ရောက်ရှိလာခြင်း
Vol. 33 Ch. 482
မသိမသာနှင့် အချိန် ၅ရက် ကုန်ဆုံးသွား၏။
ထို၅ရက်အတွင်း ချန်လွေ့ အတော်လေး ပင်ပန်းနေခဲ့သည်။ သူက နေ့ဘက်တွင် အဂ္ဂိရတ်ပညာကို သင်ရပြီး အုပ်ချုပ်ရေးကိစ္စများအား ကိုင်တွယ်ရသည်။ ညပိုင်း၌ သူသည် သူ့ကောင်မလေးများ၊ သူဌေးမနှင့် မယားငယ်အဖြစ် သံသယဝင်ခံနေရသော “ဖြူစင်သည့်” သူငယ်ချင်းမလေးဟု ပြော၍ရနိုင်သော သူတို့ကို အဖော်ပြုပေးရသည်။
သို့သော်လည်း ပထမနှစ်ခေါက် နမ်းရှိုက်ပြီး ပွေ့ဖက်ပြီးနောက် အစ်ဇဘယ်လာက ရှေ့မဆက်ခဲ့ပေ။ သူက အတော်လေး “လျှော့ချ” ထားခဲ့သည်။
ချန်လွေ့က စစ်တုရင် စကားသည့်အကြောင်း ဆွေးနွေးရန် ၅ရက်တွင် ၄ကြိမ် သူ့ထံ “သတင်းပို့” ခဲ့ရသည်။ တစ်ခါတစ်ရံ၌ သူက ထွက်မသွားခင် မျက်လုံးမှိတ်ထားပြီး ချန်လွေ့၏ ပုခုံးပေါ်၌ ခဏလောက် မှီနေတတ်သည်။ သူ မျက်လုံးဖွင့်လိုက်သောအခါ ချက်ချင်းပင် ရန်လိုသွားပြီး ချန်လွေ့ကို မောင်းထုတ်တော့သည်။
၎င်းက ချန်လွေ့၏နှလုံးသားကို အနည်းငယ် ပြေလျော့သွားစေခဲ့သည်။ သူ၏ ယခင်က တင်းမာမှုများနှင့် ငြင်းဆန်မှုများ တဖြည်းဖြည်း ပျောက်ကွယ်သွား၏။ ထိုကဲ့သို့ စိတ်အခြေအနေ၌ ချန်လွေ့က အစ်ဇဘယ်လာ၏ အထီးကျန်မှုကို ပို၍ သေသေချာချာ ခံစားမိလေသည်။
မြို့တော်၌ရှိစဉ်က ချန်လွေ့၏ ရင်ခွင်ကိုမှီရင်း သူ ပြောခဲ့သလိုပင် ဖြစ်သည်။ “ကျွန်မ တော်တော်လေး ပင်ပန်းနေပြီ။ ကျွန်မက အတော်လေး သန်မာတဲ့ မိန်းမ တစ်ယောက်ပါ။ ဒါပေမဲ့ နောက်ဆုံးတော့လည်း ကျွန်မက မိန်းမတစ်ယောက်ပဲလေ။”
ထိုအချိန်က အစ်ဇဘယ်လာသည် မြို့တော်၏ လေးစားအားကျရသော ပန်းတစ်ပွင့် ဖြစ်ခဲ့သည်။ သို့သော်လည်း သူ အထီးကျန်နေခဲ့သည်။
၎င်းမှာ ခံစားချက် ပိုမိုသက်သာစေရန်နှင့် သဘာဝဆန်စေရန် နည်းဗျူဟာ တစ်ခု ဟုတ်မဟုတ် ချန်လွေ့ မသိပေ။ သူ၏ အထီးကျန်မှုမှ လွတ်မြောက်ရန်အတွက် ချန်လွေ့ကို အသုံးချနေခြင်း ဖြစ်နိုင်ပေသည်။ အဆုံး၌မူ ချန်လွေ့တွင် ရွေးစရာမရှိဘဲ “အကျပ်ကိုင်” ခံရလေသည်။
ချန်လွေ့ ကိုယ်တိုင် မသိခြင်းလည်း ဖြစ်နိုင်ပေသည်။ အကယ်၍ အခြားသူက သူ့ကို ဤကဲ့သို့ “ခြိမ်းခြောက်”မည်ဆိုလျှင် ထိုသူ အောင်မြင်နိုင်မည်လား။
အစ်ဇဘယ်လာက ခရိုဘဲလက်စ်နှင့် ရင်းနှီးမှုကြောင့်အပြင် အစ်ကိုဖြစ်သူကို သတ်ခဲ့သော ဘရော့ခ်အား လက်စားချေရန် အကူအညီ ရနိုင်ရန်အတွက် အမှောင်လနှင့် ပူးပေါင်းခဲ့ခြင်း ဖြစ်သည်။ ယခုတွင် မိသားစုဝင်ဖြစ်သော ရိုမန်နှင့် ပါ့ဂ်လီအိုကဲ့သို့သူများ၏ အကူအညီလည်း ရှိနေပြီဖြစ်သည်။ ဘရော့ခ်ကို ဖြေရှင်းနိုင်ရန်မှာ အနှေးနှင့်အမြန်ပင် ဖြစ်လေတော့သည်။ သူ၏အရင်းနှီးဆုံးမိတ်ဆွေ ခရိုဘဲလက်စ်သည်လည်း အရေးပါဆုံး လက်တွဲဖော်ကို ရှာတွေ့ခဲ့လေသည်။ ခရိုဘဲလက်စ်သည် ထို“အထူးသီးသန့်”အိမ်၌ နေနေပြီး သူ့ကိုအဖော်ပြုပေးရန် အချိန်များများစားစား မရှိပေ။
အစ်ဇဘယ်လာက မြို့တော်နှင့် သူ၏ အကြီးအကဲဟောင်းဟု သတ်မှတ်၍ရသော ရီဂျန့် အိုဆိုင်ဒန်တို့အပေါ်၌ မုန်းတီးမှု အများအစား မရှိပေ။ သူက အမှောင်နတ်ဆိုး အဖွဲ့အစည်း၌ အင်အားအများစုကို အသုံးချခဲ့သော်လည်း “ဘဝရည်မှန်းချက်မရှိသော အပြင်လူတစ်ယောက်”၏ အထီးကျန်မှုကို ရှောင်ရှားရန် ခက်ခဲပေသည်။ ၎င်းမှာ သူ၏ မတော်တဆ ရှာဖွေတွေ့ရှိမှု မတိုင်ခင်မှဖြစ်ပြီး သူသည် “ပျော်ရွှင်မှု” သို့မဟုတ် “ရည်မှန်းချက်” အနည်းငယ်ကို ရှာတွေ့သွားဟန် တူသည်။
၎င်းမှာ မည်သည့်အရာဖြစ်သည်ကို သူကိုယ်တိုင်ပင် မသိလောက်ပေ။ ရလာဒ်တစ်ခုခု ဖြစ်နိုင်မနိုင်ကိုလည်း အစ်ဇဘယ်လာ မသိပေ။ သူကိုယ်တိုင်က ထိုကဲ့သို့ လုပ်ချင်စိတ် ပြင်းပြနေသည့်အတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ခဏအကြာ၌ ပြာဖြစ်သွားနိုင်သည့် မီးတောက်ပန်းဆီသို့ ပျံသန်းသွားနသော ပိုးဖလံတစ်ကောင်ကဲ့သို့ပင် ဖြစ်သည်။
အစ်ဇဘယ်လာနှင့် “ဖောက်ပြန်ခြင်း”အပြင် ချန်လွေ့၏အာရုံကို ဖမ်းစားနေသော နောက်ထပ်အဖြစ်အပျက်တစ်ခု ရှိသည်။
၎င်းမှာ စူပါစနစ်ထဲရှိ ဂြိုလ်ပြာ၏ ပြောင်းလဲမှုပင် ဖြစ်သည်။
ဂြိုလ်ပြာပေါ်မှ လူဦးရောမှာ ဒါဇင်ခန့် တဟုန်ထိုး တိုးသွားခဲ့သည်။ မူရင်း မျိုးနွယ်စုများမှ နိုင်ငံများအဖြစ် ဖွံ့ဖြိုးသွားခဲ့သည်။ သို့သော်လည်း ထိုဂြိုလ်မှာ ချန်လွေ့ မူလက ရှိနေခဲ့သော မြေကမ္ဘာထက် ပိုမိုကြီးမားလှပေသည်။ လက်ရှိ လူဦးရေ လွှမ်းမိုးမှုမှာ ၁% ပင် မပြည့်သေးပေ။
ဂြိုလ်ပေါ်တွင် အမျိုးမျိုးသော ကိုးကွယ်သူ သက်ရှိများအတွက် စွမ်းအား ထောက်ပံ့ပေးသော ယုံကြည်မှုကျောက်တိုင် အများအပြား ရှိသည်။ ထိုသက်ရှိများ ကလည်း ယုံကြည်မှုစွမ်းအား ပြန်ပေးသည်။ အချို့တွင် အချင်းချင်း မဆန့်ကျင်ကြသော ယုံကြည်မှုများ ရှိကြသည်။
လူတွေရှိတဲ့နေရာမှာ ဒုစရိုက်မှုတွေလည်း ရှိမှာပဲ။ ပုဂ္ဂလိက ပိုဆိုင်များလည်း ရှိလာပြီ ဖြစ်သည့်အတွက် လူများအပြား မညီမျှမှုများ ဖြစ်လာမည်ကို ရှောင်လွဲ၍ မရပေ၆။ ၎င်းမှာ လူသားတို့ အဆက်မပြတ် တိုးတက်လာရန်အတွက် ရှောင်လွဲ၍မရသော ရလာဒ်တစ်ခုပင် ဖြစ်သည်။ စိတ်ဝင်စားမှုအမျိုးမျိုး ပေါ်ထွက်လာခြင်းမှာလည်း ဆန့်ကျင်မှုများ၊ သွေဖည်မှုများကို ဖြစ်စေနိုင်ပြီး မပြေလည်နိုင်လောက်သည်အထိ ဆက်ဖြစ်လာနိုင်သည်။ သက်ရှိသတ္တဝါများအားလုံး၏ မျိုးနွယ်စု သမိုင်းကြောင်းကဲ့သို့ပင် စစ်ပွဲကို ရှောင်လွှဲ၍ ရနိုင်မည်မဟုတ်ပေ။
ထိုသက်ရှိများကို စူပါစနစ်က “ထုတ်လုပ်ပေးခြင်း” ဖြစ်သောလလည်း ၎င်းတို့က ချန်လွေ့က စစ်မှန်သော သက်ရှိများသဖွယ် ခံစားချက်ပေးစွမ်းသည်။ ထို [ကြယ်စင်စုပိုင်နက်] ထဲ၌ ချန်လွေ့သည် အရာအားလုံးကို အကြွင်းမဲ့ထိန်းချုပ်နိုင် သော်လည်း ယုံကြည်မှုစွမ်းအားများ ပေးနိုင်ရန်အတွက် ထိုသက်ရှိများကို လိုအပ်သည်။ သို့သော်လည်း သက်ရှိသည် သက်ရှိ ဖြစ်သည်။ ၎င်းသည် ကိုယ်ပိုင်အသိဉာဏ်နှင့် ရွေးချယ်မှု ရှိသည်။ ထို့ကြောင့် ချန်လွေ့သည် စစ်ပွဲအပါအဝင် ထိုသက်ရှိများက ကိုယ်ပိုင် အပြုအမူများကို နှောင့်ယှက်မည် မဟုတ်ပေ။
လူမှုအဖွဲ့အစည်းမှာ ထိုကဲ့သို့ ပြောင်းလဲနေသော တောင်းဆိုမှုများကြောင့် အလျင်အမြန် တိုးတက်လာခြင်း ဖြစ်သည်။
ယုံကြည်မှုစွမ်းအားနှင့် ယုံကြည်မှုလင်းကျောက် အရေအတွက်မှာလည်း အလျင်အမြန် တိုးတက်လာနေသည်။ ယခုတွင် ယုံကြည်မှုသလင်းကျောက် အရေအတွက်မှာ ၃၆၀၀၀ အထိရောက်နေပြီး ဆက်လက်တိုးလာနေဆဲ ဖြစ်သည်။ [တော်ဝင်ကြယ်အသွင်ပြောင်းခြင်း] သည် ယုံကြည်မှု သလင်းကျောက် ၁၀၀၀ ကုန်ကျသည်။ ယခုတွင် ၎င်းမှာ ပြဿနာတစ်ရပ် မဟုတ်တော့ပေ။
ယုံကြည်မှုသလင်းကျောက်များ၌ စိတ်ဝိညာဉ်ကွင်းဆက် တိုးမြှင့်မှုဖြစ်သော အခြား အရေးပါသည့် အသုံးချမှုတစ်ခုလည်း ရှိသည်။ ချန်လွေ့က [ ကွင်းဆက်တိုးမြှင့်မှု ] ၏ သက်ရောက်မှုကို ခံစားပြီးပြီ ဖြစ်သည်။ တစ်ခါသုံးလျှင် ယုံကြည်မှုသလင်းကျောက် ၁၀၀ ကုန်ကျပြီး အချိန်အကန့်အသတ် ရှိသည်။ အမြဲတမ်းဖြစ်သော နောက်ထပ် [ ကြယ်-အဆင့် တိုးမြှင့်မှု ] လည်း ရှိသည်။ ၎င်းသည် စောင့်မျှော်ချင်စရာဖြစ်သော်လည်း ကြယ်တစ်ပွင့် တိုးမြှင့်ခြင်းသည် ယုံကြည်မှုသလင်းကျောက် တစ်သိန်း လိုအပ်၏။ ထို့ကြောင့် လက်ရှိ၌ တဖြည်းဖြည်းသာ စုဆောင်း၍ ရနိုင်မည်ဖြစ်သည်။
ချန်လွေ့ကို စိုးရိမ်စေသောအရာတစ်ခုမှာ ယုံကြည်မှုစွမ်းအားအချို့၏ လွှမ်းမိုးမှု အောက်အတွင် အသူရာ၏စွမ်းအား အတော်များများ တိုးပွားလာခြင်းကို ခံစားနေရခြင်းပင် ဖြစ်သည်။ ထို့ပြင် သူသည် အရေးကြီးသော အခြေအနေတစ်ခုသို့ ရောက်နေဟန်တူသည်။ ထိုအခြေအနေကို ကျော်လွတ်နိုင်သည်နှင့် မည်သို့ဖြစ်သွားမည်နည်း။ ချန်လွေ့သည်ပင် မခန့်မှန်းနိုင်ပေ။
ဘယ်လိုပဲဖြစ်ဖြစ် အသူရာက အမြဲတမ်း စိုးရိမ်စရာတစ်ခုပဲ။ အခွင့်အရေးရရင် ငါသူ့ကို လုံးဝ သုတ်သင်ပစ်ရမယ်။
ထိုစိတ်ရှုပ်စရာကိစ္စများနှင့်ယှဉ်လျှင် ချန်လွေ့၏ အဂ္ဂိရတ်ပညာလေ့လာခြင်း လုပ်ငန်းစဉ်မှာ အတော်လေး ချောမွေ့လှသည်။ ၎င်းသည် ဝတ်ရုံဂိုဏ်းတွင် ယာယီနေနေသော ဆရာသခင် ထယ်တင်းနစ်ကို အံ့အားသင့်သွားစေခဲ့သည်။ ဒီတပည့် အစကတည်းက ပြောတဲ့အတိုင်း သူ့ရဲ့ အရည်အချင်းနဲ့ စွမ်းရည်တွေက ငါထင်ထားထာထက် ကျော်လွန်နေတာပဲ။ ယန္တရားပညာတင်ပဲ မဟုတ်ဘူး။ ဆေးရည်ပညာလည်း ပါတယ်။
တစ်ပတ်မပြည့်ခင်မှာပဲ ဆေးပညာအလုပ်သင်တပည့်နဲ့ညီမျှတဲ့ ဒီလူသစ်က တဟုန်ထိုး တိုးတက်သွားခဲ့တယ်။ ဒီအတိုင်းသာဆိုရင် သူက တစ်လတည်းနဲ့ ဆေးရည်ပညာရှင် ဖြစ်သွားမှာပဲ။ ဒါက အတင်းအလွတ်ကျက်တာကြောင့် မဟုတ်ဘူး။ တကယ့် နားလည်သဘောပေါက်မှုကြောင့်ပဲ။
ထယ်တင်းနစ်၏ စိတ်ထဲမှ ဆေးရည်ပညာရှင်မှာ စစ်ဆေးအကဲဖြတ်မှုကို ကျော်ဖြတ် နိုင်ရုံသာရှိသူကို ဆိုလိုခြင်း မဟုတ်ဘဲ ဆေးရည်အခန်းကဏ္ဍရှိ ဗဟုသုတများနှင့် စွမ်းရည်များအားလုံးကို တတ်ကျွမ်းသူကို ဆိုလိုခြင်း ဖြစ်သည်။
သူကိုယ်တိုင် လွန်ခဲ့သောနေ့ရက်များ၌ မျက်မြင်မတွေ့ခဲ့ရလျှင် ချန်လွေ့သည် အခြားသူများကို အခွင့်အရေးယူရန်အတွက် တုံးအဟန်ဆောင်နေခြင်းဟု ထင်မိပေမည်။ ၎င်းမှာ စူပါစနစ်၏ လေ့ကျင့်ရေးကွင်းနှင့် သန့်စင်မှုလုပ်ဆောင်ချက်များ ကျေးဇူးကြောင့် ဖြစ်ပေသည်။ အသိပညာတစ်ခုကို ထယ်တင်းနစ် သင်ပေးသောအချိန်တိုင်း ချန်လွေ့သည် [အထူးစိစစ်မှု] ကြောင့် အထူးကောင်းမွန်သော သက်ရောက်မှုများ ရရှိသည့်အပြင် ၎င်းတို့ကို စမ်းသပ်ကာ ပေါင်းစပ်ရန်အတွက် အချိန် ၁၀၀ဆကိုလည်း အသုံးပြုလေသည်။ တစ်နေ့လျှင် လေ့ကျင့်ရေးကွင်း၌ အချိန် ၂နာရီ ကုန်ဆုံးလျှင် တစ်ပတ်နှင့် ညီမျှပေသည်။
၎င်းကို နားမလည်သော ထယ်တင်းနစ်က ၎င်းမှာ ချန်လွေ့၏ လွန်ကဲသော ပါရမီနှင့် အချိန်တိုင်း လေ့ကျင့်နေခြင်းဟုသာ ထင်မှတ်နေခဲ့သည်။
ယန္တရားပညာ၌ သိသိသာသာ တိုးတက်မှုများ မရှိပေ။ လက်ရှိ ချန်လွေ့အဆင့်မှာ အဆင့်တက်ရန် ခက်ခဲပေသည်။ အဓိကမှာ အတွေ့အကြုံများကို နည်းနည်းချင်း စုဆောင်းရန်ပင် ဖြစ်လေသည်။
ထိုနေ့တွင် ချန်လွေ့သည် အတန်းပြီးနောက် ပုံမှန်အတိုင်း မေးခွန်းများမမေးဘဲ ချက်ချင်းတွင် ထွက်သွားခဲ့သည်။ ယခုတစ်ခေါက်တွင် အဘိုးအိုက ချန်လွေ့အား စိတ်အနှောင့်အယှက်ဖြစ်မည့်အကြောင်း မဆုံးမတော့ပေ။ သူသာ စိတ်အနှောင့်အယှက် ဖြစ်နေလျှင် ထိုကဲ့သို့ ရလာဒ်များ ရနိုင်ရန် မဖြစ်နိုင်ပေ။
အဘိုးအိုက ချန်လွေ့ကို အထင်သေးနေဆဲဖြစ်သည်မှာ စိတ်မကောင်းစရာပင် ဖြစ်၏။ ထိုသူသည် အမှန်တကယ် အနှောင့်အယှက်ဖြစ်နေသည်။ ထို၂ရက်အတွင်း မြို့တော်မှ အမှောင်နတ်ဆိုးအခြေစိုက်စခန်းကို ဝမ်းဗိုက်ဖြင့် ပြိုလဲလုမတတ် ဖြစ်စေခဲ့သော သက်တော်စောင့် ကောင်မလေးတစ်ယောက်က အမှောင်လသို့ ချဉ်းကပ်လာနေလောက်ပြီ ဖြစ်သည်။ သူက လူလွှတ်ပြီး စောင့်ခိုင်းခဲ့သော်လည်း မစ်-အိုလီဖီးရက်စ်မှာ သာမန် နဂါး မဟုတ်ပေ။ သူ့ကို ကိုယ်တိုင်သွားကြိုတာ အကောင်းဆုံးပဲ။ မဟုတ်ရင် ပြဿနာတွေ ဖြစ်လာနိုင်တယ်။ နောက်ဆုံးတော့ ငါ အားပြီ။ အရင် သွားကြည့်လိုက်မယ်။
ဝတ်ရုံဂိုဏ်းမှထွက်လာပြီး မူလမျက်နှာသို့ပြောင်းပြီးနောက် သူသည် ပါ့ဂ်လီအိုနှင့် တွေ့ခဲ့သည်။ ထိုရက်များ၌ ဇိုလာသည် ခရိုဘဲလက်စ်ကို ဆွဲခေါ်ပြီး တံခါးပိတ် လေ့ကျင့်စေခဲ့သည်။ သူတို့သည် တစ်ခုခု လုပ်နေကြခြင်း ဖြစ်နိုင်ပေသည်။ ပုံမှန်အားဖြင့် ခရိုဘဲလက်စ်၏ တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားခြင်းကို ခံနေရသော အဆိပ်နဂါးက ရုတ်တရက် လွတ်လပ်နေပြီး ဇက်ကြိုးမရှိသော မြင်းရိုင်းတစ်ကောင်ကဲ့သို့ပင် အထိန်းအချုပ် ကင်းမဲ့နေ၏။
“ဟေးဟေး။ ဆာ-ဘဏ္ဍာရေးအရာရှိ။ မင်းက အခုတလော တော်တော်လေး အလုပ်ကြိုးစားနေတဲ့ပုံပဲ။” ပါ့ဂ်လီအိုက ချန်လွေ့၏ ပုခုံးကို ပုတ်လိုက်သည်။ သူ ပျော်ရွှင်နေသည်မှာ သိသာလှပေသည်။
တကယ်ကြိုးစားခဲ့ရတယ်..... ချန်လွေ့က သဘောတူလျက် ခေါင်းညိတ်သည်။
“ဒါဆို မိန်းမလှတွေ အများကြီးရှိတဲ့ နေရာတစ်ခုဆီ မင်းကို ခေါ်သွားပေးမယ်။” ပါ့ဂ်လီအို မျက်လုံးမှိတ်ပြလိုက်သည်။
နောက်ထပ် မိန်းမလှတွေ အများကြီး ဟုတ်လား။ ချန်လွေ့က “အများကြီး” ဟူသော စကားလုံးကို ကြောက်၏။ သူ ခပ်မြန်မြန် ခေါင်းခါလိုက်သည်။
အဆိပ်နဂါးက သဘောမတူဘဲ ပြောသည်။ “မင်း ဘာကြောက်နေတာလဲ။ မင်းက မိန်းမတွေကို ချော့တဲ့နေရာမှာ တော်တယ် မဟုတ်လား။ အသီနာနဲ့ ခီရာကို ဘေးဖယ် ထားလိုက်ရင် ဇိုလာလိုမျိုး ကြောက်စရာကောင်းတဲ့ အရူးမတောင် အားနည်းတဲ သိုးငယ်လေး ဖြစ်သွားတာ။ အရင်က တခြားနဂါးတွေသာ ဒီအကြောင်းသိသွားရင် သူတို့မျက်လုံးတွေ ကန်းသွားမှာ။ မင်းက အခု တစ်ခါတလေ ဖောက်ပြန်နေတာပဲ။ သူတို့ သိသွားရင်တောင် ဘာမှမဖြစ်ပါဘူး။”
ချန်လွေ့က “ဖောက်ပြန်”သည်ဟူသော စကားကို ကြားသည့်အခါ အနည်းငယ် အပြစ်ရှိသလို ခံစားသွားရသည်။ “သိုးငယ်လေး ဟုတ်လား။ နဂါးကိုတောင် သတ်နိုင်တဲ့ သိုးငယ်လေးရဲ့သွားကို မြင်ဖူးလား။ ကျုပ်ကို မဆွဲခေါ်နဲ့။ သွားချင်ရင် ကိုယ့်ဘာသာသွား။”
“တစ်ယောက်တည်း သွားရတာ ပျင်းစရာကောင်းတယ်။ အဲဒီကောင် ရိုမန်သာ ဒီမှာ ရှိနေမယ်ဆိုရင် ငါ့ကို စိတ်ပါလက်ပါနဲ့ ဆွဲခေါ်သွားမှာပဲ။ ပွဲမဖျက်ချင်နဲ့။ ဘက်တီလေး ဒီမှာမရှိတာက ရှားတယ်။” ပါ့ဂ်လီအို မျက်လုံးလှန်လိုက်သည်။ “စိတ်ပူစရာ မလိုဘူး။ ငါတို့ရဲ့ စွမ်းအားနဲ့ဆို မျက်နှာပြောင်းလိုက်ရင် အုပ်ချုပ်မှုအစည်းရုံးရဲ့ ငယ်သားတွေက ငါတို့ကို မမှတ်မိမှာ သေချာတယ်။”
ချန်လွေ့ စိတ်ပြောင်းလိုက်သည်။ “ဒါဆို အရှေ့ဘက်ဂိတ်ကို သွားရအောင်။”
“ဟုတ်ပြီ။ ငါမင်းကို အရှေ့ဘက်ဂိတ်ဆီ အဖော်လိုက်သွားပြီးတော့ မိန်းမလှတွေ ဝင်ထွက်သွားလာတာကို ကြည့်မယ်။ ငါက နေရာပေးတယ် မဟုတ်လား။” ဘဲခေါင်းနဂါးက အရှက်မရှိဘဲ ပြောလိုက်သည်။ “လွတ်လပ်မှုကို ရှာဖွေ”နေသည်မှာ ချန်လွေ့ ဖြစ်နေသကဲ့သို့ပင်။
ချန်လွေ့က ဆိုင်မွန်မျက်နှာသို့ပြောင်းလိုက်ပြီး ခန့်ညားသော ယောက်ျားအဖြစ် ရုပ်ဖျက်ထားသည့် ဘဲခေါင်းနဂါးနောက်သို့လိုက်ကာ မြို့ဂိတ်သို့ လမ်းလျှာက်သွား လိုက်သည်။
“မိန်းမလှတွေ ရှိလာရင် စကားသွားပြောပြီးတော့ ဘယ်သူရနိုင်မလဲ ကြည့်တာပေါ့။” ပါ့ဂ်လီအိုက ပြုံးဖြီးဖြီး လုပ်လိုက်သည်။ “ငါပြောခဲ့တဲ့ မဟာ မောင်းမဆောင် အကြံအစည်ကို မမေ့နဲ့။ မင်းရဲ့အိမ်တံခါးဆီကို ငါ နဂါးမတစ်အုပ်ကြီး ပျံပြီးခေါ်လာချင်သေးတယ်။ ငါ နောက်ထပ် ပြောလိုက်ဦးမယ်။ နဂါးမတိုင်းရဲ့အပေါ်မှာ နတ်ဆိုးမိန်းမလှတွေ တစ်ယောက်ချင်း ရှိနေဦးမှာ။ အဲဒီချီးထုပ် အုပ်ချုပ်မှုအစည်းအရုံးကို ဂရုမစိုက်ဘူး။”
ချန်လွေ့က ထိုသူကို ပြောစရာမဲ့လျက် ကြည့်လိုက်ပြီး ခေါင်းခါလိုက်သည်။ “ခင်ဗျား စကားပြောချင်ရင် ကိုယ့်ဘာသာ သွားလုပ်။ ကျုပ် စောင့်ကြည့်ပေးမယ်။ ကျုပ်ရဲ့ မောင်းမဆောင်က သေလောက်အောင် လုံလောက်နေပြီ။”
“သုံးလေးယောက်လောက်နဲ့ မောင်းမဆောင် ဟုတ်လား။ ရာထောင်ချီ မရှိရင် မကြွားနဲ့။ ရှက်စရာကြီး။” ပါ့ဂ်လီအိုက အထင်သေးစွာဖြင့် ပြန်ဖြေလိုက်သည်။
သူတို့ ပေါက်ကရများပြောနေရင်း အရှေ့ဘက်ဂိတ်သို့ ရောက်လာကြသည်။ ဘဲခေါင်းနဂါး၏ ပြောင်းလဲထားသော မျက်နှာမှာ အမှန်တကယ် ဆွဲဆောင်မှုရှိသည်ကို ဝန်ခံရပေသည်။ သူက မိန်းမသား အများအပြားကို ဆွဲဆောင်နိုင်ခဲ့သည်။ ပြောရမည် ဆိုလျှင် “ဆိုင်မွန်”ကဲ့သို့ သာမန်ရုပ်ရည်သာရှိသောသူကို မည်သူမှ အာရုံမစိုက်ခဲ့ပေ။ သို့သော်လည်း ဆရာသခင် အဆိပ်နဂါးက သာမန်ပရိသတ်များကို ဆွဲဆောင်နိုင်သည် မဟုတ်ပေ။ သူက ချန်လွေ့အရှေ့၌ တက်ကြွပျော်မြူးနေခြင်းသာ ဖြစ်ပေသည်။
မြို့ဂိတ်အပြင်ဘက်၌ ခဏကြာနေပြီးနောက် ပါ့ဂ်လီအို အနည်းငယ် ပျင်းလာသည်။ “ဒီမှာ ဘာမှကြည့်စရာ မရှိဘူး။ အရက်ဆိုင် သွားရအောင်။”
“ပြန်ကြည့်လိုက်ပါဦး။ ကျုပ် အရက်ဆိုင် မသွားချင်ဘူး။”
ထိုအချိန်၌ ပါ့ဂ်လီအို မျက်ခုံးပင့်လိုက်ပြီး ကောင်းကင်ကို ရုတ်တရက် ကြည့်လိုက်သည်။ ချန်လွေ့က သူ၏အကြည့်နောက်လိုက်ကြည့်ရာ သူတို့ဘက်သို့ အရှိန်ဖြင့် ရောက်လာနေသော ကောင်းကင်ထက်မှ အနက်ရောင် အစက်တစ်စက်ကို မြင်လိုက်ရသည်။ ၎င်းသည် အနက်ရောင်တိမ်တိုက်တစ်ခု ဖြစ်ဟန်တူသည်။ ထိုနေရာသို့ ချဉ်းကပ်လာသောအခါ ၎င်း၏အရှိန် တဖြည်းဖြည်း လျှော့သွားပြီး အရွယ်အစားလည်း ကျုံ့လာခဲ့သည်။ သူတို့နှစ်ယောက်၏အမြင်အရ ၎င်းမှာ အနက်ရောင်အင်္ကျီ ဝတ်ထားသော ကောင်မလေးတစ်ယောက် ဖြစ်ကြောင်း သေသေချာချာ မြင်နေရပြီ ဖြစ်သည်။
ချန်လွေ့၏မျက်လုံးများ ရုတ်တရက် အရောင်တောက်သွား၏။ ဒီခရီးက အလကား မဖြစ်ဘူး။ နောက်ဆုံးတော့ သူ ရောက်လာပြီ။