← Chapters

အပင်ပြပွဲ

Vol. 32 Ch. 467

အပင်ပြပွဲ

Vol. 32 Ch. 467

ချန်လွေ့က အဲလစ်နှင့်အတူ ပထဝီဘုံမှ ထွက်သွားခဲ့သည်။

ထိုအချိန်အတော်အတွင်း ချန်လွေ့နှင့် မြေဒြပ်စင်ဘုရင်တို့က ဆက်ခ်ရက်တောင်၊ နတ်ဘုရား-တစ်ပိုင်း ပုဂ္ဂိုလ်နှင့် လျို့ဝှက်ဆန်းကြယ်သော အသူရာချောက်နက်ပန်း စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။ သို့သော်လည်း မိုးရီက ချန်လွေ့၏ မေးခွန်း အများစုကို အဖြေမပေးခဲ့ပေ။ သူက ချန်လွေ့သည် စွမ်းအားတိုးလာအောင် အာရုံစိုက်သင့်ကြောင်းနှင့် သက်ဆိုင်ရာအဆင့်သို့ ရောက်သည့်အခါ အဖြေများ အလိုလို ပေါ်ထွက်လာမည့်အကြောင်း ပြောသည်။

ချန်လွေ့ ဆက်မမေးတောပေ။ မြေဒြပ်စင်ဘုရင်သည် ယခင်မျိုးဆက်များမှ အမွေအနှစ်တစ်ခု ရှိသည်။ သူသည် အရေးကြီးသော အကြောင်းအရာများကို သိနေသည်မှာ သေချာသည်။ သူ လျို့ဝှက်ထားရခြင်းမှာ ကောင်းသော ရည်ရွယ်ချက်ကြောင့် ဖြစ်ရပေမည်။ သူက ချန်လွေ့က လေ့ကျင့်ရန်အတွက်သာ အာရုံစိုက်စေချင်သည်။ ဇိုလာက ငွေသေတ္တာလျို့ဝှက်ချက်ကို ယာယီ ကွယ်ဝှက်ထား သလိုမျိုးပင် ဖြစ်သည်။

ချန်လွေ့သည် နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းနှင့် နတ်ဘုရား-တစ်ပိုင်းအကြား “ကွာဟချက်”ကို ရေးရေးလေး ခံစားမိလိုက်သည်။ အပြင်လူများ သင်ပေး၍ မရသော လျို့ဝှက်ချက်များနှင့် ပိုင်နက်အချို့ ရှိနေနိုင်ပြီး ယခုတွင် သူ၏ စွမ်းအားမှာ အမှန်တကယ်ပင် ဝေးကွာနေသေးသည်။ ထို့ကြောင့် သူသည် မိတ်ဆွေနှင့် ချစ်သူဖြစ်သူ၏ စေတနာကို လက်ခံပြီး စွမ်းအားတိုးလာရန် အာရုံစိုက်ရပေမည်။

သြဇာယွမ်မြေကို မြေဒြပ်စင်ကောင်များ စုပ်ယူပြီး “ဆင့်ကဲပြောင်းလဲရန်” အတွက် အချိန် ၃လ ကြာမြင့်မည် ဖြစ်သည်။ ၃လကြာပြီးနောက် မြေဒြပ်စင်ဘုရင်က ပင်လယ်သေသို့သွားပြီး ရေဒြပ်စင်ဘုရင်နှင့် တွေ့ဆုံကာ ယခင်မြေဒြပ်စင်ဘုရင် သေဆုံးသွားခဲ့စဉ်က ချန်ရစ်ခဲ့သည်ကို သွားယူပေလိမ့်မည်။ ထို့နောက် သူ၏စွမ်းအားများ ထပ်မံတိုးတက်သွားမည် ဖြစ်သည်။

ဒြပ်စင်ကောင်များသည် ပြင်ပကိစ္စများးကို အလွယ်တကူ ဝင်ရှုပ်ကြသည် မဟုတ်ပေ။ ချန်လွေ့က မြေဒြပ်စင်ကောင်များအား အင်ပါယာများကြားမှ ပြဿနာများနှင့် မပတ်သက်မိရရန် ကတိပေးခဲ့သည်။ သို့သော်လည်း သူတို့သည် လိုအပ်သည့်အခါ အကာအကွယ်နှင့် အကူအညီတချို့သာ ပေးရမည်ဖြစ်သည်။

သြဇာယွမ်မြေကိစ္စ ပြီးနောက်တွင် ချန်လွေ့က ဝါလန်ခံတပ်မှ ထွက်သွားခဲ့သည်။ သို့သော်လည်း သူက အမှောင်လသို့ တစ်ခါတည်း ပြန်မသွားခဲ့ပေ။ လိုလီ‌လေးက တင်မ်ထံမှ ယခုနေ့ရက်များ၌ အလွန်စည်းကားသော အထူး အပင်ပြပွဲများ လိုင်ရာမြို့၌ ကျင်းပသည့်ကို သိခဲ့ရသည့်အတွက် အနောက်ဘက်သို့ သွားခဲ့သည်။ ထို့ကြောင့် လိုလီလေး၏ တောင်းဆိုချက်အတိုင်း ချန်လွေ့က သူ့ကို ခေါ်သွားရန် သဘောတူခဲ့သည်။

ယခင်တစ်ခေါက်က သူသည် အဲလစ်အား သွေးနွယ်နယ်မြေ၌ ချန်ထားခဲ့သည်။ ယခုတစ်ခေါက်တွင် ညပိုင်းအလစ်တိုက်ခြင်းနှင့် ဇနီးလောင်းအဖြစ် ဟန်ဆောင်ခြင်းမှ လွဲ၍ လိုလီလေး၏ လုပ်ဆောင်ချက်များမှာ အဆင်ပြေနေသေးသည်။ သူက အဲလစ်အား တစ်ခါလောက်ပျော်ရန် ခွင့်ပြုပေးခဲ့သည်။

ချန်လွေ့ သဘောတူသည်ကို မြင်သည့်အခါ လိုလီလေးက ပျော်ရွှင်စွာဖြင့် ထခုန်လိုက်သည်။ သူတို့က ဝိုင်ဗန်ကို ခေါ်မသွားခဲ့ဘဲ အနည်းငယ် ရုပ်ဖျက်ကာ အဓိကလမ်းမမှတစ်ဆင့် အနောက်ဘက်သို့ တည့်တည့် သွားလိုက်ကြသည်။

လိုင်ရာမြို့ကို ချန်လွေ့ လျို့ဝှက်တိုက်ခိုက်ခဲ့သော အချိန်နှင့်ယှဉ်လျှင် အရိပ်နက်အင်ပါယာသို့ ဦးတည်သော လမ်းကို အသစ်ပြန်ပြင်ပြီး ချဲ့ထွင်ထားပြးပြီ ဖြစ်သည်။ လမ်းတစ်လျှောက်ရှိ စစ်ဆေးရေးဂိတ် ၃နေရာကိုလည်း စီးပွား‌ရေးသမား ခရီသွားများကို ကာကွယ်ရန်အတွက် လရိပ်စစ်တပ်က စောင့်ကြပ်ထားလေသည်။ အစပိုင်း၌ လုပ်အားခများ ဖြတ်တောက်ခြင်းနှင့် ရန်ပုံငွေ အလွဲသုံးစားလုပ်ခြင်းများ ရှိသည်။ တင်မ်ကိုယ်တိုင်က စစ်သည်အချို့ကို သတ်ဖြတ်ပြီး ကွက်မျက်ပြီးနောက် စစ်ဆေးရေးဂိတ်များရှိ စစ်သည်များအားလုံး စည်းကမ်းရှိသွားကြသည်။ ထိုကဲသို့ ပြန်လည်ဖွဲ့စည်းခြင်း ပြီးနောက်တွင် ကောင်းမွန်သော အခြေအနေတစ်ခု ဖြစ်လာစေပြီး စီးပွားရေးသမား ခရီးသွားအရေအတွက်လည်း တိုးပွားလာခဲ့သည်။

အမှောင်လနှင့် အရိပ်နက်အင်ပါယာ၏ လက်တွဲပူးပေါင်းမှုကို အများက သိကြသည်။ အင်ပါယာနှစ်ခုအကြားရှိ နယ်စပ် စစ်ဆေးရေးဂိတ်များ အလွန်ပင် တင်းကျပ်လှသော်လည်း ခရီးသွားစီးပွားရေးသမားများအတွက် အခက်အခဲများနှင့် လွန်ကဲသော စစ်ဆေးမှုများ မရှိပေ။ ချန်လွေ့နှင့် လိုလီလေးတို့က မောင်နှမအဖြစ် ဟန်ဆောင်ခဲ့ကြပြီး လိုင်ရာမြို့သို့ ချောချောမွေ့မွေ့ ဝင်ရောက်သွားခဲ့သည်။

အစက လိုလီလေးသည် လင်မယားအဖြစ် ဟန်ဆောင်ရန် ပြောခဲ့သည်။ သို့သော်လည်း ချန်လွေ့က ထိုအကြံကို သဘောမတူခဲ့ပေ။ သူတို့၏ အခြေအနေမှာ မောင်နှမအဖြစ်သို့ ပြောင်းလဲသွားသော်လည်း လမ်းတစ်လျှောက်၌ “ညီမ” ဖြစ်သူက “အစ်ကို”ဖြစ်သူကို ကော်ကဲ့သို့ ကပ်နေလေသ်ည။ ထို့ကြောင့် ဖြတ်သွားဖြတ်လာလူများက သူတို့ကို ထူးထူးဆန်းဆန်း ကြည့်နေလိုက်ကြသည်။

ထိုနေရာမှ အပူချိန်မှာ အ‌တော်လေး နိမ့်ပါးသည်။ သို့သော်လည်း ချန်လွေ့၏ လက်မောင်း ချွေးပြန်နေသည်။ ၎င်းသည် ကော်မလေး၏ စွမ်းရည်ကို ပြသနေသည်။ ချန်လွေ့က “မောင်နှမ”အဖြစ် ဟန်ဆောင်မိခြင်းကို အနည်းငယ် ကျေးဇူးတင်နေမိသည်။ အကယ်၍ “သားအဖ”အဖြစ် ဟန်ဆောင်မိလျှင် ကိုအာလာ လိုလီလေးသည် သူ့အပေါ်၌ တစ်နေ့လုံးတွယ်တက်နေပြီး သူ့ကို အရိုးကျီးပေါင်းဖြစ်သွားစေလိမ့်မည်။

သူတို့နှစ်ယောက်က လိုင်ရာမြို့သို့ ချောချောမွေ့မွေ့ ဝင်ရောက်သွားခဲ့သည်။ “အပင်ပြပွဲ”ကျင်းပနေသည်မှာ ၂ရက်ကြာပြီ ဖြစ်သည်။ တင်မ်ပြောသည့်အတိုင်းပင် ထိုအချိန်၌ လိုင်ရာမြို့သည် အတော်လေး စည်းကားနေခဲ့သည်။ အရိပ်နက်အင်ပါယာ၏ ပိုင်နက်တစ်ဝက်မှာ သစ်တောများဖြစ်ကြပြီး အပင်များ ကြွယ်ဝသည်။ “အပင်ပြပွဲ”ကို ၃နှစ်တစ်ကြိမ် ကျင်းပခြင်း ဖြစ်သည်။

ပုံမှန်အားဖြင့် ကုန်သည်ကြီးတစ်ယောက်က အမျိုးမျိုးသော ဇစ်မြစ်များနှင့် ကုန်သည်များ ထောက်ပံ့ပေးသော အပင်နမူနာများကို နေရာတစ်ခု၌ ပြသသည်။ ဝယ်သူများက တိုက်ရိုက်ဝယ်ယူနိုင်သည်။ သို့မဟုတ် “မူလစျေး”ထက် သက်သာသော မျိုးစေ့များ၊ အပြီးသပ်ထုတ်ကုန်များကို မှာယူနိုင်သည်။ ကုန်သည်ကြီးများက ကော်မရှင်ခ အနည်းငယ်ရရှိပြီး ဝယ်သူနှင့် ရောင်းသူများအတွက် အကာအကွယ်ပေးရသည်။

ကုန်သည်ကြီးများကလည်း ထူးခြားသော အပင်အချို့ကို ယူဆောင်လာကြသည်။ မည်သို့ပင်ဖြစ်စေ ၎င်းမှာ ထူးခြားသော အပင်ပြပွဲတစ်ခုပင် ဖြစ်လေသည်။

ထိုအပင်ပြပွဲ၏ တည်နေရာမှာ တစ်ခါနှင့်တစ်ခါ မတူပေ။ ယခုတစ်ခေါက်တွင် အမှောင်လနှင့် ကပ်လျက်ရှိနေသော လိုင်ရာမြို့ကို ရွေးချယ်ခဲ့သည်။ ၎င်းသည် စီးပွားရေးကို တိုးမြှင့်စေရန်အတွက် အမှောင်လ လက်တွဲပူးပေါင်းမှုကို အခွင့်အရေး ရယူချင်ခဲ့သည်။ ထိုရွေးချယ်မှုသည် အမှန်တကယ်အောင်မြင်ကြောင်း တကယ့် လက်တွေ့က သက်သေတည်ပေးခဲ့လေသည်။

ကျင်းပရာနေရာမှာ ပလာဇာအဖြစ် ယာယီတည်ဆောက်ထားသော စက်ဝိုင်းပုံ ကွင်းပြင်ကြီးတစ်ခု ဖြစ်ပြီး အတော်လေး ကျယ်ဝန်းလှသည်။ ဝင်ပေါက်နှင့် ထွက်ပေါက်များကို စစ်သည်များက စောင့်ကြပ်ထားသည်။ ကုန်စည်ပြပွဲ၌ ဥပဒေ စိုးမိုးရေး ရှိစေရန်အတွက် ကင်းလှည့်များလည်း ရှိသည်။

ချန်လွေ့နှင့် လိုလီလေးတို့က ကုန်စည်ပြပွဲ၌ ထူးခြားသော အပင်မျိုးစုံကို တွေ့ခဲ့သည်။ သက်ဆိုင်ရာ နံပါတ်များနှင့် အကျဉ်းချုံး မိတ်ဆက်မှုများကိုလည်း ပြသထားသည်။ ဝယ်ယူရန် စိတ်ဝင်စားသူများကို နံပါတ်များကို ရေးချပြီး ရောင်းဝယ်ရေး ခန်းမသို့သွားကာ စျေးညှိနှိုင်းနိုင်ပေသည်။

အပင်မျိုးစံရှိသော်လည်း ချန်လွေ့နှင့် လိုလီလေးတို့ကို အာရုံမဖမ်းစားနိုင်ခဲ့ပေ။

အချို့၌ အဆင့်မြင့် နတ်ဆိုးသားရဲများကို ခြောက်လွှတ်ရန်အတွင် ပြင်းထန်သော ရနံ့များကို ထုတ်လွှတ်နေသည်။ အချို့မှာ သာယာနာ‌ပျော်ဖွယ် သံစဉ်များ ထုတ်လွှတ်နေပြီး အချို့သည် ကိုင်ထားလျှင် ပုတ်သင်ညိုကဲ့သို့ ကိုယ်ယောင်ဖျောက် နိုင်သည်။ အချို့မှာ နွံမနစ်အောင် ပြုလုပ်နိုင်သည်။ အန္တရာယ်များသော အသားစားနှင့် သွေးစုပ်အပင်များလည်း ရှိသည်။ အန္တရာယ်ကင်းစေရန်အတွက် ၎င်းတို့ကို သက်ဆိုင်ရာ မှော်စက်ဝိုင်းများ၌ သီးခြားထားထားလေသည်။

ချန်လွေ့က အမှောင်လ၌ ရှိနှင့်ပြီးသား ကောက်ပဲသီးနှံများထက် အထွက်နှုန်းနှင့် စွမ်းအင်ထောက်ပံ့မှု ပိုပေးနိုင်သော သန္ဓေပြောင်ကောက်ပဲသီးနှံအချို့ကို စိတ်ဝင်စား နေခဲ့သည်။ စိုက်ပျိုးရန်အခြေအနေများမှာ သန့်စင်ရမည်ဖြစ်ကြောင်း ညွှန်ကြားထား သော်လည်း အမှောင်လ၏ လျို့ဝှက် အစားအစာ အခြေစိုက် စခန်းတွင် “မှော်မြေ”ဖြစ်စေသော သန့်စင်ပြီး မှော်မှုန့်များ အမြင့်ဆုံးအဆင့်အထိ ရှိသည်။ ၎င်းသည် အဆင်ပြေပြေနှင့် စိုက်ပျိုးနိုင်လောက်သည်။ ထို့ပြင် မူလ အထူး ရိတ်သိမ်းနှုန်းလည်း နှစ်ဆတိုးသွားမည် ဖြစ်သည့်အတွက် စားစရာများ ပိုမိုတိုးပွားလာစေနိုင်သည်။

လိုလီလေးက ပစ္စည်း၄ခုကို စိတ်ဝင်စားနေသည်။ ပထမတစ်ခုမှာ စားလျှင် အဆက်မပြတ် လေလည်နိုင်သော လာလာအားလူးမှုန့်ဖြစ်သည်။ ဒုတိယတစ်ခုမှာ အနံ့မွှေးပြီး အလွန်အမင်းချဉ်သော ရွှေရောင်သစ်သီး ဖြစ်သည်။ တတိယ တစ်ခုမှာ အမှန်တရားပန်းပွင့် ဖြစ်သည်။ ၎င်းသည် ထူးခြားသော ရနံ့များ မရှိသော်လည်း စိတ်လှုပ်ရှားစေသော အထူးသက်ရောက်မှုတစ်ခုရှိကာ လူများကို လွယ်လွယ်နှင့် အမှန်အတိုင်း ပြောစေနိုင်သည်။ ထိုကဲ့သို့ ပန်းပွင့်မျိုးမှာ အတော်လေး ရှားပါးပြီး သလင်းကျောက်နက်ဒင်္ဂါး ၁၀၀ခန့် ကုန်ကျသည်။ စတုတ္ထတစ်ခုမှာ ပို၍ပင် ရှားပါးသည်။ ၎င်းသည် နတ်ဆိုးသားရဲများကဲ့သို့ ဟိန်းဟောက်နိုင်ပြီး ယာယံစေသောအရည်များ ဖြန်းပက်နိုင်သည့် လှပပြီး နူးညံ့သော ပန်းပွင့်ဖြစ်သည်။ ၎င်းသည် ဟိန်းဟောက်ပန်းဟု ခေါ်လေသည်။

ချန်လွေ့ တိတ်တဆိတ် ရှက်သွားခဲ့သည်။ ဒီ၄ခုလုံးက စနောက်တဲ့ အပင်တွေပဲ။ လိုလီလေးရဲ့ အရည်အချင်းက ချစ်စရာကောင်းပြီးတော့ နားလည်မှုရှိပေမဲ့ စိတ်နှလုံးတော့ မကောင်းဘူး။ အဲဒီနှစ် ငါသူ့ကို ပထမဆုံးတွေ့တုန်းက သူ စနောက်တာကို ငါခံခဲ့ရတာ မှတ်မိသေးတယ်။ ကြည့်ရတာ ဒီတစ်ခေါက် ပြန်သွားရင် ငါ ခံစားရဦးမှာ ထင်တယ်။

သို့သော်လည်း ချန်လွေ့က လိုလီလေး၏ တောင်းပန်နေသော မျက်လုံးများကို မခုခံနိုင်ပေ။ ထို့ကြောင့် ဝယ်ရန် ကတိပေးခဲ့သည်။

အမှန်တကယ်၌ ချန်လွေ့သာမက လိုလီလေးသည်လည်း သူ‌ဌေးမတစ်ယောက် ဖြစ်နေပြီ ဖြစ်သည်။ သလင်းကျောက်နက်ဒင်္ဂါး ၁၀၀မှာ အမှန်တကယ်၌ ဘာမျှမဟုတ်ပေ။ သို့သော်လည်း ချန်လွေ့ ဝယ်ပေးပြီး သူ့ကို လက်ဆောင်ပေးသည်မှာ လုံးဝကွဲပြားသော အဓိပ္ပာယ် ရှိသည်။ စိတ်လှုပ်ရှားနေသော လိုလီလေးက အခွင့်အရေးကို အသုံးချပြီး မပြင်ဆင်ထားသော “အစ်ကို”ဖြစ်သူကို အလစ်တိုက်ခိုက်လိုက်သည်။ သူက ချန်လွေ့၏ မျက်နှာကို နမ်းလိုက်၏။

လိုလီလေး ဝယ်ချင်သော ပစ္စည်း၄ခုသည် အရောင်းအဝယ်ခန်းမ၌ အလွယ်တကူ ဝယ်ယူနိုင်ခဲ့ပြီး သူလိုချင်သော သန္ဓေပြောင်း ကောက်ပဲသီးနှံ မျိုးစေ့များ၌ အဟန့်အတားများ ကြုံတွေ့နေရသည့်အတွက် ချန်လွေ့ အံ့အားသင့်သွားသည်။ ထိုမျိုးစေ့များမှာ အထူးကန့်သတ်ထားသော ထုတ်ကုန်များ ဖြစ်နေသည်။ ၎င်းတို့ကို အမြောက်အမြား ဝယ်ယူရန်အတွက် အရိပ်နက်အင်ပါယာ၏ လော့ဒ်ထံမှ အတည်ပြုချက် ရရှိရပေမည်။

ချန်လွေ့ မျက်မှောင်ကြုတ်နေစဉ်အတွင်း လူတစ်စုက အရောင်းအဝယ်ခန်းမသို့ ဆင်းလာသည်။ သူတို့က မိန်းမငယ်လေး တစ်ယောက်ကို ဝိုင်းရံထားကြသည်။ လိုင်ရာမြို့ဝန် ရီမွန့်သည်ပင် လေးစားပြီး မြှောက်ပင့်သောအမူအရာ ပြသနေသည်။

ထိုမိန်းကလေးမှာ အသေအချာပင် ထင်ရှားသော နောက်ခံတစ်ခုမှ ဖြစ်ပေသည်။ သူက အကောင်းစား ဂါဝန်တိုတစ်ထည်ကို ဝတ်ဆင်ထားသည်။ သူက ငယ်ရွယ်ပြီး လှပသည်။ သူက လူအများအပြား၏ အာရုံစိုက်မှုကြောင့် ကြောက်မနေဘဲ သူ၏ ပြောစကားများ အမူအရာများက ကျက်သရေရှိကာ တင့်တယ်နေ၏။

ထိုမိန်းကလေး ပေါ်လာသည်နှင့် ချန်လွေ့၏အကြည့်ကို ချက်ချင်း ဆွဲဆောင်လိုက် နိုင်သည်။ ချန်လွေ့၏အကြည့်ကို သတိထားမိသွားသည့်အခါ အဲလစ်ကို ထိုမိန်းကလေးကို မကျေမနပ်နှင့် ကြည့်လိုက်သည်။

ထိုမိန်းကလေးက အဲလစ်ထက် သိပ်ပြီး အသက်မကြီးလှပေ။ သန့်စင်ပြီး ချစ်စရာကောင်းသော အမူအကျင့်များ အနည်းငယ် ဆင်တူသော်လည်း သူ၏မျက်နှာမှာ အနည်းငယ် နိမ့်ကျသည်။ သို့သော် အဲလစ်က “ရုပ်ဖျက်” ထားသည့်အတွက် ယခုတွင် သာမန်မိန်းကလေး တစ်ယောက်သာ ဖြစ်နေသည်။ လိုလီလေး၏ မျက်လုံးများက ထိုမိန်းကလေး၏ မို့မောက်နေသော ရင်သားကို စိုက်ကြည့်နေပြီး လက်သီးကျစ်ကျစ် ဆုပ်လိုက်မိသည်။ ဘာလို့ အဲဒါတွေက အရမ်းကြီးနေတာလဲ။

အမှန်တကယ်ပင် ထိုမိန်းကလေး၏ ရင်သားများမှာ အသီနာနှင့် ခီရာတို့ထက် အနည်းငယ်သာ နိမ့်ကျသည်။ ထိုကဲ့သို့အသက်အရွယ်၌ သူ့ကို “ရင်သားကြီးသော ကောင်မလေး” ဟု ဖော်ပြ၍ ရနိုင်မည်မှာ သေချာပေသည်။

လိုလီလေးက နောက်ချန်ထားခံရမည့် ခံစားချက်မျိုး ဖြစ်သွားသည်။ လောကကြီးမှာ ရင်သားကြီးတဲ့ ဂြိုလ်သာ‌တွေ အများကြီးပဲ။ ဘာလို့ငါက သူတို့ထဲက တစ်ယောက် မဟုတ်ရတာလဲ။

ထိုမိန်းကလေးအပေါ် ချန်လွေ့ အာရုံစိုက်နေခြင်းမှာ “အသိ” ဖြစ်ခြင်းကြောင့် မဟုတ်ဘဲ သူတို့၏ ပတ်သက်မှုမှာ ပုံမှန်မဟုတ်သောကြောင့် ဖြစ်သည်။

စိတ်ဝိညာဉ်ကွင်းဆက် (ကျွန်-သခင် ချိတ်ဆက်မှု) - ဆယ်လင်း - မဟာနတ်ဆိုး (သန္ဓေပြောင်း)။

ဆယ်လင်းသည် အရိပ်နက်အင်ပါယာ၏ ထိပ်တန်းစီးပွားရေး မိသားစုဖြစ်သော ကတ်စတာမိသားစု၏ ဆက်ခံသူ ဖြစ်သည်။ ချန်လွေ့က အရိပ်နက်အင်ပါယာ၏ ယန္တရားပြိုင်ပွဲ၌ ဆယ်လင်း၏အစ်ကို ဒီရော်၏ ကိုယ်စားပြုအဖြစ် ပါဝင်ခဲ့သည်။ ပဏာမ ပြိုင်ပွဲပြီးနောက်တွင် သူက ဆယ်လင်း၏ လုပ်ကြံခြင်းကို ခံခဲ့ရသည်။ လုပ်ကြံမှု ကျရှုံးပြီးနောက် ဆယ်လင်းက ချန်လွေ့ကို အကျိုးအမြတ် အမြောက်အမြား ကတိပေးပြီး သူ၏အလှတရားကိုပင် အသုံးချကာ မြူဆွယ်ခဲ့သည်။ သို့သော်လည်း ချန်လွေ့ စိတ်မယိုင်သွားခဲ့ပေ။ သူက နောက်ဆုံး၌ ဆယ်လင်းကို ကိုယ်စားပြုသော နှစ်သွယ်-အထူးပြု ဆရာသခင် ဟောဖို့ဒ်ကို အနိုင်ယူခဲ့သည်။ ထို့နောက် ဆယ်လင်းကို ခီရာ၏ ညီမ ဖာတီလုက ချန်လွေ့အား ထောင်ခြောက်ထဲ မျှားခေါ်ရန် ညွှန်ကြားခဲ့သည်။ နောက်ဆုံးတွင် ချန်လွေ့က မဟာနတ်ဆိုးဘုရင်အဆင့် တာပုလီကို သတ်ပြီး ဖာတီလုကို ဖမ်းဆီးခဲ့သည်။ ဆယ်လင်းက အညံ့ခံခဲ့ပြီး ကျွန်-သခင်စာချုပ် ချုပ်ဆိုခဲ့သည်။

ပြောရမည်ဆိုလျှင် ထိုကောင်မလေးကို ထိန်းချုပ်နိုင်ရန်အတွက် ချန်လွေ့ အတော်လေး ကြိုးစားခဲ့ရပေသည်။ သို့သော်လည်း ဆယ်လင်းသည် “ဆရာသခင် အာသာ”၏ ထောက်ခံခြင်းကိုလည်း လက်ခံရရှိခဲ့သည့်အတွက် သူလိုချင်သည့်အတိုင်း ကတ်စကာမိသားစု၏ ပထမဆုံး ဆက်ခံသူ ဖြစ်လာခဲ့သည်။ သူ၏ဖခင် လိုပက်ဇ်က မိသားစု၏အာဏာအများစုကို ဆယ်လင်းကို လွှဲပြောင်းပေးပြီးပြီ ဖြစ်သည်။ ဆယ်လင်း ကလည်း ဖခင်ဖြစ်သူ၏ မျှော်လင့်ချက်များအတိုင်း ပြုလုပ်နိုင်ခဲ့သည်။ အထူးသဖြင့် အမှောင်လနှင့် ကုန်သွယ်ရန် ဆုံးဖြတ်ချက်၌ သူသည် အမှောင်လနှင့် မဟာမိတ်ဖွဲ့သော ပထမဆုံး စီးပွားရေးမိသားစု ဖြစ်ခြင်းဖြင့် လေးစားဖွယ်ရာအမြင်ကို ပြသခဲ့သည်။ ထို့နောက် သူက အကျိုးတူကုန်သည်ကြီးများအသင်းကို တည်ထောင်ခဲ့သည်။

အမှောင်လ၏ တိုးတက်လာမှုနှင့်အတူ အကျိုးတူ ကုန်သည်ကြီးများ အသင်းသည်လည်း အခြားမိသားစုနှင့် ကုန်သည်ကြီးများ အသင်းများတွင် မရှိသော အထူးအခွင့်အရေးအမျိုးမျိုး ပိုင်ဆိုင်သည့် အကြီးမားဆုံး ကုန်သည်ကြီးများအသင်း ဖြစ်လာခဲ့သည်။ ထိုကဲ့သို့သော ကြီးမားလှသည့် အကျိုးအမြတ်များက ကျန်ရှိသော မိသားစုများကို မနာလိုဖြစ်သွားစေသည်။ အမှောင်လကြောင့်သာမက ဆယ်လင်း၏ စီမံခန့်ခွဲမှုအောက်တွင် ကတ်စတာမိသားစု၏ စီးပွားရေး တိုးတက်လာခဲ့သည်။ အရိပ်နက် အင်ပါယာ၏ သူ၏ လွှမ်းမိုးမှုမှာလည်း ကျယ်ပြန့်လာခဲ့သည်။ သိပ်မကြာခင်က သူ့ကို မဟာကတ်သရင်း ဆင့်ခေါ်ပြီး အပင်ပြပွဲကျင်းပရန် အခွင့်အရေး ပေးအပ်ခဲ့သည်။

ဆယ်လင်းက ယခင်ကထက် ပိုပြီးပိန်ပါးနေသည်မှာ အသိအသာပင် ဖြစ်သည်။ သူ၏ ကလေးအဆီများ မရှိတော့ဘဲ သူ၏စိတ်အခြေအနေလည်း အလွန်အမင်း ခိုင်မာသွားကာ သူ၏အကြည့်၌လည်း ရံဖန်ရံခါ ပြင်းထးန်သော ယုံကြည်ချက်များ ပြသ နေလေ၏။ သူ၏မျက်နှာနှင့် စိတ်နေသဘောထားတို့မှာ မိန်းမပျိုလေး တစ်ယောက်သာ ဖြစ်နေသေးသော်လည်း သူက စီးပွားရေးသမားတစ်ယောက်၏ အငွေ့အသက်မျိုး ရှိနေပြီ ဖြစ်သည်။

ထိုအမျိုးသမီးက လိုင်ရာမြို့ဝန် ရီမွန့်၏ ချီးမွမ်းမှုများကို တိတ်တဆိတ် နားထောင်နေပြီးနောက် သူ၏နားထဲ၌ အသံတစ်သံ ရုတ်တရက် ထွက်‌ပေါ်လာသည်။ သူ၏ တည်ငြိမ်သောမျက်နှာက အနည်းငယ် ပြောင်းလဲသွားပြီး ချန်လွေ့ဘက်သို့ လမ်းလျှောက်သွားလိုက်သည်။

ချန်လွေ့က ဆယ်လင်းကို မကြည့်နေတော့ပေ။ သူက မကျေနပ်ဟန်ဆောင်ပြီး အရောင်းအဝယ်ခန်းမမှ အရောင်းသမားကို အော်ပြောလိုက်သည်။ “ဒီမျိုးစေ့တွေကို ငါ သေချာပေါက်ဝယ်မယ်။ အဲဒါကြောင့် ငါ နှစ်ဆပေးမယ်။ မဟုတ်ဘူး။ သုံးဆပေးမယ်။”

အရောင်းသမားက စကားလုံးများနှင် အမူအရာများ၌ အကဲဖြတ်ရာ၌ တော်သည်။ ချန်လွေ့က ချမ်းသာသော စျေးဝယ်သူတစ်ယောက်ဖြစ်ကြောင်း မြင်သည့်အခါ သူက ချန်လွေ့ကို အာမခံရဲတော့‌ပေ။ သူက တောင်းပန်နေဟန်တူသည်။ “တောင်းပန်ပါတယ်။ ဒါက စျေးနှုန်းကြောင့် မဟုတ်ပါဘူး.....”

ချန်လွေ့၏အသံ ပိုပိုကျယ်လာသည့်အတွက် မြို့ဝန် ရီမွန့်က ဆယ်လင်းအရှေ့၌ တမင်ရောက်လာပြီး လမ်းလျှောက်သွားလိုက်သည်။ “မင်းက ကုန်စည်ပြပွဲကို လာတာဆိုတော့ စည်းမျဉ်းအတိုင်း လိုက်နာရမယ်။ မဟုတ်လို့ကတော့ မင်းကို နာမည်ပျက်စာရင်းသွင်းပြီးတော့ လိုင်ရာမြို့ကနေ နှင်ထုတ်ပစ်မယ်။”

“ခင်ဗျားက မြို့ဝန်လေးပါပဲ။ ရာရာစစ။” ချန်လွေ့ သရော်ပြုံး ပြုံးလိုက်သည်။ ရီမွန့်က ပြန်ပြောရန်ပြင်လိုက်စဉ် ချန်လွေ့၏ မျက်လုံးမှ ဟန့်တားမှု အနည်းငယ်ကို မြင်လိုက်ရသည့်အခါ ကြက်သီးထသွားခဲ့သည်။ သူက ကျန်ရှိသော ရက်စက်သည့် စကားလုံးများက လည်ချောင်းဝ၌ တစ်သွားခဲ့သည်။

ရီမွန့်က နတ်ဆိုးဘုရင်အဆင့် ဖြစ်သည့်အတွက် ၎င်းမှာ ပိုင်နက်၏ မှော်ဆန်သော သက်ရောက်မှုဖြစ်ကြောင်း မသိပေ။ ရီမွန့်က ထိုသူသည် ထူးခြားမည်ဖြစ်ကြောင်းသာ သိသည်။ သူ၏နောက်ခံမှာ သေချာပေါက် သာမန်မဟုတ်ပေ။ ထို့ကြောင့် ရီမွန့်က သူ့ကို အာမခံရဲတော့ပေ။

တစ်ချိန်တည်းမှာပင် ဆယ်လင်းအသံ ထွက်‌ပေါ်လာသည်။ “ဆာ။ ကျွန်မက ကတ်စတာမိသားစုက ဆယ်လင်းပါ။ ဒီကုန်စည်ပြပွဲကို တာဝန်ယူထားတဲ့သူပါ။ ကျွန်မကို ရှင်းပြခွင့်ပေးပါ။ ကျွန်မတို့ ရှင့်ကို မရောင်းချင်လို့ မဟုတ်ပါဘူး။ ဒါပေမဲ့ အထူး စည်းမျဉ်းတွေ ရှိတယ်။ ဒီလိုမျိုး ကောက်ပဲသီးနှံ မျိုးစေ့တွေကို အသုတ်လိုက် ရောင်းချလို့ မရပါဘူး။ ဆာက လော့ဒ်ရဲ့ အသိအမှတ်ပြုတံဆိပ် မပြနိုင်ရင် ကျွန်မ နည်းနည်းတော့ အထူးအခွင့်အရေး ပေးမယ်။ တကယ်လို့ ဆာက အလဲအလှယ်အနေနဲ့ ရှားပါးတဲ့ အပင်တွေကို ထုတ်ပေးနိုင်မယ်ဆိုရင် ဒီမျိုးစေ့တွေကို ယူလို့ရမယ်။”

“အလဲအလှယ်လား။” ချန်လွေ့ ခေါင်းညိတ်လိုက်သည်။ “ကျုပ်မှာ ရှားပါးတဲ့ အပင်တွေ အများကြီး ရှိတယ်။ မစ်-ဆယ်လင်းက ဘယ်လိုအပင်မျိုးတွေ လိုလဲ မသိဘူး။”

“ဒီမှာ စကားပြောလို့ မသင့်တော်ဘူး။ အပေါ်ထပ်က အရေးကြီးပုဂ္ဂိုလ်အခန်းကို သွားကြတာပေါ့။”

ချန်လွေ့က ထိုစကားကို ကြားချင်နေခဲ့သည်။ ရီမွန့်နှင့် အခြားသူများ၏ အကြည့်အောက်တွင် ချန်လွေ့က လိုလီလေးနှင့်အတူ ဆယ်လင်းနောက်သို့လိုက်ပြီး အပေါ်ထက်တက်သွားကြသည်။

အရေးကြီးပုဂ္ဂိုလ်အခန်း၌ ဆယ်လင်းက သူ့ဘေးမှ အစောင့်များကို အပြင်ထွက်ခိုင်းပြီး ဂိတ်ကို စောင့်ကြပ်ခိုင်းလိုက်သည်။ သူက ချန်လွေ့‌ဘေးမှ အဲလစ်ကို ကြည့်လိုက်သည်။ လိုလီလေးက ချန်လွေ့၏လက်မောင်းကို တင်းတင်းကြပ်ကြပ် ကိုင်ထားနေခဲ့သည်။

“အဲလစ်။ အပြင်မှာ ငါ့ကို စောင့်နေပေးပါလား။”

ထိုရင်သားကြီး အမျိုးသမီးနှင့် “အလုပ်ကိစ္စပြောမည့်အကြောင်း”နှစ်ယောက်တည်း ပြောမည်ကို ကြားလိုက်ရသည့်အခါ လိုလီလေးက မပျော်ရွှင်လျက် နှုတ်ခမ်းစူကာ နောက်ဆုံး၌ ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း သူထွက်သွားသောအခါ ကြွားလုံးထုတ်သော အမူအရာဖြင့် ဆယ်လင်းအရှေ့၌ ချန်လွေ့ကို နမ်းခဲ့သည်။ ဆယ်လင်းက အသာလေး ပြုံးလိုက်၏။ သူက တံခါးမှ အစောင့်ကို အဲလစ်အတွက် ဘေးအခန်းပြင်ပေးပြီး လက်ဖက်ရည်နှင့် မုန့်များ တည်ခင်းပေးရန် အမိန့်ပေးခဲ့သည်။

အစီအစဉ်များ ပြုလုပ်ပြီးနောက် ဆယ်လင်းက အရေးကြီးပုဂ္ဂိုလ်အခန်းထဲရှိ အသံလုံမှော်စက်ဝိုင်းကို အသက်သွင်းပြီး ချန်လွေ့ကို အရိုအသေ ပေးလိုက်သည်။ “မင်္ဂလာပါ။ သခင်။”

ချန်လွေ့ ခေါင်းညိတ်လိုက်ပြီး သူ၏မျက်နှာ အလျင်အမြန် ပြောင်းလဲသွားပြန်၏။ သူက မဟာနတ်ဆိုး “ဆရာသခင်” အာသာအသွင်သို့ ပြောင်းလဲခဲ့သည်။ “ဒီအချိန် အတောအတွင်း ငါ မပေါ်လာခဲ့ပေမဲ့ မင်းလုပ်ခဲ့တာကို ငါသိတယ်။ မင်းတော်တယ်။ အထူးသဖြင့် အမှောင်လနဲ့ ပူးပေါင်းတာပေါ့။ မင်းက အခု ကတ်စတာမိသားစုကို မြဲမြဲမြံမြံ ချုပ်ကိုင်နိုင်လောက်ပြီပေါ့။”

“မင်းလုပ်သမျှကို ငါသိတယ်” ဟူသော စကားကို ကြားသည့်အခါ ဆယ်လင်းက တိတ်တဆိတ် သိမ့်သိမ့်တုန်သွားခဲ့သည်။ သူက သူ၏သေခြင်းရှင်ခြင်းသည် သူ့အရှေ့မှလူ၌သာ ရှိကြောင်း သိသည်။ ထို့ကြောင့် သူက ချက်ချင်းပင် ဂရုတစိုက် ပြန်ဖြေလိုက်သည်။ “ဒါတွေအားလုံးက သခင့်ရဲ့ ကျေးဇူးကြောင့်ပါပဲ။”

“ကိုယ့်ကိုယ်ကိုယ် မနှိမ့်ချပါနဲ့။ မင်းရဲ့အရည်အချင်းတွေက သိသာပါတယ်။ အခု ငါ မျိုးစေ့တွေ အများကြီး လိုနေတယ်။ မင်း အဲဒါတွေ ထောက်ပံ့နိုင်မလား မသိဘူး။”

“သခင်က အဲဒီမျိုးစေ့တွေကို တကယ် လိုချင်တာလား။” မူလက ၎င်းသည် တွေ့ဆုံရန် ဆင်ခြေတစ်ခုသာ ဖြစ်လိမ့်မည်ဟု ဆယ်လင်း ထင်ထားခဲ့သည်။ ထို့နောက် သူ ခဏ စဉ်းစားလိုက်သည်။ “ဒီကိစ္စက နည်းနည်း ခက်ခဲတယ်။ အစကတော့ ဒီမျိုးစေ့တွေ အပေါ်မှာသိပ်ပြီးကန့်သတ်ချက် မရှိဘူး။ မြေတိုးမြှင့်ပြီးမှ ဧကရီက အပြင်လူတွေကို ရောင်းချတာ ထိန်းချုပ်ဖို့နဲ့ နည်းဗျူဟာကုန်ကြမ်းတွေ အနေနဲ့ အဲဒါတွေကို တမင် ကန့်သတ်ခဲ့တာ။ ကျွန်မရဲ့လက်ထဲမှာတော့ အခု နည်းနည်းပါးပါး ရှိတယ်။ မျိုးစေ့ ၃၀၀လောက် သခင့်ကို ပေးလို့ရတယ်။”

မြေတိုးမြှင့်မှုလား။ ချန်လွေ့၏ မိမိ၏ထောင်ခြောက်ထဲ ပြန်ကျသွားမည်ဟု မထင်မှတ်ထားခဲ့ပေ။ ကြည့်ရတာ အပြင်လူတွေကို ကတ်သရင်း အရောင်း ကန့်သတ်ထားတာက အမှောင်လအတွက် အဓိက ဖြစ်မယ်။

All Chapters