← Chapters

ကပွဲ

Vol. 32 Ch. 474

ကပွဲ

Vol. 32 Ch. 474

ထိုစကားလုံးများက စီကာလီ၏ အမူအရာကို တောင့်တင်းသွားစေသည်။ သူက အဲလစ်နှင့် ချန်လွေ့တို့ကို ပြန်ကြည့်လိုက်သည်။ “ဆာ-ချန်လွေ့။ ဒါ တကယ်ပဲလား။”

“မင်းသမီးလေးက နောက်နေတာပါ။” ချန်လွေ့က အဲလစ်ကို တိတ်တိတ်လေး လက်မထောင်ပြပြီး ပုခုံးတွန့်လိုက်သည်။ “နဂိုဆိုရိုးက ကိုယ်တုံးလုံး နေမယ့်အစား ကိုယ့်ခြေလက်တွေကို ရိုက်ချိုးလိုက်မယ်လို့ ပြောတာပါ။”

စီကာလီက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ “ဒါဆို...ဆာ-ချန်လွေ့က ငြင်းတာလား။”

ချန်လွေ့၏ စီကာလီ၏မျက်လုံးထဲမှ အေးစက်မှုများကို လျစ်လျူရှုပြီး အသာလေး ပြုံးလိုက်သည်။ “ကျုပ်က အမှောင်လရဲ့ ဘဏ္ဍာရေးအရာရှိ တစ်ယောက်ပါပဲ။ ဆာက တော်ဝင်မိသားစုဝင်လည်း ဟုတ်တယ်။ အဆင့်အတန်းလည်း မြင့်တယ်။ ဘာလို့ ကျုပ်နဲ့ ကတ်သတ်ပြောနေမှာလဲ။”

ချန်လွေ့၏လေသံက အတော်လေး စကားလုံးလှလှ သုံးထားသော်လည်း စီကာလီကို ငြင်းနေသည်မှာ အသိအသာပင် ဖြစ်လေသည်။

ချန်လွေ့၏ရန်သူက နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းဖြစ်သည့်တိုင် သူ မကြောက်ပေ။ သူက နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းနှစ်ယောက်ကို သတ်ပစ်ခဲ့ပြီး ဖြစ်သည်။ ထို့ပြင် ထိုသူနှစ်ယောက်မှာ စစ်မှန်သော တိုက်ခိုက်ရေးသမားများ ဖြစ်ကြသည်။ တစ်ယောက်မျှ စီကာလီထက် မနိမ့်ကျပေ။

သူ၏မိန်းမကိုထိရန် တွေးရဲသောသူတိုင်း အဆုံးသတ်တစ်ခုတည်းသာ ရှိပေလိမ့်မည်။ ၎င်းမှာ သေခြင်းပင်။

ချန်လွေ့၏ သိသိသာသာ ငြင်းပယ်မှုကြောင့် စီကာလီ မျက်မှောင်ကြုတ် လိုက်သည်။ သူ စကားပြောရန် ပြင်လိုက်စဉ် အေးဆေးတည်ငြိမ်သော အသံတစ်သံ ထွက်ပေါ်လာသည်။ “ပေါက်ကရတွေ ပြောမနေနဲ့တော့။ ခီရာက ငါ့ရဲ့ ညီမပဲ။ မကောင်းတဲ့အကြံ ရှိတဲ့သူတိုင်းက ဒီမေမေကြီးက တစ်မိသားစုလုံး သုတ်သင်ပစ်မယ်။”

ထိုကဲ့သို့အခြေအနေ၌ ကိုယ့်ကိုယ်ကိုယ် မေမေကြီးဟု ခေါ်သည်မှာ မစ်-မြနဂါးမှ လွဲ၍ တခြားသူ မရှိပေ။ ယနေ့တွင် မစ်-ဘက်တီသည် “ဧည့်သည်ကို ကြိုဆိုရန်” အတွက် ချန်လွေ့၏ ဆွဲခေါ်ခြင်းကို ခံခဲ့ရသည်။ သူ၏မူလရည်ရွယ်ချက်က တစ်ခုခု၌ အဟန့်အတား ဖြစ်စေရန် ဖြစ်သည်။ စီကာလီက သူ၏ “အုပ်ချုပ်မှုအစည်းအရုံး” ညီမကောင်းနှင့် အဓိက ဝတ်စုံဖန်တီးသူ ခီရာကို စိတ်ဝင်စားနေကြောင်း ကြားသည့်အခါ ဘက်တီက သူ့ကို ချက်ချင်း အော်ပြောခဲ့ခြင်း ဖြစ်သည်။

ပါလန်ဒိုက အသံကျယ်ကျယ်ပြောလိုက်သည်။ “အတင့်ရဲလိုက်တ။ ရှင်က ဘယ်သူလဲ။ ရှင်က ဘယ်လိုလုပ်....”

သူ စကားပြောမပြီး‌သေးခင်မှာပင် ကြောက်မက်ဖွယ်ရာ ဖိအားတစ်ခု ရောက်လာသည်။ ပါလန်ဒိုက ရေခဲတိုက်ထဲ ကျသွားသလိုမျိုး ခံစားလိုက်ရပြီး ဘာမျှ မပြောနိုင်တော့ပေ။ သူပွေ့ဖက်ထားသည့် ခြိမ်းခြောက်နေသော သန္ဓေပြောင်း ငရဲခွေးလည်း မြေပြင်ပေါ် လှဲနေကာ ကြောက်မက်ဖွယ်ရာ တစ်စုံတစ်ခုကို မြင်လိုက်ရသကဲ့သို့ပင် တုန်လှုပ်နေတော့၏။

နတ်ဆိုးအရှင်သခင်အဆင့် အငွေ့အသက်ပဲ။ စီကာလီ၏မျက်နှာ ရုတ်တရက် ပြောင်းလဲသွားပြီး အလျင်အမြန် ပြောလိုက်သည်။ “မင်းသမီးရှီရာ။ ပါလန်ဒိုက အမြဲပဲ ကလေးဆန်နေခဲ့တာ။ မင်းသမီး သိပါတယ်။ ခုနက နားလည်မှုလွဲတာပါ။ ကျေးဇူးပြုပြီးတော့ သက်ညှာပေးပါ။ မဒမ်။”

ချန်လွေ့၏ အချက်ပြမှုကြောင့် ခရိုဘဲလက်စ်က ဖိအားကို ရုပ်သိမ်းလိုက်သည်။ သူက ပါလန်ဒိုကို ရွံရှာလျက် သရော်ပြုံးပြုံးလိုက်သည်။ ထို့နောက် အနီးအနား၌ မည်သူမှ ရှိမနေသကဲ့သို့ပင် အဲလစ်နှင့်အတူ စကားပြောရင်း ရယ်နေတော့သည်။

ပါလန်ဒိုက ချွေးများ ရွှဲနစ်သွားခဲ့သည်။ သူက စကားတစ်လုံးပင် မပြောရဲတော့ပေ။ ငရဲခွေးလည်း ဟိတ်ဟန်မရှိတော့ပေ။ ၎င်းက ပါလန်ဒိုနောက်၌ ပုန်းနေပြီး အမြီးကို ခြေထောက်ကြားတွင် လျှိုထားလိုက်သည်။ ခရိုဘဲလက်စ်၏ အငွေ့အသက်၌ ကြောက်မက်ဖွယ်ကောင်းသော နဂါးမာန် ပါရှိသည်။ အကယ်၌ ခရိုဘဲလက်စ်သာ စွမ်းအား မထိန်းချုပ်ထားလျှင် ထိုခွေး ချီးထွက်ကျသွားပေလိမ့်မည်။

“ဒါက ကျွန်မတို့ အမှောင်လရဲ့ဧည့်သည့် မဒမ်-ခရိုဘဲလက်စ်ပါ။” ရှီရာက တည်တည်ငြိမ်ငြိမ် ပြောသည်။ “ခုနက အထင်လွဲတာပါ။ ဆာ-စီကာလီ စိုးရိမ်စရာ မလိုပါဘူး။”

စီကာလီ ခေါင်းညိတ်လိုက်ပြီး ခီရာအကြောင်း ထပ်မပြောတော့ပေ။ သူ၏စိတ်ထဲ၌ အတွေးပေါင်းမြောက်မြားစွာ လျှောက်သွားနေတော့သည်။ လက်စသတ်တော့ ဒီမိန်းမက မြို့တော်ကို သစ္စာဖောက်ပြီးတော့ အမှောင်လဘက်ကို ရောက်သွားတဲ့ ခရိုဘဲလက်စ်ကိုး။ သူက တကယ် နတ်ဆိုးအရှင်သခင်အဆင့်ပဲ။ ပြီးတော့လည်း အမှောင်လမှာ ပုန်းကွယ်နေပြီးတော့ ပိုပြီးအစွမ်းထက်တဲ့ နတ်ဆိုးအရှင်သခင်အဆင့် ပုဂ္ဂိုလ်တွေ ရှိနေသေးတဲ့ပုံပဲ.....

အချိန်ခဏလေးနှင့် ကုန်သွားခဲ့သည်။ ညစာစားပြီး ခဏအကြာတွင် နန်းတော်က ကြိုဆိုကပွဲတစ်ခု ကျင်းပ၏။ 

ချန်လွေ့က ထိုကဲ့သို့ကိစ္စမျိုးကို သဘောမကျဆုံးဖြစ်သော်လည်း နတ်းဆိုဘုံရှိ အရေးအပါဆုံး ဘဏ္ဍာရေးအရာရှိ ဖြစ်သည့်အလျောက် စားသောက်ပွဲ၊ ကပွဲများ၌ သူ မရှိနေ၍ မရပေ။ ထို့ကြောင့် သူက အသီနာကို သူနှင့်အတူ ခေါ်သွားရမယ်။ ပြဿနာ ပိုမိုမဖြစ်စေရန်အတွက် ခီရာ သေချာပေါက် ပေါ်ထွက်လာမည် မဟုတ်ပေ။

ခီရာအပေါ် စီကာလီ၏ တပ်မက်မှုက ချန်လွေ့၏ စိတ်ထဲ၌ ပြင်းထန်သော ရန်လိုမှုကို ဖြစ်စေခဲ့သည်။ သူက ခရိုဘဲလက်စ်၏ သတိပေးချက်ကို လက်ခံပြီး နောက်ဆုတ်ခဲ့လျှင် အားလုံးကောင်းပေလိမ့်မည်။ အကယ်၍ သူက လက်မလျှော့ဘဲ နောက်ထပ် ရည်ရွယ်ချက်များ ရှိမည်ဆိုလျှင် ချန်လွေ့က သူ့ကို ချက်ချင်း သတ်ပစ်မည် ဖြစ်သည်။

အသီနာသည် ခီရာကိုယ်တိုင် ပုံစံဖော်ထားသော သန္တာကျောက်ရောင် ဂါဝန်နှင့် အနီရောင် ကျောက်မျက်ကို အခြေခံထားသော လက်ဝတ်ရတနာတစ်စုံ ဝတ်ဆင်ထား၏။ သူက ယုံကြည်ချက်နှင့် သူရတ္တိတို့နှင့်အတူ လှပကျော့ရှင်းနေသည်။ သူပေါ်ထွက်လာသောအခါ လူအများအပြား၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။

စီကာလီက အသီနာ၏ တရင်းတနှီး ပွေ့ဖက်ခြင်းကို ခံနေရသော ချန်လွေ့ကို ကြည့်လိုက်သည်။ သူ၏မျက်လုံးထဲ၌ ပုံမှန်မဟုတ်သော အမူအရာတစ်ခု လက်ခနဲ ဖြစ်သွားသည်။ ၎င်းမှာ မနာလိုခြင်းနှင့် ပိုတူနေသည်။ သို့သော်လည်း အသီနာသည် ခီရာ မဟုတ်ပေ။ အသီနာသည် အမှောင်လ၏ ဗိုလ်ခြေခေါင်းဆောင်တစ်ဦးနှင့် ငြိမ်ဝပ်ပိပြားရေး အရာရှိ ဖြစ်သည့်အတွင် သူ့အဖေဖြစ်သူ ဂျော့ချ်ဝေးလ်စ်ကလည်း အင်ပါယာ၏ ပထမဗိုလ်ချုပ် ဖြစ်သည်။ မှော်ဆရာခံတပ်မှာ ခိုင်မာတောင့်တင်း၏။ ၎င်းသည် ငှက်တောင်ဖြူနယ်မြေ၏ မြောက်ဘက်တွင် တည်ရှိသည်။ ၎င်းမှာ မြောက်ဘက်ရှိ သွေးရောင်နယ်မြေကို ကာကွယ်ပေးထားသည့် အင်အားအကြီးဆုံး အကာအရံလည်း ဖြစ်ပေသည်။ သူက ခီရာကို ရန်စနိုင်သောလည်း အသီနာကို ရန်မစရဲပေ။ ပြဿနာတစ်ခုခု ဖြစ်ခဲ့လျှင် ငှက်တောင်ဖြူနယ်မြေ တစ်ခုလုံးသည် ဗိုလ်ချုပ်‌ဂျော့ချ်၏ ဒေါသကို ခံနိုင်မည် မဟုတ်ပေ။

အသီနာ၏ ကျော့ရှင်းမှုနှင့် ယှဉ်လျှင် ဂါဝန်ဖြူဝတ်ထားသော ရှီရာသည် ရေခဲတောင်ထိပ်ပေါ်ရှိ နှင်းကြာပန်းသဖွယ် အေးစက်ပြီး မာနကြီးကာ လှပသော်လည်း ချဉ်းကပ်ရန် ခက်ခဲလေသည်။ ချစ်စရာကောင်းပြီး နှစ်သက်ဖွယ်ဖြစ်သော ညီမဖြစ်သူ အဲလစ်ဘေးနား၌ ရပ်နေသည့်အခါ နွေးထွေးမှုအနည်းငယ် ရှိနေဟန်တူသည်။

အစားအသောက်အပြည့်နှင့် စားပွဲအကြီးကြီးနားတွင် သီးခြားထိုင်နေသော မိန်းမလှ တစ်ယောက်လည်း ရှိသည်။ သူက ကပွဲ၌ တစ်ခုတည်းသော အဓိပ္ပာယ်ရှိသည့် အရာကဲ့သို့ပင် စားကောင်းသောက်ဖွယ်များကို အလွန်မြန်ဆန်စွာဖြင့် ပန်းကန်လိုက် မျိုချနေသည်။ ယခင်ညစာစားပြီးနောက် ဗိုက်မပြည့်သေးပုံရသည်။ အမှန်တကယ်၌ ထိုအချိန်ကလည်း သူသည် အများဆုံး စားခဲ့သည်။ ၎င်းမှာ မစ်-ဘက်တီ ဖြစ်သည်ကိုမူ ပြောစရာပင် လိုတော့မည် မဟုတ်ပေ။

အမှန်တကယ်၌ ပါလန်ဒို၏ ရုပ်ရည်မှာလည်း ကောင်းမွန်လှသည်။ သို့သော် သူ၏ အမူအကျင့်က များစွာနိမ့်ကျလှသည်။ သူက တစ်လောကလုံး၌ အလှပဆုံးနဲ့ အမြင့်မြတ်ဆုံး မိန်းမတစ်ယောက် ကဲ့သို့ပင် မောက်မာပြီး ယုံကြည်စိတ်ချနေလေသည်။

ကပွဲ စတင်လေပြီ။ လောကဝတ်ကြောင့် ရှီရာက စီကာလီ၏ ဖိတ်ခေါ်မှုကို လက်ခံပြီး ပထမဆုံး ကခဲ့သည်။ သို့သော် ရှီရာက အစကတည်းက ပြင်ဆင်ထားပြီးသား ဖြစ်သည်။ သူက တခမ်းတနားဖြစ်သော နန်းတွင်းအကဖြစ်သည့် နတ်ဆိုးဘုံ၏ မူလနန်းတွင်းအကကို ရွေးချယ်ခဲ့သည်။ ၎င်းသည် သံစဉ်တိုတိုလေးနှင့် အဆုံးသတ် သွားပြီးနောက် ကိစ္စ ပြီးသွားပြီ ဖြစ်သည်။

စီကာလီက ရှီရာကို ထပ်မံဖိတ်ခေါ်ရန် ပြင်လိုက်စဉ်က သူ့ကို အမှောင်လမှ အထက်တန်းလွှာအမျိုးသမီးအချို့ ဝိုင်းရံလိုက်ကြသည်။ အမှန်အတိုင်းပြောရလျှင် စီကာလီ၏ အသွင်အပြင်မှာ အတော်လေး ပြေပြစ်လှသည်။ သူက တော်ဝင်မိသားစုဝင်နှင့် လော့ဒ်တစ်ယောက်လည်း ဖြစ်သည်။ သူ့ကို ကပ်ဖားချင်သော အမျိုးသမီး အ‌တော်များများ ရှိလေသည်။

ချန်လွေ့ ပထမဆုံးကသည်မှာ အသီနာနှင့်ဖြစ်သည်။ သို့သော်လည်း ခဏအကြာ အသီနာက ဒုတိယ ဝေါ့လ်ဇ်အကကို သူ၏အကောင်းဆုံးသူငယ်ချင်း အဲလစ်အတွက် အခွင့်အရေးပေးလိုက်သည်။ ယခင်က အစ်ဇဘယ်လာ ကပွဲကိစ္စ ပြီးကတည်းက အဲလစ်သည် ချန်လွေ့နှင့်အတူ လူအများအရှေ့ ကပွဲ၌ ပထမဆုံး ကရခြင်း ဖြစ်သည်။ အိပ်မက် အမှန်တကယ် ဖြစ်လာသည်ဟု ပြော၍ရပေသည်။ အဲလစ်က စိတ်လှုပ်ရှားလျက် ရှက်နေလေသည်။

သို့သော်လည်း အဲလစ်က သိပ်ပြီး အရပ်မမြင့်ပေ။ သူတို့နှစ်ယောက် ဝေါ့လ်ဇ်အက ကသောအခါ အနည်းငယ် ထူးဆန်းနေ၏။ အဲလစ် စိတ်လှုပ်ရှားနေသည့်အပြင် ပူးပေါင်းဆောင်ရွက်မှုလည်း မရှိပေ။ သို့သော်လည်း အဲလစ်က အတော်လေး ကျေနပ်နေသည်။

ရှီရာက ညီမဖြစ်သူနှင့် အဲလစ်တို့ နီးနီးကပ်ကပ် ကနေသည်ကို ကြည့်ရင်း စိတ်ထဲ၌ ဖော်ပြ၍မရသော ခံစားချက်တစ်ခု ခံစားလိုက်မိသည်။ သို့သော်လည်း အဲလစ်က သူ့ကို ပျော်ရွှင်စွာဖြင့် လက်ပြနေသည်ကို မြင်သည့်အခါ သူ၏အကြည့် ပျော့ပြောင်း သွားပြန်သည်။

နှစ်ခေါက်ကပြီးနောက် ချန်လွေ့က တွယ်ကပ်နေသော လိုလီလေးကို ဖယ်လိုက်နိုင်သည်။ သူက ရှီရာထံ ရောက်လာပြီး ညင်သာစွာ လက်ဆန့်တန်း လိုက်သည်။

“အရှင်မနဲ့ ကခွင့်ရနိုင်မလား။”

ရှီရာကို ကရန်ဖိတ်ခေါ်သူမှာ ချန်လွေ့ ပထမဆုံး မဟုတ်ပေ။ စီကာလီနှင့်အတူ ပထမဆုံးအကြိမ် ကပြီးနောက် စီကာလီအပါအဝင် ငှက်တော်ဖြူနယ်မြေမှ တော်ဝင်မိသားစုဝင်များက လာရောက်ဖိတ်ခေါ်ကြသည်။ သို့သော်လည်း သူတို့သည် ခြွင်းချက်မရှိ အငြင်းခံခဲ့ရသည်။ အမှောင်လဘက်မှ အားလုံးက ထိုလော့ဒ်၏ စိတ်နေသဘောထားကို သိကြသည်။ ထို့ကြောင့် ဆာ-ဘဏ္ဍာရေးအရာရှိ အပေါ်လာခင် အထိ မည်သူမှ အရှက်မကွဲချင်ကြပေ။

ရှီရာ၏မျက်လုံးထဲ၌ ချန်လွေ့၏ ထိုအမူအရာမှာ အတော်လေး ရင်းနှီးနေ၏။ နန်းတော်၏ မြေအောက်လျို့ဝှက်ခန်းနှင့် ကောင်စီခန်းမ၌ပင် သူတို့နှစ်ယောက် အကြိမ်ပေါင်းများစွာ ကခဲ့ကြသည်။ သူက အေးစက်စက်နှင့် ငြင်းပယ်ရန် ပြင်လိုက်စဉ် အားလုံး၏ အံ့အားသင့်နေသော အကြည့်အောက်တွင် သူ၏လက်ကို ကမ်းလိုက်မိသည်။

ဂီတသံများကြားထဲ၌ ဂါဝန်ဖြူနှင့် မင်းသမီးနှင့် ဝတ်စုံနက်အမျိုးသားတို့က ကျက်သရေရှိစွာ စတင်ကတော့သည်။ သူတို့က ချက်ချင်းပင် ပရိသတ်၏ အာရုံစိုက်စရာ ဖြစ်သွားခဲ့သည်။ ကျော့ရှင်းသော အကဟန်ဖြစ်စေ၊ အချင်းချင်း နားလည်မှုဖြစ်စေ၊ အားလုံးကို လွှမ်းမိုးနေ၏။ လူအတော်များများက မကတော့ဘဲ သူတို့၏လှုပ်ရှားမှုများကို ကြည့်နေကြတော့သည်။

“အစ်မ ကတာ တော်တော်လေး လှတာပဲ။” လိုလီလေး၏ မျက်လုံးဝိုင်းဝိုင်းက လေးစားအားကျးမှုများနှင့် ရွှန်းလဲ့နေ၏။ “နောက်ရက်ကျရင် အစ်မဆီကနေ အက သင်ရမယ်။”

အသီနာက နှုတ်ခမ်းစူလိုက်သည်။ ရှီရာ ကသည်မှာ သူ့ထက် များစွာ သာလွန် နေသည်ကို သူဝန်ခံရပေမည်။ ဟွန့်။ သူက အဲဒီကောင်နဲ့ နေ့တိုင်း လေ့ကျင့်နေတာလား။

သို့သော်လည်း အသီနာမှလွဲ၍ အများစုမှာ ၎င်းသည် သူတို့၏ ပုံမှန်လေ့ကျင့်ခြင်းကြောင့် ဖြစ်ကြောင်း မသိကြပေ။ ရှီရာ၏ ပါရမီ ထူးချွန်သည်ဟုသာ သူတို့ ထင်ကြသည်။ တော်ဝင်မင်းသမီးရှီရာသည် မည်သည့် ယောက်ျားကိုမှ မျက်နှာသာ မပေးတတ်သော ရေခဲတုံး မိန်းမလှအဖြစ် လူသိများ၏။ သူ့ကို ရန်စသော မည်သူမဆို သေခြင်းဖြင့်သာ အဆုံးသတ်ရလေသည်။

စီကာလီ၏မျက်လုံးထဲရှိ မနာလိုမှုက ပို၍ပင် ပြင်းထန်သွား၏။ သူ စိတ်ထဲ၌ တွေးလိုက်သည်။ ချန်လွေ့က ရှီရာကို ပိုးပန်းနေတဲ့ သူတွေထဲက ဖြစ်ရမယ်။ ပြီးတော့ ရှီရာက ဒါကို သတိထားမိတယ်။ အဲဒါကြောင့် သူက ဒီပါရမီထူးချွန်တဲ့လူသားကို မြဲမြဲမြံမြံ ထိန်းချုပ်ဖို့အတွက် သူ့ရဲ့အလှအပကို အသုံးချခဲ့တယ်။ ခီရာအပေါ် ဒီလူသားရဲ့ အပြုအမူကို ကြည့်မယ်ဆိုရင် သူက မိန်းမတွေအပေါ်မှာ ပိုင်ဆိုင်ချင်စိတ် ပြင်းထန်တာကို မြင်နိုင်တယ်။ ဒါက အတော်လေး အရေးကြီးတဲ့ အဖြေတစ်ခု ဖြစ်နိုင်တယ်။

စီကာလီက ညီမဖြစ်သူထံ လမ်းလျှောက်သွားပြီး တိုးတိုးလေး ပြောလိုက်သည်။ ပါလန်ဒိုက မကျေမနပ်ဖြင့် သရော်ပြုံးပြုံးလိုက်သော်လည်း နောက်ဆုံးတွင် ခေါင်းညိတ်လိုက်၏။

နောက်ဆုံး၌ အက ပြီးသွားခဲ့သည်။ ရှီရာက ချန်လွေ့၏ ဒုတိယအကြိမ် တောင်းဆိုမှုကို လျစ်လျူရှုပြီး ထိုင်ခုံဆီ တည့်တည့် ပြန်သွားလိုက်သည်။ အချို့က ချက်ချင်း စုဝေးလာကြပြီး ချန်လွေ့၏ ဖိတ်ခေါ်မှုကို အတုခိုးကြသည်။ သို့သော်လည်း သူတို့အားလုံး အငြင်းခံခဲ့ရလေသည်...

ချန်လွေ့က အသီနာှင့် အဲလစ်တို့ထံ သွားရန်ပြင်လိုက်စဉ် လူတစ်ယောက်က သူ့အရှေ့၌ ရုတ်တရပ် တားလိုက်သည်။ ထိုသူမှာ ငှက်တောင်ဖြူနယ်မြေလော့ဒ်၏ ညီမဖြစ်သူ ပါလန်ဒိုပင် ဖြစ်၏။

“ချန်လွေ့။ ရှင်ကျွန်မကို ကဖို့ မဖိတ်ဘူးလား။” ပါလန်ဒိုက အနည်းငယ် ဟန်များသော ပုံစံဖြင့် ပြုံးလိုက်သည်။

ချန်လွေ့ မျက်မှောင်ကြုတ်လိုက်၏။ “စိတ်မကောင်းပါဘူး။ မစ်-ပါလန်ဒို။ ကျုပ် အတော်လေး ပင်ပန်းနေပြီ။ ကျုပ် အနားယူချင်တယ်။”

“ကောင်းပြီ။ ကျွန်မ ရှင်နဲ့အတူ နားမယ်။” ပါလန်ဒိုက သူ့ကို အမှန်တကယ် တွယ်ကပ်နေပုံရသည်။

“မစ်-ပါလန်ဒို။ စိတ်မကောင်းပါဘူး။ ကျုပ်က တစ်ယောက်တည်း နေချင်လို့ပါ။ မင်းနဲ့ကဖို့ စောင့်နေတဲ့သူတွေကို စိတ်မပျက်စေချင်ဘူးမလား။” ချန်လွေ့က ခေါင်းစောင်းပြီး မျက်လုံးချင်းကြည့်နေကြသော ယောက်ျားများဘက်သို့ လှည့်လိုက်သည်။

“သူတို့တွေလား။” ပါလန်ဒိုက ရွံရှာဟန်ပြသလိုက်သည်။ သို့သော်လည်း ချန်လွေ့ဘက်သို့ လှည့်လိုက်သောအခါ ရွှင်ပျသော အမူအရာသို့ ပြောင်းလဲလိုက်သည်။ “သူတို့က အာဏာရှိတဲ့သူတွေကို ကပ်ဖားကြးတဲ့ မပြည့်ဝတဲ့သူတွေပဲ။ ကျွန်မက သူတို့လို အာနည်းတဲ့သူတွေကို သဘောမကျဘူး။”

“ကျုပ်လည်း အားနည်းတဲ့သူပဲ။ အခု ကျုပ်ကို ဘယ်အမြင့်ဆင့်နတ်ဆိုးမဆို အလဲထိုးနိုင်တယ်။” ချန်လွေ့ အသာလေး ပြောလိုက်သည်။ သူ ထွက်သွားရန် ပြင်လိုက်သော်လည်း ပါလန်ဒိုက တားလိုက်ပြန်သည်။

“ရှင်က တိုက်ခိုက်တာ မတော်ဘူး။ ဒါပေမဲ့ တခြားအပိုင်းမှာတော့ ရှင်က ထိုက်တန်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ။ ရှင်မရှိရင် အမှောင်လရဲ့စီးပွားရေးက အခုလက်ရှိ ဖွံ့ဖြိုးမှုနဲ့ အရည်အသွေးပြောင်းလဲမှုမျိုး ဖြစ်လာဖို့ လုံးဝမဖြစ်နိုင်ဘူး။ နတ်ဆိုးဘုံရဲ့ ထိပ်တန်း အတွင်းရေးဝန်ကြီးဆိုတဲ့ ဂုဏ်သတင်းက အလကားသက်သက် မဟုတ်ဘူး။ ဘယ်ပဲသွားသွား၊ ရှင်က တန်ဖိုးအရှိဆုံး လူတော်တစ်ယောက် ဖြစ်နေမှာပဲ။” ပါလန်ဒိုက မောက်မာဟန်တူသော်လည်း စကားပြောကောင်းပေသည်။ “ဒါပေမဲ့ အမှောင်လက အကန့်အသတ်ကို ရောက်နေပြီ။ ရှင့်အနေနဲ့ နောက်ထပ် ပတ်ဝန်းကျင်တစ်ခုကို ပြောင်းလဲရင် ရှင့်အစွမ်းအစကို ပိုထုတ်ပြနိုင်မယ်လို့ မထင်ဘူးလား။ ရှင့်ကို ရှီရာ ပေးနိုင်တာ ကျွန်မတို့ ပေးနိုင်တယ်။ ရှီရာ မပေးနိုင်တာလည်း ကျွန်မတို့ ပေးနိုင်တယ်..”

စကားပြောနေရင်း ပါလန်ဒို၏အနည်းငယ် ပိုနီးကပ်လာသည်။ ချန်လွေ့က နောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်သည်။ “မစ်-ပါလန်ဒို အထင်လွဲနေတာ ထင်တယ်။ မင်းရဲ့ စေတနာအတွက် ကျေးဇူတင်ပါတယ်။ ဒါပေမဲ့ ကျုပ်က နေရာ မပြောင်းချင်ဘူး။ ”

ပါလန်ဒို လက်မလျှော့သေးပေ။ သူက အသာလေး ခါးကိုင်းလိုက်ရာ သူ၏ ရင်ဘတ်မှ ကွဲကြောင်းတစ်ခု ချက်ချင်း ပေါ်ထွက်လာသည်။ သူက ညုတုတုလေသံဖြင့် ပြောလိုက်သည်။ “ရှင့်ရဲ့ဉာဏ်နဲ့ ရှီရာက ရှင့်ရဲ့တန်ဖိုးကို တစ်ဆင့်ချင်း ချယ်လှယ်နေတယ် ဆိုတာကို မသိဘူးလား။ ကျွန်မက အဲလိုမဟုတ်ဘူး။ ကျွန်မရှင့်ကို အနှစ်ကျတာတစ်ခုခု ပေးနိုင်တယ်။ ဒါမှမဟုတ် ရှင့်ကို ကြိုပြီးတော့လည်း ပေးနိုင်တယ်...”

ချန်လွေ့က စိတ်ထဲ၌ သရော်ပြုံးပြုံးလိုက်သည်။ သို့သော်လည်း အပေါ်ယံ၌ သူက ပုံမှန်အတိုင်းပင် ဖြစ်သည်။ “ဒီစကားတွေကို မကြားခဲ့ဘူးလို့ပဲ ဟန်ဆောင်နေလိုက်မယ်။ ခွင့်ပြုပါဦး။ ကျုပ် အနားယူလိုက်ဦးမယ်။”

“မခံစားတတ်တဲ့သူပဲ။” ပါလန်ဒို၏မျက်နှာ မည်းမှောင်သွား၏။ “ရှင်က ခီရာဆိုတဲ့ ကောင်မစုတ်ကြောင့် ရူးသွားတာပဲဖြစ်ရမယ်။ ဟွန့်။ ကျွန်မရှင့်ကို ပြောလိုက်မယ်။ ကျွန်မက သွေးရောင်အင်ပါယာရဲ့ သံလက်သီးနယ်မြေလော့ဒ်နဲ့ လက်ထပ်တော့မှာ။ အဲဒီအချိန်ကျရင် အဲဒီကောင်မစုတ်ကို လက်ဖွဲ့အနေနဲ့ မြို့တော်ဆီကနေတောင်းပြီးတော့ သူ့ကို သံလက်သီးနယ်မြေဆီ ခေါ်သွားမယ်။ ပြီးရင် သူ့ကို ယောက်ျားတွေအများကြီးရဲ့ ကစားစရာလုပ်ခိုင်းပြီးတော့ ရှင်ရက်နဲ့သေအောင် လုပ်မယ်။ ဒါက အင်ပါယာနှစ်ခုကြားက အရေးပါတဲ့ နိုင်ငံရေးလက်ထပ်မှုတစ်ခုပဲ။ ရှီရာတောင် ဒါကို ကန့်ကွက်ရဲမှာ မဟုတ်ဘူး။”

ချန်လွေ့က ပါလန်ဒိုသည် ဤမျှကောက်ကျစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူ၏ စိတ်ထဲ၌ ပြင်းထန်သော သတ်ဖြတ်ချင်စိတ်တစ်ခု လှိမ့်တက်လာသည်။ သူက နည်းဗျူဟာ ယှဉ်ပြိုင်၌ ရှုံးနိမ့်ခဲ့လျှင် လက်ခံနိုင်ပေသည်။ သို့သော်လည်း သူ၏မိန်းမကို ထိခြင်းသည် သူ၏စနက်ကို ထိလိုက်ခြင်းပင် ဖြစ်သည်။ ပါလန်ဒို၏ ရည်ရွယ်ချက်က မည်သို့ပင် ဖြစ်စေကာမူ သူသည် သတ်ရန်စာရင်းထဲ ပါဝင်သွားလေပြီ။

ပါလန်ဒို၏ ကောက်ကျစ်သောအကြည့်ကို မြင်ပြီးနောက် ချန်လွေ့က ပင့်သက်ရှိုက်ကာ စိတ်ကိုတည်တည်ငြိမ်ငြိမ် ထားလိုက်သည်။ ထို့နောက် အေးစက်စက် ပြောလိုက်တယ်။ “တကယ်လား။ ဒါဆို ကျုပ် အမှောင်လမှာ နေလို့ မဖြစ်တော့ဘူး။ ကျုပ် မြို့တော်ကို သွားပြီးတော့ ရီဂျန့်ဆီမှာ အလုပ်အကျွေးပြုရမယ်။ ဒါမှမဟုတ် သွေးရောင် အင်ပါယာဆီက မဟာရိုင်ဇန်ဆီကို သွားရမယ်။ သစ္စာခံဖို့အတွက် မင်းကို အန္တရာယ် အများဆုံး နယ်စပ်မှာ ဒါမှမဟုတ် မိုင်းတွင်းဆီကို အနိမ့်ကျဆုံး ပြည့်တန်ဆာမ အနေနဲ့ ပို့ဖို့ တောင်းဆိုမယ်။ နယ်စပ်မှာနေတဲ့သူတွေအများစုက နယ်နှင်ဒဏ်ခံထားရတဲ့ အကျဉ်းသားတွေပဲ။ သူတို့က ‌ရေမချိုးရတာ အများဆုံး ၃လလောက်ရှိပြီ။ အနံ့နဲ့ဆိုရင် မင်းအတွက် ပျော်ရွှင်ခံစားဖို့ လုံလောက်တယ် မင်း မိလ္လာအညစ်အကြေးတွေကို သောက်ရမယ်။ ခြောက်ကပ်ပြီး မာကြောတဲ့ မှိုတွေနဲ့ ပေါင်မုန့်ကို စားရမယ်။ သူတို့တွေ မိန်းမ မထိဖူးတာ တော်တော်ကြာပြီ။ မင်း “အကောင်းဆုံး” အပြုအစု ခံရမယ်ဆိုတာ ယုံကြည်တယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့။ မင်းလိုမျိုး မိန်းမလှက နာမည်အကြီးဆုံးပဲ။ သူတို့က ပုံမှန်အတိုင်း တစ်ပွဲတိုး လုပ်မှာ မဟုတ်ဘူး။ သူတို့က မင်းကို ဖြည်းဖြည်းချင်း မြည်းကြည့်မှာ....”

ချန်လွေ့ ပို၍တည်ငြိမ်စွာ ပြုံးနေသည့်အချိန် ပါလန်ဒို၏မျက်နှာ ဖြူဖျော့သွား၏။ ချန်လွေ့က ပါလန်ဒိုနားသို့ ချဉ်းကပ်ပြီး ကြင်နာဟန်ဆောင်လိုက်သည်။ “ငါ့ရဲ့ စွမ်းရည်နဲ့ ပြတ်သားမှုကို သံသယမဝင်နဲ့။ မင်းက ခန္ဓာကိုယ်ကို သစ္စာဖောက်ပြီးနောက် နိုင်ငံရေး အတွက် သံလက်သီးနယ်မြေကို လက်ဆက်ခဲ့တဲ့ ပြည့်တန်ဆာမ တစ်ယောက်ပဲ။ ဒါတောင် မင်းက ကိုယ့်ကိုယ်ကိုယ် မှန်သလို ထင်နေသေးတယ်။ ရှင်းရှင်းပြောရရင်တော့ မင်းက အချိန်မရွေး အစားထိုးခံရနိုင်တဲ့ နယ်ရုပ်ုတစ်ရုပ်ပဲ။ အဲဒါကို မင်းကိုယ်တိုင် ပြောခဲ့တာ။ ငါက နတ်ဆိုးဘုံရဲ့ ထိပ်တန်း အတွင်းရေးဝန်ကြီးပဲ။ ငါ ဘယ်ကိုပဲသွားသွား၊ တန်ဖိုးအရှိဆုံးသူ ဖြစ်လာမှာ။ မင်းက လူအများကြီးအတွက် ပြည့်တန်ဆာမ ဖြစ်ချင်တယ် ဆိုရင်တော့ စမ်းကြည့်ပေါ့။”

ပါလန်ဒို၏ ခန္ဓာကိုယ် ကြက်သီးထသွားပြီးနာက် ချန်လွေ့အပေါ် သူ၏အကြည့်တွင် ကြောက်ရွံ့မှုများ ပြည့်နှက်သွားသည်။ “ရှင်...ရှင်...လူယုတ်မာ။”

“ငါက စွမ်းအားမဲ့တဲ့ လူသားတစ်ယောက်ပါ။ “ယုတ်မာတယ်”ဆိုတဲ့ စကားလုံးကို မင်းလိုမျိုး ကိုယ့်ကိုယ်ကိုယ် အမှန်ထင်နေပြီးသော ရက်စက်တဲ့ မိန်းမမျိုးကိုပဲ ပေးသင့်တာ။” ချန်လွေ့က ကြင်နာစွာ ပြုံးလိုက်သည်။ “မင်း ရှင်ရက်နဲ့ သေဖို့ စီစဉ်ထားရင်တော့ ငါ့ကို လာရန်စကြည့်။ ငါ အာမခံတယ်။ သူတို့က မင်းကို ချက်ချင်း သတ်ပစ်မှာ မဟုတ်ဘူး။ ဖြည်းဖြည်းချင်း မင်းကို မြည်းကြည့်မှာ။”

ထိုအပြုံးကို မြင်သည့်အခါ ပါလန်ဒိုက ငရဲချောက်နက်မှ ရက်စက်သော သရဲတစ်ကောင်ကို မြင်လိုက်ရသလိုမျိုး ခံစားလိုက်ရသည်။ သူ ရုတ်တရက် သိမ့်သိမ့်တုန် သွားပြီး စကားတစ်လုံးမှပင် မပြောရဲတော့ပေ။

ချန်လွေ့က မိမိ၏ကော်လာကို ဆန့်လိုက်ပြီး “ထိုသို့လာရန်” အဝေးမှ လက်ပြနေသော လိုလီလေးကို ငေးကြည့်ကာ အမြန်သွားလိုက်သည်။ ထိုအချိန်၌ ပါလန်ဒိုက သူ့ကို မတားဆီးရဲတော့ပေ။ သူက ထိုနေရာ၌ တိတ်တိတ်လေး ရပ်နေပြီး “လူယုတ်မာ”ကို ထပ်မကြည့်ရဲတော့ပေ။

All Chapters