← Chapters

စာချုပ်

Vol. 33 Ch. 483

စာချုပ်

Vol. 33 Ch. 483

အနက်ရောင်အင်္ကျီနှင့် ကောင်မလေး ပျံဝဲလာပြီး အားအင်ကုန်ခန်းနေဟန်တူကာ မတည်မငြိမ်နှင့် ဆင်းသက်လိုက်သည်။ လူအများအပြားက လေထဲမှ မြင်ကွင်းကို မမြင်ခဲ့ရပေ။ သို့သော်လည်း သူတို့အရှေ့၌ ကောင်မလေးတစ်ယောက် ရုတ်တရက် ပေါ်ထွက်လာသည်ကို ခံစားလိုက်ရသည်။

ထိုကောင်မလေးက အနက်ရောင်ဆံပင်ရှည်နှင့် ချစ်စရာကောင်းသော မျက်နှာ ရှိသည်။ သူက အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သွယ်လျသော ခန္ဓာကိုယ်ရှိကာ ရှည်လျားသော ခြေထောက်များကလည်း လုံးဝပြီးပြည့်စုံလုနီးပါးပင် ဖြစ်သည်။ အားနည်းချက် တစ်ခုခုကို ရွေးရမည်ဆိုလျှင် သူ၏ရင်သား အနည်းငယ် သေးနေခြင်းသာ ဖြစ်သည်။ သို့သော်လည်း ၎င်းတွင် ထူးခြားသော ဆွဲဆောင်မှုတစ်ခု ရှိပေသည်။

ပါ့ဂ်လီအိုက ထိုကောင်မလေး၏ ခန္ဓာကိုယ်မှ နဂါးအငွေ့အသက်ကို ခံစားမိသွား၏။ ထို့နောက် သူ၏မျက်လုံးများ အရောင်တောက်သွားသည်။ “အဲဒီမိန်းမလှကို တွေ့လား။ သူက နဂါးဖြစ်နေတာပဲ။ နောက်ဆုံးတော့ ငါ့ရဲ့ လက်ဖက်ရည်တစ်ခွက်ကို တွေ့ပြီ။”

“နေပါဦး။ ခင်ဗျားက သွားချွန်ချွန်တွေ၊ အရပ်မြင့်မြင့်နဲ့ ဖွံ့ဖွံ့ဖြိုးဖြိုးတွေကို သဘောကျတာ မဟုတ်ဘူးလား.....”

“အကုန်လုံးကောင်းတာနဲ့ တစ်ခုတည်း ကောင်းတာကို မင်း နားလည်ဘူးလား။ ဝါသနာ အမျိုးမျိုး ရှိတယ်ဆိုတာကို မင်း သဘောပေါက်လား။ ဘက်တီလေးကလည်း အရပ်မြင့်ပြီးတော့ လုံးကြီးပေါက်လှ ပုံစံမျိုးမဟုတ်လား။ ဟုတ်ပြီလား။ အခုငါက ဇာတ်လိုက် ဖြစ်နေပြီ။ ငါ့ရဲ့ပျော်ရွှင်မှုနောက်လိုက်တာကို မနှောင့်ယှက်နဲ့။ မင်းက ဇာတ်ပို့အနေနဲ့ပဲ ဒီကနေကြည့်နေလိုက်တော့။”

ကောင်မလေး ပေါ်ထွက်လာသည်နှင့် ချက်ချင်းပင် လူအများအပြား၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။ အချို့က စကားပြောရန် ကြိုးစားကြည့်ကြသည်။ သို့သော်လည်း ထိုကောင်မလေး၏ မျက်နှာအမူအရာမှာ အနည်းငယ် မသက်မသာ ဖြစ်နေပုံရသည်။ သူက နေမကောင်းသည့်သဖွယ် ဗိုက်ကိုပင် ကိုင်ထားနေ၏။

ထိုကောင်မလေးက ထိုသူများက လျစ်လျူရှုပြီးနောက် တစ်စုံတစ်ယောက်ကို ရှာနေသကဲ့သို့ပင် လှည့်ပတ်ကြည့်နေသည်။ ရုတ်တရက် သူက ချန်လွေ့ဘက်ကိုကြည်ပြီး အံ့အားသင့်သွားကာ လမ်းလျှောက်လာသည်။

ပါ့ဂ်လီအိုက လမ်းလျှောက်သွားရန် ပြင်နေသော်လည်း မမျှော်လင့်ဘဲနှင့် ထိုကောင်မလေးက သူ့ထံသို့ လမ်းလျှောက်လာလေသည်။ သူက နောက်ပြန်လှည့်ပြီး စိတ်ကြီးဝင်သော ခံစားချက်ဖြင့် ပြောလိုက်သည်။ “ဟေး။ မြင်လား။ ဒါကို ညှို့ဓာတ်လို့ခေါ်တယ်။”

ပါ့ဂ်လီအိုက အလျင်အမြန်ပင် အင်္ကျီကို သပ်သပ်ရပ်ရပ် လုပ်လိုက်သည်။ သူ၏ အကြည့်က လောကဓံတရားများနှင့် ပြည့်နှက်သွားသည်။ သူ၏ ခန့်ညားသော မျက်နှာနှင့် ပေါင်းလိုက်သောအခါ သူသည် အလွှာအသီးသီးမှ အမျိုးသမီးများအတွက် မြွာပွေသူကဲ့သို့ ဖြစ်သည်။ သူက ထိုကောင်မလေးဆီသို့ အေးအေးဆေးဆေး လမ်းလျှောက်သွားသည်။

ကောင်မလေး၏ မျက်လုံးများ အရောင်တောက်သွားပြီးနောက် ခဏအကြာတွင် မိန်းမလှလေးနှင့် ခန့်ညားသောအမျိုးသားတို့ ဆုံတွေ့သွားကြသည်။

“မိန်းကလေး...” ခန့်ညားသော ယောက်ျားက ဆွဲဆောင်မှုရှိသော အသံသြသြဖြင့် စကားတစ်ခွန်း ပြောလိုက်သည်။ သို့သော်လည်း ထိုမိန်းမလှက မရပ်သည့်အတွက် သူ စကားရပ်လိုက်သည်။ ထိုမိန်းကလေးက အံ့အားသင့်နေသောသူ့ကို ဖြတ်သွားပြီးနောက် ရှေ့သို့ ဆက်သွားသည်။

သူ လျစ်လျူရှုခံလိုက်ရသည်မှာ အသေအချာပင် ဖြစ်၏။

“နင်က ဒီမှာကိုး။” ထိုကောင်မလေးက ချန်လွေ့ထံ ‌ရောက်လာပြီး ဗိုက်ကိုပွတ်ကာ သနားစရာကောင်းအောင် ပြောလိုက်သည်။ “ငါ စောစောရောက်လာတယ်။ နင် ပိုက်ဆံနုတ်လို့ မရဘူးနော်။”

ရှေ့မှ ခန့်ညားသောမင်းသား ချက်ချင်းပင် ကြောင်တောင်တောင် ဖြစ်သွား၏။ သူက နောက်လှည့်ရာ သူ၏ရင်ဘတ်ထဲမှ “လက်ဖက်ရည်” ဇာတ်ပို့နှင့် နီးနီးကပ်ကပ် စကားပြောနေကြောင်း မြင်လိုက်ရသည်။ ဒါနဲ့ သူ့ရဲ့မျက်နှာက အလိုလိုက် ခံနေရသလိုပဲ။

ချီးထုပ် နဂါးနတ်ဘုရား....

ထိုအချိန်၌ နဂါးကောင်က သနားစရာ နတ်ဆိုးဘုရားသခင် ဘယ်မျက်လုံး၏ ခံစားချက်များကို ရုတ်တရက် နားလည်သွားခဲ့သည်။

မစ်-အိုလီဖီးရက်စ်၏ အသွင်အပြင်က ချန်လွေ့ကို မျက်မှောင်ကြုတ်သွား စေသည်။ “ခင်ဗျားက ဘာလို့ ဒီလို ဖြစ်နေတာလဲ။ ဒဏ်ရာရထားတာလား။”

“မဟုတ်ဘူး။ အဲ...နောက်နေ့မှာပဲ ငါက စားစရာတွေကို အကုန်စားခဲ့တာ။ ပြီးခဲ့တဲ့ ၃ရက်လုံးက ငါက ဗိုက်ဟောင်းလောင်းနဲ့ ပျံလာခဲ့ရတယ်။ လမ်းမှာ သေမလိုတောင် ဖြစ်သွားခဲ့သေးတယ်။ ငါ့ကို သလင်းကျောက်နက်ဒင်္ဂါး အပို ၂၀၀ပေးဖို့ မမေ့နဲ့။”

“လမ်းမှာစားဖို့အတွက် မြို့ငယ်လေးတစ်ခုခု လိုက်မရှာဘူးလား။”

“အဲဒါက ပိုက်ဆံလိုတယ်လေ။ မြို့တော်မှာ ငါတွေ့ဖူးတယ်။ ကိတ်မုန့် သေးသေးလေး တစ်တုံးတောင် သလင်းကျောက်ဖြူဒင်္ဂါး ၃ပြားကျတယ်။” မစ်-နဂါးနက်က ဂုဏ်သိက္ခာရှိစွာဖြင့် ပြောသည်။ “ငါ့အမေကပြောတယ်။ နဂါးကောင်းတွေရဲ့ ရတနာတိုက်က အဝင်ပဲရှိရမယ်။ အထွက်မရှိရဘူးတဲ့။”

“ဒါဆို ခင်ဗျားက ၃ရက်လုံး ဗိုက်ဟောင်းလောင်းနဲ့ ပျံလာခဲ့တာလား။” ချန်လွေ့က အိုလီဖီးရက်စ်ကို ပြောစရာစကားမဲ့သွားခဲ့သည်။ အသက်ထက် ပိုက်ဆံကို ရွေးချယ်တဲ့ သူတွေကို ငါတွေ့ဖူးတယ်။ ဒါပေမဲ့ သလင်းကျောက်ဒင်္ဂါး ၃ပြားအထက်နဲ့ အသက်ကို စတေးတဲ့သူကိုတော့ ငါတစ်ခုမှ မတွေ့ဖူးဘူး။ ပြီးတော့လည်း သူက နဂါး။

“ငါ ဗိုက်ဆာလို့ သေတော့မယ်။ ငါ့ကို ဒဏ္ဍာရီလာ ဟော့ပေါ့တွေ၊ ဒဏ္ဍရီလာ ခရမ်းဘယ်ရီဝိုင်တွေ မြန်မြန် ယူလာပေး။” မစ်-နဂါးနက်က တံတွေးမျိုချရင်း ပြောသည်။ ထို့နောက် သူ၏ဝမ်းဗိုက်ကလည်း တဂွီဂွီ အသံများ ထွက်လာ၏။

ချန်လွေ့ စကားမပြောနိုင်ခင်မှာပင် ပါ့ဂ်လီအိုက အံကြိတ်ရင်း လမ်းလျှောက်လာသည်။ အချိန်အတော်ကြာပြီးနောက် သူက စကားတစ်ခွန်း ပြောသည်။ “မင်းက နဂါးမတစ်အုပ်ကို‌ ခေါ်လာပြီးတော့ ငါ့ခေါင်းပေါ်မှာ ပျံဖို့ စီစဉ်နေတာလား။”

နာရီဝက်ကြာပြီးနောက် -

ဝတ်ရုံဂိုဏ်း ဟော့ပေါ့စားသောက်ဆိုင်၏ အခန်းတစ်ခု၌ အထူးကြီးမားသော ‌ဟော့ပေါ့စွတ်ပြုတ်အိုးကြီး ကုန်လုနီးပါး ဖြစ်နေ၏။ ဘေးနားတွင်လည်း အရန်ဟင်းပွဲ အကုန်များ တောင်လိုပုံနေသည်။

မစ်-အိုလီဖီးရက်စ်က သူ၏ ဖောင်းကားနေသော ဝမ်းဗိုက်ကိုပွတ်သပ်ရင်း ပျော်ရွှင် ကြည်နူးစွာဖြင့် ကုလားထိုင်ကို မှီနေလိုက်သည်။

ဘဝကြီးက မယုံနိုင်စရာကောင်းတာပဲ။ အရာရှိတဲ့ စားစရာတွေကိုလည်း အလကား စားရတယ်။ စောစောရောက်လို့ သလင်းကျောက်နက်ဒင်္ဂါး အပို ၂၀၀လည်း ရတယ်။ ဗိုက်ဟောင်းလောင်းနဲ့ သုံးရက်လောက် ပျံခဲ့တာက တန်တယ်။ အမေပြောတာ မှန်တယ်။ ကြိုးစားရင် ဆုလာဒ်ရှိတယ်။

“မစ်-အိုလီဖီးရက်စ်။” ချန်လွေ့က မစ်-နဂါးနက်၏ စားချင်စိတ်ကြောင့် ထိတ်လန့်သွားရာမှ သတိပြန်ဝင်လာခဲ့သည်။ “ခင်ဗျားက နတ်ဆိုးအရှင်သခင်အဆင့် ရောက်တော့မှ ဆက်ခ်ရက်တောင်ကနေ ထွက်သွားခွင့်ရမှာလို့ ပြောခဲ့တာမလား။ ဘယ်လိုလုပ် စောစော ထွက်လာရတာလဲ။”

ချန်လွေ့၏ [ သရုပ်ခွဲမျက်လုံး ] ၌ အိုလီဖီးရက်စ်၏ စွမ်းအားမှာ နတ်ဆိုးအရှင်သခင် အဆင့် အလတ်ပိုင်းသာ ရှိနေသေးသည်။ သူက နတ်ဆိုးအရှင်သခင်အဆင့် ထပ်သီးပိုင်းသို့ မရောက်သေးပေ။ သူ ခိုးထွက်လာတာများလား။

“ဒီလိုပါ နင်ထွက်သွားတော့ အကင်အနံ့တွေကို ငါ သတိရနေခဲ့တာ။ အဲဒါကြောင့် ကိုယ့်ဘာသာ လုပ်ကြည့်ချင်ခဲ့တယ်။” အိုလီဖီးရက်စ်က ရှက်ရှက်နှင့် ပြောသည်။ “ငါ အခေါက်ခေါက် ကြိုးစားကြည့်ခဲ့တယ်။ ဒါပေမဲ့‌ မအောင်မြင်ခဲ့ဘူး...”

“ဒါဆိုရင် အကင်စားချင်လို့ ကျုပ်ကို ရှာဖို့ ခိုးထွက်လာတာလား။”

“မဟုတ်ဘူး။” မစ်-နဂါးနက်က ပို၍ပင် ရှက်သွားခဲ့သည်။ “ဘာလို့ဆိုတော့ ငါကင်နေတုန်း သစ်တောနည်းနည်းကို မီးရှို့သွားမိပြီး နတ်ဆိုးသားရဲတွေကို မတော်တဆ သတ်လိုက်မိလို့ပါ။”

“နည်းနည်း ဟုတ်လား။” ချန်လွေ့‌ ကြောင်သွားခဲ့သည်။ မီးက ဘယ်လောက်တောင် ကြီးတာလဲ။

“အဲဒါနဲ့ ငါ့ကို ဆာ-စေတန်က မောင်းထုတ်ခဲ့တယ်။” မစ်-နဂါးနက်က သနားစရာ ကောင်းသော အိမ်ခြေယာမဲ့ကဲ့သို့ ဖြစ်နေသည်။ “ဆိုင်မွန်။ နင်ငါ့ကို ခေါ်ထားရတယ်။ နင့်ကို နှစ်၁၀၀၀ ကာကွယ်ဖို့အတွက် ငါတို့သဘောတူထားတာ ရှိတယ်။”

“အဲဒါ နှစ်၃၀၀ မဟုတ်လား။” ချန်လွေ့က ထိုကောင်မလေး၏ အချိန်အကြာကြီး အလကား စားသောက်ချင်စိတ်ကို သိသည်။ သူက တမင်တကာ ထပ်ပြောလိုက်သည်။ “ကျုပ်က အဲဒီလောက်အကြာကြီး အသက်ရှင်နိုင်မယ် ထင်လား။”

“နင်သေသွားရင်တောင် နင့်မျိုးဆက်တွေ ရှိနေဦးမှာပဲ။” သက်တော်စောင့်မလေးက အနည်းငယ် ပါးနပ်သွား၏။ “ငါ သူတို့ကို အမြဲတမ်း ကာကွယ်ပေးလို့ရတယ်။ ငါ့ကို စျေးနှစ်ဆ ဒါမှမဟုတ် သုံးဆ ပေးရုံပဲ။ တခြားသူတွေဆိုရင် ငါ့လိုမျိုး နတ်ဆိုးအရှင်သခင် အဆင့် သက်တောင်စောင့်တွေ ရချင်တာတောင် မရဘူး။”

“ကျုပ်လို အလုပ်ရှင်ရှိချင်တာက ခင်ဗျားပဲလေ။ အလကား စားသောက်ပြီးနောက် ပိုက်ဆံရအောင် မဟုတ်လား။ ခင်ဗျား ဘယ်လာက်စားခဲ့လဲဆိုတာ မသိဘူးလား။ ခင်ဗျားရဲ့ စားပေါက်မျိုးနဲ့ဆိုရင် သိပ်မကြာခင် ကျုပ်မွဲသွားလောက်တယ်။” ချန်လွေ့က အိုလီဖီးရက်စ်အား အမှောင်လက သင်္ဘောနက်ထဲသို့ ပို့ပေးချင်သည်။ ထို့ကြောင့် သူက တည့်တည့်ပြောလိုက်သည်။ “ပြီးတော့လည်း နတ်ဆိုးအရှင်သခင်အဆင့်တွေက ရှားလို့လား။ ခုနက ငါ့နောက်ကို လိုက်နေတဲ့သူက နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းပဲ။ ပြီးတော့လည်း သူရဲ့စျေးနှုန်းက ပိုပြီးတော့ သက်သာတယ်။ ခင်ဗျားထက်လည်း အစားနည်းတယ်။ ပြီးတော့လည်း စာချုပ်က နှစ်ထောင်သောင်းထိ ရှိတယ်။”

ချန်လွေ့က စိတ်ခံစားချက် မညီမမျှဖြစ်မှုကြောင့် မျက်ရည်များဖြင့် ထွက်ပြေးနေသော ဘဲခေါင်နဂါးအား အရှက်မဲ့စွာဖြင့် နောက်လိုက်ဟု ခေါ်ခဲ့တယ်။ ထို့ပြင် “စျေးပေါသောအလုပ်သမား”ဟုလည်း ခေါင်းစဉ်တပ်ခဲ့သည်။ အိုလီဖီးရက်စ်က အများကြီး မသိပေ။ အဲဒီလူက ငါ့ထက် ပိုအစွမ်းထက်တာတော့ ငါသိတယ်။ သူလည်း နဂါးပဲ ထင်တယ်။

၎င်းကို စဉ်းစားပြီးနောက် မစ်-နဂါးနက်က ချက်ချင်းပင် ကြက်သေသေသွား ခဲ့သည်။ သူက အလျင်အမြန် ရှင်းပြသည်။ “နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း။ အဲဒီကို ငါ မကြာခင် ရောက်တော့မှာ။ ဆာ-စေတန်က ငါ့ကို အရင်းအမြစ် စွမ်းအင် တစ်စိတ်တစ်ပိုင် ပေးခဲ့တယ်။ အဲဒါက အရင်တစ်ခေါက် နင့်ကိုပေးခဲ့တာထက် ပိုပြီးတော့ သန့်စင်တယ်။ ဒီစွမ်းအားကို ငါ လုံးဝစုပ်ယူပြီးသွားရင် နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းကို ရောက်နိုင်တယ်။”

ယခုတစ်ခေါက် ချန်လွေ့ အမှန်တကယ် ထိပ်လန့်သွား၏။ နတ်ဘုရား-တစ်ပိုင်း၏ စိတ်ဝိညာဉ်အမှတ်အသားမှ အရင်းအမြစ်စွမ်းအင်မှာ မည်သည်ကို ဆိုလိုကြောင်း သူ အတိအကျ သိသည်။ တကယ်လို့ အိုလီဖီးရက်စ်က စွမ်းအားကို လုံးဝစုပ်ယူပြီးသွားရင် စေတန်ထိန်းချုပ်လို့ရတဲ့ ရုပ်သေး ဖြစ်သွားလိမ့်မယ်။ ဒါကြောင့် သူက အိုလီဖီးရက်စ်ကို “မောင်းထုတ်”ခဲ့တာပေါ့။ သူက ငါ့ကို စောင့်ကြည့်ဖို့နဲ့ တာဝန်တစ်ခုခုကို ပြီးမြောက်စေဖို့ အတွက် တမင်လွှတ်ပေးလိုက်တာ နေမယ်။

ဒါဆိုရင် အိုလီဖီးရက်စ်က ချိန်ကိုက်ဗုံး တစ်ခုလိုမျိုးပဲ။

ဒါပေမဲ့ မစ်-နဂါးနက်ကိုယ်တိုင်က အပြစ်မရှိဘူး။ သူ့ကို တစ်ခါတည်း သက်တာက နည်းနည်းတော့ အကျိုးအကြောင်း မဆီလျော်ဘူး။ ပြီးတော့ ဒါက စေတန်ကို ပိုပြီး သံသယ ဝင်သွားစေနိုင်ပြီးတော့ လှုပ်ရှားစေနိုင်တယ်။

အိုလီဖီးရက်စ်က ၎င်းကို မသိပေ။ သူက သနားစရာကောင်းအောင် ပြောနေဆဲ ဖြစ်သည်။ “တကယ်တော့ ငါ အစားလျှော့လို့ရတယ်။ ဒါပေမဲ့ အရွယ်ရောက်နေတုန်း အာဟာရရှိတာတွေကို စားရမယ်လို့ အမေ ပြောထားလို့။”

ချန်လွေ့ ခဏစဉ်စားပြီး ပြောသည်။ “အိုလီဖီးရက်စ်။ ကျုပ်တို့က အလုပ်ရှင်နဲ့ အလုပ်သမား ဖြစ်ပေမဲ့ မိတ်ဆွေတွေပဲ မဟုတ်လား။ မြို့တော်မှာ ခင်ဗျားက အလကား စားသောက်ခဲ့တယ်။ ဒါပေမဲ့ ကျုပ် ခင်ဗျားကို သလင်းကျောက်နက်ဒင်္ဂါး တစ်ပြားတောင် မတောင်းခဲ့ဘူး။”

အိုလီဖီးရက်စ်က ခပ်မြန်မြန် ခေါင်းညိတ်လိုက်သည်။ “ဒါပေါ့။ ငါတို့က မိတ်ဆွေတွေ။ အကောင်းဆုံး မိတ်ဆွေတွေ။”

“ကျုပ်တို့က မိတ်တွေတွေဆိုတော့ ပိုက်ဆံတွေအကြောင်း ပြောရတာက ကျုပ်တို့ရဲ့ ဆက်ဆံ‌ရေးကို ထိခိုက်စေတယ်။ ကျုပ်ခင်ဗျားကို နေ့တိုင်း စားချင်တာ စားနိုင်အောင်လို့ တည်းခိုခန်း အလကားနေလို့ရအောင် လုပ်ပေးမယ်။ ရှားပါးရတနာတွေ၊ အခကြေးငွေတွေနဲ့ ဒဏ္ဍာရီလာအဆင့် အဆင်တန်ဆာတွေကိုပါ ပေးမယ်။ ဒါပေမဲ့ ကျုပ်ကို တစ်ခုတော့ ကတိပေးရမယ်....”

“ဘာကတိပေးရမှာလဲ။” မစ်-နဂါးနက်၏ မျက်လုံးများ တောက်ပသွားပြီးနောက် ရုတ်တရက် သတိထားသောအကြည့်ဖြင့် ကြည့်လိုက်သည်။ “မဟုတ်မှလွဲ‌ရော... နင့်ငါ့ကို တစ်ခုခု ထူးဆန်းတာ လုပ်မလို့လား။”

ချန်လွေ့ ဆို့နင့်လုမတတ် ဖြစ်သွားခဲ့သည်။ မင်းဘာတွေ စဉ်းစားနေတာလဲ။

မစ်-နဂါးနက်က တရားနည်းလမ်းကျစွာ ပြောသည်။ “အမေက ပြောတယ်။ မိန်းကလေးတွေက ကိုယ့်ကိုယ်ကိုယ် ချစ်မြတ်နိုးဖို့ သင်ယူရမယ်တဲ့။ ပြီးတော့ လက်မထပ်ခင် ယောက်ျားလေးတွေ အခွင့်ရေးယူတာကို မခံနဲ့တဲ့။ နင်ငါ့ကို လက်ထပ်ချင်တာ မဟုတ်ဘူးဆိုရင်ပေါ့။”

ထို့နောက် သူက သိချင်စိတ်ဖြင့် မေးသည်။ “ဒါနဲ့ အခွင့်ရေးယူတာနဲ့ လက်ထပ်တာက ဘာကြီးလဲ။ စားလို့ရတလား။”

“အဟွတ်...” ယခုတွင် ချန်လွေ့ အမှန်တကယ် ဆို့နင့်သွားခဲ့လေသည်။ မင်းရဲ့ အဘိဓာန်ထဲမှာ ပိုက်ဆံပြီးရင် စားတာပဲ ရှိတာလား။

စိတ်အေးအေးထားပြီးနောက် ချန်လွေ့က သမာဓိရှိသော ပုံစံမျိုး နေလိုက်သည်။ “ပေါက်ကရတွေ ပြောမနေနဲ့တော့။ ကျုပ်ရဲ့သတ်မှတ်ချက်က စာချုပ်ချုပ်ဖို့ပဲ။”

စာချုပ်ထဲ၌ အိုလီဖီရက်စ်က အလုပ်ရှင်အား မည်သို့မျှ ထိခိုက်အောင် မပြုလုပ်သင့်ကြောင့် ပါဝင်သည်။ သူသည် အလုပ်ရှင်ကို တစ်ဘဝလုံးအကောင်းဆုံး ကာကွယ်ပေးရပြီး အလုပ်ရှင်၏ လျို့ဝှက်ချက်အားလုံး ထိန်းသိမ်းပေးကာ အလုပ်ရှင် ပြောသော ပစ်မှတ်များကို ကာကွယ်ပေးရမည်။ ထို့ပြင် အလုပ်ရှင်အတွက် ရန်သူများ ကိုလည်း တိုက်ခိုက်ပေးရမည်။ စာချုပ်တစ်ခုလုံးမှာ ခက်ခဲကြမ်းတမ်းသော အလုပ်သမား စာချုပ်သာ ဖြစ်သည်။

အဖိုးအခ၌ အိုလီဖီးရက်စ်က အဆက်မပြတ် တောင်းဆိုမှုများကြောင့် တစ်နှစ်လျှင် သလင်းကျောက်နက်ဒင်္ဂါး ၅၀၀အထိ တိုးမြင့်သွားခဲ့သည်။ တည်းခိုခန်း အခမဲ့အပြင် အခြားအကျိုးအမြတ်များလည်း ရှိပေသည်။

ထိုစာချုပ်ကိုသာ မည်သည့်နတ်ဆိုးအရှင်သခင်အဆင့်ကိုမဆို ပေးခဲ့လျှင် ထိုအလုပ်ရှင် အရိုက်ခံရပေမည်။ “ဘဏ္ဍာရေးစီမံမှု” ထူးကဲသော နဂါးများကိုသာ ပြောစရာပင် မလိုပေ။ သို့သော်လည်း မစ်-နဂါးနက်က သူသည် အခွင့်အရေးရယူပြီး မူရင်းအခကြေးငွေကို ၅ဆအထိ တိုးနိုင်ခဲ့ကြောင်း ယုံကြည်နိုင်သည်။ သူက အလကား စားသောက်ရမည် ဖြစ်သည့်အပြင် တရားဝင်ခရီသွားခြင်း၊ ပျော်ပွဲစားထွက်ခြင်း၌ ကုန်ကျစရိတ်များကို ပြန်ရမည် ဖြစ်သည်။ ထို့ပြင် အကျိုးအမြတ် အနည်းငယ်လည်း ရရှိပေမည်။ ၎င်းတို့မှာ ဆင်းရဲသော သစ်နက်ချောက်ကမ်းပါး၌ နေရခြင်းထက် များစွာ ကောင်းမွန်ပေသည်။

ဒါနဲ့ နောက်တစ်ခါ ငါ တရားဝင် ခရီးသွားရင် ကြိုးကြိုးစားစားနဲ့ အဲဒီကိုကိုယ်တိုင်ပျံသွားပြီးတော့ လှည်းခကို တောင်းရမယ်။ ပြီးတော့ အရည်အသွေး နိမ့်တဲ့ စားစရာတွေကို စားပြီးတော့ ပြန်လာတဲ့အခါ စျေးကြီးကြီး တောင်းမယ်....။ မစ်-အိုလီဖီးရက်စ်က အလျင်အမြန် တွက်ချက်နေလိုက်သည်။ သူ အလွန်ပျော်သွား၏။

ထိုကောင်မလေး၌ လျှော့ငွေလက်ခံပြီး အကောင့်အတုများကို တိုင်ကြားပေသည့် မွေးရာပါစွမ်းရည် ရှိနေမည်ဟု ချန်လွေ့ မသိခဲ့ပေ။ သူက စိတ်နှလုံးမကောင်းလေလားဟု တွေးထင်မိခဲ့သည်။ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းသို့ ရောက်တော့မည့် နဂါးနက်တစ်ကောင်ကို ငှားရန်အတွက် သလင်းကျောက်နက်ဒင်္ဂါး ၅၀၀သာ လိုအပ်၏။ အိုလီဖီးရက်စ် စိတ်မပြောင်းစေရန်အတွက် ချန်လွေ့က အကျိုးအမြတ်များကို အရင်ဦးစွာ ကမ်းလှမ်းသည်။

“ကျုပ်မှာ ရေထဲတောက်ပနိုင်တဲ့ ရေပုလဲတစ်လုံး ရှိတယ်။ ဒါက စိတ်ဝိညာဉ်စွမ်းအား လေ့ကျင့်ရေးကို ကူညီပေးနိုင်တယ်။ ဒါက ရှားပါးရတနာ တစ်ခုပဲ။ ပြီးတော့ ဒါက တစ်ဝက်-ဒဏ္ဍာရီလာအဆင့်လည်း ဟုတ်တယ်။ ခင်ဗျား စာချုပ်မှာ လက်မှတ်ထိုးမယ်ဆိုရင် ဒါတွေကို လက်ဆောင်အဖြစ် ပေးမယ်။”

ဒဏ္ဍာရီလာ ရေပုလဲ။ ပြီးတော့ ဒဏ္ဍာရီလာအဆင့် အဆင်တန်ဆာတွေ။ ဒါတွေက ဒဏ္ဍာရီလာ အလကား လက်ဆောင်တွေပဲ။

ကြည့်ရတာ ဒဏ္ဍာရီလာ ငတုံးသူဌေးတစ်ယောက်ကို ငါ ရှာတွေ့သွားတဲ့ပုံပဲ။

မစ်-နဂါးနက်၏ မျက်လုံးများက တလက်လက် တောက်ပနေသော ကြယ်ရောင်များဖြင့် လင်းလက်သွား၏။ သူ၏အသံက စိတ်လှုပ်ရှားမှုများကြောင့် အဆက်မစပ်မရှိ ဖြစ်နေသည်။ “စာချုပ် မြန်မြန်ပေး။ မဟုတ်ရင် နင့်တစ်မိသားစုလုံးကို ငါ သတ်ပစ်မယ်။”

ချန်လွေ့ “......”

All Chapters