နောက်မှာ အန္တရာယ်လား
Vol. 32 Ch. 470
“ခင်ဗျားအလှည့်ပဲ။” ချန်လွေ့က ခန္ဓာကိုယ်တစ်လျှောက် အေးစက်သော အငွေ့အသက်များ ထုတ်လွှတ်နေသည့် လိုကီကို ဖျပ်ခနဲ ကြည့်လိုက်ပြီး တစ်လှမ်းချင်း လမ်းလျှောက်လာသည်။
ခယ်လ်ဒါက အမြန်သတ်ပစ်လိုက်ခြင်းကြောင့် ထို “အက်ဂ်ယော” ကို လိုကီ အထင်မသေးရဲတော့ပေ။ နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်းတဲ့လား။ ဟာသပဲ။ ဒီငတုံး ခယ်လ်ဒါက တကယ်ကြီး ငါ့ကို သတင်းမှားပေးခဲ့တယ်။ သူက သေဖို့ထိုက်တန်တယ်။
သို့သော်လည်း လိုကီက မကြောက်နေပေ။ ချန်လွေ့ ချက်ချင်း သတ်နိုင်ခဲ့ခြင်းမှာ အငိုက်မိသွား၍သာ ဖြစ်သည်။ လိုကီ၏စွမ်းအားမှာ မရေမတွက်နိုင်သော သေစေနိုင်သည့် တိုက်ကွဲအတွေ့အကြုံများမှ စုဆောင်းထားခြင်း ဖြစ်သည်။ သူက ပိုမိုအစွမ်းထက်သူကို ရင်ဆိုင်လျှင် ပိုမိုစွမ်းအားကြီးလာသည်။ ခုနက ခယ်လ်ဒါပြောခဲ့သော နတ်ဆိုးအရှင်သခင် အဆင့် ထိပ်သီးပိုင်းနှစ်ယောက်ပေါင်း တိုက်ခိုက်သည်ကို အနိုင်ယူခဲ့သည်မှာ ပုံကြီးချဲ့ ပြောဆိုခြင်း လုံးဝ မဟုတ်ပေ။
အက်ဂ်ယောက နတ်ဆိုးအရှင်သခင်အဆင့် မဟုတ်ဘူးဆိုရင် အနိုင်ရနိုင်တယ်။
လိုကီ၏ တိုက်ခိုက်ချင်စိတ်များ တဖွားဖွား တိုးပွားလာသည်။ သူက စွမ်းအားကို ရုတ်တရက် ပေါက်ကွဲထွက်ပြီး လက်သီးဖြင့် ထိုးသည်။ ထိုအစွမ်းထက်လှသော လက်သီးချက်တွင် ပြင်းထန်သော အေးစိမ့်မှုတစ်ခု ပါဝင်နေသည်။ မြေပြင်သည်ပင် ရေခဲများနှင့် ဖုံးလွှမ်းသွား၏။
သို့သော် ထိုလက်သီးချက်က ချန်လွေ့ကို မထိခင်မှာပင် ရပ်တန့်သွားခဲ့သည်။ လက်သီးအရှေ့၌ ချပ်ကာဝတ်ထားသော လက်ဝါးတစ်ဖက် ရှိနေသည်။ ထိုလက်သီးချက်ကို အမှန်တကယ်ပင် ထိုလက်ဝါး၏စွမ်းအားက ထိန်းချုပ်ခဲ့ခြင်း ဖြစ်သည်။ လိုကီက စွမ်းအားကို မည်မျှပင် ပေါက်ကွဲထွက်စေကာမူ ရှေ့သို့ တစ်လက်မပင် မတိုးနိုင်ပေ။ ချန်လွေ့က လက်ကောက်ဝတ်ကို ဆတ်ခနဲ လှုပ်ရှားလိုက်ရာ လိုကီသည် ပြင်းထန်သော အားတစ်ခုကြောင့် နောက်ပြန်လွင့်သွားခဲ့သည်။ သူက လေထဲ၌ ကျွမ်းထိုးနေသူ တစ်ယောက်ကဲ့သို့ ဖြစ်သွား၏။ နောက်ဆုံး၌ သူက စွမ်းအားကို စုစည်းပြီး မလဲကျစေရန်အတွက် မြေပြင်ပေါ်၌ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ပြုလုပ်နိုင်ခဲ့သည်။
လိုကီက ထိတ်လန့်စွာဖြင့် မိမိ၏လက်ကို ကြည့်လိုက်သည်။ ၎င်းသည် အမှန်တကယ်ပင် အေးခဲသွားသည်။ ၎င်းမှာ သူ၏စွမ်းအားကို ပြိုင်ဘက်ဖြစ်သူက လုံးဝ ဖိနှိပ်လိုက်သည့်အတွက်ကြောင့်ပင် ဖြစ်သည်။
ပြိုင်ဘက်၏အသံ ထွက်ပေါ်လာသည်။ “ခင်ဗျားရဲ့စွမ်းအား အစစ်အမှန်ကို အသုံး။ ခင်ဗျား အစွမ်းချန်ထားရဲရင်တော့ ဒီနေ့မှာ သေဖို့ပဲ ရွေးစရာရှိမယ်။”
လိုကီ နှာမှုတ်လိုက်သည်။ သူ၏အဟုန် တဟုန်ထိုး ထိုးတက်သွားသည်။ သူ၏ လက်ပေါ်မှ ရေခဲသည်လည်း လေအေးများအတွက် အငွေ့ပျံသွားသည်။ သူ၏လက်ထဲ၌ လက်အိပ်တစ်ခု ရှိနေပြီး ဖြည်းဖြည်းချင်း ဝတ်လိုက်သည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးက အပြာဖျော့ဖျော့ အလင်းရောင် တစ်ခုနှင့်အတူ ဖျပ်ခနဲ ပျောက်ကွယ်သည်။ ချက်ချင်းပင် နေရာတစ်ခုလုံးက ရေခဲလောကကဲ့သို့ ဖြစ်သွားခဲ့သည်။ ကောင်းကင်မှ ခရမ်းရောင် လနှစ်စင်းသည်ပင် အေးခဲသွား၏။
သေချာသည်မှာ ၎င်းသည် ပိုင်နက်နေရာလွတ်ထဲမှ မူမမှန်ခြင်းတစ်ခုပင် ဖြစ်သည်။ ချန်လွေ့ အသာလေး ခေါင်းညိတ်လိုက်သည်။ “ခင်ဗျားက ရေဒြပ်စင် ကျွမ်းကျင်မှုကို စွမ်းအားမှာ တိုက်ရိုက်ပေါင်းစပ်တဲ့ လေ့ကျင်သူတစ်ယောက် ဖြစ်မယ်။ ဒီပိုင်နက် တစ်ခုတည်းက နတ်ဆိုးအရှင်သခင်အဆင့် ပိုင်နက်နဲ့ တော်တော်လေး နီးစပ်တယ်။ ဒါက နည်းနည်းတော့ အံ့အားသင့်စရာပဲ။ ဒါပေမဲ့ ခင်ဗျားရဲ့စွမ်းအားက နတ်ဆိုးအရှင်သခင် အဆင့်နဲ့ ဝေးနေသေးတော့ စိတ်မကောင်းစရာပဲ။”
လိုကီ၏မျက်လုံးထောင့်များ လက်ခနဲ ဖြစ်သွားသည်။ သူ့အကြောင်း အလုံးစုံ အသိခံလိုက်ရသကဲ့သို့ပင် သူ၏နှလုံး တဒိတ်ဒိတ်ခုန်သွားခဲ့သည်။ ပြိုင်ဘက်ဖြစ်သူ၏ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကြောင့် အနှောင့်အယှက် မဖြစ်ရစေရန်အတွက် သူ အော်ဟစ်လိုက်ပြီး သူ၏လက်သီးများက မြောက်မြားလှစွာသော ချွန်ထက်သည့် ရေခဲစိုင်များအဖြစ် ပြောင်းလဲသွားသည်။ ၎င်းတို့က မုန်တိုင်းတစ်ခုအဖြစ် ဖွဲ့စည်းသွားပြီး ချန်လွေ့ထံသို့ ဝေ့လာသည်။
မုန်တိုင်းထဲ၌ မြောက်မြားလှစွာသော ထင်ယောင်မှား တိုက်ခိုက်မှုများ ရှိနေဟန် တူသည်။ သို့သော်လည်း ထိုတိုက်ခိုက်မှုများမှာ ပုံရိပ်ယောင်များသာ ဖြစ်သည်။ အစစ်အမှန်နှင့် ပုံရိပ်ယောင်တို့ ရောနှောနေခြင်း ဖြစ်သည်။ ချန်လွေ့က တည်တည်ငြိမ်ငြိမ် တုံ့ပြန်ပြီး ခုခံရန် ပြင်ဆင်လိုက်သည်။ သို့သော် လိုကီ၏ တိုက်ခိုက်မှုများမှာ အလွန်အမင်း ကြမ်းတမ်းလှသည်။ တဖြည်းဖြည်းနှင့် ချန်လွေ့ မခုခံနိုင်တော့ပေ။ သူက တစ်ခါတစ်ရံ ထိမိသွားပြီး သူ၏ခြေထောက်လည်း နောက်သို့ဆုတ်လာသည်။
လိုကီ၏ တိုက်ခိုက်မှုများမှာ အလွန်ချောမွေ့နေပြီး သူကိုယ်တိုင် ဂုဏ်ယူနေမိသည်။ ရုတ်တရက် သူ၏ပိုင်နက် ပြောင်းလဲသွားကြောင်း ခံစားလိုက်ရသည်။ ၎င်းသည် ထူးဆန်းသော အပူတစ်ခုနှင့် ပြည့်နှက်သွားဟန်တူသည်။ သူ၏အမြင်လည်း ပုံရိပ်ယောင် တစ်ခုကဲ့သို့ပင် ယိုယွင်းလာခဲ့သည်။
လိုကီက အလျင်အမြန်ပင် [ အကြွင်းမဲ့ရေခဲပိုင်နက် ] ၏ အထွက်နှုန်းစွမ်းအားကို တိုးမြှင့်လိုက်ရာ အေးစက်မှုက ထိပ်ဆုံးအထိ ရောက်ရှိသွားသည်။ ဖရိုဖရဲဖြစ်နေသော ပိုင်နက်ထဲရှိ နင်းမုန်တိုင်းက မြောက်မြားလှစွာသော ထက်မြက်လှသည့် ရေခဲဓားများ အဖြစ် ပြောင်းလဲသွားကာ ချန်လွေ့ကို လုံးဝဝိုင်းရံသွားသည်။ ချန်လွေ့သည် တဖြည်းဖြည်းနှင့် ရေခဲရုပ်ထုအဖြစ် အေးခဲသွားခဲ့သည်။
လိုကီက ပြိုင်ဘက်ကို ထိန်းချုပ်နိုင်ခဲ့သောလည်း သူ၏စိတ်ထဲမှ မကောင်းသော နိမိတ် ပိုမိုကြီးထွားလာသည်။ သူ ပျံတက်သွားပြီး ရန်သူက ကွဲကြေစေရန်အတွက် ရေခဲရုပ်ထုကို အားကုန်ထိုးလိုက်သည်။ သို့သော်လည်း ပူလောင်ပြီး ယိုယွင်းသော ခံစားချက်က ချက်ချင်းပင် ပြင်းထန်သွားခဲ့သည်။ ရေခဲရုပ်ထုက အလျင်အမြန်ပင် မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် အရည်ပျော်လာသည်။ လိုကီ၏လက်သီးက ရေခဲရုပ်ထုကို မထိခင်မှာပင် အဘက်ဘက်မှ မမြင်နိုင်သော အားများကြောင့် ရပ်တန့်သွားခဲ့သည်။ သူ၏လက်သီးက ရှေ့တိုး၍ မရတော့သလို နောက်ဆုတ်၍လည်း မရတော့ပေ။ သူက တိုက်ခိုက်နေသော ပုံစံအတိုင်းသာ ရပ်တန့်နေခဲ့သည်။
ချန်လွေ့ ဘာမှမဖြစ်သည်ကို မြင်ပြီး လိုကီ၏နှလုံးသား တုန်လှုပ်သွားခဲ့သည်။ နောက်ဆုံး၌ သူက တစ်ခုခုကို သဘောပေါက်သွားခဲ့ပြီး အံကြိတ်ကာ ပြောလိုက်သည်။ “မင်း...မင်းက ငါ့ကို စနောက်နေတာပဲ။”
တော်တော်လေး ကြောက်စရာကောင်းတာပဲ။ အက်ဂ်ယောရဲ့စွမ်းအားက တကယ်ပဲ....
“အတိအကျတော့ မဟုတ်ပါဘူး။ ကျုပ်က ခုနက သဘောပေါက်သွားတဲ့ အစွမ်း အသစ်တစ်မျိုးကို ခင်ဗျားရဲ့စွမ်းအားသုံးပြီး စမ်းသပ်နေတာပါ။” ချန်လွေ့က တည်တည်ငြိမ်ငြိမ် ပြောသည်။ “အခု ဒါက ပြီးလုနီးပါး ဖြစ်သွားပြီ။ ဒါကြောင့် ခင်ဗျားက ကျုပ်အတွက် အသုံးမဝင်တော့ဘူး။ ကျုပ် ခင်ဗျားကို အသက်ရှင်ဖို့အတွက် နောက်ဆုံး အခွင့်အရေးတစ်ခုပေးမယ်။ အညံ့ခံလိုက်။”
လက်တွေ့တိုက်ခိုက်မှုမှာ အကောင်းဆုံး သင်ပြပေးသူပင် ဖြစ်သည်။ ချန်လွေ့က လိုကီ၏ပိုင်နက်ကို လေ့ကျင့်ရန် အသုံးချပြီး [ နွေပိုင်နက် ] အပေါ် နားလည် သဘောပေါက်မှုများ ထပ်မံတိုးပွားလာခဲ့သည်။ သူက တိုက်ခိုက်မှုများကို စုပ်ယူနိုင်သည့် အပြင် အခြား “ပျော်ဝင်စေခြင်း” လုပ်ဆောင်ချက်ကိုလည်း ပိုမိုရင်းနှီးသွားခဲ့သည်။ ထိုစွမ်းအားသည် ပြိုင်ဘက်၏ တိုးမြင့်စွမ်းရည်များကို ဖယ်ရှားနိုင်လေသည်။
“အိပ်မက်မက်မနေနဲ့။” လိုကီ၏လက်အိပ်ထဲမှ ပြင်းထန်သော အပြာရောင် အလင်းများ တောက်လာပြီးနောက် ပေါက်ကွဲထွက်သွားသည်။ သူ၏လက်တစ်ခုလုံး သွေးများပေကျံသွားပြီးသော်လည်း ထို တစ်ဝက်-ဒဏ္ဍာရီလာအဆင့် အဆောင်ပစ္စည်း၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲသော စွမ်းအားဖြင့် ထိန်းချုပ်မှုမှ လွတ်မြောက်နိုင်ခဲ့သည်။ သူ၏ ခန္ဓကိုယ်က မြားတစ်စင်းကဲ့သို့ပင် နောက်သို့ ပျံသွားသည်။ သူက မန္တန်တစ်ခုကို အလျင်အမြန် ရွတ်လိုက်ရာ နောက်ဘက်၌ အပြာဖျော့ရောင် ဂိတ်တစ်ခု ပုံပေါ်လာသည်။ ၎င်းမှာ ရေဒြပ်စင်၏ အလျို့ဝှက်ဆန်းကြယ်ဆုံး မှော်ပညာဖြစ်သည့် [အချိန်နဲ့နေရာလွတ် ဂိတ်] ပင် ဖြစ်လေသည်။
လိုကီက စွမ်းအားလေ့ကျင့်သူတစ်ယောက် ဖြစ်ပြီး စိတ်ဝိညာဉ်စွမ်းအား၌ အားနည်းသော်လည်း သူ၏ ရေဒြပ်စင်ကျွမ်းကျင်မှု ပါရမီကြောင့် ထိုအသက်ကယ် တယ်လီပို့ခုန်ခြင်း မှော်ပညာကို အလွယ်တကူ အသုံးပြုနိုင်လေသည်။
ငါ [ အချိန်နဲ့နေရာလွတ်ဂိတ် ] ထဲကို အမြန်သွားပြီးတော့ ဒီကြောက်စရာ ရန်သူလက်ထဲကနေ ထွက်ပြေးရမယ်။
ထိုအချိန်၌ လိုကီ၏ မိမိ၏ စိတ်ဝိညာဉ်စွမ်းအား ထူးထူးခြားခြား မတည်မငြိမ် ဖြစ်သွားသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ ထိုနေရာအတွင်းရှိ စိတ်ဝိညာဉ် စွမ်းအားနှင့် မှော်စွမ်းအားတို့က ရန်သူထံ ဒီရေကဲ့သို့ ပြေးဝင်သွားကြသည်။ မျက်စိ တစ်မှိတ်အတွင်းမှာပင် ၎င်းတို့အားလုံး ဝါးမျိုခံလိုက်ရသည်။ မူလက ပုံပေါ်လာတော့မည့် [အချိန်နဲ့နေရာလွတ်ဂိတ်] သည်လည်း ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။
ယခုတွင် နောက်ဆုံး ထွက်ပြေးလမ်းကြောင်းပါ မရှိတော့ပေ။
ချန်လွေ့က နတ်ဆိုးဘုံရှိ နာမည်ကြီးအဆောင်ပစ္စည်းတစ်ခု၏ အထူးစွမ်းရည် တစ်မျိုးကို ရုတ်တရက် တွေးမိလိုက်ပြီး ထိတ်လန့်သွားခဲ့သည်။ သူ သတိပြန်မဝင် လာခင်မှာပင် သူ၏ပတ်ပတ်လည်၌ ကြယ်ပွင့်များ ပေါ်ထွက်လာသည်။ သေရေးရှင်ရေး အခြေအနေ ဖြစ်နေကြောင်း လိုကီသိသည့်အတွက် [ အကြွင်းမဲ့ရေခဲပိုင်နက် ] ကို အားကုန်သုံးပြီး အသက်သွင်းလိုက်ရသည်။ သို့သော်လည်း အချည်းနှီးပင်။
လိုကီ၏ မျက်လုံးထဲ၌ ကြယ်ပွင့်များ တမုဟုတ်ချင်း ပေါက်ကွဲထွက်ကုန်သည်။ ပေါက်ကွဲနေသော အလင်းက သူ၏အာရုံတစ်ခုလုံးသို့ ပြည့်နှက်သွားခဲ့သည်။ [အကြွင်းမဲ့ ပိုင်နက်] လည်း အပျက်အစီး တစ်ခုကဲ့သို့ပင် ပြိုလဲသွားသည်။ သူ၏အသိစိတ်လည်း အတူတကွ ပြိုလဲသွားတော့သည်။
[ ကြယ်ပေါက်ကွဲခြင်း ]
ခုနက ချန်လွေ့သည် နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး၏ စွမ်းရည်ကို အသုံးပြုပြီး အနီးအနားမှ မှော်စွမ်းအားကို စုပ်ယူကာ လိုကီ၏ နောက်ဆုံး ပြေးလမ်းကြောင်းကို ဖြတ်တောက်ခဲ့သည်။ ထို့နောက် သူက စွမ်းအားကို လျှော့ချပေးသော [ကြယ်ပေါက်ကွဲခြင်း] ကို အသက်သွင်းလိုက်သည်။ ဘရော့ခ်၏ အစွမ်းအထက်ဆုံ လက်အောက်ငယ်သား ဖြစ်သည့်အလျောက် သက်ဆိုင်ရာ သတင်းအချက်အလက်များ မရရှိခင် အသက်ရှင်နေသော လိုကီသည် အလောင်းတစ်ကောင်ထက် ပိုမို တန်ဖိုးရှိပေသည်။
ချန်လွေ့က လိုကီထံ လမ်းလျှောက်သွားလိုက်သည်။ သူ၏ခေါင်းစွပ်မှ မျက်နှာကာ အလိုလိုပွင့်သွားပြီး အတွင်းထဲမှ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံးကို ပြသလိုက်သည်။ မျက်နှာဖုံး၏ မျက်လုံးများက ထူးဆန်းသော အဝါဖျော့ဖျော့ အလင်းရောင်တစ်ခု လက်ခနဲ ဖြစ်သွားခဲ့သည်။
သွေးရောင်အင်ပါယာမှ တတိယဗိုလ်ချုပ် အားဒီလိတ်၏ အတွေ့အကြုံဖြင့် ချန်လွေ့သည် [တော်ဝင်ကြယ်အသွင်ပြောင်းခြင်း] အခြေအနေ၌ အတော်လေး အားထုတ်ခဲ့ရသည်။ နောက်ဆုံး၌ သူသည် နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းဖြစ်သည့် လိုကီအား နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး၏ ဒုတိယရုပ်သေးအဖြစ် အောင်အောင်မြင်မြင် ပြောင်းလဲနိုင်သွားသည်။
ချန်လွေ့က သက်ဆိုင်ရာ သတင်းမေးမြန်းရန်အတွက် လိုကီကို မကယ်ခင်မှာပင် [ သရုပ်ခွဲမျက်လုံး ] ထဲ၌ သတင်းအချက်အလက် အသစ်တစ်ခု ပေါ်ထွက်လာသည်။
မျိုးနွယ် - ကာမတော်ဝင်မိသားစု
စွမ်းအားအကဲဖြတ်မှု - S
ခန္ဓာအမျိုးအစား - S-
ခွန်အား - S
စိတ်ဝိညာဉ် - S
အမြန်နှုန်း - S
[ ဂုဏ်သတ္တိ ] လေဒြပ်စင် ဂုဏ်သတ္တိ။
နတ်ဆိုးအရှင်သခင်အဆင့် အလတ်ပိုင်းဖြစ်တဲ့ အက်စ်မိုဒက်စ် တော်ဝင် မိသားစုဝင်လား။ ချန်လွေ့ စိတ်ထဲ၌ ကြက်သေသေသွားခဲ့သည်။ ငါ ရှေ့က အကျိုးအမြတ်တွေကို အာရုံစိုက်လွန်းပြီးတော့ နောက်ကအန္တရာယ်ကို သတိမထားမိ နေခဲ့တာလား။ ခုနက ဒီ လျို့ဝှက်ဆန်းကြယ်တဲ့ နတ်ဆိုးအရှင်သခင်အဆင့်ကို ငါ သတိမထားမိခဲ့ဘူး။
ခုနက ဂူစတက်ဗ်နှင့် တိုက်ခိုက်တာကို ကြည့်ရရင်တော့ နတ်ဆိုးအရှင်သခင်အဆင့် အလတ်ပိုင်းက [ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] နဲ့ တိုက်ခိုက်လို့ရတာ မဟုတ်ဘူး။ ပြီးတော့လည်း [ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] အတွက် အချိန်က ကုန်တော့မယ်...
အခုလက်ရှိ [ ကြယ်ဂိတ် ] က ကြယ်မှတ် ၂နေရာ ရှိတယ်။ တစ်ခုက အမှောင်လမှာ တစ်ခုက လိုင်ရာမြို့မှာ။ ချန်လွေ့ အမြန်စဉ်းစားပြီး ပြောလိုက်သည်။ “ထွက်ခဲ့တော့။”
ပတ်ဝန်းကျင်က တိတ်ဆိတ်လျက်ပင် ရှိနေသည်။ ချန်လွေ့ နှာမှုတ်လိုက်ပြီး ဖြည်းဖြည်းချင်း လှည့်ပတ်လိုက်သည်။ “အရိပ်အင်ပါယာ တော်ဝင်မိသားစုက မိတ်တွေ။ ပုန်းမနေပါနဲ့တော့။ အမှောင်ကျောက်တုံးက ခင်ဗျားရဲ့ နတ်ဆိုးအဆင်အသခင်အဆင့် ဆိုတဲ့သရုပ်နဲ့ မလိုက်ဖက်ပါဘူး။”
ထိုအချိန်၌ ယောက်ျားတစ်ယောက်၏အသံ ထွက်ပေါ်လာသည်။ “မင်းက ငါ့နေရာကို တကယ်မြင်နိုင်မယ် မထင်ထားခဲ့ဘူး။ ဒါက တကယ့်ကို မယုံနိုင်စရာ အမြင်ပဲ။”
တောင်နံရံအနီးရှိ ကျောက်တုံးတစ်တုံးပေါ်တွင် အငွေ့များ မြင့်တက်လာပြီး ပုံရိပ်တစ်ခုအဖြစ် ရုပ်လုံးပေါ်လာသည်။
ထိုသူက အသက်၃၀ခန့် ယောက်ျားတစ်ယောက် ဖြစ်သည်။ နိဗ္ဗာန်စွမ်းအားကြောင့် အက်စ်မိုဒက်စ် တော်ဝင်မိသားစုများ၏ ပုံပန်းသွင်ပြင်များမှာ မိန်းမရော ယောက်ျားပါ ချောမောလှပကြသည်။ ထိုသူလည်း ခြွင်းချက် မဟုတ်ပေ။ အသွင်အပြင်နှင့် စရိုက်တို့မှာ အကောင်းဆုံးထဲမှ တစ်ခု ဖြစ်ပေသည်။ သူ၏တူလေးသာ ဤနေရာ၌ ရှိမည်ဆိုရင် ထိုခန့်ညားသော ယောက်ျားကို မနာလိုလျက် အပြစ်တင်ပေလိမ့်မည်။
“အခုမှပဲ ကျုပ် ခင်ဗျားကို သတိထားမိသွားတာ။” ချန်လွေ့က ထိုသူကို ကြည့်လိုက်သည်။ “အမှောင်နယ်မြေ သွေးနီဗိုလ်ခြေရဲ့ ဒုတိယတပ်မှူး အက်ဂ်ယောပါ။”
“အမှောင်လအင်ပါယာက တာဒီလာအက်စ်မိုဒက်စ်။” ထိုသူကလည်း ချန်လွေ့ကို ကြည့်ပြီး ယဉ်ယဉ်ကျေးကျေးနှင့် ပြန်ဖြေသည်။
“ခင်ဗျားက လိုကီ ဒါမှမဟုတ် မွန်ရိုးနောက်ကို လိုက်နေတာလား။” ချန်လွေ့က အစမ်းသဘော မေးလိုက်သည်။ ဧကရီ ကတ်သရင်း၏ ဉာဏ်ပညာနဲ့ နည်းလမ်းတွေ အရဆိုရင် အစကတတည်းက ဘရော့ခ်ရဲ့ လျို့ဝှက်အကြံအစည်ကို မမြင်ရင်တောင် မပြင်ဆင်ဘဲနေမှာ မဟုတ်ဘူး။
ဒီ တာဒီလာက ကတ်သရင်းပြင်ဆင်ထားတဲ့ နောက်ဆုံးအကွက် ဖြစ်လောက်တယ်။
“မင်းထင်တာ မှန်တယ်။ လိုကီက လှည့်ကွက်သုံးပြီးတော့ ဂျာဒယ်ခံတပ်ကို ပြန်ဖို့ဟန်ဆောင်ခဲ့ပေမဲ့ မွန်ရိုးနဲ့ အခြားသူတွေကို အလစ်တိုက်ခိုက်ခဲ့တယ်။ ဒါပေမဲ့ သူက ငါ့ဆီကနေ မပုန်းနိုင်သေးဘူး။ မွန်ရိုးကတော့ ရိုးရှင်းပါတယ်။ ငါက စိတ်ဝိညာဉ်စွမ်းအား နည်းနည်းပါတဲ့ မျိုးစေ့တစ်ခုကို ဖင်းနီဆီမှာ ထည့်ထားခဲ့တယ်။ အဲဒါကြောင့် လျို့ဝှက် ပညာရပ်ကို သုံးပြီးတော့ သူ့ကို အလွယ်တကူ စောင့်ကြည့်လို့ရတယ်။” တာဒီလာ၏ မျက်လုံးများက အသိလစ်နေသော ဖီနီထံ ရောက်ရှိသွားသည်။ “ဒါပေမဲ့ သိပ်မကြာခင်တုန်းက မှော်မျိုးစေ့ရဲ့ စွမ်းအား ရုတ်တရက် ပျောက်ကွယ်သွားခဲ့တယ်။ အဲဒါကြောင့် ငါဒီကို ရောက်လာခဲ့တာ။ ဒါပေမဲ့ ငါ့ကိုမင်း ခပ်မြန်မြန် သတိထားမိသွားမယ် မထင်ထားခဲ့ဘူး။ ဒါတွေအားလုံးက မင်းနဲ့သက်ဆိုင်မယ်ထင်တယ်။ မင်းရဲ့စွမ်းအားက တော်တော်လေး ထူးဆန်းတယ်။ ဒါပေမဲ့ ငါ့လောက် မကောင်းလောက်ဘူး။ မင်း ဒီလိုမျိုး လုပ်နိုင်တာကို ငါ အံ့သြမိတယ်။”
စိတ်ဝိညာဉ်မျိုးစေ့ကို နတ်ဘုရား-ဝါးမျိုမျက်နှာဖုံးက ဝါးမျိုသွားခြင်း ဖြစ်သည်။ ချန်လွေ့က ၎င်းကို သိသည်။ ထို့နောက် မေးလိုက်သည်။ “ဆာ-တာဒီလာ။ ဒါဆို ခင်ဗျားက သူတို့အားလုံးကို ခေါ်သွားမှာလား။”
ချန်လွေ့အတွက် အံ့အားသင့်စွာပင် တာဒီလာက ခေါင်းခါလိုက်သည်။ “ငါ့တာဝန်က စောင့်ကြည့်ရုံ သက်သက်ပဲ။ ဧကရီညွှန်ကြားထားတဲ့ အထူးအခြေအနေတစ်ခုခု မဖြစ်ဘူးဆိုရင် ငါ လွယ်လွယ်နဲ့ လှုပ်ရှားမှု မဟုတ်ဘူး။ ခရောဖို့ဒ်ရဲ့ လက်အောက်ခံတွေကို လိုကီသတ်လိုက်ရင်တော့ ငါသူ့ကို တားဆီးမှာ မဟုတ်ဘူး။ အဲဒါကြောင့် .... နတ်ဘုရား- ဝါးမျိုမျက်နှာဖုံးနဲ့ ထိန်းချုပ်ခံထားရတဲ့ လိုကီအပါအဝင် ဒီလူတွေကို မင်း ခေါ်သွားလို့ ရတယ်။”
ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။ ဒီ တာဒီလာက နတ်ဘုရား-ဝါးမျိုမျက်နှာဖုံးကို တစ်ချက်ကြည့်ရုံနဲ့ မှတ်မိတယ်။
ဘယ်ဒီဘတ် တော်ဝင်မိသားစုရဲ့ အကြီးအကဲ အက်ဇ်ဂါလောကို “အိုင်းစစ်”က ဖမ်းသွားပြီ။ အခု သူဘယ်ရောက်နေလဲဆိုတာ မသိရသေးဘူး။ တကယ်လို့ နတ်ဘုရား-ဝါးမျိုနက်နှာဖုံးက ဆရာသခင် “အာသာ”နဲ့ ဆက်နွှယ်နေတယ်ဆိုတာ သိသွားရင် ဆရာသခင်အာသာက “အက်ဂ်ယော” ဆိုတာကို ကတ်သရင်း ချက်ချင်း သိသွားမှာ သေချာတယ်။ တကယ်တော့ “အိုင်းစစ်”က အစကတည်းက အက်ဂ်ယောကို သံသယ ဝင်နေခဲ့တာ။ ကြည့်ရတာတော့ မျက်နှာဖုံးနဲ့အစ်ကိုလေးက ဆက်ပြီးတော့ လျို့ဝှက် ဆန်းကြယ်သလို ဟန်ဆောင်နေဖို့ပဲ ရှိတော့တာ ထင်တယ်။
ဘယ်ဇီဘတ်တော်ဝင်မိသားစုဝင်ဟူသော သရုပ်မှာ လူသားအရာရှိ ပါဝင်မှုကို ရှောင်ရှားပြီး ကတ်သတင်း၏ သတင်းအချက်အလက်ကို ရှုပ်ထွေးစေရန် ဖြစ်သည်။
“ဒါဆိုလည်း ကျေးဇူးအများကြီး တင်ပါတယ်။” ချန်လွေ့ မရှင်းပြခဲ့ပေ။ သူက တာဒီလာကို ခေါင်းညိတ်ပြီး မွန်ရိုးနှင့် အခြားသူများထံ လမ်းလျှာက်သွားလိုက်သည်။
“ခဏနေဦး။” တာဒီလာ၏ခန္ဓာကိုယ်မှ အငွေ့အသက် တဖြည်းဖြည်း ပြောင်းလဲသွားသည်။ အေးစက်သော ညလေညင်းက ရုတ်တရက် ပူလောင်လာသည်။ မြေပေါ်၌ သတိလစ်နေသော လူ၄ယောက်ကို ရောင်လျှံတစ်ခုကို ရုတ်တရက် ဝိုင်းရံလိုက်သည်။ ၎င်းသည် အကာအကွယ်စွမ်းအား တစ်မျိုးမျုး ဖြစ်ပုံရသည်။
“ဆာ-တာဒီလာ။” ချန်လွေ့က တာဒီလာ၏ ပြင်းပြသော တိုက်ခိုက်ချင်စိတ်ကို ခံစားမိလိုက်သည်။ သူက ရပ်လိုက်ပြီး အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ “ခင်ဗျားက လွယ်လွယ်နဲ့ မလှုပ်ရှားဘူးလို့ ပြောခဲ့တယ် မဟုတ်လား။ ဒါက ဧကရီ အမိန့်ပေးထားတဲ့ အထူးအခြေအနေလား။”
“မဟုတ်ဘူး။” တာဒီလာက ပုံမှန် ဖြေလိုက်သည်။ ထိုအချိန်၌ ညလေက ဦးတည်ဘက် ပြောင်းသွားပြီး အလွန်ကြီးမားသော လေပွေတစ်ခုအဖြစ် ပြောင်းလဲ သွားသည်။ ထိုလေပွေ အလယ်ဗဟို၌ အက်စ်မိုဒက်စ် တော်ဝင်မိသားစု၏ နတ်ဆိုးအရှင်သခင်အဆင့် ရှိနေသည်။
ထိုကဲ့သို့စွမ်းအားသည် လိုကီ၏ [ အကြွင်းမဲ့ရေခဲပိုင်နက် ] ကဲ့သို့ မကောင်းမွန် လှသော်လည်း ထိုထဲ၌ ပါဝင်သော “အရည်အသွေး”မှာ လိုကီကဲ့သို့ နတ်ဆိုးဧကရာဇ် အဆင့် လုံးဝ ယှဉ်နိုင်သောအရာ မဟုတ်ပေ။
ချန်လွေ့ကလည်း ကြယ်စွမ်းအားကို အလျင်အမြန်ပင် စုစည်းနေလိုက်သည်။ သူ မေးလိုက်သေးသည်။ “ဒီတော့ ခင်ဗျားရဲ့ ကိုယ်ရေးကိုယ်တာ ရန်လိုမှုက အရိပ်နက် အင်ပါယာ၏ စိတ်ဆန္ဒကို ကိုယ်စားပြုလား။”
တာဒီလာ ခေါင်းခါလိုက်သည်။ “အရိပ်နက်အင်ပါယာနဲ့ အမှောင်လတို့က ရင်းနှီးတဲ့ လက်တွဲပူးပေါင်းမှု ရှိနေတုန်းပဲ။ ငါက ကိုယ့်ကိုယ်ကိုယ်ပဲ ကိုယ်စားပြုတယ်။ မင်း ခုနက ဖီနီအပေါ်မှာ ငါထည့်ထားခဲ့တဲ့ စိတ်ဝိညာဉ်မျိုးစေ့ကို ဖယ်ရှားခဲ့ပြီးတော့ ငါ့နေရာကို ရှာတွေ့သွားခဲ့တယ်။ မင်းကို စိတ်ဝင်စားစရာကောင်းတဲ့ ပြိုင်ဘက်တစ်ယောက်လို့ သတ်မှတ်လို့ရတယ်။ ဧကရီဆီက အမိန့်မရရင်တောင်.....”
ချန်လွေ့က နားလည်ကြောင်း ဖော်ပြဟန်ဖြင့် ခေါင်းညိတ်ပြီး ပြောသည်။ “ဗိုလ်ချုပ် တစ်ယောက်က စစ်မြေပြင်မှာ အရှင်သခင်ရဲ့ အမိန့်ကို မနာခံဘူး ဆိုတာမျိုးလား။”
“ပြောတာကောင်းတယ်။” တာဒီလာက လက်တစ်ချောင်း ထောင်လိုက်သည်။ “ငါ့ရဲ့ တိုက်ကွက်တစ်ခုကို ခံနိုင်ရင် ဒီလူတွေကို မင်း ခေါ်သွားလို့ရမယ်။ စိတ်မပူပါနဲ့။ ငါ ပိုင်နက်စွမ်းအား မသုံးပါဘူး။”
တစ်ကွက်သာဖြစ်ပြီး ပိုင်နက်မပါသော်လည်း နတ်ဆိုးအရှင်သခင်အဆင့် အလတ်ပိုင်းတစ်ယောက်၏ စွမ်းအားမှာ ပေါ့သေးသေး မဟုတ်ပေ။ ထိုတိုက်ကွက်သည် အတော်လေး ကြီးမားရပေမည်။
“ကောင်းပြီလေ။” သူငြင်းသည့်တိုင် တစ်ဖက်လူက တိုက်ခိုက်လာမည်ကို ချန်လွေ့ သိသည်။ “အပြန်အလှန်မရှိတာက မယဉ်ကျေးရာကျတယ်ဆိုတဲ့ ရှေးစကားတစ်ခွန်း ရှိတယ်။ ခင်ဗျားရဲ့တိုက်ကွက်ကို ကျုပ် ခုခံမယ်။ ဒါပေမဲ့ ခင်ဗျားလည်း ကျုပ်တိုက်ခိုက် တာကို ခုခံရမယ်။ ခင်ဗျားလိုပဲ ကျုပ်လည်း ပိုင်နက်စွမ်းအားကို သုံးမှာ မဟုတ်ဘူး။”
“စိတ်ဝင်စားစရာပဲ။ မင်းက ငါ့တိုက်ကွက်ကို ခံနိုင်လား အရင်ကြည့်တာပေါ့။” တာဒီလာ ညည်းသံပြုလိုက်သည်။ သူ၏ပတ်ပတ်လည်မှ မြေပြင် ရုတ်တရက် အက်ကွဲသွားပြီး သူ၏အငွေ့အသက်ထဲ၌ ကြီးမားလှသော စွမ်းအားတစ်ခု အစပျိုးလာသည်။ ချန်လွေ့က ကောင်းကင်မှိန်သွားကြောင်း မြောက်မြားလှစွာသော လေတိုးသံများကို ကြားနေရသကဲ့သို့ ခံစားလိုက်မိသည်။ ပတ်ဝန်းကျင်နေရာလွတ် စုတ်ပြဲသွားဟန်တူသည်။ ကြောက်မက်ဖွယ်ရာ စွမ်းအားဗဟို၌ လက်သီး ရှိနေသည်။ ၎င်းမှာ တာဒီလာ၏ လက်သီးပင်။
ချန်လွေ့၏စွမ်းအားကို တိုးမြှင့်ပေးသော [ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] ကြောင့်သာ မဟုတ်လျှင် ထိုလက်သီးလမ်းကြောင်းကို ချန်လွေ့ လုံးဝ မြင်မိမည် မဟုတ်ပေ။ ပို၍ အတိအကျပြောရလျှင် ၎င်းမှာ မြောက်မြားလှစွာသော လက်သီး လမ်းကြောင်းများက ထိုလက်သီးတစ်ချက်တည်း၌ စုစည်းသွားခြင်းပင် ဖြစ်လေသည်။
ထိုလက်သီး ချန်လွေ့ကို မထိခင်မှာပင် ကောင်းကင်မှ လေသံများက သူ့ကို ဝိုင်းရံလိုက်သည်။ နောက်ဆုတ်၍မရပေ။ ရှောင်တိမ်းရန် မဖြစ်နိုင်ပေ။
ဝှီး.....
နေရာလွတ်ကို နှစ်ပိုင်းဖြတ်နိုင်လောက်သည် ဝှီးခနဲအသံက နောက်ဆုံး၌ ငြိမ်သက် သွားခဲ့သည်။ မြေပြင် မွစာကြဲသွားပြီး အနီးအနားရှိ ကျောက်နံရံကလည်း ဆွေးမြေ့နေသော သစ်သားများကဲ့သို့ ဖြစ်သွားသည်။ မျက်နှာပြင်က အလွှာတစ်လွှာ ဖြတ်တောက်ခံလိုက်ရသည်။ တာဒီလာ ကြိုတင်ပြုလုပ်ထားသော အကာအကွယ် ကြောင့်သာ မဟုတ်လျှင် လိုကီနှင့် သတိလစ်နေသော အခြားသူများသည် ထိုအန္တရာယ်ကြားထဲ၌ ခယ်လ်ဒါ၏ အလောင်းကဲ့သို့ပင် ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ဖုန်မှုန့်နှင့် မီးခိုးများ ကင်းစင်သွားပြီးနောက် ကွင်းထဲ၌ ပုံရိပ်နှစ်ခု တဖြည်းဖြည်း ကြည်လင်လာသည်။ သူတို့သည် အနည်းငယ်သာ နောက်သို့ ဆုတ်သွားကြသည်။
တာဒီလာ၏မျက်နှာပေါ်၌ မယုံကြည်နိုင်မှုတစ်ခု ရှိနေသည်။ ဒီပြိုင်ဘက်က ငါ့ရဲ့ စွမ်းအား ၈၀ % ပါတဲ့ လက်သီးချက်ကို တည့်ခုခံနိုင်ခဲ့တယ်။ ပြီးတော့ သူက ဘာဒဏ်ရာမှ မရခဲ့ဘူး။
အတိအကျပြောရလျှင် သူ၏တိုက်ကွက်မှာ ထူးဆန်းသော အားစက်ကွင်းတစ်ခု၏ လမ်းကြောင်းလွှဲခံလိုက်ရခြင်း ဖြစ်သည်။ တာဒီလာ၏ မျက်လုံးများက ချန်လွေ့၏ အနည်းငယ် အရောင်တောက်နေသော လက်ကို စိုက်ကြည့်နေလိုက်သည်။ “ဒါက... ဘယ်လို လျို့ဝှက်ပညာရပ်မျိုးလဲ။”
ချန်လွေ့ မရှင်းပြဘဲ ပင့်သက်ရှိုက်လိုက်သည်။ “ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ခင်ဗျားရဲ့ တိုက်ကွက်ကို ကျုပ် ခံပြီးပြီ။ အခု ခင်ဗျားအလှည့်ပဲ...”
[ကြယ်လမ်းလွှဲ] စွမ်းရည်မှာ အမှန်တကယ်ပင် တုနှိုင်း၍မရအောင် လျို့ဝှက် ဆန်းကြယ်ပေသည်။ ၎င်းသည် နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းဖြစ်သော အမှောင်ဒြပ်စင်ဘုရင်၏ တိုက်ခိုက်မှုကိုပင် လမ်းလွှဲနိုင်ခဲ့သည်။ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး၏ [နတ်ဆိုးယင်ကောင်အသွင်ပြောင်းခြင်း] နှင့် ပေါင်းလိုက်လျှင် ကြီးမားလှသော ခုခံရေးစွမ်းရည်များဟု ဆိုနိုင်ပေသည်။ အခု ချန်လွေ့ စမ်းကြည့်ချင် နေသည်မှာ တိုက်ခိုက်ရန် ဖြစ်သည်။
တာဒီလာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ “ကောင်းပြီလေ။ မင်း ဘယ်လောက်အထိ လုပ်နိုင်လဲ ကြည့်တာပေါ့။”
ချန်လွေ့၏ ရှေ့၂လှမ်းတက်လိုက်သောအခါ အနက်ရောင် မီးတောက်တစ်ခုက ဝီခနဲ တောက်လောင်လာသည်။
တာဒီလာ မျက်ခုံးပင့်လိုက်ပြီး မျက်လုံးများ အရောင်တောက်သွားသည်။ အကြောင်းမှာ ထိုမီးတောက် အငွေ့အသက်ကို အလွန်ရင်းနှီးနေ၍ပင်။ ဒါက အက်စ်မိုဒက် တော်ဝင်မိသားစုက သီးသန့် သွေးမျိုးဆက်ပါရမီဖြစ်တဲ့ နိဗ္ဗာန်စွမ်းအားပဲ။
သူက ဘယ်ဇီဘတ်တော်ဝင်မိသားစုရဲ့ အက်ဂ်ယော ဖြစ်ရမှာ။ ဘယ်လိုလုပ် သူ့မှာ နိဗ္ဗာန်စွမ်းအား ရှိနေတာလဲ။ ပြီးတော့ သူ့မှာ အထူးသန္ဓေပြောင်းပါရမီ မရှိရင် နိဗ္ဗာန်စွမ်းအားကို အသွင်ပြောင်းချိန်မှာပဲ သုံးလို့ရတာ။ မဟုတ်ရင် သာမန် ကာမတော်ဝင်မိသားစုဝင်က နိဗ္ဗာန်စွမ်းအားကို ဒီလိုမျိုး မသုံးနိုင်ဘူး...
တာဒီလာ ထိတ်လန့်သွားခဲ့သည်။ ရင်းနှီးသော နိဗ္ဗာန်အငွေ့အသက် ရုတ်တရက် ပြောင်းလဲသွားပြီး ကြမ်းတမ်းခြင်းနှင့် ရူးသွပ်ခြင်းများ ပြည့်နှက်သွားသည်။ ထိုပြောင်းလဲမှု စွမ်းအားကြောင့် မြေပြင်သည် အနည်းငယ် စတင်တုန်ခါလာသည်။
ပြင်းထန်လှသော အငွေ့အသက်က ခဏအတွင်းမှာပင် အဆုံးစွန်အထိ ရောက်ရှိ သွားသည်။ အလွန်ကြီးမားသော လေဟုန်စီးနေသည့် အနီရောင်နဂါးတစ်ကောင်က တာဒီလာထံ ကြမ်းကြုတ်ရက်စက်စွာ အရှိန်ဖြင့် ရောက်လာသည်။ လမ်းတစ်လျှောက်ရှိ မြေပြင်သည်လည်း နိမ့်ကျပြီး အက်ကွဲကာ မြွေပုံသဏ္ဌာန်ချိုင့်တစ်ခု အလျင်အမြန်ပင် ပေါ်ထွက်လာခဲ့လေသည်။
[ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] ရဲ့ [ မီးသင့်နဂါးသတ်ဖြတ်ခြင်း ]။
၎င်းမှာ လက်ရှိ၌ ချန်လွေ့၏ အစွမ်းထက်ဆုံး အခြေအနေ၌ အစွမ်းအထက်ဆုံး သတ်ဖြတ်ခြင်း တိုက်ကွက် ဖြစ်သည်။ ထိုတိုက်ကွက်စွမ်းအားမှာ [ ကြယ်ပေါက်ကွဲခြင်း ] ထက်ပင် သာလွန်၏။
တာဒီလာ၏အရှေ့၌ ရွှေရောင်ပုံရိပ်တစ်ခုက ဘယ်ကမှန်းမသိ ပေါ်ထွက်လာသည်။ ၎င်းက မီးသင့်နဂါးကို လက်နှစ်ဖက်ဖြင့် တားလိုက်သည်။ ၎င်းတို့ ဆုံသွားသည်နှင့် ရွှေရောင်ပုံရိပ်က ကြောက်မက်ဖွယ်ရာ ဖိအားအောက် ရောက်နေပြီး ဂလုပ်ဂလုပ် အသံများ ထွက်ပေါ်လာသည်။ တာဒီလာက လေးနက်သော အမူအရာ ပြသလိုက်သည်။ သူက လက်နှစ်ဖက်ဖြင့် လက်သင်္ကေတပြသလိုက်သည့်အခါ ရွှေရောင်ပုံရိပ်က ပြင်းထန်သော မှော်စာအလင်းရောင်များဖြင့် တောက်ပသွားသည်။ သို့သော်လည်း ၎င်း၏ ခန္ဓာကိုယ်က မီးသင့်နဂါးကြောင့် နောက်သို့ ဆုတ်နေရဆဲပင် ဖြစ်သည်။ ၂၀မီတာ၊ ၅၀မီတာ၊ ၁၀၀မီတာ .....
တာဒီလာက ရွှေရောင်ပုံရိပ်နှင့်အတူ နောက်ဆုတ်သွားပြီး လက်သင်္ကေတတစ်ခု အမြန်ပြုလုပ်လိုက်သည်။ ရွှေရောင်အရုပ်၏ ခန္ဓာကိုယ် ပတ်လည်၌ အနီရောင် နောက်ထပ် အလွှာတစ်ခု ဖြစ်သည်။ ၎င်း၏ခွန်အား တဟုန်ထိုး တိုးတက်သွားပုံရသည်။ ၎င်း၏ နောက်ဆုတ်နှုန်း စတင်နှေးလာသည်။ သို့သော် မရပ်သွားခဲ့ပေ။ နောက်ဘက် မနီးမဝေး၌ တောင်တစ်တောင် ရှိသည်။ ရွှေရောင်အရုပ်က မီးသင့်နဂါးစွမ်းအားကြောင့် တောင်ထဲသို့ နစ်ဝင်သွားသည်။ ကြီးမားလှသော လှုပ်ခါမှုအချို့ ပြီးနောက်တွင် ပြင်းထန်သော အနီရောင်အလင်း မှိန်လာပြီး ပျောက်ကွယ်သွားတော့သည်။
မီးသင့်နဂါး ဖောက်ထွင်းသွားသော ကျောက်နံရံထဲ၌ ရွှေရောင်အရုပ်သည် တိုက်ခိုက်မှုကို ခုခံသည့် ပုံစံမျိုးအတိုင်း ရှိနေသည်။ ၎င်းက စက်ပုံစံဖြင့် တစ်လှမ်းချင်း ထွက်လာပြီး တာဒီလာထံ ပြန်ရောက်လာခဲ့သည်။
တာဒီလာက ရွှေရောင်အရုပ်ပေါ်ရှိ ပျက်ယွင်းနေသော ပျက်ယွင်းနေသော လက်များနှင့် ကြောက်မက်ဖွယ်ရာ ထိခိုက်မှုကို မြင်လိုက်ပြီး မျက်လုံးထဲ၌ ထိတ်လန့်သော အမူအရာ လက်ခနဲ ဖြစ်သွားခဲ့သည်။ ဒါက အစွမ်းအထက်အဆုံးဖြစ်တဲ့ ရွှေအဆင့် [စစ်ရုပ်သေး] ပဲ။ ဒါက တကယ်ကြီး ဒီလိုဖျက်ဆီးခံလိုက်ရတယ်။
ခုနက တိုက်ကွက်စွမ်းအားက ငါထင်ထားတာထက် ကျော်လွန်နေတယ်။ အဲဒါက နတ်ဆိုးအရှင်သခင်အဆင့် အလတ်ပိုင်းကိုတောင် ဟန့်တားဖို့ လုံလောက်တယ်။ ဒါက လျို့ဝှက်အစွမ်းကြောင့် ဟုတ်ဟုတ် မဟုတ်ဟုတ်၊ ဒီ အက်ဂ်ယောရဲ့ တကယ့် တိုက်ခိုက်ရေးစွမ်းအားက အနည်းဆုံးသော နတ်ဆိုးအရှင်သခင်အဆင့် ကနဦးပိုင်းပဲ။ သတင်းရထားတဲ့အတိုင်း နတ်ဆိုးဧကရာဇ် မဟုတ်တာတော့ သေချာတယ်။
လက်ထောက် ဗိုလ်ခြေခေါင်းဆောင်က နတ်ဆိုးအရှင်သခင်အဆင့် တိုက်ခိုက်ရေး စွမ်းအား ရှိနေတယ်။ လော့ဒ်စစ်ပွဲပြီးတော့ ပြိုင်ဘက်ကို အညံ့ခံခဲ့တဲ့ ခရိုဘဲလက်စ်လည်း နတ်ဆိုးအရှင်သခင်အဆင့်ပဲ။ ပြီးတော့ လေလံပွဲမှာ တိတ်တိတ်လေး လှုပ်ရှားခဲ့တဲ့ အစွမ်းပိုထက်တဲ့ နတ်ဆိုးအရှင်သခင်အဆင့် တစ်ယောက်လည်း ရှိသေးတယ်။ အမှောင်လမှာ နတ်ဆိုးအရှင်သခင်အဆင့် သုံးယောက်လောက် ရှိနေတာပဲ။ အရိပ်နက် အင်ပါယာမှာ မပြောနဲ့။ အစွမ်းအထက်ဆုံးဖြစ်တဲ့ သွေးရောင်အင်ပါယာမှာတောင် ဒီလို အင်အားကြီးတဲ့ နယ်မြေမျိုး မရှိဘူး။
တာဒီလာ၏အကြည့်က မျက်နှာချင်းဆိုင်သို့ ရောက်သွားသည်။ သူ မျက်မှောင် ကြုတ်လိုက်သည်။ လျို့ဝှက်ဆန်းကြယ်သော “အက်ဂ်ယော” နှင့် သတိလစ်နေသော လိုကီတို့အပါအဝင် အခြားသူများ မရှိတော့ပေ။ သို့သော်လည်း အဝေးမှ [ အသံဗုံး ] နှင့် ဆင်တူသော အသံတစ်သံ ထွက်လာသည်။
မြန်လိုက်တာ။
ဒီအမြန်နှုန်းအတိုင်းဆိုရင် လိုက်မီဖို့ ခက်လောက်တယ်။
ထိုကဲ့သို့ အမြန်နှုန်းမှာ ကြာရှည်မခံကြောင်း တာဒီလာ မသိပေ။ သို့သော်လည်း ချန်လွေ့နောက်လိုက်ရန် သူ့တွင် စိတ်ကူးမရှိပေ။ သူက လက်အမူအရာတစ်ခု လုပ်လိုက်ရာ ရွှေရောင်ရုပ်သေးက သူ့လက်ထဲ၌ လက်ဝါးအရွယ် ရွှေရုပ်တစ်ခု ဖြစ်သွားသည်။ သူက အေးစက်စက်နှင့် နှာတစ်ချက်မှုတ်လိုက်ပြီး သူ၏ခန္ဓာကိုယ် လှစ်ခနဲ ပျောက်ကွယ်သွားတော့သည်။