← Chapters

အိမ်

Vol. 33 Ch. 494

အိမ်

Vol. 33 Ch. 494

အမှောင်လနယ်မြေတစ်ခုလုံးက တော်ဝင်မင်းသမီး၏ လက်ထပ်ပွဲအကြောင်း ဆွေးနွေးနေကြစဉ် မင်းသမီး၏ ကြင်ရာတော် ဖြစ်လာရန် ကံကောင်းခဲ့သူက ပြင်းထန်သော စစ်မေးခြင်းကို ခံနေရလေသည်။

“တော်တော်လေး ဂုဏ်ယူနေတယ်ပေါ့။ ဟုတ်လား။” ပထမဆုံး ခုန်ထွက်လာသူမှာ တံခါးပိတ်လေ့ကျင့်ပြီးသွားသော ရိုမန်ပင် ဖြစ်၏။

အမွေအနှစ်ကျောက်တုံးအစွမ်းကို အမှီပြုပြီး ရိုမန်က တစ်ဝက်-ပိုင်နက်ကို နားလည်သွားကာ နတ်ဆိုးဧကရာဇ်အဆင့် အလတ်ပိုင်းသို့ ‌အောင်အောင်မြင်မြင် ရောက်ရှိသွားခဲ့သည်။ ၎င်းကို နတ်ဆိုးအရှင်သခင်အဆင့်စွမ်းအားရှိသော အစ်ဇဘယ်လာ၏အဖေ၊ ရိုမန်၏အဖိုးဖြစ်သူ တာရပ်စ်က ချန်ရစ်ခဲ့ခြင်း ဖြစ်သည်။ ထိုအမွေအနှစ်ကျောက်တုံးကို သူမသေခင်၌ သူ၏ တစ်သက်တာလုံး စွမ်းအားများဖြင့် ဖန်တီးခဲ့၏။ ၎င်းသည် ရိုမန်အား တစ်ဝက်-နတ်ဆိုးအရှင်သခင် အဆင့်သို့ ချက်ချင်း ရောက်စေနိုင်သော်လည်း သူ၏ခန္ဓာကိုယ်ထဲရှိ အပေါင်းအဖော်သားရဲ မိစ္ဆာမျက်လုံးဘုရင်နှင့် စွမ်းအား မျှဝေရခြင်းကြောင့် နတ်ဆိုးဧကရာဇ်အဆင့် အလတ်ပိုင်းသို့သာ ရောက်ရှိခဲ့လေသည်။

နတ်ဆိုးဧကရာဇ်အဆင့် အလတ်ပိုင်းဖြစ်သော ရိုမန်နှင့် ကြောက်မက်ဖွယ်ရာ စိတ်ဝိညာဉ် ပါရမီကို ပိုင်ဆိုင်ထားသော မိစ္ဆာမျက်လုံးဘုရင်တို့သည် နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းမှ မည်သည့် ပြိုင်ဘက်ကိုမဆို ယှဉ်ပြိုင်နိုင်ပေသည်။

ချန်လွေ့က ဆာ-ခေါင်းဆောင်အား “သစ္စာဖောက်”ခဲ့သော သစ္စာဖောက်အားကြည့်ပြီး အခြေအနေ ပို‌ဆိုးစေရန်အတွက် ခုန်ထလိုက်သည်။ သူက ရိုမန်၏ပါးစပ်ထဲသို့ ရွှံ့များ လောင်းထည့်ချင်ခဲ့သည်။ သို့သော်လည်း ခုံသမာဓိအဖွဲ့အပြည့်နှင့် ရင်ဆိုင်နေရသည့်အတွက် သူ စိတ်လိုက်မာန်ပါ မလုပ်ရဲပေ။

အမှန်တကယ်၌ ယခုလက်ရှိ အရေးပေါ် အခြေအနေကြောင့် ရှီရာသည် ကိုယ်ရေးကိုယ်တာ ကိစ္စများကြောင့် အနှောင့်အယှက်ဖြစ်ရန် အချိန်မရှိပေ။ လက်ထပ်ပွဲ ကြေညာပြီးနောက် သူက ချန်လွေ့အား အလုပ်ကိစ္စများမှလွဲ၍ ရှောင်နေခဲ့သည်။ ဆာ-ကြင်ရာတော် ဆိုသည်မှာ အမည်ခံမျှသာ ဖြစ်ပေသည်။

“သူက လက်ထပ်ရတော့မှာလေ။ ဂုဏ်ယူမှာပေါ့။” ထောက်ခံသူမှာ သစ္စာမရှိသော ဘဲခေါင်းနဂါး ဖြစ်သည်။ ၎င်းသည် လုံးဝကို မနာလိုခြင်းသာ ဖြစ်၏။ ထို့အတွက် ယခင်တစ်ခေါက်က ပိုက်ဆံအိတ်ဖြင့် အကွက်ဆင်ခဲ့ခြင်းမှာ ညင်သာလွန်းခဲ့သည်ဟု ချန်လွေ့ ခံစားမိသွားရသည်။

“ လက်ထပ်တာက စားလို့ရလား။” ဖရိုဖရဲထဲ ဝင်ရောက်လာသည်မှာ အမှန်တကယ် ကြောင်တောင်တောင်‌ဖြစ်နေသော မစ်-ကပ်စေးနဲ ဖြစ်လေ၏။

“တော်လောက်ပြီ။ ပီတိတွေ ဖြစ်မနေနဲ့တြော။” ဒေလီယာ မျက်မှောင်ကြုတ်ပြီး ချန်လွေ့ကို ကြည့်သည်။ “ခေါင်းဆောင်။ ဒီက လူတွေအားလုံး ကျွန်မတို့လူတွေပဲ။ ဒါ‌ကြောင့် ရှင်းရှင်းလင်းလင်းပဲ ပြောမယ်။ ရှင်က တော်ဝင်မင်းသမီးနဲ့ ထူးခြားတဲ့ ဆက်ဆံရေးရှိတာကို ကျွန်မတို့အားလုံး သိတယ်။ သူ လက်ထပ်ပွဲ တရားဝင် ကြေညာလိုက်တာက ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ပစ်ချင်လို့ပဲ။ ရှင်တို့ရဲ့ လက်ထပ်ပွဲနေ့က မြို့တော်ပြဿနာ မပြီးမချင်း ဖြစ်လာမှာ မဟုတ်ဘူး။ ဒါပေမဲ့ အခု‌ဆိုရင် အက်ဂ်ယောက ရှီရာရဲ့ ကြင်ရာလောင်း ‌ဆိုတာ လူတိုင်း သိနေကြပြီ။ ဒီတော့ ကျွန်မ မေးချင်တာက အသီနာ၊ ခီရာနဲ့ ဇိုလာတို့ကရော....”

ချန်လွေ့က စိတ်ထဲ၌ နောက်ထပ် စကားတစ်ခွန်း ထပ်ဖြည့်လိုက်သည်။ ပြီးတော့ အဝေးက ဧကရီတစ်ပါးနဲ့ တစ်ယောက်ယောက်ရဲ့ ဒေါ်လေး...

ကတ်သရင်းမှာ နံပါတ်(၁) မိန်းမလှဖြစ်ပြီး ချန်လွေ့၏ ပထမဆုံး မိန်းမလည်း ဖြစ်သည်။ သူ၏ မသိစိတ်ထဲ၌ ထိုဧကရီကို ပိုင်ဆိုင်ချင်စိတ် ပြင်းပြနေခဲ့သည်။ အရေးကြီးဆုံးမှာ ကတ်သရင်းကလည်း သူ့အပေါ်၌ ခံစားချက် ရှိနေခြင်းပင်။ သို့သော်လည်း ကတ်သရင်း၏ နှလုံးသားထဲ၌ အင်ပါယာအတွက် စွဲလမ်းမှု ပိုများနေ၏။

မိမိအတွက် အသက်ကို နှစ်ခါ စတေးခဲ့သော မိန်းမတစ်ယောက်ဖြစ်သည့် အစ်ဇဘယ်လာ အတွက်ကိုမူ ယောက်ျားတစ်ယောက် အနေဖြင့် ရှင်းပြစရာ မလိုတော့ပေ။

ချန်လွေ့က မိမိအား မျက်လုံးပြူးလျက် ကြည့်နေသော ဗိုလ်ချုပ်မလေးကို ကြည့်ပြီးနောက် ဝမ်းနည်းသော မျက်နှာနှင့် ကောင်မလေးကို ကြည့်သည်။ ထို့နောက် မည်သည်ကိုမှ နားမလည်ဟန်တူသော ဟန်ဆောင် ငေးငိုင်နေသည့် သိပ္ပံပညာရှင်မလေးကို ကြည့်သည်။ ထို၃ယောက်မှာ ချန်လွေ့ အမြတ်နိုးရဆုံး အမျိုးသမီးများ ဖြစ်ကြပြီး သူ၏အသက်နှင့် ကာကွယ်ရန် သစ္စာဆိုထားသော လက်တွဲဖော်များ ဖြစ်ကြသည်။ သူက တစ်ယောက်နှင့်မျှ ကတိပေးရန် မလိုအပ်သော်လည်း တာဝန်သိသော ယောက်ျားတစ်ယောက်အ‌‌နေဖြင့် သူတို့အား ထိုကတိကို ပေးရပေမည်။

ဆိုးရွားသော လောကကူးပြောင်းခြင်းနှင့် နတ်ဆိုးဘုံ၏ ဆိုးရွားသော မယားပြိုင်ယူသည့် ဓလေ့၊ စီစီတီဗီ၊ အမ်တီဗီနှင့် အခြားဗီ အားလုံးတို့ကြောင့် သူ့ကဲ့သို့ အရှုံးသမား အိုတာခုတစ်ယောက်ကို အချင်းချင်း ချစ်မြတ်နိုးကြသော အထူးနတ်ဘုရားမများ ရှိနိုင်စေခဲ့သည်။ အခြားလောက၌ဆိုလျှင် ၎င်းမှာ စိတ်ကူးယဉ်မျှသာ ဖြစ်ပေသည်။

ချန်လွေ့၏မျက်နှာပေါ်၌ နွေးထွေးသော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ “အမှောင်လရဲ့ ပြဿနာတွေကို ဖြေရှင်းပြီးသွားရင် မိသားစုတစ်ခု စနစ်တကျ ဖွဲ့စည်းပြီး အချိန်ရောက်ပြီထင်တယ်။”

ဟုတ်တယ်။ စနစ်တကျနဲ့ အသိအမှတ်ပြုတဲ့ မိသားစုတစ်ခု။

ထို့နောက် ချန်လွေ့က ထိုအမျိုးသမီး သုံးယောက်ထံ လမ်းလျှောက်လာပြီး ဦးညွှတ်လိုက်သည်။ “ဒီအမျိုးသမီး သုံးယောက်က ကျုပ်လို လူသားတစ်ယောက်နဲ့ လက်ထပ်၊ကလေးမွေးပြီး တစ်သက်လုံး မခွဲဘဲ အတူတူနေချင်လား မသိဘူး။”

အမှန်တကယ်၌ အသီနာသည် ဟိုးကတည်းက ချန်လွေ့၏လက်စွပ်ကို လက်ခံပြီး မိမိ၏ ခံစားချက်များကို ဖော်ပြခဲ့သည်။ ယခုတွင် ချန်လွေ့ ထိုကဲ့သို့ လူသိရှင်ကြား ထုတ်ပြောသည်ကို ကြားသည့်အခါ အလွန်ပင် ပျော်ရွှင်သွားခဲ့သေးသည်။ သူ ရှက်သွားပြီး ချန်လွေ့၏ မြတ်နိုးစိတ် ပြသနေသော အကြည့်ကို စိုက်ကြည့်ကာ ခေါင်းညိတ်သည်။ ကတ်သရင်းက ချန်လွေ့၏ ပထမဆုံးမိန်းမ ဖြစ်သော်လည်း အသီနာမှာ သူ၏ ပထမဆုံးချစ်သူ ဖြစ်သည်။ ယခုအချိန်အထိ အသီနာသည် ချန်လွေ့၏ အရေးအကြီးဆုံးနှင့် အစားထိုးမရနိုင်သည့် အမျိုးသမီးတစ်ယောက် ဖြစ်နေသေးသည်။

ဆွဲဆောင်မှုရှိသောကောင်မလေး ခီရာက လူဆိုးကြီးတစ်ယောက်ကို လက်ထပ်ရလျှင်ပင် ဇနီးကြီးနောက်သို့ သေသည်ထိလိုက်မည့် သစ္စာရှိပုံစံမျိုး ပြသခဲ့သည်။ သူ၏ အသီနာ၏ လက်မောင်းကိုဖက်ပြီး မျက်လုံးများ အနည်းငယ် နီမြန်းနေခဲ့သည်။ အမေ မြင်နေရလား။ ခီရာက ဒီလူရဲ့ ဂရုစိုက်မှုအောက်မှာ ပျော်ပျော်ရွှင်ရွှင် နေရမှာ။ အမေ ပျော်မယ်မဟုတ်လား။

မစ်-နတ်မိမယ်နဂါးက ငေးငိုင်နေဆဲ ဖြစ်သည်။ ဟန်ဆောင်ငေးငိုင်နေသော မျက်မှန်နောက်ကွယ်၌ သူ၏ ခရမ်းရောင် မျက်လုံးများက ဖော်ပြ၍မရသော ပျော်ရွှင်မှုများ၊ စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေခဲ့သည်။ နဂါးများအတွက် လက်ထပ်ခြင်းမှာ လေးနက်ပြီး အထွတ်အမြတ်ထားစရာ ဖြစ်သည်။ သက်တန့်တောင်ကြား၌ မတော်တဆ ဖြစ်ပြီးနောက် ချန်လွေ့က နဂါးများ၏ ပိုးပန်းသောဓလေ့၌ ဇိုလာမငြင်းနိုင်သော ရှေးမှော်စာ ကျောက်ပြားများ ထုတ်ပြခဲ့သည်။ ၎င်းမှာ လက်ထပ်ခွင့် တောင်းခံခြင်းနှင့် ညီမျှသည်။ သို့သော်လည်း ၎င်းသည် ချန်လွေ့၏ ကြံရာမရ လုပ်ရပ် သို့မဟုတ် အတင်းလုပ်ယူခဲ့ရကြောင်း မစ်-နတ်မိမယ်နဂါး သိပေသည်။

ကံကြမ္မာမှာ ‌အတော်လေး မယုံကြည်နိုင်စရာ ကောင်းပေသည်။ နဂါးများက သက်တမ်းရှည်လျားသည့်အတွက် ယခင်ကနှင့် ယခုအထိအချိန်မှာ မျက်စိတစ်မှိတ်မျှသာ ဖြစ်သည်။ သို့သော်လည်း ထိုမျက်စိ “တစ်မှိတ်” တွင် မစ်-နတ်မိမယ်နဂါး တစ်သက်လုံး မေ့တော့မည် မဟုတ်သော အဖြစ်အပျက်များ ဖြစ်ပွားခဲ့သည်။ ၎င်းတို့တွင် ရယ်သံများ၊ နာကျင်မှုများနှင့် မျက်ရည်များ ပါဝင်ပြီး .... အချိန်တချို့တွင် ထိုမယုံနိုင်စရာ ခံစားချက်က သူ၏နှလုံးသားထဲ၌ နက်နက်ရှိုင်းရှိုင်း စွဲကပ်နေခဲ့သည်။ မရှင်းလင်းသော်လည်း ဇိုလာက ထိုလူနှင့် ယခုဘဝ၌ အတူတူရှိချင်ကြောင်း မျှော်လင့်နေသည်မှာ သေချာပေသည်။

“အိုး..”

သူက အကျင့်အတိုင်း စကားတစ်လုံးဖြင့်သာ တုံ့ပြန်ခဲ့သော်လည်း တစ်သက်လုံး မခွဲခွာဘဲ အချင်းချင်း မှီခိုချင်သော ရည်ရွယ်ချက်ကို ချန်လွေ့ သေသေချာချာ ခံစားမိနေသည်။ ချန်လွေ့၏ ရင်ထဲ နွေးထွေးသွားပြီး ဇိုလာကို ခေါင်းညိတ်ပြသည်။

“ခဏနေပါဦး။ ဇိုလာ။” ခရိုဘဲလက်စ်က ပြောသည်။ သူ၏ တရားရှုမှတ် လေ့ကျင့်ခြင်းမှာ ယမန်နေ့မှသာ ပြီးဆုံးသွားခဲ့သည်။ သူက မှော်ပညာ၌ အတော်လေး တိုးတက်လာ၏။ သူက နယ်ပယ်အသေးလေးသို့ အဆင့်မတက် သွားသော်လည်း အတော်လေး နီးစပ်နေလေပြီ။ ထိုပါးလွှာသော အတားအဆီးကို ချိုးဖောက်ရန်အတွက် အခွင့်အရေး တစ်ခုကိုသာ ရယူရန် လိုအပ်တော့သည်။

မစ်-မြနဂါးနှင့် မစ်-နတ်မိမယ်နဂါးတို့က နဂါးများဖြစ်ကြပြီး ဟိုးကတည်းက ရန်လိုမှုမှ ရင်းနှီးသော မိတ်ဆွေများ ဖြစ်လာကြခြင်း ဖြစ်သည်။ အစ်ဇဘယ်လာပြီးလျှင် မစ်-ဘက်တီ၏ အကောင်းဆုံးမိတ်ဆွေမှာ ဇိုလာသာ ဖြစ်သည်။ ဇိုလာ အလျင်အမြန် သဘောတူလိုက်ကြောင်း မြင်သည့်အခါ မစ်-ဘက်တီ စိုးရိမ်သွားပြီး လွှတ်ခနဲ ပြောလိုက်၏။ “လက်ထပ်ပြီးရင် ပိုင်ဆိုင်မှုတွေ ခွဲဝေဖို့ အကြောင်းတောင် နင် မပြောဘဲနဲ့ သဘောတူလိုက်တာလား။ ဘယ်လိုပဲဖြစ်ဖြစ် လက်ဖွဲ့အနေနဲ့ ပိုက်ဆံအပုံလိုက်ကြီးတော့ တောင်းသင့်တယ်လေ။”

“အိုး” 

ဇိုလာ ဂရုမစိုက်သည်မှာ အသေအချာပင် ဖြစ်၏။

ဇိုလာ၏အမြင်၌ အသိပညာမှာ တန်ဖိုးအရှိဆုံး ရတနာ ဖြစ်သည်။ ထိုသူက မိမိအား ရှေးမှော်စာ ကျောက်ပြားအားလုံး စုစည်းပေးရာ၌ ကူညီခဲ့သည်။ ထို့ပြင် ထိုသူပေးခဲ့သော အဆောင်ပစ္စည်းများ၊ ဆေးရည်မည်းများ နှင့် မိစ္ဆာသစ်သီးများ အားလုံးမှာ အဖိုးမဖြတ်နိုင်ပေ။ အရေးကြီးဆုံးမှာ ထိုပစ္စည်းများ၏တန်ဖိုး မဟုတ်ဘဲ မိမိအပေါ် ထိုသူ၏ စစ်မှန်သော မြတ်နိုးမှုပင် ဖြစ်လေသည်။ ချစ်မိသွားသော မိန်းမတစ်ယောက်အဖြစ် မည်သည်ကမှ ပို၍ တန်ဖိုးမရှိတော့ပေ။

မှော်ပညာနှင့် သုတေသန၌သာ တစ်ဘဝလုံး မြှုပ်နှံထားခဲ့သော မစ်-နတ်မိမယ်နဂါးသည် မြင်နေကျ နဂါးများထက် ပို၍ရိုးရှင်းလှသည်။

“ပိုက်‌ဆံတွေ အပုံလိုက်ကြီးလား။” ပိုက်‌ဆံနှင့် ပတ်သက်လျှင် အလွန်အမင်း အာရုံခံကောင်းသည့် ရိုးအသော မစ်-ကပ်စေးနဲက ၎င်းကို ရုတ်တရက် ကြားသွား၏။ “လက်ထပ်တာက ဒီလိုမျိုးပေါ့။”

မစ်-ကပ်စေးနဲက ငတုံးတစ်ယောက် မဟုတ်ပေ။ အမှောင်လ၌ အချိန်အတော်ကြာ ရှိနေပြီးနောက် ထိုအလုပ်ရှင်၏ ကြွယ်ဝမှုမှာ သူထင်ထားသည်ထက် များပြားကြောင်း သိသွားခဲ့သည်။ သူက နတ်ဆိုးဘုံမှာ အချမ်းသာဆုံးလို့ ပါ့ဂ်လီအိုပြောတာ ကြာဖူးတယ်။

ဒါဆို သူ့မှာ သလင်းကျောက်နက်ဒင်္ဂါး ၁၀ သိန်း ရှိတာလား။ ဒါမှမဟုတ်... ၁၀ သန်းလား။

၎င်းကိုစဉ်းစားပြီးနောက် မစ်-ကပ်စေးနဲ၏ မျက်လုံးဝိုင်းဝိုင်းက အရောင်တောက်နေသည့် သလင်းကျောက်နက် ဒင်္ဂါများအဖြစ် ရုတ်တရက် ပြောင်းလဲသွားကာ ရှေ့သို့ ခါးကိုင်းလိုက်သည်။ “ငါလည်း စားချင်တယ်။ မဟုတ်ဘူး။ ငါလည်းနင့်ကို လက်ထပ်ချင်တယ်။”

ထိုစကားထွက်လာသည်နှင့် အမျိုးသမီးများ၏ မျက်လုံးများက ရုတ်တရက် အန္တရာယ်ရှိသော အမူအရာများ ပြသလိုက်ကြသည်။ ၎င်းသည် တစ်စုံတစ်ယောက်အတွက် သတိပေးခြင်းနှင့် ပိုတူနေသည်။

ရိုမန်က ဟန်လုပ်ရင်း နောက်သို့ ခြေ၃လှမ်းဆုတ်ပြီး မျက်နှာဖြူဖျော့လျက် ချန်လွေ့ကို လက်ညှိုးထိုးလိုက်သည်။ “ခေါင်းဆောင်။ မင်း...မင်းက တကယ့်ကို တိရစ္ဆာပဲ။ နောက်ထပ် တစ်ယောက်...”

ထိုသူအတွက် အံ့အားသင့်စွာပင် အဘိုးကြီး ပါ့ဂ်လီအိုက သူ့ကို မထောက်ခံခဲ့ပေ။ သူက ချန်လွေ့အား စိုက်ကြည့်၍သာနေခဲ့သည်။ ယခင်နေ့ရက်များ၌ ဆရာသခင် အဆိပ်နဂါးက မစ်-နဂါးနက်၏ အကြီးမားဆုံး ဒုက္ခသည် ဖြစ်ခဲ့ဟန် တူသည်။ ထို့ကြောင့် သူက အိုလီဖီးရက်စ်အား ပစ်မှတ်ပြောင်းစေချင်ခဲ့၏။

ချန်လွေ့က ပိုက်‌ဆံကို စွဲလမ်းနေသော မစ်-ကပ်စေးနဲအား လျစ်လျူရှုကာ နောက်လှည့်ပြီး ပြောသည်။ “ဒေလီယာ။ အရင်တစ်ခေါက် အမှောင်နတ်ဆိုး ဌာနချုပ်မှာ ငါမင်းကို ပြောခဲ့တာက အကျုံးဝင်သေးလား။”

ဒေလီယာ အံ့အားသင့်သွားသော်လည်း မှတ်ဉာဏ်ကောင်းသည့်အတွက် ချက်ချင်း သတိရလိုက်သည်။ “‌မိန်းမလိုက်ရှုပ်နေတဲ့ မျိုးမစစ်ကောင် တစ်ယောက်ကို ကျွန်မကိုယ်စား ရိုက်နှက်ဖို့ ခေါင်းဆောင်ပြောခဲ့တာမလား။ဒါပေါ့။ အကျုံးဝင်နေသေးတယ်။”

“တကယ်ကြီးလား။ အဲဒီ ‌မျိုးမစစ်ကောင် ဘယ်မှာလဲ။ ငါလည်း ကူညီပေးမယ်။” ရိုမန်က ချက်ချင်းပင် လိပ်ပြာမလုံလျက် ပြောသည်။ သူ၏အသံမှာ ပို၍ပင် တိုးသွားခဲ့လေသည်။

“မင်း ကူညီချင်ရင် ငြိမ်ငြိမ်လေး ရပ်နေလိုက်။ ခွေးကောင်။” ချန်လွေ့က ကြောက်မက်ဖွယ် ကောင်းလောက်အောင် ပြုံးဖြီးဖြီးလုပ်ရင်း ရိုမန်ထံ လမ်းလျှောက်လာသည်။

ရုတ်တရက် ရိုမန်က နတ်ဆိုးဧကရာဇ်အဆင့် အလတ်ပိုင်း အငွေ့အသက်ကို ထုတ်လွှတ်လိုက်သည်။ “ခေါင်းဆောင်။ မင်း အသွင်းပြောင်းတဲ့ ပညာရပ်မသုံးရင် ငါ့ရဲ့ပြိုင်ဘက် မဟုတ်....”

သူ အငွေ့အသက်ကို အပြည့်အဝ မထုတ်နိုင်ခင်မှာပင် စိတိဝိညာဉ်စွမ်းအား တစ်ခုခုဖြင့် ချုပ်နှောင်ခံလိုက်ရသကဲ့သို့ပင် ခန္ဓာကိုယ် တင်းကြပ်သွားကြောင်း ခံစားလိုက်ရသည်။ နတ်‌ဆိုးဧကရာဇ်အဆင့် အလတ်ပိုင်း စွမ်းအားဖြင့်ပင် သူ မလှုပ်ရှားနိုင်ခဲ့ပေ။ သူ ထိတ်လန့်သွား၏။ သူ၏ ဘယ်မျက်လုံးက ရွှေရောင်တောက်သွားသည်။ ၎င်းသည် တစ်သက်သာ သားရဲအဖော်ဖြစ်‌သော မိစ္ဆာမျက်လုံးဘုရင်၏ စိတ်ဝိညာဉ်နှင့် ပေါင်းစပ်နေပြီး ဖြစ်သည်။ သို့သော်လည်း သူ မရုန်းထွက်နိုင်သေးပေ။ ဆာ-တူလေးက နောက်ဆုံး၌ တုံ့ပြန်ပြီး အော်ခေါ်လိုက်တော့သည်။ “ဇိုလာ...”

“ဘာလဲ။”

မစ်-နတ်မိမယ်နဂါး၏ ဟန်ဆောင်ငေးငိုင်ခြင်းနှင့် ရင်ဆိုင်ရသည့်အခါ ရိုမန် ငိုချင်သွားသည်။ သူ၏ နတ်ဆိုးဧကရာဇ်အဆင့် အလတ်ပိုင်းစွမ်းအားနှင့် နတ်‌ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းကိုပင် ယှဉ်နိုင်သော တိုက်ခိုက်ရေးစွမ်းအားဖြင့်‌‌ဆိုလျှင် မည်သည့်နယ်မြေမဆို၌ လုပ်ချင်သလို လုပ်၍ရနိုင်သည်။ သို့သော်လည်း ဤနေရာတွင် ဇိုလာ၊ ပါ့ဂ်လီအို၊ ခရိုဘဲလက်စ်၊ အသွင်ပြောင်းနိုင်သော ဆာ-ခေါင်းဆောင်နှင့် နဂါးနက်မလေး အသစ်တစ်ယောက် ရှိနေသည်။ သူသည် ထိုသူတစ်ယောက်ကိုမျှ အာခံ၍မရပေ။ ထို့ပြင် ကျန်ရှိသော အားနည်းသူ ၃ယောက်ကိုလည်း အာခံ၍ မရနိုင်‌။ တစ်ယောက်မှာ သူ၏မိန်းမဖြစ်ပြီး နောက်နှစ်ယောက်မှာ သူ့မိန်းမ၏ အချစ်ဆုံး သူငယ်ချင်းများ ဖြစ်ကြသည်။ သူက နတ်ဆိုးအရှင်သခင်အဆင့်သို့ ရောက်သွားလျှင်ပင် သူ၏အဆင့်အတန်းမှာ အနိမ့်ဆုံး ဖြစ်နေဦးမည် ဖြစ်ပေသည်...

သူ့အောက်တွင် တစ်စုံတစ်ယောက်ကို ရှာဖွေရန် ခက်ခဲလွန်းလှသည်။ ဥပမာပြောရလျှင် နောက်ဖေးမှ နတ်မိစ္ဆာသားရဲသည် အမျိုးသမီးတိုင်းက ချစ်မြတ်နိုးကြသော “အိမ်မွေးတိရစ္ဆာန်” တစ်ကောင် ဖြစ်သည်။ သူက ထိုမြင်းကို အနိုင်ကျင့်ချင်လျှင် ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲနေရုံသာဖြစ်ပြီး ပျားအုံကို တုတ်နှင့်ထိုး သကဲ့သို့လည်း ဖြစ်နေပေလိမ့်မည်။

ပြုံးဖြီးဖြီးနှင့် ချဉ်းကပ်လာသော ဆာ-ဦးလေးကို ရင်ဆိုင်ရသည့်အခါ ရိုမန် မလှုပ်နိုင်တော့ဘဲ ခါးသက်သက် ဖြစ်နေသည်။ လိပ်ပြာနီနယ်မြေသို့ ရောက်နေသော ဒိုဒိုကို သူ ရုတ်တရက် အလွန်ပင် သတိရသွားခဲ့သည်....

နောက်ရက်များ၌ အမှောင်လနယ်မြေ တစ်ခုလုံးက ပျော်ရွှင်မြူးတူးသော အခြေအနေ၌ ရှိနေသည်။ ပြည်သူများကလည်း သက်သက်သာသာနှင့် နေနေကြပြီး တော်ဝင်မင်းသမီးနှင့် အက်ဂ်ယောကြားမှ အတင်းအဖျင်းများကို ရံဖန်ရံခါ ပြောကြလေသည်။ နောက်ဘက်၌ ပုန်းအောင်းနေသော လှိုင်းထန်မှုကို သူတို့ သတိမထားမိကြပေ။

သုံးလေးရက်ကြာပြီးမှသာ မြို့တော်မှ ဆက်သားသည် အမှောင်လသို့ ရောက်ရှိလာပြီး ပို၍ပင် ထိတ်လန့်စရာကောင်းသော သတင်းတစ်ခု ယူဆောင်လာခဲ့သည်။

မြို့တော်၏ ရီဂျန့် အိုဆိုင်ဒန်က အမှောင်လမှ တော်ဝင်မင်းသမီး ရှီရာကို လက်ထပ်ခွင့် တောင်းခြင်းပင်။

ထိုသတင်းမှာ အနည်းငယ် ‌ပြောင်းလဲသွား၏။ အမှောင်လမြို့သူ/သားများက ၎င်းကို ကြားသည့်အခါ အိမ်ရှေ့မင်းသား ဂါရမ်း၏ ပလ္လင်ကို လူယူခဲ့သော အိုဆိုင်ဒန်သည် သူ့တူတော်၏ သမီးတော်ဖြစ်သူ ရှီရာ၏ အလှအပကို တပ်မက်နေသည်ဟူ၍ ဖြစ်သွားခဲ့သည်။ ယခုတွင် တော်ဝင်မင်းသမီး ရှီရာက အက်ဂ်ယောအား ကြင်ရာတော်အဖြစ် ရွေးချယ်ခဲ့ကြောင့် ကြားသည့်အခါ ထီးနန်းကို လုယက်ခဲ့သောသူ့အား လက်ထပ်ရန် ရှီရာကို ခြိမ်းခြောက်လာခဲ့လေသည်။

အမှောင်လ၌ ရှီရာ၏ ဂုဏ်ဩဇာမှာ မြို့တော်မှ ထိန်းချုပ်ပြီး အရေးယူခဲ့စဉ်မှာပက် အမြဲ အလွန်အမင်း မြင့်မားနေခဲ့သည်။ ယခု အမှောင်လ ဖွံ့ဖြိုးတိုးတက်လာသောအခါ ရှီရာ၏ အာဏမှာ ပို၍ပင် ခိုင်မာလာသည်။ အမှောင်လမြို့သူ/သားများသာမက ကြယ်ကြွေတမန်အင်ပါယာမှ အခြားခေါင်းဆောင်များကပင် တော်ဝင်မင်းသမီးအား အင်ပါယာ၏ အုပ်ချုပ်သူ အလောင်းအလျာအဖြစ် သတ်မှတ်ထားခဲ့ကြသည်။

အိုဆိုင်ဒန်သည် အမှန်တကယ်ပင် အရှက်ခွဲရန်အတွက် ထိုကဲ့သို့ ဆိုးရွားလှသော နည်းလမ်းကို သုံးခဲ့သည်။ ထို့ပြင် ၎င်းမှာ ရှီရာနှင့် အက်ဂ်ယောတို့ သိပ်မကြာခင် လက်ထပ်တော့မည်ဟု လူသိရှင်ကြား ကြေညာခဲ့ပြီးသည့်အချိန်၌ ဖြစ်သည်။ ၎င်းမှာ လုံးဝကို သည်းမခံနိုင်စရာပင် ဖြစ်၏။

ထိုကဲ့သို့ အရှက်မဲ့သော တောင်းဆိုချက်နှင့် ရင်ဆိုင်ရသည့်အခါ ရှီရာက စကားနှစ်လုံးဖြင့်သာ ပြန်ဖြေသည်။ ထွက်သွား။

ထိုအဖြေမှာ အမှန်ပင် မနှစ်မြို့စရာ ဖြစ်သည်။ သို့သော်လည်း ယခုတွင် အလွန်ကြီးမားသော စမ်းသပ်ချက်တစ်ခု ရောက်ရှိလာတော့မည်ကို အမှောင်လမှလူတိုင်း နားလည်ကြလေသည်။

All Chapters