ထွက်ခွာခြင်း
Vol. 34 Ch. 504
ရှီရာနှင့် ချန်လွေ့တို့သာ ကောင်စီခန်းမထဲ၌ ကျန်ရစ်ခဲ့သည်။
“မင်း ဘယ်တော့ ထွက်သွားမှာလဲ။”
“ဇိုလာရဲ့ တယ်လီပို့လမ်းကြောင်းက သိပ်မကြာခင်ကပဲ အဆင့်မြှင့်ထားတာ။ အဲဒါကို ပုံမှန်အတိုင်း အသုံးပြုဖို့အတွက် အနည်းဆုံး မနက်ဖြန်အထိ စောင့်ရမှာ။”
တစ်ယောက်ယောက်က ထိုစကားကိုကြားလျှင် အံ့အားသင့်သွားပေလိမ့်မည်။ မြို့တော်စစ်တပ် လာတိုက်တော့မယ့် အရေးအကြီးဆုံး အခိုက်အတန့်မှာ အမှောင်လရဲ့ အထင်ကရတစ်ယောက်ဖြစ်တဲ့ ဘဏ္ဍာရေးအရာရှိက တကယ်ကြီး ထွက်ပြေးမှာလား။
သို့သော်လည်း ရှီရာတွင် ထူးခြားသော အမူအရာ မပြသခဲ့ပေ။ သူက ခေါင်းကိုသာ အသာလေး ညိတ်လိုက်သည်။ “သတိထားဦး။”
“အင်း...”
ထိုစကားနှစ်ခွန်း ပြောပြီးနောက် ခဏတာ တိတ်ဆိတ်သွားခဲ့သည်။
ချန်လွေ့က သုံးလေးခွန်း ပြောသော်လည်း ရှီရာက စကား ဆက်မပြောခဲ့ပေ။ အခြေအနေမှာ အတော်လေး ကိုးယိုးကားယား ဖြစ်နေ၏။
ယခင် မွေးနေ့ပွဲ၌ “ကြိုးပမ်းမှု” အဖြစ်အပျက်ပြီးနောက် “အက်ဂ်ယော”ကို သူ၏ ကြင်ရာတော်အဖြစ် ကြေညာခဲ့သော်လည်း တော်ဝင်မင်းသမီးက မကျေနပ်ချက်ကြောင့် သနားစရာ ကြင်ရာတော်လောင်းက သူ့နားကို မချဉ်းကပ်နိုင်ခဲ့ပေ။
ချန်လွေ့၏ အကျိုးအမြတ်များနှင့် အပြုအစုများမှာ မွေးနေ့ပွဲ မတိုင်ခင်ကလောက် မကောင်းမွန်ခဲ့ပေ။
ငါက သွားတော့မှာ။ အနည်းဆုံးတော့ နှုတ်ဆက်အနမ်းဖြစ်ဖြစ်၊ တစ်ခုခုဖြစ်ဖြစ် ရှိသင့်တယ်မလား။ ဒါနဲ့ တော်ဝင်မင်းသမီးရဲ့ ချယ်ရီလိုနှုတ်ခမ်းတွေကို အရသာ မခံရတာ အတော်လေး ကြာပြီပဲ။
မည်သို့ အောင်မြင်အောင် ပြုလုပ်ရမည်ကို ချန်လွေ့ စဉ်းစားနေစဉ် ရှီရာက ရုတ်တရက် စိတ်ပိုင်းဖြတ်ပြီး ပြောသည်။ “ဒီည....ဒီမှာနေ..”
ချန်လွေ့၏ မျက်လုံးများ ချက်ချင်းပြူးသွားခဲ့ပြီး နားကြားလွဲသည်ဟု ထင်လိုက်မိသည်။ ဒါက ထီထိုးသလိုမျိုးပဲ။ ငါက ဒေါ်လာ သောင်းနဲ့ချီလောက်ပဲ ပေါက်ဖို့ ရည်ရွယ်ထားခဲ့တာ။ ဒါပေမဲ့ မမျှော်လင့်ဘဲနဲ့ ငါက အချီကြီး ပွသွားတာလား။
ဒါက ဇာတ်ကောင် အောက်ခြေကို ထိသွားတော့ တန်ပြန်လာတာလား။
ချန်လွေ့က မိမိအား ကြည့်နေသော တော်ဝင်မင်းသမီးကို အံ့အားသင့်စွာြဖင့် ငေးကြည့်လိုက်သည်။ ရှီရာ၏ ချန်လွေ့၏အကြည့်ကို ရှောင်တိမ်းလိုက်သော်လည်း သူ၏မျက်နှာပေါ်၌ ရှက်သွေးလေး ပြေးသွားခဲ့သည်။
ခဏသာဖြစ်သော်လည်း ချန်လွေ့က ထိုခရမ်းရောင်မျက်လုံးထဲ၌ ရှိနေသည်ကို မြင်လိုက်ရပြီး ဖြည်းဖြည်းချင်း လမ်းလျှောက်လာသည်။
ချန်လွေ့ ချဉ်းကပ်လာသည်ကို မြင်သည့်အခါ ရှီရာ၏ခန္ဓာကိုယ် အနည်းငယ် တောင့်တင်းသွား၏။ သို့သော်လည်း သူ မတွန့်သွားခဲ့ပေ။
“ချစ်ရတဲ့ အရှင်မ။ ဒါက...အလုပ်ဖြစ်မှာ မဟုတ်ဘူး။”
ချန်လွေ့၏အသံက ရှီရာကို ကြက်သေသေသွားစေခဲ့သည်။ သူက ချန်လွေ့အား အံ့အားသင့်စွာဖြင့် ကြည့်နေသည်။ ဝံပုလွေက ဘယ်တုန်းက သတ်သတ်လွတ်သမား ဖြစ်သွားတာလဲ။
“ခင်ဗျား ပိုပြီးတော့ ဆွဲဆောင်မှုရှိရှိ ဝတ်သင့်တယ်။ ခင်ဗျားရဲ့ အမူအရာကို ပိုပြီး မိန်းမဆန်သင့်တယ်။ ပြီးရင် ယောက်ျား..ရှင့်ရဲ့ ကိုယ်လုပ်တော်ကို ဒီည အလိုလိုက်ပေးပါ လို့ ချွဲချွဲနွဲ့နွဲ့နဲ့ ပြော။ ဒါဆိုရင် .... ကျုပ် နေဖို့ စဉ်းစားပေးမယ်။”
“မသာကောင်။” ရှီရာ၏အမူအရာက ချက်ချင်းပင် စိတ်ဝင်စားစရာ ကောင်းသွား၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ အေးစက်စက် အငွေ့အသက်များ ပေါ်ထွက်လာပြီး အံကြိတ်ကာ ထိုရွံစရာကောင်အား လက်သီးဖြင့် ထိုးလိုက်သည်။
ချန်လွေ့က ထိုလက်သီးချက်ကို အမြန်ဖမ်းပြီး ဆွဲလိုက်ရာ တော်ဝင်မင်းသမီး၏ ခန္ဓာကိုယ်တစ်ခုလုံး၏ သူ၏လက်မောင်းထဲသို့ ကျလာခဲ့လေသည်။
“တောက်။ ငါ့ကို လွှတ်။” ရှီရာက ဒေါသတကြီးနှင့် ရုန်းကန်းနေသော်လည်း သူ၏ စွမ်းအားဖြင့် မရုန်းထွက်နိုင်ပေ။ သူက ချက်ချင်းပင် ချန်လွေ့၏ ပုခုံးကို ပြင်းပြင်းထန်ထန် ကိုက်လိုက်တော့သည်။
“အား....”
“လက်...လက်..”
“လူစီဖာတော်ဝင်မိသားစုမှာ ဘယ်တုန်းက ကိုက်တဲ့ သွေးမျိုးဆက်ပါရမီ ရှိသွားတာလဲ.......။ ကယ်ကြပါ။”
ကောင်စီခန်းမထဲမှ သနားစရာ အော်သံများသည် အဝေးမှ အစောင့်များ၏ နားထဲသို့ ယဲ့ယဲ့လေး ရောက်သွားခဲ့သည်။ ကျင့်သားရနေပြီဖြစ်သော အစောင့်များက ၎င်းကို မျက်ကွယ်ပြုထားပြီး မကြားချင်ယောင်ဆောင်နေခဲ့ကြသည်။
ချန်လွေ့၏လက်ထဲမှ ရုန်းကန်မှု တဖြည်းဖြည်း လျော့ပါးသွားခဲ့သည်။ သို့သော်လည်း သူ၏ခန္ဓာကိုယ်ပေါ်မှ သွားရာများမှာ အတော်လေး ထင်းနေ၏။
“ချစ်ရတဲ့ တော်ဝင်မင်းသမီး။ စိတ်ဆိုးနေတုန်းလား။ ခင်ဗျား ကိုက်တာ ကျုပ် သေတော့မလို့ပဲ....”
“မသာကောင်။ မျိုးမစစ်ကောင်။” အမျိုးသမီးက ချန်လွေ့၏ လက်ဖမိုးကို ကိုက်ရင်း မရေမရာနှင့် ဆဲလိုက်သည်။
ချန်လွေ့က ပြုံးဖြီးဖြီးလုပ်ရင်း တော်ဝင်မင်းသမီး၏ ဖွံ့ဖြိုးပြီး စိုစွတ်သော အလုံးနှစ်လုံးက မိမိ၏ ရင်ဘတ်ပေါ်၌ ညှစ်နေသည့် မယုံနိုင်စရာ ခံစားချက်ကို ခံစားနေခဲ့သည်။ “ကဗျာမဆန်တဲ့ ငတုံးဆိုတာ ထပ်ထည့်ရမလား။ ကျုပ် ထပ်ပြီးတော့ မှန်းကြည့်တယ်။ ခင်ဗျား ကိုယ့်ကိုယ်ကိုယ် ပေးအပ်ပြီးတော့ ဒီလိုမျိုး တွေးထားတာ မဟုတ်လား။ စစ်ပွဲအခြေအနေ ဆိုးဝါးလာရင် ခင်ဗျားရဲ့ ညီမနဲ့ အဲဒီမိတ်ဆွေတွေကို ခေါ်ပြီးတော့ အမှောင်လကနေ အနောက်ဘက်ကို ထွက်ပြေးခိုင်းမှာ မလား။ အဲဒီအချိန် ခင်ဗျားက ဒီနယ်မြေမှာ နေပြီးတော သေတဲ့အထိ တိုက်ခိုက်မယ်ပေါ့။”
ရှီရာ အနည်းငယ် တုန်ခါသွားပြီး ကိုက်ခဲမှုကို အသာလေး လျှော့လိုက်ကာ တစ်စုံတစ်ယောက်၏ လက်ဖမိုးပေါ်မှ ထပ်တူညီသော အကွေးရာနှစ်ခုကို ဖော်ပြလိုက်သည်။
“ဟုတ်တယ်။ ခင်ဗျားက တုံးအတဲ့ မိန်းမတစ်ယောက် ဖြစ်နေတုန်းပဲ။” ချန်လွေ့က ရှီရာ၏ နူးညံ့သော ရွှေရောင်ဆံပင်များကို အသာလေး ပွတ်သပ်လိုက်သည်။ “ဒါပေမဲ့ အရင်အကွက်တွေက ကျုပ်အတွက် အသုံးမဝင်တော့ဘူး။ ကျုပ်က အမှားထပ်လုပ်မှာ မဟုတ်ဘူး။ ခင်ဗျား ဘယ်နည်းလမ်းပဲသုံးသုံး၊ ကျုပ်က အခုရော အနာဂတ်မှာပါ ခင်ဗျားရဲ့ဘေးနား ရှိနေမယ်။”
ရှီရာ စကားမပြောပေ။ သူက ချန်လွေ့၏ ပုခုံးပေါ်၌သာ သူ၏နဖူးကို ခပ်တင်းတင်း ဖိထားလိုက်လေသည်။
“ရှီရာ။ ခင်ဗျား ကျုပ်ကို ယုံကြည်ချက် နည်းနည်းပဲ ရှိတာလား။ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် မရှိတာလား။”
“မသိဘူး....” ရှီရာက တိုးတိုးလေး သက်ပြင်းချသည်။ “မင်း ဒီတိုက်ပွဲကို ယုံကြည်ချက်ရှိလား။”
“အမှန်အတိုင်း ပြောရရင် ကျုပ်လည်း မသေချာဘူး။” ချန်လွေ့ ခေါင်းခါသည်။ “ဒီလောကကို ကျုပ် ရောက်လာပြီးကတည်းက စမ်းသပ်ချက်တွေ အများကြီး ကြုံတွေ့ခဲ့ရတယ်။ တစ်ခုကိုမှ ယုံကြည်ချက် မရှိခဲ့ဘူး။ ဒါပေမဲ့ ကျုပ်လုပ်ချင်တာကို သိတဲ့အတွက် နောက်ဆုံးမှာ အဲဒါကို ကျော်လွှားနိုင်ခဲ့တယ်။”
“ဒီသဘောကို နားလည်ပါတယ်။ ငါက...”
“ကျုပ်ကို မယုံတာပဲလား။ နည်းနည်း တုံ့ဆိုင်းတာ၊ နည်းနည်းကြောက်တာပဲလား။”
“မဟုတ်ပါဘူး။ ငါက...”
တော်ဝင်မင်းသမီး ရှင်းပြရန် အချိန်မရခင်မှာပင် သူ၏ပါးစပ် အပိတ်ခံလိုက်ရသည်။ ယောက်ျားတစ်ယောက်က သူ တောင့်တနေခဲ့သော ရှီရာ၏နှုတ်ခမ်းမှ မွှေးရနံ့ကို စုဆောင်းရန်အတွက် အခွင့်ကောင်းယူခဲ့လေသည်။
စိတ်လှုပ်ရှားစရာ ယှက်လိမ်ပြီးနောက် သူတို့၏နှုတ်ခမ်းနှစ်စုံ ခွဲခွာသွားကြသည်။ ချန်လွေ့က ရှီရာ၏ နဖူးကို ဖိပြီး အသာလေး ပြောသည်။ “ရှီရာ။ ကျုပ်ပြောတာကို နားထောင်ပါ။ ကျုပ်တို့ အနိုင်ရမှာ။ ကျုပ်တို့ ဒီလိုဇွဲရှိနေသရွေ့ အမြဲတမ်း အတူတူ နေနိုင်မယ်။ သဘောပေါက်ပြီလား။”
ရှီရာ၏ ပိတ်ထားသော မျက်လုံးများ ဖြည်းဖြည်းချင်း ပွင့်လာသည်။ သူ၏ ခရမ်းရောင် မျက်လုံးက ဝေဝါးနေသော ရေမြူနှင်းအလွှာတစ်ခုနှင့် ဖုံးလွှမ်းနေပြီး မျက်လုံးထောင့်များ၌ မျက်ရည်စများ တွဲခိုနေလေသည်။ “အင်း..”
ချန်လွေ့က ရှီရာ၏ မျက်နှာကိုကိုင်ပြီး နဖူးကို နမ်းရှိုက်လိုက်သည်။ “ကျုပ်ရဲ့အိမ်မက်က မင်းသမီးရဲ့ မယုံနိုင်စရာညတစ်ည ရှိလာဖို့ပဲ။ မဟုတ်ဘူး။ ညတွေအများကြီး.....။ ကျုပ်တို့ရဲ့ မဆုတ်မနှစ်ကြိုးပမ်းမှုက အမှန်တကယ် ဖြစ်လာရင် အခုတော့ မဟုတ်သေးဘူ။ ကျုပ်ကို ပြော။ မိန်းမ။ ဒီအိပ်မက် ဖြစ်လာမှာလား။”
“အင်း...” ရှီရာ၏ ချန်လွေ့၏လည်ပင်းကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်ပြီး သူ၏မျက်လုံးထဲ၌ ပုန်းကွယ်နေသော တုံ့ဆိုင်းမှု အနည်းငယ်ကလည်း ပျောက်ကွယ် သွားခဲ့သည်။ ထိုနေရာတွင် သူ ယခင်က မရှိခဲ့ဖူးသော အကြည့်တစ်ခုက အစားထိုး သွားသည်။ ၎င်းတွင် ချစ်ခြင်းနှင့် ..... မဆုတ်မနှစ်ကြိုးပမ်းမှုတို့ ပြည့်နှက်နေ၏။
အချိန်အတော်ကြာပြီးနောက် -
“မဆုတ်မနှစ် ကြိုးပမ်းတဲ့သူတွေက စကားနဲ့ ဆန့်ကျင်ပြီး မလုပ်သင့်ဘူး မဟုတ်လား။” ရှီရာက သူ၏တင်ပါးဆီ ရောက်လာသော သူခိုး၏လက်ကို ကိုင်လိုက်၏။ ထို့နောက် နောက်သို့ သုံးလေးလှမ်းဆုတ်ကာ လှည့်စားနေသောသူနှင့် ဝေးကွာအောင် ပြုလုပ်လိုက်သည်။
“ဟီးဟီး။ ဒါက သဘာဝ တုံ့ပြန်မှု တစ်ခုပါပဲ။ ဒီနေ့က....အဲ... ဒါပေမဲ့ ခင်ဗျားက သိပ်မကြာခင် ကျုပ်ရဲ့မိန်းမ ဖြစ်လာမှာပါ။ အခုက ကျုပ် အတိုးနည်းနည်း ယူနေတာ....”
“မင်း မှားနေပြီ ထင်တယ်။” ရှီရာ၏ပါးစပ်က မောက်မာသော အပြုံးမျိုး ဖြစ်သွားသည်။ “ဒါက ဣတ္ထိယဗဟိုပြု လက်ထပ်မှုပဲ။ လက်ထပ်ပွဲပြီးရင်တောင် လုပ်ပိုင်ခွင့်နဲ့ ဆုံးဖြတ်ပိုင်ခွင့် အားလုံးက ငါ့လက်ထဲမှာပဲ။ ငါ့ရဲ့ ခွင့်ပြုချက်မရှိဘဲနဲ့ မင်း ဘာမှ လုပ်လို့မရဘူး။”
“ခုနက ကျုပ် ရူးမိုက်တဲ့ ဆုံးဖြတ်ချက်တစ်ခု ချမိသွားသလိုပဲ။ အခု နောင်တရလို့ ရလား။” ချန်လွေ့က နောင်တများ ပြည့်နှက်နေခဲ့သည်။
“လောကမှာ နောင်တဆေးရည်ဆိုတာ မရှိဘူး။ ရှင်က ဆေးရည်မဟာဆရာသခင်ရဲ့ ဆက်ခံသူ ဖြစ်နေတာတောင်ပေါ့။” ရှီရာ၏ မျက်လုံးထဲ၌ အလွန်အမင်း ရှားပါးသော ကျီစယ်ခြင်း လက်ခနဲ ဖြစ်သွားခဲ့သည်။ “ဒါပေမဲ့ အမြဲတမ်း အခွင့်အရေးတွေ ရှိပါတယ်။ နောက်တစ်ခါ မင်း ပိုပြီးတော့ ဆွဲဆောင်မှုရှိရှိ ဝတ်သင့်တယ်။ မင်းရဲ့ အမူအရာကို ပိုပြီး မိန်းမဆန်သင့်တယ်။ ပြီးရင် “ခင်ဗျားရဲ့ ကိုယ်လုပ်တော်ကို ဒီည အလိုလိုက်ပေးပါ မင်းသမီး” လို့ ချွဲချွဲနွဲ့နွဲ့နဲ့ ပြော။ ဒါဆိုရင် ....ငါ မင်းကို ပေးနေဖို့ စဉ်းစားပေးမယ်။”
ယခုတစ်ခေါက်တွင် ချန်လွေ့၏ အမူအရာက စိတ်ဝင်စားစရာ ကောင်းနေသည်။
သို့သော်လည်း တော်ဝင်မင်းသမီးက ထိုသူ၏ အရှက်မဲ့မှုကို အထင်သေးနေဆဲ ဖြစ်သည်။
ထိုသူက လည်ဟိုက်ကို ပုခုံးပေါ်သို့ ဆွဲပြီးနောက် ယုံကြည့်ချက်ရှိသော အကြည့်ဖြင့် ကြည့်လိုက်သည်။ “ခင်ဗျားရဲ့ ကိုယ်လုပ်တော်ကို ဒီည အလိုလိုက်ပေးပါ။ မင်းသမီး။”
ကြက်သီးထနေသော တော်ဝင်မင်းသမီး၏ ခန္ဓာကိုယ် တစ်ခုလုံး၌ ကြောက်မက်ဖွယ်ရာ အငွေ့အသက်တစ်ခု လောင်ကျွမ်းနေလေသည်။ သူက အံကြိတ်ပြီး စကားတစ်လုံး ပြောလိုက်သည်။ “ထွက်သွား။”
တစ်စုံတစ်ယောက်က စိတ်ဓာတ်ကျသွားပြီး နန်းတော်မှ ထွက်သွားလိုက်သည်။ စိတ်လိုက်မာန်ပါလုပ်တာက တကယ့်ကို မိစ္ဆာပဲ။ အခု ငါ့ရဲ့ စိတ်လိုက်မာန်ပါ လုပ်ရပ်ကြောင့် ငါ့တံခါးဝကို ရောက်လာတဲ့ စားကောင်းသောက်ဖွယ်ကို လက်လျှော့လိုက်ရပြီ။ ပြီးတော့ ငါ့မှာ သူ့ဆီကို ပြန်သွားဖို့ နည်းလမ်း မရှိတော့ဘူး။
“သိပ်ကို စိတ်ဓာတ်ကျနေလား။ ဆာ-ဘဏ္ဍာရေးအရာရှိ။” ဘေးဖက်လမ်းကြား သစ်ပင်တစ်ပင်၏ အရိပ်အောက်မှ ဆွဲဆောင်မှုရှိသော အသံတစ်သံ ထွက်လာသည်။
ထိုအသံပိုင်ရှင်ကို ချန်လွေ့ ရှာတွေ့ခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ ချန်လွေ့ ပုခုံးတွန့်လိုက်၏။ “အဆင်ပြေပါတယ်။ ခဏခဏ စိတ်ဓာတ်ကျတတ်တဲ့သူ တစ်ယောက်အတွက် ဒါက ကျုပ်သည်းခံနိုင်တဲ့ အတိုင်းအတာ အတွင်းမှာပဲ။ ပြောရရင် အရာအားလုံးက ထိန်းချုပ်မှုအောက်မှာပါပဲ။”
“တကယ်လား။ ရှင်က တကယ် ကိုယ့်ကိုယ်ကို နှစ်သိမ့်နိုင်တဲ့ ယောက်ျား တစ်ယောက်ပဲ။ ဒါပေမဲ့ ကျွန်မ အခြေအနေကို ကြည့်ရတာ ရှင့်လောက် မကောင်းဘူး။ အစကတော့ ရှင်က ညနောက်ကျမှ နန်းတော်ကနေ ထွက်လာမယ်လို့ ခန့်မှန်းထားတာ။”
အဲဒီ “ခန့်မှန်းချက်”က ပြည့်တော့မလို့ပဲ.....။ ချန်လွေ့က တိတ်တိတ်လေး ရေရွတ်လိုက်သည်။
“ဒီတော့ ခင်ဗျားကို ပြန်ပို့ပေးရမလား။ မိန်းမလှလေး။”
ဆွဲဆောင်မှုရှိသောအသံက အသာလေး ရယ်လိုက်ဟန်တူသည်။ “လက်ဖမိုးမှာ တခြားမိန်းမတစ်ယောက်ရဲ့ သွားရာရှိနေတဲ့ ယောက်ျားတစ်ယောက် ပွေ့ဖက်တာကို ကျွန်မ မကြိုက်ဘူး။ နောက်တစ်နေ့ကျရင် သူ့ထက်ပိုပြီးတော့ နက်နက်ကိုက်နိုင်မလား ယှဉ်ကြည့်ရမလား။”
ချန်လွေ့က ခါးသက်သက်နှင့် ပြုံးလိုက်သည်။ ဒီလို မြူဆိုင်းတဲ့လရောင်အောက်မှာ သူက ဒါကို တကယ်ကြီး ရှာတွေ့သွားခဲ့တယ်။ သူက တကယ်ပဲ သတင်းအချက်အလက် ခေါင်းဆောင် ဖြစ်ထိုက်တယ်။ လျင်မြန်ထက်မြက်တဲ့ အကဲဖြတ်မှု မရှိဘူးဆိုရင် ဒီနယ်ပယ်မှာရှိဖို့ မဖြစ်နိုင်ဘူး။
“ကျွန်မတို့ရဲ့ တော်ဝင်မင်းသမီးက သောကရောက်နေတဲ့ ယောက်ျားတစ်ယောက်ရဲ့ ကြိုးပမ်းမှုလေးကို ငြင်းလိုက်တဲ့ပုံပဲ။ အဲဒါကြောင့် နန်းတော်ကနေ စိတ်ပျက်တဲ့ အမူအရာနဲ့ ထွက်လာတာလား။”
ခင်ဗျား ခန့်မှန်းတာ အရှေ့ပိုင်း မှားတယ်။ ဒါပေမဲ့ အဆုံးသတ်ကတော့ အမှန်ပဲ။
မိန်းမတွေရဲ့ အလိုလိုသိစိတ်က တကယ့်ကို ကြောက်စရာပဲ....။ ချန်လွေ့ ခေါင်းကုတ်လိုက်သည်။ “ကျုပ် မနက်ဖြန် ထွက်သွားတော့မယ်။ ကျွမ်းကျင်သူတချို့နဲ့ တခြားလက်ဆောင်တွေ ယူလာရပေးရမလား။”
“အင်း။ ဒါပေမဲ့ ကျွန်မ သဘောကျတဲ့ လက်ဆောင်က ရဖို့ ခက်ခဲတယ်။” လှပတင့်တယ်သော ပုံရိပ်တစ်ခုက အရိပ်ထဲမှ လမ်းလျှောက်ထွက်လာသည်။ “ဒီကပ်ဘေးအန္တရာယ်ကို ဘေးကင်းကင်းနဲ့ ကျော်ဖြတ်ခဲ့။ ရှင် လုပ်နိုင်လား။”
ချန်လွေ့ အံ့အားသင့်သွားသည်။ ခုနက သူသည် နန်းတော်ထဲ၌ တစ်စုံတစ်ယောက်ကို အားပေးနေခဲ့သည်။ ယခုတွင် နန်းတော်မှ ထွက်လာသည်နှင့် သူ့ကို တစ်ယောက်ယောက်က ချက်ချင်း အားပေးနေလေသည်။
ချန်လွေ့က ရင်ထဲနွေးသွားပြီး ပုခုံးတွန့်လိုက်သည်။ “ကျုပ် အကောင်းဆုံး ကြိုးစားမယ် ထင်တာပဲ။”
“ရှင် ရအောင် ကျော်ဖြတ်ရမယ်။” ဆွဲဆောင်မှုရှိသော ပုံရိပ်က တဖြည်းဖြည်း ခါးကိုင်းပြီး ချန်လွေ့၏ ခန္ဓာကိုယ်ကို မြွေတစ်ကောင်သဖွယ် ရစ်ပတ်လိုက်ပြီးနောက် သစ်ပင်ရိပ်ထဲသို့ ဆွဲခေါ်သွားလိုက်သည်။
နက်နက်ရှိုင်းရှိုင်း နမ်းရှိုက်ပြီးနောက် ဆွဲဆောင်မှုရှိသော အသံ ထွက်လာပြန်သည်။ “ဘယ်သူ ပိုကောင်းလဲ။ ကျွန်မလား။ သူလား။”
ထိုမေးခွန်းက အနည်းငယ် ခက်ခဲလှ၏။ ချန်လွေ့က မရောမရာနှင့် ပြန်ဖြေသည်။ “နှစ်ယောက်လုံး ကောင်းပါတယ်။”
ထိုအမျိုးသမီးက နှာမှုတ်လိုက်ပြီး ရဲတင်းစွာဖြင့် ချန်လွေ့၏ လက်ကို သူ၏ဘရာထဲ ထည့်လိုက်သည်။ ထို့နောက် အဖြူရောင် ကျောက်စိမ်း အတုံးအတစ်များကို ပင့်သက်ရှိုက် လိုက်သည်။ “ဒီမှာကရော။”
ထိုကဲ့သို့ အတိုင်းအတာအထိ သူတို့ ထိတွေ့ဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ထိုအမျိုးသမီးက စတင်ဦးဆောင်ခြင်း ဖြစ်သည်။
နန်းတော်ထဲ၌ ငြိမ်သက်သွားသော အစိတ်အပိုင်းတစ်ခုက ရုတ်တရက် ထကြွလာပြီး မေးခွန်းကို ဖြေရန်အတွက် ယောက်ျားဖြစ်သူက “ပင့်သက်ရှိုက်” နေသည်။ အမျိုးသမီးက ယောက်ျားဖြစ်သူအား လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးခဲ့သည်။ သူက မောဟိုက်လာပြီး နန့်တန့်တန့်နှင့် ပြောလိုက်သည်။ “ကျွန်မက ဗလာကတိတွေပေးတဲ့ တချို့မင်းသမီးလိုမျိုး မဟုတ်ဘူး။ ရှင် အဲဒီလက်ဆောင်ကို ယူပေးနိုင်ရင် လုပ်ချင်တာ လုပ်လို့ရတယ်...”
ထိုသို့ပြောပြီးသည်နှင့် သူ၏နူးညံ့သောခန္ဓာကိုယ် ချော်ထွက်သွားပြီး ယောက်ျားဖြစ်သူ၏ ထိန်းချုပ်မှုမှ လွတ်မြောက်သွားခဲ့သည်။ သူထွက်သွားသောအခါ တက်ကြွနေသော “လက်နက်”ကို ဆတ်ခနဲတောက်ရန် မမေးခဲ့ပေ။
“အခု လုပ်လို့ မရဘူး။ လက်ဆောင် ပြန်ယူလာမှပေါ့။ ဟုတ်ပါပြီ။ ရှင်အခု ပြန်သွားသင့်ပြီ။ ရှင့်ကို အိမ်မှာ စောင့်နေတဲ့သူတွေ ရှိနေသေးတယ်။ လူရှုပ်...”
နောက်ဆုံးစကားကို ပြောပြီးသည့်အခါ ထိုအမျိုးသမီးက သုံးလေးမီတာ အဝေးသို့ ရောက်ရှိသွားခဲ့သည်။ ခန္ဓာကိုယ်အောက်ပိုင်းကို ကာထားရင် ဒေါသထွက်နေသော ယောက်ျားတစ်ယောက်သာ ကျန်ရစ်ခဲ့လေသည်။
-- တကယ်ပါပဲ။ ငါ ထပ်ပြီးတော့ စနောက်ခံလိုက်ရတယ်....
ဆွဲဆောင်မှုရှိတဲ့ မိန်းကလေး။ သူက ခီရာနဲ့ ယှဉ်လို့ ရလုနီးပါးပဲ။
ဆွဲဆောင်မှုရှိသော ကောင်မလေးက လှည့်ကွက်များ သုံးတတ်တော့ ချစ်စရာကောင်းသည့် “နှိမ့်ချတတ်သောမိသားစုမှ မိန်းကလေး” ဆိုလျှင် ဆွဲဆောင်မှုရှိသော အမျိုးသမီးမှာ လျို့ဝှက်ကြံစည်ပြီး စနောက်တတ်သော “လူချမ်းသာ မိသားစုမှ အမျိုးသမီး” ဖြစ်ပေမည်။ နှစ်ယောက်စလုံး၌ အားသာချက်များ ရှိကြသည်။
ငါ ပြန်သွားတာ ပိုကောင်းမယ်။ ငါ့ရဲ့ နဂိုအစီအစဉ်က ဒီည အိမ်မှာ မိန်းမသုံးယောက်နဲ့ ပျော်ပါးဖို့လေ။ ဒီတစ်ခေါက် ငါ အပြင်ထွက်ပြီးရင် တော်တော်နဲ့ ပြန်ရောက်လောက်မှာ မဟုတ်ဘူး။ အဆင်ပြေသွားရင်တော့ တိုက်ပွဲ အခြေအနေ တစ်ခုလုံးကို ပြောင်းလဲနိုင်လောက်မယ်။