← Chapters

သွားရအောင်။ ကောင်မလေး

Vol. 31 Ch. 464

သွားရအောင်။ ကောင်မလေး

Vol. 31 Ch. 464

ချန်လွေ့ကို အစ်ဇဘယ်လာ ကမ်းပေးသော စာထဲတွင် စကားတစ်ခန်း ရေးထားသည်။ “မင်းသမီးလေး အဲလစ်နဲ့ ဝတ်ရုံဂိုဏ်းက ဆရာသခင် ရှင်းရှင်းတို့ ဝတ်ရုံ မှော်ဆိုင်မှာ ပြဿနာ တက်နေကြတယ်။”

နောက်ဆုံးတစ်ခေါက် ချန်လွေ့က ရှီရာကို သွေးနွယ်နယ်မြေသို့ အဖော်လိုက်ခဲ့စဉ် လိုလီလေးနှင့်အတူ စျေးဝယ်ထွက်ရန် ကတိပေးခဲ့သည်။ သို့သော်လည်း သူသည် ကတိမတည်နိုင်ခင်မှာပင် ၃လနီးပါး “ပျောက်ကွယ်” သွားခဲ့သည်။ ချန်လွေ့ သွေးရောင် အင်ပါယာ၌ ရှိနေစဉ်အတွင်း ဝမ်းနည်းနေသော လိုလီလေးက သူ၏အခင်ဆုံး သူငယ်ချင်းကို အကြိမ်များစွာ အပြစ်ပြောခဲ့သည်။ သူက “ဝမ်းနည်းမှု” အားလုံးကို ထုတ်ပစ်လိုက်သည်။ ထို့ကြောင့် အသီနာက စာနာမှုနှင့် ရင်းနှီးမှုကြောင့် ထိုခရီးကို ပြုလုပ်ပေးခဲ့သည်။ ရှီရာကလည်း ၎င်းတွင် ကူညီပေးခဲ့သည်။ မည်သို့ပင် ဆိုစေကာမူ လိုလီလေးသည် သူချစ်ရသော ညီမလေးပင် ဖြစ်လေသည်။

လိုလီလေးက ရှီလန်တောင်သို့ ချန်လွေ့နှင့် သုံးလေးရက်ကြာ “ခရီးသွား” ရမည် ဖြစ်ကြောင်း ကြားသည့်အခါ ပုံမှန်နေ့များကဲ့သို့ သနားစရာ အသွင်အပြင်ကို ဘေးဖယ်ထားကို အလွန်ပင် စိတ်လှုပ်ရှားနေခဲ့သည်။ အခုက ထွက်သွားဖို့ အချိန် ရောက်နေပြီ။ ဘာလို့ ရုတ်တရက်ကြီး တစ်ခုခု ဖြစ်ရတာလဲ။

ယခုတွင် ဆရာသခင်ရှင်းရှင်းမှာ အမှောင်လ ယန္တရားအစည်းအရုံး၏ ဥက္ကဋ္ဌ ဖြစ်ပြီး နတ်ဆိုးဘုံ၏ တိုးမြှင့်ထားသော ရေသွယ်စနစ်ကို တည်ထောင်သူလည်း ဖြစ်သည်။ အမှောင်လအတွက် သူ၏အရေးပါပုံမှာ သိသာထင်ရှားလှပြီး အဲလစ်သည် အမှောင်လ၏ မင်းသမီးလေးဖြစ်ကာ လော့ဒ်ကို ကိုယ်စားပြုသည် ထိုကဲ့သို့ ပဋိပက္ခက မကောင်းသော သက်ရောက်မှုတစ်ခု ဖြစ်စေနိုင်သည်။ ၎င်းသည် ဆရာသခင်ရှင်းရှင်းကို ဒေါသတကြီး ထွက်သွားစေနိုင်ပြီး အမှောင်လရန်သူများအတွက်သာ အကျိုးရှိစေနိုင်သည်။

ချန်လွေ့က ဝတ်ရုံမှော်ဆိုင်သို့ အရှိန်အမြန်ဆုံးဖြင့် ရောက်လာခဲ့သည်။ သူက အရှေ့တွင် လူအများအပြားကို မြင်လိုက်ရသည်။ ထို့နောက် တိုးဝင်သွားလိုက်ရာ အမှန်တကယ်ပင် လိုလီလေးနှင့် ဆရာသခင် ရှင်းရှင်းတို့ ဖြစ်နေသည်။ ဆရာသခင် ရှင်းရှင်းအရှေ့တွင် လူ၃ယောက် ရှိသည်။ သူတို့မှာ ဝတ်ရုံဂိုဏ်းနောက်ဖေးမှ လူ၃ယောက်ဖြစ်သော မစ်-ဆာဆာ နှင့် ဆရာသခင် စကိုင်း၏ သမီးနှစ်ယောက်ဖြစ်သော အလျန်နှင့် အိဗ်တို့ ဖြစ်ကြသည်။

ချန်လွေ့ကို တွေ့သောအခါ အဲလစ် အမြန်ပြောလိုက်သည်။ “ချန်လွေ့။ နင်ရောက်လာတာ ကောင်းတယ်။ ငါက ဒီအမှောင်နတ်သူငယ် ကောင်မလေးရဲ့ မှော်ပစ္စည်းကို ဝယ်ချင်နေတာ။ ဒါပေမဲ့ သူက ရောင်းဖို့ ငြင်းဆန်နေတယ်။ ဝတ်ရုံမှော်ဆိုင်က နာမည်ကြီးပေမဲ့ ငါတို့ မင်းသမီးလက်လီစတိုးဆိုင်ကို ယှဉ်လို့ မရသေးဘူး။ စီးပွားရေးလုပ်တဲ့အခါ ‌စျေးဝယ်သူက အဓိက ဦးစားပေးဆိုတာ မသိဘူးလား။”

ချန်လွေ့က အလျန်၏လက်ထဲ၌ တင်းတင်းကြပ်ကြပ် ကိုင်ထားသော ကုဗတုံးကို ကြည့်ရင်း ဒေါသတကြီး ပြောနေသော လိုလီလေးကို နားထောင်နေလိုက်သည်။ ရုတ်တရက် သူ သဘောပေါက်သွားခဲ့သည်။ ၎င်းမှာ ဆရာသခင် ရှင်းရှင်းနှင့်အတူ လက်ဝတ်ရတနာများကို လေ့လာစဉ်က သူ ပြုလုပ်ခဲ့သော ဂီတ ရူဘစ်ကုဗတုံး ဖြစ်သည်။ ၎င်းသည် လှည့်နေရင်း သံစဉ် ထုတ်ပေးနိုင်သည်။ ထိုစဉ်က ၎င်းကို အလျန်အား ပေးလိုက်သည့်အခါ အလျန်က အတော်‌လေး သဘောကျခဲ့သည်။ သူက ထိုကုဗတုံးအား သဘောအကျဆုံး ရတနာအဖြစ် သတ်မှတ်ခဲ့သည်။ ယနေ့တွင် လိုလီလေးက မှော်ဆိုင်ထဲ၌ ၎င်းကို အကြိုက်တွေ့သွားဟန်တူသည်။ ထို့ကြောင့် သူက ၎င်းကို လိုချင်နေ၏။

နတ်ဆိုးဘုံသည် အဆင့်သတ်မှတ်ချက် ပြင်းထန်သည့် လောကတစ်ခု ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ လိုလီလေးသည် အမှောင်လ၏ မင်းသမီးလေး ဖြစ်သည်။ သူ၏ ထူးခြားသော စိတ်နေသဘောထားက အမှောင်လမှလူတိုင်းကို ခေါင်းကိုက်စေသည်။ သူက ယခုတွင် အ‌တော်လေး ချုပ်တည်းထားသော်လည်း အထက်စီးဆန့်သော မောက်မာသည့် အကျင့်များ မရှိတော့ဟုပြောရန် မဖြစ်နိုင်ပေ။ အလျန်နှင့် အိဗ်တို့က မငြင်းတတ်သော်လည်း မစ်-ဆာဆာက ငြင်းနိုင်သည်။ သူက ဖခင်နှင့်အတူ အသိုက်အဝန်း အောက်ခြေ၌ နှစ်ပေါင်းများစွာကြာအောင် လျှောက်သွားပြီးနောက် ပါးစပ်ထက်လာခဲ့၏။ ဆရာသခင် ရှင်းရှင်းကလည်း အဆင့်အတန်းနှင့် အာဏာကို ပို၍ပင် မနှစ်မြို့ပေ။ ထို့ကြောင့် ပဋိပက္ခ ဖြစ်ကြတော့သည်။

သို့သော်လည်း လိုလီလေးအား သူ့ကို အဖော်ပြုနေသော အစောင့်များအား ဂီတ ရူဘစ်ကုဗတုံးကို မလုယူခိုင်းခဲ့ပေ။ ထို့ကြောင့် ပြဿနာမှာ ပြေလည်အောင် ပြုလုပ်၍ မရနိုင်သည် မဟုတ်ပေ။

၎င်းသည် မူလက သာမန်ကိစ္စသာ ဖြစ်သော်လည်း သေသေချာချာ မကိုင်တွယ်လျှင် ပြင်းထန်သော အကျိုးဆက်များ ဖြစ်စေနိုင်ပေသည်။ ချန်လွေ့က သရော်ပြုံးပြုံးနေသော ဆရာသခင် ရှင်းရှင်းနှင့် ဒေါပွနေသော မစ်-ဆာဆာတို့ကို ကြည့်လိုက်ပြီးနောက် စိတ်ရှုပ်နေသော လိုလီလေးအား ပြန်ကြည့်လိုက်သည်။ “ချန်လွေ့။ ငါ့ကို အဲဒီ ဂီတသေတ္တာ ရအောင်ကူညီပေး။ ဟုတ်ပြီလား။” လိုလီလေးက ချန်လွေ့ကို မှီပြီး တီးတိုးပြောလိုက်သည်။ “နောက်လအစပိုင်းမှာ ငါ့အစ်မ မွေးနေ့ရှိတယ်။ ငါ ဒါကို လက်ဆောင်အနေနဲ့ ပေးချင်လို့။” သို့မှသာ ချန်လွေ့က ဂီတ ရူဘစ်ကုဗတုံးကို လိုလီလေး အသည်းအသန်လိုချင်နေရသည့် အကြောင်းရင်းအား သဘောပေါက်သွားသည်။ ခဏ စဉ်းစားပြီးနောက် ချန်လွေ့က ပြောသည်။ “မင်းသမီးလေး။ ငါပြောပြဖူးတဲ့ ပုံပြင်တွေကို မှတ်မိလား။ ကိုယ့်အကျိုးအတွက် သူများတွေ သဘောကျတဲ့ ပစ္စည်းတွေကို အတင်းလုယူတဲ့ လူဆိုးတွေလေ။ ဥပမာပြောရရင် အရှက်မရှိတဲ့ လော့ဒ် တစ်ယောက်က တခြားလော့ဒ်ရဲ့ ပိုင်နက်ကို လုယူသလို အဲဒီလော့ဒ်ရဲ့ မိန်းမကိုလည်း သူ့ကို ခဏခဏ ပြုစုခိုင်းတယ်။ နောက်ဆုံးတော့ သူက သနားစရာလော့ဒ်ကို အဆိပ်ခတ် သတ်လိုက်တယ်။ အဲဒီအရှက်မရှိတဲ့ မျိုးမစစ်ကောင်တဲ့ နာမည်က.....”

“ကျောက်ကွမ်ကျိ။” လိုလီလေးက ရွံရှာမှုနှင့် မုန်းတီးမှုနှင့်အတူ လက်သီးကို မြှောက်လိုက်သည်။

ချန်လွေ့ ခေါင်းညိတ်လိုက်သည်။ “အဲဒီ သနားစရာလော့ဒ်က.....အမ်... သူ့နာမည်က ဘာပါလိမ့်။”

“လီယူ လား။” အံ့အားသင့်သွားသော အသံတစ်သံ ထွက်လာသည်။ ၎င်းမှာ အမှန်တကယ်ပင် အိဗ် ဖြစ်နေသည်။ သူတို့နှစ်ယောက်၏ အသံနှစ်သံက မကျယ်လှ သော်လည်း အမှောင်နတ်သူငယ် မိသားစုများက အကြားအာရုံထူးချွန်ကြသည်။ “ကစားစရာ” ထက်စာလျှင် အစ်မကြီး အိဗ်က ပုံပြင်များကို ပိုသဘောကျသည်။ ထိုကဲ့သို့ အထင်ကြီးစရာ ပုံပြင်ကို ကြားရသည့်အခါ သူ ဝင်ပြောမိသွားခဲ့သည်။

“ဒီပုံပြင်ကို နင် ကြားဖူးတာလား။” လိုလီလေး အံ့အားသင့်သွားသည်။ သူ မျက်မှောင်ကြုတ်ပြီး ချန်လွေ့ကို ကြည့်လိုက်ပြန်သည်။

ထိုပုံပြင်အား အလျန်နှင့် အိဗ်တို့အား ယခင်က ပြောခဲ့ဖူးကြောင်း ချန်လွေ့ သတိရလိုက်သည်။ သူ အလျင်အမြန် ရှင်းပြလိုက်သည်။ “ဒီပုံပြင်တွေက နာမည်ကျော်တွေပဲ။ လူတော်တော်များများက ကြားဖူးကြပါတယ်။”

လိုလီလေး ခေါင်းညိတ်လိုက်သည်။ သူ လက်မလျှော့သေးဘဲ အိဗ်ကို မေးသည်။ “တရုတ်ရှေးသူရဲကောင်းကို နင် ကြားဖူးလား။”

၎င်းမှာ ချန်လွေ့၏စိတ်ထဲ၌ “နတ်မိမယ်နှင့် ဓါး ဒဏ္ဍာရီ” ဂိမ်းမှ ဇာတ်ကြောင်းကို အခြေခံထားသော လိုလီလေးအကြိုက်ဆုံး ဇာတ်လမ်း ဖြစ်သည်။

အိဗ် မပြောခင်မှာပင် အလျန်က ကြားဖြတ်ပြောလိုက်သည်။ “အဲဒါက လအရှင်သခင် နဲ့ ရေနတ်ဆိုးသားရဲတွေ ပေါင်းထားတဲ့ ဇာတ်လမ်းပဲ။ နောက်တော့ လင်းအာနဲ့ ရေနတ်ဆိုးသားရဲတွေ အတူတူ သေသွားတာ မဟုတ်လား။”

“နင်လည်း ဒါကို ကြားဖူးတာပဲ...” အဲလစ် ကြက်သေသေသွားသည်။ ရုတ်တရက် သူက မျက်လုံးလှန်လိုက်သည်။ “ငါ အဆုံးသတ် ၃ခု ကြားဖူးတယ်။ ပြီးတော့ နတ်ဆိုးသားရဲတွေ ပါတာက အဲဒီသုံးခုထဲက တစ်ခုပဲ။”

“အဆုံးသတ် ၃ခု ရှိတာလား။” တရုတ်ရှေးသူရဲကောင်း၏ သစ္စာရှိပရိသတ်များ ဖြစ်ကြသော အိဗ်နှင့် အလျန်တို့က တပြိုင်နက်တည်း မေးလိုက်ကြသည်။ သူတို့က မျှော်လင့်နေကြဟန် တူသည်။

ပရိသတ်တစ်ယောက်ဖြစ်သော မစ်-ဆာဆာကလည်း ကြားဖြတ်ပြောသည်။ “ဒါက အလိမ်အညာလား။”

“လူစီဖာတော်ဝင်မိသားစုနာမည်နဲ့ ငါ ကျိန်တယ်။ ဒါက လုံးဝ အလိမ်အညာ မဟုတ်ဘူး။” လိုလီလေးက ဒေါသတကြီး ပြောလိုက်သည်။ “နင်တို့တွေ သုံးပြည်ထောင် နတ်ဆိုးစစ်ပွဲနဲ့ အနောက်အရပ်သို့ခရီးသွားခြင်း - ကောင်းကင်ဘုံ၌ သောင်းကြမ်းခြင်း ကို ကြားဖူးလား။”

“သုံးပြည်ထောင် နတ်ဆိုးစစ်ပွဲကို အပိုင်း(၃)ပိုင်းပဲ နားထောင်ဖူးတယ်။” အလျန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။ “နင် ဘယ်လောက်အထိ ကြားဖူးပြီးပြီလဲ။”

နောက်ဆုံး၌ လိုလီလေးက ကြွားစရာတစ်ခုခု တွေ့သွားပြီး ဂုဏ်ယူစွာဖြင့် ပြုံးလိုက်သည်။ “အစအဆုံးပေါ့။”

အလျန်၏မျက်လုံးများ အရောင်တောက်သွားသည်။ “သိပ်ကောင်းတာလား။”

မစ်-ဆာဆာလည်း ရောက်လာသည်။ “အဲဒီ ထိပ်တန်း နတ်ဆိုးဗိုလ်ချုပ် လုပီ နဲ့ ထိပ်တန်းမိန်းမလှ တျောင်ချန်တို့ ဘာဖြစ်သွားလဲဆိုတာ မြန်မြန်ပြောပြ...”

သုံးပြည်ထောင် နတ်ဆိုးစစ်ပွဲဆိုသည်မှာ သုံးပြည်ထောင်ချစ်ခြင်းမှ ကိုးကား ယူထားခြင်း ဖြစ်သည်။ ၎င်းသည် ချန်လွေ့က အဲလစ်နှင့် အသီနာတို့အား သူ ပထမဆုံး လောကကူးပြောင်းလာခဲ့စဉ်က ပြောပြခဲ့သော ပုံပြင် ဖြစ်သည်။ အချိန်အခက်အခဲကြောင်း အလျန်နှင့် အခြားသူများက တစ်စိတ်တစ်ပိုင်းကိုသာ နားထောင်ခဲ့ရသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် ခုနက ရန်ဖြစ်ရန် အသင့်ဖြစ်နေကြသော မိန်းကလေးများက ရုတ်တရက် စကားဝိုင်းဖွဲ့လိုက်ကြသည်။ အဆန်းသစ်ဆုံး သဘောထား ရှိသည့် မစ်-ဆာဆာက ဆွေးနွေးရန် စိတ်အား အထက်သန်ဆုံး ဖြစ်သည်။ ထိုကဲ့သို့ မင်းသမီးဂုဏ်ပုဒ်ကို ဘေးဖယ်ပြီး ပုံမှန်စကားပြောသည့် အရွယ်တူများနှင့် ကြုံတွေ့ရသည်မှာ အဲလစ်အတွက် ရှားပါးလှသည့်အတွက် ပျော်ရွှင်သွားပုံရသည်။ သူတို့သည် ခုနက မပျော်ရွှင်မှုကိုပင် ရုတ်တရက် မေ့လျော့သွားခဲ့ကြသည်။

ချန်လွေ့ ခါးသက်သက်နှင့်ပြုံးပြီး ခေါင်းခါလိုက်သည်။ ထို့နောက် သူက ဆရာသခင် ရှင်းရှင်းကို ပြောသည်။ “ဒါက မိန်းကလေးတွေကြားက အထင်လွဲတာလေးတစ်ခုပဲ‌ မဟုတ်လား။ ဆရာသခင်။”

ဆရာသခင်ရှင်းရှင်းက သူ့အရှေ့မှ အရာရှိသည် သူနှင့် သူ၏မိတ်ဆွေ စကိုင်းတို့ တန်ဖိုးအထားရဆုံးဖြစ်သော ယန္တရားပညာပါရမီရှင် ဖြစ်သည်ကိုပင် မသိခဲ့ပေ။ သူက အရာရှိများနှင့် တော်ဝင်မျိုးနွယ်များကို မဆန့်ကျင်ရဲခဲ့ပေ။ သို့သော်လည်း ထိုကိစ္စမှာ ချန်လွေ့ပြောသည့်အတိုင်းပင် အထင်လွဲခြင်းသာ ဖြစ်သည်။ ထို့ကြောင့် အမှောင်လူပု ဆရာသခင်က ခေါင်းကိုသာ ညိတ်လိုက်သည်။ သူ စကား မပြောသေးသော်လည်း သူ၏မျက်နှာက နောက်ဆုံး၌ အေးချမ်းသွားခဲ့သည်။

အနီးအနားမှ လူများကလည်း ကြည့်စရာ မရှိတော့သည့်အတွက် လူစုကွဲသွားကြတော့သည်။

“မင်းသမီးလေး။ ဒီနေ့ ငါတို့ လုပ်စရာ ရှိသေးတယ်။ အရင်သွားရမယ်။ နောက်မှ မင်းသမီးရဲ့ သူငယ်ချင်းအသစ်တွေနဲ့ အခွင့်အရေးရတဲ့အခါ ဆွေးနွေးကြပေါ့။” ချန်လွေ့ ကြားဖြတ်ပြောလိုက်သည်။ အမှန်တကယ်၌ ချန်လွေ့က အဲလစ်အား ပုံပြင်များကို မပြောခိုင်းချင်ပေ။ အကြောင်းရင်းမှာ အလျန်၊ အိဗ်နှင့် အခြားသူများက အရင်းအမြစ်ဆီ ပြန်သွားပြီး မလိုအပ်သော ပြဿနာများ ရှာနိုင်သည့် အတွက်ကြောင့်ပင် ဖြစ်သည်။ ခုနက သူသည် မစ်-ရင်းနီကြောင့် ကြောက်လန့်သွားခဲ့ရသည်။

နောက်ဆုံး၌ လိုလီလေး သတိပြန်ဝင်လာသည်။ ယနေ့၏ အရေးအကြီးဆုံးသော “ခရီး”အကြောင်း တွေးမိသွားသည့်အခါ သူက စကားကို အလျင်အမြန် ရပ်လိုက်သည်။

“အဲဒါက....မင်းသမီး အဲလစ်။ နောက်တစ်ခါကျရင် ငါတို့ကို ပြောပြပါလား။”

အဲလစ်၏အကြည့်က အလျန်၏ ပြားချပ်နေသော ရင်သားဆီ ဖျပ်ခနဲ ရောက်သွားပြီး ရုတ်တရက် အားတက်သွား၏။ “သေချာပေါက် ပြောပြမှာပေါ့။ ဒီတစ်ခေါက် အပြင်ကနေ ငါပြန်လာရင် ငါတို့တွေ အတူတူ ခဏခဏ ကစားကြမယ်။”

အလျန်နှင့် အိဗ်တို့က အချင်းချင်း ပျော်ရွှင်စွာဖြင့် ကြည့်လိုက်ကြသည်။ မစ်-ဆာဆာ ကလည်း ပျော်ရွှင်လျက် ပြောလိုက်သည်။ “ငါတို့တွေ သားရဲတိုက်ပွဲ စစ်တုရင်ကို အတူတူ ကစားလို့ရတယ်။ ငါ့မှာ မှော်ပစ္စည်းတွေ အများကြီး ရှိသေးတယ်။”

“အင်း အင်း။” အဲလစ်၏ ခရမ်းရောင်မျက်လုံးများ တောက်ပသွားပြီး ထပ်ကာထပ်ကာ ခေါင်းညိတ်လိုက်သည်။

အလျန် ခဏ တုံ့ဆိုင်းသွားပြီးနောက် သူ၏လက်ထဲမှ ဂီတ ရူဘစ်ကုဗတုံးကို ထိလိုက်သည်။ နောက်ဆုံး၌ သူက အံကြိတ်ပြီး ကမ်းပေးလိုက်သည်။ “ဒါက...”

အဲလစ် ခေါင်းခါလိုက်သည်။ “ခုနက အစ်ကို ချန်လွေ့ပြေတာ မှန်တယ်။ ငါ့ သူငယ်ချင်းရဲ့ အကြိုက်ဆုံးပစ္စည်းတွေကို တောင်းလို့ မဖြစ်ဘူးလေ။ ငါ့အစ်မက ဒီလို လက်ဆောင်မျိုး မလိုချင်ဘူး။ ပိုကောင်းတဲ့ မွေးနေ့လက်ဆောင်တွေ ငါ သွားရှာလိုက်မယ်။”

အဲလစ် စကားပြောပြီးနောက် သူငယ်ချင်းအသစ် ၃ယောက်ကို လက်ပြ နှုတ်ဆက်လိုက်သည်။ သူက ချန်လွေ့ကိုကိုင်ပြီး မှော်ဆိုင်မှ ထွက်ခွာကို နန်းတော်သို့ ပြန်သွားလိုက်ကြသည်။

နန်းတော်ဝင်းထဲ၌ ဝိုင်ဗန်တစ်ကောင် ရှိနေသည်။ ၎င်းမှာ ယခုတစ်ခေါက် ရှီလန်တောင်သို့ သွားရမည့် စီးစရာ ဖြစ်သည်။

အဲလစ်က ထွက်သွားရန် အလျင်မလိုနေပေ။ သူက ကိုယ့်အတွက် အကျိုးအမြတ် တောင်းသော မျက်နှာဖြင့် ပြောလိုက်သည်။ “ငါ ခုနတုန်းက အကြောင်းအကျိုးသင့်တယ် မဟုတ်လား။ ငါ့ကို ဆုမချသင့်ဘူးလား။”

“မဆိုးပါဘူး။” ချန်လွေ့ပြုံးရင်း ခေါင်းညိတ်လိုက်သည်။ ထို့နောက် လိုလီလေး၏ ခေါင်းကို ပုတ်လိုက်သည်။ အဲလစ်က ပျော်ရွှင်သောအမူအရာ ပြသလိုက်သည်။ သူက ဘေးဘီဝဲယာကြည့်ပြီး တစ်ယောက်မျှ မရှိကြောင့် တွေ့လိုက်သည်။ ထို့နောက် သူက ပါးကို လက်ညှိုးထိုးပြလိုက်သည်။ ၎င်းမှာ သူ့ကို “ဆုလာဒ်”အနေဖြင့် နမ်းရန် အချက်ပြနေခြင်း ဖြစ်သည်။

ဒီလိုလီလေးက တဖြည်းဖြည်းနဲ့ ပိုပြီးတော့ အတင့်ရဲလာပြီ။ ဒါက မင်းရဲ့အစ်မ စောင့်ကြည့်မှုအောက်မှာရှိတဲ့ နန်းတော်လေ။

ပြီးတော့ သုံးနှစ် သဘောတူညီချက် ရှိသေးတယ် မဟုတ်လား။ နောက်ထပ် ၂နှစ် ကျန်နေသေးတယ်...

ချန်လွေ့ ရွေးစရာ မရှိတော့ဘဲ နတ်မိမယ်နဂါး၏ ဟန်ဆောင်ငေးငိုင်ခြင်း နည်းလမ်းကို အသုံးပြုရတော့သည်။ သူ မမြင်ချင်ယောင်ဆောင်လိုက်သည်။ အဲလစ်၏ မူလမျက်နှာက အနည်းငယ်သာ နီနေခဲ့သော်လည်း ယခုတွင် အမှန်တကယ် နီရဲသွားလေပြီ။ ငါက ကိုယ့်ကိုယ်ကိုယ်တောင် ပေးလိုက်ပြီ။ ဒါပေမဲ့ ဒီ ရိုမန့်တစ် မဆန်တဲ့ သူက တကယ်ကြီး ငေးဟန်ဆောင်နေတယ်။

အဲလစ်က လက်လျှော့ရန် ငြင်းဆိုခဲ့သည်။ သူက ချန်လွေ့အရှေ့၌ မျက်နှာကို တည့်တည့် ထားထားသည်။ မိန်းကလေး၏ ထူးခြားသော မွှေးရနံ့က ချန်လွေ့၏ နှာခေါင်းထဲသို့ ထိုးဖောက်ဝင်ရောက်လာသည်။ ချန်လွေ့လည်း တိုက်ဖြင့်ရိုက်ခံရပြီး ပထမအနမ်း မြင်ကွင်းကို သတိရလိုက်မိသည်။ သူ အနည်းငယ် နှလုံးခုန်မြန်သွား၏။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ၂နှစ်နီးပါး အချိန်ကုန်သွားပြီး။ ဒီကောင်မလေးက အရပ် နည်းနည်း မြင့်လာတယ်။ ပြီးတော့ သူက ၁၅နှစ် ပြည့်တော့မယ်။ သူအမြဲတမ်း ဂရုစိုက်နေတဲ့ ရင်သားအရွယ်အစားကလည်း တဖြည်းဖြည်း ပုံပေါ်လာပြီ။ ဒါပေမဲ့ လိုလီလေးကို “ရင်သားကြီးဂြိုလ်သားတွေ”ကို ဝိုင်းရံနေတာ။ အဲဒါကြောင့် သူက “ရင်သားကြီးလျို့ဝှက်ချက်တွေ”ကို ဇွဲမလျှော့တမ်း ရှာဖွေနေခဲ့တာ။

“ငယ်ရွယ်သောအချစ်” ကို အထူးဝါသနာပါသူများအတွက် လိုလီလေးမှာ အမှန်တကယ်ပင် ထူးခြားကောင်းမွန်ပြီး အရသာရှိသော စားစရာတစ်မျိုးပင် ဖြစ်သည်။ ကံဆိုးစွာပင် ချန်လွေ့၏ မျက်လုံးထဲ၌ လိုလီလေးသည် ထူးခြားသော စိတ်ဓာတ်ရှိသည့် ချစ်စရာညီမလေး တစ်ယောက်သာ ဖြစ်သည်။ သူက ချက်ချင်းပင် ဘေးဖက်သို့ ခေါင်းလှည့်လိုက်ပြန်သည်။ သို့သော်လည်း လိုလီလေး၏မျက်နှာက သူ၏အရှေ့၌ ချက်ချင်း ပေါ်ထွက်လာခဲ့သည်။ သူက ဒီလို “စောင့်နေတဲ့” ပုံစံမျိုး လုပ်နေတုန်းပဲ။ သူ ဘယ်လို “လျို့ဝှက်ပညာရပ်တွေ” သုံးခဲ့လဲ ငါ မသိဘူး။

ချန်လွေ့ ရွေးစရာမရှိတော့ဘဲ စကားပြောရတော့သည်။ “မင်းသမီးလေး။ ပြဿနာ မရှာပါနဲ့။ မင်း ခရီးမသွားချင်ဘူးလား။”

အဲလစ်က ရုတ်တရက် နှုတ်ခမ်းစူလိုက်သည်။ “ငါက ဆွဲဆောင်မှု မရှိလို့လား။ ငါ့ အစ်မသာဆိုရင် နင်....ဟွန့်ဟွန့်... ငါမသိဘူး ထင်မနေနဲ့။ နင်တို့နှစ်ယောက်....”

ချန်လွေ့ အလွန်ပင် အံ့အားသင့်သွားခဲ့သည်။ အသီနာနဲ့ တခြားမိန်းမတွေပဲ ငါနဲ့ ရှီရာကြားက လျို့ဝှက်ချက်တွေကို သိတာ။ ငါတို့နှစ်ယောက် လျို့ဝှက်တွေ့ဆုံတာက အဲဒီလျို့ဝှက်အခန်းလေးထဲမှာပဲ များတယ်။ ကောင်စီခန်းမမှာ တရင်းတနှီး နေတဲ့အခါလည်း အနီးအနားမှာ တစ်ယောက်မှမရှိအောင် ငါ့ရဲ့စွမ်းအားကိုသုံးပြီးတော့ သေချာစစ်ဆေးခဲ့သေးတာ။ လိုလီလေးမှာ တကယ်ပဲ အထူးစွမ်းအားတွေ ရှိနေတာလား။

ချန်လွေ့ပုံစံကို မြင်ပြီးနောက် လိုလီလေးက သူ၏စိတ်ထဲ၌ သံသယကို ပို၍ပင် အတည်ပြုနိုင်ခဲ့သည်။ သူက ပို၍ပင် နှုတ်ခမ်းစူလိုက်သည်။ အမှန်တကယ်၌ သူသည် ရှီရာနှင့် ချန်လွေ့တို့ ညနက်ကြီး နန်းတော်ဝင်းအတွင်းမှ ထွက်လာသည်ကိုသာ တိုက်ဆိုင်၍ တွေ့ခဲ့ရသည်။ သို့သော်လည်း ရှီရာ၏ စိတ်အခြေအနေမှာ သိပ်မကြာခင်က တဟုန်ထိုး ပြောင်းလဲသွားခဲ့သည်။ အထူးသဖြင့် အနီးဆုံးဖြစ်သော အဲလစ်က အစ်မဖြစ်သူ၏ မျက်နှာအောက်တွင် ဖုံးကွယ်ထားသော ပြောင်းလဲမှုများကို ပို၍ပင် ခံစားမိခဲ့သည်။ ရှီရာက ရံဖန်ရံခါ ပြုံးလာသည်။ ထိုပြောင်းလဲမှုသည် သေချာပေါက် ပျော်စရာပင် ဖြစ်သည်။ လိုလီလေးက သူ၏အစ်မအတွက် ပျော်ရွှင်မိသည်။ သို့သော်လည်း ထိုကဲ့သို့ ကြီးမားလှသော ပြောင်းလဲမှုသည် ချန်လွေ့နှင့် သက်ဆိုင်နေမည်ဟု တွေးမိလိုက်သည့်အခါ စိတ်ထဲ၌ ထူးထူးဆန်းဆန်း မသက်မသာ ခံစားခဲ့ရသည်။

ထိုအချိန်၌ ရင်းနှီးသောအသံတစ်သံ ထွက်လာသည်။ “အဲလစ်။ နင် သွားတော့ မှာလား။”

“အစ်မ။” အဲလစ်က ငေးနေရာမှာ သတိပြန်ဝင်လာသည်။ သူ၏မျက်နှာ ပူနွေးသွားခဲ့သည်။ ခုနက အစ်မ သတိမထားမိသွားလို့ တော်သေးတာပေါ့.....

ရှီရာ လမ်းလျှောက်လာသည်။ သူက ပုံမှန်အတိုင်း ဂရုမထားသော အမူအရာမျိုး ရှိနေသော်လည်း အဲလစ်၏ခေါင်းကို ကိုင်နေရင်း သူ၏အကြည့်တွင် နွေးထွေးမှုများ ပြည့်နှက်နေခဲ့သည်။ “လမ်းမှာ ဂရုစိုက်ဦး။”

အစ်မဖြစ်သူ၏ လက်မှ နွေးထွေးမှုကို အဲလစ် ခံစားလိုက်ရသည်။ ၎င်းမှာ ခုနက ချန်လွေ့နှင့် နွေးထွေးမှုချင်း မတူပေ။ သို့သော်လည်း ၎င်းသည် သူ့ကို ပိုမို စိတ်သက်သာ စေသည်။ သူတို့နှစ်ယောက်လုံးတွင် နွေးထွေးသော ဆက်ဆံရေးတစ်ခု ရှိပုံရသည်။ “ချန်လွေ့။ အဲလစ်ကို ကောင်းကောင်း ဂရုစိုက်။ သူ့ကို ပျော်အောင် လုပ်ပေးရမယ်။” ရှီရာက ချန်လွေ့ကို ကြည့်လိုက်သည်။ သူတို့နှစ်ဦး၏ ခံစားချက်များမှာ ယခုတွင် အကြည့်ချင်းဖြင့် နားလည်နေပြီဖြစ်သည်။ ချန်လွေ့က သူဌေးမ၏ မျက်လုံးထဲ၌ သူ တစ်ယောက်တည်းသာ နားလည်နိုင်သော ခြိမ်းခြောက်မှုတစ်ခုကို မြင်လိုက်ရသည်။ ၎င်းမှာ အဲလစ်နှင့် သက်ဆိုင်နေလောက်ပေသည်။

ငါ့မှာ အပြစ်မရှိဘူး။ ငါက လိုလီလေးနဲ့ပတ်သက်ပြီး တခြား အတွေးတွေ ဘာမှ မရှိဘူး။ အလွန်ဆုံး သူ့အစ်မကိုပဲ......

“ပျော်အောင်လုပ်ပေး” ဟူသော စကားကို ကြားသည့်အခါ လိုလီလေး ခေါင်းငုံ့လိုက်ပြီး မျက်လုံးများ ရုတ်တရက် နီသွားခဲ့သည်။

ချန်လွေ့သည် အဲလစ်အရှေ့၌ သူဌေးမကို နမ်းရှိုက်ခြင်းနှင့် အခြား တရင်းတနှီး လုပ်ရပ်များ မလုပ်နိုင်ခဲ့ပေ။ ထို့ကြောင့် သူက တရိုတသေနှင့် ခေါင်းညိတ်လိုက်သည်။ “စိတ်မပူပါနဲ့။ အဲလစ်။ သွားကြရအောင်။”

အဲလစ်က အသာလေး နှုတ်ခမ်းကိုက်လိုက်သည်။ ထို့နောက် ချန်လွေ့နှင့်အတူ ဝိုင်ဗန်ပေါ်၌ ထိုင်လိုက်ပြီး ရုတ်တရက် ပြောလာသည်။ “အစ်မ။ အဲလစ်တို့ ထာဝရ အတူတူ နေနိုင်ကြမှာလား။”

ရှီရာက ညီမဖြစ်သူ၏ တောက်ပသော မျက်လုံးများကို မြင်သည့်အခါ သူ၏ မျက်နှာပေါ်မှ အေးစက်မှု အရည်ပျော်သွားခဲ့သည်။ သူ၏နှုတ်ခမ်းထောင့်နားကလည်း နူးညံ့သော အပြုံးတစ်ခုအဖြစ် မြှောက်တက်သွားသည်။ “အမြဲတမ်းနဲ့ ထာဝရပေါ့။”

“အင်း။” အဲလစ်၏မျက်လုံးများ အရောင်တောက်သွားခဲ့သည်။ သူက ချက်ချင်းပင် လန်းဆန်းသွားလေသည်။ အင်အားကြီး အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်သွားပြီး သူက စိတ်အားတက်ကြွသော လိုလီလေးအဖြစ်သို့ ပြန်လည် ရောက်ရှိသွားသည်။ သူက ခါးထောက်လျက် ကောင်းကင်ကို လက်ညှိုးထိုးလိုက်သည်။ “ဒါဆို .... သွားကြတာပေါ့။ ဒီဆက်ပ်တီကွန် တွေ။”

ချန်လွေ့၏ ဆက်သွယ်စကားပြောမှုအောက်တွင် ဝိုင်ဗန်က ဟန်ချက်ညီညီ တောင်ပံခတ်ပြီး ကောင်းကင်ပေါ်သို့ ပျံတက်သွားလိုက်သည်။

All Chapters