← Chapters

အကျပ်ကိုင်ခြင်း

Vol. 32 Ch. 475

အကျပ်ကိုင်ခြင်း

Vol. 32 Ch. 475

အဲလစ်နှင့် အသီနာတို့ဘက် ရောက်လာပြီးနောက် လိုလီလေးက မပျော်မရွှင်နှင့် ပြောလိုက်သည်။ “ဒီလောက် ပျော်နေရအောင် အဲဒီရွံစရာမိန်းမနဲ့ နင် ဘာတွေ ပြောနေတာလဲ။”

“ပျော်နေတယ်လား။ မဟုတ်ပါဘူး။ ငါသူ့ကို ခြိမ်းခြောက်နေတာ။”

အသီနာက အဝေးမှ ပါလန်ဒိုကို လှမ်းကြည့်လိုက်သည်။ “အမှန်ပဲ။ သူက တော်တော်လေး ကြောက်နေတဲ့ပုံ....”

ရန်သူ၏မျက်နှာကို မြင်သည့်အခါ အဲလစ်က မပြုံးဘဲ မနေနိုင်တော့ပေ။ သူက ခပ်မြန်မြန် မေးလိုက်၏။ “ဘယ်လို ခြိမ်းခြောက်လိုက်တာလဲ။”

ချန်လွေ့ အသာလေး ပြုံးလိုက်သည်။ “မင်းသမီးလေးကို ပြဿနာ မရှာဖို့ သူ့ကို ပြောလိုက်တာပါ။ မဟုတ်ရင် သူ့ကို ကြွက်အကြီးကြီးဆီ ကျွေးပစ်မယ်လို့။ အဲဒါနဲ့ သူ ကြောက်သွားတာ။”

“အစ်ကိုက အမှန်အတိုင်း မပြောဘူးပဲ။ ဒါပေမဲ့ နောက်ဆုံးတော့ ပါလန်ဒိုက ကြောက်သွားတယ်။” အဲလစ်၏မျက်လုံးများ ‌တောက်ပသွားပြီး ကျီစယ်သည့်သဘောဖြင့် ပြုံးလိုက်သည်။ “တကယ့်တော့ နင့်ရဲ့ ကြွက်ကြီး ကို သက်သက်အလာကား ဖြစ်စေဖို့ မလိုပါဘူး။ အချိန်ကို တွက်ကြည့်ရရင်တော့ သိပ်မကြာခင် လာတော့မယ်။ အမ်း... ငါတို့ နေရာက အန္တရာယ်မကင်းဘူး။ ဒီကနေ ဝေးဝေးသွားပြီးတော့ အစ်မ ခရိုဘဲလက်စ်ဆီကို သွားကြမယ်။”

လိုလီလေး၏ စကားများက ချန်လွေ့ကို အနည်းငယ် စိတ်ရှုပ်သွားစေသည်။ သူက အဲလစ်နှင့် အသီနာတို့နှင့်အတူ ခရိုဘဲလက်စ်ရှိရာ စားပွဲသို့ လိုက်သွားခဲ့သည်။

ထိုအချိန်၌ အမျိုးသားအများအပြားက ပါလန်ဒိုကို ကရန် လာရောက် ဖိတ်ခေါ်ကြသည်။ ပါလန်ဒိုလည်း နောက်ဆုံး၌ စိတ်ကိုတည်ငြိမ်အောင် ပြုလုပ်နိုင် သွားသည်။ သူက အားတင်းပြုံးပြီး လက်ခံသူရန် ပြင်လိုက်စဉ် ရုတ်တရက် လွန်ကဲသော အသံတစ်သံ ထွက်ပေါ်လာကာ ဂီတသံကိုပင် ဖုံးလွှမ်းသွားခဲ့သည်။ ထိုအသံသည် သူ၏ တင်ပါးမှ ထွက်လာဟန်တူသည်။

ထိုကဲ့သို့ ကျယ်လောင်လှသော..အသံက ထိုကဲ့သို့ အထက်တန်း အမျိုးသမီးထံမှ ထွက်လာသည်မှာ စိတ်ကူးကြည့်ရ ခက်ခဲပေသည်။ သူက တမင်တကာ ထုတ်လုပ် နေတာလား....

ပါလန်ဒို အနီးအနားရှိ အမျိုးသားများ တပြိုင်နက်တည်း မျက်မှောင်ကြုတ်သွား၏။ ပါလန်ဒို၏ မျက်နှာလည်း တမုဟုတ်ချင်း နီရဲသွားပြီးနောက် နောက်ထပ်အသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံမှာ ပိုတိုးသော်လည်း အရည်အသွေး ပိုမြင့်၏။ အမျိုးသားများက နောက်ဆုံး၌ သည်းမခံနိုင်တော့ဘဲ နှာခေါင်းပိတ်လိုက်သည်။ ပါလန်ဒို ကိုယ်တိုင်လည်း ဆိုးဝါးလှသောအနံ့ကြောင့် သတိလုမတတ် ဖြစ်သွားခဲ့သည်။ သူက လက်ကိုင်ပဝါကို အမြန်ထုတ်ပြီး နှာခေါင်းကို တင်းတင်းကြပ်ကြပ် ပိတ်ထားလိုက်သည်။

ပတ်ပတ်လည်မှ ထူးဆန်းသော အကြည့်များကို မြင်ပြီးနောက် ပါလန်ဒို၏မျက်နှာ နီရဲသွားခဲ့သည်။ သို့သော်လည်း သူ မတတ်နိုင်သည်။ သူက စက်သေနတ်သဖွယ် “မထိန်းချုပ်ထားသော” အသံများ အဆက်မပြတ် ထုတ်လွှတ်နေတော့သည်။

အမျိုးသားများက ဆိုးဝါးလှသော အနံ့ကို မခံနိုင်တော့ဘဲ နောက်ဆုတ်သွားကြ၏။ ပါလန်ဒိုကလည်း လူတိုင်းအရှေ့တွင် အရှက်ကွဲလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ သူက အလွန်ပင် ရှက်သွားကာ ဒေါသထွက်နေပြီး တွင်းတူးကာ ပုန်းနေချင်တော့သည်။ သူက မျက်နှာကို ဖုံးထားပြီး ခန်းမတစ်လျှောက် ပြေးသွားကာ မထိန်းချုပ်ထားသော ပေါက်ကွဲသံများအား လမ်းတစ်လျှောက် ချန်ရစ်ခဲ့လေသည်။ ၎င်းကြောင့် လူအတော်များများက နှာခေါင်းပိတ်လိုက်ကြသည်။

ချန်လွေ့လည်း ၎င်းကို မြင်သည့်အခါ ကြက်သေသေသွားခဲ့သည်။ အပင်ပြပွဲ၌ လိုလီလေး ဝယ်ခဲ့သော သန္ဓေပြောင်း လာလာအာလူး အမှုန့်များကို ချန်လွေ့ ရုတ်တရက် သတိရလိုက်ပြီး ချွေးစေးများကို သုတ်လိုက်မိသည်။ ....သူက အရင်တုန်းကလိုမျိုး စိတ်နှလုံးမကောင်းတဲ့ လိုလီလေး ဖြစ်နေသေးတာ သံသယ ဖြစ်စရာမရှိဘူး။-

လာလာအာလူး အမှုန့်ကို စားစရာထဲ၌ ထည့်ထားလျှင် အဆက်မပြတ် လေလည်အောင် ပြုလုပ်နိုင်ပေသည်။ လိုလီလေးက ၎င်းကို ညစာစားပွဲအတွင်း အသုံးပြုခဲ့ပုံရသည်။ သူ မည်ကဲ့သို့ ပြုလုပ်ခဲ့သည်ကို ချန်လွေ့ မသိပေ။ သို့သော်လည်း ယခုတစ်ခေါက်၌ ချန်လွေ့က လိုလီလေး၏ ချဉ်းကပ်ပုံကို လုံးဝ ထောက်ခံသည်။ ပါလန်ဒိုက အပေါ်ယံမှာတော့ ချေငံပေမဲ့ အတွင်းထဲမှာတော့ အဆိပ်ပြင်းတယ်။ သူ အရှက်ကွဲတာကို ကြည့်ရတာ ကျေးဇူးတင်စရာပဲ။

၎င်းကိုမြင်သည့်အခါ စီကာလီက အနီးအနားရှိ အထက်တန်းလွှာများနှင့် အေးအေးဆေးဆေး စကားဆက်ပြောနေဆဲ ဖြစ်သည်။ သို့သော် သူ၏နှလုံးသားထဲ၌ လေးလံနေ၏။ ငါက ဒီလူသားကို စမ်းသပ်ဖို့အတွက် ငါ့ညီမ လွှတ်ခဲ့တယ်။ ဒါပေမဲ့ သူက ဒီလိုမျိုး နားမလည်နိုင်လောက်တဲ့ လှည့်ကွက်မျိုးနဲ့ ကြုံတွေ့ခဲ့ရတယ်။ ဒါက သေချာပေါက် သတိပေးချက်တစ်ခုပဲ။ ရှီရာက ငါထက်ထားတာထက်ကို ပိုပြီးတော့ ကိုင်တွယ်ရ ခက်ခဲတဲ့ပုံပဲ။

မတော်တဆ အနည်းငယ်ဖြစ်နေပြီး မစ်-ပါလန်ဒိုက ခန်းမထဲမှ “နေမကောင်း”ဘဲ ထွက်သွားသော်လည်း စားသောက်ပွဲကို ဆက်လက်ကျင်းပခဲ့သည်။ အနံ့ဆိုး ခံခဲ့ရသော သူများအပါအဝင် လူတိုင်းက ဘာမှမဖြစ်ခဲ့သလိုပင် နေနေလိုက်ကြသည်။

ပါလန်ဒိုက ငှက်တောင်ဖြူနယ်မြေ လော့ဒ်၏ အငယ်ဆုံး ညီမ ဖြစ်သည်။ မည်သူမှ လော့ဒ်ကို အာခံချင်သည် မဟုတ်ပေ။ ထို့ပြင် ထိုအဖြစ်အပျက်မှာ လော့ဒ်တစ်ယောက် ယှဉ်ပြိုင်ခြင်းနှင့် ပတ်သက်နေနိုင်သည်။ ထို့ကြောင့် ပညာတတ်ပြီး ဂုဏ်သရေရှိသော အထက်တန်းလွှာများက မည်သူမှ မဖြစ်သလိုမျိုးပင် နေနေလိုက်ကြသည်။ သို့သော် သူတို့၏ အတွေးများမှာတော့ လုံးဝ ကွဲပြားနေသည်။

အမှန်တကယ်၌ စီကာလီအပါအဝင် ထိုလူများက ရိုးရှင်းသော ပြဿနာ တစ်ခုကို ရှုပ်ထွေးအောင် ပြုလုပ်လိုက်ကြခြင်း ဖြစ်သည်။ အမှန်တကယ်၌ ၎င်းမှာ စိတ်နှလုံးမကောင်းသော လိုလီလေး၏ စနောက်ခြင်းသာ ဖြစ်၏။

ခရိုဘဲလက်စ် အရှေ့၌ ပန်းကန်လွတ် အမြောက်အမြား ပုံနေပြီ ဖြစ်သည်။ မစ်-မြနဂါး၏ အသွင်အပြင်ကြောင် လူအတော်များများက သူက လာရောက်ဖိတ်ကြသည်။ သို့သော်လည်း ခရိုဘဲလက်စ်၏ အစားကြီးမှုကြောင့် ကြောက်ရွံ့သွားကြသူများ ရှိသလို သူတို့၏ ပိုင်ဆိုင်မှုများ လုယက်ခံလိုက်ရသူများလည်း ရှိကြသည်။ ထို့ကြောင့် အန္တရာယ်များသော ထိုနေရာသို့ မည်သူမှ မသွားရဲတော့ပေ။

ချန်လွေ့က မစ်-မြနဂါးနှင့် အခြားသူများနှင့် စကားပြောနေစဉ် အစောင့် တစ်ယောက် ရောက်လာပြီး ချန်လွေ့ကို စာတစ်စောင် ကမ်းပေးသည်။ ချန်လွေ့က ၎င်းကို ဖွင့်ပြီး ဖတ်ကြည့်လိုက်သည်။ ၎င်းတွင် ရေးထားသည်မှာ “အရေးကြီးသတင်း။ ဘေးခန်းမကို လာခဲ့။”

ထိုစာတွင် အမှောင်နတ်ဆိုး၏ အမှတ်အသားဖြင့် တံဆိပ်ထုထားသည်။ ချန်လွေ့က အရေးပေါ်တစ်ခု ဖြစ်နေကြောင်း သိလိုက်ပြီး အသီနာနှင့် အခြားသူများကို အလျင်အမြန် သတိပေးလိုက်သည်။ ထို့နောက် သူက မနီးမဝေးမှ ဘေးခန်းမသို့ ရောက်လာခဲ့သည်။

ဘေးခန်းမ၌ အညိုရောင် ဆံပင်အတွန့်နှင့် မျက်နှာကို အနက်ရောင် မျက်နှာလွှားဖြင့် ဖုံးလွှမ်းထားသော အမျိုးသမီး တစ်ယောက်သာ ရှိသည်။ ထိုသူမှာ အမှောင်နတ်ဆိုး ခေါင်းဆောင်နှင့် အမှောင်လ၏ လျို့ဝှက်သတင်းချက်အလက် ဦးစီး ဖြစ်သော အစ်ဇဘယ်လာပင် ဖြစ်လေသည်။

ယနေ့တွင် မစ်-ရင်းနီက ပုံမှန်အတိုင်း တင်းတင်းကြပ်ကြပ် မဝတ်ထားခဲ့ဘဲ ကပွဲ၌ ပါဝင်မည့်သဖွယ် တင့်တင့်တယ်တယ် ဝတ်စားထား၏။ သူက အနက်ရောင် ပိုးတဘက်နှင့် အပြာရောင် ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး မို့မောက်နေသော ရင်နှစ်မွှာ အကြား၌ နက်ရှိုင်းသော မြောင်းတစ်ခုကို ပြသနေလေသည်။ သူ၏ အထက်တန်းကျသော စိတ်နေသဘောထားက လူအများက စိတ်ထိန်းချုပ်၍မရအောင် ဆွဲဆောင်နေလေသည်။

မစ်-ရင်းနီကို ရင်ဆိုင်ရသည့်အခါ လိပ်ပြာမလုံသော်လည်း ချန်လွေ့က အရေးကြီး ကိစ္စ ဖြစ်နေကြာင်း သိသည်။ ထို့ကြောင့် သူက ကိုယ့်ကိုယ်ကိုယ် ဖိအားပေးကာ ဝင်သွားလိုက်သည်။ သူဝင်လိုက်စဉ် ဘေးခန်းမတံခါး အလိုလို ပိတ်သွားခဲ့သည်။ ၎င်းမှာ လျို့ဝှက်ချက်ကို ထိန်းသိမ်းရန်အတွက် သာမန်နည်းလမ်းတစ်ခု ဖြစ်သော်လည်း အကြောင်းတစ်ခုခုကြောင့် တစ်စုံတစ်ယောက်ကို စိုးရိမ်သွားစေသည်။

ထိုတင်းမာမှုကို ပြေလျော့စေရန်အတွက် ချန်လွေ့ ချက်ချင်းပြောလိုက်သည်။ “မဒမ် အစ်ဇဘယ်လာ။ အရေးပေါ် သတင်းအချက်အလက်က ဘာများလဲ။”

အစ်ဇဘယ်လာ လက်ဆန့်ထုတ်ပြီး လက်ဝါးကို ဖွင့်လိုက်သည်။ သူ၏ နှင်းကဲ့သို့ ဖြူဖွေးနေသော ကျောက်စိမ်းသဖွယ် လက်ဝါးထဲ၌ ကြက်ဥအရွယ် ပစ္စည်းတစ်ခု ရှိနေသည်။ ချန်လွေ့က ၎င်းကို ချက်ချင်းပင် စိတ်ဝင်စားသွားခဲ့သည်။ သူ ရှေ့တက်ပြီး ၎င်းကို သေသေချာချာ ကြည့်လိုက်သည်။ အပေါ်ယံ၌ ထူးထူးခြားခြား မရှိသော်လည်း ချန်လွေ့က ရှေးမှော်စာ “အ‌ငွေ့အသက်”ကို သေသေချာချာ ခံစားနေရသည်။ ထို “အငွေ့အသက်” က အန္တရာယ်များသော ဖိအားတစ်ခုကို ယူဆောင်လာနေသည်။

[ သရုပ်ခွဲမျက်လုံး ] က ကုန်ကြမ်းကို ပြောပြပေးပြီး ထိုပစ္စည်းကို အဆင်တန်ဆာ မဟုတ်ပေ။ ထို့ကြောင့် ၎င်း၏ အသေးစိတ် အချက်အလက်ကို မသိနိုင်ပေ။ သို့သော်လည်း [ သရုပ်ခွဲမျက်လုံး ] ၌ “အန္တရာယ်”ဟူသော စကားလုံးကို ဖော်ပြထား ပေသည်။

“ဒါကို ဝိညာဉ်ဖျက်ဆီးသူ လို့ ခေါ်တယ်။ ဒါက မီတာ၁၀၀အတွင် အရာအားလုံးကို ပြာဖြစ်အောင် လုပ်နိုင်တယ်။”

“ဝိညာဉ်ဖျက်ဆီးသူ”သည် ချန်လွေ့အား ဇီရေးကို သတိရသွားစေသည်။ ချန်လွေ့၏ သိုလှောင်ဂိုဒေါင်ထဲ၌ တစ်ခုသာ ကျန်တော့သည်။ ယခုတွင် ချန်လွေ့ကို ရှေးမှာ်စာနှင့် ယန္တရားပညာတို့၌ မဟာကျွမ်းကျင်သူ တစ်ယောက်အဖြစ် ယူဆ၍ ရနိုင်ပြီ ဖြစ်သည်။ သူက ထိုဝိညာဉ်ဖျက်ဆီးသူ၏ လက်ရာနှင့် မှော်စာအဆင့်မှာ အနုစိတ်ကြောင်း ဆုံးဖြတ်နိုင်သည်။ သို့သော်လည်း ကုန်ကြမ်းနှင့် အခြားအကြောင်းရင်းများကြောင့် ၎င်းသည် “ဇီရေး”လောက် အစွမ်းမထက်ပေ။ သို့ရာတွင် ၎င်းသည် သာမန် မှော်ဗုံးများထက် သာလွန်ပေသည်။ မီတာ၁၀၀အတွင်း အရာအားလုံးကို ဖျက်ဆီးနိုင်ခြင်းမှာ ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။

“ဒီလိုပစ္စည်းမျိုးကို စိတ်နဲ့ ထိန်းချုပ်ပြီးတော့ အချိန်အတိအကျတစ်ခုမှာ ဖောက်ခွဲလို့ ရတယ်။ ဒါမျိုး ၁၀ခုကို နန်းတော်နယ်မြေမှာ မြှုပ်နှံထားတယ်။ တစ်ချိန်တည်း ပေါက်ကွဲသွားတာနဲ့ နန်းတော်ရဲ့ မှော်စက်ဝိုင်းတောင် ဒီစွမ်းအားကြောင်း လုံးဝ ပျက်စီးသွားမှာပဲ။”

ချန်လွေ့ ထိတ်လန့်သွားခဲ့သည်။ ငှက်တောင်ဖြူနယ်မြေရဲ့ အရေးကြီးပုဂ္ဂိုလ်နဲ့ လော့ဒ် အပါအဝင် အမှောင်လရဲ့ အထက်တန်းလွှာအားလုံးနီးပါးက နန်းတော်ထဲမှာ စုဝေးနေကြတယ်။ တကယ်လို့ ဝိညာဉ်ဖျက်ဆီးသူ ၁၀ခုလုံးကို တစ်ချိန်တည်းမှာ ဖောက်ခွဲလိုက်ရင် ထူးခြားတဲ့စွမ်းအားရှိတဲ့ ခရိုဘဲလက်စ်၊ ရှီရာနဲ့ စီကာလီတို့ အပြင် အကာအကွယ် ပစ္စည်းတွေရှိတဲ့ အသီနာ၊ လိုလီလေးနဲ့ တခြားသူတွေ ကလွဲရင် ကျန်တဲ့သူတွေက သေရင်သေ။ မသေရင် ဒဏ်ရာအပြင်းအထန် ရမှာပဲ။ ငှက်တောင်ဖြူ နယ်မြေနဲ့ ပြင်ပလောကဆီ သက်ရောက်မှုကို ဘေးဖယ်ထားရင် အမှောင်လရဲ့ အသက်သွေးကြောက စိတ်ကူးလို့မရအောင် ဆုတ်ယုတ်သွားမှာပဲ။

ချန်လွေ့ အလောတကြီး မေးသည်။ “ဘယ်အင်အားစုက ဒါကို လုပ်ခဲ့တာလဲ။ ဒီလို အန္တရာယ်များတဲ့ပစ္စည်းကို နန်းတော်မှာ ထားလို့ မရနိုင်ဘူး။ ဒါက မှော်စက်ဝိုင်းက ဖယ်ရှားလိမ့်မယ်။ မှော်စက်ဝိုင်းအပြင် နန်းတော်မှာ ကျုပ်တို့တွေက ထောင်ခြောက်တွေ ပြန်ပြင်ဆင်ထားတယ်။ ပြီးတော့ အမှောင်နတ်ဆိုးကလည်း လျို့ဝှက်စောင့်ကြပ်ပြီး ကာကွယ်နေတယ်။ နန်းတော်အခင်းအကျင်းက အကြီးမားဆုံး လျို့ဝှက်ချက်တွေထဲက တစ်ခုပဲ။ ကျုပ်တို့က လွဲပြီး‌တော့ ဘယ်သူမှ မသိလောက်ဘူး။”

“ဟုတ်တယ်။” အစ်ဇဘယ်လာက ဝိညာဉ်ဖျက်ဆီးသူကို ညင်ညင်သာသာ ကိုင်ထားသည်။ “ဘာလို့လဲဆိုတော့ ကျွန်မကို ဝိညာဉ်ဖျက်ဆီးသူတွေကို နေရာချထားခဲ့တာလေ။”

ချန်လွေ့ အံ့အားသင့်သွားခဲ့သည်။ သူက ကို့ယ့်နားကိုယ် မယုံနိုင်ဘဲ နားကြားမှားလေသလားဟု ထင်မိလိုက်သည်။

“သိပ်ကို အံ့အားသင့်သွားလား။”

အစ်ဇဘယ်လာက ပုံမှန်အတိုင်း မေးလိုက်ပြီး ချန်လွေ့ကို ရုတ်တရက် “ဝိညာဉ်ဖျက်ဆီးသူ” ပစ်ပေးလိုက်သည်။ ထိုပစ္စည်းကို ပစ်ပေးလိုက်သောအခါ အသက်ဝင်သွားသော ရှေးမှော်စာများက ၁၀စက္ကန့်အတွင်း ပေါက်ကွဲသွားမည် ဖြစ်သည်။ ချန်လွေ့ ထိတ်လန့်သွား၏။ ဒီမိန်းမက တကယ် အတည်ကြီး လုပ်နေတာပဲ။

ချန်လွေ့က ဖုံးကွယ်နေရန်အတွက် ဂရုမစိုက်တော့ပေ။ သူက လက်ထဲမှပိုင်နက်စွမ်းအားကို စုစည်းပြီး “ဝိညာဉ်ဖျက်ဆီးသူ’ကို ရစ်ပတ်ကာ လက်ချောင်းများကို အလျင်အမြန် လှုပ်ရှားလိုက်သည်။ စွမ်းအားကြောင့် စုစည်းသွားသည့် ခုန်ပေါက်နေသော မှော်စာများ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာသည်။ ခက်ခက်ခဲခဲ အားထုတ်ပြီးနောက် ချန်လွေ့က ရှေးမှော်စာ စွမ်းအားကို အသုံးချပြီး ဝိညာဉ်ဖျက်ဆီးသူကို တည်ငြိမ်အောင် ပြုလုပ်နိုင်ခဲ့ကာ ပေါက်ကွဲမှု အန္တရာယ်ကို ဖြေရှင်းနိုင်ခဲ့သည်။

ဖြစ်စဉ် တစ်ခုလုံးအတွင်း အစ်ဇဘယ်လာက ဝင်နှောင့်မယှက်ဘဲ ချန်လွေ့ကို အေးအေးဆေးဆေး ကြည့်နေသည်။ “ကျွန်မက ဇိုလာကို ဝိညာဉ်ဖျက်ဆီးသူ လုပ်ခိုင်းခဲ့တာ။ စုစုပေါင်း ၁၁ခု။ နောက်ထပ် ၁၀ခု ရှိသေးတယ်။ ကျွန်မရဲ့စိတ်နဲ့ အသက်သွင်းလိုက်တာနဲ့ ပေါက်ကွဲသွားမှာပဲ။ ခုနကလိုမျိုး ရှင်လုပ်ဖို့ အချိန်ရှိမှာ မဟုတ်ဘူး။”

“ဘာလို့လဲ။” ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။ အစ်ဇဘယ်လာ လိမ်နေတာ မဟုတ်ဘူး။ ဒါကို ဇိုလာ လုပ်ထားတာဆိုရင် စိတ်နဲ့ အသက်သွင်းလို့ ရနိုင်တယ်။ ငါ သူ့ကို သတ်ဖို့ ရွေးချယ်လိုက်ရင်တောင် သူ့ရဲ့စိတ် အမြန်နှုန်းကို လိုက်မီမှာ မဟုတ်ဘူး။ ဒီဘေးအန္တရာယ်ကို ငါ မဖြေရှင်းနိုင်ဘူး။ နန်းတော်တစ်ခုလုံးမှာရှိတဲ့ လူအများစုက သေခြင်းရှင်ခြင်းက အခု သူ့လက်ထဲမှာ လုံးဝ ရှိနေပြီ။

“ဘာလို့လဲဆိုတော့ ကျွန်မက မိစ္ဆာထောင်ခြောက်ပန်း မို့လို့ပဲ။” အစ်ဇဘယ်လာက အသာလေး ပြုံးလိုက်သည်။ “ရှင်က ကျွန်မကို အသုံးချရဲမှာတော့ သေတဲ့အထိ အဆိပ်ခတ်ခံရဖို့ ပြင်ထားတော့။”

ချန်လွေ့ သိမ့်သိမ့်တုန်သွားခဲ့သည်။ “ဒါကြောင့်အတွက်နဲ့လား။”

“ဟုတ်တယ်။” အစ်ဇဘယ်လာ ရှေ့တက်လာသည်။ “ဒီနောက်ဆုံးအချိန် ကျွန်မနဲ့ကရမယ်။ ဒါက အရင်တုန်းက ရှင်ကျွန်မကို ကတိပေးထားခဲ့တာပဲ။”

“အရင်တုန်းက” ဆိုသည်မှာ အစ်ဇဘယ်လာက မြို့တော်မှ သံတမန်အဖြစ် အမှောင်လကို အ‌ရေးလာယူစဉ် အချိန်ကို ပြောခြင်း ဖြစ်သည်။ ချန်လွေ့နှင့် ရှီရာတို့၏ ဝေါ့ဇ်အကသည် ပရိသတ်ကို အံ့သြသွားစေသည်။ ထို့နောက် အစ်ဇဘယ်လာက ဝေါ့ဇ်အကြောင်း သိရှိရန်အတွက် ချန်လွေ့ကို ခေါ်ယူရန် ရည်ရွယ်ခဲ့သည်။

ထို့နောက် အစ်ဇဘယ်လာ လက်ဝှေ့ရမ်းလိုက်ပြီး ကြားဖြတ်မှော်စက်ဝိုင်း တစ်ခုခုကို အသက်သွင်းလိုက်သည်။ အဓိက ခန်းမရှိ ဂီတသံ ထွက်ပေါ်လာ၏။

ချန်လွေ့က အစ်ဇဘယ်လာကို သတိဖြင့် ကြည့်လိုက်ပြီး သူ၏စိတ်ထဲ၌ အတွေးပေါင်း မြောက်မြားစွာ ပေါ်ထွက်လာခဲ့သည်။ အစ်ဇဘယ်လာ၏အသံ အနည်းငယ် အေးစက်ပြီး ကောက်ကျစ်သွားခဲ့သည်။ “၁၀စက္ကန့်ပဲ အချိန်ရမယ်။ မကရင် ‌ဖောက်ခွဲပစ်မယ်။ ရှင့်မှာ ရွေးစရာ တစ်ခုပဲ ရှိတယ်။ ၁၀၊ ၉၊ ၈ .... ”

ချန်လွေ့က ၎င်းကို လောင်းကြေး မထပ်နိုင်ပေ။ ထို့ကြောင့် သူ အံကြိတ်ပြီး ဖိတ်ခေါ်သည့် အမူအရာ ပြုလုပ်လိုက်သည်။ အစ်ဇဘယ်လာက လက်ကို ဆန့်တန်းပြီး ချန်လွေ့၏လက်ကို ကိုင်သည်။ အစ်ဇဘယ်လာ၏လက်ကို ကိုင်ဖူးသည်မှာ ယခုသည် ချန်လွေ့အတွက် ပထမဆုံးအကြိမ် မဟုတ်ပေ။ မြို့တော်၌ ချန်လွေ့ “ချာလီစ်” ဖြစ်ခဲ့စဉ်က သူတို့နှစ်ယောက်သည် တရင်းတနှီးနှင့် လက်ချောင်းချင်း ချိတ်ခဲ့ဖူးသည်။

ယခုတွင် ချန်လွေ့က အားနည်းပြီး နူးညံ့သောလက်ကို ကရန်အတွက် ညင်သည်သာသာ ကိုင်ထားနေစဉ်၌ ယခင်နှင့် လုံးဝကွဲပြားသော ခံစားချက်တစ်ခုကို ခံစားနေရသည်။ အစ်ဇဘယ်လာ၏ ခန္ဓာကိုယ် ယိမ်းလာပြီး ချန်လွေ့က မွှေးရနံ့များကို ခံစားမိလိုက်သည်။ သို့သော်လည်း ထိုကဲ့သို့ အကျပ်ကိုင်မှုအောက်တွင် ချန်လွေ့က စိတ်ထဲ၌ အရိုင်းအစိုင်းများကို မတွေးရဲပေ။

အဓိကခန်းမ ကပွဲ ဆက်လက်ကျင်းပနေ၏။ အမျိုးသားများနှင့် အမျိုးသမီးများက အတွဲလိုက် ကနေကြသော်လည်း ဘေးဖက် ခန်းမ၌ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့က ပွေ့ဖက်ရင်း “တရင်းတနှီး” ကနေကြသည်ကို သူတို့ မသိကြပေ။ သို့သော်လည်း ထိုအကမှာ လူတိုင်းနီးပါး၏ သေရေးရှင်ရေးအတွက် ဖြစ်နေသည်။

ဂီတသံအဆုံး၌ လှုပ်ရှားမှုများ တောင့်တင်းနေဟန်တူသော ချန်လွေ့က အလျင်အမြန် လက်လွှတ်လိုက်သည်။ အစ်ဇဘယ်လာ၏ အပြာရောင်မျက်လုံးများကို ကြည့်လျှင် မကျေနပ်နေကြောင်း မြင်နေရသည်။

“အခု မျက်လုံးကို ပိတ်ပြီးတော့ မလှုပ်နဲ့။” အစ်ဇဘယ်လာ၏ အေးစက်သော အသံ ထွက်ပေါ်လာသည်။

ချန်လွေ့က ရွေးစရာမရှိဘဲ မျက်လုံးမှိတ်လိုက်ရသည်။ [ သရုပ်ခွဲမျက်လုံး ] ၌ အစ်ဇဘယ်လာ ချဉ်းကပ်လာသည်ကို ခံစားမိပြီး သူ၏ မွေးရနံ့က ချန်လွေ့၏ နှာခေါင်းထဲ ရောက်လာသည်။ ချန်လွေ့၏ နှလုံးခုန်သံ ထူးထူးခြားခြား မြန်ဆန်သွား၏။ အစ်ဇဘယ်လာ၏ မျက်နှာ အနီးကပ်လာပြီး နွေးထွေးသော အသက်ရှူသံကို သေသေချာချာ ခံစားလိုက်ရသည်။ သူက မျက်နှာလွှားကို ချွတ်လိုက်ဟန်တူသည်။

ချန်လွေ့က တစ်ခုခု ဖြစ်တော့မည်ဖြစ်ကြောင်း ခံစားလိုက်မိသည့်အတွက် သူ၏ခန္ဓာကိုယ် အနည်းငယ် လှုပ်ရှားသွားခဲ့သည်။ သို့သော်လည်း အစ်ဇဘယ်လာက အော်ပြောလိုက်သည်။ “မလှုပ်နဲ့။ နည်းနည်းလေး လှုပ်တာနဲ့ ကျွန်မ ဖောက်ခွဲပစ်မယ်။”

ထိုအသံ၌ ကြောက်လန့်နေသော အငွေ့အသက်တစ်ခု ရှိနေသည်။ ချန်လွေ့က တိတ်တိတ်လေး သက်ပြင်းချပြီး မလှုပ်တော့ပေ။ ထို့နောက် ချက်ချင်းမှာပင် အစ်ဇဘယ်လာ၏ နူးညံ့သော နှုတ်ခမ်းတစ်ခုက တုန်လှုပ်နေရင်း ချန်လွေ့နှင့် နှုတ်ခမ်းကို ထိသွားခဲ့သည်။ သူတို့နှစ်ယောက်၏ နှုတ်ခမ်းများထိသွားနှင့်တပြိုင်နက် သူတို့ နှစ်ယောက်လုံး တစ်ချိန်တည်း တုန်လှုပ်သွားကြသည်။ ထူးဆန်းသော ခံစားချက် တစ်ခုက ထိတွေ့သော နေရာမှ ဦးနှောက်ထံသို့ အလျင်အမြန် ပျံ့နှံ့သွားသည်။ အစ်ဇဘယ်လာက လက်များက ချန်လွေ့ ထွက်ပြေးသွားမည်ကို ကြောက်နေသကဲ့သို့ပင် လည်ပင်းကို အတင်းဖက်ထားလိုက်သည်။

၎င်းသည် စုံတွဲများ နမ်းရှိုက်သော စံပုံစံတစ်ခု ကဲ့သို့ပင် ဖြစ်နေသည်။ ပေါက်ကွဲမှု ခြိမ်းခြောက်ခြင်းကိုသာ ထည့်ပေါင်းမည်ဆိုလျှင် ၎င်းကို မရဏအနမ်းဟု ခေါ်ရပေသည်။

၎င်းမှာ သူတို့နှစ်ယောက် ပထမဆုံးအကြိမ် နမ်းခဲ့ဖူးခြင်း မဟုတ်ပေ။ ကြယ်ကြွေတမန် မြို့တော်၌ “ချာလီစ်”က မစ်-ရင်းနီနှင့် အမှန်တကယ် နက်နက်ရှိုင်းရှိုင်း နမ်းရှိုက်ခဲ့ဖူးသည်။ ၎င်းသည် ထိုစဉ်က ချန်လွေ့ကို အဆိပ်ခတ်ရန် အစ်ဇဘယ်လာ အသုံးပြုခဲ့သော နည်းလမ်းတစ်ခု ဖြစ်သော်လည်း ထိတွေ့မှုမှတစ်ဆင့် ထိုနာမည်ကျော် မြို့တော် လိပ်ပြာသည် အကြင်နာပေးရာ၌ လူသစ်တစ်ယောက်ဖြစ်နေကြောင်း ချန်လွေ့ ခံစားမိခဲ့သည်။

ဒီတစ်ခေါက်က ဘာရည်ရွယ်ချက်နဲ့လဲ။

ချန်လွေ့ မျက်လုံး တိတ်တိတ်လေး ဖွင့်လိုက်ရာ မျက်နှာလွှားကို ချွတ်ထားသော အစ်ဇဘယ်လာအား တွေ့လိုက်ရသည်။ သူသည် ထိုအနမ်း၌ လုံးဝစိတ်နှစ်ထားပုံ ရသည်။ ချန်လွေ့ ရုတ်တရက် သဘောပေါက်သွားသည်။ ဒီတစ်ခေါက်က ဘာအကြောင်းရင်းမှ မရှိ‌လောက်ဘူးနေမယ်....

တချို့ကိစ္စတွေက “အကြောင်းပြချက်” မလိုဘူး။

ထိုကဲ့သို့ အနီးကပ်၌ ချန်လွေ့က အစ်ဇဘယ်လာ၏ မျက်တောင်ရှည်အောက်ရှိ မျက်လုံး‌ထောင့်များမှ မီးပွင့်များကို သေသေချာချာ မြင်နေရသည်။ ရုတ်တရက် သူက ဘရော့ခ်၏ ပိုင်နက်မှ လွတ်မြောက်ရန် ရုန်းကန်နေစဉ် သူ့အတွက် သေစေနိုင်သော တိုက်ခိုက်မှုကို အစ်ဇဘယ်လာ ခုခံကာ စတေးခဲ့သော နေ့ရက်ကို သတိရမိသွားသည်။ အစ်ဇဘယ်လာ ဒဏ်ရာအပြင်းအထန် ရနေစဉ် နောက်ဆုံးပြောခဲ့သော စကားကို ပြန်တွေးလိုက်သည်။ “အဲဒီတုန်းက ကျွန်မတွေ့ခဲ့တာ ရှင် ဖြစ်ရင်ကောင်းမယ်....”

ချန်လွေ့၏နှလုံးသား တဖြည်းဖြည်း နူးညံ့သွားပြီးနောက် သူ၏လက်က အစ်ဇဘယ်လာ၏ခါးကို ညင်ညင်သာသာ ပွေ့ဖက်လိုက်သည်။ ထိုလှုပ်ရှားမှုကို ခံစားမိသည့်အခါ အစ်ဇဘယ်လာ၏လက်များ ပိုမိုတင်းကြပ်သွားခဲ့သည်။ သူ၏ နွေးထွေးပြီး ဖွံ့ဖြိုးသော ခန္ဓာကိုယ်က ချန်လွေ့နှင့် လုံးဝ နီးကပ်နေ၏။ စိုစွတ်နေသော နှုတ်ခမ်းများနှင့် လျှာများကို ပို၍ပင် ယှက်နွှယ်သွားခဲ့သည်။ သူတို့၏ အသက်ရှူသံများ ပို၍ပင် လေးလံသွားခဲ့လေသည်။

အချိန်အတော်ကြာပြီးနောက် အစ်ဇဘယ်လာက ချန်လွေ့ကို ရုတ်တရက် တွန်းထုတ်သည်။ သူက ကျောခိုင်းလိုက်ပြီး အသက်ပြင်းပြင်း ရှူနေလိုက်သည်။

“အစ်ဇဘယ်လာ....”

“ပါးစပ်ပိတ်ထား။ ကျွန်မကို အစ်ဇဘယ်လာလို့ ခေါ်ရအောင် ရှင်က ဘယ်သူမို့လို့လဲ။” အစ်ဇဘယ်လာ၏အသံက အနည်းငယ် အက်ကွဲနေ၏။ “ရှင် လူလိမ်။ လူလိမ်။ လူလိမ်။”

“တောင်းပန်ပါတယ်....” ချန်လွေ့က တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။ သူ တစ်ခုခုကို သဘောမပေါက်သေးလျှင် အမှန်တကယ် ငတုံးဖြစ်နေ၍ပင် ဖြစ်သည်။ ဒါကြောင့် မနေ့ညတုန်းက ရိုမန် အထစ်အထစ် ဖြစ်နေတာကိုး။ သူငါ့ကို သစ္စာဖောက် သွားတာလဲ။

အစ်ဇဘယ်လာ၏ လက်ထဲ၌ အမွေအနှစ်ကျောက်တစ်မျိုး ရှိကြောင်း ရိုမန် ပြောခဲ့ဖူးသည်။ အစ်ဇဘယ်လာက ရိုမန်၏ စွမ်းအားကို မကျေနပ်ဘဲ လေ့ကျင့်ပေးနေ ခဲ့သည်။ ယခုတွင် ရိုမန်က နတ်ဆိုးဧကရာဇ်အဆင့်သို့ တက်ကာ အဆင့်ငယ်လေးကိုပင် ခုန်တက်သွားနိုင်ကြောင်း ပြောခဲ့သည်။ ၎င်းမှာ အမွေအနှစ်ကျောက်ကြောင့် ဖြစ်နိုင်ပေသည်။

တကယ့်ဟာကွက်သည် နောက်ဆုံး အထင်လွဲသွားသော အဖြစ်အပျက်မှ ပေါ်သွားခြင်း ဖြစ်နိုင်သည်။ ထိုအချိန်၌ အစ်ဇဘယ်လာက သံသယ စဝင်လာတော့သည်။ ချန်လွေ့က အစ်ဇဘယ်လာ၏ ဉာဏ်ပညာနှင့် နည်းလမ်းများကို ကောင်းကောင်းသိသည်။ တူလေးက အစ်ဇဘယ်လာရဲ့ အမွေအနှစ်ကျောက်နဲ့ မျှားတာကို ခံရပြီးတော့ အမှန်အတိုင်းပြောအောင် ဖိအားပေးခံရတာ ဖြစ်မယ်။

ရိုမန် ဘယ်လောက်ရှင်းပြခဲ့လဲတော့ ငါမသိဘူး။ ဒါပေမဲ့ “ချာလီစ်”ဆိုတဲ့သရုပ် ပေါ်သွားပြီဆိုတာတော့ သေချာတယ်။

အမှန်တရားက အနှေးနဲ့အမြန် ပေါ်လာမှာပဲ။ ရာဇဝတ်မှုကျူးလွန်ထားရင် တကယ် ပြန်ပေးဆပ်ရမယ်။ (ဆက်ရန်....)

All Chapters