အိမ်အပြန် နှင့် ကတ်ကြေး
Vol. 32 Ch. 471
၂ရက်ကြာပြီးနာက် အိပ်ယာပေါ်၌ လှဲနေသော ချန်လွေ့က နောက်ဆုံးတွင် မျက်လုံး ဖွင့်လိုက်သည်။ သူ ပထမဆုံး မြင်ရသူမှာ အဲလစ်ဖြစ်သည်။ လိုလီလေး၏ မျက်လုံးများက ပျော်ရွှင်နေသော မျက်ရည်စများနှင့် တောက်ပနေပြီး ချန်လွေ့ပေါ် ခုန်တက်လိုက်သည်။ “အစ်ကို။ နောက်ဆုံးတော့ နိုးလာပြီပဲ။”
ထိုညတွင် ချန်လွေ့က မွန်ရိုးနှင့် အခြားသူများအား ဝါလန်ခံတပ်ရှိ တင်မ်၏ လက်ထဲသို့ ပို့ဆောင်ပြီး [ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] စွမ်းအားလက်ကျန် ကုန်ဆုံးသွားပြီးနောက် ပစ်လဲတော့မည့်အချိန်၌ [ ကြယ်ဂိတ် ] ကို အမြန်သုံးကာ လိုင်ရာမြို့သို့ ပြန်လာခဲ့ခြင်း ဖြစ်သည်။ သူက လိုလီလေးအား ၂ရက်အိပ်နေမည့်အကြောင်း ပြောခဲ့ပြီးနောက် သတိလစ်သွားခဲ့လေသည်။
လိုလီလေး၏ မျက်တွင်းကျနေသော မျက်နှာကို ကြည့်ခြင်းအားဖြင့် လွန်ခဲ့သော ၂ရက်၌ သူ့ကို ပြုစုပေးခဲ့ခြင်း ဖြစ်နိုင်ပေသည်။ ချန်လွေ့က လိုလီလေး ပွေ့ဖက်သည်ကို မဖယ်ရှားဘဲ ခေါင်းကို ပွတ်သပ်လိုက်သည်။ “စိတ်မပူပါနဲ့။ ငါ ဘာမှ မဖြစ်ပါဘူး။ ဒီအခန်းက....”
“ဒါက ဆယ်လင်း စီစဉ်ပေးထားတာ။ ကုန်စည်ပြပွဲကြောင့် ဟိုတယ်က ပြည့်နေလို့....”
ချန်လွေ့ ခေါင်းညိတ်သည်။ သူ၏ဗိုက် ရုတ်တရက် အသံမြည်လာသောအခါ အဲလစ်က ပြုံးဖြီးဖြီး လုပ်လိုက်သည်။ “နင်က ၂ရက်တောင် ဘာမှ မစားရသေးဘူး။ နင့်ဗိုက်တောင် ဆန္ဒပြနေပြီ။ ငါ အပြင်သွားပြီးတော့ စားဖို့ တစ်ခုခု မှာပေးမယ်။”
ခဏအကြာ၌ စားစရာ ရောက်လာသည်။ သို့သော်လည်း ၎င်းကို ဆယ်လင်းက လာပို့ခြင်း ဖြစ်သည်။ လိုလီလေးက ပန်းကုန်လုံးကို အရင်ယူပြီး ချန်လွေ့အရှေ့သို့ ယူလာပေးခဲ့သည်။ သူက ဆန့်တန်းလွန်းနေသာ လက်ကို ဂရုမစိုက်ဘဲ ချန်လွေ့ကို ဇွန်းဖြင့် ခွံ့ကျွေးသည်။
ဆယ်လင်းက အဲလစ်၏ လုပ်ရပ်များကို အေးအေးဆေးဆေးနှင့် ပြုံးရင်း ကြည့်နေ လိုက်သည်။ သူတို့နှစ်ယောက်၏ အသက်ကွာခြားချက်မှာ ၁နှစ်၊ ၂နှစ်သာ ရှိသော်လည်း အဲလစ်သည် သူ၏အရှေ့၌ အလွန်ပင် မရင့်ကျက်လွန်းလှပေ။ ကလေးတစ်ယောက် သဖွယ် ဖြစ်နေ၏။
ဆယ်လင်း ပို၍တည်ငြိမ်လေလေ၊ လိုလီလေး ပို၍ မယုံကြည် ဖြစ်လေလေပင် ဖြစ်သည်။ အဲလစ်က မိမိ၏ခွန်အားကို ပြသရန်အတွက် နောက်လှည့်ကြည့်သော်လည်း သူ၏မလျှော့သော စိတ်က ဇွန်းကြိမ်နှုန်းတွင် တိုက်ရိုက်ရောင်ပြန်ဟပ်နေ၏။ ချန်လွေ့ နင်လုမတတ် ဖြစ်သွားခဲ့သည်။
“ရပြီ....” နောက်ဆုံး၌ ချန်လွေ့က လိုလီလေး၏ ခပ်မြန်မြန် ခွံ့ကျွေးမှုများကို မခံနိုင်တော့ဘဲ ဇွန်းကိုယူကာ ကိုယ့်ဘာသာ စားတော့သည်။
လိုလီလေးက ရန်သူအရှေ့၌ သရုပ်ပြရန်အတွက် လက်နက် ဆုံးရှုံးသွားသောအခါ မကျေမနပ်နှင့် နှုတ်ခမ်းစူလိုက်သည်။
နောက်ဆုံး၌ ချန်လွေ့က လိုလီလေးကို အပြင်ထွက်ရန် နားချလိုက်သည်။ ဆယ်လင်းက မျက်လုံးလှန်လိုက်ပြီး အသံလုံပစ္စည်းတစ်ခုကို ဖွင့်လိုက်သည်။ ထို့နောက် ရှေ့တက်ကာ သိုလှောင်လက်စွပ်တစ်ကွင်းကို ရိုရိုသေသေနှင့် ကမ်းပေးလိုက်သည်။ “သခင် လိုချင်တဲ့ ကုန်ကြမ်းတွေနဲ့ မျိုးစေ့တွေအားလုံး ဒီထဲမှာ ရှိပါတယ်။”
ချန်လွေ့က သိုလှောင်လက်စွပ်ကို ယူပြီး စိတ်ဖြင့် စစ်ဆေးလိုက်သည်။ အမှန်ပင် အတွင်းထဲ၌ အားလုံး ရှိနေသေည်။ ချန်လွေ့ အသာလေး ခေါင်းညိတ်လိုက်၏။
“အရင်၂ရက်မှာ သခင့်ရဲ့ “ဇနီးလောင်း”လို့ဆိုတဲ့ သခင့်ရဲ့ ညီမလေးက သခင့်ကို ပြုစုပေးနေခဲ့တာ။ ကျွန်မ အစေခံတစ်ယောက် လွှတ်လိုက်တာတောင် သူ ငြင်းခဲ့တယ်။”
လိုလီလေးက မိမိအား တစ်နေ့လုံး ပြုစုပေးခဲ့ကြောင်း ဆယ်လင်းကိုယ်တိုင် ပြောသည်ကို ချန်လွေ့ ကြားသည့်အခါ နှလုံးသားထဲ၌ နွေးထွေးသွားခဲ့သည်။ ဆယ်လင်းက ဂရုတစိုက်နှင့် မေးလိုက်သည်။ “မေးလို့ရမလား။ သခင်။ အဲဒီကိစ္စက...”
“မွန်ရိုး ကိစ္စကို မင်းစိုးရိမ်စရာ မလိုတော့ဘူး။”
“ကျေးဇူးပါပဲ။ သခင်။” ဆယ်လင်း၏ မျက်လုံးထဲ၌ ပျော်ရွှင်မှုများ လက်ခနဲ ဖြစ်သွားသည်။ သူက အစမ်းသဘော မေးကြည့်လိုက်သည်။ “သူတို့ကို သခင် ရှင်းပစ်လိုက်တာလား။ ပြီးတော့ သခင့်ရဲ့ ဒဏ်ရာ ကောင်းသွားပြီလား။ ကျွန်မမှာ ဆရာသခင် အန်ဂီလီ ဖော်စပ်ထားတဲ့ သန့်စင်မှုမြင့်မားတဲ့ ကုသဆေးရည် ရှိတယ်..”
ဆယ်လင်း စကားပြောမပြီးသေးခင်မှာပင် သူ၏ နှလုံးသားထဲ၌ တိုက်ရိုက် ဦးတည်နေသော ဓားကဲ့သို့ ထက်မြက်လှသည့် အကြည့်တစ်ခုကို ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်ရာ အငွေ့အသက်တစ်ခု ရောက်ရှိလာသည်။ ဆယ်လင်း မူးဝေသွားခဲ့သည်။ ထို့နောက် ချက်ချင်းမှာပင် သူက သန့်စင်မီးဖိုထဲ ရောက်နေပြီး အချိန်မရွေး သုတ်သင်ခံလိုက်ရနိုင်ကြောင်း ခံစားလိုက်မိသည်။ သူ ထိတ်လန့်သွားခဲ့ပြီး အသက်ချမ်းသာပေးရန် အလောတကြီး တောင်းပန်တော့သည်။ “ကျွန်မကို ခွင့်လွှတ်ပေးပါ။ သခင်။”
ကြောက်မက်ဖွယ်ရာခံစားချက် တဖြည်းဖြည်း ပျောက်ကွယ်သွား၏။ ချန်လွေ့၏ အေးစက်သောအသံ ထွက်လာသည်။ “မမေးသင့်တဲ့ကိစ္စတွေကို ထပ်မမေးနဲ့။ မဟုတ်ရင် နောက်တစ်ကြိမ်ဆိုတာ မရှိတော့ဘူး။ သဘောပေါက်လား။”
ဆယ်လင်းများ ချွေးများစို့သွားခဲ့သည်။ သူက အလောတကြီး ဦးညွှတ်ပြီးပြောသည်။ “ဆယ်လင်း သဘောပေါက်ပါပြီ။”
ချန်လွေ့၏စိတ်ထဲ၌ အကြံအစည်အတိုင်းဆိုလျှင် ကတ်စတာမိသားစုသည် အနာဂတ်၌ အသုံးဝင်နေဆဲ ဖြစ်သည်။ ထို့ပြင် ဆက်ခံသူ ဆယ်လင်းသည် ငယ်ရွယ် သောလည်း အကြံအစည်များမှာ နက်နဲလှသည်။ ကျွန်-သခင် စာချုပ် ရှိသော်လည်း သူ့ကို သင်ခန်းစာကောင်းကောင်းတစ်ခု ပေးရပေမည်။
“တာဒီလာ ဆိုတဲ့နာမည်ကို ကြားဖူးလား။”
ဆယ်လင်း ကြက်သေသေသွား၏။ သူ ပြန်ဖြေလိုက်သည်။ “တာဒီလာက မဟာကတ်သရင်းရဲ့ အစောင့်တွေထဲက တစ်ယောက်ဆိုတာကိုတော့ တစ်ခါ ကြားဖူးတယ်။ သူ့ရဲ့စွမ်းအားက မှန်းဆလို့မရဘူး။ သူက နတ်ဆိုးအရှင်သခင်အဆင့်ကို ရောက်သွားပြီလို့ ပြောကြတယ်။”
“နတ်ဆိုးအရှင်သခင်အဆင့် အလတ်ပိုင်း။” ချန်လွေ့က ဆယ်လင်းကို အမှန်ပြင် လိုက်သည်။
ဆယ်လင်းသည် ပါးနပ်သော အမျိုးသမီးတစ်ယောက် ဖြစ်သည်။ သူက ချက်ချင်း တုံ့ပြန်လိုက်ပြီး ထိတ်လန့်သော အမူအရာ ပြသခဲ့သည်။ “အဲဒီနေ့တုန်းက တာဒီလာနဲ့ သခင် ဆုံခဲ့တာလား....”
ဆယ်လင်း၏ မှတ်ဉာဏ်ထဲ၌ ဆရာသခင် “အာသာ”၏ စွမ်းအားမှာ မဟာနတ်ဆိုးဘုရင်အဆင့် ဖြစ်သည်။ သူက ဘယ်လိုလုပ် နတ်ဆိုအရှင်သခင်ဆင့် အလတ်ပိုင်းရှိတဲ့ တာဒီလာရဲ့ လက်ထဲကနေ အသက်ရှင် လွတ်နိုင်လာရတာလဲ။ ဒါနဲ့ မဟာနတ်ဆိုးဘုရင်အဆင့် အစောင့်တွေတောင် မွန်ရိုးဘေးက ပုဂ္ဂိုလ်တွေကို ကြောက်ကြတယ်။ ဆရာသခင်က တကယ်ပဲ ဒီကိစ္စကို ဖြေရှင်းနိုင်ခဲ့တယ်။ ဧကန္တ သခင့်ရဲ့ စွမ်းအားက....
“တာဒီလာက တကယ့်ကို ကြောက်စရာကောင်းတဲ့ ပြိုင်ဘက်တစ်ယောက်ပဲ။ သူ့ရဲ့ ရွှေရုပ်သေးကို ငါ ထိခိုက်မှု ကြီးကြီးမားမား ပေးနိုင်ခဲ့တယ်။ ပြန်ကောင်းဖို့ အချိန် တော်တော်လေး ယူရလိမ့်မယ်။”
ထိုစကားကြောင့် ဆယ်လင်း ပို၍ပင် ထိတ်လန့်သွားခဲ့သည်။ သူက တာဒီလာကို တိုက်ခိုက်ခဲ့ပြီးတော့ အက်စ်မိုဒက်စ်မိသားစုရဲ့ အဆင့်အမြင့်ဆုံးဖြစ်တဲ့ ရွှေ [စစ်ရုပ်သေး] ကိုတောင် ကြီးကြီးမားမား ထိခိုက်စေခဲ့တာလား။
ဆယ်လင်း၏ အမူအရာ၌ စစ်မှန်သော လေးစားမှုများ ပိုလာသည်။ အကယ်၍ သူ့ကို မဟာနတ်ဆိုးဘုရင်အဆင့် တစ်ယောက်၏ အစေခံ အတင်းလုပ်ခိုင်းလျှင် အနည်းငယ် မကျေမနပ် ဖြစ်နေမည် ဖြစ်သော်လည်း ယခုတွင် နတ်ဆိုးအရှင်သခင်အဆင့် သခင်က သူ့ကို အမှန်တကယ် အညံ့ခံစေရန် လုံလောက်ပေသည်။
ကျွန်-သခင် စာချုပ်ကို ပြောင်းလဲ၍ မရနိုင်ပေ။ သခင်ဖြစ်သူ အစွမ်းထက်လေလေ အနာဂတ်၌ ကတ်စတာမိသားစုနှင့် သူကိုယ်တိုင် အကျိုးအမြတ် ပိုမိုရရှိလေလေ ဖြစ်သည်။
ဆယ်လင်း၏ နှလုံးသားထဲမှ ပြောင်းလဲမှုကို ချန်လွေ့ ခံစားမိသည်။ ချန်လွေ့က သက်ရောက်မှု ဖြစ်သွားကြောင်း သိလိုက်သည်။ သူ ချက်ချင်းပင် နောက်တစ်ခု ထုတ်လိုက်သည်။ “ဒီမိစ္ဆာသစ်သီးက မင်းအတွက်။ ဒါကို စားမလား၊ လေလံတင်မလား၊ မင်းအပေါ်မှာပဲ မူတည်တယ်။”
မိစ္ဆာသစ်သီးပဲ။ ဆယ်လင်း ထိတ်လန့်သွားပြန်သည်။ ဒါက တော်ဝင်မိသားစု မပါရင် နတ်ဆိုးတွေအားလုံး အိပ်မက်မက်နေကြတဲ့ ရတနာတစ်ခုပဲ။ ဒါက အရင်တုန်းက လော့ဒ်စစ်ပွဲကိုတောင် ဖြစ်စေခဲ့တယ်။ အရင်တစ်ခေါက်တုန်းက အမှောင်လ လေလံပွဲမှာ ၃လုံး လေလံတင်ခဲ့ပြီးတော့ စျေးနှုန်းက မိုးထိုးပြီးတော့ ရောင်းရခဲ့တယ်။ သခင်က ငါ့ကို ဒီလိုလွယ်လွယ်လေး ပေးမယ်လို့ မထင်ထားခဲ့ဘူး။
ဆယ်လင်း၏ ပန်းတိုင်မှာ စွမ်းအားမဟုတ်ဘဲ စီးပွားရေး ဖြစ်သည်။ မဟာကတ်သရင်းက မိစ္ဆာတလဲသီး စုဆောင်းမှု ပြီးစီးသွားသည်နှင့် အသစ်ဖွင့်ထားသော မြို့တော် လေလံအိမ်ကို ကတ်စတာမိသားစု စီမံနိုင်ကြောင်း ကတိပေးခဲ့သည်။
ထိုမိစ္ဆာသစ်သီးနှင့်ဆိုလျှင် အမှောင်လကဲ့သို့ပင် နတ်ဆိုးဘုံ၌ အာရုံဖမ်းစားနိုင်သော လေလံပွဲတစ်ခုကို ကျင်းပရန် ဖြစ်နိုင်ပေသည်။ ထိုသို့ဆိုလျှင် ကတ်စတာ မိသားစုသည် အကျိုးအမြတ်နှင့် ရာထူးအနေအထားအရ အတော်များများ အကျိုးကျေးဇူး ရရှိပေမည်။
ဆယ်လင်းက မိစ္ဆာသစ်သီးကို တုန်လှုပ်စွာဖြင့် ယူလိုက်သည်။ ထို့နောက် ၎င်းကို သိုလှောင်လက်စွပ်ထဲ၌ သေသေချာချာ ထားထားလိုက်သည်။ ထို့နောက် လေးစားစွာဖြင့် အရိုအသေ ပြုလိုက်သည်။ “ကျေးဇူးတင်ပါတယ်။ သခင်။”
၎င်းမှာ ချန်လွေ့ လိုချင်နေသည့် သက်ရောက်မှုအတိုင်း အတိအကျပင် ဖြစ်သည်။ ဆုပေးဒဏ်ပေး နည်းလမ်းမှာ ရှေးကျသော်လည်း အလွန်အမင်း အသုံးဝင်လေသည်။
မိစ္ဆာသစ်သီးသည် အပြင်လောက၌ ရတနာတစ်ခု ဖြစ်သောလည်း ချန်လွေ့၏ ကြယ်စင်စုဥယျာဉ်ထဲ၌ ကီလိုဂရမ်နှင့် တွက်ချက်၍ရသည်ကို ဆယ်လင်း မသိပေ။
“ဒီအချိန်အတွင်း အမှောင်လမှာပဲ ငါ သွားလာနေမယ်။ မင်းက ဒီယန္တရား ကုန်ကြမ်းတွေကို စုဆောင်းပြီးတော့ အမှောင်လမှာရှိတဲ့ ကတ်စရာမိသားစုရဲ့ ပူးတွဲ ကုန်သည်ကြီးများအသင်းကနေ ငါ့ကို လွှဲပေးလိုက်။ ပြီးတော့ ဒီလို မြေပုံအပိုင်းအစမျိုး ရှာတွေ့မယ်ဆိုရင် သိမ်းထား....” ချန်လွေ့က ဆယ်လင်းအား ညွှန်ကြားချက်အချို့ ပေးခဲ့ပြီး ထွက်သွားရန် အချက်ပြလိုက်သည်။ ယခုတစ်ခေါက်တွင် ဆယ်လင်းက ဝန်ဆောင်မှုအတွက် မည်သည့်တောင်းဆိုချက်မှ မပြုလုပ်ခဲ့ပေ။ သူက တရိုတသေနှင့် ထွက်သွားလိုက်သည်။
“အဲလစ်။ ဝင်လာတော့။” လိုလီလေးက တံခါးနား၌ ခိုးနားထောင်နေသည်ကို ချန်လွေ့ အာရုံခံမိသည်မှာ ကြာပြီဖြစ်သည်။ သို့သော်လည်း ဆယ်လင်းက ပြင်ဆင်ထားခဲ့သည်။ သူက စကားပြောနေစဉ်အတွင်း အသံလုံပစ္စည်းကို ဖွင့်ခဲ့သည်။ ထို့နောက် လိုလီလေး၏ အားထုတ်မှုများ အချည်းနှီး ဖြစ်ခဲ့ရသည်။
“ဟမ့်။ နင်တို့နှစ်ယောက် ဘာတွေ ပြောနေတာလဲ။” လိုလီလေး သံသယ ဝင်နေပုံရသည်။
“ငါ့ရဲ့ညီမလေးကို လိုင်ရာမြို့မှာ နောက်သုံးလေးရက်လောက် ပျော်ရဖို့အတွက် ဘယ်တွေခေါ်သွာလို့ရမလဲလို့ မစ်-ဆယ်လင်းကို မေးနေတာ။”
“ဇနီးလောင်းပါ။” လိုလီလေးက လေးလေးနက်နက် အမှန်ပြင်လိုက်သည်။ ဆယ်လင်းကို ရင်ဆိုင်ပြီးနောက် သူ၏သရုပ်ကို သဘောပေါက်သွားသကဲ့သို့ပင် ထိုစကားလုံးကို ပြောရန် ယုတ္တိရှိသွားပြီ ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ လိုလီလေးက သုံးလေးရက် ပျော်၍ ရနိုင်ကြောင်း ကြားသည့်အခါ မျက်လုံးများက ပျော်ရွှင်မှုကို မဖုံးကွယ်ထားနိုင်တော့ပေ။
ချန်လွေ့က မကြားသကဲ့သို့ပင် ရူးချင်ယောင်ဆောင်လိုက်သည်။ သူက ထပ်ပြောသည်။ “ဒါပေမဲ့ မင်း ကောင်းကောင်း အိပ်ရမယ်။ မဟုတ်ရင် အပြင်ထွက်ပြီး ပျော်ဖို့ အားရှိမှာ မဟုတ်ဘူး။”
“အင်း အင်း”
နောက်၂ရက်၌ လိုလီလေးက ချန်လွေ့နှင့်အတူ တစ်နေ့လုံး လျှောက်သွားနေ ခဲ့သည်။ သူက တစ်နေ့လုံး ပြုံးနေခဲ့သည်။ သို့သော်လည်း ကောင်းမွန်သော နေ့ရက်များက ခပ်စေစော အဆုံးသတ်တတ်သည်။ ချန်လွေ့သည် ငှက်တောင်ဖြူနယ်မြေလော့ဒ် စီကာလီ လာရောက်လည်ပတ်မည့်အကြောင်းနှင့် အမှောင်လသို့ ချန်လွေ့နှင့် အဲလစ်တို့ အမြန်ပြန်လာရန် ရှီရာပြောသည်ကို အမှောင်နတ်ဆိုးထံမှ အရေးပေါ် သတိပေးချက် ရရှိခဲ့သည်။
ငှက်တောင်ဖြူနယ်မြေသည် အဓိကနယ်မြေ၄ခုထဲမှ တစ်ခု ဖြစ်သည်။ လော့ဒ် စီကာလီမှာ လူစီဖာတော်ဝင်မိသားစုဝင် ဖြစ်သည်။ သူက ယုတ်စွအဆုံ အပေါ်ယံ၌ ရှီရာကို ပိုးပန်းသူများထဲမှ တစ်ဦး ဖြစ်သည်။ သူက တွေ့သမျှလူတိုင်းကို ကပ်ဖားတတ်သည်။ တစ်ဖက်တွင် သူက ရှီရာနှင့် ကိုယ်ရေးကိုယ်တာအရ ရင်းနှီးနေသည်။ တစ်ဖက်တွင်လည်း သူက ရီဂျန့် အိုဆိုင်ဒန်ကို ကျေနပ်စေရန်အတွက် မြို့တော်၏ ဆုံးဖြတ်ချက်ကိုလည်း ထောက်ခံသည်။ ယခုတစ်ခေါက် သူလာလည်ပတ်ရခြင်းမှာ ရှီရာ၏ မွေးနေ့ပွဲကျင်းပခြင်း အပေါ်၌ အခြေခံခြင်း ဖြစ်နိုင်ပေသည်။ ၎င်းမှာ ရှီရာတစ်ယောက် လော့ဒ် ဖြစ်သွားပြီးနောက် ပထမဆုံးအကြိမ်အဖြစ် သူ လာရောက်လည်ပတ်ခြင်း ဖြစ်သည်။
၎င်းသည် အမှောင်လ၏ လက်ရှိ စည်ပင်သာယာတိုးတက်မှုများနှင့် သက်ဆိုင်နေမည်ကို ပြောစရာပင် မလိုပေ။
လိုလီလေးမှာ မင်းသမီးလေးဖြစ်ပြီး ချန်လွေ့သည် ဘဏ္ဍာရေးအရာရှိ ဖြစ်သည်။ ရှီရာက စီကာလီနှင့် သက်ဆိုင်သော ကိစ္စများကို ဆွေးနွေးရန်အတွက် ချန်လွေ့ကို ပြန်လာရန် အဓိက ဆင့်ခေါ်ခဲ့ခြင်းပင်။
လိုလီလေးက သူ၏ “ပျားရည်ဆမ်းခရီး” (ကိုယ်တိုင်သတ်မှတ်ထား) သည် စီကာလီကြောင့် အနှောင့်အယှက်ဖြစ်သွားရသည်ကို မြင်သည့်အခါ ထိုသူ့ကို အလွန်ပင် မုန်းတီးသွားခဲ့သည်။ သူက ငှက်တောင်ဖြူနယ်မြေလော့ဒ်ကို စိတ်ထဲ၌ အကြိမ်ပေါင်း မြောက်မြားစွာ ကျိန်ဆဲခဲ့ပြီး နောက်ဆုံး၌ ချန်လွေ့နှင့်အတူ အမှောင်လမြို့တော်သို့ စိတ်ပျက်လက်ပျက်နှင့် ပြန်လာခဲ့ရသည်။
ယခုတစ်ခေါက်တွင် အမှောင်လသို့ ပြန်လာသည်မှာ ချန်လွေ့အပြင် ရုပ်သေး ဖြစ်နေသော လိုကီလည်း ပါသည်။
ယခင်နေ့ရက်များ၌ လိုကီက ရုပ်ဖျက်ပြီး လိုင်ရာမြို့သို့ ရောက်လာခဲ့သည်။ မွန်ရိုး၊ ဖီနီနှင့် ဖေးမန်းတို့က လိုကီအကြောင်း မသိသေးပေ။ ဒဏ်ရာရနေသာ အက်ဂ်ယောက သူတို့ကို ခံတပ်သို့ ခေါ်လာခဲ့ခြင်းဖြစ်ကြောင်းကိုသာ တင်မ်ထံမှ သူတို့ သိခဲ့ရသည်။ သူတို့အားလုံး “အက်ဂ်ယော”ကို ကျေးဇူးတင်နေကြသည်။ သူတို့က တင်မ်၏ အကြံပြုချက်ကို နားထောင်ပြီး ဝါလန်ခံတပ်၌ တိတ်တိတ်လေး အင်အားဖြည့်နေ လိုက်ကြသည်။
ချန်လွေ့သည် လိုကီထံမှ ဘရော့ခ်နှင့် ပတ်သက်သော အရေးကြီး သတင်း အချက်အလက်တစ်ခု ရရှိခဲ့သည်။
ယခင်တစ်ခေါက် ကြယ်ကြွေတမန်မြို့တော်၌ “ချာလီစ်” ထောင်ခြောက်ထဲသို့ ကျရောက်ပြီးနောက် ဘရော့ခ်က အိုဆိုင်ဒန်၏ လက်ထဲမှ လွတ်မြောက်ရန် အခွင့်အရေး ရသွားခဲ့သော်လည်း အပြင်းအထန် ဒဏ်ရာရသွားခဲ့ကာ ခန္ဓာကိုယ်အောက်ပိုင်း မရှိတော့ပေ။ ထို့နောက် သူက လျို့ဝှက်ဆန်းကြယ်သော ယန္တရားဆရာသခင် တစ်ယောက်ကို တွေ့ခဲ့သည်။ သူတို့သည် မြောက်မြားလှစွာသော အားထုတ်မှုများနှင့် ကုန်ကြမ်းများကို အသုံးချပြီးနောက် ဘရော့ခ်၏ခန္ဓာကိုယ်ကို “စက်ရုပ်တစ်ပိုင်း” အဖြစ် ပြုပြင်ပြောင်းလဲခဲ့သည်။
သူ၏တစ်ဝက်မှာ အသားများဖြစ်ပြီး အခြားတစ်ဝက်မှာ ပစ္စည်းများဖြစ်ကာ လက်နက်များ၌ ခေါ်နိုင်ပေသည်။ အမည်အသိ အထူးအကြောင်းရင်းများကြောင့် ဘရော့ခ်သည် ခန္ဓာကိုယ်ပြန်ပြင်ပြီးနောက် အားမနည်းသွားပဲ နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းကို ကျော်လွန်ကာ နတ်ဆိုးအရှင်သခင်အဆင့်သို့ ရောက်ရှိသွားကြောင်း လိုကီက ရှင်းပြသည်။
ဧကရီ ကတ်သရင်း၏ နည်းလမ်းများကြောင့် ဘရော့ခ် လက်ထဲရှိ မီးဓား ဗိုလ်ခြေက ဆူပူအုံကြွမှု အတော်များများ ဖြစ်ပွားခဲ့သည်။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာကို တာဝန်ယူရသော “စိတ်ဝိညာဉ်အရာရှိ” ဖြစ်သည်။ စစ်တပ်၏ စိတ်ဓာတ်ရေးရာအပေါ် ဘရော့ခ်၏ ထိန်းချုပ်မှု ကြီးကြီးမားမား လျော့ကျသွားခဲ့ပြီး အရိပ်နက်အင်ပါယာအတွင်း သူ၏သြဇာသည်လည်း တစ်ဆင့်ချင်း အားနည်းလာခဲ့သည်။ ၎င်းမှာ ထိုစဉ်က ချန်လွေ့နှင့် ကတ်သရင်းတို့၏ အကြံအစည်အတိုင်း အတိအကျပင် ဖြစ်လေသည်။
ဘရော့ခ်က သူ၏မိန်းမနှင့် ယောက္ခကို ဂျာဒယ်ခံတပ်သို့ ခေါ်သွားရသည့် အကြောင်းရင်းမှာလည်း လူကောင်းများအတွက် စဉ်းစားပြီး မိမိအား ကတ်သရင်း အသက်ချမ်းသာခွင့်ပေးရန် ဖြစ်သည်။ ဘရော့ခ်၏ယောက္ခမဖြစ်သူ ဖရန့်ဇ်သည် ကတ်သရင်း၏ ဦးလေး ဖြစ်သည်။ သူက မြို့တော်ပုန်ကန်မှုအတွင်း အမြင့်ဆုံး အကျိုးပြုနိုင်ခဲ့သည်။ သူက စစ်တပ်၌လည်း နံပါတ်တစ်ပုဂ္ဂိုလ် ဖြစ်ခဲ့ဖူးသည်။ ထို့ပြင် စစ်တပ်၌ သူ၏ ဂုဏ်သြဇာလည်း အလွန်အမင်း မြင့်မားသည်။ ဖရန့်ဇ် ရှိနေသရွေ့ ကတ်သရင်းက ဘရော့ခ်ကို တိုက်ရိုက် တစ်ခုခု လုပ်နိုင်မည် မဟုတ်ပေ။
လက်ရှိအခြေအနေမှာ ဘရော့ခ်သည် ကတ်သရင်းကြောင့် အဆက်မပြတ် အားနည်းနေသော်လည်း ထိုအချိန်၌ ဘတ်သရင်းက ကြီးကြီးမားမား ထိုးနှက်၍ မရနိုင်သေးပေ။ လိုကီ သိရသလောက်ဆိုလျှင် ဘရော့ခ်သည် သူသေမည်မှာ လုံးဝ ထိုင်စောင့်နေမည် မဟုတ်ပေ။ အပေါ်ယံ၌ သူသည် သည်းခံပြီး နောက်ဆုတ်လိုက်မည် ဖြစ်သော်လည်း ကိစ္စကြီးကြီးတစ်ခုကို လျို့ဝှက်ပြီး ပြင်ဆင်နေခြင်း ဖြစ်ရပေမည်။
၎င်းတို့မှာ လိုကီ၏အမြင်များသာ ဖြစ်သည်။ လိုကီက ဘရော့ခ်၏ လူယုံ ဖြစ်သည့်တိုင် အသေးစိတ်လှုပ်ရှားမှုများကို သိနိုင်မည် မဟုတ်ပေ။။ ဘရော့ခ်သည် မိမိကိုယ်မှလွဲ၍ မည်သူ့ကိုမှ ယုံလိမ့်မည် မဟုတ်ပေ။ အရေးကြီး သတင်း အချက်အလက်များအား ပြောပြခြင်းမှာ ဖြစ်နိုင်စရာမရှိပေ။
ဂျာဒယ်ခံတပ်သည် နတ်ဆိုးဘုံ၌ အစွမ်းအထက်ဆုံးခံတပ် ဖြစ်သည်။ ၎င်း၏ ခုခံမှုကို အလွန်အမင်း ခိုင်မာလှသည်။ လက်ရှိ၌ ဘရော့ခ်သည် ဂျာဒယ်ခံတပ်မှ မထွက်သွားနိုင်ပေ။ ချန်လွေ့က ဒေလီယာနှင့် ရိုမန်တို့၏ လုံခြုံရေးကို စိုးရိမ်ရန် မလိုအပ်သော်လည်း အခုအတွက် အကောင်းဆုံးအဖြေ ရှိမနေသေးပေ။
သို့သော်လည်း ယခုတွင် ကတ်သရင်းက ဘရော့ခ်အား ကိုင်တွယ်နေသည်။ ဘရော့ခ်ရဲ့ စွမ်းအားကို သူ တစ်ခုချင်း ဖြုတ်ပါစေ။ ပြီးတော့မှာ သင့်တော်တဲ့အချိန်ကို ရွေးချယ်ပြီးတော့ ဘရော့ခ်ကို တိုက်ခိုက်ပြီး သတ်ပစ်ဖို့က နောက်မကျဘူး။
လိုကီ ရုပ်သေးဖြစ်နေသည်ကို တာဒီလာ မြင်သွားခဲ့သည်။ အနာဂတ်၌ အသုံးဝင်လာနိုင်သော နယ်ရုပ်ဖြစ်သည့်အလျောက် ၎င်းသည် လက်ရှိ၌ ဂျာဒယ်ခံတပ်သို့ ပြန်ရန်မသင့်တော်ပေ။ ချန်လွေ့က လိုကီ၏မျက်နှာကို ပြောင်းလဲလိုက်ပြီး ခေါ်လာခဲ့သည်။ ယုတ်စွအဆုံး နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်း၌ အခန်းကဏ္ဍအချို့၌ ပါဝင်နိုင်ပေသည်။
အမှောင်လမြို့တော်၌ ရှီရာသည် အသီနာ ကျင်းပသော မီးတောက်ဗိုလ်ခြေ၏ သိုင်းပြိုင်ပွဲကို ကြည့်နေ၏။ ချန်လွေ့က အင်တင်တင်ဖြစ်နေသော လိုလီလေးကို နန်းတော်သို့ ပြန်ပို့ပြီး လိုကီအား အမှောင်လဟိုတယ်၌ ယာယီနေရာချထားကာ အိမ်သို့ ပြန်နားနေလိုက်သည်။
အိမ်ထဲ၌ မည်သူမှ ရှိမနေပေ။ ပါ့ဂ်လီအိုနှင့် ခရိုဘဲလက်စ်တို့ပင် ရှိမနေချေ။ သူတို့သည်လည်း သိုင်းပြိုင်ပွဲ သွားကြည့်ဟန်တူသည်။ သို့သော်လည်း မြင်းနက်လေးပင် ရှိမနေပေ။ အနည်းငယ် ထူးဆန်းနေကြောင်း ချန်လွေ့ ခံစားလိုက်မိသည်။ ရုတ်တရက် ရင်းနှီးသော ခံစားချက်တစ်ခု ထွက်ပေါ်လာပြီး မြေကြီးက ချက်ချင်းပင် တွင်းပေါက်ကြီး ဖြစ်သွားသည်။ ချန်လွေ့၏ပုံရိပ်က တမုဟုတ်ချင်း တွင်းဘေးသို့ လှစ်ခနဲ ရောက်သွား၏။ ခုနက သူ အလျင်အမြန် မတုံ့ပြန်ခဲ့လျှင် တွင်းထဲကျသွားပေလိမ့်မည်။
ထိုအချိန်၌ ရေအိုင်ငယ်လေးမှ အလျင်အမြန် အငွေ့ပျံလာသော အမြူရောင် မြူနှင်း အများအပြားကို ချန်လွေ့ကို ဝိုင်းရံလိုက်သည်။ များပြားလှသော မြူနှင်းများက ကြောက်မက်ဖွယ်ရာ အေးစက်မှုတစ်ခုကို ထုတ်လွှတ်နေသည်။ ၎င်းသည် လိုကီ၏ ပိုင်နက်ထက်ပင် သာလွန်သည်။ မြူနှင်းဖြတ်သွားသော နေရာတိုင်းက အေးခဲသွား၏။
ချန်လွေ့က မြူနှင်းဖြူကို ရှောင်တိမ်းရန်အတွက် တယ်လီပို့ ခုန်လိုက်ပြန်သည်။ သို့သော်လည်း သူ မြဲမြဲမရပ်နိုင်ခင်မှာပင် ရေခဲ၊ နှင်း၊ မိုးကြိုး၊ ဓားချွန် အစရှိသော ထောင်ခြောက်မျိုးစုံ အသက်ဝင်သွားခဲ့သည်။ ချန်လွေ့က ရှောင်တိမ်းရန် အကောင်းဆုံး ကြိုးစားခဲ့ရသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့ခြေထောက်အောက်မှ မြက်ပင်များက ၁၀မီတာကျော်အထိ ရှည်သွားသည်။ ၎င်းတို့သည် သက်ရှိလက်များကဲ့သို့ ဖြစ်နေပြီး ချန်လွေ့ကို တင်းတင်းကြပ်ကြပ် ရစ်ပတ်ထားလိုက်သည်။ ထို့နောက် ချန်လွေ့၏ ခြေလက်များကို နေရာအနှံ့သို့ ဆွဲဆန့်လိုက်သည်။ သူ မလှုပ်ရှားနိုင်တော့ပေ။
“ကိုယ့်ကို အသက်ချမ်းသာပေးပါ။ ဇိုလာ။” ချန်လွေ့က ချက်ချင်းပင် လွှတ်ခနဲ ပြောလိုက်သည်။ ထိုအိမ်၌ ရိုးရှင်းသောပတ်ဝန်းကျင်တစ်ခုကို အစွမ်းထက်သော ထောင်ခြောက်အဖြစ် ပြောင်းလဲပြီး သူ အနည်းငယ်သာသိသော ရှေးမှော်စာများကို အသုံးပြုနိုင်သူမှာ ဇိုလာမှလွဲ၍ မည်သူမှ မရှိချေ။
ယခင်တစ်ခေါက် ချန်လွေ့ပြန်ရောက်သောအခါ၌ ဇိုလာသည် တံခါးပိတ် စမ်းသပ်မှု ပြုလုပ်နေခဲ့သည်။ အဲလစ်အား ခေါ်သွားသောအခါ၌ပင် မပြီးသေးပေ။ ယခုတွင် သူသည် တံခါးပိတ် စမ်းသပ်မှုမှ ထွက်လာလောက်ပြီ ဖြစ်သည်။ ပြောနေရင်းနှင့်မှ သူသည် မစ်-နတ်မိမယ်နဂါးအား မတွေ့ရသည်မှာ ကြာပြီဖြစ်သည့်အတွက် အတော်လေး သတိရလာခဲ့သည်။
ထိုအချိန်၌ ရှေ့မှ အစိမ်းရောင်မြက်သည် အဖြူရောင်မြူနှင်း အလွှာတစ်ခုဖြင့် ဖုံးလွှမ်းသွားပြီး ကတ်ကြေးတစ်လက်အသွင်သို့ အလျင်အမြန် အေးခဲသွားတော့သည်။
ချန်လွေ့က ခဏမျှ ကြက်သီးထသွား၏။ အကယ်၍ ထိုနေရာသာ အမှန်တကယ် “အညှပ်”ခံလိုက်ရလျှင် အသစ်ပြန်ဖြစ်သည့်တိုင် စိတ်ဒဏ်ရာ ရသွားပေလိမ့်မည်။
“ဇိုလာ။ နောက်မနေနဲ့တော့...”
“ဂျွပ်....ဂျွပ်...”
“ဇိုလာ။ ကိုယ့်မှာ အရေးတကြီး ပြောစရာတစ်ခု ရှိတယ်။”
“ဂျွပ် ဂျွပ် ဂျွပ် ဂျွပ်...”
“ချစ်ရတဲ့ ဇိုလာလေး။ ကိုယ့်မှာ မင်းအတွက် အဖိုးအတန်ဆုံး လက်ဆောင်တစ်ခု ရှိတယ်။”
“ကတ်ကြေး” ချက်ချင်း ရပ်တန့်သွားခဲ့ပြီး ပုံရိပ်တစ်ခုက တဖြည်းဖြည်းနှင့် ထင်ရှားလာခဲ့သည်။ သူက ဆံပင် ခရမ်းရောင်ရှိပြီး ဂါဝန်ရှည် ဝတ်ထားကာ သွယ်လျသော ခန္ဓာကိုယ်ရှိ၍ ပြီးပြည့်စုံသော မျက်နှာပေါ်၌ မျက်မှန် ဝတ်ဆင်ထာားသည်။ ထိုသူမှာ မစ်-သိပ္ပံပညာရှင်ပင် ဖြစ်လေတော့သည်။
သို့သော်လည်း မစ်-သိပ္ပံပညာရှင်၏ မျက်နှာပေါ်၌ “မပျော်ရွှင်သော” စကားလုံး ရှိနေသည်မှာ အသေအချာပင် ဖြစ်လေသည်။