← Chapters

ကျွန်မကို ကောင်းကောင်းထောက်ပံ့ပေးတဲ့လူတွေ ရှိတယ်

Vol. 123 Ch. 1722

ကျွန်မကို ကောင်းကောင်းထောက်ပံ့ပေးတဲ့လူတွေ ရှိတယ်

Vol. 123 Ch. 1722

“သတင်းရပြီလား”

“ဟုတ်တယ်” ထန်းယွမ် ဆက်ပြောလေသည် “အဲဒါတင်မဟုတ်သေးဘူး အဲဒီပညာရှိစံအိမ်တော်က တစ်ဦးတည်းလုပ်နေတာမဟုတ်ဘူး ဆိုတာကိုပါ သိရပြီ၊ ဒီနောက်ကွယ်မှာ တစ်ယောက်ယောက်ရှိနေတယ် အဲဒီနောက်ကွယ်ကလူ က ချီဝိညာဉ်တွေနဲ့ ပတ်သက်နေတာကိုလည်း တွေ့ခဲ့တယ်”

“ဘာ…” ရှီမာယူယူသည် ရင်တုန်ပန်းတုန်ဖြစ်သွားသည် “ဘယ်လိုလုပ် ချီဝိညာဉ်နဲ့ ပတ်သက်နေတာလဲ”

“ငါတို့လည်း အစတုန်းက အံ့ဩနေတာ ဒါပေမဲ့ ငါတို့ကို ယုံကြည်စေတာကို တွေ့ရတယ် ပြီးတော့…”

“ပြီးတော့ ဘာြဖစ်လဲ”

“ဒီကိစ္စက လျှို့ဝှက်မိသားစုနဲ့ ပတ်သက်မယ်လို့ သံသယရှိတယ်”

“ဘယ်.. လျှို့ဝှက်မိသားစုနဲ့လဲ” ရှီမာယူယူသည် တွေးမိပြီးသားဖြစ် သော်လည်း ထန်းယွမ်ကို ကြည့်လိုက်သည်။

“ရွှမ်ချုံးမျိုးနွယ်” ထန်းယွမ် ဆက်ပြောလေသည် “မင်းက ရွှမ်ချုံးမျိုးနွယ် ကသခင်လေးနဲ့ ဆက်ဆံရေးကောင်းကြတာကို ငါသိထားလို့ သတင်းရတာနဲ့ ချက်ချင်း လာသတိပေးတာ”

ရှီမာယူယူသည် ထင်ထားသည့်အတိုင်းပဲဟု ရေရွတ်လိုက်သည်။ သူမ ဆရာကိုကယ်စဉ်က လေဟာပြင်တွင် ရွှမ်ချုံးမျိုးနွယ်များ ပေါ်လာသည်နှင့် ဘာကြောင့် ချီဝိညာဉ်များ ပေါ်လာသည်ကို သိချင်ခဲ့သည်ကို ရုတ်တရက် မှတ်မိလိုက်သည်။ သူမ ပြန်ရောက်သွားချိန်တွင် လူတစ်ယောက်သည် သူမကို ရှာနေကြောင်း အစောင့်များမှပြောလေသည်။ သို့သော် လွန်ခဲ့သည့်ရက်ပိုင်းက ဖြစ်သည်။ သူတို့က သူမကို ဘာလို့အလောတကြီးရှာရတာလဲ။

ဖြစ်နိုင်တာက… သူတို့ ဒီနေရာကိုရောက်နေတယ်၊ ဒါပေမဲ့ ဒီကိစ္စကို ထပ်ပြီးမပတ်သက်ချင်လို့ လာခဲ့တာပဲ။ ပြီးတော့ သူမက မိုးကြိုးသွားကို ဆင့်ခေါ်နိုင်ပြီး ဟင်္သပဒါးအံ့ဖွယ်မီးတောက်ရှိနေတာကို သူတို့သိထားကြတယ်။ အဲဒါကြောင့် သူမ သင်္ချိုင်းကိုသွားတုန်းက ဘာမှမတွေ့ခဲ့တာပဲ။

သူမသည် ဖခင်ကိုကုသပြီး ပြန်သွားချိန်ကတည်းက ထိုအကြောင်းကို မတွေးမိခဲ့ပေ။ မဟုတ်လျှင် ထူးဆန်းသည်ဟု တွေးမိမည်ဖြစ်သည်။

သူမသည် မျက်လုံးများမှိတ်ကာ ပြောလိုက်သည် “သူရော… ဒီအကြောင်းကိုသိလား”

“အဲဒါတော့ မသချောဘူး သူက သခင်လေးအနေနဲ့ မျိုးနွယ်က ဒီလိုကိစ္စ ကြီးမှာပါနေတာကို နည်းနည်းတော့သိမှာပါ သေချာတာတော့ မျိုးနွယ်တွင်းက ရာထူးမြင့်တဲ့သူတွေပဲ သိကြတာလေ မင်းကိုယ်တိုင်ပဲမေးကြည့်ပေါ့” ထန်းယွမ် ပြောလိုက်သည်။

“သူလည်းလာတာလား”

“ရွှမ်ချုံးမျိုးနွယ်က ဒီတစ်ခေါက် ညီလာခံမှာ ပါလိမ့်မယ် ဒါပေမဲ့ သူတော် စင်မြို့တော်ကို မရောက်လာကြသေးဘူး” ထန်းယွမ် ဆက်ပြောလေသည် “ဒီ တစ်ခါတော့ သူတော်စင်မြို့တော်က လူစည်တော့မယ်”

“သူတော်စင်မြို့တော်…” ရှီမာယူယူသည် မျက်လုံးများကို စောင်းကြည့်လိုက်သည်။ ဖြစ်နိုင်လျှင် သူတော်စင်မြို့တော်ကို တိုင်းပြည်တွင်ရှိမနေစေလို ပေ။

“ယူယူ ဘာအစီအစဉ်ရှိလဲ”

“လက်စားချေမယ်” ရှီမာယူယူ ဆက်ပြောလိုက်သည် “ပညာရှိစံအိမ် တော်က လူမဆန်တဲ့ ကိစ္စတွေအများကြီးလုပ်ထားတာ သူတို့ကို ဖော်ထုတ်ဖို့ အခွင့်အရေးကောင်းပဲ”

“ဒါပေမဲ့ အဲလိုဆိုရင်တောင် သူတို့ကို ဆန့်ကျင်ဖို့ မင်းမှာ စွမ်းအားမရှိဘူး လေ ပညာရှိစံအိမ်တော်က သူတို့ဘာသာနဲ့တင် အရမ်းအားကောင်းနေပြီ သူတို့နောက်ကွယ်က လျှို့ဝှက်ဂိုဏ်းတွေကလည်း အားကောင်းနေတယ် သူတို့ ရဲ့ ဆက်နွယ်မှုက အရမ်းကိုရှုပ်ထွေးတယ် အဲအချိန်ကျရင် သူတို့ကိုတွန်းလှန်ဖို့ မလွယ်ဘူး”

“အဲဒီ ပါဝင်မယ့်သူတွေက ပညာရှိစံအိမ်တော်ကို ကူညီမယ်လို့ ပြောလိုက် တာလား” ရှီမာယူယူ ဆက်ပြောလေသည် “သူတို့က ပညာရှိစံအိမ်တော်ရဲ့ နောက်ခံဖြစ်နိုင်ရင် ကျွန်မရဲ့ နောက်ခံလည်းဖြစ်လို့ရတာပဲ”

“မင်းက သူတို့ကိုသုံးပြီး ပညာရှိစံအိမ်တော်ကို ဆန့်ကျင်တိုက်ခိုက်ချင် တာလား ဖြစ်နိုင်ချေနည်းတယ်နော်” ထန်းယွမ်သည် သူမ၏ နည်းလမ်းကို သဘောမတူပေ။ သူသည် ပညာရှိစံအိမ်တော်၏ စွမ်းအားကို ရှီမာယူယူထက် ပိုသိသည်။

“မဖြစ်နိုင်ဘူးလို့ ရှင်ထင်တာလား” ရှီမာယူယူ မေးလိုက်သည်။

“ပညာရှိစံအိမ်တော်က ယန်းမျိုးနွယ်နဲ့မတူဘူး သူတို့မှာ စံအိမ်အခွဲတွေနဲ့ ယုံကြည်သူတွေများတယ် ဂိုဏ်းအများကြီးနဲ့လည်း ပတ်သက်နေတယ်၊ သူတို့ က ပညာရှိစံအိမ်တော်ကို ဆန့်ကျင်ဖို့ဆိုတာ ဖြစ်နိုင်ချေနည်းတယ်”

“အဲဒါက သူတို့က အကျိုးအမြတ်အများကြီးမရဘူးလို့ ဆိုလိုတာပဲ” ရှီမာယူယူ ဆက်ပြောလေသည် “ကျွန်မတို့သာ သူတို့ကို အကျိုးအမြတ်ပိုပေး မယ်ဆိုရင် အကုန်လုံးဖြစ်နိုင်တယ် ပြီးတော့ ကျွန်မတို့မှာ အဆင့်တူတဲ့စွမ်းအား မရှိဘူးလို့ ဘယ်သူပြောလဲ”

ထန်းယန်သည် သူမ၏ ယုံကြည်မှုရှိသောအပြုံးကို မသင်္ကာဖြစ်လာ သည်။ သူ မသိတဲ့ တစ်ခုခုများရှိနေတာလား။

ရှီမာယူယူသည် သူ၏ မျက်နှာအမူအရာကို မြင်ပြီးနောက် ရယ်မောလိုက် သည် “ပညာရှိစံအိမ်တော်နဲ့ တခြားဂိုဏ်းတွေက ရှုပ်ထွေးတယ်လို့ ရှင်ပဲ ပြော လိုက်တာမဟုတ်ဘူးလား ကျွန်မပြောတဲ့ဂိုဏ်းတွေလည်း အတူတူပဲ ကျွန်မ ပြောချင်တာက ပညာရှိ စံအိမ်တော်နဲ့ယှဉ်နိုင်မယ်ဆိုရင် ကျွန်မတို့ကလည်း တခြားဂိုဏ်းတွေနဲ့ ပတ်သက်နေတာပဲ ဒီနှစ်တွေမှာ သူတို့က အနက်ဝတ်လူ တွေအကြောင်း စုံစမ်းတာကို လက်မလျော့ခဲ့ကြဘူး”

“မင်းပြောတာက…”

“ဟုတ်တယ် ကျွန်မက အသင်းတွေရဲ့ ဒုသခင်ဆိုတာကို ရှင်မေ့နေခဲ့ တာပဲ” ရှီမာယူယူ ဆက်ပြောလေသည် “ပညာရှိစံအိမ်တော်နဲ့ယှဉ်ရင် အဂ္ဂိရတ် ပညာရှင်အသင်း၊ လက်နက်ပညာရှင်အသင်း တည်ဆောက်မှုပညာရှင်အသင်း သားရဲထိန်းကျောင်းသူအသင်း ဝိညာဉ်ရှာဖွေသူအသင်းတို့ တည်ထောင်ထားတဲ့ အသင်းကြီးလေ ဘယ်ကွန်ရက်ကပိုကြီးလဲ”

“ဟားဟားဟား ငါအဲအကြောင်းကိုမေ့နေတာပဲ” ထန်းယွမ်သည် သူမ ယုံကြည်ချက်ရှိနေပုံကို မြင်ပြီးနောက် ရယ်မောလိုက်ကာ သူ သူမကို ဘာကြောင့် ထိုမျှလောက် သဘောကျသည်ကို နားလည်သွားလေပြီ။

“အရင်တစ်ခေါက် အနက်ဝတ်လူတွေ သူတို့ကိုတိုက်ခိုက်ကြတုန်းက အကုန်လုံး ဒေါသထွက်နေခဲ့ကြတာ ဆယ်စုနှစ်တွေကြာသွားပေမဲ့ သူတို့က အနက်ဝတ်လူတွေအကြောင်းကို စုံစမ်းတာ လက်မလျော့ခဲ့ကြဘူး၊ ဒီကိစ္စတွေ ကိုလုပ်တာ ပညာရှိစံအိမ်တော်ဆိုတာကို သူတို့သိရင် ဘယ်လိုလုပ်လက်ရှောင် ကြမလဲ”

“ဒါပေမဲ့ ညီလာခံက မကြာခင်စတော့မယ်လေ သူတို့ အလောတကြီး လာမယ်ဆိုရင်တောင် မှီမှာမဟုတ်ဘူး” ထန်းယွမ် စိတ်ပူနေသည်။

“ပြဿနာမရှိပါဘူး သူတို့တွေက လာနေပြီဆိုတော့ မကြာခင်ရောက်လာ လိမ့်မယ်” ရှီမာယူယူ ပြောလိုက်သည်။

“ဘယ်လိုသိတာလဲ”

“ကျွန်မ ဒီကိုမလာခင်က သတင်းပို့ထားပြီးပြီ သူတို့ သိနေတာကြာပြီ” ရှီမာယူယူ ဆက်ပြောလေသည် “ဒါဆိုရင် ရှင် သူတို့ကိုသွားစီစဉ်ပေးပြီး ဒီသတင်းကို ပြောပြလိုက်ပါ”

“ဒါဆို မင်းကရော”

“ဒီမှာပဲ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်နေလိုက်မယ်လေ” ရှီမာယူယူသည် သူ့ကို မျက်လုံးလှိမ့်ပြလိုက်သည် “ကျွန်မက ဒီမှာအပြစ်ပေးခံနေရတာဆိုတော့ ဘယ်မှသွားလို့မရဘူး”

ထန်းယွင် - “…..”

“ရှင်ဘာတွေ့ထားတာလဲဆိုတာနဲ့ သူတို့ကိုးကားဖို့ ကျွန်မအစီအစဉ်ကိုပါ ပြောလိုက်ပါ” ရှီမာယူယူသည် ထန်းယွမ်ကို သူမ၏ အစီအစဉ်များပြောပြလိုက် ပြီး စိတ်ရင်းနှင့်ပြောလိုက်သည် “ဒီကိစ္စကို ရှင့်ကိုအပ်လိုက်ပြီ ရှင် ကောင်းကောင်းလုပ်ရမယ်”

“….” သူမသည် သူမကိုယ်တိုင်မလုပ်ဘဲ တခြားသူများကို ခိုင်းသည်ကို ထန်းယွမ် မပျော်ရွှင်နေပေ “ဒါဆိုရင် မင်းကဘာလုပ်မှာလဲ”

“ကျွန်မက အားနည်းလွန်းတယ်လေ ဘေးကနေပဲ စောင့်ကြည့်ရမှာပေါ့” ရှီမာယူယူသည် အပြစ်ကင်းသလို သွားဖြဲပြလေသည် “ရှင်တို့က တာဝန်ယူပြီး ရန်သူတွေကို ဖြိုခွင်းတဲ့နေရာမှာ တော်ကြတယ်လေ”

“….”

သူမနှင့် စကားဆက်ပြောနေပါက ဒေါသထွက်၍ သေတော့မလိုပင် ထန်းယွမ် ခံစားရသည်။ ဒေါသထွက်သည်မှာ ကိစ္စတစ်ခုဖြစ်သလို တခြား ပြဿနာတစ်ခုမှာ သူသည် ဤလူကိုထိမရသဖြင့် ပို၍ဒေါသထွက်ရသည်။ သူ့ ခံစားချက်မှာ အဆိုးဆုံးပင်။

ထို့ကြောင့် သူသည် နှုတ်မဆက်ဘဲနှင့် ထွက်လာခဲ့လိုက်သည်။ သူ တောင်ကမ်းပါးဘေးသို့ရောက်သောအခါ အန္တရာယ်များသောကြောင့် အတွင်း ထဲသို့ မသွားရန် သူမကိုသတိပေးခဲ့ကြောင်းကို သူ မှတ်မိသည်။

သို့သော် သူစဉ်းစားကြည့်ရာ ထိုကောင်မလေးတွင် အကြံပေါင်းများစွာ ရှိ ရာ ထိုနေရာတွင် သုံးလကြာအောင် ဘေးကင်းကင်းနေနိုင်ခဲ့သည်မှာ မည်သည့် ကိစ္စများမရှိဟု ဆိုလိုခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် သူမဆီသို့ ပြန်မသွား တော့ပေ။

သူသည် စဉ်းစားပြီးနောက် စိတ်သက်သာရာရစွာဖြင့် ထွက်လာခဲ့လိုက် သည်။ သူသည် ရှီမာယူယူ ခိုင်းလိုက်သည့် ကိစ္စကို မပျော်ရွှင်ပေ။ သူသည် ပင်ပန်းရသည့် ဇာတာပါသည့်ပုံပင်။

မည်သူမှမရှိတော့သည်ဟု ရှီမာယူယူ သေချာအောင် ကြည့်ပြီးသည်နှင့် အမည်းလေးကိုခေါ်ကာ ဝိညာဉ်စေတီထဲသို့ ဝင်လိုက်သည်။ သားရဲများသည် ဖြူစွတ်နေသော အမည်းလေးကို မြင်သောအခါ အံ့ဩသွားကြပြီး စကားပြော ကြလေသည်။

ရှီမာယူယူသည် သူတို့ကို ဂရုမစိုက်တော့ဘဲ အကြီးအကဲဖြူ၏ ထောင့် ချင်ယိအားသို့ သွားလိုက်သည်။

ထိုအချိန်တွင် အကြီးအကဲဖြူသည် အလွန်ပင် ကြည့်ကောင်းနေကာ သစ်ကိုင်းနှင့် သစ်ရွက်များသည် ပင်စည်မှထွက်နေပြီဖြစ်သည်။

***

All Chapters