← Chapters

ဇာတ်ကွက်

Vol. 34 Ch. 503

ဇာတ်ကွက်

Vol. 34 Ch. 503

“သလင်းကျောက်နက်ဒင်္ဂါး ၁၀၀၀၀”က မည်သည်ကို ဆိုလိုကြောင်း ဇီတာ နားမလည်ပေ။ ထိုကောင်မလေး၏ အစွမ်းထက်သော လက်သီးချက်ကို ရင်ဆိုင် ရသည့်အခါ ဖော်ပြ၍မရသော အန္တရာယ်တစ်ခုကို ခံစားလိုက်မိသည်။ သူက မဟာနတ်ဆိုးများ၏ သွေးမျိုးဆက်ပါရမီကို အလျင်အမြန် အသက်သွင်းပြီး တယ်လီပို့ခုန်လိုက်ရာ ထိုလက်သီးချက်ကို ရှောင်ရုံသာ ရှောင်နိုင်ခဲ့သည်။

နတ်ဆိုးအရှင်သခင်အဆင့် စွမ်းအားနှင့် သူ၏ ပါရမီနှင့်အတူ အဝေးသို့ တယ်လီပို့ ခုန်လိုက်သော်လည်း ထိုကောင်မ‌လေး၏ အားကောင်းသော အာရုံခံမှုမှ မလွတ်မြောက် နိုင်ခဲ့ပေ။ သူက ချက်ချင်းပင် ဇီလာ တယ်လီပို့ခုန်မည့်နေရာကို တွက်ချပြီးနောက် လေထဲသို့ ခုန်လိုက်ကာ မျက်စိတစ်မှိတ်အတွင်းမှာပင် အကွာအဝေးကို နီးသွားစေခဲ့သည်။

ထိုမိုးပျံစွမ်းရည်က ဇီတာ၏ မျက်လုံးများကို တဖျပ်ဖျပ် လှုပ်သွားစေသည်။ သူ၏ လက်ထဲမှ မှော်တောင်ဝှေးက အားကောင်းသော လေမှော်လှိုင်းများကို ထုတ်လွှတ်လိုက်ပြီး အလွန်အမင်းအားကောင်းသော အပြာရောင် လျှပ်စီးတစ်ခုက ထိုကောင်မလေးကို ပစ်ချလိုက်သည်။

ထိုကောင်မလေးက ၎င်းကို မတွေ့သလိုမျိုးပင် မရှောင်ရှားခဲ့ပေ။ မည်သည့် ခုခံမှု ပစ္စည်းများ မသုံးခဲ့သလို ရှောင်လည်းမရှောင်ဘဲ လျှပ်စီးကို အပစ်ခံလိုက်၏။

“ဇက်....ဇက်.....ဇက်...”

လျှပ်စီးအကွေးများ ကြားထဲ၌ လေတိုက်သွားသကဲ့သို့ပင် ထိုကောင်မလေးက ခန္ဓာကိုယ်ပေါ်မှ ကျန်ရှိသော လျှပ်စီးမီးပွင့်များကို အသာလေး ခါလိုက်သည်။ သူက ဇီတာထံသို့ ယခင်အတိုင်းအမြန်နှုန်းဖြင့် ပျံသန်းလာလေသည်။

ဇီတာက သူ့မျက်လုံးကိုပင် မယုံနိုင်ခဲ့ပေ။ ဒီလျှပ်စီးက သာမန်လို့ ထင်ရတယ်။ ဒါပေမဲ့ ဒါက ငါဂုဏ်ယူရတဲ့ သုတေသနကနေ ရလာတဲ့ ဒြပ်ပေါင်းမှော်ပညာပဲ။ လျှပ်စီးအပြင်ကို သာမန်လျှပ်စီးမှော်ထက် သုံးလေးဆ ပိုအစွမ်းထက်တဲ့ ရေဒြပ်စင်ရဲ့ စွမ်းအားလည်း ပါဝင်တယ်။ အဆင့်တူတဲ့ ပုဂ္ဂိုလ်ဆောင် ဒါကို မရှောင်တိမ်းဘဲ ထိပ်တိုက် မရင်ဆိုင်နိုင်ဘူး။ ဒါပေမဲ့ ဒီကောင်မလေးက ဒီလိုလုပ်ခဲ့တယ်။

ထိုအချိန်၌ ဇီတာက မဟာနတ်ဆိုး၏ တယ်လီပို့ ပါရမီကို မသုံးနိုင်တော့သော်လည်း တယ်လီပို့မှော်ပညာ ရှိနေသေးသည်။ သူက အဝေးသို့ တယ်လီပို့ ခုန်လိုက်ပြန်သည်။ သူက ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ပြုလုပ်ပြီးသွားသောအခါ၌ နောက်ထပ်မှော်ပညာတစ်ခုကို အလျင်အမြန် အသုံးပြုလိုက်သည်။ အဖြူရောင်မြူများနှင့် ရောနှောနေသော အဆိပ်တိမ်တိုက်များ ထွက်လာပြီး ထိုကောင်မလေးကို လွှမ်းခြုံသွားသည်။

၎င်းမှာ “[ အဆိပ်တိမ်တိုက်]” နှင့် “[ ရေခဲပေါက်ကွဲခြင်း ]” မှော်ပညာနှစ်ခုကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။ ထိုကောင်မလေးက ဝတ်ထားသော ဝတ်ရုံ၌ စုတ်ပြဲရာ တစ်ခုမှမရှိဘဲ ပေါက်ကွဲနေသော အဆိပ်တိမ်တိုက်ကို အေးအေးဆေးဆေး ဖြတ်လျှောက် သွားလိုက်သည်။

ဇီတာ၏ ကျောဘက်တွင် ချွေးများ စိုနေပြီ ဖြစ်သည်။ သူက တိုက်ခိုက်ရေး မှော်ပညာကို မသုံးဘဲ တယ်လီပို့ ခုန်လိုက်ပြသည်။ ရန်သူ၏ စိတ်ကို နှောင့်ယှက်ရန် သူက အရှိန်လျှော့၊ အားနည်းခြင်း နှင့် ကျိန်စာပညာရပ်...အားလုံးကို သုံးကြည့်သည်။

ထိုကောင်မလေးက မှော်ပညာအားလုံးကို ယခင်အတိုင်းပင် အမာခံခဲ့သည်။ သို့သော်လည်း သူက ရန်သူ၏ အသုံးမဝင်သော တိုက်ခိုက်မှုများကို ငြီးငွေ့လာသည်။ သူက အကွာအဝေးကို တွက်ချက်ပြီး ဇီတာထံသို့ မျက်စိတစ်မှိတ်အတွင်း ရောက်လာကာ မျက်နှာကို လက်သီးဖြင့် ထိုးလိုက်သည်။ ဇီတာကို ထိုလက်သီးမထိခင်မှာပင် ကြောက်မက်ဖွယ်ရာလှိုင်းများက နေရာလွတ်ကို အနည်းငယ် ယိုယွင်းသွားစေသည်။ ထိုလက်သီးချက်၏ အမြန်နှုန်းနှင့် စွမ်းအားကို ကြည့်ခြင်းအားဖြင့် အားလျှော့ မှော်ပညာကြောင့် သက်ရောက်မှုမခံရကြောင်း မြင်နိုင်ပေသည်။ ဇီတာ ထိတ်လန့်သွား၏။ သူက ခုနက မှော်ပညာက အမြန်အသက်သွင်းခဲ့သည့်အတွက် တယ်လီပို့ မှော်ပညာ အသုံးပြုရန် နောက်ကျသွားလေပြီ။ ချက်ချင်းပင် သူက ခန္ဓာကိုယ်ပေါ်မှ မှော်ပစ္စည်းကို ထုရိုက်လိုက်ရာ သူ၏ခန္ဓာကိုယ် ပတ်ပတ်လည်၌ ဖောက်ထွင်းမြင်ရသော ဒိုင်းကာ အဝိုင်းတစ်ခု ချက်ချင်း ‌ပေါ်ထွက်လာ၏။

ထိုကောင်မလေး၏လက်သီးက ဒိုင်းကာကို ထိသွားရာ မူလ ဒိုင်းကာအဝိုင်းသည် အလွန်အမင်း ကြောက်မက်ဖွယ်ရာ ဖိအားအောက်တွင် ဘဲဥပုံ ပြောင်းသွားသည်။ ထို့နောက် ဇီတာ အပါအဝင် လွင့်ထွက်သွားခဲ့သည်။

ထိုဒိုင်းကာက လက်သီးကို ခုခံခဲ့သော်လည်း ဇီတာက မုန်တိုင်းထန်သော ပင်လယ်ထဲ ရောက်သွားပြီး အချိန်မရွေး ဖိခြေခံရနိုင်သကဲ့သို့ပင် ထိခိုက်မှုအချို့ ခံစားလိုက်ရသည်။ သူ၏နှာခေါင်းနှင့် ပါးစပ်တို့က ဖိအားကို မခံနိုင်တော့ဘဲ သွေးများ ယိုစီးလာလေသည်။

ဒိုင်းကာက ဖိအားအောက်တွင် မှော်စွမ်းအား အများအပြား ဆုံးရှုံးသွားခဲ့ပြီး နောက်ဆုံး၌ ဖတ်ခနဲ ပျောက်ကွယ်သွားတော့သည်။ ဇီတာက ဟန်ချက်ပျက်သွားရာ မြေပေါ်သို့ ပြုတ်ကျလုမတတ် ဖြစ်သွားပြီး သေခြင်းမှ လွတ်မြောက်လာသော ခံစားချက်မျိုး ရခဲ့၏။

မှော်ပညာနှင့် အစွမ်းထက် တိုက်ခိုက်ရေးစွမ်းအားတွေ ပြီးတာလား။ ဒါက လုံးဝကို မှော်ပညာရှင်အားလုံးရဲ့ ဝိပါက်ပဲ။ ငါ ဘယ်လိုလုပ် သူ့ကို တိုက်ခိုက်ရမှာလဲ။

ထိုကောင်မလေး ပြန်ရောက်လာသည်ကို မြင်သည့်အခါ ဇီတာ အလွန်ထိတ်လန့် သွားပြီး ဆာမိုအာကို ဂရုမစိုက်အားတော့ပေ။ သူ၏ ထူးခြားသော အလားအလာကို ဖောက်ခွဲထွက်ပြီး အပျံစွမ်းရည်ကို အစွမ်းကုန်သုံးတော့သည်။

“ထွက်ပြေးတာလား။ ငါ့ပိုက်ဆံကိုနုတ်မယ့် ဒီလှည့်ကွက်မျိုးကို လုံးဝ မခွင့်လွှတ်နိုင်ဘူး။” ကောင်မလေး၏အသံက ဇီတာနှင့်ပုံရိပ်နှင့်အတူ အလျင်အမြန် ရွေ့လျားသွားခဲ့သည်။ သူက အလွန်ကြီးမားသော အနက်ရောင် တိမ်တိုက်ကြီးတစ်ခု သဖွယ် ပြောင်းလဲသွားနောက် ကြောက်လန့်နေသော အော်သံတစ်ခု ပေါ်ထွက်လာ၏....

ဆာမိုအာက ၎င်းတို့ကို အာရုံစိုက်ချိန် မရှိပေ။ သူ၏အရှေ့တွင် မီးတောက်များ ဖုံးလွှမ်းနေသော ရန်သူတစ်ယောက် ရှိနေသည့်အတွက် မြင်းတပ်ခေါင်းဆောင်ကိုပင် တိုက်ခိုက်ရန် အခွင့်အရေး မရခဲ့ပေ။ တစ်ဖက်လူက ပိုင်နက်ကို အသုံးမပြုရသေးပေ။ သို့သော်လည်း စွမ်းအား အငွေ့အသက် တစ်ခုတည်းကပင် ဆာမိုအာ၏ ပိုင်နက်ကို တုန်လှုပ်သွားစေသည်။ ထိုသူမှာ အမှောင်လကို အညံ့ခံခဲ့သော နတ်ဆိုးအရှင်သခင်အဆင့် ဖြစ်သော တိုရိုမိသားစုအကြီးအကဲ ဗာနင်မ် ဖြစ်လေသည်။

ငါတော့သွားပြီ။ လုံးဝ ဒုက္ခရောက်ပြီ။ ငါတစ်ယောက်တည်း မဟုတ်ဘူး။ စစ်တပ်တစ်ခုလုံးပဲ။

ချစ်ချစ်တောက်ပူနေသော မီးတောက်က ဆာမိုအာ၏ ပိုင်နက်ကို တင်းတင်းကြပ်ကြပ် ရစ်ပတ်လိုက်ပြီး ထွက်ပြေးရန် မျှော်လင့်ချက် မရှိတော့ပေ။

အကြောင်းရင်းတချို့ကြောင့် ဆာမိုအာသည် ထိုညက လျို့ဝှက်ဆန်းကြယ်သော မြင်းတပ် ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့သော မြင်ကွင်းကို ရုတ်တရက် တွေးမိသွားသည်။ ယနေ့တွင် ရန်သူခေါင်းဆောင်က ဝတ်ရုံဝတ်ထားပြီး [ မှော်အရိပ်ချီတက်ခြင်း ] နှင့်ဆင်တူသော စွမ်းရည်ရှိသော်လည်း ထိုညကလူမှာ နက်စ်တာဖြစ်ကြောင်း သူ ခံစားမိနေသည်။

ယခုတွင် သူ ရှုံးနိမ့်သွားပြီ ဖြစ်သည့်အတွက် အမှန်တရားမှာ အရေးမကြီးတော့ပေ။

အနိုင်ရသူသာ အမှန် ဖြစ်၏။ ထိုမျှ ရိုးရှင်းပေသည်။

သူက လိပ်ပြာနီမြို့တော်သို့ ပြန်ပြေးသွားသည့်တိုင် ဗိုလ်ခြေတစ်ခုလုံး ချေမှုန်းခံရသော အရှုံးသမား ဗိုလ်ချုပ်သာ ဖြစ်နေပေလိမ့်မည်။ နက်စ်တာ အပြစ်ရှိမရှိ၊ အဓိပ္ပာယ် မရှိတော့ပေ။ အမှောင်လကို အညံ့ခံလျှင်နှင့် ကောင်းမွန်သော အဆုံးသတ် မရှိနိုင်ပေ။ သူနှင့် နက်စ်တာကြားမှ ပြဿနာကို အသာထား။ အမှောင်လသည် အနှေးနှင့်အမြန်ပင် မြို့တော်၏စွမ်းအားနှင့် ဖျက်ဆီးခံရပေလိမ့်မည်။

နတ်ဆိုးအရှင်သခင်အဆင့် မီးတောက်ထဲ၌ မိမိ၏ပိုင်နက်စွမ်းအား ပြိုလဲလုမတတ် ဖြစ်နေကြောင်း ဆာမိုအာ ခံစားမိလိုက်သည်။ သူက အကျဉ်းသားအဖြစ် အဖမ်းမခံချင်လျှင် နည်းလမ်းတစ်ခုသာ ကျန်တော့သည်။

ဆာမိုအာ၏မျက်နှာက ပြင်းထန်ပြီး ပြတ်သားသော အမူအရာ ပြသလိုက်ပြီး သူ၏ဘဝ၌ အကြီးမားဆုံးနှင့် နောက်ဆုံးသော ဆုံးဖြတ်ချက်ကို ချခဲ့သည်။ သူ၏ တစ်ကိုယ်လုံးကို ဖိနေသောအားများ ရုတ်တရက် သောင်းကြမ်းသွားပြီး အသစ်ပြန်ဖြစ်လာ သကဲ့သို့ ဖြစ်သွားသည်။ ထို့နောက် သူ၏သွေးကြောနှင့် ကြွက်သားများက ကြောက်မက်ဖွယ်ရာပုံစံဖြင့် ဖောင်းကားလာတော့သည်။

“ဝုန်း....”

တစ်ဖက်သတ်တိုက်ပွဲက အလျင်အမြန်ပင် ပြီးဆုံးသွားခဲ့သည်။ အသေအချာ လေ့ကျင့်ထားသော လက်ရွေးစင်စစ်သည် သုံးသောင်းနှင့် ခေါင်းဆောင်မရှိသော ပင်ပန်းနေသည့် စစ်သည် တစ်သောင်းတို့ တိုက်ခိုက်ကြရာ ရလာဒ်မှာ ထင်ထားသည့် အတိုင်းပင် ဖြစ်လေသည်။

ရက်အနည်းငယ် ကြာပြီးနောက် -

လိပ်ပြာနီမြို့ အပြင်ဘက် ညွန့်ပေါင်းစစ်တန်းလျား၌ -

အိုဆိုင်ဒန်က စစ်ရေးသတင်းပိုချက်ကို မျက်နှာဖြူဖျော့လျက် နားထောင်နေသည်။

ငရဲဟိုက်ဒြာဗိုလ်ခြေနှင့် နယ်မြေနှစ်ခုတို့၏ စစ်သည်စုစုပေါင်း ကိုးသောင်းလုံး ချေမှုန်းခံခဲ့ရသည်။

ငရဲဟိုက်ဒြာဗိုလ်ခြေ တပ်မှူး ဆာမိုအာ သေဆုံးသွားသည်။။

လော့ဒ်နှစ်ယောက် ဖြစ်သော ဆော်တာနှင့် ဂျို့ဇ်တို့ အဖမ်းခံလိုက်ရသည်။

ခါမွန်မိသားစုမှ အကြီးအကဲ နတ်ဆိုးအရှင်သခင် ဇီတာ အဖမ်းခံလိုက်ရသည်။

လိပ်ပြာနီနယ်မြေ၏ ဆက်ခံသူ ခါနီတာ သေဆုံးသွားသည်။

မှော်အရိပ်ဗိုလ်ခြေကို ဦးဆောင်ခဲ့သော တပ်မှူး နက်စ်တာက ရန်သူကို အညံ့ခံလိုက်သည်။

၎င်းမှာ လုံးဝရှုံးနိမ့်မှုကြီးပင် ဖြစ်သည်။ စစ်သည် ကိုးသောင်းမှာ ရှင်ကျန်သူ လုံးဝမရှိဘဲ အသတ်ခံလိုက်ရ၏။

ခဏအကြာ၌ အမှောင်လက ဖမ်းထားသော လော့ဒ်နှစ်ဦးနှင့် အကြီးအကဲ မိသားစုမှ နတ်ဆိုးအရှင်သခင်အဆင့်ကို ပြန်လွှတ်လိုက်သည်။ အမှောင်လကို သိမ်းပိုက်ရန်အတွက် လော့ဒ်များနှင့် အကြီးအကဲမိသားစုများအား အိုဆိုင်ဒန် ဖိအားပေး ခဲ့သည့်အတွက် သူ့ကို အမှောင်လ၏ အကြီးမားဆုံးရန်သူဖြစ်ကြောင်း လူသိရှင်ကြား ကြေညာခဲ့သည်။ သို့သော်လည်း အမှောင်လသည် အခြားနယ်မြေများ၊ အကြီးအကဲမိသားစုများနှင့် ပြဿနာ မရှိပေ။ အမှောင်လ၏ စိတ်ကောင်းကို ပြသရန်အတွက် ယခုတစ်ခေါက်တွင် အကျဉ်းသားများကို လွှတ်လိုက်သော်လည်း ထိုသို့ ထပ်ဖြစ်တော့မည် မဟုတ်ပေ။ အိုဆိုင်ဒန်၏ အာဏာရှင်ဆန်မှုကို ဆက်လက်ကူညီမည်ဆိုလျှင် အမှောင်လက ထပ်ပြီး မသက်ညှာတော့ပေ။ ဆာမိုအာ၏ အဆုံးသတ်မှာ ဥပမာတစ်ခု ဖြစ်ပေသည်။

အကျဉ်းသား သုံးယောက်ကို ပြန်လွှတ်ခဲ့သော်လည်း သူတို့ကို ထူးဆန်းသော အားတစ်ခုဖြင့် ချုပ်နှောင်ထား၏။ သူတို့က စွမ်းအားများ အသုံးပြု၍ မရကြပေ။

အိုဆိုင်ဒန်နှင့် လော့ဒ်များက တိုက်ပွဲ၌ ဖြစ်ခဲ့သည်များကို အကျဉ်းသား သုံးဦးထံမှ သိခဲ့ရသည်။ ထိုထဲတွင် နက်စ်တာက ဆာမိုအာ၏ ကိုယ်ရေးကိုယ်တာ လက်စားချေမှုကြောင့် “အကွက်ဆင်”ခံရပြီး ရန်သူထံ အတင်း အညံ့ခံလိုက်ရခြင်းလည်း ပါဝင်ပေသည်။

အကြောင်းရင်း တချို့ကြောင့် အမှန်တရားက အလျင်အမြန် ပျံ့နှံ့သွားသည်။ ခါနီတာ အသတ်ခံရခြင်း၊ လိပ်ပြာနီနယ်မြေ၌ မြို့တော်စစ်တပ်၏ အမျိုးမျိုးသော ယုတ်မာရက်စက်မှုများလည်း ပျံ့နှံ့သွားခဲ့သည်။ လိပ်ပြာနီနယ်မြေ တစ်ခုလုံး ဆွေးနွေး နေခဲ့လေသည်။ ရီဂျန့်အိုဆိုင်ဒန်က သူ့ရဲ့ သစ္စာရှိဗိုလ်ချုပ်ကို အတင်း ပုန်ကန်ခိုင်းပြီးတော့ လော့ဒ်ရဲ့ဆက်ခံသူကို ခါနီတာကို သတ်ခဲ့တဲ့ ဗီလိန်ကို နေရာပေးခဲ့တယ်။ မြို့တော်ရဲ့ စစ်တပ်က ရက်စက်ပြီးတော့ မလျော်ကန်ဘူး။ “ကျူးကျော်လာတဲ့” အမှောင်လလောက် မကောင်းဘူး။

လော့ဒ်အားလုံး အရှေ့၌ လိပ်ပြာနီ လော့ဒ်-ဂျို့ရှ်က အိုဆိုင်ဒန်အား သူ၏ဆက်ခံသူ ခါနီတာ သေဆုံးမှုအကြောင်းနှင့် မော်ဒိုမြို့၌ ငရဲဟိုက်ဒြာဗိုလ်ခြေ၏ အမျိုးမျိုးသော မတရားမှုများကို အော်ပြောခဲ့သည်။ ၎င်းက အိုဆိုင်ဒန်ကို ပို၍ပင် အရှက်ရသွားစေသည်။ သူက ဆာမိုအာ၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခဲ့သော အပိုင်းအစများကို ပြန်စုကာ အလောင်းအား ကြာပွတ်နှင့် ရိုက်ချင်စိတ်ပေါက်သွားသည်။ “အပြစ်ခံရသူ” ဂျို့ရှ်အတွက် အိုဆိုင်ဒန်က ခါနီတာ၏ စျာပနကို ကိုယ်တိုင်ကျင်းပပေးပြီး အင်ပါယာ၏ ရဲရင့်သော ဗိုလ်ချုပ် ဂုဏ်ပုဒ် ပေးအပ်ရန် ကတိပေးခဲ့ပြီး နှစ်သိမ့်ရန် အကောင်းဆုံး ကြိုးစားခဲ့သည်။ ထို့ပြင် သူက ဂျို့ရှ်အား အမိန့်များနှင့် စစ်တပ်ရိက္ခာများ လွှဲပြောင်းပေးရသည့် ညွန့်ပေါင်းစစ်တပ်၏ အထွေထွေရေးရာအရာရှိအဖြစ် ခန့်အပ်ခဲ့သည်။ ထိုကဲ့သို့ အကျိုးအမြတ်များသော အလုပ်က ဂျို့အတွက် နစ်နာကြေးဟု ယူဆ၍ ရနိုင်ပေသည်။

ခါနီတာ၏ စျာပနအတွက် ပြင်ဆင်နေစဉ် မမျှော်လင့်ထားသော အရာတစ်ခုခု ဖြစ်သွားခဲ့ပြန်သည်။ သိပ်မကြာခင်က ပြန်လွတ်လာသော ခါမွန်မိသားစု၏ အကြီးအကဲဖြစ်သော နတ်ဆိုးအရှင်သခင်အဆင့် ဇီတာ ရုတ်တရက် သေဆုံးသွားခဲ့၏။

ထိုအဖြစ်အပျက်ကြောင့် အကြီးအကဲမိသားစုများအကြား ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။ အကြီးအကဲမိသားစုတစ်ခု ဖြစ်လာရန်အတွက် ဝါစဉ်နှင့် ခွန်အားမှာ အရေးအကြီးဆုံး အချက်နှစ်ချက် ဖြစ်သည်။ နတ်ဆိုးအရှင်သခင်အဆင့်သည် အကြီးအကဲမိသားစု၏ အားအကောင်းဆုံးမဏ္ဍိုင် ဖြစ်သည်။ ယခုတွင် ဇီတာက ရုတ်တရက် သေသွားသည့်အတွက် ခါမွန်မိသားစုနှင့် အခြားအကြီးအကဲ မိသားစုများ သံသယဝင်နေကြသည်မှာ အသေအချာပင် ဖြစ်သေလည်။

အိုဆိုင်ဒန်က အလျင်အမြန်ပင် စစ်ရေးအစည်းအဝေးတစ်ခု ကျင်းပသည်။ အစည်းအဝး၌ သူက ဇီတာအပေါ် အမှောင်လ၏ လျို့ဝှက်ကြံစည်မှုကို ဒေါသတကြီးနှင့် စွပ်စွဲရှုပ်ချခဲ့သည်။ ကံဆိုးစွာပင် အကြီးအကဲမိသားစုများ၏ တုံ့ပြန်မှုမှာ အတော်လေး ကွဲပြားနေသည်။ အမှောင်လသည် အကြီးအကဲမိသားစု နှင့် လော့ဒ်များကို ပြန်လွှတ်ခဲ့ကြောင်း လူသိရှင်ကြား ကြေညာခဲ့သည်။ ယခုတွင် သူတို့ကို သတ်ပစ်ခြင်းမှာ ကိုယ့်တပ်ကိုယ်နင်းသကဲ့သို့ ဖြစ်နေပေမည်။ ထို့ပြင် အကြီးအကဲမိသားစုများမှ လူများက ဇီတာ၏အလောင်းကို စစ်ဆေးကြည့်ခဲ့သည်။ ၎င်းမှာ ချုပ်နှောင်ခြင်းကြောင့် မဟုတ်ပေ။ သူ၏ရုပ်ပိုင်းဆိုင်ရာမှာလည်း ထိခိုက်မှု မရှိပေ။ သို့သော်လည်း သူ၏ အတွင်းအင်္ဂါများမှာ တစ်စုံတစ်ယောက်ကြောင့် ကြေမွနေခဲ့သည်။ ထိုကဲ့သို့ စွမ်းအားမျိုးကို အနည်းဆုံး နတ်ဆိုးဧကရာဇ်အဆင့် စွမ်းအားရှိသူသာ ပြုလုပ်နိုင်ပေသည်။

ညွန့်ပေါင်းစစ်တပ်မှာ ပုန်းနေတဲ့ နတ်ဆိုးဧကရာဇ်အဆင့် သူလျှိုက ပြန်လွှတ်လိုက်တဲ့ အကျဉ်းသား ဇီတာကို သတ်ပစ်လိုက်တယ် ဟုတ်လား။ အကြီးအကဲမိသားစုများမှ ကိုယ်စားလှယ်အချို့ သရော်ပြုံး ပြုံးလိုက်ကြသည်။

အိုဆိုင်ဒန်က ငတုံး မဟုတ်ပေ။ သူက အကြီးအကဲ မိသားစုများ၏ သံသယကို မြင်သော်လည်း မမြင်ချင်ယောင်သာ ဆောင်နိုင်လေသည်။ ယခုလက်ရှိ အခြေအနေ၌ အများအပြားရှင်းပြနေလျှင် ပို၍သံသယဝင်သွားနိုင်ပေသည်။ သူက တိတ်တဆိတ်နှင့် ဆေးခါးခါးကိုသာ မျိုချရတော့သည်။

ထိုစစ်အစည်းအဝေး၏ အဓိကအချက်မှာ အမှောင်လသို့ ချီတက်ရန်ကိစ္စကို ဆေးနွေးရန် ဖြစ်သည်။ မှော်အရိပ်ဗိုလ်ခြေနှင့် ငရဲဟိုက်ဒြာဗိုလ်ခြေတို့၏ ရှုံးနိမ့်မှုနှစ်ခုက မြို့တော် ညွန့်ပေါင်းစစ်တပ်၏ စိတ်ဓာတ်များကို လျော့ကျသွားစေသည်။ အခြားတစ်ဖက်၌ အမှောင်လစစ်တပ်က ယခုတွင် စိတ်အားတက်ကြွနေခဲ့သည်။ သို့သော်လည်း ၎င်းသည် နှစ်ဖက်အကြား အင်အားခြားနားချက်ကို မခုနှိမ်နိုင်ပေ။

ညွန့်ပေါင်းစစ်တပ်က စိတ်အားတက်ကြွစေ၇န်အတွက် နိုင်ပွဲတစ်ခု အသည်းအသန် လိုအပ်နေသည်။ လက်ထောက်တပ်မှူး ဂရန့်က ယခုတွင် စစ်တပ်က အနားယူပြီးကာ ပြန်လည်ဖွဲ့စည်းပြီး ဖြစ်သည့်အတွက် အမှောင်လကို ချက်ချင်း တိုက်ခိုက်သင့်ကြောင်း ပြောသည်။

အိုဆိုင်ဒန်က နောက်ထပ်တစ်ခွန်း ထပ်ပြောလိုက်သည်။ ငါတို့ မတိုက်ရင်လည်း မတိုက်ဘူး။ တိုက်ရင်လည်း ရန်သူကို မိုးကြိုးလိုအရှိန်အဟုန်နဲ့ သုတ်သင်မယ်။

အထွေထွေရေးရာအရှာရှိအသစ်ဖြစ်သော ဂျို့ရှ်က မတ်တတ်ရပ်လိုက်သည်။ ပထမဆုံး အနေဖြင့် သူက အင်အားကုန်သုံးခြင်းကို သဘောတူသည်။ တစ်ချိန်တည်းမှာပင် အမှောင်လက လှည့်ကွက်များပြီး အထင်သေး၍မရကြောင်း သူ ‌ထောက်ပြသည်။ သူတို့က ကြမ်းတမ်းသော တိုက်ပွဲများအတွက် စိတ်ပြင်ဆင်ထားရပေမည်။ ထို့ကြောင့် ထောက်ပံ့ပို့ဆောင်ရေးကို ကောင်းကောင်းပြင်ဆင်ပြီး စီစဉ်ရပေမည်။ နည်းနည်း ရှိခြင်းထက် များများရှိခြင်းက ပိုကောင်းပေသည်။ ယခုတွင် ပြင်ဆင်ရန်အတွက် အချိန်ယူရမည် ဖြစ်သည်။

ဂျို့ရှ်၏ အကြံပြုချက်မှာ ဆုံးရှုံးမှု အနည်းဆုံးနှင့်အတူ အမှောင်လကို တစ်ခါတည်း ဖျက်ဆီးရန် မစေလွှတ်ခင် ပြင်ဆင်မှုများအားလုံး ပြုလုပ်ရန် ဖြစ်သည်။

အတွေ့အကြုံရှိပြီး တည်ငြိမ်သော လော့ဒ်ထံမှ ထိုအကြံပြုချက်ကို လော့ဒ် အများစုက ထောက်ခံခဲ့သည်။ အထူးသဖြင့် ဆော်တာနှင့် ဂျို့ဇ် စစ်တပ်တို့၏ သုတ်သင်ခံလိုက်ရခြင်းမှ သင်ခန်းစာ ရရှိပြီးလေပြီ။ အမှောင်လသည် အမှန်ပင် ခက်ခဲသော ရန်သူတစ်ယောက် ဖြစ်သည်။ စတေးမှုများမရှိဘဲ အမှောင်လကို ဖြိုလှဲရန် မဖြစ်နိုင်ပေ။ လူတိုင်းက ဆုံးရှုံးမှုများကို လျှော့ချချင်နေကြပေသည်။

ဂရန့်က ခဏစဉ်းစားပြီးနောက် သဘောတူလိုက်သည်။ အိုဆိုင်ဒန်က အများဆန္ဒကို မြင်ပြီး ယာယီ အနားယူရန် ဆုံးဖြတ်ခဲ့သည်။ ဂျို့ရှ်တင်ပြသော ပုံစံများဖြင့် ရိက္ခာ ကုန်ကြမ်းများ နေရာချပြီးနောက် စစ်တပ်တစ်ခုလုံးက အမှောင်လကို တိုက်ခိုက်ကာ ရှင်းပစ်မည် ဖြစ်ပေသည်။

ထိုသတင်းအချက်အလက်က အမှောင်လ နန်းတော်ကောင်စီခန်းမအတွင်းရှိ စာရေးစားပွဲ မျက်နှာပြင်ပေါ်၌ ချက်ချင်း ပေါ်ထွက်လာသည်။ ၎င်းကို အစည်းအဝေးရှိ နယ်မြေမှ အဓိက အဖွဲ့ဝင်များ ဝိုင်းရံလိုက်ကြသည်။

မြို့တော်၏ မှော်အရိပ်ဗိုလ်ခြေနှင့် ငရဲဟိုက်ဒြာဗိုလ်ခြေကို အနိုင်ယူခဲ့ခြင်းက အမှောင်လစစ်တပ်ကို စိတ်အားတက်သွားစေသည်။ အမှောင်လကို အညံ့ခံခဲ့သော နက်စ်တာကို သွေးနီဗိုလ်ခြေ ဒုတိယတပ်မှူးနှင့် မြင်းတပ်မှူးအဖြစ် ခန့်အပ်ခဲ့၏။

မူလက အမှောင်လတွင် မြင်းတပ်သား သုံးသောင်း ရှိသည်။ ယခုတစ်ယောက်တွင် နက်စ်တာနှင့်အတူ ပြန်လာသော မြင်းတပ်သား ၄၇၀၀နှင့် ယခင်ဖမ်းမိထားခဲ့သော မှော်အရိပ်မြင်းတပ်သား ၇၀၀၀ ပေါင်းလိုက်သောအခါ စုစုပေါင်း လေးသောင်း ကျော်သွားပြီ ဖြစ်သည်။

ထိုကဲ့သို့ အညံ့ခံသော ဗိုလ်ချုပ်ကို ပြန်လည်အသုံးပြုခြင်းက ရှီရာ၏ ထူးကဲသော သတ္တိကို ပြသခဲ့သည်။ နက်စ်တာက လွန်စွာကျေးဇူးတင်သွားပြီး အမှောင်လ ဝန်ကြီးများ အရှေ့၌ တော်ဝင်မိသားစုနာမည်ဖြင့် အမှောင်လကို လုံးဝသစ္စာဖောက်မည် မဟုတ်ကြောင်း သွေးသစ္စာကျိန်ဆိုခဲ့သည်။

စစ်တပ်ကို စိတ်အားတက်စေရန်အပြင် မြို့တော်၏ နာမည်ကြီး ဗိုလ်ချုပ် အညံ့ခံခြင်းက ရှီရာ၏ လွှမ်းမိုးမှုစွမ်းအားကို အတိုင်းအတာ တစ်ခုအထိ တိုးမြင့်စေခဲ့သည်။

ရှီရာက အမှန်တကယ်ပင် သတ္တရှိသော လော့ဒ်တစ်ယောက် ဖြစ်သည်။ သို့သော် ထိုခန့်ထားမှာမှု သတ္တိနှင့် မဆိုင်ပေ။ အကြောင်းမှာ နက်စ်တာက ချန်လွေ့၏ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး၏ ရုပ်သေး ဖြစ်နေသည့် အတွက်ကြောင့်ပင်။

အစက နတ်ဘုရား-ဝါးမျို မျက်နှာဖုံးတွင် ရုပ်သေးနှစ်ခု ရှိသည်။ တစ်ယောက်မှာ မဟာနတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းဖြစ်သော ဗိုလ်ချုပ် လိုကီ ဖြစ်ပြီး အခြား တစ်ယောက်မှာ လိပ်ပြာနီ လော့ဒ်-ဂျို့ရှ်၏သား ခါနီတာ ဖြစ်သည်။ ရုပ်သေးအရေအတွက် အကန့်အသတ် ရှိခြင်းကြောင့် ချန်လွေ့က ခါနီတာကို အဆုံးသတ်လိုက်ရပြီး နက်စ်တာအား ရုပ်သေးအဖြစ် ပြောင်းခဲ့လေသည်။

ဆာမိုအာအရှေ့၌ နောက်မှပေါ်ထွက်လာသော ခါနီတာမှာ မည်သည့်ပုံစံမဆို ပြောင်းလဲနိုင်သော ချွဲကျိကောင် ဖြစ်သည်။ ချွဲကျိကောင်က ပထမဦးစွာ လော့ဒ်အဖြစ် ဟန်ဆောင်ပြီး လိပ်ပြာနီနယ်မြေကို အုပ်စိုးနေခဲ့သည်။ ထို့နောက် ရွိုင့်နောက်သို့ တိတ်တိတ်လေး လိုက်သွားသည်။ ယခုတွင် သူက သခင်အရှေ့၌ အတော်လေး အလုပ်ကြိုးစားခဲ့သည်။ အစပိုင်း အပြေးသွားခြင်းမှ “ဝမ်းနည်းဖွယ်ရာ” လဲကျသွားသော အဆုံးအထိ စကားတိုင်းနှင့် လုပ်ရပ်တိုင်းက ကွက်တိပင် ဖြစ်နေသည်။ သူက “ခါနီတာ”၏ သမိုင်းဝင်တာဝန်ကို အောင်အောင်မြင်မြင်နှင့် ဖြည့်ဆည်းနိုင်ခဲ့သည်။

ထိုမြားများမှာ မသေနိုင်သော ဒိုဒိုအတွက် ကလိထိုးရုံမျှပင် ဖြစ်သည်။

လုံးဝနာခံသော ရုပ်သေးများနှင့် ကြိုက်သလို ပုံပြောင်းနိုင်သော ဇာတ်ကောင်များ နှင့်အတူ သွေးမြူတောင်ကြားက ရန်သူစစ်တပ်ကို မျှားခေါ်ရာ ပြပွဲကောင်းတစ်ခု ဖြစ်သွားခဲ့သည်။ မှော်အရိပ်ဗိုလ်ခြေ၏ မြင်းတပ်သားများကိုသာ အမှောင်ထဲ၌ ထားထား၏။

ထိုညတွင် ဆာမိုအာက မော်ဒိုမြို့ အပြင်ဘက်၌ တကယ့် နက်စ်တာကို မြင်ခဲ့ရ သော်လည်း မြင်းတပ်မှာ အမှောင်လ စစ်သည်များ ဖြစ်ကြသည်။ အဆုံး၌ ဆာမိုအာက တောင်မဲသစ်တောထဲသို့ မျှားခေါ်ခံခဲ့ရသည်။ ချီတက်သွားသော စစ်သည် ကိုးသောင်းလုံး သုတ်သင်ခံလိုက်ရသည်။ ဒေါသထွက်နေသော မှော်အရိပ်မြင်းတပ်က အမှန်တကယ်ပင် အမှောင်လကို အညံ့ခံခဲ့လေသည်။

ထိုပုံရိပ်၌ လိပ်ပြာနီ လော့ဒ်-ဂျို့ရှ်က အစစ်မှန်ဆုံး ဇာတ်ကောင် ဖြစ်သည်။ ထို့ကြောင့် သူက အိုဆိုင်ဒန် အရှေ့၌ ယုံကြည်ချက်ချက် အကြံများ ပေးနိုင်လေသည်။ သူသာ ရုပ်သေး သို့မဟုတ် ရုပ်ဖျက်ထားသည်ဆိုလျှင် မြို့တော်၏ အစွမ်းထက် ပုဂ္ဂိုလ်များကို လှည့်စားနိုင်မည် မဟုတ်ပေ။

လော့ဒ်စစ်ပွဲ ပြီးပြီးနောက် အစောပိုင်းမှာပင် ဒဏ်ရာအပြင်းအထန် ရနေသော ဂျို့ရှ်က အကျဉ်းချခံထားခဲ့ရသည်။ ဒိုဒိုက ဂျို့ရှ်အဖြစ် ဟန်ဆောင်ပြီး ခါနီတာ၏ ဟန်ဆောင်ပုန်ကန်ခြင်းမှာ ဂျို့ရှ်၏ လူယုံများကို ရှင်းပစ်ရန်အတွက်နှင့် ရွိုင့်နှင့် အခြားသူများအား အထက်လွှာ ရာထူးများ ရရှိစေရန် ဖြစ်သည်။ သူက မြို့တော်၏ သံသယဝင်ခြင်း မခံရဘဲ လိပ်ပြာနီနယ်မြေ၏ အခြေအနေကို လုံးဝ ထိန်းချုပ်နိုင်ခဲ့သည်။

မိမိအသက်ကို ကယ်တင်ရန်အတွက် ဂျို့ရှ်က အညံ့ခံရန် ရွေးချယ်ခဲ့ပြီး ချန်လွေ့၏ အစေခံ ဖြစ်လာခဲ့သည်။ သူက ပါ့ဂ်လီအိုထံမှ နာတာရည်အဆိပ်ကို သောက်ပြီးမှသာ လော့ဒ်နေရာကို ပြန်လာခွင့်ပြုသည်။ အမှန်တကယ်၌ သူသည် အမှောင်လ၏ ကြိုးဆွဲရာ ကနေရသော ရုပ်သေးတစ်ခုသာ ဖြစ်လေသည်။

အင်ပါယာ၏ အဓိကနယ်မြေလေးခုတွင် ရှီရာက သုံးခုကို ရရှိထားလေပြီ။

အမှောင်လကို မြို့တော် တိုက်ခိုက်ရာ၌ ဂျို့ရှ်က အရေးအပါဆုံး စစ်တုရင်ရုပ်တစ်ခု ဖြစ်ခဲ့သည်။ ခါနီတာ၏ သေဆုံးခြင်းကို အသုံးချကာ သူက အရေးပါသော နေရာတစ်ခု ရရှိခဲ့ပြီး ဇီတာကို အကွက်ချနိုင်ခဲ့သည်။ ၎င်းက အကြီးအကဲမိသားစုများနှင့် အိုဆိုင်ဒန် အကြား ပဋိပက္ခကို ပိုမိုနက်ရှိုင်းစေခဲ့သည်။ လက်ရှိ၌ ဂျို့ရှ်၏ အဓိကတာဝန်မှာ ပုန်းလျှိုးကွယ်လျှိုးနေနေရန် ဖြစ်သည်။ အရေးအကြီးဆုံးအချိန် မတိုင်မီအထိ ထိုစစ်တုရင်ရုပ်ကို လှုပ်ရှားမည် မဟုတ်ပေ။

“ချန်လွေ့ နေခဲ့။ ကျန်တဲ့သူတွေအားလုံး ပြန်လို့ရပြီ။” ရှီရာက နောက်ဆုံး၌ သတင်းအချက်အလက်ကို ကြည့်ရင်း အသာလေး ပြောလိုက်သည်။

အားလုံး မတ်တပ်ရပ်ပြီး ထွက်သွားကြသည်။ အစ်ဇဘယ်လာ၏ မျက်နှာလွှား နောက်မှ မယုံနိုင်စရာ မျက်လုံးများက ရှီရာကို အသာလေး ဖျပ်ခနဲ ကြည့်လိုက်ပြီး ချန်လွေ့၏ မျက်နှာပေါ်၌ ခဏရပ်တန့်သွားကာ လမ်းလျှောက်ထွက်သွားလိုက်၏။

All Chapters