နီရို
Vol. 33 Ch. 488
ချန်လွေ့သည် အမှောင်နတ်ဆိုး ဌာနချုပ်သို့ အမြန်ဆုံး ရောက်လာခဲ့ပြီး အနီးအနားမှ အပျက်အစီးများကို မြင်လိုက်ရသည်။ မူလမှော်စက်ဝိုင်းများမှာ အချို့ ရပ်တန့်ခံလိုက်ရပြီး အချို့က ပျက်စီးနေသည်။ ၎င်းတို့ကို အတွင်းထဲမှ ဖျက်ဆီးထားခြင်း ဖြစ်သည်။ ထိုသူလျှိုမှာ မှော်စက်ဝိုင်းများနှင့် အတော်လေး ရင်းနှီးပုံရသည်။ ထိုသူမှာ မှော်စက်ဝိုင်းများကို ထိန်းချုပ်ရန် တာဝန်ယူထားရသူ ဖြစ်နိုင်ပေသည်။
မြေအောက်အခြေစိုက်စခန်း ဝင်ပေါက်၌ အပေါက်ကြီးတစ်ပေါက် ဖြစ်နေ၏။ ချန်လွေ့က ခန်းမထဲသို့ တစ်ခါတည်း ပြေးဝင်သွားလိုက်သည်။
ခန်းမတစ်ခုလုံး ကမောက်ကမ ဖြစ်နေ၏။ လူအနည်းငယ်က ကြမ်းပြင်ပေါ်၌ လဲကျနေကြသည်။ သူတို့အထဲ၌ ဒေလီယာကလည်း မျက်လုံးမှိတ်လျက် ရှိနေသည်။ ချန်လွေ့၏ နှလုံးသား ရုတ်တရက် တင်းမာသွား၏။ ချန်လွေ့ အလျင်အမြန် ရှေ့ဆက်သွားရာ ဒေလီယာ၏မျက်နှာ စိမ်းနေသည်ကို တွေ့လိုက်ရသည်။ သူသည် အဆိပ်မိပြီး သတိလစ်သွားဟန်တူသည်။ အနီးအနားမှ အမှောင်နတ်ဆိုး အဖွဲ့ဝင်များလည်း ထိုကဲ့သို့ပင် ဖြစ်နေကြသည်။
ချန်လွေ့က ဆေးပညာ၌ ဗဟုသုတ၌ အတော်လေး ကျွမ်းကျင်နေပြီ ဖြစ်သည်။ ထိုသူများက အလွန်အစွမ်းထက်သော ဝိညာဉ်ကွဲလွင့်အဆိပ်ဖြင့် အဆိပ်ခတ်ခံထား ရသည်ကို သူ မြင်နိုင်သည်။ ကံကောင်းစွာပင် အဆိပ်သိပ်ပြီး မပျံ့နှံ့သေးပေ။ ထို့ပြင် သိုလှောင်ဂိုဒေါင်ထဲ၌လည်း လေ့လာရန် ရည်ရွယ်ချက်ဖြင့် ဆေးရွက်အများအပြား ရှိနေသည်။ သူက ချက်ချင်းပင် စိတ်ဝိညာဉ်သန့်စင်ရွက်တစ်ရွက်ထုတ်ပြီး ဒေလီယာ၏ နှာခေါင်းဝတွင် ထားလိုက်သည်။ တစ်ချိန်တည်းမှာပင် ချန်လွေ့က စွမ်းအားကို အသက်သွင်းပြီး အဆိပ်ကို ဖိနှိပ်လိုက်သည်။ ထို့နောက် ဒေလီယာ၏ လက်ချောင်းကို အနည်းငယ် ဖြတ်လိုက်ရာ စိမ်းပြာရောင် အဆိပ်သွေးများ ချက်ချင်းထွက်လာခဲ့လေသည်။
ထိုအဆိပ်ဖြေ နည်းလမ်းမှာ အတော်လေး အကျိုးရှိလှသည်။ ဒေလီယာတွင် မဟာနတ်ဆိုးဘုရင်အဆင့်စွမ်းအား ရှိသည်။ သူက တဖြည်းဖြည်းနှင့် မျက်လုံးဖွင့် လိုက်သည်။ ချန်လွေ့က ချက်ချင်းပင် ဒေလီယာအား အဆိပ်ဖြေဆေးရည် တစ်ပုလင်း တိုက်သည်။ နောက်ဆုံး၌ ဒေလီယာ၏မျက်နှာပေါ်ရှိ အစိမ်းရောင် ပျောက်ကွယ်သွား၏။ သို့သော်လည်း သူ၏ခန္ဓာကိုယ်မှာ အလွန်အားနည်းနေဆဲ ဖြစ်သည်။
“မြန်မြန်လုပ်။ အစ်ဇဘယ်လာကို သွားကယ်....”
အဆိပ်ခတ်ခြင်းကို ဒေလီယာ၏ ယုံကြည်ရသော လက်ထောက် အမှောင်နတ်သူငယ်မ တာရာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ယခင်တစ်ခေါက်က သူသည် ချန်လွေ့အား ဆက်သွယ်ရေး မှော်စက်ဝိုင်းသို့ ခေါ်သွားခဲ့သည်။ တာရာက အမှောင်သူငယ် လက်ရွေးစင်တစ်ယောက်ဖြစ်ပြီး အဆိပ်သုံးရာ၌ ကျွမ်းကျင်သည်။ ယခုတစ်ခေါက်၌ သူက သောက်ရေကို အဓိက အဆိပ်ခတ်ခဲ့သည်။ ထိုအဆိပ်ကိုယ်တိုင်ကပင် အလွန်အမင်း ပြင်းထန်လှသည်။ ထို့အပြင် အဆိပ်ပိုပြင်းစေရန်အတွက် တာရာက မြေအောက် အခြေစိုက်စခန်းရှိ ညနက်လှိုင်းပန်းများကို တစ်ခုခု ပြုလုပ်ခဲ့လေသည်။
အစ်ဇဘယ်လာက အဆိပ်ပညာရှင်တစ်ယောက် ဖြစ်သည့်အတွက် ၎င်းကို သူတစ်ယောက်တည်းသာ သတိထားမိခဲ့သည်။ သို့သော်လည်း ရုတ်တရက် ဖြစ်သွားခြင်းကြောင်း တစ်ခုခုမှားနေကြောင်း သူသတိထားမိသွားသောအခါ ဒေလီယာနှင့် အခြားသူများ အဆိပ်မိနေကြောင်း သိလိုက်ရသည်။ ထိုအဆိပ်၌ အင်အားကြီးသော ရန်သူတစ်ယောက် ကျူးကျော်ဝင်ရောက်လာသည့် သတိပေးချက်တစ်ခု ပေါ်ထွက်လာသည်။ သူတို့က ဧည့်တွေ့ခန်းသို့ အေးအေးဆေးဆေး ရောက်လာကြသည်။ အစ်ဇဘယ်လာက လူတိုင်းကို ကယ်တင်ရန် အချိန်မရခဲ့ပေ။ သူက တာရာအား သတ်ပစ်ခဲ့ပြီးနောက် အစွမ်းထက်ရန်သူအား လမ်းကြောင်းပြောင်းလိုက်သည်။
ဒေလီယာ၏ ခပ်တိုတို ဇာတ်ကြောင်းပြန်သည်ကို နားထောင်ပြီးနောက် ချန်လွေ့၏ ပုံရိပ် ဖျပ်ခနဲ ပျောက်ကွယ်သွားခဲ့သည်။
အရှေ့ဘက်ဆင်ခြေဖုံးသို့ လျှပ်စီးအမြန်နှုန်းဖြင့် ရွေ့လျားနေသော ပုံရိပ်တစ်ခု ရုတ်တရက် ရပ်သွားသည်။ ၎င်းက ခြေလှမ်းအနည်းငယ် ယိုင်တိုင်တိုင်သွားနေရင်း ပြိုလဲလုမတတ် ဖြစ်နေသည်။ ထိုသူမှာ အပြာရောင် ဂါဝန်အရှည် ဝတ်ထားသော အမျိုးသမီးတစ်ယောက် ဖြစ်သည်။ သူ၏မျက်နှာပေါ်မှ အဖြူရောင် မျက်နှာလွှားလည်း သွေးများဖြင့် နီရဲနေ၏။ သူ အပြင်းအထန် ဒဏ်ရာရထားသည်မှာ သိသာလှပေသည်။
ရုတ်တရက် သူ၏နောက်၌ အလင်းရောင်တစ်ခုက တောက်ပလာသည်။ ထိုအလင်းရောင်က ယောက်ျားတစ်ယောက် ပုံရိပ်အဖြစ် ဖွဲ့စည်းသွားသည်။ ထိုသူက အရပ်မမြင့်ဘဲ ပုံမှန် မျက်နှာအသွင်အပြင်ရှိကာ အလွန်ထူးခြားသော ဆံပင်ငွေရောင် ရှိနေ၏။
“နောက်ဆုံးတော့ မင်း မပြေးနိုင်တော့ဘူး။” ထိုလူ၏ မျက်လုံးများက ကြွက်နှင့် ကစားနေသော ကြောင်တစ်ကောင်သဖွယ် ဖြစ်နေသည်။ “နတ်ဆိုးတွေရဲ့ တော်ဝင်မင်းသမီး ပါရမီက တကယ့်ကို မယုံကြည်နိုင်စရာပဲ။ နတ်ဆိုးဧကရာဇ်အဆင့်က တကယ်ကြီး ငါ့လက်ထဲမှာ အချိန်အကြာကြီး ကြံ့ကြံ့ခံနိုင်ခဲ့တယ်။ ဒါပေမဲ့ ကံဆိုးချင်တော့ မင်းရဲ့ ထွက်ပြေးမယ့်လမ်းကြောင်းကို ငါ တားထားလိုက်ပြီ။ မင်း မြို့တော် အပြင်ကိုပဲ ထွက်ပြေးနိုင်တော့မယ်။ အကူတွေက ဒီနေရာကို ရှာနိုင်ရင်တောင် အလောင်းကိုပဲ ရနိုင်မယ်။ ဟုတ်တယ်မလား။ အမှောင်လနယ်မြေရဲ့ အမှောင်နတ်ဆိုး ခေါင်းဆောင်။ ဒါမှမဟုတ် မင်းကို မစ်-အစ်ဇဘယ်လာလို့ပဲ ခေါ်ရမလား။ မင်းက မျက်နှာလွှား ဝတ်ထားပေမဲ့ မင်းကို သဘောကျနေတဲ့ ငါ့ဆီကနေ မပုန်းကွယ်နိုင်ဘူး။ ”
“နီရို။” အစ်ဇဘယ်လာ အံကြိတ်ပြီး ထိုသူ၏နာမည်ကို ရေရွတ်လိုက်သည်။
ထိုသူမှာ နတ်ဆိုးအရှင်သခင်အဆင့် ရောက်ရှိရန်အတွက် နတ်ဆိုးဘုံသို့ ရောက်လာခဲ့သော ကျက်သရေပြာအင်ပါယာ တော်ဝင်မိသားစုမှ နီရို ဖြစ်နေသည်။ အကြောင်းရင်းတချို့ကြောင့် သူက လူသားလောကသို့ မပြန်သွားခဲ့ဘဲ အမှောင်လသို့ အိုဆိုင်ဒန် စေလွှတ်ခဲ့သော လုပ်ကြံသူ ဖြစ်နေ၏။
အမှောင်နတ်ဆိုး ဌာနချုပ်များမှ ပြောင်းလဲမှုသည် ရုတ်တရက် ဖြစ်သည့်အတွက် အစ်ဇဘယ်လာ၌ ထပ်မံတုံ့ပြန်ရန် အချိန်မရခဲ့ပေ။ ခရိုဘဲလက်စ်က တံခါးပိတ် လေ့ကျင့်နေကြောင်း သူသိသည်။ ထို့ပြင် အရှေ့ဘက်မှ ချန်လွေ့အိမ်သို့ ထွက်ပြေးကာ ဇိုလာနှင့် ပါ့ဂ်လီအိုတို့မှ အကာအကွယ် ရယူရန် ကြိုးစားခဲ့မှုကိုလည်း တစ်ဖက်လူက မြင်သွားပြီး တားဆီးခံခဲ့ရသည်။ သူက မြို့ဂိတ်တံခါးမှ ထွက်ပြေးရန် တွန်းအားပေး ခံခဲ့ရသည်။ လမ်းတစ်လျှောက်၌ အန္တရာယ်များရှိနေပြီး သူ၏ဒဏ်ရာများမှာလည်း မသေးလှပေ။ ယခုတွင် သူသည် လမ်းဆုံးသို့ ရောက်လုနီးပါး ဖြစ်နေလေသည်။
“မစ်-အစ်ဇဘယ်လာ မှတ်မိတာကို ခံရတာက တကယ့်ကို ဂုဏ်ယူစရာပါပဲ။” နီရိုက ဟန်လုပ်လျက် ပြုံးသည်။ “လက်စသတ်တော့ မင်းက သေဟန်ဆောင်ပြီးတော့ မင်းသား အိုဆိုင်ဒန်ကို ဆန့်ကျင်ဖို့အတွက် ဒီလိုနေရာမျိုးမှာ ပုန်းနေခဲ့တာကိုး။ ငါမင်းကို အိုဆိုင်ဒန်ဆီ ခေါ်သွားရင် ပိုပြီးတော့ အကျိုးအမြတ်များတဲ့ ဆုလာဒ်တွေရမှာ သေချာတယ်။”
ထိုသို့ပြောနေရင်း နီရို၏မျက်လုံးထဲ၌ ရမ္မက်တစ်မျိုး ရုတ်တရက် ပေါ်ထွက်လာ၏။ “ငါမင်းကို အမြဲတမ်း လိုချင်နေခဲ့တာ။ ဒါပေမဲ့ ကံဆိုးချင်တော့ အရင် မျက်စိစပါးမွှေး စူးစရာ ခရိုဘဲလက်စ်က အမြဲတမ်း ရှိနေခဲ့တာ။ ငါ အခက်အခဲနည်းနည်း ကြုံခဲ့ရတယ်။ ပြီးတော့ မင်းကို မရနိုင်ခဲ့ဘူး။ မမျှော်လင့်ဘဲနှင့် နတ်ဆိုးဘုံကို ငါမထွက်သွားခင် အချိန်မှာပဲ ငါ့ရဲ့ဆန္ဒကို ငါသဘောပေါက်သွားခဲ့တယ်။ ဒါက တကယ့်ကို အလင်းနတ်ဘုရားရဲ့ ကောင်းချီးပဲ။ မင်းကို မင်းသား အိုဆိုင်ဒန်ဆီ မပေးခင် မင်းလိုမျိုး ကောက်ကျစ်တဲ့ နတ်ဆိုးမရဲ့ ခန္ဓာကိုယ်ကို တကယ့်အလင်းရောင်မိသားစုရဲ့ အပြစ်ဒဏ် မြည်းကြည့်ခိုင်းမယ်။ ”
အစ်ဇဘယ်လာ၏မျက်လုံးများ အေးစက်သွား၏။ “ရှင်ရနိုင်တာက အသက်မရှိတဲ့ ခန္ဓာကိုယ်ပဲ။”
“အလောင်းကောင်ဖြစ်လည်း ကိစ္စမရှိပါဘူး။” နီရို၏အပြုံးက ပို၍ပင် ဆိုးဝါးသွားခဲ့သည်။
အစ်ဇဘယ်လာက လက်သီးကျစ်ကျစ်ဆုပ်ပြီး အံကြိတ်ကာ ပြောသည်။ “ဒါက အလင်းရောင်မိသားစု ဆိုတာလား။”
“အမှောင်ထုကို ရင်ဆိုင်တဲ့အခါ အလင်းရောင်ထဲက အရာအားလုံး အမှန်တွေပဲ။ ငါက မင်းရဲ့ ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို သန့်စင်ပေးရုံပါ။” နီရိုက အရှက်မဲ့စွာဖြင့် ပြုံးလိုက်ပြီး သူ၏စိတ်ဝိညာဉ်စွမ်းအားက အစ်ဇဘယ်လာကို အသေမှတ်ထားလိုက်သည်။ “အချိန်ဆွဲဖို့ မစဉ်းစားနဲ့။ အခု မင်းရဲ့စွမ်းအား ကုန်ခမ်းနေပြီ။ မင်း ပါးနပ်တယ်ဆိုရင် ငါပြောတာကို နားထောင်။ ဒါဆိုရင် ပိုပြီးတော့ ခံစားရမှာ မဟုတ်ဘူး။”
အစ်ဇဘယ်လာက ရုတ်တရက် ပြင်းထန်သော အလင်းရောင်တစ်ခု ထုတ်လွှတ်ပြီး လျှပ်စီးအဖြစ် ပြောင်းလဲကာ နီရိုအရှေ့၌ ရုတ်တရက် ပေါ်ထွက်လာသည်။ သူ၏လက်ထဲ၌ ဓားမြောင်သည်လည်း ပုံရိပ်ယောင်များအဖြစ် ပြောင်းလဲသွားကာ နီရိုကို ဝိုင်းရံလိုက်သည်။
သို့သော်လည်း နီရိုက လက်သီးတစ်ချက်တည်းဖြင့် ပုံရိပ်များအားလုံးကို ဖြိုခွဲလိုက်ပြီး ဓားမြောင်က ချွမ်းခနဲ မြေပေါ်သို့ ပြုတ်ကျသွား၏။ အစ်ဇဘယ်လာ၏ ပုံရိပ် အလျင်အမြန် နောက်ဆုတ်သွားသည်။ သူ၏ မျက်နှာလွှားပေါ်မှ သွေးစက်များလည်း ပိုမိုထင်းလာခဲ့သည်။
“မင်းရဲ့အသက်ဓာတ်ကို ကုန်ဆုံးအောင် လုပ်ရင်တောင် နတ်ဆိုးဧကရာဇ်က နတ်ဆိုးအရှင်သခင်အဆင့် တစ်ယောက်ကို အနိုင်ရနိုင်ချေ မရှိဘူး။ လမ်းတစ်လျှောက်လုံး မင်း စမ်းကြည့်ပြီးပြီပဲ။”
အစ်ဇဘယ်လာ မတုန်လှုပ်ပေ။ သူ၏ဘယ်မျက်လုံးက ရုတ်တရက် ရွှေရောင် ပြောင်းသွားပြီးနောက် ဖျက်ဆီးခြင်း အလင်းရောင်ခြည်တစ်ခု ထွက်လာသည်။ သို့သော် နီရို၏ခန္ဓာကိုယ်ပေါ်၌ ချပ်ကာတစ်စုံ ပေါ်ထွက်လာသည်။ အစ်ဇဘယ်လာထံမှ ရောင်ခြည်သည် ထိုချပ်ကာကို မဖောက်ထွင်းနိုင်ခဲ့ဘဲ သူ၏မျက်လုံးက တန်ပြန် ခံလိုက်ရပြီး သွေးများ ယိုစီးလာတော့သည်။ အစ်ဇဘယ်လာ နောက်ဆုံး၌ မတ်မတ် မရပ်နိုင်တော့ဘဲ မြေပေါ်သို့ လဲကျသွားသည်။ “ဒါက အထွတ်မြတ် မှော်ချပ်ကာပဲ။ မင်းရဲ့ ဒီလိုအဆင့်တိုက်ခိုက်မှုက ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရအောင် လုပ်နေတာပဲ။ မင်း ငါ့ရဲ့ အရေပြားကိုအောင် ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး။ ငါ့ရဲ့အစေခံလုပ်ဖို့ ငါမင်းကို နောက်ဆုံးအခွင့်အရေးတစ်ခု ပေးမယ်။ ငါမင်းကို အိုဆိုင်ဒန်ဆီ မခေါ်သွားဘူး။ ပြီးတော့ မင်းကို လူသားလောကဆီ ခေါ်သွားပြီးတော့ လူသားလောကရဲ့ အလင်းရောင်ကို ခံစားခွင့်ပေးမယ်။” နီရိုက တစ်လှမ်းချင်း လျှောက်လာပြီး အစ်ဇဘယ်လာ၏ စိတ်ပိုင်းဆိုင်ရာ အကာအရံကို တမင်တကာ ထွင်းဖောက်နေခဲ့သည်။
အစ်ဇဘယ်လာ ရုတ်တရက် ရယ်လိုက်၏။ သူ၏ရယ်သံက အမုန်းတရားများနှင့် ပြည့်နှက်နေသည်။ လူသားလောကို ပြန်မှာတဲ့လား။ အဲဒီလူသားလည်း အဲဒီတုန်းက ဒီလိုပဲ ပြောခဲ့တာ မဟုတ်လား။
ကြည့်ရတာတော့ ဒီနေ့ ငါ သေချာပေါက် ရှုံးနိမ့်မှာထင်တယ်။ ဒါပေမဲ့ ငါသေရင်တောင် ဒီမကောင်းတဲ့ကောင်ရဲ့ လက်ထဲကို အရောက်မခံနိုင်ဘူး။
သူ၏အစိမ်းရောင်မျက်လုံးများ ဆုံးဖြတ်ချက် ပြတ်သားသွားခဲ့သည်။ လျို့ဝှက် သတင်းအချက်အလက်ဌနာ၏ ခေါင်းဆောင် ဖြစ်သည့်အလျောက် သူက တစ်ဖက်က မိမိ၏ အလောင်းကိုပင် မရနိုင်သည့် နည်းလမ်းနှစ်ခုအပြင် သူ၏အသက်ကို အဆုံးသတ် နိုင်သည့် နည်းလမ်းတစ်ခုထက် ပိုရှိပေသည်။ ကံဆိုးစွာပင် သူသည် ထိုသူနှင့် နောက်ဆုံးအကြိမ် တွေ့ရတော့မည် မဟုတ်ပေ...
သူနှင့် ထိုသူအကြား ဆက်ဆံရေးကို သူ ကိုယ်တိုင်ပင် နားမလည်ပေ။ သို့သော်လည်း သူမသေခင်တွင် ထိုသူ့ကို ဖျပ်ခနဲ တွေ့ရသည့်တိုင် တွေ့ချင်စိတ် ပြင်းပြနေခဲ့သည်။ သူက လျို့ဝှက်ပညာရပ် အသုံးပြုပြီး ဖောက်ခွဲရန် ပြင်လိုက်ရန် အသံဗုံး၏ ထူးဆန်းသော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။ နီရို မျက်မှောင်ကြုတ်လိုက်၏။ ခပ်နိမ့်နိမ့် ပျံသန်းနေသော ပုံရိပ်တစ်ခုက အောက်မှ လူနှစ်ယောက်ကို သတိထားမိသွားပြီးနောက် ချက်ချင်း ဆင်းသက်လာသည်။
သူပဲ။ အစ်ဇဘယ်လာ၏ အပြာရောင်မျက်လုံးများ လက်ခနဲ ဖြစ်သွား၏။ သို့သော် သူ၏အသံမှာ အလွန်အမင်း အေးစက်ပြီး သတ်ဖြတ်ချင်စိတ် ပြင်းထန်နေ၏။ “ဆိုင်မွန်။ ရှင်လည်း တော်ဝင်မင်းသမီးကို သစ္စာဖောက်ခဲ့တာကိုး။ အခုလက်ရှိ အခြေအနေကို ရှင် အခွင့်ကောင်းယူချင်တာလား။”
အစ်ဇဘယ်လာသည် ငြိမ်ဝပ်ပိပြားရေးအရာရှိ နေအိမ်သို့ ထွက်ပြေးမည်ဟု မူလက ချန်လွေ့ ထင်မှတ်ထားခဲ့သည်။ သို့သော်လည်း လမ်းတစ်လျှောက် လက္ခဏာများအရ သူက တားဆီးခံလိုက်ရပြီး အရှေ့ဘက် ဂိတ်တံခါးမှ ထွက်ပြေးသွားခဲ့သည်။ ထို့ကြောင့် ချန်လွေ့က လမ်းတစ်လျှောက်လုံး သူ့နောက်လိုက်သွားသည်။ နောက်ဆုံး၌ သူက အစ်ဇဘယ်လာအား ရှာတွေ့သွားခဲ့သည်။ သို့သော်လည်း သူ၏ပထမဆုံးစကားမှာ ထိုသို့ ဖြစ်နေလိမ့်မည်ဟု ချန်လွေ့ မထင်မှတ်ထားခဲ့ပေ။
နီရိုက ထိုသူအား သံသယဖြင့် ကြည့်လိုက်သည်။ သူက ရင်းနှီးမှုတချို့ ခံစားလိုက်ရသည်။ သူက အမှောင်လက လူလား။ အစ်ဇဘယ်လာရဲ့ အမူအရာကို ကြည့်ရတာတော့ ဟုတ်မယ်ထင်တယ်။
“ကျွန်မသေမှာကို အဖော်ပြုပေးမယ့်လူတစ်ယောက် လိုနေတာနဲ့ အတော်ပဲ။” အစ်ဇဘယ်လာ၏စွမ်းအား တဟုန်ထိုး မြင့်တက်လာပြန်သည်။ သူက နောက်ဆုံး အသက်ဓာတ်ကို လောင်ကျွမ်းလိုက်သကဲ့သို့ပင် တဖြည်းဖြည်း မတ်တပ်ရပ်လာသည်။ သို့သော်လည်း သူ လုံးဝ နောင်တမရပေ။
ချန်လွေ့က အစ်ဇဘယ်လာ၏ ရည်ရွယ်ချက်များကို ချက်ချင်း သဘောပေါက် လိုက်သည်။ ရန်သူက တော်တော်လေး အစွမ်းထက်တယ်။ ထွက်ပြေးတော့။ ကျွန်မ ရှင့်ကို ကာထားပေးမယ်။
ချန်လွေ့ကို လွတ်မြောက်စေရန်အတွက် သူ၏အသက်ဓာတ်ကို လောင်ကျွမ်းရန် မတုံ့ဆိုင်းခဲ့သော ထိုအမျိုးသမီး၏ သွေးများကျနေသော မျက်လုံးများမှ စိုးရိမ်နေသော အမူအရာ ရှိနေလေသည်။ သူ၏ အေးစက်ပြီး သတ်ဖြတ်ချင်စိတ် ပြည့်နေသော လေသံ၌ ပြင်းထန်သော အချစ်စိတ်တစ်ခု ရှိနေသည်။
ယခင်တစ်ခေါက်က ဘရော့ခ်နှင့် တိုက်ခိုက်ခဲ့သည့် နောက်ဆုံးမြင်ကွင်းကို ချန်လွေ့ ရုတ်တရက် တွေးမိလိုက်ပြီး သူ၏နှလုံးသား တုန်လှုပ်သွားခဲ့သည်။ သူ၏ စိတ်ထဲမှ အစိတ်အပိုင်းတစ်ခု အမှန်တကယ် လှုပ်ရှားသွားခဲ့သည်။ ၎င်းကို တင်းတင်းကြပ်ကြပ် ချိပ်ပိတ်ထားသည့်တိုင် နောက်ဆုံး၌ ထိုမီးတောက်အရှေ့တွင် အက်ကြောင်းတစ်ခု ပွင့်ထွက်လာလေသည်။
ထိုကဲ့သို့ လှုပ်ရှားမှုမျိုးက အနာဂတ်၌ ပြဿနာများနှင့် အသေးအဖွဲအရာများ ယူဆောင်လာပေးနိုင်သော်လည်း ချန်လွေ့ အမှန်ပင် ရင်ထဲထိသွား၏။ သူ၏ခံစားချက်ကို ဆက်လက်မထိန်းချုပ်နိုင်တော့ပေ။
“ဆာ-ဆာရန်ဒီကို သွားခေါ်လိုက်။ ဒီနေရာကို ငါ့တာဝန်ထား။” နီရိုက အစ်ဇဘယ်လာ၏ အလှအပကို တပ်မက်နေသည်မှာ အတော်ကြာပြီ ဖြစ်သည်။ ယခုတွင် သူ အခွင့်အရေးတစ်ခု ရပြီဖြစ်ရာ တစ်ယောက်ယောက်ကြောင့် အပျက်အစီး မခံနိုင်ပေ။
အစ်ဇဘယ်လာ စိတ်သက်သာရာ ရသွားသော်လည်း ချန်လွေ့ မလှုပ်ခဲ့ပေ။ သူက အစ်ဇဘယ်လာအား ခေါင်းခါပြလိုက်သည်။ “ရင်းနီ..”
အစ်ဇဘယ်လာ ထိတ်လန့်သွား၏။ ယခင်တစ်ခေါက်ပြီးကတည်းက မိမိအား ချန်လွေ့ ထိုကဲ့သို့ ခေါ်သည်မှာ ယခု ပထမဆုံး ဖြစ်သည်။ ထို့ပြင် ၎င်းမှာ အတော်လေး သဘာဝဆန်သည်။ ယခင်ကကဲ့သို့ ဟန်ဆောင်ခြင်းမျိုးမဟုတ်ဘဲ တကယ့် မြတ်နိုးသော ချစ်စနိုးနာမည်မျိုး ဖြစ်သည်။
ချန်လွေ့က အစ်ဇဘယ်လာ အရှေ့၌ ရုတ်တရက် ပေါ်ထွက်လာသည်။ သူက အစ်ဇဘယ်လာ၏ ပုခုံးပေါ်၌ လက်တင်ပြီး အသက်ဓာတ် လောင်ကျွမ်းမှုကို တားဆီးသည်။ “ကျုပ်က အရင်လို မဟုတ်တော့ဘူး။ အရင်တစ်ခါလို ဘယ်တော့မှ အဖြစ်ခံမှာ မဟုတ်ဘူး။ ကျုပ်ကို ယုံပါ။ ဟုတ်ပြီလား။”
ချန်လွေ့၏ မျက်လုံးထဲမှ ပြတ်သားမှုကို ကြည့်ရင်း အစ်ဇဘယ်လာ အနည်းငယ် တုန်ခါသွားသည်။ ချန်လွေ့တွင် ပုံမှန်မရှိသော အရာတစ်ခု ရှိနေကြောင်း အစ်ဇဘယ်လာ ခံစားလိုက်ရပြီး သူ၏မျက်လုံးများ ညင်သာသွားကာ ခေါင်းညိတ်လိုက်သည်။ “အင်း..”
နီရိုက ဒေါသတကြီးနှင့် ရောက်လာသည်။ “မင်းက...အိုး....ငါမှတ်မိပြီ။ မင်းက လူသား ချန်လွေ့ပဲ။”
ချန်လွေ့က အစ်ဇဘယ်လာအား ကုသဆေးရည် တစ်ပုလင်း ပေးလိုက်ပြီးနောက် ခပ်ကြမ်းကြမ်း နောက်လှည့်ကြည့်လိုက်သည်။ သူ၏ သတ်ဖြတ်ချင်သော မျက်လုံးများက နီရိုကို စိုက်ကြည့်နေ၏။
နီရိုသည်ပင် ချက်ချင်း တရွရွ ခံစားလိုက်ရသည်။ ချန်လွေ့နှင့် အစ်ဇဘယ်လာတို့၏ တရင်းတနှီးမြင်ကွင်းကို မြင်ရသည့်အခါ နီရို ဟိန်းဟောက်လိုက်သည်။ “ချီးပဲ။ မင်းက နတ်ဆိုးဧကရာဇ်အဆင့်လေးပဲကို။ စိတ်ကြီးဝင်နေလိုက်တာ။ ဟမ့်။ အိုဆိုင်ဒန်ရဲ့ အမိန့်တွေကို ငါ ဂရုမစိုက်ဘူး။ ငါမင်းကို အရင်ဆုံး သတ်ပစ်မယ်။ ပြီးရင် ဒီမိန်းမကို မုဒိန်းကျင့်ပြီးတော့ သတ်ပစ်မယ်။”
ထိုသို့ပြောပြီးသည်နှင့် ချန်လွေ့၏ခန္ဓာကိုယ်က အလင်းရောင်များ တောက်ပသွားလေသည်။ နေ့အချိန်မှာပင် မြောက်မြားလှစွာသော ကြယ်များ၏ တောက်ပမှုကို ခံစားနိုင်ပေသည်။ ထို့ပြင် သူ၏ အငွေ့အသက်လည်း တဟုန်ထိုး တိုးတက်သွားခဲ့သည်။
နီရို၏နှလုံးသားထဲရှိ အန္တရာယ် ခံစားချက်က ပို၍ပို၍ ပြင်းထန်လာသည်။ ထိုအငွေ့အသက်က နတ်ဆိုးဧကရာဇ်အဆင့်ကို ကျော်လွန်ပြီး ဆက်လက် တိုးလာနေသေးကြောင်း ခံစားမိသည့်အခါ နီရို မနေနိုင်တော့ဘဲ လှုပ်ရှားလိုက်တော့သည်။ သူ အလင်းရောင်ဆီသို့ ချက်ချင်း ရောက်ရှိလာပြီး လက်သီးဖြင့် ထိုးသည်။ ထိုလက်သီးချက်က သက်ရောက်မှု အနည်းဆုံးသာ ရှိခဲ့သည်။ သို့သော်လည်း အလင်းရောင်အတွင်း ဖြန့်ကျက်မှုက ပို၍ ပြင်းထန်လာလေသည်။
ဆက်တိုက်လက်သီးချက်များ အချည်းနှီး ဖြစ်သွားပြီးနောက် နီရို အံ့အားသင့် သွားခဲ့သည်။ သူက ချက်ချင်းပင် နောက်သို့ ဆုတ်ခွာသွားခဲ့သည်။ အလင်းရောင်တစ်ခု ရုတ်ခြည်းထွက်ပေါ်လာပြီး အလယ်ဗဟို၌ ချပ်ကာအပြည့်နှင့် ရန်သူတစ်ယောက် ပေါ်ထွက်လာသည်။
နီရိုက ကြယ်ရောင်တောက်နေသော ချပ်ကာကို သတိထားလျက် ကြည့်နေသည်။ မြင့်မြတ်ပြီး ကြော့ရှင်းသော အငွေ့အသက်ကို ခံစားလိုက်ရသည့်အခါ သူ၏ မျက်နှာ အမူအရာ ကြီးကြီးမားမား ပြောင်းလဲသွားခဲ့သည်။ “[ ယုံကြည်မှုချပ်ကာ ] ပဲ။ မင်းက.... အလင်းနတ်ဘုရားကျောင်းရဲ့ အထွတ်အမြတ်သံတမန်လား။”
ချန်လွေ့ အသာလေး မျက်မှောင်ကြုတ်လိုက်သည်။ [ ယုံကြည်မှုချပ်ကာ ] ။ အလင်းနတ်ဘုရားကျောင်းရဲ့ အထွတ်အမြတ် သံတမန် တဲ့လား။ ဟုတ်သားပဲ။ ဆက်ရက်ခ် တောင်မှာတုန်းက [ ယုံကြည်မှုချပ်ကာ ] ရဲ့ အယူအဆကို စေတန် ပြောခဲ့တယ်။ တစ်ဖနီမှာလည်း [ ယုံကြည်မှုချပ်ကာ ] ရှိတယ်။ ကြည့်ရတာ အလင်းနတ်ဘုရားကျောင်း နောက်ကွယ်မှာ နတ်ဘုရား-တစ်ပိုင်း ပုဂ္ဂိုလ် ရှိရမယ်။
“မဟုတ်ဘူး။ ဒီချပ်ကာက သာမန် အထွတ်အမြတ်သံတမန်ထက် ပိုအစွမ်းထက် သလိုပဲ....” နီရို၏မျက်နှာက ပို၍ပင် ကြောက်လန့်သွားဟန်တူသည်။ “မင်းက ဘယ်သူလဲ။”
နတ်ဆိုးဘုံရဲ့ နာမည်ကျော် အတွင်းရေးဝန်ကြီး ချန်လွေ့က တကယ်တမ်း အလင်း အထွတ်အမြတ်သံတမန်နဲ့ ဆင်တူတဲ့ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေတယ်။ ဧကန္တ.. သူက ဘုရားကျောင်းရဲ့ လျို့ဝှက် နယ်ရုပ်များလား။
“ကျုပ်က ခင်ဗျားရဲ့အသက်ကို လိုချင်တဲ့သူပဲ။” [တော်ဝင်ကြယ်အသွင်ပြောင်းခြင်း] တွင် အချိန်အကန့်အသတ် ရှိသည့်အတွက် ချန်လွေ့ လေကြောမရှည်ချင်ပေ။ သူ၏ ပုံရိပ် ဖျပ်ခနဲ ပျောက်သွားပြီး နီရိုအရှေ့တွင် ပေါ်ထွက်လာသည်။ သူ၏လက်ဝါး၌လည်း ဓားအလင်းရောင်ဖျော့ဖျော့ ရှိနေပြီး နီရိုကို ခုတ်ပိုင်းလိုက်၏။
ပြိုင်ဘက်ဖြစ်သူ၏စွမ်းအား ပြောင်းလဲသွားကြောင်း နီရို ခံစားလိုက်ရသည့်အတွက် အတင်း မခုခံရဲတော့ပေ။ သူ ရှောင်တိမ်းလိုက်ရာ လေထဲမှာ ဓားချီစွမ်းအင်က မြေပေါ်၌ ၁၀မီတာကျော်သော မြောင်းတစ်ခု ဖြစ်သွားစေသည်။ နီရို ထိတ်လန့်သွားပြီး ရန်သူကို အထင်မသေးရဲတော့ပေ။ သူ၏ဘယ်လက်၌ ခက်ရင်းခွ တစ်လက် ပေါ်ထွက်လာသည်။ သူ လက်ဝှေ့ရမ်းလိုက်ရာ မြောက်မြားလှစွာသော ထက်မြက်လှသည့် ချီစွမ်းအင်က ချန်လွေ့ထံသို့ ပြေးဝင်သွားသည်။ သူ၏ညာလက်ထဲ၌ ဂရစ်ဖင်း ပုံစံကွက်ရှိသော ဒိုင်းအဝိုင်းတစ်ခုကို ကိုင်ထား၏။
ချန်လွေ့က [ အရှိန်အဝါဓားသွား ] ဖြင့် ခုတ်ပိုင်းလိုက်သော်လည်း ၎င်းကို ဒိုင်းအဝိုင်းက အမှန်တကယ် ခုခံလိုက်သည်။ မမြင်နိုင်သော ဓားချီစွမ်းအင်သည်ပင် တိုးမပေါက်ပေ။ သူသည် ခက်ရင်းခွကြောင့် ဒဏ်ရာရလုနီးပါး ဖြစ်သွားခဲ့သည်။ ထိုလက်နက်များမှာ ပေါ့သေးသေး မဟုတ်ကြောင်း ချန်လွေ့ သိသည်။ အဆောင်ပစ္စည်း “မြောက်အဏ္ဏဝါ” သူ၏လက်ထဲ၌ ပေါ်ထွက်လာ၏။ သူက ဘေးဖက်မှ ခက်ရင်းခွကို အရှိန်ဖြင့် ခုတ်လိုက်ရာ ဓားသွားက အလင်းရောင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး နီရို၏ လည်မျိုထံသို့ လျှပ်စီးသဖွယ် လက်ခနဲ ရောက်ရှိသွားသည်။
နီရိုက ညာလက်ကိုမြှောက်ပြီး ဒိုင်းအဝိုင်းဖြင့် ဓားကို ခုခံလိုက်ပြန်သည်။ သို့သော်လည်း ဓားထိပ်က အမှန်တကယ်ကို ဒိုင်းကာကို ဖောက်ထွင်းသွားခဲ့သည်။ နောက်ပြန်ဆုတ်လိူက်ရာ ဒိုင်းကာပေါ်၌ ဓားအပေါက်ရာတစ်ခု ရှိနေသည်။ နီရို အံ့အားသင့်သွား၏။ ဒီဒိုင်းက လူပုယန္တရားဆရာသခင် ဒိုဝါရဲ့ လက်ရာမြောက်တစ်ခုပဲ။ ဒါက မယုံနိုင်စရာ ခုခံစွမ်းအားရှိပြီးတော့ ငါ့နဲ့အတူရှိနေတာ နှစ်ပေါင်းများစွာကြာပြီ။ ပြိုင်ဘက်ရဲ့ဓားက ဒီဒိုင်းကာကို ဖောက်ထွင်းနိုင်လောက်အောင် ထက်လိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့ဘူး။
နှစ်သောက်သား ရှေ့ဆက်ရင်း တိုက်ခိုက်နေကြသည်။ အကာအကွယ်မရှိသော မြေပြင်က ကြောက်မက်ဖွယ်ရာ ဖိအားကြောင့် တွန့်လိမ်ပြီး အက်ကြောင်းများ ပေါ်ထွက်လာလေသည်။ နီရိုသည် အမှန်အတကယ်ပင် အရေးနိမ့်သော အခြေအနေသို့ ရောက်ရှိနေခဲ့သည်။
ပြိုင်ဘက်ဖြစ်သူ၏ တိုက်ခိုက်မှုများက ပိုမိုပြင်းထန်လာကြောင်း မြင်သည့်အတွက် နီရို ဂရုမစိုက်နိုင်တော့ပေ။ သူ့ရဲ့နောက်ခံက ပမွှား မဟုတ်ရင်တောင် သူငါ့ကိုသတ်မှာကို စောင့်မနေနိုင်ဘူး။ ပြီးတော့လည်း နတ်ဆိုးဘုံက လူသားလောက မဟုတ်ဘူး။ ငါသူ့ကို သတ်လိုက်ရင်တောင် အလင်းနတ်ဘုရားကျောင်းက ဒီအကြောင်းသိမှာ မဟုတ်ဘူး။
ထိုသို့စဉ်းစားပြီးနောက် နီရိုက ယခင်ကဲ့သို့ စိတ်ချုပ်တည်းထားမှုမျိုး မရှိတော့ပေ။ ဒီ “ချန်လွေ့” က နတ်ဆိုးအရှင်သခင်အဆင့် ရောက်အောင်လို့ လျို့ဝှက်ပညာရပ်တချို့ကို အတင်းသုံးခဲ့တာ သေချာတယ်။ သူက သေချာပေါက် ငါ့လိုမျိုး တကယ့် နတ်ဆိုးအရှင်သခင်အဆင့်ရဲ့ ပြိုင်ဘက် မဟုတ်ဘူး။ သူ့ကို ငါ့အစွမ်းအကုန် သုံးပြီးတော့ သတ်နိုင်မယ်ဆိုရင် အစ်ဇဘယ်လာကိုလည်း ရတယ်။ အဲဒီ ထက်မြက်လှတဲ့ ဓားကိုလည်း ရမယ်။