ဘရော့ခ်၏လျို့ဝှက်အကြံ
Vol. 32 Ch. 469
ဝတ်ရုံနှင့်လူ ထိုသို့ပြောလိုက်သည်နှင့် အခန်းထဲမှ လူ၄ယောက်လုံး အံ့အားသင့် သွားကြသည်။
“ဗိုလ်ချုပ်လေး မွန်ရိုး။ မီးလျှံဗိုလ်ခြေရဲ့ ဓားပြိုင်ပွဲကို မှတ်မိလား။ အဲဒီတုန်းက တပ်မှူး အသီနာကို မင်း တစ်မိနစ်ထဲနဲ့ ရှုံးနိမ့်သွားတာလေ။ အဲဒါကြောင့် ဗိုလ်ချုပ်လေးက ငါတို့ သွေးနီဗိုလ်ခြေအစား မီးလျှံဗိုလ်ခြေကို ရွေးချယ်ခဲ့တာ။”
ထိုပြိုင်ပွဲမှာ အတွင်းထဲ၌ ပြုလုပ်ခြင်း ဖြစ်ပြီး ခေါင်းဆောင် အနည်းငယ်သာ သိသည်။ မွန်ရိုးက ဝတ်ရုံနှင့်လူကို ကြည့်ပြီး အသာလေး ခေါင်းညိတ်လိုက်သည်။
ချန်လွေ့က ဖီရီကို ဖျပ်ခနဲ ကြည့်လိုက်ပြန်သည်။ “မစ်-ဖီနီ။ မင်းရဲ့အဖေ ဆရာသခင် ရမ္မနစ်ဂီကော ဘယ်လိုနေလဲ။ ငါသူ့ကို အရင်တစ်ခေါက်တုန်းက သလင်းကျောက် တောင်ကြားကနေ ကယ်တင်ခဲ့တာလေ။”
ထိုအကြောင်းကို သိသူမှာ ပို၍ပင် နည်းပါးလေသည်။ ဖီရီ ထိတ်လန့်သွားပြီး အလေးအနက် အရိုအသေပြုလုပ်လိုက်သည်။ “တကယ်ပဲ ဆာ-အက်ဂ်ယော ဖြစ်နေတာကိုး။ ကျွန်မအဖေရဲ့အသက်ကို ကယ်တင်ခဲ့ပေးတဲ့အတွက် ကျေးဇူးတင် ပါတယ်။ ကံဆိုးချင်တော့ ကျွန်မ အခု ဒီလိုပဲ ကျေးဇူးတင်လို့ရတယ်။”
မွန်ရိုးနှင့် ဖီနီတို့၏ အတည်ပြုချက်ကြောင်း သူတို့အရှေ့မှ ဝတ်ရုံနှင့်လူသည် အရိပ်နက်အင်ပါယာမှ နောက်လိုက်သူ မဟုတ်ကြောင့် အနည်းဆုံး သေချာသွားခဲ့သည်။ ဖေးမန်း၏ သတိရှိသော အမူအရာများ အနည်းငယ် ပြေလျော့သွားသည်။ “မင်းက အမှောင်လရဲ့ လော့ဒ်စစ်ပွဲမှာ လိပ်ပြာနီလော့ဒ် ဂျို့ရှ်ကို အနိုင်ယူပြီးတော့ မြို့တော်သံတမန် ရုစ်ကို သတ်ပစ်ခဲ့တဲ့ အက်ဂ်ယောလား။”
ချန်လွေ့ ခေါင်းညိတ်လိုက်သည်။ “ဆာက ကျုပ်ကို ချီးမွန်းလွန်းနေပါပြီ။ ကျုပ်ရဲ့ စွမ်းအားက နတ်ဆိုးဧကရာဇ်အဆင့် အလတ်ပိုင်းကို မရောက်သေးပါဘူး။ အဲဒီတိုက်ပွဲက ကံကောင်းသွားရုံပါ။”
ခါလ်ဒါ၏ မျက်လုံးထဲ၌ ထူးဆန်းသော အမူအရာတစ်ခု ပေါ်ထွက်လာသည်။ “မင်းက ဘာလို့ ဒီကို ရောက်နေတာလဲ။”
ချန်လွေ့က ဖီနီကို ဖျပ်ခနဲ ကြည့်လိုက်သည်။ “ကျုပ်က မင်းသမီးရှီရာရဲ့ အမိန့်အတိုင်း ဗိုလ်ချုပ်ငယ်လေး မွန်ရိုးနဲ့ မစ်-ဖီနီကို လာကြိုတာပါ။ အမှောင်လက မင်းတို့နှစ်ယောက်အတွက် အကာအကွယ်ပေးပါမယ်။”
“မင်းသမီး ရှီရာ၏ အမိန့်” ဆိုသည်မှာ မမှန်ကန်ပေ။ သို့သော်လည်း လက်ရှိ ရှီရာနှင့် ချန်လွေ့၏ ပတ်သက်မှုအရ ထိုကဲ့သို့ အသိမပေးဘဲ ပြုလုပ်သောအဆင့်သည် ပြဿနာ မဟုတ်ပေ။ ထို့ပြင် ၎င်းသည် အမှောင်လအတွက်လည်း အကျိုးအမြတ် များပေသည်။
မွန်ရိုး အံ့အားသင့်သွား၏။ “ကျုပ် ဒီမှာ ရှိတယ်ဆိုတာကို မင်းသမီးရှီရာ ဘယ်လို သိတာလဲ။”
“အမှောင်လရဲ့ စွမ်းရည်ကို အထင်မသေးပါနဲ့။” ချန်လွေ့က အသာလေး ပြောလိုက်သည်။ “မင်းတို့အင်ပါယာက မပြည့်ဝတဲ့ မဟာမိတ်ကို လိုချင်မှာ မဟုတ်ဘူး။”
ချန်လွေ့၏စကားများသည် အမှောင်လ၏ အရိပ်နက်အင်ပါယာ၏ မဟာမိတ် အခြေအနေသို့ တိုက်ရိုက်တွန်းပို့လိုက်သည်။ ခယ်လ်ဒါက ပထမဆုံး ဆန့်ကျင်သည်။ “ဒီလိုဆိုရင် မင်းသမီးရှီရာက ဗိုလ်ချုပ်ငယ်လေးနဲ့ မစ်-ဖီနီကို ဧကရီဆီ မဟာမိတ် လက်ဆောင် အနေနဲ့ လွှဲပေးမှာ သေချာတယ်။”
“ဗိုလ်ချုပ်ငယ်လေး မွန်ရိုးက အခုလက်ရှိမှာ အရိပ်နက်အင်ပါယာရဲ့ အလိုရှိ ရာဇဝတ်သားတစ်ယောက် ဖြစ်နေတယ်။ တကယ်လို့ မင်းသမီးရှီရာက အရိပ်နက်အင်ပါယာရဲ့ အုပ်စိုးသူဆိုရင် ဗိုလ်ချုပ် ခရောဖို့ဒ်လိုပဲ ခင်ဗျားတို့အားလုံးကို ဖမ်းဆီးရမှာပဲ။ ဒါပေမဲ့ မင်းသမီးရှီရာက ကြယ်ကြွေတမန်အင်ပါယဦရဲ့ ထိပ်ဆုံး လော့ဒ်တစ်ယောက်ဖြစ်သလို လူစီဖာ တော်ဝင်မိသားစုရဲ့ အနာဂတ် အုပ်ချုပ်သူ တစ်ယောက်လည်း ဟုတ်တယ်။ သူက ခင်ဗျားတို့တိုင်းပြည်ရဲ့ ချုပ်နှောင်ခြင်းကို မခံရဘူး။ ဆာ-မွန်ရိုးက အခုဆိုရင် မီးလျှံဗိုလ်ခြေရဲ့ အထက်ဆင့် အကြံပေးတစ်ယောက် ဖြစ်သလို မှော်ပညာရှင်ဗိုလ်ခြေရဲ့ တပ်မှူးလည်း ဟုတ်တယ်။ ဗိုလ်ချုပ်ငယ်လေး လိုချင်တဲ့ သတင်းအတိုင်း လက်ခံရရှိပြီးတော့ တော်ဝင်မင်းသမီးက ဒီအချိန်းအချက်ကို မပယ်ဖျက်ရသေးဘူး။”
ချန်လွေ့၏စကားများမှာ တစ်ဝက်မှန်ပြီး တစ်ဝက်မှားနေတယ်။ ထို့နောက် သူက လှုပ်လှုပ်ရွရွဖြစ်စေသော စကားတစ်ခွန်း ပြောလိုက်သည်။ “ပြီးတော့လည်း နယ်မြေရဲ့ လက်တွဲပူးပေါင်းမှု အပြင်ကို မင်းသမီးရှီရာနဲ့ ဗိုလ်ချုပ် ခရောဖို့ဒ်ကြားမှာ နက်ရှိုင်းတဲ့ ကိုယ်ရေးကိုယ်တာ ပတ်သက်မှုတွေ ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ မင်းရဲ့အဖေမှာက သားတစ်ယောက်တည်း ရှိတာပဲ။”
မွန်ရိုး တုန်လှုပ်သွား၏။ သူက ဖီနီ၏လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြန်သည်။ “ဒါတွေက စကားလှလှလေးတွေပဲ။ ဗိုလ်ချုပ်ငယ်လေးကို လှည့်စားဖို့ မစဉ်းစားနဲ့။ ငါတို့ရဲ့ လုံခြုံရေး ဘယ်လို အာမခံမလဲ။”
“ကျုပ်က ဒီကို အကြီးမားဆုံး ရိုးသားမှုနဲ့အတူ ရောက်လာတာပါ။” ချန်လွေ့က နှာမှုတ်ပြီး ပြောသည်။ “တကယ်လို့ မင်းသမီးရှီရာက မင်းသားငယ်လေးကို လေးစားပြီး တန်ဖိုးမထားဘူးဆိုရင် ဒီကိုရောက်လာမှာ ကျုပ် မဟုတ်ဘူး။ ခင်ဗျားတို့ကို နတ်ဆိုး အရှင်သခင်အဆင့်တစ်ယောက်က လာဖမ်းလိမ့်မယ်။”
ထိုစကားများမှာ ကြွားလုံးထုတ်ခြင်း မဟုတ်ပေ။ အမှောင်လရှိ လေလံပွဲ အတွင်း၌ နတ်ဆိုးအရှင်သခင်အဆင့် ပုဂ္ဂိုလ်နှစ်ယောက်သည် မျက်စိတစ်မှိတ်အတွင်းမှာပင် အဖမ်းခံရပြီး အသတ်ခံခဲ့ရသည်။ အမှောင်လ၌ ထိုကဲ့သို့ နောက်ခံနှင့် စွမ်းအား ရှိနေသည်မှာ သေချာပေသည်။
ချန်လွေ့က ချက်ချင်း ပြောလိုက်သည်။ “တော်ဝင်မင်းသီးက သူပြောတဲ့အတိုင်း အမြဲလုပ်တာ။ သူ့ရဲ့စိတ်ရင်းကို သံသယဝင်စရာ မလိုပါဘူး။ ဒါပေမဲ့ အခုက အမှောင်လနဲံ အရိပ်နက်အင်ပါယာကြားက လက်တွဲပူးပေါင်းမှု အဓိကအခိုက်အတန့် ဖြစ်နေတဲ့အတွက် ဒီကိစ္စကို ထုတ်ပြောလို့ မဖြစ်ဘူး။ ဗိုလ်ချုပ်လေးအနေနဲ့ အမှောင်လမြို့တော်က မီးလျှံဗိုလ်ခြေဆီ ချက်ချင်း ပြန်ဖို့ကလည်း မသင့်တော်ဘူး။ ခင်ဗျားတို့အားလုံး ကျုပ်နောက်လိုက်ပြီး ရှီလန်တောင်ရဲ့ လရိပ်ဗိုလ်ခြေ အခြေစိုက်စခန်းဖြစ်တဲ့ ဝါလန်ခံတပ်မှာ ခဏလောက် သွားပုန်းအောင်းပြီးတော့ အခြေအနေ တည်ငြိမ်အောင် စောင့်တာက ပိုကောင်းမယ်။”
၎င်းကို ကြားလိုက်သည်နှင့် ဖေးမန်းက ခေါင်းညိတ်လိုက်သည်။ တကယ်၍ ရှီရာက မဟာမိတ်များကို ကျေနပ်စေချင်သည်ဆိုလျှင် သူတို့လေးယောက်ကို ဖမ်းဆီးရန်အတွက် နတ်ဆိုးအရှင်သခင်အဆင့်တစ်ယောက် တစ်ခါတည်း လွှတ်လိုက်မည် ဖြစ်သည်။ ထိုကဲ့သို့ အလုပ်ရှုပ်ခံစရာ မလိုအပ်ပေ။
မူလက မွန်ရိုးသည် ကြံရာမရ ဖြစ်နေခဲ့သည်။ အမှောင်လက ထိုကဲ့သို့ ကပ်ဘေး ကာလအတွင်း သူ့ကို ခေါ်ထားချင်ကြောင်း ကြားသည့်အခါ ချက်ချင်းပင် ကျေးဇူးတင် လိုက်သည်။ “ဒါဆိုလည်း ကျေးဇူးတင်ပါတယ်။ ဆာ-အက်ဂ်ယော။ တော်ဝင်မင်းသမီးက ဒီလိုအရေးကြီးတဲ့ အခိုက်အတန့်မှာ ကျုပ်လို အပြင်လူတစ်ယောက်ကို လက်မလျှော့ဘူး ဆိုတော့ အမှောင်လကို တရားဝင် ပူးပေါင်းပြီးတော့ တော်ဝင်မင်းသမီး အတွက် နောက်ဆုံးသွေးတစ်စက်ကျတဲ့အထိ အလုပ်အကျွေးပြဖို့ သစ္စာဆိုပါ့မယ်။”
“စိတ်မပူပါနဲ့။” ချန်လွေ့ ခေါင်းညိတ်လိုက်သည်။ “ဝါလန်ခံတပ်က ဗိုလ်ခြေတပ်မှူး တင်မ်နဲ့ငါ ရင်းနှီးတယ်။ မင်းကို အထူး ဂရုစိုက်ပေးဖို့ ငါသူ့ကို ပြောလိုက်မယ်။ အရင်ဆုံး ခဏလောက် အနားယူလိုက်ဦး။”
မွန်ရိုးကို ခေါ်သွားရန်အတွက် ချန်လွေ့၌ စဉ်းစားစရာ အများအပြား ရှိသည်။ သူသည် မှော်ပညာရှင်ဗိုလ်ခြေကို ရွှေ့ပြောင်းနိုင်သည့် တစ်ဦးတည်းသော တပ်မှူး ဖြစ်သလို ဘရော့ခ်ထံ ဖီရီကို ကတ်သရင်း ပေးအပ်ခြင်းမှာလည်း ဘရော့ခ်ကို ကိုင်တွယ်ရန် ဖြစ်သည်။ ဘရော့ခ်သည် အနှေးနှင့်အမြန်ပင် သုတ်သင်ခံရပေမည်။ ထိုအချိန်၌ မွန်ရိုး၏ အဖြစ်အပျက်သည် သေချာပေါက် မှေးမှိန်သွားပြီး “လျော်ကြေး”ပင် ရနိုင်လေသည်။ ခရောဖို့ဒ် တစ်ဦးတည်းသောသားက သွေးနွယ်နယ်မြေသို့ ပြန်လာသည်ဖြစ်စေ မလာသည်ဖြစ်စေ၊ သူသည် အမှောင်လအတွက် အထောက်အပံ့နှင့် အကူအညီများ ပိုမိုပေးနိုင်ပေသည်။
မွန်ရိုး၏ အလားအလာက ထူးခြားကောင်းမွန်လှသည်။ ဖီနီ၏အဖေ ရမ္မနစ်ဂီနှင့် ပေါင်းလိုက်လျှင် ထိုအားထုတ်မှုမှာ အတ်ောလေး အကျိုးရှိလှပေသည်။
ထိုအကျိုးအမြတ်များအပြင် ချန်လွေ့သည် ထိုစုံတွဲနှစ်ယောက်ကို လက်တွဲပေးရန် ဆန္ဒရှိလေသည်။
မွန်ရိုးနှင့် ဖေးမန်းတို့ နှစ်ယောက်လုံး သဘောတူလိုက်ကြကြောင်း မြင်သည့်အခါ ခယ်လ်ဒါက မကန့်ကွက်တော့ပေ။ ဖီနီလည်း စိတ်သက်သာရာ ရသွားခဲ့သည်။ မွန်ရိုးက ဖီနီကို “ပြန်ပြေးဆွဲ” သွားခဲ့သောအချိန်၌ သူတို့တည်နေရာ တစ်နည်းနည်းဖြင့် ပေါက်ကြားသွားခဲ့ကြောင်း သူတို့၄ယောက်ထံမှ ချန်လွေ့ သိခဲ့ရသည်။ သူတို့ကို မီးဓားဗိုလ်ခြေ၏ ဗိုလ်ချုပ် လိုကီက လိုက်ဖမ်းနေခဲ့သည်။ ခရောဖို့ဒ်က သူ၏အစွမ်း အထက်ဆုံး လက်အောက်ငယ်သား၃ယောက်ကို မွန်ရိုးအား တိတ်တဆိတ်ကာကွယ်ရန် မစီစဉ်ထားခဲ့လျှင် မွန်ရိုးသည် လိုကီ၏လက်ထဲ၌ သေသွားလောက်ပြီ ဖြစ်သည်။
လိုကီသည် အလွန်ပင် အစွမ်းထက်သည်။ သူက နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းသို့ ရောက်ရှိသွားပြီဖြစ်သည်။ သူက ဘရော့ခ်ပြီးနောက် အစွမ်းအထက်ဆုံး တိုက်ခိုက်ရေးစွမ်းအားရှိသူ ဖြစ်သည်။ အစောင့်၃ယောက် ပူးပေါင်း တိုက်ခိုက်သော်လည်း သူ့ကို ရှုံးနိမ့်သွားခဲ့ရသည်။ နတ်ဆိုးဧကရာဇ်အဆင့် အလတ်ပိုင်းဖြစ်သော တိုရီစ်က သေဆုံးသွားခဲ့သည်။ နတ်ဆိုးဧကရာဇ်အဆင့် အလတ်ပိုင်းဖြစ်သော ဖေးမန်းလည်း ဒဏ်ရာ အပြင်းအထန် ရသွားခဲ့ပြီး ကျန်ရှိသော နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်း ခယ်လ်ဒါက အနည်းငယ် ဒဏ်ရာရရှိသွားခဲ့သည်။ နောက်ဆုံး၌ သူတို့က မွန်ရိုးနှင့် ဖီနီတို့ကို အန္တရာယ်မှ အသည်းအသန် ကာအကွယ်နိုင်ခဲ့သည်။
ညပိုင်း၌ ထွက်ခွာရန် ဆုံးဖြတ်ပြီးနောက် ချန်လွေ့က ဆယ်လင်းကို ရှာပြီး ကြိုတင်၍ အဲလစ်ကို ငြိမ်ငြိမ်နေအောင် ပြုလုပ်ခဲ့သည်။ သူက ယခုတွင် သူတို့၄ယောက်ကို ဝါလန်ခံတပ်သို့ ခေါ်သွားမည် ဖြစ်သည်။ အဲလစ်ကို ခေါ်သွားရန် မသင့်တော်ပေ။ သူက လိုလီလေး၏ မင်းသမီးသရုပ်ကို ဖော်ပြ၍ မရပေ။ သူတို့၄ယောက်ကို အဆင်ပြေအောင် ပြုလုပ်ပြီး နောက်တွင် ချန်လွေ့သည် ဝါလန်ခံတပ်မှ လိုင်ရာမြို့သို့ အမြန်ပြန်သွားပြီး ထိုမျိုးစေ့များကို သွားယူကာ လိုလီလေးအား အမှောင်လမြို့တော်သို့ ပြန်ခေါ်သွားမည် ဖြစ်သည်။
ညရောက်လာသည်နှင့် တဝီဝီ တိုက်ခတ်နေသော ညလေထဲ၌ အရိုးထဲစိမ့်သော အေးစက်မှုတစ်ခု ရှိနေသည်။ ခရမ်းရောင် လရောင်က လမ်းပေါ်ရှိ လူ၅ယောက်၏ အရိပ်ကို ရှည်ထွက်သွားစေသည်။
ထိုသူများမှာ ချန်လွေ့၊ မွန်ရိုးနှင့် အခြားသူများ ဖြစ်ကြသည်။ သူတို့က နယ်စပ် စစ်ဆေးရးဂိတ်များကို အောင်အောင်မြင်မြင်နှင့် ဖြတ်သွားနိုင်ခဲ့ပြီး ကြယ်ကြွေတမန် အင်ပါယာ နယ်စပ်သို့ ဝင်ရောက်လာခဲ့သည်။ သူတို့အရှေ့မှလမ်းသည် ကုန်သွယ်ရေး လမ်းကြောင်း ဖြစ်သော်လည်း ညပိုင်း၌ အခြားသူများ ရှိမနေပေ။ အတော်လေး တိတ်ဆိတ်လှ၏။
ထိုအချိန်၌ အဖွဲ့အနောက်မှ ချန်လွေ့က ရုတ်တရက် ရပ်တန့်လိုက်ပြီး မွန်ရိုးနှင့် ဖီနီတို့ကို ဆွဲလိုက်သည်။ ရှေ့မှ ဖေးမန်းနှင့် ခယ်လ်ဒါတို့လည်း သတိထားမိသွား၏။ ရှေ့တွင် ပုံရိပ်တစ်ခုက တားဆီးနေလေသည်။
ထိုပုံရိပ်သည် တုတ်ခိုင်သန်မာကြီး ရက်စက်သောပုံစံ ရှိသည်။ ထိုသူက သူက ခန္ဓာကိုယ်တစ်ပိုင်း အနက်ရောင်ဖြစ်သော သတ္တုချပ်ကာကို ဝတ်ဆင်ထားပြီး နောက်ဘက်မှ ဝတ်ရုံက လေးအေးအေးထဲ၌ လွင့်ပျံနေသည်။
ဖေးမန်း လှုပ်ရမ်းလိုက်ပြီး အော်ဟစ်လိုက်ရာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး၌ မီးတောက်များ ဖုံးလွှမ်းသွားသည်။ ခယ်လ်ဒါက ဓားရှည်ကို ဆွဲထုတ်ပြီး ဒေါသတကြီး ပြောလိုက်သည်။ “လိုကီ။”
မျိုးနွယ် - မနာလိုခြင်း တော်ဝင်မိသားစု ( သန္ဓေပြောင်း)
စွမ်းအားအကဲဖြတ်မှု - A+
ခန္ဓာအမျိုးအစား - A +
ခွန်အား - A +
စိတ်ဝိညာဉ် - A -
လျင်မြန်မှု - A
[ ဂုဏ်သတ္တိ ] - ရေဂုဏ်သတ္တိ။
လက်စသတ်တော့ ဒါက လိုကီကိုး။ သူက ဒီလိုအခိုက်အတန့်မှာ တကယ်ကြီး ပေါ်ထွက်လာပြီးတော့ အားလုံးကို တားဆီးမယ်လို့ မထင်ထားခဲ့ဘူး။
ဖေးမန်းက အံကြိတ်ရင်း ပြောလိုက်ရသည်။ “အက်ဂ်ယော။ ခယ်လ်ဒါ။ ဗိုလ်ချုပ်လေးနဲ့ မိန်းကလေးကို ကာကွယ်ပြီးတော့ အရင်သွားနှင့်ကြ။ ငါသူ့ကို ထိန်းထားမယ်။”
သူစကားပြောပြီးသည်နှင့် ရုတ်တရက် ပြောင်းလဲမှုတစ်ခု ဖြစ်လာသည်။ ဖေးမန်း၏ ပုံရိပ် တုန်လှုပ်သွားပြီး သူ၏ ညာဘက်ရင်ဘတ်မှ သွေးပေနေသော ဓားထိပ်ပိုင်း ဖောက်ထွက်လာသည်။ ကံကောင်းစွာပင် သူ၏ အလိုလိုတုံ့ပြန်မှုကြောင့် အရေးကြီးသော အခိုက်အတန့်၌ အဓိကနေရာများကို ရှောင်တိမ်းလိုက်နိုင်သည်။ သူ၏နှလုံးသား ဒဏ်ရာ မရသွားခဲ့ပေ။ သို့သော်လည်း ထိုဓားချက်ကြောင့် သူ၏အဆုပ် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရသွားခဲ့ရသည်။
ဖေးမန်း အော်ဟစ်ရင်း အားကုန်သုံးကာ နောက်ဘက်သို့ လွှဲရမ်းလိုက်ရာ သူ၏ ရင်ဘတ်မှ ဓားအပြင် ဓားသမားပါ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ ဖေးမန်း၏ ဒေါသတကြီးထိုးချက် လွဲချော်သွားပြီးနောက် ပို၍ပင် ဒဏ်ရာပြင်းထန်သွားသည်။ သူက မတည်မငြိမ်နှင့် မြေပေါ်တွင် တဖြည်းဖြည်း ဒူးထောက်လိုက်ပြီး သူ၏ရင်ဘတ်မှ သွေးများက ခရမ်းရောင် အရိပ်အငွေ့ဖြင့် စီးကျနေလေသည်။ ၎င်းမှာ လရောင်ကြောင့် မဟုတ်ဘဲ အဆိပ်ကြောင့်ပင် ဖြစ်သည်။
ခယ်လ်ဒါ၏ ပုံရိပ်က လိုကီအရှေ့၌ ပေါ်ထွက်လာသည်။ သူ၏မျက်နှာပေါ်၌ ထူးဆန်းသော အပြုံးတစ်ခုနှင့်အတူ သူ၏လက်ထဲမှ ဓားတွင်လည်း သူ့ “အဖော်”၏ သွေးများ စီးကျနေလေသည်။
“ခယ်လ်ဒါ။” ဖေးမန်းက မုန်းတီးစွာဖြင့် အော်ပြောလိုက်သည်။ နောက်ဆုံး၌ သူက သူတို့ထွက်ပြေးသော လမ်းကြောင်းကို မည်သည့်အတွက်ကြောင့် လိုကီ သိသွားပြီး တိုရီစ် အသက်ဆုံးရှုံးခဲ့ရကြောင်း သဘောပေါက်သွားသည်။ လိုကီက သူတို့လမ်းကြောင်း၌ “အချိန်မီ” ထပ်ပေါ်လာပြန်ပြီး အားလုံးကို တားဆီးလိုက်သည်။
အပြောင်းအလဲမှာ ရုတ်တရက် ဖြစ်လွန်းလှသည်။ ချန်လွေ့၌ ဖေးမန်းကို ကယ်တင်ရန်ပင် အချိန်မရှိခဲ့ပေ။ လက်စသတ်တော့ ခယ်လ်ဒါက သူလျှိုဖြစ်နေတာကိုး။ ဒါကြောင့် သူက မွန်ရိုး အမှောင်လမှာ နေမှာကို သဘောမတူတာပဲ။
“ခယ်လ်ဒါ။” ယခုမှသာ မွန်ရိုးက အကြောင်းရင်းကို သဘောပေါက်သွားသည်။ သူ အံကြိတ်ရင်း ဖေးမန်းကို ထူပေးလိုက်သည်။ “ခင်ဗျားက ကျေးဇူးမသိတတ်တဲ့ အရှက်မရှိတဲ့သူပဲ။ ကျုပ်ရဲ့အဖေက ခင်ဗျားရဲ့ အသက်ကို ကယ်တင်ခဲ့ပြီးတော့ ခင်ဗျားကို လူယုံတစ်ယောက်လို ဆက်ဆံခဲ့တာ။”
“အဲဒီလူယုံဆိုတာက အနာဂတ်မရှိတဲ့ အစောင့်သာသာပဲ။ ဗိုလ်ချုပ်ဘရော့ခ်နောက် လိုက်မယ်ဆိုရင် ဒါမျိုး မဟုတ်တော့ဘူး။” ခယ်လ်ဒါ သရော်ပြုံးပြုံးလိုက်သည်။ “အဲဒါကြောင့် ဗိုလ်ချုပ်ဘရော့ခ်ဘက်ကို ငါရောက်နေတာ တော်တော်ကြာခဲ့ပြီ။”
“ကျုပ် သေရင်တော့ ဖီနီကို ခေါ်သွားခွင့် မပြုနိုင်ဘူး။” မွန်ရိုးက လက်ထဲမှ မဟာဓားဖြင့် ဖီနီကို ကာကွယ်ပေးနေခဲ့သည်။
“အစကတည်းက ဖီနီရော မင်းကိုပါ အသက်ရှင်ခွင့်ပေးဖို့ ငါ မစဉ်းစားထားဘူး။” လိုကီက ပြောသည်။ သူ၏အကြည့်က သွေးဆာပြီး ရက်စက်သောပုံစံ ပြသနေ၏။ “သနားစရာပိုးကောင်လေး။ ဖီနီကို လက်ထပ်တာက ထောင်ချောင်တစ်ခုဆိုတာကို မင်း နားမလည်ဘူး။ ဒါက ဧကရီရဲ့အကြံကို ဖြေရှင်းဖို့အတွက် ဗိုလ်ချုပ်ရဲ့ ပါးနပ်တဲ့ လှည့်ကွက် တစ်ခုပဲ။ ခယ်လ်ဒါက ဒီမိန်းမကို ခေါ်သွားအောင်လို့ မင်းကို တမင်တွန်းအားပေးခဲ့တာ။ အခု မင်းရဲ့အဖေ ခရောဖို့ဒ်ပါ ဒီကိစ္စထဲ ပါသွားသလို အမှောင်လမှာ မင်းရဲ့အလောင်း ပေါ်ထွက်လာတာနဲ့ အမှောင်လနဲ့ သွေးနွယ်နယ်မြေကြားအပြင် အရိပ်နက်အင်ပါယာနဲ့ပါ လက်တွဲပူးပေါင်းမှုရော ကြီးကြီးမားမား ထိခိုက်သွားလိမ့်မယ်....”
ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။ ဒါတွေအားလုံးက ဘရော့ခ်ရဲ့ အကြံတွေလိုပဲ။ ဒါက ဒီအခြေအနေကို အခွင့်ကောင်းယူပြီးတော့ အမှောင်လကို ဒုက္ခရောက်အောင် လုပ်ချင်နေတယ်။
လိုကီက သူ၏အကြည့်ကို ကြောက်လန့်နေသော ဖီနီထံ လှည့်လိုက်သည်။ သူ၏ အကြည့်၌ သိက္ခာကင်းမဲ့မှု အငွေ့အသက် ရှိနေသည်။ “ဒီမိန်းမကို လက်ထပ်ရမှာ ငါ စိတ်မဝင်စားပေမဲ့ သူ့ကို မသတ်ခင် ကစားဖို့တော့ ကိစ္စမရှိဘူး။”
ဖီနီကို ကြောက်ရွံ့စွာဖြင့် တုန်လှုပ်နေစဉ် မွန်ရိုးက ဒေါသထွက်နေ၏။ ဖီနီက လက်ထဲ၌ ပစ္စည်းတစ်ခုကို ကိုင်ထားပြီး အချိန်မရွေး ကိုယ့်ကိုယ်ကိုယ် သတ်သေရန် အသင့်ပြင်ထားခဲ့သည်။ သူက ရန်သူ၏ စွန်းထင်းခြင်းကို ခံရခြင်းထက် အသက်သာ အသေခံလိုက်မည် ဖြစ်သည်။
ဖေးမန်းက ထိုအဆိပ်ကြောင့် ဒဏ်ရာအပြင်းအထန် ရခဲ့ကာ တိုက်စားခံခဲ့ရသည်။ သူ၏စကားလုံးများကို ယခုအချိန်၌ နားထောင်လိမ့်မည် မဟုတ်ကြောင်း သိသည့်အတွက် သူက နောက်ဆုံးသေခါနီး တိုက်ခိုက်ရန်အတွက် စွမ်းအား စုစည်းနေလိုက်သည်။
“ခဏနေပါဦး။” ချန်လွေ့ ပြောလိုက်သည်။ “ခင်ဗျားတို့တွေ တစ်ခုခု မေ့နေသလိုပဲ။”
“အိုး။” လိုကီ၏ခန္ဓာကိုယ်မှ စွမ်းအားအငွေ့အသက် တဖြည်းဖြည်း ပျံ့နှံ့သွားသည်။ ပြင်းထန်သော ဖိအားက အမြင့်ဆင့်နတ်ဆိုးသာဖြစ်သော မွန်ရိုးကို အသက်ရှူမရ ဖြစ်သွားစေခဲ့သည်။ “မင်းရှိနေတာကို ပြောချင်တာလား။ မင်းက နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်းပဲရှိသေးတဲ့ အမှိုက်ပဲ။ ခဏကြာရင် မင်းက ပြာဖြစ်တော့မှာ။ မင်းကြောင့်သာ မဟုတ်ရင် ငါ ဒီကို စောပြီး တိုက်ခိုက်မှာ မဟုတ်ဘူး။”
ချန်လွေ့နှင့် အခြားသူများက ခံတပ် သို့မဟုတ် အမှောင်လမြို့တော်သို့ ပြန်ရောက် သွားသည်နှင့် နတ်ဆိုးအရှင်သခင်အဆင့် တစ်ယောက်၏ ကာကွယ်ခြင်းကို ခံရနိုင်သည်။ လိုကီသည်ပင် လွယ်လွယ်နှင့် လှုပ်ရှားရဲမည် မဟုတ်ပေ။
“ဟုတ်လား။” ချန်လွေ့က တည်ငြိမ်လျက် ရှိနေသည်။ စွမ်းအား အတက်အကျ ဖြစ်နေသော လက္ခဏာများ ဖြစ်ပေါ်လာ၏။
“လျို့ဝှက်ဆန်းကြယ်သလို နေနေတာက အသုံးမဝင်ဘူး။ မင်းရဲ့စွမ်းအားကို ငါ မြင်ပြီးသွားပြီ။ မင်းက နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်းပဲ။” ခယ်လ်ဒါက ရွံရှာလျက် ပြုံးလိုက်သည်။ “ဗိုလ်ချုပ်လိုကီကို ပျက်စီးနေတဲ့ အထက်တန်းစားဆရာသခင် ဂျို့ရှ်နဲ့ နှိုင်းယှဉ်လို့မရဘူး။ သူက မီးဓားဗိုလ်ခြေမှာ အစွမ်းအထက်ဆုံး နတ်ဆိုးဧကရာဇ်အဆင့် တစ်ယောက်ပဲ။ သူ့မှာ တိုက်ခိုက်ရေး အတွေ့အကြုံတွေ အများကြီး ရှိတယ်။ နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းနှစ်ယောက်ပေါင်းပြီး တိုက်ခိုက်ရင်တောင် သူ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး။ ဗိုလ်ချုပ်လိုကီ ကိုယ်တိုင်အောင် တိုက်ခိုက်ဖို့ မလိုလောက်ဘူး။ ငါတောင် မင်းကို အလောင်းကောင် ဖြစ်သွားအောင် လုပ်နိုင်တယ်။”
“အစွမ်းအထက်ဆုံး နတ်ဆိုးဧကရာဇ်အဆင့်လား။ ဒါဆို အခု ဘရော့ခ်က နတ်ဆိုးဧကရာဇ်အဆင့်ကို ကျော်လွန်သွားပြီလား။ အရင် ဒဏ်ရာရပြီးတော့ သူ အသက်ရှင်နေသေးတာကို ကျုပ် အံ့သြမိတယ်။ သူက အဆင့်တောင် တက်သွားတယ်လား။ ထူးခြားတဲ့ အကြောင်းတစ်ခုခုတော့ ရှိရမယ်...” ချန်လွေ့က အသာလေး ပြောလိုက်သည်။ “ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ခင်ဗျားပြောတဲ့ သတင်း အချက်အလက်က အတော်လေး တန်ဖိုးရှိတယ်။”
အရင်ဒဏ်ရာတဲ့လား။ လိုကီနဲ့ ခယ်လ်ဒါတို့က အချင်းချင်း ကြည့်လိုက်သည်။ သူတို့ တိတ်တဆိတ် အံ့အားသင့်သွားကြပြီးနောက် မေးလိုက်၏။ “မင်းက ဘယ်သူလဲ”
ချန်လွေ့ မဖြေပေ။ သူက ရုတ်တရက် လက်ဖျောက်တီးလိုက်ရာ မွန်ရိုးနှင့် ဖီနီတို့က ပြင်းထန်သော အားတစ်ခုကို ခံစားလိုက်ရပြီး သတိလစ်သွားသည်။ ထို့နောက် ချန်လွေ့က ဖေးမန်းအရှေ့၌ ချက်ချင်း ပေါ်ထွက်လာသည်။ ဖေးမန်းက ချန်လွေ့သည်လည်း သူလျှို ဖြစ်ကြောင်း ထင်သွားသည်။ သို့သော်လည်း သူက ဒဏ်ရာရနေသည့်အတွက် ကူကယ်ရာ မဲ့နေခဲ့သည်။ သူ၏စွမ်းအားလည်း ကြီးကြီးမားမား လျော့ကျနေပြီး တစ်ချက်တည်းဖြင့် သတိမေ့သွားခဲ့လေသည်။
ထိုလုပ်ရပ်ကို ရန်သူနှစ်ယောက်က လုံးဝ မထင်မှတ်ထားပေ။ ခယ်လ်ဒါ နှာမှုတ်လိုက်သည်။ “မင်း ဘာလုပ်တာလဲ။ ဒီလိုဆိုရင်တောင် မင်း အသက်ရှင်ရဖို့ စိတ်ကူးမနေနဲ့။”
“ကျုပ်က သူတို့ကို တချို့ကိစ္စတွေ မတွေ့စေချင်ရုံပါ။ ဒါပေမဲ့ ခင်ဗျားတို့ နှစ်ယောက်က ခြွင်းချက်ပဲ။ ဘာလို့လဲဆိုတော့....သေသွားတဲ့သူတွေ လျို့ဝှက်ချက်တွေ ထုတ်မပြောတတ်ဘူးလေ။”
“အရှက်မရှိတဲ့ အရေးမပါတာတွေ။” ခယ်လ်ဒါက ချန်လွေ့ထံ ပြေးဝင်သွား၏။ ထိုအခိုက်အတန့်၌ သူ၏ အမြင်က ရုတ်တရက် အလင်းများအဖြစ် ပေါက်ကွဲထွက် သွားသည်။ ဝတ်ရုံနှင့်လူသည် ယှဉ်၍မရအောင် တလက်လက် တောက်ပနေသည်။ ထိုကဲ့သို့ ကြယ်သဖွယ် တောက်ပမှုကြောင့် ခရမ်းရောင် လနှစ်စင်းသည်ပင် မှိန်သွားရ၏။
ပြေးဝင်သွားသော ခယ်လ်ဒါ၏ ပုံရိပ်ကို ပြင်းထန်သော အားတစ်ခုက တွန်းကန်လိုက်သည်။ သူ၏ခန္ဓာကိုယ် ထိန်းချုပ်၍ မရတော့ဘဲ ပြောင်းပြန်လှန်သွားကာ မြေပြင်ပေါ်သို့ ညှဉ်းဆိုးဆိုး ပြုတ်ကျသွားခဲ့သည်။
တဖြည်းဖြည်း အရောင်မှိန်သွား၏။ ချပ်ကာအပြည့် ဝတ်ဆင်ထားသော ပုံရိပ် တစ်ခုက ခယ်လ်ဒါနှင့် လိုကီတို့အရှေ့၌ ပေါ်ထွက်လာသည်။ ထိုချပ်ကာတွင် ကြယ်မှုန့်ကဲ့သို့ အလင်းရောင်ဖျော့ဖျော့ စီးဆင်းနေသော ရိုးရှင်သည့် အသွင်တစ်ခု ရှိသည်။
ထိုအငွေ့အသက်၏စွမ်းအားကို ခံစားမိသည့်အခါ လိုကီ သတိရှိသွားသည်။ သူက ခန္ဓာကိုယ်ထဲမှ စွမ်းအားကို ထိတ်ထိတ်ပျာပျာ စုစည်းလိုက်သည်။
မြေပြင်ပေါ်မှ ခယ်လ်ဒါ ထလာသည်နှင့် သူ၏အရှေ့၌ မီးပွင့်တစ်ခုကို ခံစားလိုက်ရသည်။ ချပ်ကာနှင့်လူက သူ့အရှေ့တွင် ပေါ်ထွက်လာပြီး သူ၏လည်မျိုကို တင်းတင်းညှစ်လိုက်သည်။ သူ့ကို တစ်ဖက်လူက အမိဖမ်းလိုက်လေပြီ။ နတ်ဆိုး ဧကရာဇ်အဆင့် ကနဦးပိုင်း ဖြင့်ပင် သူ့တွင် ခုခံရန် အင်အား မရှိပေ။
ခယ်လ်ဒါ ပတ်လည်၌ နီရဲသော တိမ်တိုက်အများအပြား ပေါ်ထွက်လာသည်။ ပတ်ဝန်းကျင် နေရာလွတ်က လောင်ကျွမ်းနေသာ လောကတစ်ခုကဲ့သို့ ဖြစ်သွားဟန် တူသည်။ ခါလ်ဒါက အရေးကြီးသော အခိုက်အတန့်၌ သူ၏ဝှက်ဖဲဖြစ်သော ပိုက်နက်စွမ်းအားကို အသက်သွင်းခဲ့သည်။
သို့သော်လည်း အသုံးမဝင်ဆဲပင် ဖြစ်သည်။
နီရဲသော တိမ်တိုက်များက မီးသင့်စွမ်းအားတစ်မျိုးမျိုးဖြင့် ရိုက်ခတ်မိဟွားဟန် တူပြီး ရုတ်တရက် အားလျော့သွားကြသည်။ ထို့နောက် ချပ်ကာဖုံးလွှမ်းထားသော လက်ဝါးက အားအနည်းငယ် သုံးလိုက်ရာ ခယ်လ်ဒါက သူ၏လည်ပင်း ကျိုးသွားသော အသံကို ကြားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်ရာ အားတစ်ခုက သူ၏ခန္ဓာကိုယ်ထဲသို့ ဖောက်ထွင်းဝင်ရောက်လာသည်။ ထို့အပြင် သူ၏စိတ်စွမ်းအား ချက်ချင်း ပြိုလဲကျသွားပြီး သတိလစ်သွားတော့သည်။
ချန်လွေ့ လက်လွှတ်လိုက်ရာ ခယ်လ်ဒါသည် ရွှံ့နွံကဲ့သို့ပင် မြေပြင်ပေါ်၌ ပြိုလဲကျသွားသည်။ [ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း] အသက်သွင်းထားသော [ နွေပိုင်နက် ] ထဲ၌ ကျေးဇူးရှင်နှင့် ညီအစ်ကိုများကို သစ္စာဖောက်သော လူဆိုး၏ ဝိညာဉ်က မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားခဲ့လေသည်။