သတင်းရပြီ
Vol. 123 Ch. 1721
ရှီမာယူယူသည် အမည်းလေး၏ ပါးစပ်မှ အမှောင်ဝိညာဉ်ကျောက်ကို လု ယူပြီး ဝိညာဉ်စေတီအတွင်းသို့ ထည့်လိုက်သည်။
“မင်း နင်သွားလိမ့်မယ်” သူမသည် အမည်းလေး၏ ခေါင်းကိုပုတ်ပြီး သူ့ကို ထပ်စားခွင့်မပြုတော့ပေ။
ချိပ်စည်းမရှိသောအခါ ရှောင်ချီနှင့် ချင်ယိတို့လည်း ဆင်းလာကြသည်။
“ဘိုးဘိုးဖြူ အခုဘယ်လိုခံစားရလဲ” ရှေင်ချီသည် သူ၏ အကိုင်းကိုဖက်ပြီး မေးလေသည်။
“အများကြီးပိုကောင်းလာပြီ” အကြီးအကဲဖြူ၏ အသံသည် အလွန် ပင်ပန်းနေသော်လည်း စိတ်သက်သာရာရနေသံပါသည် “ကျေးဇူးတင်ပါတယ်”
“အကြီးအကဲဖြူ အဆင်ပြေရင် ကောင်းတာပါပဲ” ရှီမာယူယူ ပြုံးလိုက် သည်။ သူမသည် သူမ၏ ဝိညာဉ်ရည်အချို့သုံးလိုက်ရသည်ကို ရင်နာမိသေး သည်။ သို့သော် ရှောင်ချီနှင့် ချင်ယိတို့ ပျော်ရွှင်နေသည်ကိုမြင်ပြီးသောအခါ ဖြုန်းတီးသလို မခံစားရပေ။
သဘောဝကျကျပင် သူမသည်လည်း တခြားသူများကဲ့သို့ မြင့်မြတ်လှသူ မဟုတ်ပေ။
ရှီမာယူယူသည် မြေဆီလွှာကို ပြန်ထည့်ပြီး အမည်းလေးနှင့်အတူ လျှောက်သွားလေသည်။
“ငါ ဝိညာဉ်သားရဲတွေကို သွားစုလိုက်ဦးမယ်”
သူမသည် အမည်းလေးကို ချီသွားပြီး တောဘေးသို့ လျှောက်သွားကာ သူမတို့အား ဤနေရာသို့ခေါ်လာပေးသည့် ဝိညာဉ်သားရဲကိုတွေ့လေသည်။
“ငါ့နာမည်က လင်းပါ ကျေးဇူးပဲ” သူသည် ကျေးဇူးတင်စကားပြောသည့် တိုင်အောင် အလွန်ပင် မောက်မာသေးသည်။
“ရှီမာယူယူပါ” ရှီမာယူယူသည် သူ့မျက်လုံးထဲမှ ကြင်နာမှုများကို မြင်နေ ရသည် “မင်းက အကြီးအကဲဖြူကိုကာကွယ်ခဲ့တာလား”
“သူက ဒီကသက်ရှိတွေကို ကာကွယ်ခဲ့တာပါ” လင်းပြောလေသည်။
“တခြားသားရဲတွေကရော”
“သူတို့က ဒီမှာနေကြတာ အကုန်လုံးက သူတို့အလုပ်သူတို့ လုပ်နေကြ တာပဲ ဒါပေမဲ့ တချို့ကတော့ ဖော်ရွေကြပါတယ်”
“တခြားသူတွေက ပညာရှိစံအိမ်တော်ကလား”
“မဟုတ်ဘူး ပညာရှိစံအိမ်တော်နောက်လိုက်မယ့်သူတွေက ထွက်သွား ကြပြီ၊ ထွက်မသွားချင်တဲ့သူတွေက ဒီမှာပဲအေးဆေးနေကြတယ်” လင်း ဆက် ပြောလေသည် “သူတို့တွေက ရှေးတော်တော်ကျကြတယ်”
“ကျွန်မတို့ ပညာရှိစံအိမ်တော်ကို တိုက်ခိုက်ရင် သူတို့က ပညာရှိစံအိမ် တော်ကို ကူညီပေးကြမှာလား” ရှီမာယူယူ မေးလိုက်သည်။
“အရင်တုန်းကလိုဆိုရင် သူတို့မကူညီလောက်ဘူး ဒါပေမဲ့ အနာဂတ်ကို ဘယ်သူသိနိုင်မလဲ”
“ဟင်…”
“သူတို့က အကြီးအကဲဖြူကို ဒီလောက်ကြာအောင် ပိတ်လှောင်ထားတာ လေ ငါတို့က ဒီနေရာမှာ အကြာကြီးနေနိုင်တာက အကြီးအကဲဖြူရဲ့ ကျေးဇူး ကြောင့်ပဲ၊ အကြီးအကဲဖြူသာ လက်စားချေချင်ရင် ငါတို့ထိုင်မနေဘူး ဒါပေမဲ ဒါတွေအကုန်လုံးက အကြီးအကဲဖြူအတွက်ပဲ”
“မင်းတို့ စိတ်ရင်းကြောင့် အကြီးအကဲဖြူကတော့ ပျော်သွားမှာပဲ” ရှီမာယူယူ ပြောလိုက်သည်။
“ဝူး ဝူး ဝူး”
အမည်းလေးသည် ရှီမာယူယူ သတိလွတ်သွားချိန်တွင် ပြေးထွက်သွားပြီး ပါးစပ်တွင် အရိုးကိုက်ပြီးပြန်လာရာ ဂုဏ်ယူစွာပင် အမြီးနှံ့နေသေးသည်။
“မိုးနတ်မင်းရေ…” ရှီမာယူယူသည် ဒေါသထွက်ပြီး ဆွံ့အသွားသဖြင့် သူမနဖူးသူမ ရိုက်လိုက်သည်။
“ဟားဟားဟား ဒီကောင်က သူ့ကိုယ်သူ ခွေးလို့ ဘယ်လိုလုပ် တွေးလိုက် တာလဲ” လင်းသည် အမည်းလေး၏ ခြေထောက်ကို ကြည့်ပြီးရယ်မောလိုက် သည်။
ရှီမာယူယူသည် မတတ်နိုင်တော့ကာ ဆောင့်ကြောင့်ထိုင်ပြီး အမည်း လေး၏ ပါးစပ်မှ အရိုးကိုယူပြီး ပစ်လိုက်သည် “ဒီလိုမျိုး သားရဲတွေ ကျွန်မမှာ နောက်ထပ် တစ်ကောင် နှစ်ကောင်ရှိသေးတယ်”
“ဝုတ် ဝုတ်” အမည်းလေးသည် သူမ ပြောသည့်စကားကို ထောက်ခံ သည့်အလား နှစ်ကြိမ်မျှဟောင်လေသည်။
“ဒါဆိုရင် မင်းခေါင်းကိုက်ရမှာပဲ” လင်းသည် သူမအား ကြင်နာစွာပြော လေသည်။
ရှီမာယူယူ ပြုံးလိုက်သည် “တစ်ခါတလေပေါ့”
“ဒါပေမဲ့ မင်းက အရမ်းချစ်တဲ့ပုံပဲ” လင်းသည် အခိုင်အမာပင် ပြောလေ သည်။
“ကျွန်မနဲ့ အတူရှိတဲ့သူက ကျွန်မမိသားစုပဲ” ရှီမာယူယူ ပြန်ဖြေလိုက် သည်။
“မဟုတ်ဘူး မင်းက တကယ်ကိုချစ်တာပါ” လင်း ပြောလိုက်သည်။
ရှီမာယူယူသည် စိုက်ကြည့်ပြီး မငြင်းတော့ဘဲ ပြုံးလိုက်သည်။
သူမသည် အမှန်တကယ်ပင် ဟိန်းသံလေးကို ချစ်သည်။ သို့သော် ထိုကဲ့သို့ချစ်ခြင်းသည် ထိခိုက်မှုမရှိနိုင်ပေ။
“ယူယူ ယူယူ” ဟိန်းသံလေး၏ အသံသည် သူမခေါင်းထဲတွင်ပေါ်လာရာ ထင်ယောင်ထင်မှားဖြစ်သွားသည်ဟုပင် ထင်လိုက်မိသည်။
“ဘာဖြစ်တာလဲ” သူသည် ပျော်ရွှင်နေပြီး ပူပန်ခြင်းမရှိသည်ကို သူမ ကြားရသည်။ သူတော့ ထပ်ပြီးစိတ်ဝင်စားစရာကောင်းတာ တစ်ခုခုရှာတွေ့ပြီ ထင်တယ်။
“ယူယူ ငါတို့ သူတော်စင်မြို့တော်ကိုလာမလို့ ငါ့လိုချစ်စရာလေးကို တွေ့ရမှာမပျော်ဘူးလား” ဟိန်းသံလေးသည် ပျော်ရွှင်စွာ ပြောလေသည်။
“မတွေ့ချင်ဘူး” ရှီမာယူယူသည် သူ့ကို လေစိမ်းတိုက်လိုက်သည် “မင်း လည်းငါ့ကို လွမ်းနေမယ်လို့ ထင်မထားပါဘူး ဟွန့် မင်းက ဘာတွေများ ဒီလောက် ပျော်နေတာလဲ”
“သူတော်စင်မြို့တော်ညီလာခံက မကြာခင်လုပ်တော့မှာလေ ငါတို့လာ နေကြပြီ ငါရောက်တာနဲ့ ယူယူ့ကို ဆက်သွယ်လိုက်မယ် ယူယူ မင်းငါ့ကိုလွမ်းရ မယ်နော်” ဟိန်းသံလေးသည် ပြောပြီးနောက် တိတ်သွားလေသည်။
ရှီမာယူယူသည် ဟိန်းသံလေး မမြင်သော်လည်း မျက်လုံးလှိမ့်လိုက်မိ သည်။
“ဒါက မင်းကိုခေါင်းကိုက်အောင်လုပ်တဲ့ ကောင်လေးလား” လင်းသည် အတိအကျပင် ပြောလေသည်။
“ဟုတ်တယ် အဲကောင်ပဲ” ရှီမာယူယူသည် ချစ်စနိုးဖြင့် ပြောလိုက်ရတော့ လေသည် “ဒီလောက် ပျော်ရမယ့်ကိစ္စရှိလို့ဖြစ်မယ် ကျွန်မသွားပြီ”
သူမသည် အမည်းလေးကိုခေါ်သွားလိုက်ရာ ရှောင်ချီတို့ စကားပြောနေ တုန်းပင်ဖြစ်သည်။
“ရှောင်ချီ ငါတို့သွားမယ် ဟိန်းသံလေးပြန်လာပြီ ကြီးမြတ်သောဝူလင်းနဲ့ ကျန်တဲ့ဝိညာဉ်စီနီယာတွေလည်း ပြန်လာတာဖြစ်မယ် သူတော်စင်မြို့တော်က အသက်ဝင်လာတော့မယ် ငါတို့ပြန်သွားကြမယ်” ရှီမာယူယူသည် ရှောင်ချီကို ပြောပြီးနောက် တခြားနှစ်ယောက်ကို ပြောလိုက်သည် “ရှင်တို့ ဒီမှာနေပြီး စကားတွေထပ်ပြောလိုက်ပါဦး ပြီးမှပဲပြန်လာပေါ့”
ရှောင်ချီနှင့် ချင်ယိတို့သည် ရင်မျိုးဆက်၏ မျိုးစိတ်ကိုတွေ့ရခဲလှသဖြင့် ပြောစရာများနေမည်ဟု သူမ ထင်သည်။
“ယူယူ ဘိုးဘိုးဖြူက ရှောင်ချီတို့နဲ့ လိုက်မယ်လို့ပြောတယ်” ရှောင်ချီ သည် ရောက်လာပြီး သူမလက်ကို ဆွဲလေသည် “ဘိုးဘိုးဖြူက ဒီမှာနေတာကြာ ပြီဆိုတော့ ရှောင်ချီတို့နောက်လိုက်ချင်တယ်တဲ့ ဘာလို့လဲဆိုတော့ ယူယူ့ နောက်လိုက်ရတာ ပျော်ဖို့ကောင်းမယ်ထင်လို့တဲ့ သူကြိုက်တဲ့နေရာတွေ့ရင် တော့ နေခဲ့မယ်တဲ့”
“ဟုတ်ပြီလေ သူ ဝိညာဉ်စေတီထဲမှာ ပြန်နလန်ထူလို့ရတာပေါ့” ရှီမာယူယူ သဘောတူလိုက်ပြီးနောက် အကြီးအကဲဖြူနှင့် ရှောင်ချီတို့ကို ဝိညာဉ်စေတီအတွင်းထည့်လိုက်ပြီး အောက်ခြေမှ ထွက်ခဲ့လိုက်သည်။
သူမသည် နောက်ကိုဆုတ်နေသော အမည်းလေးကိုကြည့်ပြီး ခေါင်းခါ ကာ ပြောလိုက်သည် “မရဘူး မင်းလည်း ပြန်ရမယ် သူတို့ မင်းကိုမြင်ရင် ငါ့ အသွင်မှန်ပေါ်သွားလိမ့်မယ်”
“ဝူး ဝူး ဝူး” အမည်းလေးသည် ဤတစ်ကြိမ်တွင် မဟောင်ဘဲ သူမအား မျက်လုံးဝိုင်းကြီးများဖြင့် ကြည့်လေသည်။
“နောက်တစ်ခါဆိုရင် အပြင်ထွက်ပြီးဆော့ခွင့်ပေးမယ်” ရှီမာယူယူ ဆက်ပြောလေသည် “မင်းကို မှတ်မိသွားရင် တခြားသူတွေက ငါ့ကိုသိသွားကြ လိမ့်မယ် မဟုတ်သေးဘူး မင်း တခြားပုံစံပြောင်းလည်း နေလို့မရဘူး”
အမည်းလေးသည် နှစ်ပတ်မျှပတ်ကာ ချစ်စရာကောင်းသော ခွေးဖြူလေး အသွင်ပြောင်းပြီး သူမကို မျက်လုံးဝိုင်းကြီးများနှင့် ကြည့်လေသည်။
ရှီမာယူယူ “….”
နောက်ဆုံးတွင် သူမသည် ဉာဏ်ရည်နိမ့်ပြီး ချစ်စရာကောင်းအောင် ပြုမူ တတ်သော ခွေးဖြူလေးကို ခေါ်ပြီးထွက်လာရသည်။
လင်းသည် အဖြစ်အပျက်ကို သတိထားမိပြီး ပြောလိုက်သည် “ငါ မင်းကို ခေါ်သွားပေးမယ်”
ရှီမာယူယူ မငြင်းတော့ပေ။ သူရှိလျှင် စိုးရိမ်စရာမရှိပေ။
“နှုတ်ဆက်ပါတယ်” လင်းသည် ပြောပြီးနောက် သူတို့တွေ့ခဲ့သည့်နေရာ သို့ပို့ဆောင်ပေးခဲ့ပြီး ဂုဏ်မောက်စွာဖြင့် ထွက်သွားလေသည်။
ရှီမာယူယူသည် အမည်းလေးကို ကမ်းပါးအခြေသို့ခေါ်လာပြီး ထိုနေရာ သို့ရောက်သည်နှင့် သူမ၏ ဝိညာဉ်စွမ်းအင် ဖိနှိပ်ခံရမှုကို ခံစားရသည်။
“ဝူး ဝူး ဝူး” အမည်းလေးသည် သူတို့ဆီသို့ ဟောင်လေသည်။
ရှီမာယူယူသည် ဆောင့်ကြောင့်ထိုင်ကာ သူ့ခေါင်းကိုပုတ်လိုက်သည်။ သူမသည် ထူထဲသော မြူခိုးများအကြားမှ လျှောက်ထွက်လာသော လူကို အသေအချာကြည့်လိုက်ရာ မည်သူမည်ဝါဖြစ်သည်ကို သိချင်သဖြင့် အနီးကပ် ကြည့်ရန် ကြိုးစားလိုက်သည်။
“စံအိမ်တော် ဒုသခင် ဘယ်လိုဖြစ်လို့ ဒီကိုဆင်းလာတာလဲ”
ထန်းယွမ်သည် သူမ အဆင်ပြေသည်ကို မြင်ပြီးနောက် စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်သည် “တောင်ကမ်းပါးအခြေမှာ ဘာလို့ရှိနေတာလဲ”
“အချိန်ရတုန်း ဒီအတိုင်းပတ်ကြည့်တာပဲ” ရှီမာယူယူသည် အမည်းလေး ကို ပုတ်ပြီး သူ့ကိုကြည့်ရင်း ထလိုက်သည် “ရှင့်အပြစ်တွေကို ပြန်သုံးသပ်ဖို့ ဒီကို လာတာလား”
“ဘယ်ဟုတ်မလဲ မင်းပဲ ဝတ်ရုံနက်လူတွေနဲ့ ပညာရှိစံအိမ်တော်ကြားက ဆက်ဆံရေးကို စုံစမ်းခိုင်းထားတာလေ အခုသတင်းရပြီ”
***