← Chapters

မစ်-နဂါးနက်၏ တည်နေရာ

Vol. 33 Ch. 481

မစ်-နဂါးနက်၏ တည်နေရာ

Vol. 33 Ch. 481

နောက်တစ်နေ့ နံနက်စောစော၌ ချန်လွေ့က အဲဒက်စ်ကို သွားရှာသောအခါ နန်းတော် ဂိတ်တံခါး၌ အချိန်အတော်ကြာအောင် စောင့်နေသော အမှောင်နတ်ဆိုး ဆရာသခင်ကို တွေ့သွားခဲ့သည်။ သူ၏နီရဲနေသော မျက်လုံးများကို ကြည့်ခြင်းအားဖြင့် တစ်ညလုံး မအိပ်ဘဲနေခဲ့ကြောင်း ချန်လွေ့ ပြောနိုင်လေသည်။

သို့သော် ချန်လွေ့လည်း မထူးခြားနားပေ။ ယမန်ညက အစ်ဇဘယ်လာ၏ နေရာမှ ပြန်လာပြီးနောက် .... သူသည် အမှန်တကယ်ပင် အိပ်ရခက်နေခဲ့သည်။

အမှောင်နတ်သူငယ် ဆရာသခင်က အသေးစိတ် အများအပြားကို သတိမထားမိ ခဲ့ပေ။ သူက ချန်လွေ့အား ဝတ်ရုံဂိုဏ်းသို့ အမြန်ဆွဲခေါ်သွားလိုက်သည်။ “အက်ဂ်ယော”၏ လွှဲပြောင်းမှုနှင့်အတူ အဲဒက်စ်က ပြဿနာမရှိဘဲ ထယ်တင်းနစ်၏ တပည့် ဖြစ်လာခဲ့သည်။

အချိန်တိုတောင်းသည့်အတွက် အဘိုးအို ထယ်တင်းနစ်က ချက်ချင်းပင် စာသင်တော့သည်။ ပထမဆုံး သူသင်သည့်အရာမှာ‌ ဆေးဝါးအခြေခံများ ဖြစ်သည်။ ချန်လွေ့သည် စူပါစနစ်ကို အသုံးပြုပြီး ဆေးဝါးကုန်ကြမ်းများကို အလွှတ်မှတ်ခဲ့သည်။ သို့သော်လည်း ၎င်းမှာ ထိုမျှသာ ဖြစ်၏။ ထယ်တင်းနစ်က အားကောင်း သင်ပြစွမ်းရည် ရှိပြီး သင်ကြားမှုစံနှုန်းနှင့် ကိုက်ညီသည်။ သူက အခြားလောက၌ ရှိနေခဲ့လျှင် စာသင်ခန်း၌ နာမည်ကြီး ပါမောက္ခတစ်ယောက် ဖြစ်လာမည်မှာ သေချာပေသည်။ ထိုအခြေခံ ဗဟုသုတများမှာ သူအတင်းမှတ်ထားခဲ့သော ကုန်ကြမ်းများကို ခြေဖျက်ရန်အတွက် အသုံးဝင်ပေသည်။ အဲဒက်စ်သည်ပင် ထိုအခြေခံများကို အသစ်အသစ်များကို သိလာခဲ့သည်။

၂နာရီကြာပြီးနောက် ထယ်တင်းနစ်က တပည့်နှစ်ယောက်၏အဆင့်က ယေဘုယျ သဘောပေါက်သွားသည်။ အဲဒက်စ်သည် ကျေနပ်လောက်စရာ ထိပ်တန်းတပည့် တစ်ယောက် ဆိုသည်မှာ အသေအချာပင် ဖြစ်၏။ သူ၏အခြေခံမှာ မခိုင်မာသော်လည်း လက်တွေ့ကြွယ်ဝပြီး စကားလုံးတစ်လုံးမှ မလွတ်စေရန်အတွက် အလွန်အာရုံစိုက်သော အမူအရာလည်း ရှိသည်။ သူက ရံဖန်ရံခါ ‌မေးခွန်းများမှာ လုံးဝကွက်တိပင် ဖြစ်သည်။ ၎င်းကို နားလည်သဘောပေါက်သွားပြီးနောက် သူက အတော်များများ အကျိုးကျေးဇူး ရရှိသွားခဲ့သည်။ အခြားတစ်ဖက်၌မူ “အက်ဂ်ယော” သည် လုံးဝလူသစ်တစ်ယောက်သာ ဖြစ်သည်။ သူ၏ အံ့အားသင့်စရာ မှတ်ဉာဏ်မှလွဲ၍ တစ်ခုမှ မကောင်းပေ။ ထိုကဲ့သို့ “နုံအသော” မေးခွန်းများကို သူ မေးသည့်အခါ အဲဒက်စ်သည်ပင် မျက်မှောင်ကြုတ်သွား၏။

ထိုလူသစ်မှာ ယန္တရားပညာ၌ အစွမ်းအထက်ဆုံးဖြစ်ကြောင်း ထယ်တင်းနစ် သိသည်။ ထို့ကြောင့် သူ ဂရုမစိုက်ခဲ့ပေ။ နောက်ထပ် ယန္တရားပညာသင်ကြားချိန်၌ အဲဒက်စ် မပါဝင်ခဲ့ပေ။ သူက စမ်းသပ်ခန်းသို့ပြန်ပြီး ရရှိခဲ့သော အဖိုးတန် အတွေ့အကြုံများကို ခြေဖျက်ပြီး သုတေသနပြုလုပ်ရန် စိတ်အားထက်သန်နေခဲ့ လေသည်။

ထယ်တင်းနစ်က ယန္တရားပညာရပ်သင်ရာ၌ အခြေခံများနှင့် မစခဲ့ပေ။ သူက ချန်လွေ့ကို ခက်ခဲသော မေးခွန်းများ မေးခိုင်းသည်။ ယခုတစ်ခေါက်၌ ချန်လွေ့က အဘိုးအိုကို စိတ်မပျက်စေခဲ့ပေ။ သူက သုံးသွယ်-အထူးပြု “ပါရမီရှင် ဆရာသခင်”၏ စွမ်းအားကို အမှန်တကယ် ပြသခဲ့သည်။ သီဝရီ၌ ဖြစ်စေ၊ လက်တွေ့၌ဖြစ်စေ၊ ချန်လွေ့တွင် အတွေ့အကြုံကြွယ်ဝပြီး နားလည်မှုစွမ်းရည် ကောင်းမွန်လှသည်။ မေးခွန်းများမှာ နှစ်ရာပေါင်းများစွာ ထိုနယ်ပယ်ထဲ၌ ကျင်လည်ခဲ့သလိုမျိုးပင် ဖြစ်နေ၏။ ထို့ပြင် သူသည် ကိစ္စအများအပြားကို တစ်ချက်ထောက်ပြရုံဖြင့် သ‌ဘောပေါက်သည်။ ထယ်တင်းနစ်က စိတ်ထဲ၌ မယုံကြည်နိုင်ဖြစ်သွားပြီး ချန်လွေ့ကို လေ့ကျင့်‌ပေးရန် ပိုမိုအားထုတ်တော့သည်။

မြောက်မြားလှစွာသော ဆက်ခံသူများမှ ရရှိထားသော အသိပညာများမှ အမှန်တကယ်ပင် ထူးခြားလှပြီး သံသယ အများအပြားကို ပြေလည်သွားစေခဲ့သည်။ ချန်လွေ့ ခဏစဉ်းစားပြီး အခြေခံများမှ စတင်လေ့လာရန် ဆုံးဖြတ်လိုက်သည်။ [အထူးစိစစ်မှု] ၊ ဆရာသခင် ရမ္မနစ်ဂီနှင့် အခြေခံစာအုပ်များမှ လမ်းညွှန်မှုများ ရခဲ့သော်လည်း ပြောရမည်ဆိုလျှင် ချန်လွေ့၏ အခြေခံမှာ မခိုင်မာသေးပေ။ ယခုတွင် တစ်ဝက်-မဟာဆရာသခင် ရှိနေသည့်အတွက် ချန်လွေ့က သူ၏ အားနည်းချက်များကို ဖြည့်တင်းရန် ကွက်တိပင် ဖြစ်လေသည်။

ထိုသို့‌ တောင်းဆိုလိုက်သည်နှင့် ထယ်တင်းနစ် ပို၍ပင် ကျေနပ်သွားခဲ့သည်။ ယခင် မေးခွန်းအချို့မှ ထိုတပည့်၏ အခြေခံမှာ မခိုင်မာကြောင်း အဘိုးအို မြင်ပြီးသွားခဲ့ပြီ ဖြစ်သည်။ ထို့ပြင် ချန်လွေ့က ၎င်းကို သေသေချာချာ သိနေသည်။ သူက အားနည်းချက်တွေကို သေသေချာချာ မြင်နိုင်တယ်ဆိုတော့ သူရဲ့ အထုံပါရမီက တကယ့်ကို ထူးချွန်တာပဲ။

သင်တန်းသည် နေ့လယ်အထိ ဆက်ရှိနေခဲ့ပြီးနောက် မကျေနပ်သေးသော ထယ်တင်းနစ်က ချန်လွေ့ကို လွှတ်ပေးလိုက်သည်။ ထွက်မသွားခင် ထယ်တင်းနစ်က ချန်လွေ့အား ပြန်ပြီး အတွေ့အကြုံအပေါ်၌ အာရုံစိုက်ရန် အထပ်ထပ် အကြံပေးခဲ့သည်။ သူက နောက်နေ့နံနက်အတွင်လည်း အတန်းဆက်တက်ရန်နှင့် ယန္တရားပညာကို အားနည်းစေသော စစ်တပ်ရေးရာနှင့် အုပ်ချုပ်မှုရေးရာ ကဲ့သို့သော “စိတ်ရှုပ်စရာကိစ္စများ” အပေါ်၌ အချိန်ကုန်မခံရန် ပြောခဲ့သည်။ ချန်လွေ့ကလည်း ခေါင်းညိတ်ပြီး ဟုတ်ကဲ့ဟု ပြောရုံသာ တတ်နိုင်တော့လေသည်။

ဝတ်ရုံဂိုဏ်းမှ ထွက်သွားပြီးနောက် ချန်လွေ့က အမှောင်နတ်ဆိုး ဌာနချုပ်သို့ ရောက်လာခဲ့သည်။ သူက မြို့‌တော်အခြေစိုက်စခန်းရှိ ဝါလောင်ဟိုတယ်လို့ အမှောင်နတ်ဆိုး ဌာနချုပ်၏ မှော်စက်ဝိုင်းမှတစ်ဆင့် ဆက်သွယ်ရမည် ဖြစ်သည်။ သူက စခန်းရဲ့ ငွေကြေးတွေအားလုံး အငမ်းမရ မျိုချလိုက်တာက ဘာမှမဟုတ်ဘူး။ အဲဒီကောင်မလေးက ထင်းခနဲ ဖြစ်နေလို့ အမှောင်နတ်ဆိုးရဲ့ အခြေစိုက် စခန်းကို သိသွားရန် ပြဿနာ အကြီးကြီး တက်သွားလိမ့်မယ်။

မဒမ်-ခေါင်းဆောင်က အမှောင်နတ်ဆိုး ဌာနချုပ်မှာ ရှိနေမလား မသိဘူး။

ချန်လွေ့ ရုတ်တရက် အနည်းငယ် နှလုံးခုန်မြန်သွားပြီး လည်ပင်းကို ထိလိုက်မိသည်။ ယမန်ညမှ မြင်ကွင်းသည် သူ့အတွက် အထင်းသား ဖြစ်နေဆဲပင် ဖြစ်သည်။

အကယ်၍ ဘဲခေါင်းနဂါးနှင့် လူကြမ်းတူလေးတို့သာ မနေ့ညမှ အဖြစ်အပျက်များကို သိသွားခဲ့လျှင် ချန်လွေ့အား သဘာဝ အားနည်းပြီး တစ်နေရာရာ၌ မူမမှန် ဖြစ်နေကြောင်း စွပ်စွဲရှုပ်ချကြပေလိမ့်မယ်။ သူသည် သူ့အရှေ့၌ အခွင့်အရေးကို မရယူချင်ခဲ့ပေ။

ချန်လွေ့သည် သူကိုယ်တိုင် အမှန်တကယ် လိုချင်နေသည့်အရာကို သိသည်။ ထို့ကြောင့် သူက တာဝန်ယူရန် မဆင်မခြင် မလုပ်ရဲပေ။

သူ့ကို သစ္စာဖောက်ခဲ့သူအကြောင်း တွေးမိရင်း... ချန်လွေ့က မုန်းတီးစွာဖြင့် အံကြိတ်လိုက်သည်။ အဲဒီကောင်က အမွေအနှစ်ကျောက်တုံးအတွက် ငါ့ရဲ့နောက်ခံတွေ အားလုံးကို ထုတ်ပြောလိုက်တာ ဖြစ်မယ်။ အရင် မတော်တဆ အဖြစ်အပျက်က ဟာကွက် ဖြစ်သွားပြီးတော့ အစ်ဇဘယ်လာက သူ့ရဲ့အသိဉာဏ်နဲ့ အားလုံးကို မှန်းဆနိုင်သွားတာ ဖြစ်နိုင်ပေမဲ့ အဲဒီကောင်က နတ်ဆိုးသစ္စာဖောက် ဖြစ်နေတုန်းပဲ။ သူ့အဒေါ်ကို ငါ ဘာမှ လုပ်မရမှတော့....ငါ့ရဲ့ ဒေါသတွေကို အဲဒီမျိုးမစစ်တူလေးဆီ ပုံချရမယ်။

ဒါနဲ့ အခုအချိန် သူက နေ့လယ်စာစားနေတာ ဒါမှမဟုတ် နားနေတာဖြစ်မယ်။ ဟုတ်လောက်တယ်မလား....

ကံစမ်းသောစိတ်ဖြင့် ချန်လွေ့က အမှောင်နတ်ဆိုး ဌာနချုပ်ထဲသို့ ရောက်လာသည်။ သူက လမ်းတစ်လျှောက် စစ်ဆေးမှုများနှင့်ထောင်ခြောက်များကို အောင်အောင်မြင်မြင်နှင့် ဖြတ်သွားနိုင်ခဲ့ပြီး အဓိက မြေအောက်စခန်းသို့ ဝင်ရောက်သွားသည်။

အမှောင်နတ်ဆိုး ဌာနချုပ်များမှာ အပေါ်ယံ၌ အဆောက်အအုံတစ်ခုသာ ဖြစ်ပြီး တကယ့် လျို့ဝှက်ဌာနများမှာ မြေအောက်နက်နက်တွင် ရှိကြသည်။ ချန်လွေ့က ဧည့်တွေ့ခန်းအထိ ရောက်လာပြီး ဒေလီယာကို တွေ့သွားခဲ့သည်။ အစ်ဇဘယ်လာ ရှိနေဟန် မတူပေ။ ချန်လွေ့၏စိတ်ထဲ၌ အတော်လေး သက်သာရာ ရသွားခဲ့သည်။ အကြောင်းရင်းတချို့ကြောင့် စိတ်ပျက်မှုအနည်းငယ် ရှိနေ၏။

“ခေါင်းဆောင်။” ချန်လွေ့ ဌာနချုပ်သို့ ရောက်လာကတည်းက ဒေလီယာ သတင်း ရရှိထားခဲ့သည်။ ဧည့်တွေ့ခန်း၌ မည်သူမှ မရှိနေပေ။ ထို့ကြောင့် သူ၏စကားများမှာ ပေါ့ပေါ့ပါးပါးပင် ဖြစ်သည်။ “ရှင် ဒီမှာ ဘာလာလုပ်တာလဲ။”

“မြို့တော်က အမှောင်လရဲ့ ဝါလောင်ဟိုတယ် တာဝန်ရှိသူနဲ့ ငါ အခုချက်ချင်း ဆက်သွယ်ဖို့ လိုတယ်။”

“ကောင်းပါပြီ။ ကျွန်မ အခုပဲ ပြင်ဆင်လိုက်မယ်။ လျို့ဝှက်အဆက်အသွယ် မျှော်စင်က မြို့တော်က အခြေစိုက်စခန်းနဲ့ ချိတ်ဆက်နိုင်ဖို့ ၁၅မိနစ်ကနေ ၃၀မိနစ်အထိ ကြာနိုင်တယ်။” ဒေလီယာက ဆက်သွယ်ရန်ခလုတ်ကို နှိပ်လိုက်သောအခါ အမှောင်နတ်သူငယ်မ တစ်ယောက် ဝင်လာကာ အမိန့်ကို လက်ခံပြီးနောက် ချက်ခင်း ပြန်သွားခဲ့သည်။

“ဒါဆို ဒီမှာပဲ စောင့်လိုက်မယ်။” ချန်လွေ့ ထိုင်ချလိုက်ပြီး မနီးမဝေးမှ အိုးထဲရှိ ညဥ့်နက်လှိုင်းပန်းကို ကြည့်နေသည်။ ထိုကဲ့သို့ပန်းမှာ မြေအောက်အခြေစိုက်စခန်း၌ အလွန်ပင် အတွေ့များသည်။ ၎င်းသည် လေကိုသန့်စင်နိုင်ပြီး စိတ်ကို တည်ငြိမ်စေနိုင်၏။

“ဒီမှာ အကုန် အဆင်ပြေရဲ့လား။”

ထိုအချိန်၌ နောက်တစ်ယောက်က တံခါးကိုဖွင့်ပြီး စာတစ်စောင် လာပို့သည်။ ဒေလီယာ ဖျပ်ခနဲကြည့်ပြီး ခေါင်းညိတ်ကာ ပြောသည်။ “ဒီမှာ တော်တော်လေး အဆင်ပြေပါမယ်။ ကျွန်မ သဘောကျသလိုတော့ ရှိတယ်။ အဖွဲ့အစည်းနဲ့ ပစ္စည်းပစ္စယ တွေကတော့ ပြည့်စုံလုနီးပါး ဖြစ်နေပြီ။ အမှောင်နတ်ဆိုးတွေသုံးမယ့် အသေးစား ကိရိယာတွေလည်း ရှိတယ်။ ခေါင်းဆောင်ရဲ့ ပါးနပ်တဲ့အကြံတွေကို ကျွန်မ လေးစား အားကျမိတယ်။”

ထိုမြေအောက်စခန်းမှာ ချန်လွေ့၏ မူလဒီဇိုင်းကမ်းလှမ်းချက်မှ စတင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းကို ချန်လွေ့၏ ယခင်ဘဝရှိ သူလျှို စစ်ကားများမှ ကိုးကားယူထားခြင်းပင်။ ထိုသတင်းအချက်အလက် ဌာနများနှင့် ပင်တဂွန်သည်ပင် မြေအောက်၌ တည်ရှိသည် မဟုတ်ပါလား။ “အသေးစားကိရိယာများ”မှာ နတ်ဆိုးဘုံအတွက် သီးသန့်ဖြစ်သော သူလျှို ကိရိယာများ ဖြစ်ကြသည်။ ချန်လွေ့၏ လက်ရှိ ဉာဏ်ကွန့်မြူးမှုနှင့် ယန္တရားပညာ အဆင့်အရ သူတို့သည် ပြုလုပ်ရမခက်ခဲပေ။

ချန်လွေ့ ပြုံးလိုက်သည်။ “ဒါနဲ့ အဲဒီကောင် လေ့ကျင့်တာ ဘယ်တော့ ပြီးမှာလဲ။”

အဲဒီကောင်ဆိုသည်မှာ အရှက်မဲ့သော သစ္စာဖောက် တူလေးပင် ဖြစ်၏။ ရိုမန် အကြောင်း ပြောသည့်အခါ ဒေလီယာ၏မျက်လုံးများ နွေးထွေးနေသည်။ “သုံးလေးရက်ပဲ ရှိသေးတာ။ နည်းနည်းလောက်တော့ ကြာနိုင်တယ်။”

“ငါသူ့ကို တော်တော်လေး သတိရနေတယ်။” ချန်လွေ့က အနည်းငယ် အံ့အားသင့် နေသော ဒေလီယာကို ကြည့်ပြီး ထပ်ပြောသည်။ “ငါ့လက်သီးက သူ့ကို သတိရနေတယ်။ သူထွက်လာတဲ့အခါ သူ့ကို တစ်ချီလောက် ထိုးနှက်လိုက်ရင် မင်းစိတ်ဆိုးမှာလား။”

“ဆိုးမှာပေါ့။” ဒေလီယာက စာရွက်စာတမ်းများ ကိုင်ထားရင်း ပြုံးကာ ထလိုက်သည်။ “ဘာလို့လဲဆို တစ်ချီက နည်းလွန်းတယ်။ ဒီလအတွင်းမှာ မိန်းမ ၃ယောက်နဲ့ ငြိဖို့ကြိုးစားခဲ့တဲ့သူကို အပြစ်ပေးတဲ့အနေနဲ့ သုံးချီလောက် ဖြစ်သင့်တာ။ ဟုတ်ပါပြီ။ ကျွန်မ ကိစ္စတချို့ကို ဖြေရှင်းဖို့ သွားလိုက်ဦးမယ်။ တာရာတို့ အဆက်အသွယ် ရရင် ရှင့်ကို အဲဒီ ခေါ်သွားလိမ့်မယ်။”

ဒေလီယာ ထွက်သွားသည်ကို ကြည့်ရင်း ချန်လွေ့ အနည်းငယ် ချွေးပြန်သွားသည်။ အဲဒီမျိုးမစစ်ကောင်ရဲ့ ခြေလှမ်းတိုင်းက လျို့ဝှက်သတင်းအချက်အလက် ဒုတိယ ခေါင်းဆောင်ဖြစ်တဲ့ သူ့ရဲ့ မဒမ် ဇနီး စောင့်ကြည့်မှုအောက်မှာပဲ ရှိနေတဲ့ပုံပဲ။ အဲဒီကောင်က သူ့ကိုယ်သူ ပါးနပ်တယ်လို့ ထင်နေတုန်းပဲ။ ဒါပေမဲ့ ဒေလီယာက ထင်သလောက် မတွက်ချက်ဘူး။ သူ့ရဲ့စိတ်ထဲမှာ ရိုမန်ကို ပိုပြီးတော့ သည်းခံပေးတယ်။ ဒေလီယာတင် မဟုတ်ဘူး။ အသီနာနဲ့ တခြားသူတွေလည်း အတူတူပဲ။

သည်းခံတာက နက်ရှိုင်းတဲ့ချစ်ခြင်းတစ်မျိုးပဲ။ ဟုတ်တယ်မလား။

ချန်လွေ့က ရုတ်တရက် လိပ်ပြာမလုံ ဖြစ်သွားသည်။ ထို့အချိန်၌ အသံတစ်သံ ထွက်လာ၏။ “ဒေလီယာ ပြောတဲ့အတိုင်းဆိုရင် လောဘကြီးပြီးတော့ သစ္စာမရှိတဲ့ သူတွေကို အပိုင်းပိုင်း ပိုင်းပစ်ရမှာ မဟုတ်လား။”

အတွင်းရုံးခန်းထဲမှ ထွက်လာသော ပုံရိပ်တစ်ခုကို မြင်သည့်အခါ ချန်လွေ့ သိမ့်သိမ့်တုန် သွားခဲ့သည်။ ထိုသူမှာ ချန်လွေ့တွေ့ရန် အကြောက်ဆုံးဖြစ်သော မစ်-ရင်းနီပင် ဖြစ်၏။ လက်စသတ်တော့ လျို့ဝှက်သတင်းအချက်အလက် ခေါင်းဆောင်က အတွင်းရုံးခန်းထဲမှာ ရှိနေတာကိုး။ ပြီးတော့ ခုနက ငါတို့စကားပြောနေတာကိုတောင် သူကြားခဲ့တယ်။

“လောဘကြီး”တာကိုတော့ ငါဝန်ခံတယ်။ ဒါပေမဲ့ “သစ္စာမရှိတာ” ကတော့...ဟား....ကြည့်ရတာ ငါဝန်ခံရတော့မယ့်ပုံပဲ။

“အစ်ဇဘယ်လာ...” ချန်လွေ့ မတ်တပ်ရပ်လိုက်သည်။

“မဒမ်-အစ်ဇဘယ်လာ ပါ။” အစ်ဇဘယ်လာက အေးစက်စက်နှင့် ပြောသည်။ “နောက်ဆုံးတော့ ရှင်က ဒီကိုလာဖို့ မှတ်မိသေးတာပဲကော။ ဝါလောင်ဟိုတယ် အခြေစိုက်စခန်းက ပြောင်းလဲမှုတွေ တစ်ခုခုဖြစ်သွားရင် ရှင် အပြည့်အဝ တာဝန်ယူရမယ်။”

“ကျုပ် သဘောပေါက်ပါတယ်။” ချန်လွေ့က မိမိမှားကြောင်း သိသည့်အတွက် အလျင်အမြန် တုံ့ပြန်သည်။

ကိုးရို့ကားရား ဖြစ်နေသာ အခိုက်အတန့်၌ အမှောင်နတ်သူငယ်မ တာရာ ရောက်လာပြီး မြို့တော်မှ အခြေစိုက်စခန်းနှင့် ချိတ်ဆက်မိသွားကြောင်း သတင်းလာပို့သည်။ ချန်လွေ့လည်း တာရာနောက် လိုက်သွားပြီး အဆက်အသွယ် မှော်စက်ဝိုင်းသို့ ရောက်လာသည်။ ထို့နောက် တာရာ ဦးညွှတ်ပြီး ထွက်သွားခဲ့သည်။

မှော်စက်ဝိုင်းသည် ချိတ်ဆွဲထားသော ကြေးမုံတစ်ချပ်ဖြစ်ပြီး တကယ့်လူ တစ်ယောက်၏ ပုံရိပ်ကို ထုတ်ပေးနိုင်သည်။ မြို့တော်ဟိုတယ်မှ အဆက်အသွယ် တာဝန်ခံနှင့် စကားအနည်းငယ် ပြောပြီးနောက် သူက ဆိုင်မွန်အဖြစ် ရုပ်ဖျက်လိုက်သည်။ ခဏအကြာ၌ ဆက်ခ်ရက်တောင်မှ မစ်-နဂါးနက် အိုလီဖီးရက်စ်က ချန်လွေ့အရှေ့တွင် ပေါ်ထွက်လာခဲ့သည်။

မစ်-နဂါးနက်က ငယ်ရွယ်ပြီး လှပနေဆဲ ဖြစ်သည်။ သူက သွယ်လျသော အနက်ရောင် ဝတ်စုံကို ဝတ်ထားသော်လည်း သူ့လုပ်ရပ်ကြောင့် လူအများ၌ သူ့အနားမှ ဝေးဝေးနေနေကြသည်။ သူက ညာဘက်လမ်း၌ ဒန့်ဒလွန်သီးကိုင်ထားပြီး ညာဘက်၌ သိုးခပတ်အချို့ ကိုင်ထားသည်။ သူက ဣ‌န္ဒြေမဲ့စွာဖြင့် ဝါးကာ စကားပြောနေခြင်း ဖြစ်သည်။ “နင်က ဘယ်သူလဲ။ နင် ငါရဲ့စားချိန်ကို ကြန့်ကြာအောင် လုပ်ရင် နင့်တစ်မိသားစုလုံးကို သတ်ပစ်မယ်။”

မင်း ဒီကိုရောက်တာ ခဏပဲ ရှိသေးတယ်။ တစ်မိသားစုလုံး သတ်တာကိုတောင် သိသွားပြီတဲ့လား။ ချန်လွေ့ ချွေးစေးများပြန်သွားကာ ပြောလိုက်သည်။ “အိုလီဖီးရက်စ်။ ကျုပ်က ဆိုင်မွန်ပါ။ မှတ်မိလား။ ခင်ဗျားရဲ့ အလုပ်ရှင်လေ။”

“စိုင်မွန်လား။” မစ်-နဂါးနက် အံ့အားသင့်သွားပြီး သေသေချာချာ ကြည့်လိုက်သည်။ “ဝိုး။ တကယ် နင်ပဲကော။ နင့်နေရာက တကယ်ကောင်းတယ်။ အရသာရှိတဲ့ စားစရာတွေ၊ သောက်စရာတွေ ရှိတယ်။ ငါ ဒီမှာ နှစ်ရာနဲ့ချီ နေလို့ရတယ်။ ဟုတ်ပြီ။ ကိစ္စမရှိဘူးဆိုရင် ငါ့ကို မနှောင့်ယှက်နဲ့တော့။”

ဒီကောင်မလေးက တကယ်ပဲ ဝါလောင်ဟိုတယ်မှာ နေပြီးတော့ မထွက်သွားချင် ဘူးလား။ သူက နှစ်ရာနဲ့ချီလို့တောင် ပြောနေတယ်။ ဒါက စခန်းကို အနှောင့်အယှက် မဖြစ်စေပေမဲ့ အစားခံရပြီးတော့ ပြိုလဲသွားနိုင်တယ်။ ချန်လွေ့ သိမ့်သိမ့်တုန်သွားပြီး ခုနက လျို့ဝှက်သလင်းအချက်အလက် ခေါင်းဆောင်၏ စူးရှသောမျက်လုံးများကို တွေးမိလိုက်သည်။

ချန်လွေ့ အလောတကြီး အော်ပြောသည်။ “ခင်ဗျားက ခင်ဗျားရဲ့အမေနာမည်နဲ့ ကျိန်ဆိုခဲ့တယ်လေ။ ဘယ်လိုလုပ် ကတိဖျက်ရတာလဲ။”

“အမေနာမည်”ဟူသော စကားလုံးသည် ချုပ်တည်းသော သက်ရောက်မှုအချို့ ရှိပုံရသည်။ အိုလီဖီးရက်စ် ငေးငိုင်သွားပြီး သနားစရာ ကောင်းသွား၏။ “အမ်...ဆိုင်မွန်။ ဆွေးနွေးကြတာပေါ့။ ဟုတ်ပြီလား။ ငါဒီမှာ နှစ်၁၀၀ပဲ ...မဟုတ်ဘူး...နှစ်၅၀ပဲ နေမယ်။ နှစ်၅၀ပြီးရင် ငါထွက်လာပြီးတော့ နင့်ကို ကာကွယ်ပေးမယ်။”

“နှစ်၅၀အတွင်း ငါ့ကို သူများတွေ သတ်သွားမှာ။” ချန်လွေ့ ဒေါသထွက်သွား၏။

“ဒါဆိုလည်း နှစ်၄၀ပေါ့။ ဒီမှာ အစားအစာ ကောင်းကောင်းတွေ အလကား စားရတယ်။ ဒီလောက်အများကြီး ငါ တစ်ခါမှ မစားဖူးဘူး။ ဒီလိုပျော်စရာကောင်းတဲ့ ဘဝကနေ ငါ တကယ်မထွက်သွားချင်ဘူး...အဟင့်...” မစ်-နဂါးနက်က အမှန်တကယ်ပင် ခံစားချက်အပြည့်နှင့် ငိုက်လိုက်သည်။ သူက မျက်နှာမှ မျက်ရည်များကို လက်ဖမိုးဖြင့် သုတ်ပြီး ပူဆွေးမှုများကို စားချင်စိတ်အဖြစ် ပြောင်းလဲကာ ဒန့်ဒလွန်သီးကို အရိုးများနှင့်အတူ တစ်ကိုက်တည်း ကိုက်ခဲ့သည်။ ထို့နောက် အတင်းဝါးပြီး မျိုချလိုက်သည်။

ချန်လွေ့လည် မျက်နှာမှချွေးများကို သုတ်လိုက်သည်။၊ အိုလီဖီးရက်စ်က ထူးခြားတယ်ဆိုတာကို အရင်ကတည်းက ငါ ခံစားမိခဲ့တယ်။ ဒါပေမဲ့ သူက ဒီလောက် ထူးခြားတယ်ဆိုတာကို ငါ ဘယ်လိုလုပ် မသိခဲ့တာလဲ။

“အဲ...အိုလီဖီးရက်စ်။ ကျုပ်ကို ကာကွယ်ဖို့က ဒီလိုပျော်စရာကောင်းတဲ့ဘဝကနေ ထွက်သွားရမယ်လို့ ဘာလို့ ထင်ရတာလဲ။” ချန်လွေ့ မျက်လုံးလှန်လိုက်သည်။ “ဒီမှာက အဲဒီမှာထက် ပိုကောင်းတယ်။ စားစရာတွေ ပိုများတယ်။ ပျော်စရာတွေ ပိုရှိတယ်။ ဒဏ္ဍာရီလာ ဟော့ပေါ့ကို စားဖူးလား။ ဒဏ္ဍာရီလာ ခရမ်းဘယ်ရီဝိုင်ကို မြည်းကြည့်ဖူးလား.....”

မစ်-နဂါးနက်က စားစရာအကြောင်း နားထောင်နေရင်း မျက်းလုံးများ အရောင်တောက် နေ၏။ သူက အသည်းအသန် ခေါင်းခါလိုက်သည်။

“ဒါနဲ့ ကျုပ်ခင်ဗျားကို ပိုက်ဆံပေးထားပြီးပြီနော်။ ခင်ဗျား မရောက်လာခင် ခင်ဗျားရဲ့ အမေနဲ့ ကျိန်ဆိုထားတာကို ချိုးဖောက်ရာရောက်သလို ကျုပ်ကလည်း ပိုက်ဆံကို နုတ်ပိုင်ခွင့်ရှိတယ်။ ခင်ဗျား တစ်ရက်နောက်ကျရင် ကျုပ် သလင်းကျောက်နက်ဒင်္ဂါး ၁၀၀ နုတ်မယ်။ ခင်ဗျားအဲဒီမှာ ရက်၂၀နေရင် ကျန်တဲ့ပိုက်ဆံအကုန်ပြောင်ပြီ။ ခင်ဗျား အဲဒီမှာ တစ်နှစ်နေရင် ကျုပ်ကို သလင်းကျောက်နက်ဒင်္ဂါး သန်းနဲ့ချီ ပြန်ပေးရမယ်။ ခင်ဗျား တကယ်ပဲ အဲဒီမှာ နှစ်၄၀ နေဖို့ စဉ်းစားထားတာလား။”

“မဟုတ်ဘူး။ မလုပ်နဲ့။ မလုပ်နဲ့။” မစ်-နဂါးနက်က ထိုခြိမ်းခြောက်မှုနှင့် ဆွဲဆောင်မှုကြောင့် ငိုချင်သွားခဲ့သည်။ “ပိုက်ဆံမနုတ်နဲ့။ ငါ အခုချက်ချင်း လာခဲ့မယ်။ နင် ဘယ်မှာလဲ။ ငါ့ရဲ့ သလင်းကျောက်နက်ဒင်္ဂါးတွေကို မနုတ်ပါနဲ့။”

ထိုသနားစရာပုံစံက ချန်လွေ့အား နှစ်အကုန်၌ အကြွေးတောင်းနေသော အသက်ကြီးကြီး လူချမ်းသာ အိမ်ပိုင်ရှင်တစ်ယောက်ကဲ့သို့ ဖြစ်သွားစေသည်။

“ကျုပ်က အခု အမှောင်လနယ်မြေရဲ့ အမှောင်လမြို့တော်မှာ။ အခုပဲ ဟိုတယ် ပိုင်ရှင်ဆီကနေ မှော်မြေပုံတစ်ခုနဲ့ စားစရာနည်းနည်း တောင်းပြီးတော့ ကျုပ်ဆီ အမြန်ဆုံး ပြန်လာခဲ့။ ကျုပ် ခင်ဗျားကို အချိန် ၁ပတ် ပေးမယ်။ အမှောင်လရဲ့ အရှေ့ဂိတ်ကို တစ်ရက် ကြိုပြီးတော့ ရောက်နိုင်ရင် သလင်းကျောက်နက်ဒင်္ဂါး ၁၀၀ ဆုချမယ်။ ၂ရက်စောရင် ၂၀၀။ နောက်ကျရင်တော့...”

“ငါ နောက်ကျမှာ မဟုတ်ဘူး။ ပိုက်ဆံ မနုတ်နဲ့။” အိုလီဖီးရက်စ်က လက်ထဲမှ စားစရာများကို မျက်ရည်များ ပြည့်နေရင်း အကျိုးရှိရှိ အကုန်စားပစ်လိုက်သည်။ သူက မရှင်းမလင်း ပြောသည်။ “ငါ အခုပဲ သွားမယ်...” ထို့နောက် မှော်စက်ဝိုင်းပိတ်သွားပြီး ချန်လွေ့လည်း သက်ပြင်းချလိုက်သည်။ နောက်ဆုံး၌ သူက ပြဿနာကြီးတစ်ခုဖြစ်သော မစ်-နဂါးနက်ကို ဖြေရှင်းနိုင်ခဲ့သည်။

“သူက တကယ်ပဲ နဂါးနက်လား။” အစ်ဇဘယ်လာ၏ သံသယဝင်နေသောအသံက အနောက်မှ ထွက်ပေါ်လာ၏။ မစ်-လျို့ဝှက်သတင်းအချက်အလက်က ဘေးဖက်၌နေပြီး မမြင်စေရန် စောင့်ကြည့်စနစ်တစ်မျိုးမျိုးကို အသုံးပြုနေခြင်း ဖြစ်သည်။

“သူက အနည်းဆုံး နတ်ဆိုးအရှင်သခင်အဆင့် အလတ်ပိုင်းစွမ်းအားရှိတဲ့ နဂါးနက် တစ်ကောင်ပဲ။” ချန်လွေ့က ရှက်နေလျက် ပြန်ဖြေသည်။ သူက တကယ် နဂါးနက်ပဲ။ ဒါပေမဲ့ သူက နည်းနည်းလေး ထူးဆန်းတာ တစ်ခုပဲ...

“နတ်ဆိုးအရှင်သခင်အဆင့် အလတ်ပိုင်းလား။”

“ဟုတ်တယ်။”

“သူက မြို့တော်စခန်းကနေ ထွက်သွားပြီးတော့ ဒီကို ချက်ချင်းလာမှာ သေချာလား။”

“အင်း”

“ရှင်က ဒီလိုမျိုးနဲ့ ကောင်မလေးတွေကို လိမ်ညာခဲ့တာပေါ့....”

“…” (ကံကောင်းစွာပင် သူ့ကို ကျောင်းသူဇိုလာက ပုံမှန်အားဖြင့် စမ်းသပ်ခဲ့သည်။ ထို့ကြောင့် သူက အကွက်ထဲ မဝင်သွားခဲ့ပေ။ )

ချန်လွေ့က မိမိ၏မျက်နှာကို ကြည့်နေသော စူးရှသည့်အကြည့်ကို ခံစားမိသည့်အခါ ချက်ချင်းပင် တုံ့ပြန်ပြီး “စိုင်မွန်”မျက်နှာမှ မူလမျက်နှာသို့ ပြန်ပြောင်းလိုက်သည်။ အစ်ဇဘယ်လာက ချန်လွေ့၏မျက်နှာကို စိုက်ကြည့်ပြီးနောက် အနီရောင်နှုတ်ခမ်းကို အနည်းငယ် တွန့်သွားခဲ့သည်။ သို့သော်လည်း သူ စိတ်ထိန်းပြီး တစ်ခုခုကို ပစ်ပေးလိုက်သည်။

၎င်းကို ချန်လွေ့ဖမ်းယူပြီး ကြည့်လိုက်သောအခါ ချွေးပြန်သွားရပြန်သည်။ ၎င်းမှာ မှတ်တမ်းတင်ကျောက်တစ်ခု ဖြစ်သည်။ ၎င်းတွင် ထိုနေ့က ကပွဲ၌ ကနေကြသည်နှင့် နမ်းနေကြသည့်ပုံရိပ်များ ပါရုံသာမက ယမန်နေ့က ပွေ့ဖက်နေကြသည်ပုံများလည်း ပါဝင်နေသည်။ ယခုတွင် ပို၍ “သက်သေ”များ ရှိနေပြီ ဖြစ်သည်။ ချန်လွေ့က ပင်လယ်သေထဲ ခုန်ချလိုက်လျှင်ပင် အပြစ်မရှိအောင် သက်သေမပြနိုင်တော့ပေ။

ဒါတွေ မိတ္တူအများကြီး ရှိရမယ်။

“ဒီည နန်းတော်ကိုလာဖို့ မမေ့နဲ့။”

အစ်ဇဘယ်လာက ထိုစကားကိုပြောပြီးနောက် လှည့်ထွက်သွား၏။

နန်းတော်မှာလား။ နန်းတော်ပြီးမှကရော။ ချန်လွေ့က ခါးသက်သက်နှင့် ပြုံးလိုက်ပြီး အစ်ဇဘယ်လာ ထွက်သွားနေသည်ကို ကြည့်လိုက်သည်။ ထို့နောက် ဒေါင့်နားမှ ညဥ့်နက်လှိုင်းပန်း ပွင့်လန်းနေသည်ကို ဖျပ်ခနဲ ကြည့်လိုက်ပြီး သူ၏ စိတ်ထဲမှ မေးခွန်းတစ်ခုကို ရုတ်တရက် သတိရသွား၏။

ရှင် ပန်းပွင့်တွေကို သဘောကျလား။

သဘောကျလား။

All Chapters