အစားထိုး
Vol. 34 Ch. 505
“မင်း ကြားပြီးပြီလား။ အရှင် ရီဂျန့်ရဲ့ စစ်တပ်က အမှောင်လကို တိုက်ပွဲ နှစ်ပွဲဆက် ရှုံးနိမ့်သွားခဲ့တယ်။”
“ငရဲဟိုက်ဒြာဗိုလ်ခြေရဲ့ ဗိုလ်ချုပ် ဆာမိုအာ အသတ်ခံလိုက်ရပြီးတော့ မှော်အရိပ် ဗိုလ်ခြေရဲ့ ဗိုလ်ချုပ် နက်စ်တာက ရန်သူဆီ အညံ့ခံလိုက်တယ်လို့လည်း ကြားတယ်။”
“ဗိုလ်ချုပ် နက်စ်တာ အညံ့ခံတာက ဆာမိုအာရဲ့ ကိုယ်ရေးကိုယ်တာ အညံ့ခံမှုကြောင့်ပဲ။ ဟုတ်ပြီလား။ ဗိုလ်ချုပ် နက်စ်တာက သွေးမြေတောင်ကြားက ၁၂ရက်လောက် နေခဲ့ရတယ်။ နောက်ဆုံးမှာ ဆာမိုအာက တောင်ကြားကို ရောက်လာတယ်။ သူက ဗိုလ်ချုပ် ဂျော့်ခ်ျကို မကူညီခဲ့သလို မှော်အရိပ်ဗိုလ်ခြေကိုပါ ချေမှုန်းချင်ခဲ့တယ်။ သူက လိပ်ပြာနီနယ်မြေ ဆက်ခံသူဖြစ်တဲ့ ခါနီတာကိုပါ သတ်ခဲ့တယ်။ အဲဒါကြောင့် ဗိုလ်ချုပ် နက်စ်တာ ဒေါသထွက်သွားပြီးတော့ အမှောင်လဘက်ကို ပြောင်းခဲ့တာ။”
“အဲဒါလား။ အမှောင်လ ပြန်လွှတ်လိုက်တဲ့ ခါမွန်မိသားစုရဲ့ နတ်ဆိုးအရှင်သခင်အဆင့် အကြီးအကဲ ဇီတာက လိပ်ပြာနီနယ်မြေကို ပြန်ရောက်လာပေမဲ့ အသတ်ခံလိုက်ရတယ်။ ဘယ်သူသတ်တာလဲ သိလား။ အဲဒါက အကြီးအကဲ မိသားစုတွေကို ကိုင်တွယ်တဲ့ ရီဂျန့်ရဲ့နည်းလမ်းလို့ ပြောတယ်...”
“တိုးတိုးပြော။”
“ဟီးဟီး။ အခု ဒီအကြောင်းကို မြို့တော်မှာ မသိတာ ဘယ်သူ ရှိလို့လဲ။”
“…”
ချန်လွေ့က မြို့တော်၏ မြောက်ပိုင်းဆင်ခြေဖုံးရှိ အရက်ဆိုင်၌ ထိုင်နေပြီး အရက်သောက်နေရင်း ပြောစကားများကို တိတ်တိတ်လေး နားထောင်နေခဲ့သည်။ နောက်ဆုံး အခက်အခဲများကို ရင်ဆိုင်ရပြီးနောက် ပြန်လည်တည်ဆောက်ထားသော အမှောင်နတ်ဆိုးက ပိုမိုစွမ်းဆောင်နိုင်ပေသည်။ “သတင်းအချက်အလက်” အချို့ အပါအဝင် စစ်ပွဲအကြောင်း သတင်းများက အချိန်တိုအတွင်းမှာပင် မြို့တော်နေရာအနှံ့ အလျင်အမြန် ပျံ့နှံ့သွားတော့သည်။
တယ်လီပို့ဝင်ပေါက်မှတစ်ဆင့် အမှောင်လနေအိမ်မှ သက်တန့်တောင်ကြား၊ ထို့နောက် မြို့တော်သို့သွားရန် နာရီအနည်းငယ်သာ ကြာ၏။
ချန်လွေ့က မြို့တော်သို့ မဝင်ရောက်ခဲ့ဘဲ မြို့ဆင်ခြေဖုံး၌ လှည်းတစ်စီးငှားကာ ငှက်ဆောင်မြူနယ်မြေရှိရာ မြောက်ဘက်သို့ ဦးတည်သွားလိုက်သည်။
ငှက်တောင်ဖြူနယ်မြေမှ လော့ဒ်-စီကာလီသည် လူစီဖာ တော်ဝင်မိသားစုဝင် ဖြစ်သည်။ သူ၏ဘိုးဘေးများ၌လည်း တော်ဝင်သွေး ရှိကြသည်။ သူတို့က ကိုယ်လုပ်တော်၏ မျိုးဆက်များ ဖြစ်သည့်အတွက် ငှက်တောင်ဖြူနယ်မြေသို့ နေရာချခံထားရခြင်း ဖြစ်သည်။ မျိုးရိုးစဉ်ဆက် စီမံခန့်ခွဲခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုများနှင့် မြေရိုင်းကို ပြန်လည်ဆယ်ယူခြင်းတို့ ပြုလုပ်ပြီးနောက် သူတို့၏အင်အားက တဖြည်းဖြည်း တိုးမြင့်လာပြီး ကြယ်ကြွေတမန်အင်ပါယာ၏ အဓိကနယ်မြေ လေးခုထဲမှ တစ်ခု ဖြစ်လာခဲ့သည်။
လော့ဒ်များအားလုံး၌ စီကာလီသည် နှစ်ဖက်လုံးမှ အကျိုးအမြတ်များ ရရှိရာ၌ တော်လေသည်။ သူက ယခုတစ်ခေါက်၌ ညွန့်ပေါင်းစစ်သည်အတွက်လည်း စစ်သည်အချို့ စေလွှတ်ခဲ့သည်။ ၎င်းသည် ဝတ်ကျေတမ်းကျေဟု ထင်ရသော်လည်း သူက မှော်ဆရာ ခံတပ်မှ ဗိုလ်ချုပ်ဂျော့ချ်နှင့် “ပဋိပက္ခ”ကို အာရုံစိုက်ထားလေသည်။
အိုဆိုင်ဒန်က အမှောင်လကို တိုက်ခိုက်ရန်အတွက် တပ်သာများကို မချန်ထားဘဲ စေလွှတ်ခဲ့သည်။ ရှီရာ၏ တည်ကြည်ခိုင်မာသော ထောက်ပံ့သူတစ်ယောက် အနေဖြင့် အင်ပါယာ၏ ပထမဗိုလ်ချုပ် ဂျော့်ချ်က ထိုင်ကြည့်နေမည် မဟုတ်သည်မှာ သေချာသည်။ ထိုအချိန်၌ ဂျော့ချ်နှင့် ပဋိပက္ခဖြစ်ရန် စီကာလီ၏ ရည်ရွယ်ချက်မှာ သက်သေပြစရာပင် မလိုအပ်ပေ။
ပြောရမည်ဆိုလျှင် အမှောင်ကို အိုဆိုင်ဒန် ချေမှုန်းလိုက်သည်နှင့် စီကာလီ၏ အမှတ်က ချီတက်ခြင်း၌ ပါဝင်ခဲ့သော လော့ဒ်အများစုထက်ပင် ကျော်လွန်သွားနိုင်သည်။
ယခင်တစ်ခေါက် မှော်ဆရာခံတပ်၌ ယောက္ခမဖြစ်သူကို ချန်လွေ့ ကူညီပြီးနောက် ငှက်တောင်ဖြူနယ်မြေမှ အမှောင်လကို မြို့တော်နှင့် လိပ်ပြာနီနယ်မြေတို့မှတစ်ဆင့် ပြန်လာခဲ့သည်။ ထိုစဉ်က သူသည် အလောတကြီး ဖြစ်နေသည့်အတွက် ကိစ္စ အများအပြားကို သတိမမူမိ ဖြစ်သွားသည်။ ယခုတွင် သူက ငှက်တောင်ဖြူနယ်မြေသို့ အထူးတလည် ထွက်လာခဲ့သည်။ သူက ထိုအတော်လေးသိုသိုသိပ်သိပ်နေသော နယ်မြေကို အတွေ့အကြုံများနှင့် လမ်းတစ်လျှောက် အကဲဖြတ်မှုများမှတစ်ဆင့် လေ့လာနေခဲ့သည်။
ငှက်တောင်ဖြူနယ်မြေက အမှောင်လထက် အနည်းငယ် သေးငယ်ပြီး လိပ်ပြာနီ နယ်မြေထက် ကြီးမားသည်။ လိပ်ပြာနီနယ်မြေ၏ မော်ဒိုမြို့နှင့် မိုလင်မြို့ကဲ့သို့ ကြွယ်ဝပြီး ထင်ရှားသော မြို့ငယ်များ မရှိသော်လည်း လူဦးရေများ ဖြန့်ကျက်နေပြီး တိုးတက်မှုများ မှာလည်း မျှခြေညီလျက် ရှိသည်။ အမှောင်နတ်ဆိုးမှ ရရှိသည့် အမျိုးမျိုးသော သတင်းအချက်အလက်များမှ ငှက်တောင်ဖြူ နယ်မြေ၏ တိုက်ခိုက်ရေးစွမ်းအားမှာ လိပ်ပြာနီနယ်မြေထက် မနိမ့်ကျနိုင်ပေ။
ငှက်တောင်ဖြူနယ်မြေနှင့် မှော်ဆရာခံတပ်အကြား ပဋိပက္ခမှာ ရိက္ခာကြောင့် ဖြစ်သည်။ မှော်ဆရာခံတပ်အတွက် ရိက္ခာများကို မြို့တော်နှင့် ငှက်တောင်ဖြူနယ်မြေက ထောက်ပံ့ပေးခြင်း ဖြစ်သည်။ မြို့တော်၏ “ရန်ပုံငွေအလိမ်အညာာ” ကြောင့် မူရင်း စစ်တပ်လစာနှင့် ရိက္ခာများ ကြီးကြီးမားမား လျော့ကျသွားခဲ့သည်။ ထိုစဉ် ငှက်တောင်ဖြူ နယ်မြေကလည်း အထွက်နှုန်းနည်းကြောင်း ဆင်ခြေဖြင့် ရိက္ခာထောက်ပံ့မှုကို နှောင့်နှေးနေခဲ့သည်။ ၎င်းက စိုးရိမ်နေသော မှော်ဆရာခံတပ် စစ်သည်များအား ငှက်တောင်ဖြူနယ်မြေ မြောက်ဘက်ရှိ မြို့ငယ်များမှ လုယက်ခိုးယူမှုများ ဖြစ်စေခဲ့သည်။ ထို့ကြောင့် ငှက်တောင်ဖြူနယ်မြေမှ မြို့သူ/သားများ ကြီးကြီးမားမား မကျေနပ်ချက်များ ဖြစ်လာလေသည်။
ငှက်တောင်ဖြူနယ်မြေ လော့ဒ်-စီကာလီက မှော်ဆရာခံတပ်အစောင့်များကို လူသိရှင်ကြား အပြစ်တင်ခဲ့သည်။ သူက ဗိုလ်ချုပ်ဂျော့ချ်အား မကောင်းမှုများ ပြုလုပ်ခဲ့သည့် စစ်သည်များကို လွှဲပေးရန် တောင်းဆိုသည်။
ဗိုလ်ချုပ်ဂျော့ချ်က လုယက်မှုမှာ မှော်ဆရာခံတပ်မှ စစ်သည်များ ပြုလုပ်ခြင်း မဟုတ်ကြောင်း ငြင်းဆိုသည်။ မှော်ဆရာခံတပ်၏ မြောက်ဘက်နှင့် အနီးဆုံးဖြစ်သော နင်ဘတ်စ် မြို့မှာ မထိခိုက်နေသည့်အတွက် သူက စီကာလီမှာ လုပ်ဇာတ်များ ဖန်တီးနေကြောင်း ထောက်ပြခဲ့သည်။ သူက စီကာလီသည် စစ်တပ်အထောက်အပံ့များကို နှောင့်နေပြီး မြို့တော်၏ ရီဂျန့် အိုဆိုင်ဒန်ကို ကျေနပ်စေရန်အတွက် တမင်တကာ ပြဿနာ ဖြစ်စေကြောင်းကိုလည်း ထောက်ပြခဲ့သည်။
နှစ်ဖက်လုံးက ထိုအတိုင်း ဆက်ပြောနေကြသည့်အတွက် ပဋိပက္ခမှာ သောင်မတင် ရေမကျ ဖြစ်နေခဲ့သည်။ သို့သော်လည်း ငှက်တောင်ဖြူနယ်မြေမှ မြို့သူ/သားများက စီကာလီအပေါ်တွင် မျက်လုံးကိုမှိတ်ပြီး ယုံကြည်ကြလေသည်။ သူတို့က ဗိုလ်ချုပ်ဂျော့ချ်၏ ရှင်းပြချက်များကို လုံးဝ မယုံကြည်ပေ။ သူတို့က မှော်ဆရာခံတပ်ကို အလွန်အမင်း ရန်လိုမှုများ ပြသပြီး စီကာလီကို ထောက်ခံကာ ဗိုလ်ချုပ်ဂျော့ချ်ကို ဆန့်ကျင်ကြသည်။ ယခုတွင် စီကာလီက မြောက်ပိုင်းမြို့ငယ်များမှ လုယက်ခြင်းကို “ကာကွယ်”ရန်အတွက် နယ်မြေမှ တပ်ဖွဲ့အများအပြား စေလွှတ်ခဲ့လေသည်။
ချန်လွေ့၏ အမြင်အရ ထိုကိစ္စမှာ သိသာလှပေသည်။ ဗိုလ်ချုပ်ဂျော့ချ် ပြောသည့်အတိုင်းပင် စီကာလီက တမင်တကာ ဆင်ခြေပေးပြီး အိုဆိုင်ဒန်က အမှောင်လကို တိုက်ခိုက်နေစဉ် ဗိုလ်ချုပ်ဂျော့ချ်အား အချိန်ဆွဲနေခြင်း ဖြစ်သည်။
ချန်လွေ့က မြောက်ဘက်သို့ သွားပြီးနောက် ငှက်တောင်ဖြူမြို့တော်သို့ ရောက်လာသည်။ ငှက်တောင်ဖြူမြို့တော်မှာ အတော်လေး ကြီးမားလှပြီး အမှောင်လထက် မသေးငယ်ပေ။ ၎င်းကို အတော်လေး အပတ်တကုတ် ကြိုးစားပြီး တည်ဆောက်ထားသည်ကို မြင်နိုင်ပေသည်။ နတ်ဆိုးဘုံရှိ နေရာအတော်များများမှ ခိုးယူးကူးချထားသော ပုံစံများနှင့် ဆင်တူစွာပင် အဆောက်အအုံအများအပြားတွင် အမှောင်လ၏အရိပ် ရှိလေသည်။ ဥပမာ ရှေ့မှ အသစ်တည်ဆောက်ထားသော တိုက်ပွဲဘောလုံး ပြိုင်ကွင်းပင် ဖြစ်သည်။ ၎င်းတွင် လက်မှတ်ရောင်းချမှုများ၊ လောင်းကစား လက်မှတ်များ၊ တိုက်ပွဲဘောလုံး ရောင်းကုန် စတိုင်းဆိုင် အကုန်ရှိသည်။ ၎င်းမှာ လုံးဝ ခိုးယူကူးချထားခြင်း ဖြစ်ပေသည်။ ပြိုင်ကွင်းသို့ သွားနေသော ပရိသတ်များကို ကြည့်ခြင်းအားဖြင့် ဘောလုံးစျေးကွက်မှာ အတော်လေး ဖြစ်ထွန်းနေ၏။
“မိုက်ပြီ။ ဒီတစ်ခေါက် ဆာ-လော့ဒ် ကိုယ်တိုင် ဝင်ကစားမယ်လို့ ကြားတယ်။ လက်မှတ်တွေ ရောင်းကုန်သွားတာ ကြာပြီ။”
“သူက သူ့စွမ်းအားကို အလယ်ဆင့်နတ်ဆိုးအထိ နှိမ့်ချပြီးတော့ အစွမ်းအထက်ဆုံး ရေခဲငှက်တောင် ဗိုလ်ခြေအသင်းနဲ့ ယှဉ်ပြိုင်ဖို့အတွက် သီးသန့်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်မှာ။”
“လက်မှတ်တွေနဲ့ လောင်းကစားကရတဲ့ ဝင်ငွေတွေကို အကူအညီ လိုအပ်နေတဲ့ ကလေးတွေနဲ့ အားနည်းသူတွေဆီ လှူဒါန်းပေးမှာ။”
“ဟမ့်။ ဆာ-လော့ဒ်က သနားလွန်းတယ်။ အားနည်းတဲ့သူတွေက စာနာမှု လုံးဝ မထိုက်တန်ဘူး။”
“သနားတယ် ဟုတ်လား။ လွန်ခဲ့တဲ့ ၅နှစ်တုန်းက မက်ဆီမိုမြို့ကို မြင်းသူခိုးတွေ မီးရှို့ပြီး လုယက်ခဲ့တယ်။ ဆာ-လော့ဒ် ဒေါသထွက်သွားပြီးတော့ စစ်တပ်ကို ဦးဆောင်ပြီး မြင်းသူခိုး ၃၆၀၀ကို တစ်ယောက်တည်း သတ်ပစ်ခဲ့တယ်။ အဲဒီခေါင်းတွေကို မစ်ဆီမိုမြို့မှာ မြင့်မြင့်ချိတ်ထားပြီးတော့ တောင်လိုပုံနေတယ်။ အဲဒီအချိန်ကစပြီးတော့ မြင်းသူခိုးတွေရဲ့ သတင်းကို ငါ ဘာမှ မကြားတော့ဘူး။”
“ဆာ-စီကာလီက ဂရုဏာအပြည့်ဝဆုံးနဲ့ အင်အားအကြီးဆုံး လော့ဒ်ပဲ။ သူ ရှိနေသေရွေ့ ငါတို့ရဲ့ ငှက်တောင်ဖြူနယ်မြေက အင်ပါယာ တစ်ခုလုံးနဲ့ နတ်ဆိုးဘုံ တစ်ခုလုံးမှာပါ အကြွယ်ဝဆုံးနဲ့ အစွမ်းထက်ဆုံး နယ်မြေဖြစ်လာမှာ သေချာတယ်။ အမှောင်လထက်တောင် သာလွန်မှာ။”
“ဟမ့်။ အမှောင်လက ဘာမို့လို့လဲ။ မင်းသမီးရှီရာက ငှက်တောင်ဖြူ နယ်မြေကနေ ခဏခဏ အကူအညီ လာတောင်းရတယ်မလား။ ဆာ-စီကာလီက အမြဲတမ်း ရက်ရက်ရောရောနဲ့ ပိုက်ဆံချေးခဲ့တာ။ ဒါပေမဲ့ သိပ်မကြာခင်က အမှောင်လကို ဆာ-စီကာလီ သွားလည်တော့ မင်းသမီးရှီရာက တကယ်ကြီး ကျေးဇူးမသိတတ်ဘဲနဲ့ ကပ်စေးနဲနေတယ်။ သူက ဒီတစ်ခေါက် မြို့တော်ရဲ့ အပြစ်ပေးတာ ခံသင့်တယ်။”
“…”
ချန်လွေ့ နားထောင်နေရင်း မျက်မှောင်ကြုတ်လိုက်သည်။ လမ်းတစ်လျှောက်က ကောလာဟလတွေကို ကြည့်မယ်ဆိုရင် ငှက်တောင်ဖြူနယ်မြေမှ စီကာလီ၏ ဂုဏ်သြဇာက မျှော်မှန်းလို့မရတဲ့ အဆင့်တစ်ခုကို ရောက်နေပြီ။
ဒီဆာ-လော့ဒ်က အပြင်ဘက်မှ နှစ်ဖက်ခွ ကြောင်သူတော် ဖြစ်ပေမဲ့ နယ်မြေမှာတော့ သူက လူတွေ မျက်လုံးမှိတ်ပြီး ကိုးကွယ်ကြတဲ့ ပြီးပြည့်စုံတဲ့ နတ်ဘုရားလိုမျိုး တည်ရှိမှု တစ်ခုပဲ။ ဒါကြောင့် နယ်မြေကလူတွေအားလုံးက ဗိုလ်ချုပ်ဂျော့ချ်နဲ့ မှော်ဆရာခံတပ်ကို ရန်လိုကြတာကိုး။ စီကာလီက ပြည်သူတွေကို “ဖြည့်ဆည်း”ပေးတဲ့ တော်ဝင်လော့ဒ် ဟုတ်ဟုတ်မဟုတ်ဟုတ်၊ ဒီလိုအဆင့်ရောက်ဖို့က တကယ်မလွယ်ဘူး။
ချန်လွေ့၏ မူလရည်ရွယ်ချက်မှာ မှော်ဆရာခံတပ်သို့ အရင်သွားရန် ဖြစ်သည်။ သို့သော်လည်း သူ ယခင်က စက်ဆုပ်ရွံရှာခဲ့သော ငှက်တောင်ဖြူနယ်မြေလော့ဒ် အကြောင်း အတော်လေး သိချင်သွားခဲ့သည်။ ၎င်းကို စဉ်းစားပြီးနောက် သူက လက်မှတ်တစ်စောင်ကို စျေးကြီးပေးပြီး “မှောင်ခိုရောင်းသူ”မှ ဝယ်ကာ ပြိုင်ကွင်းထဲသို့ လူအုပ်ကြီးနှင့်အတူ လိုက်သွားတော့သည်။
ယခုတွင် တိုက်ပွဲဘောလုံးက နတ်ဆိုးဘုံ၏ ထိပ်တန်းအားကစား အနေဖြင့် ရိုးရာ သိုင်းပြိုင်ပွဲကို ရေးရေးလေး အစားထိုးသွားခဲ့သည်။ လူအများအပြားကလည်း တိုက်ပွဲဘောလုံးနှင့် သိုင်းပြိုင်ပွဲကို အဓိက အားကစား ၂ခုအဖြစ် သတ်မှတ်ကြသည်။ အကြောင်းမှာ တစ်ခုက စုပေါင်းကစားရပြီး တစ်ခုက တစ်ဦးချင်း ကစားရသည့်အတွက် ဖြစ်ပေသည်။ ထို့ကြောင့် ပြဿနာများ မရှိပေ။ ပြိုင်ကွင်း၌ လူများ အပြည့် ဖြစ်နေသည်။ စီကာလီက အဖွဲ့ကို ဦးဆောင်ပြီး ပေါ်ထွက်လာသောအခါ အခြေအနေက အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ ပရိသတ်များက လော့ဒ်နာမည်ကို သံပြိုင် အော်ဟစ်နေကြသည်။ သူ ဘောလုံးထိသော အချိန်တိုင်း ပရိသတ်များထံမှ နားကွဲလုမတတ် အော်သံများ ထွက်လာသည်။ ထိုအခြေအနေကြောင့် ကစားသမားနှင့် ပရိသတ်များက စိတ်လှုပ်ရှားလာကြသည်။ ထိုပုံစံမှာ လော့ဒ်တစ်ယောက်၊ ကြယ်ပွင့် ကစားသမားတစ်ယောက် မဟုတ်တော့ဘဲ အံ့သြဖွယ်ရာများ ပြသရန်အတွက် သူတို့၏ နတ်ဘုရားကို အရူးအမူး ကြည့်နေသကဲ့သို့ ဖြစ်နေတော့သည်။
ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာ ရူးသွပ်မှုက ချန်လွေ့က တိတ်တဆိတ် အံ့အားသင့်သွားစေသည်။ အမှောင်လ၏ ရှီရာ၏ ဂုဏ်သြဇာမှာ အတော်လေး ကြီးမားသည်။ သို့သော်လည်း ငှက်တောင်ဖြူနယ်မြေမှ စီကာလီ၏ လွှမ်းမိုးမှုနှင့် ယှဉ်လျှင် ဝေးကွာလွန်းနေသေးသည်။ စီကာလီ လက်မြှောက်လိုက်သည်နှင့် စစ်တပ်သာမက နယ်မြေမှ ပြည်သူအများစုကပင် မြို့တော်အပါအဝင် မည်သူ့ကိုမဆို မတုံ့မဆိုင်းဘဲ လက်သီးများ၊ ဓားများနှင့် ချိန်လိုက်မည်ကို ချန်လွေ့ သံသယ မရှိပေ။ ၎င်းက ချန်လွေ့ကို အခြားလောကမှ သမိုင်းဝင် “တတိယအင်ပါယာ”၏ အာဏာရှင်တစ်ယောက်ကို အလိုလို တွေးမိသွားစေ၏။
ချန်လွေ့ စိတ်ပြောင်းသွားပြီးနောက် ကစားပွဲကို ဆက်မကြည့်တော့ဘဲ ထရပ်လိုက်သည်။
ကစားပွဲ ပထမပိုင်းမှာ ကျယ်လောင်သော အော်သံများ ပြည့်နေသည်။ ရလာဒ်မှ ၄ဂိုး ၃ဂိုး ဖြစ်ပြီး မြို့ပြအသင်းက တစ်ဂိုး အသာရထားသည်။ စီကာလီက အစွမ်းထက် သော်လည်း တိုက်ပွဲဘောလုံးမှာ တစ်ယောက်တည်း ကစားရသော အားကစား မဟုတ်ပေ။ ထို့ပြင် ရေခဲငှက်တောင်ဗိုလ်ခြေ၏ လက်ရွေးစင်များက စီကာလီ၏ ကြိုတင် အမိန့်ပေးထားမှုများအောက်၌ မထိမ်ချန်ဘဲ အကောင်းဆုံး ကြိုးစားခဲ့ကြသည်။ ၎င်းက ပြိုင်ပွဲကို ပိုမိုသက်ဝင်ကြမ်းတမ်းသွားစေပြီး ပရိသတ်၏ တုံ့ပြန်မှုများမှာလည်း ပို၍ပင် ပြင်းထန်နေခဲ့သည်။
ကစားသမားနားနေခန်း၌ အသင်းဆရာဝန် အပြေးရောက်လာပြီး ဒဏ်ရာ ရသူများကို ကုသပေးသည်။ အချိန်ပိုင်းနည်းပြ စီကာလီ၏ စကားအချို့က သူ့အသင်းသားများ၏ စိတ်ဓာတ်ကို အမြင့်ဆုံးအထိ တောင်လောင်စေခဲ့သည်။ ထို့နောက် သူက ဒုတိယပိုင်းအတွက် တိုက်စစ်နှင့် ခံစစ် နည်းဗျူဟာများကို စတင်ပြင်ဆင်သည်။
ရုတ်တရက် စီကာလီ ရပ်တန့်သွားပြီး ထိုကစားသမားများကို အရင်ထွက်သွားရန် အချက်ပြလိုက်သည်။ စကားသမားများ အနည်းငယ် အံ့အားသင့်သွားသော်လည်း အများကြီး မမေးခဲ့ပေ။ သူတို့အားလုံး လမ်းလျှောက်ထွက်သွားပြီးနောက် နားနေခန်း၌ စီကာလီသာကျန်တော့သည်။
“ထွက်လာခဲ့။” စီကာလီက အသာလေး ပြောလိုက်သည်။
ချန်လွေ့၏ပုံရိပ်က ထောင့်နားမှ အရိပ်ထဲ၌ တဖြည်းဖြည်း ပေါ်ထွက်လာသည်။ သူက ထိုကိုယ်ဖျောက်သော ပညာရပ်ကို မစ်-လျို့ဝှက်သတင်းအချက်အလက်ထံမှ သင်ယူခဲ့သည်။ သူက အငွေ့အသက်နှင့် ပုံရိပ်ကို ဖုံးကွယ်နိုင်၏။ ခုနက လူအများအပြား သူ့ကို သတိမထားမိခဲ့ကြပေ။ စီကာလီ သူ့ကို တွေ့သွားမည်ဟု မထင်မှတ်ထားခဲ့ပေ။
အမှန်တကယ်၌ ချန်လွေ့သည် ခုနက အနည်းငယ် စိတ်ပျံ့လွင့်သွားပြီး လူနှင့် ပတ်ဝန်းကျင်အကြား တစ်သားတည်းဖြစ်တည်မှု အကောင်းဆုံး အခြေအနေကို မထိန်းထားနိုင်ခဲ့ခြင်း ဖြစ်သည်။ တဒင်္ဂမှာပင် ဟာကွက်တစ်ခု ပြသလိုက်မိပြီး ၎င်းကို စီကာလီက သိသွားခဲ့သည်။ စီကာလီ အာရုံစူးရှသည်မှာ သိသာပေသည်။
ချန်လွေ့ စိတ်ပျံ့လွင့်သွားသည့် အကြောင်းရင်းမှာ [ သရုပ်ခွဲမျက်လုံး ] မှ စီကာလီ၏ သတင်းအချက်အလက်ကြောင့် ဖြစ်သည်။
မျိုးနွယ် - မာနတော်ဝင်မိသားစု (သန္ဓေပြောင်း)
စွမ်းအားအကဲဖြတ်မှု - E (A)
ခန္ဓာအမျိုးအစား - E (A-)
ခွန်အား - E (A-)
စိတ်ဝိညာဉ် - E (A+)
မြန်ဆန်မှု - E (A)
စကားပွဲ လိုအပ်ချက်တွေကြောင့် သူ့ရဲ့ အပေါ်ယံစွမ်းအားကို အလယ်ဆင့် နတ်ဆိုးအထိ ဖိနှိပ်ခဲ့တယ်။ ဒါပေမဲ့ နတ်ဆိုးဧကရာဇ်အဆင့် အလတ်ပိုင်းရဲ့ အချက်အလက်က အရင်တစ်ခေါက် အမှောင်လကို လာလည်တဲ့ စီကာလီနဲ့ လုံးဝမတူဘူး။ အဲဒီအချိန်တုန်းက စီကာလီရဲ့ တကယ့်စွမ်းအားကို နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်း ဖြစ်တဲ့ A+ လို့ ပြသတယ်။ [ သရုပ်ခွဲမျက်လုံး ] က မှားမှာ မဟုတ်ဘူး။ ဒီလိုဆိုရင် ငါ့အရှေ့မှာရှိတဲ့ စီကာလီက တကယ်စီကာလီ မဟုတ်ဘူး။
အစားထိုးကလည်း နတ်ဆိုးဧကရာဇ်အဆင့် အလတ်ပိုင်းပဲ။
“စီကာလီ”က အစားထိုးသာ ဖြစ်နိုင်ကြောင်း သိသွားပြီးနောက် ချန်လွေ့၏ အတွေးများ ပြောင်းလဲသွား၏။ သူက နဂို ခေါင်းဖြတ်မည့် အစီအစဉ်ကို ပယ်ဖျက်လိုက်သည်။ ထို့နောက် သူ၏ခေါင်းထဲ၌ အစီအစဉ် အသစ်တစ်ခု၏ ရှေးပြေးပုံစံ ပေါ်ထွက်လာသည်။