← Chapters

ဖက်ဒါအခြေအနေ၏ လျို့ဝှက်ဆန်းကြယ်မှု

Vol. 33 Ch. 485

ဖက်ဒါအခြေအနေ၏ လျို့ဝှက်ဆန်းကြယ်မှု

Vol. 33 Ch. 485

ထိုနေရာ၌ ရှိနေသူအားလုံးက အမြင်စူးရှကြသည်။ သို့သော် အိုလီဖီးရက်စ် ကိုယ်တိုင်အပြင် ဇိုလာနှင့် အခြားသူများပင် ချန်လွေ့က အိုလီဖီးရက်စ်၏ [ နဂါးနက်အမြောက် ] ကို ထူးဆန်းသော နည်းလမ်းတစ်ခုဖြင့် ဝါးမျိုကာ မယုံကြည်နိုင်စရာကောင်းလောက်အောင် ပြန်ပစ်လိုက်သည်ကို နားမလည်နိုင်ကြပေ။

လူတိုင်းက အနီရင့်ရောင်ချပ်ကာကို ဝတ်ဆင်ထားပြီး ကြောက်မက်ဖွယ်ရာ အမှောင် အငွေ့အသက်တစ်ခု ထုတ်လွှတ်နေသော ချန်လွေ့ကို ကြည့်လိုက်ကြသည်။ ဇိုလာသည် အစိုးရိမ်ဆုံး ဖြစ်နေ၏။ သူက ချန်လွေ့အရှေ့၌ လျှပ်တပြက်‌ ပေါ်ထွက်လာရာ ထူးဆန်းသော အငွေ့အသက်တစ်ခု ထုတ်လွှတ်နေသော အနီရောင်မျက်လုံးတစ်စုံ၏ ပစ်မှတ်ထားခြင်းကို ချက်ချင်း ခံလိုက်ရသည်။

“ချန်လွေ့”

ဇိုလာ၏အသံကို ကြားသောအခါ ချန်လွေ့ တုန်လှုပ်သွားပြီး မျက်လုံးထဲမှ သွေးနီရောင်များ တဖြည်းဖြည်း ကွယ်ပျောက်သွားကာ ယခင်အတိုင်း ပြန်ဖြစ်သွား၏။ အနီရင့်ရောင်ချပ်ကာလည်း ပုံစံများ ပြောင်းလဲနေရင်း တောက်ပသော အလင်းရောင် တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

“ဇိုလာ။” ချန်လွေ့က မျက်ကာကိုဖွင့်ပြီး ပြုံးရုံသာ ပြုံးပြနိုင်ခဲ့သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်က ရှေ့သို့ ပစ်လဲကျသွားရာ ဇိုလာက အလျင်အမြန် ပွေ့ဖက်လိုက်သည်။

“သူ...သူ...သူ... မသေပါဘူးနော်။” မစ်-နဂါးနက်က မြေပေါ်သို့ ဆင်းသက်လာပြီး ဇိုလာ၏လက်ထဲ၌ အသက်ဓာတ် နည်းပါးလာသော ချန်လွေ့ကို ကြည့်ကာ သိမ့်သိမ့်တုန်သွားခဲ့သည်။ သူက နောင်တရလျက် ရင်ဘတ်ကို ထုလိုက်သည်။ “သွားပြီ။ ငါ့ကို စားစရာ၊ သောက်စရာ အလကားပေးတဲ့ ဒီအလုပ်ရှင်ကို ငါ ခက်ခက်ခဲခဲနဲ့ ရှာထားရတာ။”

“အလုပ်ရှင် ဟုတ်လား။” ယခုတွင် ခရိုဘဲလက်စ်နှင့်င ဒေလီယာတို့ သေသေချာချာ ကြားခဲ့ရသည်။

ချန်လွေ့တွင် ရှင်းပြရန် အားမရှိတော့ပေ။ သူ၏ခန္ဓာကိုယ်ပေါ်မှ ချပ်ကာလည်း တဖြည်းဖြည်း ပျောက်ကွယ်လာသည်။ သူက သာမန်အခြေအနေမှ [ တော်ဝင်ကြယ် အသွင်ပြောင်းခြင်း ] ထက်ပို၍ပင် ခွန်အားနှင့် စိတ်စွမ်းအား ကြီးကြီးမားမား ဆုံးရှုံးခဲ့ရသလို ခံစားခဲ့ရသည်။ ခုနက ပြောင်းလဲမှုမှာ အသူရာနှင့် သေချာပေါက် သက်ဆိုင်ပေသည်။ [နဂါးနက်အမြောက်] မှာ “မက်လုံး”တစ်ခုသာ ဖြစ်သည်။

ခဏအကြာ၌ ချန်လွေ့သည် အသူရာ၏ စွမ်းအားမှာ “အရေးကြီးသောအခြေအနေ” တစ်ခုအထိ ကြီးကြီးမားမား တိုးတက်သွားကြောင်း ခံစားလိုက်မိသည်။ ဧကန္တ.....

အိုလီဖီးရက်စ်၏ အထင်လွဲခြင်းကို အခြေခံအားဖြင့် ဖြေရှင်းပြီးပြီ ဖြစ်သည်။ မဖြေရှင်းသည့်တိုင် ဇိုလာ ဂရုစိုက်တော့မည် မဟုတ်ပေ။ သူက ချန်လွေ့အား အခန်းထဲ၌ နားနေရန် ကူညီပေးခဲ့သည်။

“တောင်းပန်ပါတယ်။ ဇိုလာ။”

“တောင်းပန်ရမှာက ငါပါ။” မစ်-နတ်မိမယ်နဂါး ခေါင်းခါလိုက်သည်။ “ငါနင့်ကို သံသယ မဝင်သင့်ဘူး။”

ချန်လွေ့က နားကြားမှားလေသလားဟု ထင်လိုက်မိသည်။ ပုံမှန်အားဖြင့် မစ်-နတ်မိမယ်နဂါးက အမှားလုပ်မိသည့်တိုင် ရူးချင်ယောင်ဆောင်ပြီး ဟန်ဆောင်ငေးငိုင် နေမည် ဖြစ်သည်။ ဒီနေ့ သူက တကယ်ပဲ တောင်းပန်နေပါလား။

“ဒါက...ငါနင့်ကို ပေးဖို့အတွက် ကိုယ်တိုင်လုပ်ထားတဲ့ လက်ဆောင်။” ဇိုလာက လည်ဆွဲတစ်ခုထုတ်ယူလိုက်သည်။ ၎င်းမှာ အနည်းငယ် တစ်မျိုးကြီး ဖြစ်နေသော ဆွဲသီးအသေးလေး တစ်ခု ဖြစ်သည်။

ချန်လွေ့က ၎င်းကိုယူပြီး ချီးမွမ်းလိုက်သည်။ “ဒီလင်းယုန်က သိပ်လှတာပဲ။”

၎င်းကို လင်းယုန်ဟု ပြောရသည်မှာ အမှန်ကတယ်၌ အနည်းငယ် မှားယွင်း၏ အတိအကျပြောရလျှင် ၎င်းသည် ကြက်ဆင်နှင့် ပိုတူနေသည်။ သို့သော်လည်း မည်သို့ပင် ဆိုစေကာမူ ချန်လွေ့၏ နှလုံးသားထဲ၌ နွေးထွေးသွားခဲ့သည်။

ဇိုလာ၏မျက်နှာ ရုတ်တရက် နီမြန်းသွားခဲ့သည်။ “ဒါ...က နဂါးပါ။”

အမှန်တကယ်၌ ဇိုလာသည် လက်မှုပညာ၌ အတော်လေး အားနည်းလှသည်။ ထို့ကြောင့် သူက ခရိုဘဲလက်စ်ထံမှ အကူညီအညီတောင်းခံပြီး အပြန်အလှန်အနေဖြင့် မှော်ပညာသင်ပေးခဲ့ခြင်း ဖြစ်သည်။ ကံဆိုးစွာပင် မစ်-မြနဂါးသည်လည်း ကျွမ်းကျင်အဆင့် အောက်တွင်သာ ရှိသည်။ နောက်ဆုံး၌ ဇိုလာက နဂါးကို ကြက်ဆင်ဖြစ်အောင် ပြုလုပ်လိုက်တော့သည်။

ချန်လွေ့ အံ့အားသင့်ပြီးနောက် ပြုံးလိုက်သည်။ “ကိုယ် အမြင်မှားသွားတာ။ ကိုယ် ဒါကို တော်တော်လေး သဘောကျပါတယ်။ ဇိုလာ။ ကိုယ် သိပ်ကို သဘောကျတယ်။”

ဇိုလာ၏ ခရမ်းရောင်မျက်လုံးများ တောက်ပသွား၏။ “ဒီလည်ဆွဲက နင် အန္တရာယ် ကျရောက်နေတဲ့အခါ အကာအကွယ်ကို အသက်သွင်းပေးနိုင်တယ်။ ဒါက နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းရဲ့ တိုက်ခိုက်မှု ၂ခုကို ခံနိုင်တယ်။ ဒါပေမဲ့ ကုန်ကြမ်းတွေ ရှားပါးတဲ့အတွက် နှစ်ခါသုံးပြီးရင် သုံးလို့မရတော့ဘူး။”

ထိုလည်ဆွဲ၌ ထိုကဲ့သို့စွမ်းရည် ရှိနေလိမ့်မည်ဟု ချန်လွေ့ မထင်မှတ်ထားခဲ့ပေ။ သူက အမြန်မေးလိုက်သည်။ “ဘာကုန်ကြမ်းလဲ။”

“ဒါက အန္တရာယ်အခြေအနေမှာ ခုခံမှုပါရမီကို အသက်သွင်းပေးနိုင်တဲ့ ငါ့ရဲ့ ခုနစ်ရောင် ကြေးခွံပဲ။ ဒါပေမဲ့ ကံဆိုးချင်တော့ ငါ့မှာ တစ်ခုပဲ ရှိတယ်။”

“ဒါက နတ်မိမယ်နဂါးရဲ့ တစ်ခုတည်းသော အကာအကွယ် ကြေခွံလား။” ချန်လွေ့ ထိတ်လန့်သွား၏။ “မဟုတ်တာပဲ။ တကယ်လို့ မင်း အန္တရာယ်ဖြစ်လာရင်ကော”

“ငါ့မှာ နင်ပေးထားတဲ့ အဆောင်ပစ္စည်း မျက်နှာလွှားဇာ နဲ့ လျို့ဝှက်အရိပ် ရှိနေပြီ. ငါ အဆင်ပြေမှာပါ။” ဇိုလာ ခေါင်းခါသည်။ “ပြီးတော့လည်း ကြေးခွံတွေက နှစ်၁၀၀ အတွင်းမှာ တဖြည်းဖြည်း အသစ်ပြန်ဖြစ်လာမှာပဲလေ။”

“ဒါက တကယ့်ကို တော်တော်လေး အဖိုးတန်တဲ့ လက်ဆောင်ပဲ။” ချန်လွေ့ ရင်ထဲထိသွားခဲ့ပြီး ဇိုလာ၏လက်ကို ကိုင်လိုက်သည်။ “မဟုတ်ဘူး။ ကိုယ့်ဘေးနားမှာ မင်းရှိနေတာက အဖိုးအတန်ဆုံး လက်ဆောင် ဖြစ်နေပြီ။”

“အိုး။” ဇိုလာက ငေးငိုင်လျက် ပြန်ဖြေသည်။ သူ၏မျက်နှာ နီမြန်းနေပြီး သူ၏မျက်လုံးထောင့်နားမှ စီးဆင်းလာသော ပျော်ရွှင်မှုများကို ထိန်းချုပ်၍ မရနိုင်ခဲ့ပေ။

ချန်လွေ့ စကားပြောရန်ပြင်လိုက်စဉ် ရုတ်တရက် ခေါင်းမူးလာသည်။ ၎င်းမှာ စိတ်ဝိညာဉ်စွမ်းအားကို အလွန်အကျွံသုံးမိသွားခြင်းကြောင့် ဖြစ်နိုင်ပေသည်။ ဇိုလာက ၎င်းကို သတိထားမိသွားပြီး အလျင်အမြန်ပင် ချန်လွေ့အား ကုတင်ပေါ်၌ လှဲလျောင်းစေလိုက်သည်။

“ကိုယ်အဆင်ပြေပါတယ်။ နည်းနည်းလေး နားဖို့ပဲ လိုတာပါ။”

ဇိုလာ ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် ခါးကိုင်းကာ ချန်လွေ့၏ မျက်နှာကို နမ်းရှိုက်လိုက်သည်။ ထို့နောက် လှည့်ထွက်ပြီး အခန်းထဲမှ ထွက်သွားသည်။ ချန်လွေ့က နွေးထွေးမှုကို ခံစားရင်း တဖြည်းဖြည်း မျက်လုံးမှိတ်လိုက်၏။

[ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] ပြီးနောက် ချန်လွေ့က ပုံမှန်အတိုင်း အိပ်မသွားခဲ့ဘဲ စူပါစနစ်ထဲ ဝင်လိုက်သည်။ အကယ်၍ သူသာ [ တော်ဝင်ကြယ် အသွင်ပြောင်းခြင်း ] ကို ပုံမှန်အတိုင်း အသုံးပြုခဲ့လျှင် ခုနကကဲ့သို့ ထူးဆန်းသော ပြောင်းလဲမှုများ ရှိလာမည် မဟုတ်သလို စိတ်စွမ်းအားနှင့် ခွန်အား အလျင်အမြန် ကုန်ဆုံးသည့် လက္ခဏာများလည်း ရှိလာမည် မဟုတ်ပေ။

ဘယ်လို မူမမှန်မှုတွေ ဖြစ်ခဲ့တာလဲ။

ချန်လွေ့က ကြယ်စင်စုနတ်ဘုရား‌ကျောင်းထဲသို့ ဝင်သွားလိုက်သည်။ သူက ပလ္လင်ပေါ်တွင်ထိုင်ရင်း အလင်းမျက်နှာပြင်တစ်ခုစီကို သေသေချာချာ ကြည့်နေသည်။ နောက်ဆုံး၌ သူ၏အကြည့်က အချက်အလက် ဇယားတွင် ရပ်တန့်သွား၏။

ဂုဏ်ပုဒ် - ကြယ်တာရာအုပ်စိုးသူ

ဆင့်ကဲပြောင်းလဲခြင်းအဆင့် - ကြယ်၅ပွင့်

အတွေ့အကြုံတန်ဖိုး - ၁ %

အရှိန်အဝါတန်ဖိုး - ၄၅၄.၈ သန်း

စွမ်းအားအကဲဖြတ်မှု - [ A- ]

ထိုရှာဖွေတွေ့ရှိမှုက ချန်လွေ့ကို အံ့အားသင့်ပြီး ပျော်ရွှင်သွားစေသည်။ သူက ကြယ်တာရာအရှင်သခင်သို့ အောင်အောင်မြင်မြင် ရောက်ရှိပြီးနောက် သူ၏စွမ်းအားမှာ တည်တည်ငြိမ်ငြိမ်နှင့် တိုးတက်နေခဲ့သည်။ သူက နတ်ဆိုးဧကရာဇ်အဆင့် အလတ်ပိုင်းသို့ နီးကပ်လာပြီ ဖြစ်သည်။ ထို့ပြင် သူက [ နွေပိုင်နက် ] ကို နားလည်သဘောပေါက်ခဲ့သည်။ ထို့ပြင် သူ့တွင် နတ်ဆိုးအရှင်သခင်အဆင့် ကနဦးပိုင်းကို ထူးခြားသော စွမ်းရည်ဖြစ်သည့် [တော်ဝင်ကြယ်အသွင်ပြောင်းခြင်း] နှင့် ယှဉ်ပြိုင်နိုင်သည်။ သို့ရာတွင် သူ၏ အတွေ့အကြုံတန်ဖိုး မပြောင်းလဲသွားခဲ့ပေ။ စူပါစနစ်သည် ထိုလောကမှ လေ့ကျင့်ရေးနှင့် အနည်းငယ် မတူပေ။ ချန်လွေ့က တိုက်ခိုက်ရေးစွမ်းအားကို ဆက်လက်တိုးမြှင့်ပြီး ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးများကို A+ အထိ တိုးမြှင့်လိုက်သည့်တိုင် အတွေ့အကြုံတန်ဖိုး မပြောင်းလဲသွားဘဲ ဖက်ဒါအခြေအနေကို ‌ကျော်ဖြတ်ကာ နောက်ထပ် ကြယ်၆ပွင့် ဆင့်ကဲပြောင်းလဲခြင်းသို့ မရောက်နိုင်ပေ။

ဒီနေ့ ထူးဆန်းတဲ့ပြောင်းလဲမှုက ငါ့ရဲ့ အတွေ့အကြုံတန်ဖိုးကို ပြောင်းလဲသွား စေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။

ဒါက ဖက်ဒါအခြေအနေရဲ့ လျို့ဝှက်ဆန်းကြယ်မှုလား။

“မင်း တစ်ခုခု မပြောချင်ဘူးလား။” ချန်လွေ့က အသာလေး မေးလိုက်သည်။

ကြယ်စင်စုနတ်ဘုရားကျောင်းထဲ၌ အနက်ရောင်အငွေ့တစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။ ၎င်းက တဖြည်းဖြည်းနှင့် နောက်ထပ် “ချန်လွေ့” အဖြစ် စုစည်းသွားသည်။ သို့သော်လည်း မျက်လုံးများမှာ အနီရောင်ဖြစ်နေ၏။

အသူရာ...

“ငါ့ရဲ့ပြောင်းလဲမှုတွေကို မင်းသတိထားမိတာ ကြာလောက်ပြီ။” အသူရာက ယုံကြည်ချက်ရှိသောမျက်နှာဖြင့် ပြောလိုက်သည်။ “ခုနက အိုလီဖီးရက်စ်ရဲ့ [ နဂါးနက် အမြောက် ] က မက်လုံးတစ်ခုပဲ။ အခုလက်ရှိ ငါက မင်းမှာမရှိသေးတဲ့ စွမ်းအားကို ဆုပ်ကိုင်နိုင်သွားပြီ။”

“အဲဒီတော့ ဘာဖြစ်လဲ။” ချန်လွေ့က စိတ်မလှုပ်ရှားပေ။ “မင်းက တကယ်လို့ ငါ့ရဲ့ အသိစိတ်ကို ဝါးမျိုနိုင်ပြီးတော့ ငါ့ခန္ဓာကိုယ်ကို လုံးဝချုပ်ထိန်းနိုင်ရင် ဒီနေရာမှာ စကား ပြောနေဦးမှာလား။”

“မင်းရဲ့စိတ်ခွန်အားက ခိုင်မာပြီးတော့ မင်းမှာ ခွန်အားနောက်လိုက်ဖို့ တော်တော်လေး ဇွဲကောင်းတဲ့ နှလုံးသားရှိတယ်ဆိုတာ ငါသိတယ်။ ငါဒါကို အဲဒီသောက် မယ်ဂရီဇ်အခြေအနေရဲ့ [ စိတ်သန့်စင်ခြင်း ] မှာ ကြုံတွေ့ခဲ့ရပြီးပြီ။ လောကကူးပြောင်းတဲ့ အတိတ်အပါအဝင် မင်းအကြောင်းကို ငါအကုန်သိတယ်။ ဘာလို့လဲဆိုတော့ ငါက မင်းနောက်တစ်ယောက်နဲ့ အတူတူ ဖြစ်နေလို့ပဲ။” အသူရာက အလေးအနက် ဖြစ်သွားပုံ ရသည်။ “ဒီတော့ မင်းငါ့ကို အလွန်ဆုံး အနိုင်ယူနိုင်ရုံပဲရှိမှာကို သိမှာပေါ့။ မင်းငါ့ကို ဘယ်တော့မှ ဖျက်ဆီးပစ်နိုင်မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ငါကိုယ်တိုင်က ဖျက်ဆီးခြင်းကို ကိုယ်စားပြုလို့ပဲ။ ဖန်တီးခြင်းနဲ့ ဖျက်ဆီးခြင်းက စကြဝဠာရဲ့ ထာဝရ အမှန်တရားတွေပဲ။ သူတို့က ဆန့်ကျင်ဘက်ဖြစ်ပေမဲ့ အချင်းချင်း မှီခိုနေကြတယ်။ ငါတို့နှစ်ယောက်လိုပေါ့။”

“မင်းက အမွှာကံကြမ္မာလိုမျိုး ဖန်တရာတေနေတဲ့ ဇာတ်လမ်းတစ်ခုကို ပြောမလို့လား။” ချန်လွေ့ ခေါင်းခါလိုက်သည်။ “မင်းက ကံကြမ္မာရဲ့ တရားမဝင်သားလိုပဲ ပြောရင်ပြောလိုက်။ ဒါဆိုရင်တောင် ငါ နည်းနည်း စိတ်ဝင်စားဦးမယ်။ မင်း ဒီလိုမျိုး ရှည်ရှည်ဝေးဝေး ပြောနေဦးမယ်ဆိုရင်တော့ မအိပ်ခင်အထိ မင်းနဲ့ စကားပြောပေးလို့ ရတယ်။ ဒါနဲ့ မင်းရဲ့အသိစိတ်ကို လက်ခံရင် ငါက နတ်ဆိုးအရှင်သခင်အဆင့်နဲ့ နတ်ဘုရား-တစ်ပိုင်းအဆင့်တွေကို သတ်နိုင်တယ်လို့ လိမ်စရာ မလိုပါဘူး။ ဒီလိုတွေ ကြားရတာ ပိုအိပ်ချင်တယ်။”

“အဲဒါက အလိမ်အညာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းက အဲဒီလမ်းကြောင်းကို ရွေးခဲ့တာ ဆိုတော့ ငါမင်းကို ဖိအားပေးမှာ မဟုတ်ဘူး။ ငါပြောချင်တာက မင်းတကယ်တမ်း ဘာကို ဂရုစိုက်တာလဲ ဆိုတာပဲ။” အသူရာက ချန်လွေ့၏မျက်လုံးကို စိုက်ကြည့်ပြီး ရုတ်တရက် ထူးထူးဆန်းဆန်း ပြုံးသည်။ “မင်းရဲ့ အတွေ့အကြုံတန်ဖိုး ဘာလို့ပြောင်းလဲသွားတယ် ဆိုတာ မင်း မသိချင်ဘူးလား။ ဖက်ဒါအခြေအနေရဲ့ တကယ့်လျို့ဝှက်ဆန်းကြယ်မှုကို မင်း မသိချင်ဘူးလား။”

ချန်လွေ့ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ “အိုး။ မင်းသိတာလား။”

“ဖက်ဒါအခြေအနေ ဆိုတာက စိတ်အခြေအနေတစ်ခုကို အကောင်အထည် ဖော်တာပဲ။ [ ‌တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] က တိုက်ခိုက်ရေးစွမ်းရည်လည်း ဟုတ်သလို နားလည်သဘောပေါက်မှုအတွက် ကြားခံနယ်တစ်ခုလည်း ဟုတ်တယ်။” အသူရာက လက်ညှိုး ထောင်လိုက်သည်။ “[နဂါးနက်အမြောက်]ကို ရင်ဆိုင်ရတုန်းက ခံစားချက်ကို မင်းမှတ်မိလား။ အဲဒီအချိန်တုန်းက ငါက ငါ့အစွမ်းကို အသက်သွင်းပြီးတော့ ဖက်ဒါအခြေအနေရဲ့ခံစားချက်ကို မင်းကို ခံစားခွင့်ပေးလိုက်တာ။ တကယ်လို့ မင်းက ငါ့ကို မင်းရဲ့စိတ်စွမ်းအားနဲ့ တိုက်ခိုက်ဖို့ မကြိုးစားရင် ဘယ်လိုလုပ် မင်းရဲ့ ခွန်အားနဲ့ စိတ်စွမ်းအား ကုန်ခမ်းမှာလဲ။ ရန်သူကို တိုက်ခိုက်နေရင်း ကိုယ့်လူတွေနဲ့အတူ တိုက်ခိုက်ရတာကို စိတ်ရှုပ်တဲ့သူ မြင်ဖူးလား။”

“မင်းက ငါ့လူမဟုတ်ဘူး။” ချန်လွေ့ ပုခုံးတွန့်လိုက်သည်။ “ဒါပေမဲ့... ဆက်ပြောပါ။”

“အစကတည်း စူပါစနစ် သတ်မှတ်ထားတဲ့ ဖက်ဒါအခြေအနေကို ငါ မသိဘူး။ ဒါပေမဲ့ ငါမင်းကို သေချာပေါက် ပြောနိုင်တာက အရင်က မင်းကြုံတွေ့ခဲ့တဲ့ မယ်ဂရီဇ် အခြေအနေနဲ့ အခုက ကြုံတွေ့နေရတဲ့ ဖက်ဒါအခြေအနေက စနစ် ခန့်မှန်ထားတာထက် အချိန်တိုတောင်းနေတယ်။ လေ့ကျင့်ရေးကွင်းလိုမျိုး အထူးအချိန်ဥပဒေသ နေရာတစ်ခု ရှိနေတာတောင်ပေါ့။” အသူရာ၏ ထောင်ထားသော လက်ညှိုက လက်မအဖြစ် ပြောင်းသွားပြီး ကိုယ့်ကိုယ်ကိုယ် ညွှန်ပြလိုက်သည်။ “ဒါတွေအားလုံးက ငါ့ကြောင့်ပဲ။ ငါ့ရဲ့ တည်ရှိမှုက မင်းရဲ့ တိုးတက်နှုန်းကို ပိုမြန်စေပြီးတော့ ပိုလွယ်ကူစေခဲ့တယ်။”

“ဖက်ဒါအခြေအနေ အတွက်လည်း အတူတူပဲ။ ငါ့မှာရှိတဲ့အစွမ်းကို ဖျက်ဆီးခြင်း ဇစ်မြစ်ဖြစ်တဲ့ ဖျက်ဆီးခြင်းလို့ ခေါ်လို့ရတယ်။ တကယ်လို့ မင်းက ဖျက်ဆီးခြင်းကို အကောင်အထည်ဖော်ပြီးတော့ ငါ့ရဲ့ ဇစ်မြစ်စွမ်းအားကို နားလည်နိုင်မယ်ဆိုရင် ဖက်ဒါအခြေအနေကို သဘောပေါက်ပြီးတော့ လက်ရှိအဆင့်ကနေ တက်လှမ်းနိုင်မယ်။”

“[ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] က တိုက်ခိုက်ရးစွမ်းရည်ပဲ မဟုတ်ဘူး။ ဖက်ဒါအခြေအနေကို နားလည်ဖို့အတွက် ကြားခံနယ်တစ်ခုလည်း ဟုတ်နေတာလား။” ချန်လွေ့က တစ်စုံတစ်ခုကို သဘောပေါက်သွားဟန်တူသည်။

အသူရာ ခေါင်းညိတ်သည်။ “ဟုတ်တယ်။ ဝိညာဉ်ရဲ့ ထိန်းချုပ်မှုနဲ့ ခုခံမှုတွေကို ဖယ်ရှားပြီးတော့ ငါ့စွမ်းအားကို ခံစားကြည့်။ အရင် “ကိုယ့်အစွမ်းနဲ့ကိုယ်ပြန်ထိတာ”လိုမျိုး ငါ့ရဲ့စွမ်းအားကို မင်းရနိုင်တယ်။ ပြီးတော့လည်း နားလည်သဘောပေါက်မှု ပိုမြင့်လေလေ၊ [ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] စွမ်းအား ပိုမြင့်လေလေ ဖြစ်ပြီးတော့ အချိန် အကန့်အသတ်လည် ပိုကြာလာမယ်။ ပြီးတော့ နောက်ပြီး အားအင်ကုန်ခမ်းမယ့် ကြာချိန်လည်း တိုတောင်းလာမယ်။ မင်းက နတ်ဆိုးအရှင်သခင်အဆင့် အလတ်ပိုင်း ပြိုင်ဘက်ကိုတောင် တိုက်ခိုက်နိုင်လိမ့်မယ်။”

ချန်လွေ့ ပြုံးနေသည်ကိုမြင်ပြီး အသူရာ မျက်မှောင်ကြုတ်လိုက်သည်။ “ဘာလို့။ မင်း မယုံဘူးလား။ မင်းရဲ့ အတွေ့အကြုံတန်ဖိုး ပြောင်းလဲသွားတာက အကောင်းဆုံး သက်သေပဲလေ။”

“တခြားသူတွေ ယုံမယုံတော့ မသိဘူး။ ငါတော့ ယုံတယ်။” ချန်လွေ့ လက်ဖြန့်လိုက်သည်။ ထိုအပြုအမူကြောင့် အသူရာက လေကို လက်သီးနှင့် ထိုးနေသကဲ့သို့ ဖြစ်သွားပြီး ဖြားယောင်းသော စကားများကို မပြောနိုင်တော့ပေ။

“ဟမ့်။ ယုံမယုံက မင်းအပေါ်မှာပဲ မူတည်တယ်။ ဒီအတိုင်းနေမလား၊ ပိုပြီးအစွမ်းထက်ဖို့ ရှေ့ဆက်မလားဆိုတာက မင်းရဲ့ရွေးချယ်မှုအတိုင်းပဲ။” အသူရာက ယုံကြည်ချက်ရှိရှိနှင့် ရယ်လိုက်ပြီး အငွေ့အဖြစ် ပြောင်းလဲသွားကာ မျက်စိ တစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားခဲ့သည်။

ချန်လွေ့ အမှန်တကယ်ပင် စဉ်းစားခန်းဝင်နေခဲ့သည်။ အသူရာရဲ့ စကားလုံးတွေက တကယ့်ကို ဆွဲဆောင်မှု ရှိတယ်။ ဒါပေမဲ့ အကုန်လုံး ငါ မယုံဘူး။ စူပါစနစ်က အသုံးပြုသူတွေကို အဆက်မပြတ် ဆင့်ကဲပြောင်းလဲနိုင်ခွင့်ပြုတဲ့ စနစ်တစ်ခု ဖြစ်လောက်တယ်။ အရင် မယ်ဂရီဇ်အခြေအနေ လေ့ကျင့်ရေးက အသူရာလိုမျိုး မတော်တဆအရာ ပေါ်ထွက်လာတဲ့အတွက်ကြောင့် ပိုမြန်ပြီး ပိုအစွမ်းထက်သွားတယ်။ ဒါပေမဲ့ အသူရာက ပိုအန္တရာယ်များတဲ့ အဓိကသော့ချက် အရာတစ်ခုကို တမင်တကာ ရှောင်ရှားခဲ့တယ်။ အခု ဖက်ဒါအခြေအနေလည်း ဒီလိုမျိုးပဲ။ တကယ်လို့ ငါက အသူရာရဲ့ နည်းလမ်းအတိုင်း ဆက်လေ့ကျင့်မယ်ဆိုရင် ခန့်မှန်းလို့မရတဲ့ ရလာဒ်တွေ ရလာမှာ စိုးရတယ်။

ဒါပေမဲ့ အချက်အလက်ပြဇယားက အတွေ့အကြုံတန်ဖိုး ပြောင်းလဲသွားတဲ့အတွက် အသူရာပြောနေတဲ့ စကားတွေမှာ အနည်းဆုံးတော့ အမှန်တရားနည်းနည်း ပါနေတယ်။ ငါ ဒီအခွင့်အရေးကို ဆုပ်ကိုင်ပြီးတော့ ဖက်ဒါအခြေအနေကို နားလည်သ‌ဘောပေါက်အောင် လုပ်ရမယ်။ ဘယ်လိုအန္တရာယ်ပဲရှိရှိ ငါတန်ဖိုးထားရတဲ့ သူတွေကို ကာကွယ်ဖို့၊ ငါ့ရဲ့ ဆုတောင်းတွေကို ဖြည့်ဆည်းနိုင်ဖို့၊ ပိုအစွမ်းထွက်‌ဖို့အတွက်ပေါ့။

ဖျက်ဆီးခြင်းကို အကောင်အထည်ဖော်ရမှာလား။

ချန်လွေ့၏အကြည့် ပိုမိုလေးနက်သွား၏။

All Chapters