← Chapters

ကိုယ်တိုင်ချီတက်ခြင်း။ အိုဆိုင်ဒန်၏ ဆုံးဖြတ်ချက်

Vol. 33 Ch. 495

ကိုယ်တိုင်ချီတက်ခြင်း။ အိုဆိုင်ဒန်၏ ဆုံးဖြတ်ချက်

Vol. 33 Ch. 495

လူအများ ထင်ထားသကဲ့သို့ပင် “လက်ထပ်ခွင့်တောင်းခံခြင်း” ငြင်းပယ်ခံရပြီးနောက် အိုဆိုင်ဒန် ဒေါသ ထွက်သွားခဲ့သည်။ သူက အမှောင်လနှင့် အရိပ်နက်အင်ပါယာတို့ ပူးပေါင်းပြီး ချော်ရည်ပြာနယ်မြေကို တိုက်ခိုက်ခြင်း ကဲ့သို့သော ပြစ်မှုအမျိုးမျိုးကို ‌ဖော်ပြခဲ့သည်။ ထို့နောက် သစ္စာဖောက်ကို တိုက်ခိုက်ရန်အတွက် ကြယ်ကြွေတမန်အင်ပါယာမှ နယ်မြေအသီးသီးကို ဆင့်ခေါ်သည်။ အကျိုးဆောင်ရွက်သူများက ဂုဏ်ပုဒ်တစ်ခု ရရှိမည် ဖြစ်သည်။

သို့သော်လည်း အင်ပါယာမှ မည်သည့်နယ်မြေကမှ အမှောင်လ၏ ပြိုင်ဘက်မဟုတ်သည်ကို လူတိုင်း သိကြသည်။ ထိုစဉ်က လိပ်ပြာနီနယ်မြေနှင့် ချော်ရည်ပြာနယ်မြေတို့ ပူးပေါင်းခဲ့စဉ်ကပင် ဆိုးဆိုးဝါးဝါး အဆုံးသတ်ခဲ့ရသည်။ အဓိက နယ်မြေ၄ခုမှ ငှက်တောင်ဖြူနယ်မြေတစ်ခုသာ အင်အားကျန်ရှိနေခဲ့သည်။

ငှက်တောင်ဖြူနယ်မြေနှင့် အမှောင်လတို့က သဘောတူညီမှုတစ်ခုခု ပြုလုပ်ထားခဲ့သည်ကို ပြောစရာပင် မလိုပေ။ နှစ်ဖက်လုံးမှ အင်အားကို နှိုင်းယှဉ်ကြည့်ရုံဖြင့်ပင် အနိုင်ရနိုင်ချေ မရှိပေ။

အကယ်၍ ကျန်ရှိသော နယ်မြေအားလုံး ပူးပေါင်းပြီး အစွမ်းကုန်တိုက်ခိုက်ကြလျှင် အမှောင်လကို အနိုင်ရသည့်တိုင် ကြီးကြီးမားမား ပေးဆပ်ရမည် ဖြစ်သည်။ သို့သော်လည်း ထိုကဲ့သို့ အခြေအနေမျိုး ဖြစ်လာရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် မည်သူမှ အမြောက်စာ မဖြစ်ချင်ကြပေ။ အထူးသဖြင့် ရန်ပုံငွေပြဿနာကြောင့် နယ်မြေအများအပြားက ယခုတွင် ချို့ချို့တဲ့တဲ့ နေနေရလေသည်။ စစ်ပွဲရှုံးနိမ့်မည်ကို သူတို့ မည်သို့ခံနိုင်ပါမည်နည်း။

ဂုဏ်ပုဒ်တစ်ခု၏ ဆွဲဆောင်မှုရှိသော်လည်း ၎င်းကို ရရှိရန်အတွက် စွမ်းရည်နှင့် ကံကြမ္မာ ရှိရပေမည်။

အိုဆိုင်ဒန် ဆင့်ခေါ်လိုက်သည်နှင့် နယ်မြေအသီးသီး၏ မပျံ့နှံ့သွားခင်မှာပင် အမှောင်လက အိုဆိုင်ဒန် ဖော်ပြခဲ့သော “ပြစ်မှုများ”ကို ချက်ချင်း ငြင်းပယ်ခဲ့သည်။ သူတို့က မြို့တော်ထံသို့ မြောက်မြားလှစွာသော “လက်ကမ်းစာစောင်များ” စေလွှတ်ပြီး အင်ပါယာမှလူတိုင်း သိစေရန် ပြုလုပ်သည်။

အရိပ်နက်အင်ပါယာသည် ကြယ်ကြွေတမန်အင်ပါယာနှင့် မဟာမိတ်ဆက်ဆံရေး ရှိသည်။ ထို့ကြောင့် ရင်းနှီးမှုနှင့် နှစ်ဦးနှစ်ဖက် အကျိုးအမြတ် အပေါ်တွင် အခြေခံ၍ အမှောင်လက အရိပ်နက်အင်ပါယာမှ သွေးနယ်‌နယ်မြေနှင့် အမွှာမြို့ တည်ထောင်ခဲ့သည်။ ထို့ပြင် နှစ်ဖက်လုံးက လူသိရှင်ကြား လက်မှတ်ထိုးခဲ့သော စာချုပ်မှာ အင်ပါယာ၏ အကျိုးအမြတ်များကို မပျက်စီးစေခဲ့ပေ။ ပူးပေါင်းကြံစည်ခြင်း ‌ဆိုသည်မှာ အခြေအမြစ်မရှိသော ပေါက်ကရ သက်သာသာ ဖြစ်လေသည်။

ချော်ရည်ပြာနယ်မြေကို တိုက်ခိုက်မှုမှာ အမှန်တရားနှင့် သွေဖည်နေပေသည်။ အိုဆိုင်ဒန်က ရန်ပုံငွေများ အကြွေးတင်မှုကြောင့် ချော်ရည်ပြာနယ်မြေ ဖရိုဖရဲ ဖြစ်ရခြင်း ဖြစ်သည်။ ထို့ကြောင့် အမှောင်လက အင်ပါယာ တည်ငြိမ်စေရန်အတွက် ယခင် အညှိုးအတေးများကို ဘေးဖက်ပြီး ချော်ရည်ပြာနယ်မြေကို ကူညီကာ သူပုန်များကို ရှင်းလင်းရင်း လော့ဒ်အသစ်တစ်ယောက် တက်နိုင်ရန် ကူညီပေးခဲ့သည်။ အမှောင်လက ချော်ရည်ပြာနယ်မြေ ဖွံဖြိုးတိုးတက်ရန်နှင့် စီးပွားရေး တည်ငြိမ်ရန်အတွက်လည်း အကူအညီ ပေးခဲ့သည်။ ယခုတွင် ချော်ရည်ပြာနယ်မြေမှ လူများ၏ဘဝသည် တည်ငြိမ်နေပြီး စီးပွားရေး တစ်နေ့တခြား ကြီးထွားလာသည်။ ၎င်းမှာ အကောင်းဆုံး ဖြေရှင်းချက်ပင် ဖြစ်၏။

မြို့တော်က ဖော်ပြခဲ့သော “ပြစ်မှုများ”ကို တစ်ခုချင်း ငြင်းပယ်ပြီးနောက် အမှောင်လက ရီဂျန့်အိုဆိုင်ဒန်၏ ပြစ်မှုများကို ရဲရဲတင်းတင်း တန်ပြန်ဖော်ပြခဲ့သည်။

(၁) ကျေးဇူးကန်းခြင်း။ အစ်ကိုတော် သန်းခေါင်နေအရှင်မှ အိမ်ရှေ့မင်းသား ဂါရမ်းထံ လွှဲပြောင်းပေးခဲ့သော ထီးနန်းကို လုယူသည်။ ရီဂျန့်အဖြစ် ကိုယ့်ကိုယ်ကိုယ် ခန့်အပ်သည်။ သန်းခေါင်နေ၏ တော်ဝင်မိသားစုဝင်များကို ဖိနှိပ်ပြီး အကျဉ်းချသည်။ ရယ်စရာကောင်းသည်မှာ သူ့ကို ကြယ်ကြွေတမန်ဓားကို အသိအမှတ် မပြုသေးခြင်းပင်။ တော်ဝင်အဆောင်ပစ္စည်း ကိုယ်တိုင်ကပင် ထိုလုယူသူကို ငြင်းပယ်၏။

(၂) လောဘကြီးသော အကျင့်ရှိခြင်း။ နယ်မြေနှင့် မိသားစုအသီးသီးမှ ကြွယ်ဝမှုများကို လိမ်ညာယူရန်အတွက် ကောက်ကျစ်သော ရန်ပုံငွေကောက်ခံခြင်းကို မတုံ့မဆိုင်းဘဲ ပြုလုပ်ခဲ့သည်။ ယနေ့အထိ ရန်ပုံငွေများကို ပြန်လည်မပေးအပ်ရသေးဘဲ လော့ဒ်များနှင့် ပြည်သူများ၏ဘဝကို ဆိုးဝါးခက်ခဲစေသည်။

(၃) အရှက်မဲ့ခြင်း။ တူတော်၏ သမီးတော်ကို မိန်းမအဖြစ် အတင်းတောင်းခံခြင်း လူစီဖာ တော်ဝင်မိသားစုတစ်ခုလုံးကို အရှက်ရစေသည်။

(၄) မလိုက်နာသူများကို သုတ်သင်ခြင်း။ အတွင်းရေး ပြဿနာများဖြစ်စေသော အကြီးအကဲ မိသားစုဝင်များကို တိတ်တဆိတ် ထိခိုက်စေသည်။

ထိုပြစ်မှုများမှာ မြို့တော်က ဖော်ပြသည့် ဝေဝါးဝါး ထွင်လုံးများထက် ပို၍ခိုင်မာသည်။ ပြစ်မှုတစ်ခုချင်းစီက အိုဆိုင်ဒန်၏ အားနည်းချက်တိုင်းကို ထိနေ၏။ ပထမနှင့် ဒုတိယပြစ်မှုဖြင့်ပင် အိုဆိုင်ဒန် ငြင်းဆိုရန် မဖြစ်နိုင်တော့ပေ။

ကြယ်ကြွေတမန်ဓားမှာ နှစ်ပေါင်းများစွာ ကြာအောင် ဆိုဆိုင်ဒန်၏ အဓိက ခေါင်းကိုက်စရာတစ်ခု ဖြစ်ခဲ့သည်။ ထို့ပြင် ၎င်းသည် သူ့ကို ဧကရာဇ်တစ်ယောက် တရားဝင် ဖြစ်လာရန်အတွက် တားဆီးနေသော အကြီးမားဆုံး အတားအဆီး တစ်ခုလည်း ဖြစ်သည်။ ရန်ပုံငွေကိစ္စမှာ သူ၏လက်ရှိ စိတ်ဖိစီးမှု၏ အရင်းအမြစ် ဖြစ်သည်။ တတိယအချက်မှလွဲ၍ နောက်ပိုင်းပြစ်မှုများမှာ အမှောင်လနှင့် မချိတ်ဆက်နေသော်လည်း အားလုံး မှန်ကန်နေသည်။ ၎င်းသည် အင်ပါယာမှ နယ်မြေအားလုံးနှင့် မိသားစုအားလုံး၏ မကျေနပ်ချက်များကို နိုးဆွရန် လုံလောက်သည်။

အကြီးအကဲမိသားစု အများအပြားက သူတို့၏ အကျိုးစီးပွားများနှင့် ဆက်နွှယ်နေသော လူသိများသည့် ကိစ္စဟောင်းအချို့ကို မေးခွန်းထုတ်လာကြသည်။ သူတို့က အမှောင်လကို မထိနိုင်ခင်မှာပင် မြို့တော်၏အသံ အချိုးမပြေ ဖြစ်လာသည်။

အမှန်တကယ်၌ အင်ပါယာတစ်ခု၏ ‌အထက်လွှာက အမှောင်ထုနှင့် မနှစ်မြို့စရာ နည်းလမ်းများ၌ ပါဝင်နေသည်မှာ ပုံမှန်သာ ဖြစ်သည်။ စည်းမျည်းကို ခိုင်မာစေရန်အတွက် မိသားစုများကို ရှင်းလင်းပစ်ခြင်းမှာ ကိစ္စအသစ် မဟုတ်ပေ။ သို့သော်လည်း ၎င်းကို အမှောင်ထဲ၌ ထားထားခြင်းနှင့် အလင်း၌ရှိနေခြင်းတို့မှာ ကွဲပြားပေသည်။ ယခင်က အစ်ဇဘယ်လာသည် မြို့တော်၏ လျို့ဝှက်သတင်း အချက်အလက်ဌာနကို ထိန်းချုပ်ခဲ့သည့်အတွက် သူ့တွင် အတွင်းရေး သတင်းအချက်အလက်များစွာ ရှိနေသည်။ ယခုတွင် အရာအားလုံး ပေါက်ကြားသွားပြီး အိုဆိုင်ဒန်ကို အငိုက်မိသွားစေခဲ့သည်။

ချော်ရည်ပြာနယ်မြေကို ကိုယ်စားပြုသော တောင်ပိုင်းနယ်မြေက ပထမဦးစွာ မတ်မတ်ရပ်ပြီး အမှောင်လကို ခိုင်ခိုင်မာမာ ထောက်ခံခဲ့သည်။ အမှောင်လသည် ‌ချော်ရည်ပြာနယ်မြေ၏ စစ်မှန်သော အာဏာဆုပ်ကိုင်သူဖြစ်သည့် ဆူမန်၏ ထီးနန်းဆက်ခံမှုကို ထောက်ခံခဲ့သည်။ လော့ဒ်ငယ်လေးမှာမူ အတုအ‌ယောင်မှလွဲ၍ ရုပ်သေးတစ်ရုပ်သာ ဖြစ်လေသည်။

ဗိုလ်ချုပ်ဂျော့ခ်ျ ဦးဆောင်သော “ဆန့်ကျင်သူများ”က အခွင့်အရေးရယူကာ အိုဆိုင်ဒန်၏ လုပ်ရပ်များကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ သို့သော်လည်း ထိုအချိန်က မှော်ဆရာခံတပ် တည်ရှိရာ ငှက်တောင်ဖြူနယ်မြေလော့ဒ် စီကာလီသည် ဗိုလ်ချုပ်ဂျော့ခ်ျနှင့် ပဋိပက္ခ ဖြစ်နေခဲ့သည်။ စီကာလီက အသေအချာပင် မြို့တော်၏ တိုက်ခိုက်ရန် ပြောဆိုမှုကို အပေါ်ယံ၌ မတုံ့ပြန်ခဲ့ဘဲ ရှီရာ၏ အကြီးမားဆုံး ထောက်ပံ့သူ ဖြစ်သော ဗိုလ်ချုပ်ဂျော့ခ်ျကို ဟန့်တားခဲ့သည်။ ပြောင်းလဲမှုများကို ကာကွယ်ရန်အတွက် မြို့တော်က ငှက်တောင်ဖြူနယ်မြေသို့ တပ်သားအများအပြား စေလွှတ်ခဲ့သည်။ လက်ရှိ၌ သွေးရောင်အင်ပါယာသည် သူတို့ကို နယ်စပ်၌ နှောင့်ယှက်နေဆဲ ဖြစ်သည်။ နောက်ဘက်၌ ရန်သူ ရှိနေသည့်အတွက် ဂျော့ခ်ျသည် စစ်တပ်ကို တောင်ပိုင်းသို့ မဦးဆောင်နိုင်တော့ပေ။ သို့သော် ငှက်တောင်ဖြူနယ်မြေက ရှေ့ဆက်မသွားရဲပေ။ ယခုတွင် သူတို့နှစ်ဖက်က ရှေ့မတိုးသာ နောက်မဆုတ်သာသော အခြေအနေ၌ ရှိနေကြလေသည်။

စကားစစ်ထိုးပွဲသည် တိုက်ခိုက်မှုကို မှန်ကန်ကြောင်း ထင်ရှားစွာ ပြသနိုင်စေရန် အတွက်သာ ဖြစ်သည်။ ထိုအပိုင်း၌ ရှုံးနိမ့်ရပြီးနောက် အိုဆိုင်ဒန်က စိတ်ရင်းအမှန်ကို ပြသတော့သည်။ အင်ပါယာ ရီဂျန့်၏ နာမည်ဖြင့် သူက အမှောင်လကို ကိုယ်တိုင်သိမ်းပိုက်ရန် ကြေညာခဲ့သည်။ သူက သူပုန်ကို ရှင်းလင်းပစ်ရန်အတွက် ယာယီညွန့်ပေါင်းတပ်ဖွဲ့ ဖွဲ့စည်းရန် နယ်မြေများကို အမိန့်ပေးခဲ့သည်။

ထိုကဲ့သို့ အမိန့်မျိုးမှာ ယခင်ဆင့်ခေါ်ခြင်းနှင့် မတူပေ။ တပ်ဖွဲ့များ စေလွှတ်ရန် ငြင်းဆန်သူများသည် အမှောင်လ၏ ကြံရာပါများအဖြစ် သတ်မှတ်ခံရပေမည်။

အိုဆိုင်ဒန်က တပ်ဖွဲ့များကို ကိုယ်တိုင် ဦးဆောင်မည်ဟု ကြေညာပြီးနောက် လိပ်ပြာနီနယ်မြေ၌ ပြန်လည်အားမွေးနေရင်း သိုသိုသိပ်သိပ် နေနေခဲ့သော ဂျို့ရှ်က ပထမဆုံး တုံ့ပြန်ခဲ့သည်။ သူက ရီဂျန့်နောက်လိုက်ပြီး အမှောင်လကို တိုက်ခိုက်ရန် ဆန္ဒရှိကြောင်း ဖော်ပြသည်။ ထို့နောက် နယ်မြေအားလုံးက တပ်ဖွဲ့များစေလွှတ်ရန် ပြတ်ပြတ်သားသား ဖော်ပြခဲ့ကြသည်။ အသေးငယ်ဆုံး နယ်မြေများပင် ခြွင်းချက်မရှိပေ။ လက်ရွေးစင်များ စေလွှတ်မလွှတ်က နယ်မြေတစ်ခုစီ၏ တွက်ချက်မှု အပေါ်၌သာ မူတည်လေသည်။

စစ်တပ်စုတေးမှုမှာ မရိုးရှင်းပေ။ အိုဆိုင်ဒန်က အမှောင်လနောက်မှ အရိပ်နက်အင်ပါယာကိုလည်း စဉ်းစားခဲ့သည်။ ထို့ကြောင့် သူက သံတမန် စေလွှတ်ပြီး ထိုစစ်ပွဲအကြောင်းရင်းမှ လက်ထပ်ခွင့်တောင်းမှုကို ငြင်းပယ်ခြင်းကြောင့်ဖြစ်ပြီး ၎င်းမှာ လူစီဖာ တော်ဝင်မိသားစုကိစ္စဖြစ်ကြောင်း အတိအလင်း ပြောကြားခဲ့သည်။ သူက အင်ပါယာ နှစ်ခုအကြားရှိ သဘောတူညီမှုကို လိုက်နာပြီး ကြယ်ကြွေတမန် အင်ပါယာမှ အတွင်းရေးကိစ္စများကို ဝင်မစွက်ဖက်ရန် တောင်း‌ဆိုခဲ့သည်။ ညှိနှိုင်းမှုအချို့ ပြုလုပ်ပြီးတော့ ပဏာမသဘောတူညီမှုတစ်ခု ရရှိသွားခဲ့သည်။ အကျိုးအမြတ် ပမာဏနှင့် ပေးဆပ်ခဲ့ရသည်များကို အရိပ်နက်အင်ပါယာမှ အထက်တန်းလွှာများနှင့် အိုဆိုင်ဒန်တို့သာ သိကြသည်။

အမှန်တကယ်၌ အရိပ်နက်အင်ပါယာသည် စစ်ပွဲ၌ အကူအညီပေးရန်အတွက် အမှောင်လနှင့် စာချုပ် မချုပ်ထားခဲ့ပေ။ အိုဆိုင်ဒန်သည် အကျိုးအမြတ်များ အလကားသက်သက် ကမ်းလှမ်းနေခြင်းသာ ဖြစ်သည်။ မဟာကတ်သရင်းကလည်း ၎င်းကို ငြင်းပယ်မည် မဟုတ်ပေ။

အရိပ်နက်အင်ပါယာမှ ကတိကိုရပြီးနောက် အိုဆိုင်ဒန် ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့သည်။ သူက လိပ်ပြာနီနယ်မြေ လော့ဒ်-ဂျို့ရှ်၏ အကြံအတိုင်း နည်းအမျိုးမျိုးသုံးပြီး အမှောင်လ ဖော်ပြခဲ့သော “ပြစ်မှုများ”ကြောင့် ဆွဲဆောင်ခံခဲ့ရသည့် အကြီးအကဲ မိသားစုများကို ပြင်းပြင်းထန်ထန် ဖိနှိပ်ကာ စစ်ပွဲအတွင်း မနှောင့်ယှက်နိုင်ရန် ပြုလုပ်ခဲ့သည်။

ထိုလုပ်ရပ်များက အမှောင်လအတွက် အဖိုးတန်သော ပြင်ဆင်ချိန်များ ရရှိသွားစေခဲ့သော်လည်း သူတို့ အတော်လေး ကြီးကြီးမားမား ကြောက်လန့်သွားခဲ့သေးသည်။ တိုင်းတပါး စီးပွားရေးသမားများနှင့် ပြည်သူ အများအပြား ပြောင်းရွှေ့ခဲ့ကြသည်။ ယခုတစ်ခေါက်မှာ လော့ဒ်စစ်ပွဲထက်ပိုသည်။ အင်ပါယာက အင်အားအကုန်သုံးပြီး နယ်မြေတစ်ခုကို ရင်ဆိုင်မည် ဖြစ်သည်။ ၎င်းမှာ ရလာဒ်ကို ခန့်မှန်းနိုင်သော စစ်ပွဲတစ်ခုပင် ဖြစ်၏။ မြို့တော်ကလည်း အမှောင်လကို “နောက်ခံပြု”ပေးသော အရိပ်နက်အင်ပါယာနှင့် သဘောတူညီမှုတစ်ခု ရရှိခဲ့သည်။

ဖရိုဖရဲ အခြေအနေမှာ အမှောင်လ အထက်တန်း အလွှာများ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည်။ ယခုကဲ့သို့ အခြေအနေ ဖြစ်လာပြီ ဖြစ်သည့်အတွက် တိုက်ပွဲ ဖြစ်လာ‌ပေတော့မည်။ ထို့ကြောင့် နေရစ်သူများက ယုံကြည်မှုတစ်ခုကို ‌ဆုပ်ကိုင်ထားနေကြခြင်း ဖြစ်ပေသည်။

အမှောင်လ၏မဟာမိတ်ဖြစ်သော သွေးနယ်မြေမှ လော့ဒ်-ဗိုလ်ချုပ်ခရော့ဖို့ဒ်က အမှောင်လသို့ အရေးတကြီး လျို့ဝှက်သတင်းတစ်ခုပို့ပြီး အမှောင်လ ပြဿနာကို ဝင်မစွက်ဖက်ရန် အရိပ်နက်အင်ပါယာ၏ ဆုံးဖြတ်ချက်ကို ရှင်းပြခဲ့သည်။ သို့သော်လည်း။ခရောဖို့ဒ်က ရှီရာနှင့် ကိုယ်ရေးကိုယ်တာ ရင်းနှီးမှုနနှင့် သူ၏ တစ်ဦးတည်းသောသား မွန်ရိုးကို ကူညီခဲ့သည့် ကျေးဇူးကို စိတ်ထဲမှတ်ထားပြီး အမှောင်လကို ထောက်ပံ့ရန်အတွက် လက်ရွေးစင် မှင်စာစစ်သည် တစ်ဖွဲ့ စေလွှတ်ခဲ့သည်။

မှင်စာများ၏ တိုက်ခိုက်ရေးစွမ်းအားမှာ အလွန်အမင်း နိမ့်ကျလှသည်။ စစ်သည် သို့မဟုတ် လက်ရွေးစင် စစ်သည်ဟုပင် ခေါ်နိုင်သော မှင်စာများမှာ သေချာပေါက် သာမန်မဟုတ်ကြပေ။ အစိတ်အပိုင်းများ ထုတ်လုပ်ခြင်း၊ တပ်ဆင်ခြင်း ကဲ့သို့သော ပါရမီများအပြင် သူတို့၏ အထူးချွန်ဆုံး ပါရမီမှာ စက်ယန္တရားကို စီမံနိုင်ခြင်း ဖြစ်သည်။ ဥပမာပြောရလျှင် လက်ရွေးစင် မှင်စာစစ်သည်များ စီမံသည့်အခါ မှော်သလင်းကျောက် အမြောက်က ၃၀% ပိုမိုတိကျပေမည်။ ထို ၃၀%မှာ သေစေနိုင်မှု ကြီးမားသော မှော်လက်နက်ကြီးတစ်ခုအတွက် အတော်လေး မယုံနိုင်စရာ ကောင်းပေသည်။

၎င်းမှာ အမှောင်လ လိုအပ်နေသည့် အဖိုးတန် “အရင်းအမြစ်” အတိအကျပင် ဖြစ်လေသည်။ မှော်ပညာရှင် ၁၀၀၀ ဗိုလ်ခြေကဲ့သို့ပင် ခရောဖို့ဒ်၏ အချိန်ကိုက်အကူအညီသည် ကိုယ်ရေးကိုယ်တာ ရင်းနှီးမှုကြောင့် ဖြစ်သည်မှာ အသေအချာပင် ဖြစ်လေသည်။ သို့သော် ပို၍ကြီးမားသော အကြောင်းရင်းမှာ သူ၏တစ်ဦးတည်းသောသား မွန်ရိုးက အမှောင်လစစ်တပ်၌နေရန် မရမက ပြောနေသည့်အတွက်ကြောင့် ဖြစ်ပေသည်။

အရိပ်နက်အင်ပါယာက ယခုလက်ရှိ “အလိုရှိ”နေသော မွန်ရိုးသည် နာမည်ပြောင်းပြီး မီးလျှံဗိုလ်ခြေသို့ မှော်ပညာရှင်ဗိုလ်ခြေ တပ်မှူးအဖြစ် တရားဝင် ဝင်ရောက်ခဲ့သည်။

ပြန်လည်ကောင်းမွန်လာသည့် နတ်ဆိုးဧကရာဇ်အဆင့် အစောင့်ဖြစ်သော ဖေးမန်းကလည်း သူ့ကိုကာကွယ်ရန် လိုက်သွားသည်။ ဖင်းနီကလည်း အမှောင်လ နန်းတော်၌ အမျိုးသမီး အရာရှိအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။ ထို့ပြင် သူက ဆရာသခင်ရှင်းရှင်းထံမှ ယန္တရားပညာကိုလည်း သင်ယူရသည်။ စုံတွဲငယ်လေးက နောက်ဆုံး၌ အတူတကွ နေထိုင်သွားရပြီး ရှီရာကို အလွန်ပင် ကျေးဇူးတင်နေကြသည်။

လက်ရွေးစင် မှင်စာစစ်သည်များ ရောက်ရှိလာခြင်းနှင့်အတူ ချန်လွေ့၏ စိတ်ထဲသို့ ပထမဆုံး ရောက်ရှိလာသည်မှာ မှော်သလင်းကျောက် အမြောက်မဟုတ်ဘဲ ရွှေလူသား ထုတ်လုပ်ခြင်း ဖြစ်သည်။ မူလက ရွှေလူသား ထုတ်လုပ်ရေးသည် တည်ငြိမ်နေသော်လည်း မြို့တော်၏ လက်ထပ်ခွင့် တောင်းခံခြင်း ဖြစ်လာသော်အခါ လာမည့်စစ်ပွဲအတွက် ရွှေလူသား လိုအပ်ချက်များ တဟုန်ထိုး တိုးပွားလာပြီး အမြန်နှုန်းမှာ မကျေနပ်ဖွယ် ဖြစ်လာဟန်တူသည်။ ထိုမှင်စာစစ်သည်များနှင့်ဆိုလျှင် ထုပ်လုပ်ရေး အမြန်နှုန်း ကြီးကြီးမားမား တိုးတက်သွားပေလိမ့်မည်။

ယခုတစ်ခေါက်၌ မြို့တော်နှင့် အင်အားကုန် တိုက်ပွဲသည် အမှောင်လနှင့် ချန်လွေ့တို့၏ အနာဂတ် ကံကြမ္မာအတွက် အလွန်ကြီးမားသော စမ်းသပ်ချက်တစ်ခု ဖြစ်လာပေမည်။ ထို့ကြောင့် သူသည် အသုံးချ၍ရနိုင်သော အင်အားစု တစ်ခုချင်းကို တွက်ချက်ရပေမည်။ ပထဝီဘုံမှ မြေဒြပ်စင်ကောင်များက ဩဇာယွမ်မြေ အကူအညီဖြင့် အဆင့်မြှင့်နေကြသည့်အတွက် မည်သည့်အကူအညီမျှ မပေးနိုင်ကြပေ။ ထို့ပြင် ဒြပ်စင်ကောင်များ၏ မူဝါဒမှာ နတ်ဆိုးဘုံ၏ သာမန်ပြဿနာများကို ဝင်ရောက် မစွက်ဖက်ရန် ဖြစ်သည်။

ယန်းကော်မြို့မှ ဂူရာဒန်သည်လည်း သူ၏စွမ်းအား ပြန်လည်ရရှိရန် ရှေးဟောင်းစစ်မြေပြင်မှ မသေမျိုးများကို အသုံးချကာ တပ်ဖွဲ့အကြီးကြီး တည်ဆောက်ခဲ့သည်။ ဝါးမျိုခံခဲ့ရသော ဦးရေ တစ်သိန်းရှိသည့် ချော်ရည်ပြာစစ်တပ်နှင့် ချန်လွေ့ ထောက်ပံ့ပေးသော လက်နက်နှင့်ပစ္စည်းများ ပေါင်းလိုက်လျှင် သေချာပေါက် ကြောက်မက်ဖွယ်ရာ တိုက်ခိုက်ရေး အင်အားစုတစ်ခု ဖြစ်သွားပေလိမ့်မည်။ ပို၍အရေးကြီးသည်မှာ ထိုအင်အားစု၏ စွမ်းအားကို မည်သူမှ မသိခြင်းပင်။

ဗိုလ်ခြေ၃ခုဖြစ်သော သွေးနီ၊ မီးလျှံနှင့် အရိပ်လတို့သည် အပေါ်ယံ၌ အမှောင်လ၏ အစွမ်းအထက်ဆုံး အဓိကအင်အားစုများ ဖြစ်ကြသည်။ သူတို့အထဲ၌ မယ်ဒူဆာနှင့် ဝိုင်ဗန်များ ပေါက်ကြားသွားခဲ့သော်လည်း သွေးနွယ်နယ်မြေက ထောက်ပံ့ပေးခဲ့သော မှော်ပညာရှင်ဗိုလ်ခြေနှင့် လက်ရွေးစင် မှင်စာစစ်သည်များမှာမူ အမှောင်ထဲ ပုန်းကွယ်နေဆဲ ဖြစ်သည်။ အပေါ်ယံ၌ အမှောင်လတွင် လူဦးရေ ၁၀၀အောက်ရှိသော မှော်ပညာရှင် အဖွဲ့ငယ်လေးတစ်ခုသာ ရှိလေ၏။

ပြိဿများသည် ပစ္စည်းကိရိယာများ ထုတ်လုပ်ရာ၌ အဓိကအင်အားစု ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူတို့သည် အားကောင်းသော တိုက်ခိုက်ရေး အဖွဲ့တစ်ခုလည်း ဖြစ်သည်။ သို့သော်လည်း ချန်လွေ့က သူတို့သည် နောက်ဆုံးအချိန် မတိုင်ခင်အထိ အသုံးပြုရန် မရည်ရွယ်ထားပေ။

အမှောင်လ၏ စစ်တပ်ပြန်လည်ဖွဲ့စည်းမှုမှာ လော့ဒ်စစ်ပွဲကဲ့သို့ပင် ခပ်စောစော စတင်ခဲ့သည်။ အဖွဲ့အသီးသီး၌ “နိုင်ငံရေးအရာရှိ”ဟူသာလူများ ရှိကြသည်။ သူတို့က ရှီရာအပေါ် စစ်တပ်၏ အကြွင်းမဲ့ သစ္စာရှိမှုနှင့် နာခံမှုတို့ကို ထိမ်းသိမ်းပေးရသည်။ ၎င်းသည်လည်း စစ်တပ်၏ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုအတွက် အရေးကြီးပေသည်။

စူပါစနစ် ကြယ်စင်စုဥယျာဉ်ထဲ၌ သိုလှောင်ထားသော မိစ္ဆာသစ်သီးများ အကုန်ကုန်သွားပြီဖြစ်ပြီး အရှိန်အဝါတန်ဖိုးမှာ ဂဏန်း၄လုံးစာသာ ကျန်တော့သည်။ အစစ်အဆေးနှင့် ရှင်းလင်းမှုများ ပြုလုပ်ပြီးနောက်တွင် လိုအပ်သော တစ်ဦးချင်းနှင့် လက်ရွေးစင်အဖွဲ့များ၏ တိုးတက်လာမှု ပြီးပြည့်စုံ သွားခဲ့သည်။ သူတို့သည် ရောက်လာတော့မည့် ကြီးမားသော စမ်းသပ်ချက်တစ်ခုကို ရင်ဆိုင်ရန် အားအကောင်းဆုံး အခြေအနေ၌ ရှိနေမည် ဖြစ်သည်။

အချိန်ခဏကြာပြီးနောက် အမှောင်လ၏ ရုတ်ရုတ်သဲသဲဖြစ်မှုများ တဖြည်းဖြည်း တည်ငြိမ်သွားသည်။ ကျန်ခဲ့သူများမှာ မွေးရပ်မြေမှ ထွက်မပြေးချင်သော အမှောင်လ၌ မွေးဖွားကြီးပြင်းခဲ့သူများ ဖြစ်ကြသည်။ သူတို့သည် ရှီရာ ထပ်ကာထပ်ကာ အလေးအနက် ပြောခဲ့သည့် “အံ့ဩဖွယ်ရာ” ဟူသောစကားကို စောင့်မျှော်နေကြ၏။

ယခုတွင် သူတို့သည် အလွန်ကြီးမားသော ဖိအားကို ခံခဲ့ပြီးပြီဖြစ်သည့်အတွက် အံ့ဩဖွယ်ရာ တစ်ခုခုကို သူတို့အမှန်တကယ် ဖန်တီးနိုင်မနိုင် အပေါ်၌သာ မူတည်လေတော့သည်။

All Chapters