← Chapters

ထိတ်လန့်သွားခြင်း။ မြို့တော်မှ အရေးပေါ်သတင်း

Vol. 33 Ch. 493

ထိတ်လန့်သွားခြင်း။ မြို့တော်မှ အရေးပေါ်သတင်း

Vol. 33 Ch. 493

ရေကန်အနီး တဲအိမ်ငယ်လေးထဲ၌-

အစောင့်အကြပ်မရှိသော တော်ဝင်မင်းသမီးက အဝတ်ဗလာ ဖြစ်နေ၏။ ဖြူဖွေးသော အသားအရေနှင့် ပြီးပြည့်စုံသော ခန္ဓာကိုယ် အချိုးအစားတို့က ဝံပုလွေ တစ်ကောင်၏မျက်လုံးများကို ကျိန်းလုနီးပါး ဖြစ်သွားစေည်။

အမှန်တကယ်၌ ကိုယ်လုံးတီးဖြစ်နေသော တော်ဝင်မင်းသမီးကို ချန်လွေ့ မြင်ရသည်မှာ ယခု ပထမဆုံးအကြိမ် မဟုတ်ပေ။ နတ်ဘုရား-ဝါးမျို မျက်နှာဖုံးအတွက် နန်းတော်သို့ ချန်လွေ့ ရောက်လာခဲ့စဉ် ရှီရာ ရေချိုးနေသည်ကို “မတော်တဆ” ချောင်းကြည့်ခဲ့မိသည်။ သို့သော်လည်း အဝေးမှမြင်ကွင်းမှာ အနီးကပ်မြင်ကွင်းနှင့် လုံးဝ ကွဲပြားပေသည်။ ထို့ပြင် သူက အနီးကပ် ကြည့်နေရုံသာ မဟုတ်ပေ...

အတွေ့အကြုံရှိပြီး စိတ်ရှည်သော ဝံပုလွေ တစ်ကောင်အနေဖြင့် ချန်လွေ့က ရှီရာ၏ပထမဆုံးအကြိမ်ကို ပြီးပြည့်စုံသော အမှတ်တရတစ်ခု ဖြစ်စေချင်တယ်။ သူ အလျင်မလိုဘဲ တော်ဝင်မင်းသမီး၏ ခုခံမှုနှင့် တင်းမာမှုများ ပြေလျော့စေရန်အတွက် အနမ်းများနှင့် အထိအတွေ့များကို တဖြည်းဖြည်း အသုံးချခဲ့သည်။

တော်ဝင်မင်းသမီး၏ မျက်လုံးများ ဖြည်းဖြည်းချင်း ဝေဝါးသွားပြီးနောက် သူ၏ ပူလောင်သောခန္ဓာကိုယ် တွန့်လာသည်။ ထို့နောက် သူက ယောက်ျားဖြစ်သူ၏ ဆံပင်ကို ခဏခဏ ရှေ့တိုးနောက်ဆုတ် ပွတ်သပ်နေလိုက်သည်။

အရေးပါသော အခိုက်အတန့် ရောက်လာသောအခါ ဘေးဖက်ရှိ အဝတ်ပုံမှ အသံတိုးတိုးလေးတစ်သံ ရုတ်တရက် ထွက်လာသည်။ ၎င်းမှာ အမှောင်နတ်ဆိုး အဖြစ်အပျက်ပြီးနောက် ချန်လွေ့ ပြုလုပ်ခဲ့သော အချက်ပြ ကိရိယာတစ်ခု ဖြစ်သည်။ ထိုကဲ့သို့ အချက်ပြကိရိယာမျိုးကို သက်ရောက်မှုရှိသော အကွာအဝေးအတွင်း အရေးပေါ်ကိစ္စများ အသိပေးရန်အချက် အချက်ပြနိုင်ပေသည်။ ၎င်းကို အစ်ဇဘယ်လာ၊ အသီနာနှင့် အခြားသူများထံ မျှဝေပေးထားခဲ့သည်။

ထိုအချက်ပြကို အစ်ဇဘယ်လာက ပို့လိုက်သည်မှာ သေချာသည်။ သို့သော်လည်း မစ်-လျို့ဝှက်သတင်းချက်အလက်က ၎င်းကို ဆင့်ခေါ်သည့် ကိရိယာတစ်ခုအဖြစ် အသုံးပြုနေဟန် တူသည်။ ယမန်နေ့က သူသည် ထိုနည်းလမ်းကိုအသုံးပြီး ချန်လွေ့အား လက်ဖက်ရည်သောက်ရန် သူ့ခြံဝင်းထဲသို့ “ဆင့်ခေါ်” ခဲ့သည်။ အလွဲသုံးစား လုပ်တာပဲ။ “ဝံပုလွေလို့ အော်တဲ့ ကောင်လေး” ပုံပြင်ကို မကြားဖူးဘူးလား။

ပုံမှန်နေ့တွေဆိုရင် အဆင်ပြေတယ်။ ပြဿနာက အခု.... ငါ တကယ် သွားလို့မရတာပဲ။

နောက်မှ ငါတို့ လက်ဖက်ရည် သောက်လို့ရတယ်။ အခုတော့ တော်ဝင်မင်းသမီးကို အရင်ဆုံး “စား”ကြတာပေါ့...

ရှီရာက ဝိုးတိုးဝါးတားဖြစ်နေသော အခြေအနေမှ မသက်သာလာသေးဘဲ အသံတစ်ခုကိုသာ ယဲ့ယဲ့လေး ကြားခဲ့သည်။ သူ မရေမရာ မေးလိုက်သည်။ “ဘာဖြစ်လို့လဲ။”

“ဘာမှ မဟုတ်ပါဘူး။” ချန်လွေ့ ပြန်ဖြေလိုက်ပြီးနောက် ရှီရာ၏ နှုတ်ခမ်းကို နမ်းရှိုက်လိုက်ပြန်သည်။ သူက လေထဲ၌ တိတ်တဆိတ် လက်ဖျောက်တီးလိုက်ရာ အချက်ပြကိရိယာ ရုတ်တရက် အသံမမြည်တော့ပေ။

“တီး..တီ....တီ....”

နောက်ထပ် အရေးပါသော အခိုက်အတန့်၌ မနှစ်မြှို့စရာ အသံတစ်သံ ထွက်လာပြန်သည်။ ယခုတစ်ခေါက်မှ ရှီရာ၏ လက်ကောက်မှ ဖြစ်သည်။

“ခဏနေဦး။” ရှီရာ ရုတ်တရက် နိုးသွားသွည်။ လက်ကောက်က ခရမ်းရောင် အလင်းများ တောက်လာပြီး ၎င်းမှာ အရေးအကြီးဆုံး အချက်ပြ ဖြစ်သည်။

ယနေ့သည် သူ၏မွေးနေ့ဖြစ်ပြီး ညအချိန် ရောက်နေပြီ ဖြစ်သည်။ သို့သော်လည်း ထိုကဲ့သို့ အရေးပေါ် အချက်ပြ ပို့နေသေးသည်။ ချန်လွေ့ကိုလည်း ယခင်က ခေါ်ခဲ့သည့် အတွက် တစ်ခုခု အရေးကြီးသည့်အခါ ဖြစ်နေရပေမည်။

“ငါတို့ သွားသင့်ပြီ ထင်တယ်။” ရှီရာက ချန်လွေ့အား ညင်ညင်သာသာ တွန်းထုတ်ပြီး ထထိုင်လိုက်သည်။ သူ အနည်းငယ် ညောင်းညာကာ ပျော့ခွေနေပြီး သူ၏ ပေါင်လည်း အမှန်တကယ် စိုနေ၏။ သူက မြင်ကွင်းကို သတိရလိုက်ပြီး မျက်နှာပေါ်၌ ထိန်းချုပ်၍မရနိုင်ဘဲ ပူလောင်သွားသည်။ ဒီနေ့ ငါ ဘာဖြစ်နေတာလဲ။ စိတ်လိုက်မာန်ပါနဲ့ သူ့ကို ငါ့ကိုယ်ငါ ပေးလိုက်တော့မလို့။

ချန်လွေ့ စိတ်ဓာတ်ကျသွားပြီး ရှီရာ အလောတကြီး အဝတ်ဝတ်နေသည်ကို ကြည့်နေလိုက်သည်။ အဲဒီသောက်အချက်ပြက စောစောလည်း မလာဘူး။ နောက်ကျမှလည်း မလာဘူး။ အဆိုးဆုံးအချိန်မှ လာတယ်။ မဒမ် ရင်းနီက ငါ တော်ဝင်မင်းသမီးကို သူ့မွေးနေ့ပွဲမှာ အပြင်ခေါ်ထုတ်သွားတာကို ခန့်မှန်းမိသွားတာလား။ အဲဒါကြောင့် ငါ့ကိုခေါ်တာ မအောင်မြင်လို့ ဒီနည်းလမ်းကိုသုံးပြီးတော့ ရန်သူကို တမင် သတိထားအောင် လုပ်လိုက်တာလား။

တစ်စုံတစ်ယောက်၏ ခါးသက်သက် အမူအရာကို ကြည့်ရင်း ရှီရာ၏ မျက်လုံးထဲ၌ အပြုံးအရိပ်အယောင် လက်ခနဲ ဖြစ်သွားကာ ချန်လွေ့အား မျက်နှာပေါ်၌ နမ်းလိုက်သည်။

“ထပ်ပြီးနမ်းလို့ ရမလား။” ချန်လွေ့က အခြားမျက်နှာကို လက်ညှိုးထိုးပြသည်။

တော်ဝင်မင်းသမီးက အဝတ်အစားများ ဝတ်ပြီးသွားပြီ ဖြစ်သည်။ လက်ကောက်ဝတ်မှ အဆက်မပြတ် လင်းလက်နေသော အချက်ပြကို မြင်သည့်အခါ သူ၏ မျက်နှာ အမူအရာ လေးနက်သွား၏။ “မြန်မြန် သွားရအောင်။”

အေးစက်သော လေးနက်သော မျက်လုံးဖုံးက ရှီရာ၏ မျက်နှာပေါ်သို့ ပြန်ရောက်လာသည်ကို မြင်သည့်အခါ မျှော်လင့်ချက် မရှိတော့ကြောင်း ချန်လွေ့ သိလိုက်သည်။

ဒီအခွင့်အရေးကို လက်လွှတ်လိုက်ရတော့ နောက်ထပ် အခွင့်အရေး ရှိနိုင်ပါ့မလား။

တော်ဝင်မင်းသမီးအပေါ် သူ၏နားလည်မှုအရ ယနေ့ကဲ့သို့ စိတ်လွတ်သွားရန် ဖြစ်နိုင်လေ့ မရှိပေ။ ဒါဆို... နောက်မွေးနေ့အထိ စောင့်ရဦးမှာလား။

သူတို့နှစ်ယောက် နန်းတော်သို့ ရောက်သွားသောအခါ အစ်ဇဘယ်လာက ကောင်စီခန်းမ၌ အချိန်အတော်ကြာ စောင့်နှင့်နေပြီး ဖြစ်သည်။ ယနေ့မှာ မင်းသမီး၏ မွေးနေ့ဖြစ်ကြောင်း မစ်-ရင်းနီ သိသည်။ သူတို့နှစ်ယောက် တပြိုင်နက်တည်း ရောက်လာသည်ကို မြင်သည့်အခါ ထူးထူးဆန်းဆန်း မကြည့်ခဲ့ဘဲ အရေးပေါ် သတင်းတစ်ခုကို လေးလေးနက်နက်နဲ့ တင်ပြသည်။

၎င်းမှာ အမှန်တကယ်ပင် အရေးပေါ်သတင်း ဖြစ်၏။

ယနေ့ နေ့လယ်၌ ကြယ်ကြွေတမန်မြို့တော်မှ ရီဂျန့်အိုဆိုင်ဒန်သည် အမှောင်လ၏ လော့ဒ်-ရှီရာကို လူသိရှင်ကြား လက်ထပ်ခွင့် တောင်းခဲ့သည်။

ထိုသတင်းမှာ အလွန်ပင် အံ့အားသင့်စရာ ကောင်းသည့်အတွက် ရှီရာနှင့် ချန်လွေ့တို့ပင် မတုံ့ပြန်နိုင်လုနီးပါး ဖြစ်သွားသည်။

“ချီးပဲ။” ချန်လွေ့ ရုတ်တရက် ပေါက်ကွဲထွက်သွားသည်။ အဲဒီသောက် ရီဂျန့် အိုဆိုင်ဒန်က တကယ်ကြီး သူ့တူရဲ့ သမီးကို ပြောင်ပြောင်တင်းတင်း လက်ထပ်ခွင့် တောင်းခဲ့တယ်။

အရှက်ဆိုတာ သူ မသိဘူးလား။ သူက ငါ့မိန်းမကိုတောင် လုယူချင်နေတယ်။

ဒါက လုံးဝကို သည်းမခံနိုင်စရာပဲ။

ချန်လွေ့ သတ်ချင်စိတ်အပြည့် ဖြစ်နေသည်ကို ငေးကြည့်ရင်း ရှီရာက အသာလေး ပြောသည်။ “အိုဆိုင်ဒန်က မင်းသမီးရှီရာထက် မျိုးဆက်နှစ်ဆက် ကြီးပေမဲ့ ဒီလိုအရာမျိုးက အထက်တန်းလွှာမှာ အဆန်း မဟုတ်ဘူး။ တချို့က သာယာမှုအနေနဲ့ ထားကြတယ်။ ဒါပေမဲ့ အများစုကတော့ လျို့ဝှက်ထားကြတယ်။ အင်ပါယာကို အုပ်ချုပ်သူ တစ်ယောက်အနေနဲ့ ဒီလိုမျိုး လက်ထပ်ခွင့်တောင်းတာက နတ်ဆိုးဘုံသမိုင်းမှာ အတော်လေး ရှားတယ်။ ဒါပေမဲ့ အိုဆိုင်ဒန်ရဲ့ ဆင်ခြေက တော်တော်လေး ကောင်းတယ်။ အဲဒါက ကြယ်‌‌ကြွေတမန်ဓား။ မင်းသမီးရှီရာက သူ့ကို လက်ထပ်မယ်ဆိုရင် ဘုရင်မ အနေနဲ့ ကြယ်ကြွေတမန်ဓားကို ပိုင်ဆိုင်ရမယ်။ သန်းခေါင်နေရဲ့ လူစီဖာ တော်ဝင်မိသားစုဝင်အနေနဲ့ မင်းသမီးရှီရာမှာ ကြယ်ကြွေတမန်ဓားရဲ့ အသိမှတ်ပြုတာ ခံရနိုင်ချေ မြင့်မားတယ်။ သူ အသိအမှတ် မပြုခံရရင်တောင် သူ မွေးလာမယ့် မင်းသားတွေ၊ မင်းသမီးတွေက ကြယ်ကြွေတမန်ဓားရဲ့ စစ်မှန်တဲ့ ဆက်ခံသူတွေ ဖြစ်လာမှာ အသေအချာပဲ။ ပိုပြီးအရေးကြီးတာကတော့ အိုဆိုင်ဒန်က ဒါကို အသုံးချပြီးတော့ ရီဂျန့်ဆိုတဲ့ဂုဏ်ပုဒ်ကို အငြင်းပွားစရာမရှိ ဖယ်ရှားနိုင်ပြီးတော့ ဧကရာဇ် ပလ္လင်ကို တရားနည်းလမ်းတကျ တက်ရောက်နိုင်မှာပဲ။”

ပြီးတော့ မင်းသား၊ မင်းသမီးတွေ မွေးမှာ ဟုတ်လား။ ချန်လွေ့က မြို့တော်သို့ သွားပြီး အိုဆိုင်ဒန်အား အရင်ဦးစွာ သင်းကွပ်ကာ သတ်ပစ်ချင်စိတ် ဖြစ်သွားသည်။ သို့သော်လည်း မြို့တော်၏ ခုခံမှုနှင့် အိုဆိုင်ဒန်၏ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း စွမ်းအားတို့ကြောင့် ချန်လွေ့ မပြောနှင့်၊ ပါ့ဂ်လီအိုပင် မအောင်မြင်နိုင်ပေ။ ထိုအကြံမှာ စိတ်ကူးယဉ်မျှသာ ဖြစ်လေသည်။

“ဒီနည်းဗျူဟာ အောင်မြင်မယ်ဆိုရင် အကျိုးအမြတ်တွေ အများကြီး ရှိမယ်။ အရင်ဆုံး အနေနဲ့ သူက အမှောင်လရဲ့ ကြွယ်ဝမှုကို အသုံးချပြီးတော့ ရန်ပုံငွေ အကျပ်အတည်းကို ဖြေရှင်းနိုင်မယ်။ ဒုတိယအနေနဲ့ အမှောင်လရဲ့ မြင့်တက်မှုကို သွေးမစွန်းဘဲ ဖြေရှင်းနိုင်ပြီးတော့ အမှောင်လရဲ့ အင်အားတွေနဲ့ အရင်းအမြစ်တွေ အားလုံးကို သိမ်းယူနိုင်တယ်။ တတိယ အနေနဲ့ သူက ဒီနည်းကိုသုံးပြီးတော့ ကြယ်ကြွေတမန်အင်ပါယာနဲ့ ပေါင်းစပ်ပြီး ဧကရာဇ်နေရာကို တရားဝင် ရလာနိုင်တယ်။ အဲဒါဆိုရင် ဗိုလ်ချုပ်ဂျော့ချ် ဦးဆောင်တဲ့ မကျေနပ်ချက်တွေကို ရှင်းပစ်နိုင်သွားမယ်။ အိုဆိုင်ဒန်ရဲ့ လက်ရှိအခြေအနေနဲ့ဆိုရင် ဒါက ကောင်းတဲ့လုပ်ရပ်တစ်ခုပဲ။” အစ်ဇဘယ်လာက တည်တည်ငြိမ်ငြိမ်ပင် စိုးရိမ်စရာများကို ဝေဖန်ဆန်းစစ်သုံးသပ် လိုက်သည်။ ရှီရာက သေသေချာချာ နားထောင်ပြီးနောက် သူ၏ ခရမ်းရောင် မျက်လုံးထဲမှ ဒေါသများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး တွေးတောနေသော အမူအရာ ပြသလိုက်သည်။

အစ်ဇဘယ်လာ၏လေသံ ရုတ်တရက် ပြောင်းလဲသွားသည်။ “အမှောင်လက နဂိုကတည်းက မြို့တော်လက်အောက်မှာရှိတဲ့ နယ်မြေတစ်ခုပုဲ။ ရီဂျန့်က အမျိုးသမီး လော့ဒ်တစ်ယောက်ကို လက်ထပ်ခွင့်တောင်းတာက ကြီးမားတဲ့ ဂုဏ်ယူစရာ တစ်ခုပဲ။ ပြီးတော့လည်း တော်ဝင်မိသားစုဝင် တစ်ယောက်အနေနဲ့ မင်းသမီးက အင်ပါယာရဲ့ အခြေအနေကို ရှေ့တန်းတင်ပြီးတော့ ရီဂျန့်ရဲ့ လက်ထပ်ခွင့်ကို လက်ခံသင့်တယ်။ မင်းသမီးကို ကြယ်ကြွေတမန်ဓားက အသိအမှတ် ပြုမယ်ဆိုရင် ကြယ်ကြွေတမန် အင်ပါယာက ပိုပြီးတော့ စည်းလုံးသွားပြီးတော့ ပိုပြီး အစွမ်းထက်လာမှာပဲ။”

အစ်ဇဘယ်လာက ၎င်းကို အမှန်တကယ် သဘောတူလိမ့်မည်ဟု ချန်လွေ့ မထင်ထားခဲ့ပေ။ သူက အလောတကြီး‌ ပြောရန် ပြင်လိုက်စဉ် ရှီရာက တည်ငြိမ်စွာဖြင့် ခေါင်းညိတ်သည်။ “ရှင်ပြောတာမှန်တယ်။ အစ်ဇဘယ်လာ။ ရှင့်ရဲ့ အသေးစိတ် စိစစ်လေ့လာမှုတွေအတွက် ကျေးဇူးပါပဲ။ ကျွန်မ နားလည်ပြီးပါပြီ။”

အစ်ဇဘယ်လာ၏အကြည့်၌ လေးစားအားကျမှု အရိပ်အယောင်တစ်ခု ရှိနေသည်။ သူက ရှီရာအား အသာလေး ဦးညွှတ်ပြီး ဆက်မပြောတော့ပေ။

အမျိုးသမီးနှစ်ယောက် ပြသသော တည်ငြိမ်မှုကြောင့် ချန်လွေ့လည်း တဖြည်းဖြည်း စိတ်ငြိမ်သွားသည်။ သူက သူဂရုစိုက်သော လူတစ်ယောက်နှင့် ပတ်သက်လျှင် ဖရိုဖရဲ ဖြစ်တတ်သည်။ ခုနက သူ သွေးပူသွားပြီး စိတ်လွတ်လုနီးပါး ဖြစ်သွားခဲ့သည်။ အကြံပေးသူ တစ်ယောက်အနေဖြင့် ထိုကဲ့သို့ အပြုအမူအမျိုးက အရည်အချင်း မပြည့်ဝသည်မှာ အသေအချာပင် ဖြစ်သည်။

လက်ရှိ၌ ဒေါသသည် အသုံးမဝင်ပေ။ အဓိကမှာ တန်ပြန်ရေး အစီအမံများ ဖြစ်သည်။

ရှီရာက ခဏစဉ်းစားပြီး ပြောလိုက်သည်။ “အိုဆိုင်ဒန်ရဲ့ နည်းလမ်းက တကယ့်ကို ကျွန်မတို မစဉ်းစားမိလောက်အောင်ပဲ။ ကျွန်မတို့ သဘောမတူရင် ငြင်းရင်ငြင်း၊ မဟုတ်ရင် ရှောင်တိမ်းလို့ပဲ ရတယ်။ ရှောင်တိမ်းဖို့အတွက် ကျွန်မက လက်ထပ်ထားရမယ်။ ဒါမှမဟုတ် စေ့စပ်ထားရမယ်။ ပြီးတော့လည်း စေ့စပ်မှုက အိုဆိုင်ဒန်ကို ကြောက်စေတဲ့ အင်အားစုတွေနဲ့ပဲ ဖြစ်ရမယ်။ အရိပ်နက်အင်ပါယာလိုမျိုး သွေးရောင်အင်ပါယာလိုမျိုး။ ဒါပေမဲ့ ဒီလိုဆိုရင် ကျွန်မက ဗိုလ်ချုပ် ဂျော့ချ်နဲ့ တခြားသူတွေရဲ့ ထောက်ခံမှုကို ဆုံးရှုံးသွားလိမ့်မယ်။ ဆာရန်ဒီ ပြောတဲ့အတိုင်း ဒါက ကြယ်ကြွေတမန်အင်ပါယာကို သစ္စာဖောက်တာပဲ။ တကယ်လို့ ကျွန်မက ငြင်းမယ်ဆိုရင်တော့...”

“ငြင်းမယ်ဆိုရင် မြို့တော်က အမှောင်လကို တရားဝင် စစ်ကြေညာလို့ ရတယ်။” ချန်လွေ့က ဝင်ပြောသည်။ “ကြည့်ရတာ ဒီတစ်ခေါက် အိုဆိုင်ဒန်က အစွမ်းကုန် ထုတ်နေတာပဲ။ သူက အမှောင်လ တိုးတက်နေတဲ့ ကနဦးအဆင့်မှာ တစ်ခါတည်း အင်အားကုန်သုံးပြီးတော့ သတ်ချင်နေတယ်။”

ရှီရာက စဉ်းစားနေရင်း ရှေ့နောက် လမ်းလျှောက်နေသည်။ ခဏကြာပြီးနောက် သူ ဆုံးဖြတ်ချက် ချလိုက်သည်။ “ဒီကစ္စက တော်တော်လေး အရေးကြီးတယ်။ ဒါက ဗိုလ်ခြေတပ်မှူး ၃ယောက်၊ စိုင်ဖူမိသားစု၊ တယ်ရီမိသားစုနဲ့ ဗီဗာမိသားစုတို့ရဲ့ ခေါင်းဆောင် ၃ယောက်နဲ့ ချက်ချင်း ဆွေးနွေးဖို့ လိုအပ်တယ်။ ရှီလန်တောင်မှာရှီတဲ့ တင်မ်ကတော့ အချိန်မီ ရောက်လာနိုင်မှာ မဟုတ်ဘူး။ အစည်းအဝေးမှာ ပါဝင်ဖို့အတွက် သူက အဝေးက မှော်အဆက်အသွယ်ကို သုံးလို့ရတယ်။ သတင်းအချက်တွေ ကျွန်မ အမြန်ဆုံး လိုအပ်တယ်။ မြို့တော်ရဲ့ စစ်တပ် သတင်းအချက်တွေ၊ သူတို့နဲ့ ပူးပေါင်းနိုင်မယ့် နယ်မြေတွေ၊ အမှောင်လမှာ လက်ရှိရနိုင်တဲ့ အင်အားစုတွေ၊ အမှောင်လရဲ့ ကုန်ကြမ်းအမျိုးမျိုး သိုလှောင်ထားမှု အခြေအနေ အသေးစိတ်တွေ လိုအပ်တယ်။ အချိန်တိုအတွင်း ဒါကို သိရဖို့အတွက် ရှင်တို့နှစ်ယောက် အတူတူ လုပ်လိုက်။”

ချန်လွေ့နှင့် အစ်ဇဘယ်လို့တို့က အချင်းချင်း ငေးကြည့်လိုက်သည်။ သူတို့က ၎င်းမှာ အရေးကြီးအဆင့်ဖြစ်ပြီး မနှောင့်နှေးသင့်ကြောင်း သိသည့်အတွက် နောက်ဆုတ်ကာ ကောင်စီခန်းမမှ အတူတကွ ထွက်သွားလိုက်ကြသည်။

နန်းတော်မှ ထွက်သွားပြီးနောက် အစ်ဇဘယ်လာက ရုတ်တရက် နောက်လှည့်ပြီး အစိမ်းရောင်မျက်လုံးများကို လှန်လိုက်သည်။ “ဒီနေ့...ကျွန်မတို့ မင်းသမီး ပျော်နေတဲ့ပုံပဲ။”

ချန်လွေ့က အစ်ဇဘယ်လာထံမှ မဖုံးကွယ်နိုင်ကြောင်း သိသည့်အတွက် ခါးသက်သက်နှင့် ပြုံးသည်။ “အနည်းဆုံးတော့ သတင်းဆိုးမကြားခင် သူ ပျော်ခဲ့ရတယ်။”

“တကယ်ပဲလား။” အစ်ဇဘယ်လာက တမင်တကာ အံ့အားသင့်သွားဟန် ပြသပြီး မေးလိုက်သည်။ “ဒီတော့ ရှင် အခု ပျော်လား။”

တစ်ယောက်နဲ့တစ်ယောက် ပြီးပြည့်စုံမယ့် လိုက်ဖက်မှု ဖြစ်တော့မယ့် ကိစ္စကောင်း တစ်ခုက အရေးပါတဲ့အခိုက်အတန့်မှာ ရပ်တန့်သွားတယ်။ ဘာပျော်စရာ ရှိလို့လဲ။

“ခင်ဗျား မသိတာမှတ်လို့။” ချန်လွေ့က ဒေါသဖြင့် ပြန်ဖြေသည်။ “တကယ်လို့ ဓားပြတစ်ယောက်က ခင်ဗျားကို သူ့မိန်းမ လုပ်မယ်ဆိုရင် ကျုပ် ပျော်မှာလား။”

ထိုကဲ့သို့ ဥပမာပေးသည်ကို မြင်သည့်အခါ အစ်ဇဘယ်လာက ပိုးဇာလွှားနောက်မှ ပန်းတစ်ပွင့်သဖွယ် အသာလေး ပြုံးလိုက်ပြီး မျက်လုံးများမှာ အလွန်ပင် ဆွဲဆောင်မှု ရှိနေသည်။ “ပျော်မှာပေါ့။ ရှင့်ကို ခြိမ်း‌ခြောက်မယ့် စိတ်ရှုပ်စရာမိန်းမ မရှိတော့ဘူးလေ။ ပြီးတော့လည်း ကျွန်မလို့ သာမန်လူတစ်ယောက်က တော်ဝင်မင်းသမီးရှီရာ၏ သဘာဝ မိန်းမလှကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။”

“ယောက်ျားတွေက လောဘကြီးတယ်။ ကျုပ်လိုမျိုး သာမန်ယောက်ျား တစ်ယောက်အနေနဲ့ သာမန်လူဖြစ်ဖြစ်၊ သဘာဝမိန်းမလှဖြစ်ဖြစ်၊ သူနဲ့ ပတ်သက်မိတာနဲ့ သူ့ကို ကျုပ် ရရမယ်။ ကျုပ်ကို ခြိမ်းခြောက်တဲ့ စိတ်ရှုပ်စရာ မိန်းမ ဖြစ်ပါစေ။” ချန်လွေ့က တမင်တကာကို “စိတ်ရှုပ်စရာ”ဟူသော စကားလုံးကို အသားပေး ပြောခဲ့သည်။ နီရို အဖြစ်အပျက်ကို ကြုံတွေ့ခဲ့ပြီးနောက် အစ်ဇဘယ်လာက ယခင်အတိုင်း ဆွဲဆောင်မှုရှိသော မိစ္ဆာထောင်ခြောက်ပန်းအဖြစ်သို့ ပြန်ပြောင်းသွားဟန် တူသည်။ သူ၏ တစ်ကိုယ်လုံးမှာ နတ်ဆိုးမလေးတစ်ယောက်၏ အဆင့်မြင့်ဗားရှင်းကဲ့သို့ ဖြစ်‌နေသည်။

သို့သော်လည်း ထိုကဲ့သို့ ပရောပရည်ပုံစံ၌ သူ့အရှေ့၌သာ ပြသလေသည်။

“ထင်ထားတဲ့အတိုင်း ယောက်ျားတွေက မတင်းတိမ်တတ်တဲ့ သတ္တဝါတွေပဲ။” အစ်ဇဘယ်လာက မက်မောဖွယ်ရာ မျက်လုံးများနှင့် မျက်တောင်ခတ်လိုက်ကို တိုးတိုးလေး ပြောသည်။ “အစကတော့ ဒီည လောကအဆုံးသတ် ကို ၁၂ခေါက်လောက် နားထောင်ချင်ခဲ့တာ။ ဒါပေမဲ့ အခုတော့ ဖြစ်နိုင်တော့မယ် မထင်ဘူး။ ဒီအတောအတွင်း အေးအေးဆေးဆေး နေရဖို့ ခက်လောက်တယ်။ ဒါပေမဲ့ ဒါတွေကို စုပြီးတော့ နောက်မှ စိတ်ကျေနပ်တဲ့အထိ တစ်ခါတည်း နားထောင်မယ်။”

ဒါဆိုရင် အဲဒါက အကြိမ်ရာထောင်ချီ မဖြစ်သွားဘူးလား။

အများကြီးပဲ။ ဒါကို လိင်ဆက်ဆံတာနဲ့ အစားထိုးလို့ ရနိုင်မလား။ ချန်လွေ့က စိတ်ထဲ၌ ရက်ရက်စက်စက် ပြောလိုက်သော်လည်း အပြင်၌ သူ မပြောရဲပေ။ ပြုံးဖြီးဖြီးနှင့်သာ သူ ပြောသည်။ “ကျုပ်တို့က ရင်းနှီးတယ်ဆိုတာ့ အသက်ရှင်ဖို့ လမ်းတစ်ခု ပေးပါလား။ ကျုပ်ကို တစ်ခါတည်း သေအောင် မရိုက်နဲ့။ ဖြည်းဖြည်းနှင့် မှန်မှန်က မှန်ကန်တဲ့ နည်းလမ်းပဲ။”

“ကျွန်မရဲ့ စိတ်အခြေအနေ အပေါ်မှာပဲ မူတည်တယ်....” မစ်-ရင်းနှီးက ညှို့ဓာတ်ဖြင့် မျက်လုံးမှိတ်ပြလိုက်ရာ တစ်စုံတစ်ယောက်က ရုတ်တရက် မခုခံနိုင်တော့ဘဲ အညံ့ခံလိုက်ရတော့သည်။

စနောက်ပြီးနောက် ချန်လွေ့၏ ကျနေသော စိတ်ဓာတ် အတော်လေး လျော့ပါးသွားပြီး တင်းမာနေသော အာရုံကြောများ ပြေလျော့သွားသည်။ အစ်ဇဘယ်လာက ၎င်းကို တမင်ပြုလုပ်ခဲ့ဖြစ်ကြောင်း သူ သိသည်။ မစ်-လျို့ဝှက် သတင်းအချက်အလက်က အမှန်တကယ်၌ နားလည်မှုရှိသော မိန်းမတစ်ယောက် ဖြစ်ပေသည်။

လက်ရှိတင်းမာသော အခြေအနေ၌ စိုးရိမ်မှုများနှင့် ဒေါသစိတ်တို့သည် အများပိုလုပ်ခြင်းသို့သာ ဦးတည်စေနိုင်သည်။ သူ စိတ်ကို ရှင်းရှင်းထားရပေမည်။

ခုနက ရှီရာ၏ အပြုအမူအရ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပြီ ဖြစ်သည့်အတွက် ချန်လွေ့က ကုန်ကြမ်းအရင်းအမြစ်များနှင့် စစ်ဘက်ရေးရာ၌ အစီရင်ခံစာကို အရေးတကြီး လိုအပ်နေလေသည်။

ထို့နောက်တွင် အမှောင်လသည် ဖော်ပြ၍မရသော စမ်းသပ်ချက်တစ်ခုနှင့် အမှန်တကယ် ရင်ဆိုင်ရတော့မည် ဖြစ်သည်။

ချန်လွေ့က လက်ထဲ၌ အသုံးပြုနိုင်သော အင်အားစုအားလုံးကို သေသေချာချာ တွက်ချက်ရန် လိုအပ်ပေမည်။ မူလအစီအစဉ်အတိုင်းဆိုလျှင် အမှောင်လ၏ တိုးတက်မှု အမြန်နှုန်းနှင့်အတူ မြို့တော်ကို အင်အားကုန်တိုက်ခိုက်နိုင်ရန်မှာ အနှေးနှင့်အမြန်သာ ဖြစ်သည်။ သူက အိုဆိုင်ဒန်၏ ထိန်းချုပ်မှုနှင့် အင်ပါယာတစ်ခုလုံးကိုပင် တစ်ဆင့်ချင်း တော်လှန်ရန် စဉ်းစားခဲ့သည်။ နောက်ဆုံး၌ ၁၀နှစ်အတွင်း ပြိုင်ဘက်ကို လုံးဝ အနိုင်ယူမည် ဖြစ်သည်။ ၎င်းမှာ ဆာရန်ဒီနှင့် အလောင်းအစား သဘောတူညီမှု အတွက် အကြောင်းရင်းလည်း ဖြစ်ပေသည်။

သို့သော်လည်း သဘာဝအတိုင်း ပြောင်းလဲမှုများမှာ လူသားများ ခန့်မှန်းနိုင်သည်ကို ကျော်လွန်နိုင်ပေသည်။ ထိုနေ့သည် ထင်ထားသည်ထက် ပိုမြန်မြန် ရောက်လာနိုင်၏။

ရှီရာ၏ မွေးနေ့ ဒုတိယနေ့တွင် တော်ဝင်မင်းသမီး ရှီရာက လှလှပပ ဝတ်စားထားပြီး ပြိုင်ကွင်းထဲရှိ သွေးနီမီးလျှံ ဗိုလ်ခြေ တိုက်ပွဲဘောလုံးပွဲကို တက်ရောက်ခဲ့သည်။ ပြည့်လျှံနေသော ပရိတ်သတ်ကို ကြည့်ရင်း ပြိုင်ပွဲမစတင်ခင် ရှီရာက သတင်းကောင်းအား ကြေညာခဲ့လေသည်။

ရှီရာသည် သွေးနီဗိုလ်ခြေ ဒုတိယခေါင်းဆောင်၊ အင်ပါယာအစောင့် ဒုတိယ ခေါင်းဆောင်နှင့် ဝတ်ရုံဂိုဏ်းခေါင်းဆောင်ဖြစ်သော အက်ဂ်ယောကို ကြင်ရာတော်အဖြစ် လက်ထပ်မည် ဖြစ်သည်။

ထိုသတင်းကောင်းက ပရိသတ်များကို အံ့အားသင့်သွားစေသည်။ လိပ်ပြာနီ နယ်မြေကို အနိုင်ယူခဲ့တဲ့ လျို့ဝှက်ဆန်းကြယ် သူရဲကောင်း အက်ဂ်ယောက တော်ဝင်မင်းသမီးရဲ့ ကြင်ရာတော် ဖြစ်လာတော့မယ်။

သူ့ကို လက်ထပ်သည်မှာ မင်းသမီး မဟုတ်ဘဲ သမီးရှင် ဗဟိုပြု လက်ထပ်ပွဲဖြစ်ကြောင်း သတိပြုသင့်ပေသည်။ ဆိုလိုသည်မှာ ၎င်းမှာ ရှီရာကို ဗဟိုပြုနေသော လက်ထပ်ခြင်းဖြစ်ပြီး အနာဂတ်၌ တော်ဝင်မင်းသမီး ဧကရီတစ်ယောက် ဖြစ်သည့်တိုင် အက်ဂ်ယောက လက်အောက်ခံ တစ်ယောက်သာ ဖြစ်နေမည် ဖြစ်သည်။

လူအများက “အက်ဂ်ယောသည် ဘယ်ဇီဘတ် တော်ဝင်မိသားစုက” ဟူသော ကောလာဟလများကို တွေးမိလိုက်ကြသည်။ ဤသို့ဆိုလျှင် အက်ဂ်ယောက အမှန်ပင် ဘယ်ဇီဘတ် တော်ဝင်မိသားစု၏ မျိုးဆက်သစ် သို့မဟုတ် ဆက်ခံသူ ဖြစ်သည့်တိုင် အမှောင်လသို့ ဝင်ရောက်ခြင်းက ဘယ်ဇီဘတ်မိသားစုသည် တော်ဝင်မင်းသမီးထံ အညံ့ခံခြင်းကို ကိုယ်စားပြုလေသည်။ သူက အမှောင်လအတွက် တော်ဝင်မင်းသမီးထံ အညံ့ခံခြင်း ဖြစ်သည်။ မြို့တော်မှ ရီဂျန့်ကို မဟုတ်ပေ။

၎င်းမှာ ရှီရာ၏ ဂုဏ်သတင်းနှင့် အမှောင်လ တစ်ခုလုံးကို တိုးမြှင့်စေနိုင်သော အရေးကြီးသောအရာတစ်ခု ဖြစ်သည်။

ထို့နောက် ရှီရာက အမှောင်လ လက်ရှိအခြေအနေနှင့် အနာဂတ် ဖွံ့ဖြိုးရေးအတွက် မဟာမူကြမ်းများအကြောင်းကို အမှောင်လစစ်တပ်အား သတိပေးရန်အတွက် စိတ်လှုပ်ရှားစရာ မိန့်ခွန်းတစ်ခု ပြောကြားခဲ့သည်။ “သတင်းကောင်း” အပြင် မကြာခင် အကောင်အထည်ဖော်တော့မည့် မူဝါဒများကိုလည်း ကြေညာခဲ့သည်။ ထိုမူဝါဒများမှာ အတော်လေး အကျိုးရှိရသည်။ အရာအားလုံး ချောချောမွေ့မွေ့ ဖြစ်သွားခဲ့လျှင် အမှောင်လမြို့သူ/သားများ ပိုမိုချမ်းသာလာပြီး မိသားစုများကလည်း ပိုမို အကျိုးများလာမည် ဖြစ်သည်။ ပရိသတ်များအားလုံး ကောင်းချီးသြဘာ ပေးလိုက်ကြသည်။

မြောက်မြားလှစွာသော သူများ၏ မျက်လုံးများ က မျက်နှာဖုံးနှင့် ဝတ်ရုံဝတ်ထားဆဲ ဖြစ်သော “ကံကောင်းသူ”ထံ လှည့်လိုက်သည်။ မည်သို့ပင် ဆိုစေကာမူ အမှောင်လ၏ ထိပ်တန်းမိန်းမလှ ဖြစ်သော တော်ဝင်မင်းသမီး ကဲ့သို့ ဇနီးတစ်ယောက် ရှိခြင်းမှာ မနာလိုစရာပင် ဖြစ်သည်။

ဒါပေမဲ့ ကျင့်ဝတ်တွေအရတော့ မင်းသမီးရှီရာ သူ့ကို မကြိုက်ဘူးဆိုရင် ယောက်ျားဖြစ်တဲ့သူက ခုတင်ပေါ်တောင် မတက်နိုင်ဘူး ထင်တယ်....

သူက ပရောပရည်လည်း လုပ်လို့ရမယ် မထင်ဘူး....

တော်တော်လေး သနားစရာကောင်းမယ့်ပုံပဲ...

ရှီရာက ထိုကိစ္စအား ချန်လွေ့နှင့် ကြိုတင် မဆွေးနွေးထားခဲ့သည့်အတွက် ထိုဆုံးဖြတ်ချက်က ချန်လွေ့ကိုလည်း အံ့အားသင့်သွားစေခဲ့သည်။ ထို “သမီးရှင်ဗဟိုပြု လက်ထပ်ပွဲ”မှာ တော်ဝင်မင်းသမီး၏ တကိုယ်ကောင်းဆန်မှုလည်း ပါဝင်နေသည်။ သို့မဟုတ် ၎င်းကို သူတို့၏ပတ်သက်မှုအား “လူပုံအလယ်” ဖွင့်ပြောခြင်းဟုလည်း ယူဆ၍ ရနိုင်ပေသည်။

လူအများ၏မျက်လုံးများကို ဂရုမစိုက်နေသော မင်းသမီးကိုကြည့်ရင်း ချန်လွေ့၏ စိတ်ထဲ၌ မျက်နှာဖုံးနောက်ကွယ်မှ နူးညံ့ပြီး လှပသောမျက်နှာတစ်ခု ပေါ်လာသည်။

အနည်းဆုံးတော့ ငါ့မှာ သူနဲ့ မျက်နှာဖုံးချွတ်ထားတဲ့ အခိုက်အတန့်တစ်ခု ရှိခဲ့တယ်။ ငါ ကျေနပ်ပါပြီ....

ချန်လွေ့က ဘယ်လက်သန်းကြွယ်တွင် ဝတ်ထားသော “အမှောင်ဆန္ဒ”ကို ညာလက်ဖြင့် အသာအယာ ပွတ်သပ်လိုက်သည်။

ဒါဆိုလည်း ငါ သူ့ဘေးနားမှာ နေပြီးတော့ တစ်သက်လုံး ကာကွယ်ပေးမယ်။

အရင်က ကတိပေးထားသလိုပေါ့။

All Chapters