း ဖြစ်သည်။

ဒီတစ်ခေါက် ငါသူ့ကို တကယ် လှည့်စားနိုင်မှာလား။

အစ်ဇဘယ်လာက ပေါ့ပေါ့ပါးပါး မေးလိုက်သည်။ “အိုး။ မဟာဆရာသခင် အမွေအနှစ်လား။ ဒါဆို နှစ်ဆင့် တယ်လီပို့ခုန်တာက....ရှင့်ရဲ့ အသက်ကယ် စွမ်းရည်လား။”

ချန်လွေ့က “ချာလီစ်” သည် ဘရော့ခ်နှင့် သူသေကိုယ်သေ တိုက်ခဲ့စဉ်က [ နှစ်ဆင့် တယ်လီပို့ခုန်ခြင်း ] စွမ်းရည်ကို ပြသခဲ့မိကြောင်း ရုတ်တရက် တွေးမိလိုက်သည်။ သူ၏ နှလုံးသား ပို၍ တင်းမာသွားခဲ့သည်။ သို့သော်လည်း သူ ငြင်း၍ မရတော့ပေ။ သူက စကားလမ်းကြောင်း ပြောင်းလိုက်ပြန်သည်။ “ဟုတ်ပါတယ်။ မင်းသမီးရှီရာကို သွေးနွယ်နယ်မြေဆီ အဖော်ပြုပေးပြီးတော့ အမွေအနှစ်က သန္ဓေပြောင်းသွားတယ်။ အဲဒါကြောင့် ထူးခြားတာ တစ်ခုခုကို ရှာတွေ့ဖို့အတွက် သွေးရောင်အင်ပါယာဆီ သွားခဲ့ရတာ.....”

အစ်ဇဘယ်လာက အမှောင်နတ်ဆိုး ခေါင်းဆောင်ဖြစ်သည်။ ချန်လွေ့သည် သွေးရောင်အင်ပါယာ၌ အမှောင်နတ်ဆိုးစွမ်းအားကို အကြိမ်များစွာ အသုံးပြုခဲ့သည်။ ထို့ပြင် တာဝန်ယူရသော တက်စ်ကလည်း သူ့ကြောင့် စတေးခံခဲ့ရသည်။ အစ်ဇဘယ်လာက သွေးရောင်အင်ပါယာမှ သူ၏လုပ်ရပ်များကို မသိရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ထပ်မံ သံသယ မဖြစ်စေရန်အတွက် သူ ဝန်ခံထားလိုက်သည်။

“ယန္တရားစွမ်းရည်က မဟာဆရာသခင်ကနေ ဆက်ခံထားတာလား။ အဲဒါက ယန္တရားစွမ်းရည်ပဲလား။ ဆေးဝါးပညာ မဟုတ်ဘူးဆိုတာ သေချာလား။”

အစ်ဇဘယ်လာ၏ မေးခွန်းက ချန်လွေ့၏ ပို၍ပို နှလုံးခုန် မြန်သွားစေသည်။ ကြည့်ရတာ အစ်ဇဘယ်လာက ငါအစိုးရိမ်ဆုံး ပြဿနာကို သံသယ ဝင်နေတဲ့ပုံပဲ။ ချန်လွေ့ အမြန် ခေါင်းညိတ်လိုက်သည်။ “ဟုတ်ပါတယ်။ ယန္တရား....စွမ်းရည် ပါပဲ။”

“ဒါကြောင့် ရှင်က သွေးရောင်အင်ပါယာရဲ့ ယန္တရားအစည်းအရုံးဆီ သွားခဲ့တာကိုး။ အမွေအနှစ်ဆိုတာက ယန္တရားကုန်ကြမ်းတွေ လိုအပ်လောက်တယ်။” အစ်ဇဘယ်လာက သဘောပေါက်သွားဟန် ပြသလိုက်သည်။ သို့သော်လည်း သူ၏လက်ထဲ၌ ဓားမြောင် တစ်လက် ရှိနေသည်။ သူက ၎င်းကို ဖြည်းဖြည်းလေး ကစားနေသည်။ ၎င်းမှာ ထိုစဉ်က ဘရော့ခ်ကို လုပ်ကြံရန်အတွက် အစ်ဇဘယ်လာဆီ ချန်လွေ့ ပေးခဲ့သော “လောင်မြိုက်အရိပ်” ဖြစ်သည်။ ယခုအချိန် ၎င်းကို ထုတ်ပြထားခြင်းသည် လေးနက်သော အဓိပ္ပာယ် ရှိနေဟန်တူသည်။

“ရှင်ဘာလို့ အရိပ်နက်အင်ပါယာရဲ့ ယန္တရားအစည်းအရုံးကို မသွားခဲ့တာလဲ။ အမှောင်လနဲ့ အရိပ်နက်အင်ပါယာကြားက ဆက်ဆံရေး အတိုင်းဆိုရင် အရှားပါးဆုံး ကုန်ကြမ်းတွေကိုတောင် သွေးရောင်အင်ပါယာမှာထက် အလွယ်တကူ ရနိုင်တယ်။ အရိပ်နက်အင်ပါယာရဲ့ ယန္တရားအစည်းအရုံးကို သွားဖို့အတွက် ရှင့်မှာ ဖုံးကွယ်ထားတဲ့ အကြောင်းရင်းများ ရှိနေလို့လား။”

ချန်လွေ့ ချွေးပြန်လာသည်။ ဒီမိန်းမ၏ အတွေးအခေါ်က တော်တော်လေး မြန်ဆန်တယ်။ ပြီးတော့ သူ့စကားတွေက ကွက်တိပဲ။ ဒီအဆိုင်းသာဆိုရင်တော့ သုံးသွယ်-အထူးပြု ယန္တရားဆရာသခင်ဆိုတဲ့ သရုပ်ပါ ပေါ်သွားမှာ စိုးရတယ်။ ထို့ကြောင့် ချန်လွေ့က စကားလမ်းကြောင်း ပြောင်းလိုက်သည်။ “အရိပ်နက်အင်ပါယာကို မသွားချင်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ဒီပစ္စည်းကို သွေးရောင်အင်ပါယာမှာပဲ ရလို့ပါ။ အဲဒါကို .... သြဇာယွမ်မြေလို့ ခေါ်တယ်။”

“တောင်းပန်ပါတယ်။ ကျွန်မက ရှင့်လျို့ဝှက်ချက်တွေကို စုံစမ်းချင်စိတ် မရှိပါဘူး။ ကျွန်မက ယန္တရားပညာ ဘာမှမသိပါဘူး။ ရှင်ပြောသမျှကို ယုံပါတယ်။” မစ်-ရင်းနီ၏ စကားကြောင့် ချန်လွေ့ စိတ်ထဲ၌ အပြစ်တင်လိုက်သည်။ ဒါက လျို့ဝှက်ချက်တွေကို စုံစမ်းတာ မဟုတ်လို့လား။

“ဒီတစ်ခေါက် ရှင်လုပ်ခဲ့တာက တကယ့်ကို မယုံနိုင်စရာ ကောင်းတယ်။ ရှင်က နတ်ဆိုးဘုံရဲ့ ထိပ်တန်းဆရာသခင်ဖြစ်တဲ့ နိတ်ကို ဆွဲချခဲ့တယ်။ ဖွန်ဆက်လား ဘာလားကတော့ ရှင့်ရဲ့လျို့ဝှက်ချက် ဖြစ်မယ်။ ကျွန်မ ထပ်ပြီး မမေးတော့ဘူး။” အစ်ဇဘယ်လာက လောင်မြိုက်အရိပ်၏ ထက်မြက်သောနောက်ဘက်ကို အသာအယာ ပွတ်သပ်လိုက်သည်။ “ရှင်က ရန်သူတိုင်းပြည်ထဲ တစ်ယောက်တည်း သွားပြီးတော့ လှည့်ကွက်တွေနဲ့ အတွင်းရေး ပဋိပက္ခဖြစ်အောင် လုပ်ခဲ့တယ်။ ရန်သူရဲ့ ဗိုလ်ချုပ်တွေကို သတ်ခဲ့တယ်။ နောက်ဆုံးတော့ သေဟန်ဆောင်ပြီး ထွက်ပြေးခဲ့တယ်။ ဒါလို နည်းဗျူဟာမျိုးကို တခြားတစ်ယောက်မှာ ကျွန်မ တွေ့ဖူးသလိုပဲ။”

.

ချန်လွေ့၏နှလုံးသား ပြင်းပြင်းထန်ထန် တုန်ခါနေ၏။ သူက အလျင်အမြန် ရှင်းပြလိုက်သည်။ “ကျုပ်က မိတ်ဆွေတစ်ယောက်အတွက် လက်စားချေဖို့အတွက်ပဲ လှည့်ကွက်တွေ သုံးခဲ့တာ။ ဗိုလ်ချုပ် အားဒီလိတ်ကတော့ မင်းသားတွေကြား တိုက်ခိုက်မှုကြောင့် သေသွားခဲ့တာ။ ကျုပ်မှာ ဒီလိုမျိုးစွမ်းရည် မရှိပါဘူး။”

အစ်ဇဘယ်လာက အေးအေးဆေးဆေး ပြောသည်။ “အိုး။ဒါဆို ကျွန်မ အထင်မှား သွားတာပဲ။ ဒါပေမဲ့ လူတိုင်းမှာ ကိုယ်ပိုင်အကျင့်စရိုက် ရှိတယ်။ ပုံစံ ဘယ်လိုပဲ ပြောင်းပြောင်း၊ အရိုးထဲက အရာတွေကိုတော့ ပြောင်းရခက်တယ် မဟုတ်လား။”

ချန်လွေ့က စိုးရိမ်လျက် သိမ့်သိမ့်တုန်သွားသည်။ သူက တစ်စုံတစ်ခုကို ရုတ်တရက် သတိထားမိသွားဟန် တူသည်။ သူက နဖူးကို ရိုက်လိုက်သည်။ “ဒါနဲ့ ကျုပ်က မင်းသမီးလေးနဲ့ ဒီနေ့ ချိန်းထားတာ ရှိတယ်။ ကျုပ် သူ့ကို နေရာတစ်ခုဆီ ခေါ်သွားချင်တာ။ အခု သူက ကျုပ်ကို လိုက်ရှာနေလောက်တယ်။ ခင်ဗျားမှာ နောက်ထပ်မေးခွန်း မရှိတော့ဘူးဆိုရင် ကျုပ်.....”

ထိုစကားမှာ အလိမ်အညာ မဟုတ်ပေ။ ချန်လွေ့သည် ယနေ့တွင် လိုလီလေးအား “ခရီး”ထွက်ရန်‌ ခေါ်သွားမည်ဟု ကတိပေးခဲ့သည်။ ထို“ခရီး”မှာ အမှန်တကယ်၌ ရှီလန်တောင် မြေအောက်လောကသို့သွားပြီး သြဇာယွမ်မြေအား မြေဒြပ်စင်ဘုရင်ထံ ပေးရန် ဖြစ်သည်။

သြဇာယွမ်မြေတွင် အလိုလို ပန်ကောင်းနိုင်သော စွမ်းရည်ရှိသည်။ အင်အားကြီးသော မစ်-နဂါးနက်က ၎င်းကို ဟင်းခတ်အမွှေးအကြိုင်အနေဖြင့် တစ်ကိုက် ကိုက်ခဲ့သည်။ ယခုတွင် ၎င်းသည် ပြန်ကောင်းသွားလေပြီ။ ထို့ကြောင့် မြေဒြပ်စင်များ၏ မြေနန်းတော်သို့သွားရန် အချိန်ကျရောက်ပြီ ဖြစ်သည်။

“ရှင် ပန်းတွေကို သဘောကျလား။”

သူစကားမပြောပြီးခင်မှာပင် အစ်ဇဘယ်လာက လှပသော မျက်လုံးပြာဖြင့် ချန်လွေ့၏ မျက်လုံးကို တည့်တည့်စိုက်ကြည့်လိုက်သည်။

ထိုစကားတွင် အဓိပ္ပာယ်အမျိုးမျိုး ရှိနေဟန်တူသည်။ ချန်လွေ့က လိပ်ပြာမလုံဘဲ အကြည့်လွှဲလိုက်သည်။ “ဒီမေးခွန်းက အမှောင်နတ်ဆိုး နောက်ထပ်တိုးတက်ဖို့ နဲ့ မဆိုင်ဘူး မဟုတ်လား။”

အစ်ဇဘယ်လာက အေးစက်စက်နှင့် ပြောသည်။ “ဆိုင်တာပေါ့။ ဒီကိစ္စက အမှောင်နတ်ဆိုးကို ထိန်းချုပ်ရတဲ့ ကျွန်မအတွက် တော်တော်လေး အရေးပါတယ်။ ဒါက အနာဂတ် လုပ်ဆောင်ချက်တွေနဲ့ အမှောင်နတ်ဆိုးတစ်ခုလုံးရဲ့ တိုးတက်မှုကို တိုက်ရိုက် သက်ရောက်မှု ရှိနိုင်တယ်။ အခု ရှင်ဖြေတာကို ကျွန်မ ကြားချင်တယ်။”

ဒါက ခြိမ်းခြောက်တာလား။

ချန်လွေ့က ထိုနေ့တွင် ရှီရာအား “ခြိမ်းခြောက်ခဲ့ခြင်း”ကို သတိရလိုက်သည်။ ဝဋ်က လည်တာ မြန်တာပဲ။

“မ..မဆိုးပါဘူး။” ချန်လွေ့က ငေးကြောင်းရင်း ဖြေလိုက်သည်။ ဒီပန်းက... မိစ္ဆာထောင်ခြောက်လား။ နှင်းဒဲလက်ပန်းလား။

“ရှင်က တော်တော်လေး သတိလစ်နေခဲ့တဲ့ပုံပဲ။ ရိုမန်က ဒီမှာ ရှိနေပြီးတော့ ရှင့်နဲ့ ရင်းနှီးတဲ့ ပါ့ဂ်လီအိုလို အစွမ်းထက်ပုဂ္ဂိုလ်လည်း ရှိနေတော့ ကျွန်မရဲ့ မိစ္ဆာ ‌ဗိုဒိုကို ဖယ်ရှားဖို့အတွက် ရှင်ဘာလို့ ပြန်လည်ရှင်သန်ခြင်းဆေးရည် လိုရတာလဲ။” အစ်ဇဘယ်လာ၏ မေးခွန်းက ကျယ်ပြန့်လှသော အတွေးအခေါ်ကို ပြသလိုက်ပြန်သည်။ သူက မူလစကားဆီ ပြန်သွားလိုက်သည်။

ချန်လွေ့ အံ့အားသင့်သွားခဲ့သည်။ အစ်ဇဘယ်လာက သူသည် ထိုစဉ်က မိစ္ဆာ ဗိုဒို၏ အဆိပ်အကြံအစည်ကို အသုံးပြုခဲ့ကြောင်း တည့်တည့် ဝန်ခံခဲ့သည်။ ထိုအချိန်၌ သူတို့သည် အကြီးအကဲ မတူညီကြပေ။ သို့သော်လည်း မိစ္ဆာဗိုဒို ဖယ်ရှားခြင်းမှာ အမှန်တကယ်ပင် အလွန်ကြီးမားသော ဟာကွက်ကြီးတစ်ခု ဖြစ်နေသည်။ ပါ့ဂ်လီအိုနှင့် ရိုမန်တို့အပေါ် ချန်လွေ့၏ ယခင်က ယုံကြည်မှုကြောင့် ၎င်းကို ရှင်းပြ၍ မရနိုင်တော့ဟန် တူသည်။

ဆာ-ဘဏ္ဍာရေးအရာရှိ၏ နဖူးတွင် ချွေးများ စို့နေလေသည်။ အစ်ဇဘယ်လာက တကယ့်ကို တစ်ခုခုပဲ။ သူက လွယ်လွယ်နဲ့ လှည့်စားလို့ရတဲ့ မိန်းမ မဟုတ်ဘူး။ အားလုံးကို ဖော်ဖို့ တကယ် လိုလို့လား။

ထိုအချိန်၌ အမှောင်နတ်ဆိုး အဖွဲ့ဝင်တစ်ယောက်က တံခါးလာခေါက်သည်။ သူ ဝင်လာပြီး အစ်ဇဘယ်လာကို စာတစ်စောင် ကမ်းပေးသည်။ အစ်ဇဘယ်လာက စာကိုကြည့်ပြီး လက်ဝှေ့ရမ်းလိုက်သည်။ ထိုစာက ချန်လွေ့ထံ အသာလေး လွင့်ပျံသွား၏။ “ကြည့်ရတာ ရှင့်ရဲ့မင်းသမီးလေးက ပြဿနာနည်းနည်း တက်နေတဲ့ပုံပဲ။ ရှင်ကိုယ်တိုင် သွားဖြေရှင်းသင့်တယ်။ ဒီနေ့ ကျွန်မတို့ စကားပြောတာ ဒီမှာပဲ အဆုံးသတ်လိုက်မယ်။”

ချန်လွေ့က စာကို တစ်ချက်ကြည့်ပြီး အသက်ချမ်းသားရာ ရသကဲ့သို့ပင် ထွက်သွားလိုက်သည်။

မစ်-ရင်းနီ၏ မျက်စိအရှေ့မှ အလျင်အမြန်ထွက်သွားပြီးနာက် မိမိ၏ကျောသည် ချွေးများရွှဲစိုနေကြောင်း ခံစားလိုက်မိသည်။ အစ်ဇဘယ်လာက လျို့ဝှက်ချက် မည်မျှကို ခန့်မှန်းမိခဲ့ကြောင်း ချန်လွေ့ သေချာမသိပေ။ သို့သော်လည်း သူက “ချာလီစ်”ကို သံသယ ဝင်နေခြင်း အပါအဝင် ကိစ္စတော်တော်များများကို မှန်းဆမိခဲ့သည်မှာ သေချာပေသည်။

ဘေးမှကြည့်သူက သေသေချာချာမြင်ရသည်ဟူသော စကားအတိုင်းပင် ဖြစ်သည်။ ချန်လွေ့က မိမိပြုလုပ်ခဲ့သည်ကို သတိရလိုက်သည်။ အစ်ဇဘယ်လာ ပြောသည့်အတိုင်းပင် အတော်လေး တိကျသော ပုံစံအချို့ ရှိသည်။ ၎င်းသည် ချန်လွေ့၏ အကျင့်ကြောင့်လည်း ဖြစ်သည်။ အခြေခံအားဖြင့် လူတိုင်းက ဤကဲ့သို့ပင် ဖြစ်သည်။ ကံကောင်းစွာပင် လျို့ဝှက်ချက်များကို သိသွားသည်မှာ အစ်ဇဘယ်လာ တစ်ယောက်တည်းသာ ဖြစ်သည်။ သို့မဟုတ်ပါက ကိစ္စတော်တော်များများ ပေါက်ကြားသွားနိုင်ပေသည်။

အစပိုင်းမှ ချာလီစ်အပေါ် အစ်ဇဘယ်လာ၏ ရွံရှာမှု၊ အချည်းနှီးဖြစ်မှု နှင့် လျို့ဝှက်ကြံစည်မှုများသည် နောက်ဆုံး၌ ချန်လွေ့အတွက် အသက်ကို စတေးသည်အထိ ဆင့်ကဲပြောင်းလဲသွားခဲ့သည်။ ချန်လွေ့က ချစ်ခင်မြတ်နိုးမှုကို နားမလည်ကြောင်း ပြောလျှင် မှားသွားပေမည်။ အထူးသဖြင့် နောက်ဆုံးအခိုက်အတန့်၌ “အဲဒီတုန်းက ရှင့်ကိုသာ တွေ့ခဲ့လိုက်ချင်တယ်” ဟူသော စကားက ကိစ္စအများအပြားကို ရှင်းလင်းရန် လုံလောက်ပေသည်။

ထိုစဉ်က အစ်ဇဘယ်လာသည် သေလုမျောပါး ဖြစ်နေခြင်းကြောင့်လည်း ဖြစ်နိုင်ပေသည်။ သေလုမျောပါးဖြစ်နေပြီး ကြောက်လန့်နေစဉ် တစ်ခုခုကို အမှီပြုရန် ရှာဖွေနေသည့် အလိုအလျောက် တုံ့ပြန်မှုတစ်ခုလည်း ဖြစ်နိုင်ပေသည်။ “ပြန်ရှင်သန်” လာပြီးနောက် အစ်ဇဘယ်လာ၏ စိတ်အခြေအနေကို ချန်လွေ့ သေချာမသိပေ။

ချန်လွေ့သည် မဒမ် ၃ယောက်ကို ကိုင်တွယ်ရာ၌ အတော်လေး ဆိုးဝါးနေပြီ ဖြစ်သည်။ သူရဲကောင်းမလေး၊ အစေခံမလေး၊ ယဉ်ယဉ်လေးနှင့် ရူးနေသော သိပ္ပံပညာရှင်မနှင့် တော်ဝင်မင်းသမီးတို့ပင်။ မျှခြေညီသော မောင်းမဆောင်တစ်ခုကို ပျော်ရွှင်ခံစားရသည်မှာ လွယ်ကူသည် မဟုတ်ပေ။ ထို့ပင် သူလက်ထပ်ရန် ဆုံးဖြတ်ထားသော အဝေးက အင်ပါယာမှ ဧကရီတစ်ပါးလည်း ရှိနေသေးသည်...

အိုတာခုတစ်ယောက်၏ စိတ်ကူးယဉ်မှာ အလွန်ကြီးမားသော မောင်းမဆောင် တစ်ခုကို တည်ဆောက်ရန်ဖြစ်သော်လည်း လက်တွေ့နှင့် စိတ်ကူးတို့၏ ခြားနားချက်မှာ တစ်ခါတစ်ရံ၌ ကြီးမားလွန်းလှသည်။ ပိုများလေ ပိုကောင်းလေမှာ သူ၏လက်ရှိ မောင်းမဆောင် တည်‌ဆောက်ရေးအကြံများအတွက် သေချာပေါက် မသင့်တော်ပေ။ အခုလက်ရှိအတိုင်းအတာကို ငါ ခိုင်မာအောင် လုပ်နိုင်မယ်ဆိုရင် အနာဂတ်မှာ ထိပ်တန်း မိန်းမလှတစ်ယောက် အန္တရာယ်ကင်းကင်းနဲ့ ထပ်ထည့်လို့ရတယ်။ ငါ ကျေနပ်ပြီ။ မိန်းမလှတွေ လိုက်ဖမ်းတဲ့ ဘယ်လိုခရီးမျိုးကိုမှ ငါ တကယ် မရေးချင်တော့ဘူး။

တစ်စုံတစ်ယောက်ရဲ့ အဒေါ်ဖြစ်တဲ့ မိစ္ဆာထောင်ခြောက်ပန်း မစ်-ရင်းနီး ကိုတော့.... ဟိုင်းရား.... အခုလောလောဆယ် သူနဲ့အဝေးမှာနေတာ ပိုကောင်းမယ်။

ထိုအချိန်၌ အမှောင်နတ်ဆိုး၏ အပေါ်ထပ် ပြတင်းပေါက်အရှေ့တွင် မစ်-ရင်းနီက အလောတကြီး ထွက်သွားနေသော လူသား၏နောက်ကျောကို ကြည့်ရင်း လက်ထဲမှ ဓား‌မြောင်ကို ကျစ်ကျစ်ဆုပ်ကိုင်လိုက်သည်။ ထို့နောက် သူ၏ ငွေရောင်သွားကြားထဲမှ စကားတစ်လုံး လွှတ်ခနဲ ထွက်လာသည်။ “လူလိမ်။”

All Chapters