စိတ်ဝိညာဉ်အမှတ်အသား။ နတ်ဘုရားတစ်ပိုင်း၏ လျို့ဝှက်လှည့်ကွက်
Vol. 32 Ch. 472
“ဇိုလာ။ နောက်ဆုံးတော့ ကိုယ်မင်းကို တွေ့ရပြီ။” ကတ်ကြေး ရပ်သွားကြောင်း မြင်လိုက်ရသည့်အခါ ချန်လွေ့ အမှန်တကယ်ပင် မျက်ရည်စို့သွားခဲ့သည်။ “အချစ်လေး။ ကိုယ်မင်းကို သေလောက်အောင် လွမ်းနေခဲ့တာ။”
“ဘာပြောတယ်။” မစ်-ဇိုလာက ရင်ထဲထိသွားဟန် မတူပေ။ ရေခဲကတ်ကြေးမှ အသံများ ထွက်လာပြန်သည်။
(ဟွန့်။ ငါက စမ်းသပ်မှုတစ်ခု လုပ်နေတာပဲကို။ ငါ မထွက်လာခင် နင်က အဲလစ်ကို တစ်ယောက်တည်းခေါ်ပြီးတော့ ခရီးထွက်သွားတယ်။)
ချန်လွေ့ ချွေးစေးများ ပြန်လာသည်။ “ကိုယ်မင်းကို တကယ် လွမ်းနေတာပါ။ အိပ်မက်မက်ရင်တောင် မင်းကို သတိရတယ်။ ကိုယ်မင်းကို ပြောချင်တာတွေ အများကြီး ရှိနေတယ်။”
“အိုး။” အမျိုးသမီးက ဆက်လက်၍ ဟန်ဆောင်ငေးငိုက်နေသည်။
(လူလိမ်။ စကားချိုချိုတွေ ပြောနေတုန်းပဲ။ နင်ငါ့ကို သတိရရင် ကောင်မလေး တစ်ယောက်နဲ့ ခိုးထွက်သွားပြီးတော့ ပျော်ပါးနေမှာ မဟုတ်ဘူး။ စမ်းသပ်မှု ပြီးသွားတော့ ငါက ပျော်ပျော်ရွှင်ရွှင်နဲ့ ပြေးထွက်ပြီးတော့တောင် နင့်ကိုလာရှာခဲ့တာ။)
ချန်လွေ့က မစ်-နတ်မိမယ်နဂါး၏ မကျေနပ်မှုကို သေသေချာချာ ခံစားနေရသည်။ သူက အလျင်အမြန် ပြောသည်။ “ဒီတစ်ခေါက် ကိုယ် ရှီလန်တောင်ကို သွားခဲ့တာက မင်းအတွက် သီးသန့်လက်ဆောင်တစ်ခု အထူးပြင်ဆင်ပေးဖို့ပါ။”
ထိုစကားမှာ အမှန်တကယ်၌ အလိမ်အညာ မဟုတ်ပေ။ သြဇာယွမ်မြေပါလျှင် “လျို့ဝှက်အရိပ်”အတွက် ကုန်ကြမ်းများ ပြည့်စုံသွားပြီဖြစ်သည်။ သူ အပြင်သွားစဉ် ရက်များအတွင်း ၎င်းကို ဖန်တီးပြီးစီးသွားခဲ့သည်။ သူ၏စိတ်ထဲ၌ ဇိုလာ ရှိနေသေး၏။
လျို့ဝှက်အရိပ်မှာ လက်ကိုင်တို တုတ်တံတစ်ခုဖြစ်ပြီး ဒြပ်စင်အားလုံး၏ မှော်စွမ်းအားကို နှစ်ဆတိုးပေးနိုင်သည်။ မှော်ပညာပြင်ဆင်ချိန်ကို နှစ်ဆမြန်စေပြီး ဝိညာဉ်တိုက်ခိုက်မှုများပြီးစေနိုင်သည်။ အစွမ်းအထက်ဆုံးမှာ အကူစွမ်းရည်ဖြစ်သော [အကန့်အသတ်ချိုးဖောက်ပိုင်နက်] ပင် ဖြစ်သည်။ ၎င်းသည် ပြိုင်ဘက်၏ မှော်ခုခံမှုနှင့် မှော်ပြီးသော ခန္ဓာကိုယ်ကို ဖယ်ထုတ်ပစ်နိုင်သော အခွင့်အရေးတစ်ခု ရှိသည်။ ၎င်းကို တစ်နာရီလျှင် တစ်ကြိမ်သာ အသုံးပြု၍ရနိုင်သည်။
ဇိုလာ ဟန်ဆောင်ငေးငိုင်မည် ပြင်လိုက်စဉ် ချန်လွေ့၏ လက်ထဲရှိ ပေါ်ထွက်လာသော မှော်တုတ်တံတစ်ခုက သူ၏မျက်လုံးများကို ရုတ်တရက် ဆွဲဆောင် လိုက်နိုင်သည်။ ထိုမှော်တုတ်တံ၏ ပုံစံမှာ ရိုးရှင်းသော်လည်း ကျက်သရေရှိပြီး အထက်တန်းဆန်သော အငွေ့အသက်များ ထုတ်လွှတ်ပေးနေသည်။ ၎င်းသည် သူ့ကို တစ်ချက်တည်းဖြင့် ဆွဲဆောင်နိုင်ခဲ့လေသည်။
(သူ့မှာ တကယ်ပဲ လက်ဆောင်ရှိတာလား။)
မစ်-နတ်မိမယ်နဂါးက ထိုတုတ်တံကို ချက်ချင်း ဆွဲယူလိုက်သည်။ သူက မည်သည့် ထူးခြားသော မတည်မငြိမ်မှုများကို မခံစားမိခဲ့ပေ။ သူ၏စိတ် လှုပ်ရှားသွားခဲ့သည်။ “အဆောင်ပစ္စည်းလား။”
“ဟုတ်တယ်။ ကိုယ် တော်တော်လေး ကြိုးစားခဲ့ရတာ..”
ဇိုလာ၏မျက်လုံးများ အရောင်တောက်သွားပြီး ချန်လွေ့၏ အကျိုးပြုမှုများ အကြောင်းသာ ကြွားလုံးထုတ်ထားမှုများကို စစ်ထုတ်လိုက်သည်။ သူက ၎င်းအပေါ်၌ သွေးတစ်စက်ချလိုက်ရာ တုတ်တံက အားကောင်းသော အလင်းရောင်တစ်ခု ရုတ်တရက် တောက်ပလာတော့သည်။ အချိန်အတော်ကြာပြီးနောက် ၎င်းသည် အရောင်ဖျော့သွား ခဲ့သည်။
လျို့ဝှက်အရိပ်၏ပိုင်ရှင် ဖြစ်သွားပြီးနောက် မစ်-နတ်မိမယ်နဂါးက ထိုအဆောင်ပစ္စည်း၏ ဂုဏ်သတ္တိများကို အာရုံခံမိသွားပြီး ကြက်သေသေသွားခဲ့သည်။ သူက ၎င်းသည် မယုံနိုင်စရာကောင်းသော တုတ်တံတစ်ခု ဖြစ်လိမ့်မည်ဟု ခန့်မှန်းမိသော်လည်း သူမျှော်လင့်ထားသည်ထက် ပိုမိုအစွမ်းထက်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
လျို့ဝှက်အရိပ်(တုတ်တံအမျိုးအစား) - ဒြပ်စင်အားလုံး၏ မှော်စွမ်းအားကို နှစ်ဆတိုးပေးနိုင်။ မန္တန်ရွတ်ဖတ်နှုန်းကို နှစ်ဆတိုးပေးနိုင်။ ဝိညာဉ်တိုက်ခိုက်မှုများ အားလုံးကို လုံးဝခုခံပေးနိုင်။ အကူစွမ်းရည် - [ အကန့်အသတ်ချိုးဖောက်ပိုင်နက် ] ။ ပြိုင်ဘက်၏ မှော်ခုခံမှုနှင့် မှော်ပြီးမှုကို ပယ်ဖျက်နိုင်ချေရှိသည်။ တစ်နာရီလျှင် တစ်ကြိမ်သာ အသုံးပြု၍ရ။ ထိခိုက်မှုကို အလိုအလျောက် ပြန်ပြင်ဆင်နိုင်။
ဇိုလာက မှော်ပညာသီးသန့် လေ့ကျင့်သူ ဖြစ်သည်။ နတ်မိမယ်နဂါး၏ အစွမ်းထက်သော ပါရမီအပြင် သူ၏ကိုယ်ပိုင်ပါရမီနှင့် သုသေတန ပေါင်းလိုက်သောအခါ ဇိုလာသည် နတ်ဆိုးဘုံ၌ အစွမ်းအထက်ဆုံး မှော်ပညာရှင်တစ်ယောက် ဖြစ်နိုင်ပေသည်။ အခြားနတ်မိမယ်နဂါးများ ရှိသည့်တိုင် ဇိုလာကို ယှဉ်နိုင်မည် မဟုတ်ပေ။ ယခုတွင် ထိုမှော်တုတ်တံ အဆောင်ပစ္စည်းလည်း ရှိလာပြီဖြစ်သည့်အတွက် တိုက်ခိုက်ရေး သက်ရောက်မှုများ ကြီးကြီးမားမား တိုးတက်သွားပေလိမ့်မည်။ ၎င်းကို စွမ်းအား နှစ်ဆတိုးခြင်းဟု ပြော၍ရနိုင်ပေသည်။
ယခုဖော်ပြသော ထိပ်တန်းမှော်ပညာရှင်ဆိုသည်မှာ နတ်ဆိုးအရှင်သခင်အဆင့် အဝန်းအဝိုင်းအတွင်းရှိ ပုဂ္ဂိုလ်များအတွင်း၌သာဖြစ်သည်။ နတ်ဘုရား-တစ်ပိုင်းနှင့် နတ်ဘုရားအဆင့်များ မပါဝင်ပေ။
မှော်ဒြပ်စင်၏ ဝိပါက်သည် မည်သည့်အရာနည်း။ ၎င်းမှာ အနီးကပ်တိုက်ခိုက်ခြင်းနှင့် ခွန်အားတို့ မဟုတ်ဘဲ မှော်ဒြပ်စင်ပြီးသည့် သို့မဟုတ် မှော်ဒြပ်စင်ကို ခုခံနိုင်သော ခန္ဓာအမျိုးအစားမျိုး ဖြစ်သည်။ ဥပမာပြောရလျှင် သလင်းကျောက်နဂါး၊ နဂါးနက်နှင့် ချန်လွေ့တို့၏ [မှော်-ဆန့်ကျင်] ခန္ဓာကိုယ် ဖြစ်သည်။ ထိုကဲ့သို့ ရန်သူမျိုးနှင့် ရင်ဆိုင်ရသည့်အခါ ဇိုလာသည် မှော်ပညာကို အခြားပစ္စည်များအား ထိန်းချုပ်ပြီး ထိခိုက်မှုပြုလုပ်ရန်သာ တတ်နိုင်တော့သည်။ ထို့ကြောင့် စွမ်းအား ကြီးကြီးမားမား လျော့ကျသွားမည်မှာ သေချာပေသည်။ သို့သော်လည်း [အကန့်အသတ် ချိုးဖောက်ပိုင်နက်] နှင့်ဆိုလျှင် ထိုခုခံမှုကို လျစ်လျူရှုနိုင်ချေရှိသည်။ ထိုသို့ဆိုလျှင် နဂါးနက်နှင့် သလင်းကျောက်နဂါးတို့က မှော်ပညာကြောင့် ထိခိုက်မှုရရှိမည် ဖြစ်သည်။ ၎င်းမှာ မှော်ဒြပ်စင်ထဲ၌ စံသတ်မှတ်ချက်ကို ဆန့်ကျင်နိုင်သော အထူးစွမ်းရည်တစ်ခု ဖြစ်လေသည်။
(ဟွန့်။ ကြည့်ရတာ ဒီမျိုးမစစ်ကောင်က ငါ့အကြောင်း တကယ် တွေးနေခဲ့တဲ့ပုံပဲ။ ဒီအဆောင်ပစ္စည်းကို ငါ လက်ခံလိုက်မယ်။)
“ဒါကို ကိုယ် ကိုယ်တိုင် လုပ်ခဲ့တာ။ ဒီခရီးမှာ ကုန်ကြမ်းတွေအားလုံးကို စုဆောင်းဖို့ တော်တော်လေး ကြိုးစားခဲ့ရတယ်။ မင်း သဘောကျရဲ့လား။”
“သဘောကျတယ်။”
ဇိုလာက ပျော်ရွှင်သောအမူအရာကို မဖုံးကွယ်ထားနိုင်တော့ပေ။ ၎င်းကို ချန်လွေ့ သတိထားမိသွားသောအခါ စိတ်သက်သက်ရာရသွားပြီး သက်ပြင်းချလိုက်သည်။ ထို့နောက် မစ်-နတ်မိမယ်နဂါး၏ မျက်လုံးများ စူးရှလာပြန်သည်ကို မြင်လိုက်ရသည်။ “ဒီခရီးမှာ နင်နဲ့ အဲလစ်...”
“ကိုယ်တို့ ဘာမှ မလုပ်ခဲ့ဘူး။ ကိုယ် အာမခံတယ်။” ချန်လွေ့က အထင်လွဲ ခံရသည့်အတွက် အလောတကြီး အော်ပြောလိုက်သည်။ အချိန်အတော်ကြာသည်အထိ မမြင်ခဲ့ရသော မစ်-နတ်မိမယ်နဂါး၏ အလှတရားကို မြင်ရသည့်အခါ ချန်လွေ့၏ နှလုံးသား ရုတ်တရက် ပူလောင်သွားခဲ့သည်။ “မယုံရင် ကိုယ်တိုင် စစ်ဆေးကြည့်လို့ ရတယ်။”
စစ်ဆေးတာလား။ ဇိုလာ အံ့အားသင့်သွားသည်။ ထို့နောက် သဘောပေါက်သွားပြီး မျက်နှာ ရှက်သွေးဖြာသွားခဲ့သည်။
(ခန္ဓာကိုယ်အောက်ပိုင်းနဲ့ စဉ်းစားတဲ့ မျိုးမစစ်ကောင်ပဲ။)
(ငါတို့တွေ့တာနဲ့ သူက စကားကောင်းကောင်းမပြောဘဲနဲ့ ဒီလိုမျိုးတွေ စဉ်းစားနေတယ်.....)
( ငါ လုပ်မှာ မဟုတ်...)
ဇိုလာ ထိုသို့တွေးနေသော်လည်း သူ၏လက်က အသစ်ရရှိထားသော အဆောင်ပစ္စည်း တုတ်တံကို ဝှေ့ရမ်းနေ၏။ သူတို့အရှေ့၌ နေရာလွတ်တံခါးတစ်ခု ဘွားခနဲ ပွင့်လာသည်။ ခြေလက်အကုန် ဆွဲဆန့်ခံထားရသော ယောက်ျားတစ်ယောက်နှင့် ဟန်ဆောင် ငေးငိုင်တတ်သော ရှက်နေသည့်မိန်းမတစ်ယောက်တို့က တံခါးထဲ၌ ပျောက်ကွယ်သွားတော့သည်။
မုန်တိုင်းငယ်လေး ပြီးဆုံးသွားသော်လည်း “တိုက်ပွဲ”တစ်ခု စတင်တော့သည်။
သက်တန့်တောင်ကြားမှ ချန်လွေ့ထွက်လာသောအခါ တတိယမြောက်နေ နေ့လယ်ပိုင်း ရောက်နေပြီ ဖြစ်သည်။ သူ အိမ်သို့ ပြန်ရောက်သောအခါ လူတိုင်းနီးပါးက သူ့ကို ထူးဆန်းသောအကြည့်များဖြင့် ကြည့်နေလိုက်ရသည်။
အသွင်အပြင်များ- ရှုပ်ပွနေသောဆံပင်၊ ဖရိုဖရဲဖြစ်နေသောအင်္ကျီ၊ မျက်နှာပေါ်မှ နှုတ်ခမ်းအရာများ၊ ပုခုံးပေါ်မှ လက်သည်းရာများ၊ လက်တစ်ဖက်က ခါးကို ကိုင်ထားလျက် ရှိနေသေးသည်။
ဆိုလိုချက် - သူ့ကို လူဆိုးမတစ်ယောက်က အနိုင်ကျင့်ထားကြောင်း တစ်ချက် ကြည့်ရုံဖြင့် ပြောနိုင်လေသည်။ ထို့ပြင် ၎င်းသည် ၂ရက်ကျော် ကြာခဲ့လေသည်။
အစေခံမလေးက ချန်လွေ့က အရင်ဆုံး နှုတ်ဆက်သည်။ သူက ချန်လွေ့၏ ရှိမနေသော ချွေးများကို သေသေချာချာ သုတ်ပေးပြီး မနာလိုလျက် ပြောလိုက်ုသည်။ “ရှင့်အတွက် တော်တော်လေး ခက်ခဲမှာပဲ။”
ချန်လွေ့ “......”
အသီနာလည်း ချန်လွေ့ထံ လမ်းလျှောက်လာသည်။ အစေခံမလေး၏ ဖုံးကွယ်မှုကြောင့် သူက ချန်လွေ့၏ခါးကို အနည်းငယ်နှိပ်ပေးရန် ကူညီပေးလိုက်သည်။ သို့သော်လည်း သူက ဆွဲဆိတ်ခြင်း၌ ပြော၍ရနိုင်သော “အထူး” နည်းစနစ်ကို အသုံးပြု လိုက်၏။ သူ နှာမှုတ်လိုက်သည်။ “တကယ် ခက်ခဲမှာပဲ။”
ချန်လွေ့ “အို့.....”
ကြံရာမရသည့်အဆုံး ချန်လွေ့က ထိုမိန်းမနှစ်ယောက်ကို ဖက်ပြီး အခန်းထဲသို့ ခပ်မြန်မြန် ပြေးသွားတော့သည်။ သူ၏မသမာသော မိတ်ဆွေနှစ်ယောက်ဖြစ်သည့် ဘဲခေါင်းနဂါးနှင့် အပေါစားတူလေးတို့က ဟားတိုက်သံများ နောက်မှ ထွက်လာ၏။
“နတ်ဘုရားလို လူသားပဲ။ ၂ရက်လုံးတောင်...”
“ခေါင်းဆောင်။ အခုကစပြီးတော့ မင်းက ငါ့ရဲ့ အသည်းကြော်ပဲ....”
ချန်လွေ့ “@#¥%……”
အခန်းထဲ၌ -
“စိတ်မဆိုးပါဘူး။ အသီနာ၊ ခီရာ။ ဒီ၂ရက်မှာ ကိုယ်က ဇိုလာနဲ့ တော်တော်လေး အရေးကြီးတဲ့ကိစ္စတွေကို သုတေသန လုပ်ခဲ့တာပါ။”
“သုတေသန ဟုတ်လား။” အသီနာက ချန်လွေ့ကို ငေးကြောင်ကြည့်လိုက်ပြီး မကျေမနပ်နှင့် ပြောသည်။ “နင်က ဒီလောက် အလုပ်များနေတာလား။ နင်က သိပ်မကြာခင်ကပဲ အဲလစ်နဲ့ ပြန်ရောက်လာခဲ့တာ။ ငါ့ရဲ့အရေးအကြီးဆုံး သိုင်းပြပွဲ ကိုတောင် လာမကြည့်ခဲ့ဘူး။ နင်က ဇိုလာနဲ့ သုတေသန လုပ်ဖို့ကိုပဲ ဂရုစိုက်နေတယ်။”
“ရှင်က ဘာလို့ ဇိုလာနဲ့ပဲ သုတေသန လုပ်ရတာလဲ။ ကျွန်မတို့နဲ့ မထိုက်တန်ဘဲနဲ့ သူနဲ့ပဲ ထိုက်တန်တဲ့ သုတေသန တစ်ခုခု ရှိလို့လား။” ထိုသူမှာ အသေအချာပင် အစေခံမလေး ဖြစ်သည်။ ထိုသို့ပြောလိုက်သည်နှင့် အသီနာကလည်း အတင်းဖိအားပေးတော့သည်။ ယောက်ျားဖြစ်သူ၏ မျက်နှာပေါ်ရှိ အမူအရာက ပို၍ပင် စိတ်ဝင်စားစရာ ကောင်းလာ၏။
ပထမမိန်းမကို နှစ်သိမ့်ပြီး နာမည်ဆိုးနှင့်ကျော်ကြားသော အစေခံမလေးအား ခက်ခက်ခဲခဲ ဖိနှိပ်ပြီးနောက် ချန်လွေ့က ထိုမိန်းမနှစ်ယောက်နှင့်အတူ ထိုင်လိုက်သည်။ “မနာလို မဖြစ်ပါနဲ့။ ကိုယ်က မင်းတို့နှစ်ယောက်လုံးကို ညပိုင်းမှာ အဖော်ပြုပြီးတော့ “သုတေသန”လုပ်နိုင်ဖို့အတွက် ကိုယ့်အသက်ကို ရင်းမှာပါ။ ဒါပေမဲ့ ဒီတစ်ခေါက်က တကယ်ပဲ မတော်တဆ တစ်ခုခုကို ရှာတွေ့ခဲ့တာ။ ဇိုလာကြောင့်သာ မဟုတ်ရင် ကိုယ်က တစ်ယောက်ယောက်ရဲ့ရုပ်သေး ဖြစ်သွားလောက်ပြီ။”
ချန်လွေ့ နောက်နေကြောင်း မဟုတ်သည်ကို မြင်သည့်အခါ အသီနာနှင့် ခီရာတို့ အံ့အားသင့်သွားကြသည်။
ချန်လွေ့၏ မတော်တဆ ရှာတွေ့မှုသည် “သုတေသန”နှင့် ဆက်နွှယ်နေသည်။ ယမန့်နေ့က သူ့ကို “စစ်ဆေးရန်”အတွက် ဇိုလာက သက်တန့်တော်ငကြားသို့ အမှန်ပင် ဆွဲခေါ်သွားခံရခဲ့သည်။ သူတို့နှစ်ယောက် ချစ်တင်းနှောခဲ့ကြသည်။ ထိုအချိန်အတွင်း ဇိုလာက ချန်လွေ့၏ခန္ဓာကိုယ်မှ ထူးဆန်းသော စွမ်းအားအငွေ့အသက်တစ်ခုကို ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ ချန်လွေ့၏ခန္ဓာကိုယ်ထဲ၌ နတ်ဘုရား-တစ်ပိုင်း ပုဂ္ဂိုလ်ဖြစ်သော စေတန် ချန်ထားခဲ့သော “အကျိုးအမြတ်” တစ်စိတ်တစ်ပိုင်းပင် ဖြစ်လေသည်။
နတ်ဘုရား-တစ်ပိုင်းစွမ်းအား တစ်စိတ်တစ်ပိုင်းမှာ အလွန်စွမ်းအားကြီးလှသည်။ ၎င်းကို လေ့ကျင်ရေး၌သာ တဖြည်းဖြည်း အလိုအလို ခြေဖျက်ပြီး စုပ်ယူနိုင်သည်။ အကယ်၍ ချန်လွေ့သာ အများအပြား စုပ်ယူနိုင်ခဲ့လျှင် မမျှော်လင့်ထားနိုင်သော အရာများ ဖြစ်လာနိုင်ပေသည်။ ၎င်းသည် ချန်လွေ့ကို စစ်မှန်သော နတ်ဆိုးအရှင်သခင်အဆင့်သို့ တိုက်ရိုက် တက်ရောက်သွားစေနိုင်ပေသည်။ သို့သော်လည်း ကိစ္စများမှာ ထိုထက် ရှုပ်ထွေးလွန်းလှသည်။ ထိုစွမ်းအား တစ်စိတ်တစ်ပိုင်း၌ စိတ်ဝိညာဉ်အမှတ်အသား တစ်ခု ရှိနေသည်။ ထိုအရာ၏ ကဏ္ဍမှာ ခြေရာခံရန်အတွက်သာမက စွမ်းအားတိုးလာနှင့်အတူ အားကောင်းလာနိုင်သည်။ နတ်ဘုရား-တစ်ပိုင်းစွမ်းအားကို လုံးဝခြေဖျက်နိုင်ခဲ့လျှင် ထိုစိတ်ဝိညာဉ်အမှတ်အသား လုံးဝပျော်ဝင်ပြီး ချန်လွေ့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို ထိန်းချူပ်သွားပေလိမ့်မည်။ ထိုအချိန်၌ သူသည် သေခြင်းရှင်ခြင်းကို ထိန်းချုပ်ခံထား ရသည့် အစေခံတစ်ယောက် ဖြစ်သွားနိုင်ချေ များပေသည်။
စေတန်၏ “စေတနာ”ကို သတိထားနေခဲ့သော်လည်း ချန်လွေ့က ချွေးစေးများ ပြန်သွားခဲ့သည်။ တောက်။ အဲဒီလူမှာ စိတ်ကောင်းမရှိဘူး ဆိုတာ ငါသိတယ်။ သူ့ရဲ့ ရည်ရွယ်ချက်က တကယ်ကောက်ကျစ်တာပဲ။
ငါမသိလိုက်ဘဲနဲ့ စေတန်ရဲ့ အစေခံ၊ ဒါမှမဟုတ် ရုပ်သေးဖြစ်သွားရင် မတွေးရဲစရာပဲ။
ပြဿနာမှာ စေတန်သည် အစွမ်းထက်လွန်းနေခြင်း ဖြစ်သည်။ ဇိုလာ၏ စွမ်းအားဖြင့် ထိုစွမ်းအား အစိတ်အပိုင်းကို ဖယ်ရှားရန် ဖြစ်နိုင်ပေ။ ချန်လွေ့၏စွမ်းအား တိုးသွားသည်နှင့် ထိုအမှတ်အသားလည်း တစ်ဆင့်ချင်း ဖြန့်ကျက်လာမည် ဖြစ်သည်။ သူက တမင်တကာပင် စွမ်းအားကို တံ့အောင် ပြုလုပ်ခဲ့လျှင်ပင် ထိုစွမ်းအားများက သူ၏ ခန္ဓာကိုယ်ထဲ တဖြည်းဖြည်းစိမ့်ဝင်ပြီး “တိုးမြင့်မှု” ဖြစ်သွားစေလိမ့်မည်။ သို့သော်လည်း အမြန်နှုန်း အတော်လေး နှေးကွေးမည် ဖြစ်သည်။
ကံကောင်းစွာပင် ချန်လွေ့ခန္ဓာကိုယ်၌ ထူးခြားသော စွမ်းအားတစ်ခုရှိကြောင်း ဇိုလာ မတော်တဆ ရှာတွေ့ခဲ့သည်။ နတ်ဘုရား-တစ်ပိုင်းစွမ်းအားကို စုပ်ယူနေရင်း သူ၏ခန္ဓာကိုယ်က အမှတ်အသား၏ “ဘေးထွက်ဆိုးကျိုးများ”ကို အရည်ပျော်စေပြီး စုပ်ယူခဲ့သည်။ သို့သော်လည်း စုပ်ယူခြင်းမှာ နှေးကွေးလှသည်။ ရှေးမှော်စာများ၏ စွမ်းအားနှင့်ပေါင်းမှသာ သူသည် စိတ်ဝိညာဉ်အမှတ်အသားကို လုံးဝ ဖယ်ရှားနိုင်မည် ဖြစ်ပေသည်။
ထိုအောင်မြင်မှုမှာလည်း “စိတ်ကြွဆေး” မှော်စာများကို ရှာတွေ့ခြင်းနှင့် သုတေသန ပြုလုပ်ခြင်း၏ ကျေးဇူးကြောင့် ဖြစ်သည်။ အကယ်၍ ဇိုလာသာ ထို တံခါးပိတ် သုတေသန ပြုလုပ်နေချိန်အတွင်း ရှေးမှော်စာ ၁၈ခု၏ အခြေခံမှော်စာ သင်္ကေတများကို မတတ်ကျွမ်းသွားခဲ့လျှင် သက်ဆိုင်ရာ ဖြည့်စွက်နည်းလမ်းကို ခပ်မြန်မြန် ရှာတွေ့လိမ့်မည် မဟုတ်ပေ။
စမ်းသပ်ပြီးနောက်တွင် ထိုကဲ့သို့ “ထူးခြားသောစွမ်းအား”မှာ ချစ်တင်းနှောစဉ် အတွင်း၌သာ ပေါ်ထွက်လာကြောင်း သိလိုက်ရသည်။ နောက်ဆုံး၌ ချန်လွေ့သည် [ နှစ်သွယ်လေ့ကျင့်ရေး ] ကို သဘောပေါက်သွားတော့သည်။
လုံးဝကို အသုံးမကျလေလေ၊ ပိုအစွမ်းထက်လေလေပဲ။ [နှစ်သွယ်လေ့ကျင့်ရေး] မှာ ဒီလိုမျိုး ထူးဆန်းတဲ့ သက်ရောက်မှုမျိုး ရှိနေမယ်လို့ ငါ မထင်ထားခဲ့ဘူး။
အမှန်တကယ် [ နှစ်သွယ်လေ့ကျင့်ရေး ] တွင် စိတ်ဝိညာဉ်အမှတ်အသား အပေါ်၌ ထူးထူးခြားခြား သက်ရောက်မှု မရှိပေ။ ၎င်းသည် ချစ်တင်းနှောနေစဉ်အတွင်း နတ်ဘုရား- တစ်ပိုင်းစွမ်းအား ခြေဖျက်မှုကို မြန်ဆန်သွားစေရုံသာ ဖြစ်သည်။ ထို့နောက် ကိုယ်ပိုင်စွမ်းအားအဖြစ် ပြောင်းလဲသွားသောအခါ ၎င်းသည် စိတ်ဝိညာဉ်အမှတ်အသားကို ဖယ်ရှားခဲ့သည်။
“ဒီနေ့ကစပြီးတော့ ငါမင်းတို့ကို လွယ်ကူချောမွေ့စေမယ့် အခြေခံ ရှေးမှော်စာ အချို့ကို သင်ပေးမယ်...အမ်...သုတေသန အတူတူ လုပ်ဖို့အတွက်ပေါ့။”
အစေခံမလေးက အမြန်ဆုံး တုံ့ပြန်သည်။ သူက ပထမဆုံး သဘောတူလိုက်ပြီး အသီနာက မျက်မှောင်ကြုတ်လိုက်၏။ “ရှေးမှော်စာတွေက လေ့လာရ ခက်တယ်။ ငါ ကျောင်းတက်တုန်းက အဲလိုစာအုပ်တွေ ဖတ်ရင်းနဲ့ အိပ်ပျော်ခဲ့ဖူးတယ်။”
သူ စကားပြော မပြီးသေးခင်မှာပင် အစေခံမလေးကို သူကိုဆွဲပြီး တီးတိုးပြော လိုက်သည်။ ချန်လွေ့က ရေးရေးလေးသာ ကြားခဲ့ရသည်။ “ရူးနေတာလား.... နင်မသင်ရင် သူက ဇိုလာ ချယ်လှယ်တာကို ခံရလိမ့်မယ်။” အသီနာ ရှက်သွားပြီးနောက် ချက်ချင်းပင် အားတက်သွား၏။ “ကောင်းပြီလေ။ ငါ သင်မယ်။”
ထိုအခြေအနေကို ချန်လွေ့ မျှော်လင့်ထားပြီးသား ဖြစ်သည်။ ချန်လွေ့ ပြုံးလိုက်ပြီး အသီနာ၏ ပူလောင်နေသော မျက်နှာကို နမ်းရှိုက်လိုက်သည်။ [နှစ်သွယ်လေ့ကျင့်ရေး]၏ အကျိုးအမြတ်မှာ နှစ်ဦးနှစ်ဖက် ဖြစ်သည်။ တစ်နည်းပြောရလျှင် [နှစ်သွယ်လေ့ကျင့်ရေး] အတွင်းရှိ အသီနာနှင့် အခြားသူများလည်း နတ်ဘုရား-တစ်ပိုင်းစွမ်းအားရှိ အကျိုးကျေးဇူးကို ရရှိပေလိမ့်မည်။
အသီနာက တစ်ခုခုကို ရုတ်တရက် တွေးမိသွားပြီး ချန်လွေ့၏ ရင်ခွင်ထဲမှ ထလိုက်သည်။ “ဒါနဲ့ မနက်ဖြန်ကျရင် ငှက်တောင်ဖြူနယ်မြေလော့ဒ် စီကာလီက အမှောင်လကို ရောက်လာလိမ့်မယ်။ အရင်၂ရက်တုန်းက နင်နဲ့ တော်ဝင်မင်းသမီး ဆွေးနွေးချင်နေခဲ့တာ။ ဒါပေမဲ့ သူ နင့်ကို ရှာမတွေ့ခဲ့ဘူး။”
ချန်လွေ့ ကိုယ့်နဖူးကိုယ် ရိုက်လိုက်သည်။ “အိုး။ သွားပြီ။ မေ့တော့မလို့။ စီကာလီက မနက်ဖြန် ဒီကိုရောက်မှာလား။ ငါ အခုပဲ တော်ဝင်မင်းသမီးကို သွားတွေ့ဖို့ နန်းတော်ကို သွားရမယ်။”
“ကိုယ်လက်သန့်စင်ပြီးတော့ အဝတ်အစားတွေ အရင်လဲသွားဦး။ တော်ဝင် မင်းသမီးကို ဒီလိုသွားတွေ့ဖို့က မသင့်တော်ဘူး...” အစေခံမလေးက ကြင်နာစွာဖြင့် ချန်လွေ့၏ဆံပင်ကို ဖြီးပေးလိုက်သည်။ သို့သော်လည်း သူက ပြဿနာ ကြီးလာအောင် ပြုလုပ်ရန် မမေ့ခဲ့ပေ။ “အိုး...အဲဒီမှော်စာတွေကို တော်ဝင်မင်းသမီးကိုလည်း သင်ပေးမှာလား။”
လောကကြီး ဖရိုဖရဲမဖြစ်မှာကို ကြောက်နေတဲ့ နတ်ဆိုးမလေးပဲ။ ဒီလိုမျိုး အချိန်မှာတောင် သူတို့ ဆေးထိုးနေသေးတယ်။ ချန်လွေ့ ဒေါသထွက်သွားပြီး ခီရာ၏ တင်ပါးဖောင်းဖောင်းလေးကို ခပ်ပြင်းပြင်း ရိုက်လိုက်သည်။ သို့သော်လည်း နတ်ဆိုးမလေးက ဝမ်းသာသွားသည်။ ၎င်းမှာ ချန်လွေ့အတွက် လွန်ကဲနေ၏။
“အိုး။ ဟုတ်သားပဲ။ အဲလစ်က ငယ်သေးတယ်။ နင်သူ့ကို ဒါ သင်ပေးလို့ မရဘူး။”
အသီနာ၏ သတိပေးသော လေသံကြောင့် ထူးဆန်းသော ဦးလေးတစ်ယောက် အဖြစ် သံသယဝင်ခံနေရသူ တစ်ယောက်က မျက်နှာကို ဖုံးထားပြီး တိတ်တဆိတ် ထွက်ပြေးသွားတော့သည်။