သတ်မှတ်ချက်များ
Vol. 32 Ch. 476
အမှောင်လ၊ ဘေးခန်းမ၌-
တစ်ယောက်မှ စကားမပြောကြပေ။ အခြေအနေမှာ အတော်ကြာသည်အထိ တိတ်ဆိတ်နေခဲ့သည်။
“ကျွန်မ ဘာကိုမှ မမေးဘူး။ ရှင် ဘာမှ ရှင်းပြစရာ မလိုဘူး။” နောက်ဆုံး၌ အစ်ဇဘယ်လာက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ သူ၏အသံ အလွန်အမင်း အေးစက်နေ၏။ “ရှင်သိရမှာ ကျွန်မရှင့်ကို ခြိမ်းခြောက်နိုင်တယ် ဆိုတာပဲ။ နောက်ကျရင် ရှင် ကျွန်မပြောတဲ့အတိုင်း လုပ်ရမယ်။”
ဒါက အကျပ်ကိုင်တာလား။
ချန်လွေ့က တိတ်တိတ်လေး ခါးသက်သက်ပြုံးပြီး သက်ပြင်းချလိုက်သည်။ “ဇိုလာက ဝိညာဉ်ဖျက်ဆီးသူကို တကယ်လုပ်ခဲ့တယ်။ ဒါပေမဲ့ ဒီတစ်ခုတည်း မဟုတ်လား။ မင်း နန်းတော်နားက ဘယ်နေရာမှာမှ မထားထားဘူး။”
“ရှင် သိသွားတာပဲ။” အစ်ဇဘယ်လာ နောက်ပြန်လှည့်လိုက်သည်။ သူက မျက်နှာလွှားကို ပြန်ဝတ်ပြီး ကျောက်တုံးတစ်တုံး ပစ်ပေးလိုက်သည်။ “ဒါဆို...ဒါကရော။”
ချန်လွေ့က ကျောက်တုံးကို ယူပြီး ကြည့်လိုက်သည်။ ၎င်းမှာ မှတ်တမ်းတင် ကျောက်တုံး ဖြစ်နေသည်။ သူတို့နှစ်ယောက် ကပြီး နမ်းနေကြသော မြင်ကွင်းများ အားလုံးကို မှတ်ထားလေသည်။ ချန်လွေ့ကို ပို၍ ကြက်သေသေသွားစေသည်မှာ အလယ်မှ “အကျပ်ကိုင်သော” ဇာတ်ကွက်များအား ဖယ်ရှားထားခြင်းပင် ဖြစ်သည်။ သူတို့နှစ်ယောက် အတူတူကပြီးနောက် ပွေ့ဖက်ကာ နမ်းရှိုက်နေသကဲ့သို့ ဖြစ်နေ၏။
(ဘာ...ဘယ်တုန်းက...) ဒါက အသီနာနဲ့ တခြားသူတွေလက်ထဲ ရောက်သွားရင်.... ရုတ်တရက် ချန်လွေ့ ချွေးပြန်သွားသည်။ ဒီလိုနည်းစနစ်တွေ အဆက်လိုက်က ရက်စက်လွန်းတယ်။ အရင်ဆုံးသူက ဗုံးခွဲပြီးသတ်သေမယ့်နည်းလမ်းကို သုံးတယ်။ အခု သူက တိတ်တိတ်လေး မှတ်တမ်းတင်ထားခဲ့တယ်...။ အစ်ဇဘယ်လာက ချွတ်စွပ်တူသော နောက်ထပ် မှတ်တမ်းတင်ကျောက်တုံးတစ်တုံးကို ထုတ်ပြီး လှုပ်ပြလိုက်သည်။ မိတ္တူ တစ်ခုထက်ပို၍ ရှိလေသည်။ “ကျွန်မ ထင်တာတော့ ဒီထဲကဟာတွေကို ဘယ်သူ့ကို မသိစေချင်ဘူး မဟုတ်လား။”
ချန်လွေ့ ခပ်မြန်မြန် ခေါင်းညိတ်လိုက်သည်။
“ကျွန်မမှာ သတ်မှတ်ချက် တစ်ခုပဲ ရှိတယ်။ နန်းတော်က ထွက်လာပြီးညတိုင်း ကျွန်မနေရာကို လာရမယ်။ ဘာမှမပြောနဲ့။ ရှင့်မှာ ရွေးစရာမရှိဘူး။ ရှင်မလာရင် အကျိုးဆက်တွေကို ခံစားရလိမ့်မယ်။”
ချန်လွေ့ ချွေးစေးပြန်သွား၏။ ကြည့်ရတာ သူက ငါ့နဲ့ရှီရာ လျို့ဝှက်တွေ့တာကို သိသွားတာ ထင်တယ်။ သူက အမှောင်နတ်ဆိုးရဲ့ လျို့ဝှက်သလင်းအချက်အလက် ခေါင်းဆောင် ဖြစ်ထိုက်တယ်။
၎င်းသည် အေးစက်ပြီး ကောက်ကျစ်သော အကျပ်ကိုင်မှု ဖြစ်သော်လည်း ချန်လွေ့က အစ်ဇဘယ်လာ၏ ပူနွေးသော နှုတ်ခမ်းများနှင့် နှလုံးခုန်နေသည်ကို သေသေချာချာ ခံစားမိနေသည်။
ထိုသတ်မှတ်ချက်ကို ပြောပြီးနောက် အစ်ဇဘယ်လာက ချန်လွေ့ကို မနှောင့်ယှက်တော့ပေ။ သူ တံခါးကိုဖွင့်ပြီး နောက်မလှည့်ကြည့်ဘဲ ထွက်သွားလိုက်သည်။
ချန်လွေ့က ခြေလှမ်းအနည်းငယ် သွားလိုက်ပြီး ပါးစပ်ဟလိုက်သည်။ သို့သော် နောက်ဆုံး၌ သူ မပြောခဲ့ပေ။ ၎င်းသည် သက်ပြင်းချခြင်း တစ်ခုအဖြစ်သာ ပြောင်းလဲသွား ခဲ့သည်။ သူက လရောက်အောက်၌ အထီးကျန်သော ပုံရိပ်တစ်ခု တဖြည်းဖြည်း ဝေးလာသည်ကို ကြည့်နေခဲ့သည်။
နောက်တစ်ရက်၌ ရှီရာနှင့် စီကာလီတို့က နန်းတော်ရှိ ကောင်စီခန်းမ၌ အစည်းအဝေးတစ်ခု ကျင်းပခဲ့သည်။
တက်ရောက်သူများမှာ မီးလျှံဗိုလ်ခြေ၏တပ်မှူး နှင့် ငြိမ်ဝပ်ပိပြားရေး အရာရှိ အသီနာ၊ ဘဏ္ဍာရေးအရာရှိ ချန်လွေ့နှင့် အမှောင်လ၏မိသားစုများမှ ကိုယ်စားလှယ်တို့ ဖြစ်ကြသည်။ သွေးနီဗိုလ်ခြေ တပ်မှူး ခါဂူရွန်က စစ်ဘက်ဆိုင်ရာ အလုပ်များနေမှုကြောင့် မတက်ရောက်နိုင်ခဲ့သည်မှာ သတိပြုဖွယ် ဖြစ်သည်။ သူ့ကိုယ်စား လက်ထောက် ခေါင်းဆောင်က ရောက်နေ၏။ ဝတ်ရုံဂိုဏ်းခေါင်းဆောင် အက်ဂ်ယောက ထိုကဲ့သို့ အစည်းအဝေး၌ပင် ဝတ်ရုံဝတ်ထားဆဲ ဖြစ်သည်။ သူက မျက်နှာအမှန်ကို မပြသသေးပေ။ ငှက်တောင်ဖြူနယ်မြေအတွက် ပါလန်ဒို မရောက်လာခဲ့ပေ။ ယမန်ည ကပွဲမှ အရှက်ရမှုကြောင့် ဖြစ်နိုင်ပေသည်။
“ဒါဆို...တော်ဝင်မင်းသမီးက မွေးနေ့ပွဲကျင်းပဖို့ မစီစဉ်ထားဘူးလား။” စီကာလီက အသာလေး မျက်မှောင်ကြုတ်ပြီး မေးသည်။ ယခုတစ်ခေါက် သူလာရောက် လည်ပတ်ခြင်းမှာ ရှီရာ၏မွေးနေ့ပွဲကို ဂုဏ်ပြုရန်အတွက် ဖြစ်သည်။ ယခုတွင် သူသည် ယဉ်ယဉ်ကျေးကျေးနှင့် အငြင်းခံလိုက်ရသည် မဟုတ်ပါလား။
“ဒါက ဆယ်ဂဏန်းမပြည့်တဲ့ မွေးနေ့ပွဲလေး တစ်ခုပါပဲ။ ကျင်းပဖို့ မထိုက်တန်ပါဘူး။ အမှောင်လက အကျိုးအမြတ်တချို့ ရပေမဲ့ သိပ်မကြာခင်က မြို့တော်ရဲ့ အဆောက်အအုံတွေကို သေသေချာချာ ပြောင်းလဲလိုက်တဲ့ အတွက်ကြောင့်ရယ်၊ သွေးနွယ်နယ်မြေနဲ့ လက်တွဲပူးပေါင်းတာတွေရယ်ကြောင့် ပိုက်ဆံတွေ အများကြီး ကုန်ကျခဲ့ရတယ်။ အခုလက်ရှိ ကျွန်မတို့က အကြွေးဆပ်ဖို့ ငွေတွေ စုဆောင်းနေကြတယ်။ အဲဒါကြောင့် သုံးဖြုန်းဖို့ မရည်ရွယ်ထားသေးဘူး။ ဆာ-စီကာလီရဲ့ စေတနာကို ကျွန်မ ကျေးဇူးတင်ပါတယ်။ ဒီအဖိုးတန် လက်ဆောင်တွေက...”
စီကာလီ ခေါင်းညိတ်ပြီး ပြောသည်။ “တော်ဝင်မင်းသမီးရဲ့ ကြွယ်ဝမှုက လေးစား အားကျစရာပဲ။ ဒါပေမဲ့ ကျုပ်က ဒီလက်ဆောင်တွေကို ယူဆောင်လာပြီးတော့ ဘယ်လိုလုပ် ပြန်ယူသွားရမှာလဲ။ နယ်မြေနှစ်ခုအကြား၌ ရင်းနှီးမှုလက်ဆောင် အနေနဲ့ လက်ခံထားလိုက်ပါ။”
ရှီရာက ခဏစဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။ “ဒါဆိုလည်း ကျေးဇူးအများကြီး တင်ပါတယ်။”
စီကာလီက အခြေအနေကို အခွင့်ကောင်းယူပြီး ပြော၏။ “မင်းသမီး။ အမှန်အတိုင်း ပြောရင် ဒီတစ်ခေါက် အမှောင်လကို ကျုပ်လာရတာက မင်းသမီးရဲ့ မွေးနေ့ပွဲကို ဂုဏ်ပူပေးဖို့အပြင် တခြား...အဲ...အမှောင်လကနေ ကျုပ် အကူအညီတောင်းချင်တဲ့ အခက်အခဲတွေလည်း ရှိတယ်။ နှစ်မြေနှစ်ခုအကြားက နှစ်ရှည်လများ ရင်းနှီးမှုကိုငဲ့ပြီး ကျုပ်တို့ကို ကူညီပေးပါ။ မင်းသမီး။”
ရှီရာက ပုံမှန်အတိုင် ပြောသည်။ “ဘာတွေ ခက်ခဲနေတာလဲ။ ဆာ-စီကာလီ ပြောကြည့်လိုက်ပါ။”
စီကာလီ အစပိုင်း၌ တုံ့ဆိုင်းနေဟန်တူသော်လည်း နောက်ဆုံး၌ သူက “သတ္တိမွေးပြီး” ပြောလိုက်သည်။ “ကျုပ်က လော့ဒ်အစည်းအဝေး လုပ်တုန်းက ရန်ပုံငွေပွဲမှာ ပါဝင်ခဲ့ပြီးတော့ မြို့တော်ကလည်း ပြန်မပေးသေးတဲ့အတွက် လက်ရှိ ငှက်တောင်ဖြူနယ်မြေမှာ ငွေလိုအပ်မှု ကြီးကြီးမားမား ဖြစ်နေတယ်။ ဒါက နေရာ တော်တော်များများမှာ ပြင်းထန်တဲ့ အသုံးစရိတ် ပြတ်လပ်မှုကို ဖြစ်စေခဲ့တယ်။ ပြီးတော့ မြို့တော်က မလည်ပတ်နိုင်လုနီး ဖြစ်နေတယ်။ အရင်ရင်းနှီးမှုတွေကိုငဲ့ပြီးတော့ ကျုပ်ရဲ့ အရေးပေါ် လိုအပ်ချက်တွေကို အဆင်ပြေစေဖို့ ကူညီပေးပါ။ မင်းသမီး။”
စီကာလီ၏ တောင်းဆိုချက်ကို ရှီရာက အရင်ကတည်းက မျှော်လင့်ထားပြီးသား ဖြစ်သည်။ အမှောင်လသည် အလွန်အမင်း ကြွယ်ဝသော ရတနာမြေတစ်ခု ဖြစ်သည်။ မည်သည့် နယ်မြေက မနာလိုဘဲ ရှိမည်နည်း။ အမှောင်လ၏ အစွမ်းထက်သော စစ်တပ်၏ အဟန့်အတားစွမ်းများကြောင့်သာ မဟုတ်လျှင် နယ်မြေများကို နည်းမျိုးစုံသုံးပြီး လုယက်ကြပေလိမ့်မည်။
ရှီရာက ဘဏ္ဍာရေးအရှာရှိ ချန်လွေ့ဘက်သို့ လှည့်လိုက်ရာ ချန်လွေ့က ချက်ချင်းထပြီး ပြောသည်။ “တော်ဝင်မင်းသမီး ပြောတဲ့အတိုင်းပဲ အမှောင်လရဲ့ ဘဏ္ဍာရေးအခြေအနေက အခု အတော်လေး တင်းကြပ်နေတယ်။ ပထမဆုံးအနေနဲ့ မြို့နယ်မြေတွေကို အသစ်တိုးချဲ့တာနဲ့ ပြန်လည်ဆန်းသစ်တာတွေ၊ ရေဆိုးနဲ့ ရေသွယ်စနစ် ပြုပြင်တာတွေ၊ လမ်းပြင်တာတွေ၊ မြို့ငယ်လေးတွေ ပြင်ဆင်တာ၊ တည်ဆောက်တာတွေအတွက် အကြွေးတွေ အများကြီး ကျန်နေသေးတယ်။ ဒုတိယ အနေနဲ့ သွေးနွယ်နယ်မြေနဲ့ ပူးပေါင်တာနဲ့ ပတ်ဝန်းကျင်နယ်မြေတွေနဲ့ ချော်ရည်ပြာနယ်မြေရဲ့ ငွေကြေးအသုံးစရိတ်တွေကြောင့် ဆုံးရှုံးမှုတွေ ရှိနေတယ်။ တတိယ အနေနဲ့ကတော့ စစ်ဘက်ဆိုင်ရာ အသုံးစရိတ်မှာ ဗိုလ်ခြေသုံးခု တိုးချဲ့တာ၊ စစ်ဘက်ဆိုင်ရာ အထောက်အပံ့တွေနဲ့ ဝါလန်ခံတပ်နှင့် ဝါလန်မြို့ စတာတွေ တည်ဆောက်ဖို့ အတွက် ပါဝင်တယ်။ ဒီကုန်ကျစရိတ် သုံးခုက အမှောင်လအတွက် တောင်ကြီး ၃တောင်လိုမျိုး ဝန်ပိနေတယ်။ အမှောင်လရဲ့ တည်ဆောက်ရေးနဲ့ စီးပွားရေးက အတိုင်းအတာ တစ်ခုအထိ အောင်မြင်နေပေမဲ့ အဆင်မပြေနိုင်သေးဘူး။ ဒါပေမဲ့ ဒါတွေက ဆောက်လုပ်ရေးတွေ အစောပိုင်းအခြေအနေ ဖြစ်နေလို့ ငွေတွေ အများကြီး လိုနေတာပါ။ နောက်ပိုင်းမှာ တည်ငြိမ်သွားနိုင်ပါတယ်။ အခုက အရေးကြီးတဲ့ အခိုက်အတန့်လည်း ဖြစ်နတယ်။ အဲဒါကြောင့် ကျုပ်တို့တွေက ပြီးပြည့်စုံတဲ့ ကန့်သတ်ချက်တစ်ခုကို တည်ဆောက်ဖို့ အသုံးစရိတ်တွေလျှော့လို့ မဖြစ်ဘူး။ မဟုတ်ရင် မဆင်မခြင်လုပ်မိတဲ့ အမှားတစ်ခုက လိပ်ပြာသက်ရောက်မှုလို ဖြစ်သွားပြီးတော့ ရေရှည်မှာ ကျုပ်တို့ကို ထိခိုက်စေနိုင်တယ်။ တချို့ကိစ္စအတွက် မိကျောင်းစည်းမျဉ်းကို သုံးပြီးတော့ စဉ်းစားလို့ရတယ်။ သင့်တော်သလို ပြတ်ပြတ်သားသား ဖြတ်တောက်....”
စီကာနှင့် ငှက်တောင်ဖြူနယ်မြေမှ လူများက အနည်းငယ်သာ နားလည်ကြသည်။ သူ၏ ရှည်ရှည်ဝေးဝေး မိတ်ဆက်နေခြင်းမှာ သူတို့ဆင်းရဲကြောင်းကို ပြောနေခြင်း ဖြစ်သော်လည်း နောက်ပိုင်းကို သူတို့ နားမလည်ကြပေ။ စီကာလီက မနေနိုင်ဘဲ ပြောလိုက်သည်။ “ဆာ-ချန်လွေ့၊ လိပ်ပြာသက်ရောက်မှုက ဘာလဲ။ မိကျောင်း စည်းမျည်းက ဘာလဲ။”
ထိုမေးခွန်းမှာ ချန်လွေ့ စောင့်နေသောအရာ ဖြစ်သည်။ သူက ချက်ချင်းပင် ရှင်းပြသ်ည။ “ဒါက စီးပွားရေး အသုံးအနှုန်းတွေပါ။ လိပ်ပြာသက်ရောက်မှုဆိုက စီးပွားရေးတိုးတက်မှုရလာဒ်က ကနဦးအခြေအနေမှာ ကြီးကြီးမားမား မှီခိုနေတယ်လို့ ဆိုလိုတာပါ။ သေးငယ်တဲ့ သွေဖည်မှုတွေက ပြောင်းလဲမှု အကြီးကြီး ဖြစ်သွားနိုင်တယ်။ ဥပမာပြောရရင် ရိုးရာ သီချင်းတစ်ပုဒ် ရှိတယ်...
သံတစ်ချောင်းကျန်လို့ မြင်းခွာလိပ်၊
မြင်းခွာလိပ်လို့ စစ်မြင်းခြေကျိုး၊
စစ်မြင်းခြေကျိုးလို့၊ မြင်းစီးစစ်သည် ဒဏ်ရာရ၊
မြင်းစီးစစ်သည် ဒဏ်ရာရလို့၊ စစ်ရှုံး၊
စစ်ရှုံးလို့၊ အင်ပါယာ ဆုံးရှုံး။
အဲဒါကြောင့် သံတစ်ချောင်းလဲဖို့ ကျန်ခဲ့တာက အင်ပါယာပျက်စီးမှုအဖြစ် ဖြစ်နိုင်တယ်လို့ ကောက်ချက်ချလို့ရတယ်.....”
ငှက်တောင်ဖြူနှင့် အမှောင်လမှ လူအားလုံးက ထိုမှတ်ချက်ကို စိတ်ဝင်တစားနှင့် နားထောင်လိုက်ကြသည်။ အထူးသဖြင့် ငှက်တော်ငဖြူနယ်မြေမှလူများ၏ ချန်လွေ့အပေါ် အမြင်များ ပြောင်းလဲသွားခဲ့သည်။ ရန်သူဖြစ်စေ၊ မိတ်ဆွေဖြစ်စေ၊ စွမ်းဆောင်ရည်ရှိသောသူများမှာ အမြဲပင် လေးစားရန် ထိုက်တန်ပေသည်။
ထိုသူများ၏ မျက်နှာအနေအထားကို သတိထားမိသွားသည့်အခါ ချန်လွေ့က တိတ်တိတ်လေး ရယ်လိုက်သည်။ အမှန်တကယ်၌ သူက အခြားလောကမှ သီဝရီများကို အသုံးချပြီး လိမ်ညာခဲ့ခြင်း ဖြစ်သည်။ အချိန်အတော်ကြာသည်အထိ သီဝရီကို ပြောပြီးနောက် ချန်လွေ့က စီကာလီ၏ ပိုက်ဆံချေးသော အကြောင်းထံသို့ ပြန်သွားလိုက်သည်။ “အဲဒါကြောင့် ကျုပ်ရဲ့ သုံးသပ်မှုအရဆိုရင် အခွန်နဲ့ အသုံးစရိတ်ကို လုံးဝအခြေခိုင်ပြီးတော အကျိုးအမြတ် စပြီးရနိုင်ဖို့အတွက် အနည်းဆုံး ၁၅နှစ်လောက် ကြာဦးမယ်။ အခုတော့ အကြွေးတွေ ပိုများအောင် လုပ်ဖို့အတွက် မသင့်တော်ဘူး။ အဲဒါကြောင့် တော်ဝင်မင်းသမီးက ဒီတစ်ခေါက် မွေးနေ့ပွဲမကျင်းပတာ သင့်တော်တယ်။ လက်ရှိစီးပွားရေး အခြေအနေက အရေးအကြီးဆုံး အခိုက်အတန့်ပဲ။ ဘယ်ဆုံးဖြတ်ချက်မဆို နောက်လာမယ့် နှစ်ပေါင်းရာချီအတွက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ အခြေအနေကို သက်ရောက်နိုင်တယ်။ အဲဒါကြောင့် လက်ရှိ အခြေအနေအရ တခြားပြင်ပကို ကျုပ်တို့ အကူအညီမယ်ဆိုရင် မိုက်မဲရာကျလိမ့်မယ်။ ကျုပ်တို့ ကြိုးကြိုးစားစား တည်ဆောက်လာခဲ့တဲ့ အစီအစဉ်ကို ဂုဏ်သိက္ခာတွေ၊ ရင်းနှီးမှု ဆိုတဲ့အရာတွေအတွက် မဖျက်ဆီးပစ်နိုင်ဘူး။ ဒီစကားလုံးတွေက စိတ်အနှောင့်အယှက် ဖြစ်စေမယ်ဆိုရင် တော်ဝင်မင်းသမီးနဲ့ ဆာ-စီကာလီတို့ နားလည်ပေးဖို့ တောင်းပန်ပါတယ်။ ”
“၁၅နှစ်လား။” ချန်လွေ့ အနည်းယ် မျက်မှောင်ကြုတ်ပြီးနောက် သက်ပြင်းချကာ စီကာလီကို ပြောလိုက်သည်။ “ဆာ-စီကာလီ။ ချန်လွေ့ သုံးသပ်ပြတာကိုလည်း ရှင်းကြားတာပဲ။ ဘယ်လိုထင်လဲ။”
စီကာလီ အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွားခဲ့သည်။ ချန်လွေ့၏ လေကြောရှည်သော စီးပွားရေး သီဝရီမှာ အမှန်တကယ် မယုံနိုင်စရာကောင်းလှသည်။ သူက စံနမူနာများကို ကိုးကားခဲ့ပြီး သူ၏သုံးသပ်မှုများမှာ တိကျကာ အထင်ကြီးစရာ ကောင်းပေသည်။ သူသည် နတ်ဆိုးဘုံ၏ ထိပ်ဆုံး အတွင်းရေးဝန်ကြီးဟူသော ဂုဏ်ပုဒ်နှင့် ထိုက်တန်ပေသည်။ ပညာရှင် စကားလုံး အများအပြားကို သူတစ်ခါမှ မကြားဖူပေ။ စီကာလီ မည်သို့ ဟာကွက် ရှာနိုင်မည်နည်း။
ရှီရာ၏မေးခွန်းနှင့် ရင်ဆိုင်ရသည့်အခါ စီကာလီက ပြန်ပြောချင်သော်လည်း ခဏတာ ဆွံ့အသွားခဲ့သည်။
ချန်လွေ့၏ ဉာဏ်ပညာကို ရှီရာ အမှန်တကယ် လေးစားသွားခဲ့သည်။ သူက အကျိုးအကြောင်းသင့်သော ဝေဖန်ပိုင်းခြားမှုကို အသုံးပြုပြီး တစ်ဖက်လူ၏ “ပိုက်ဆံချေးမည့်” အကြံကို အဆုံးသတ်လိုက်နိုင်သည်။ ရှီရာ ထပ်ပြောသည်။ “ဒီလိုလုပ်ပါလား။ ကျွန်မက ငှက်တောင်ဖြူနယ်မြေကို ကုန်ကြမ်းထောက်ပံ့မှုတချို့ ကိုယ်တိုင်ပေးမယ်။ ပမာဏကတော့ သိပ်မများဘူး။ ဆာ-စီကာလီ စိတ်မရှိဘူးလို့ မျှော်လင့်ပါတယ်။”
ထိုစကားက စီကာလီ၏ ပိုက်ဆံချေးနိုင်ချေကို လုံးဝ ပိတ်ဆို့လိုက်သည်။ အမှောင်လက သူတို့သည် ဆင်းရဲပြီး ပိုက်ဆံမချေးချင်ကြောင်း အသေအချာ ဆိုလိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း သူက ကျေးဇူးတင်ကြောင်းကိုသာ ဖော်ပြနိုင်သည်။ ၎င်းမှာ တိတ်တိတ်လေး ဆေးခါးခါး မျိုချရသလိုမျိုးပင် ဖြစ်သည်။
စီကာလီ စိတ်ပြောင်းပြီး ပြောလိုက်သည်။ “အမှောင်လက အခက်အခဲတွေ ရှိမှတော့ ကျုပ်လည်း မင်းသမီးရှီရာအတွက် ခက်ခဲအောင် မလုပ်တော့ပါဘူး။ ဒါပေမဲ့ ကျုပ်တို့တောင်းဆိုချက်ကို ပြောင်းလဲပါရစေ။ ငှက်တောင်ဖြူနယ်မြေမှာ စိုက်ပျိုးလို့ မရတဲ့ ကျတ်တီးမြေအကျယ်ကြီး ရှိတယ်။ လူတွေက စိုက်ပျိုးလို့ရတဲ့ မြေနေရာ အသေးလေးတွေမှာပဲ အသက်မွေးဝမ်းကြောင်း ပြုလုပ်လို့ရတာ။ အမှောင်လက ရေကန်ပြာတောင်တန်း ရတနာသိုက်မှာ တွေ့ခဲ့တဲ့ မြေတိုးမြင့်ခြင်း လျို့ဝှက်နည်းလမ်းကို ရခဲ့တယ်ပြီးတော့ အဲဒါက အထင်ကြီးလောက်စရာ ရလာဒ်တွေ ရလာတယ်လို့ ကြားတယ်။ မင်းသမီးက အရိပ်နက်အင်ပါယာရဲ့ အမြွှာမြို့ဖြစ်တဲ့ သွေးနွယ်အင်ပါယာကို ကူညီခဲ့ပြီးတော့ ကျတ်တီးမြေတွေ အများကြီးကို အောင်အောင်မြင်မြင်နှင့် တိုးမြင့်အောင် လုပ်နိုင်တယ်။ လူတွေ ရပ်တည် နေနိုင်ဖို့အတွက် ငှက်တောင်ဖြူနယ်မြေရဲ့ မြေနေရာကို ပြုပြင်ပေးဖို့အတွက် လူတွေလွှတ်ပေးဖို့ မင်းသမီးကို ကျုပ် အရှက်မဲ့စွာနဲ့ အသနားခံပါတယ်။”
စီကာလီက အမှောင်လနှင့် သွေးနွယ်နယ်မြေအကြား လက်တွဲပူးပေါင်းမှုကို တမင်တကာ ဖော်ပြခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ ရှီရာက သွေးနွယ်နယ်မြေကဲ့သို့ တိုင်းတစ်ပါး နယ်မြေကိုပင် ကူညီခဲ့သည့်အတွက် ကြယ်ကြွေတမန်အင်ပါယာ၏ ငှက်တောင်ဖြူနယ်မြေကို ကူညီသင့်ကြောင့် ပြောချင်နေခြင်း ဖြစ်သည်။ ထို့ပြင် နယ်မြေနှစ်ခုမှာ အမြဲပင် “ကောင်းမွန်သော” ဆက်ဆံရေးကို ထိန်းသိမ်းထားကြ လေသည်။
ရှီရာ အသာလေး ခေါင်းညိတ်လိုက်သည်။ “ဆက်ပြောပါ။”
ဖြစ်နိုင်ချေရှိကြောင်း သတိထားမိသွားပြီးနောက် စီကာလီက တိတ်တိတ်လေး ပျော်ရွှင်သွားပြီး ဆက်ပြောသည်။ “ဆာ-ဘဏ္ဍာရေးအရာရှိ ချန်လွေ့က အမှောင်လရဲ့ လက်ရှိဖွံ့ဖြိုးမှုအတွက် အဓိကသော့ချက်အဖြစ် အသိအမှတ် ပြုခံထားရတယ်။ သူ့ကို နတ်ဆိုးဘုံရဲ့ ထိပ်တန်း အတွင်းရေးထူးချွန်သူ တစ်ယောက်အဖြစ် ပြောကြတယ်။ ဆာ-ချန်လွေ့က ဖရိုဖရဲဖြစ်နေခဲ့တဲ့ ချော်ရည်ပြာနယ်မြေကို အခုလို ကြွယ်ဝလာအောင် စွမ်းဆောင်ပေးခဲ့တာ သေချာတယ်။ ကျုပ် ဆာ-ချန်လွေ့ကို ငှက်တောင်ဖြူနယ်မြေ အတွက် စီးပွားရေးအကြပေးအနေနဲ့ ဖိတ်ခေါ်ပြီးတော့ အရေးကြီးပြဿနာတချို့ကို ဖြေရှင်းပေးစေချင်ပါတယ်။”
ရှီရာက ကပွဲ၌ ပါလန်ဒို၏ ခြိမ်းခြောက်မှုနှင့် ဆွဲဆောင်မှုတို့က ယနေ့အစည်းအဝေး မစတင်ခင် ချန်လွေ့၏ သတင်းပို့မှုမှ သိရှိထားပြီး ဖြစ်သည်။ ယနေ့တွင် စီကာလီက ကိုယ်တိုင် “ဖိတ်ကြား”ခဲ့လေသည်။ အမှောင်လသို့ လာလည်ရသည့် ရည်ရွယ်ချက် အမှန်မှာ လူသား ဘဏ္ဍာရေးအရာရှိကို ယူဆောင်ရန် ဖြစ်ပုံရသည်။
ချန်လွေ့ အဲဒီကိုသွားတာနဲ့ တစ်သက်လုံး မရှိတော့ဖို့များတယ်။ သူ မသွားရင်တောင် အဲဒီတုန်းက အစ်ဇဘယ်လာရဲ့ မိစ္ဆာဗော်ဒိုလိုမျိုး စီကာလီက ချန်လွေ့ကို လုပ်ကြံဦးမှာပဲ။ ဒါပေမဲ့ အခုတော့ အမှောင်လက အရင်လို မဟုတ်တော့ဘူး။ အခုလက်ရှိ လူသားက အရင်ကလူသား မဟုတ်တော့ဘူး။ ချန်လွေ့ရဲ့စွမ်းအား တစ်ခုတည်းက စီကာလီနှင့် တခြားသူတွေကို ချေမှုန်းဖို့ လုံလောက်တယ်။
ရှီရာက စိတ်ထဲ၌ သရော်ပြုံးပြုံးလိုက်ပြီး စဉ်းစားနေသောပုံစံ ပြသလိုက်သည်။