စီကာလီနှစ်ယောက်
Vol. 35 Ch. 525
ချန်လွေ့က ငှက်တောင်ဖြူမြို့တော်၏ ပြိုင်ကွင်းတိုက်ပွဲဘောလုံး ကုန်ပစ္စည်း စတိုးဆိုင်သို့ ရောက်လာကာ ပိုင်ရှင် ထရေစီကို သွားရှာသည်။
ပြောရမည်ဆိုလျှင် သေရွာပြန်များမှာ ပိန်ပါးပြီး ကြောက်စရာကောင်းသည်။ သို့သော် သူ့အရှေ့မှ သေရွာပြန်မှာ အလွန်ကွဲပြားနေသည်။ သူက ဝတုတ်နေပြီး မျက်နှာပေါ်၌ စစ်မှန်သောအပြုံးတစ်ခု ရှိနေကာ အမြင်ကောင်း ပေးစွမ်းနေသည်။
ထိုသေရွာပြန်က ရိုးရှင်းပြီး ရိုးသားသူ ဖြစ်လိမ့်မည်ဟု ချန်လွေ့ မထင်ပေ။ သို့မဟုတ်ပါက စီကာလီသည် သူ့ကို ကြီးလေးသော တာဝန်များ အပ်မထားနိုင်ပေ။ ချန်လွေ့က စီကာလီပေးသော လက်စွပ်ကို ထရေစီထံ ကမ်းပေးလိုက်သည့်အခါ သေရွာပြန်၏ မျက်လုံးများ အရောင်လက်သွားပြီး အပြုံးများကလည်း ပို၍ခယလာသည်။ သူက ချန်လွေ့အား အရေးကြီးပုဂ္ဂိုလ်အခန်းသို့ သွားခိုင်းပြီး အမြောက်အမြား မှာယူမည့် စီးပွားရေးကိစ္စတစ်ခု ဆွေးနွေးရန် ပြောသည်။
ချန်လွေ့က သေရွာပြန်နှင့်အတူ အရေးကြီးပုဂ္ဂိုလ်အခန်းသို့ လိုက်သွားသည်။ ထိုအချိန်မှသာ ထရေစီက လေးစားသောအကြည့် ပြသခဲ့သည်။ သူက လျို့ဝှက်တံခါးကို ဖွင့်ပြီးနောက် ချန်လွေ့ လျို့ဝှက်ခန်းထဲဝင်ပြီး စောင့်နေရန် ပြောသည်။
တစ်နာရီ ကြာပြီးနောက် ရုပ်ဖျက်ထားသော စီကာလီက လျို့ဝှက်ခန်းထဲ၌ ပေါ်ထွက်လာသည်။
“ဆာ-ဖာကို။ မိတ်ဆွေ။ ခင်ဗျားက တကယ့်ကို မယုံနိုင်စရာပဲ။” စီကာလီ၏ မျက်နှာအမူအရာက အတော်လေး အံ့အားသင့်နေသည်။ “ရွန်နီမြို့ကနေ ခုနကပဲ ကျုပ် မှော်ပေးစားတစ်စောင် ရထားတာ။ ခင်ဗျားက ပြဿနာကြီးကို ခဏလေးနဲ့ ဖြေရှင်းနိုင်ခဲ့တာပဲ။”
စီကာလီ အမှန်တကယ် အံ့အားသင့်သွားခဲ့သည်။ ထရေစီ သတင်းပို့သည်ကို လက်ခံရရှိပြီးနောက် သူက ချက်ချင်းပင် ရွန်နီမြို့ မိုင်းတွင်းအရာရှိကို ဆက်သွယ်ရန် တစ်စုံတစ်ယောက် လွှတ်လိုက်သည်။ ထို့နောက် သူက သက်ဆိုင်ရာ သတင်းတစ်ခု ရရှိခဲ့သည်။ အသက်ရှင်ကျန်ခဲ့သော မိုင်းလုပ်သားများ၏ မျက်မြင်သက်သေအရ မြေအောက်တွင် အမည်မသိ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် ပေါ်ထွက်လာကာ မိုင်းတွင်းကို သိမ်းပိုက်ထားသော ကြောက်မက်ဖွယ်ရာ အစွမ်းထက်ပုဂ္ဂိုလ်နှင့် အပြင်းအထန် တိုက်ခိုက်ခဲ့ကြသည်။ နောက်ဆုံး၌ ဒုတိယပုဂ္ဂိုလ် ရှုံးနိမ့်သွားပြီး ထွက်ပြေးသွားခဲ့သည်။ မိုင်းတွင်းအရာရှိက လက်ရှိတွင် မိုင်းဆက်လက်တူးရန်အတွက် သက်ဆိုင်ရာ အလုပ်များကို ပြန်လည်စီစဉ်နေသည်။
အခြားသူများက လို့ဘ်မိုင်းတွင်းရှိ အန္တရာယ်အဆင့်ကို မသိကြပေ။ သို့သော်လည်း စီကာလီက သေသေချာချာ သိသည်။ ထိုမိုင်းတွင်းနယ်မြေမှာ ငှက်တောင်ဖြူနယ်မြေ၏ အရေးအပါဆုံး အရင်းအမြစ်များထဲမှ တစ်ခု ဖြစ်သည်။ တစ်ခုခု လွဲနေကြောင်း သူကြားပြီးသည့်အခါ အရေးပါမှုကို ပြသရန်အတွက် အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ပြီး ရှာတွေ့ခဲ့သည်။ သို့သော်လည်း သူက ကြောက်မက်ဖွယ်ရာ အငွေ့အသက်တစ်ခုကြောင့် ကြောက်လန့်ပြီး ထွက်သွားခဲ့ရသည်။ စီကာလီ၏ ထင်မြင်ချက်အရ ထိုအငွေ့အသက်မှာ အလွန်အမင်း အစွမ်းထက်လှသည်။ ၎င်းမှာ သေချာပေါက် နတ်ဆိုးအရှင်သခင်အဆင့် ဖြစ်ပြီး သာမန်နတ်ဆိုးအရှင်သခင်အဆင့်ပင် မဖြစ်လောက်ပေ။ သူက ရန်သူကို ခုခံနိုင်ရန် ဝေးလွန်းနေသေးသည်။
သူက ယခုတစ်ခေါက် ၎င်းကို “ဖာကို”အား တမင်တကာ ဖြေရှင်းခိုင်းခြင်းမှာ ထိုသူနောက်မှ စွမ်းအားကို မြင်ရရန် ဖြစ်သည်။ ဖာကိုက ထိုပြဿနာကို အချိန်တိုအတွင်း အမှန်တကယ် ဖြေရှင်းနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
ချက်ချင်းပင် စီကာလီက ထိုလျို့ဝှက်ဆန်းကြယ်သော “စီကာလီ” ကို စတင် လေးလေးနက်နက် ထားတော့သည်။
အားလုံးရင်းနေရသော သူ့အတွက် ၎င်းမှာ အသက်ကယ် ကောက်ရိုးတစ်မျှင် ဖြစ်နိုင်သည်။ အကယ်၍ ၎င်းကို သူ မဆုပ်ကိုင်နိုင်လျှင် ဝမ်းနည်းစရာအဆုံးသတ်ကို ပြောင်းလဲ၍ ရနိုင်မည် မဟုတ်ပေ။
ချန်လွေ့က အသာလေး ပြုံးသည်။ “အခု ဆာ့မှာ လိုချင်တဲ့ သက်သေရှိပြီလို့ ထင်ပါတယ်။”
တစ်ဖက်လူက ယခင် “စွမ်းရည်သက်သေပြခြင်း”ကို ဆိုလိုကြောင်း စီကာလီ သိသည်။ ထို့ကြောင်င့ သူက ချက်ချင်း ခေါင်းညိတ်ပြီး ပြောသည်။ “ဒါပေါ့။ ပြီးတော့လည်း ဆာ့ရဲ့ သက်သေက ကျုပ်ထင်ထားတာထက်ကို ကျော်လွန်နေတယ်။ ကျုပ် ခင်ဗျားကို လေးစားပါတယ်။”
“ချီးမွမ်းလွန်းနေပါပြီ။ တကယ်တော့ ပူးပေါင်းတဲ့လုပ်ဖော်ကိုင်ဖက်ရဲ့ စွမ်းအား ပိုကြီးလေလေ၊ ပိုကောင်းလေလေပါပဲ။”
စီကာလီလည်း ခေါင်းညိတ်သည်။ သူက ဆုံးဖြတ်ချက် ပြတ်သားသွားပုံရပြီး ပြောလိုက်သည်။ “ဒီလိုဆိုမှတော့ ကျုပ် ဝေ့ဝိုက်မနေတော့ဘူး။ ကျုပ်မှာ ဆာ့ကို လုပ်ခိုင်းဖို့ အရေးအကြီးဆုံး ကိစ္စတစ်ခုရှိသည်။ ကျုပ် လူတစ်ယောက်ကို လိုချင်တယ်။ ပြီးတော့ ကျုပ် သူ့ကို အရှင်လတ်လတ် လိုချင်တယ်။ သူ့ဆီကနေ တစ်ခုခု လိုချင်တယ်။”
ချန်လွေ့က ထိုတောင်းဆိုချက်၏ “ရိုးရှင်းမှု”ကို မကျေမနပ် မဖြစ်ဘဲ လေးလေးနက်နက် ပြသလိုက်သည်။ “ဆာက အရေးအကြီးဆုံး လို့ သတ်မှတ်မှတော့ အဲဒီလူနဲ့ အဒီပစ္စည်းက ထူးခြားနေမယ်ဆိုတာ ကျုပ်ယုံကြည်တယ်။ ဒါက မိုင်းတွင်းနယ်မြေ သက်သေနဲ့ မတူဘူး။ ဒါက ကျုပ်တို့ကြားက တရားဝင် အပေးအယူ တစ်ခုပဲ။ ကျုပ် ဆာ့ကို သတိပေးချင်တာက အဆက်အသွယ်မှာ အပေးအယူ ရှိတယ်။ တကယ်လို့ ခင်ဗျားလိုချင်တဲ့သူက နတ်ဆိုးဘုံရဲ့ ထိပ်တန်းအစွမ်းထက်ပုဂ္ဂိုလ် မဟာရိုင်ဇန် ဆိုရင်တော့ ကျုပ် ရအောင်လုပ်နိုင်ရင်တောင် ဆာက ပေးဆပ်နိုင်မှာ မဟုတ်ဘူး။”
ချန်လွေ့၏ “လေးနက်သော” အမူအရာကို စီကာလီကို ပို၍ပင် ကျေနပ်သွားစေသည်။ “စိတ်မပူပါနဲ့။ ကျုပ်လိုချင်တဲ့သူက သေချာပေါက် ကျုပ် ပေးဆပ်နိုင်တဲ့အရာတစ်ခုပါပဲ။ ပြီးတော့ နောက်ထပ် သတ်မှတ်ချက်တစ်ခုလည်း ရှိတယ်။ အဲဒီလူနဲ့ အဲဒီပစ္စည်းအကြောင်း ကျုပ် ဆာ့ကို သတင်းပေးနိုင်တယ်။ ဒါပေမဲ့ ဆာက ကျုပ်ရဲ့ အတွင်းရေးကိစ္စကို မမေးရဘူး။ ဒီတာဝန်ကို ပြီးအောင် လုပ်ရုံပဲ။ ”
“ဒါပေါ့။” ချန်လွေ့ ပြုံးလိုက်သည်။ “ကျုပ် ဂရုအစိုက်ဆုံးက ဆာ ဘယ်လိုမျိုး ပေးနိုင်မလဲ ဆိုတာပဲ။”
စီကာလီ၏အမူအရာ အလွန်အမင်း လေးနက်နေ၏။ “ငှက်တောင်ဖြူနယ်မြေ လော့ဒ်တစ်ယောက်ရဲ စွမ်းအားအတွင်းမှာဆိုရင် အားလုံးအဆင်ပြေတယ်။ ကျုပ်ရဲ့ တစ်ဦးတည်းသောညီမ ပါလန်ဒို ဆိုရင်တောင် ရတယ်။”
“သိပ်ကောင်းတယ်။” ချန်လွေ့၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူ၏ အပြုံးက ပို၍ ပြင်းထန်သွားသည်။
စီကာလီက ၎င်းကို သတိထားမိလိုက်ပြီး အကြံအစည်း အောင်မြင်သွားကြောင်း စိတ်ထဲ၌ ခံစားမိလိုက်သည်။ သို့သော်လည်း ထိုသူက သူနှင့် ပါလန်ဒိုအကြား လျို့ဝှက်ချက်ကို သိရှိထားပြီဖြစ်ကြောင်း မသိသေးပေ။ နောက်ဆုံးစကားမှ တမင်တကာ ပြတ်ပြတ်သားသား လုပ်ခြင်းက အမှန်တကယ်၌ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို ဖြစ်နေခဲ့လေသည်။
“ကျုပ်ရဲ့ သတ်မှတ်ချက်တွေက ဆာ့ရဲ့ စွမ်းရည်အတွင်းမှာပဲဆိုတာ သေချာတယ်။ အသေးစိတ်ကိုတော့ အဲဒီလူနဲ့ ပစ္စည်းကို ရတဲ့အထိ စောင့်ကြတာပေါ့။” ချန်လွေ့က အသာလေး ပြောသည်။ “အခု ပစ်မှတ်ရဲ့ သတင်းအချက်အလက်တွေ အားလုံးကို သိဖို့ လိုအပ်တယ်။ အဲဒီလူက ဘယ်လိုပဲဖြစ်ဖြစ် ကျုပ် ဆာ့ကို အမြဲတမ်း ကျေနပ်အောင် လုပ်မှာပါ။ ကျုပ်ရဲ့ အင်အားစုက စွမ်းအားကြီးတယ်ဆိုတာကို ကျူပ် ကြိုပြီးတော့ ပြောရမယ်။ ပြီးတော့ စွမ်းအားက လိုအပ်ချက်တွေနဲ့ တစ်ခါတစ်ရံ တန်းတူညီတတ်တယ်။ အဲဒီအချိန်ကျရင် ဆာ့ရဲ့စိတ်ကို ပြင်ဆင်ထားရမယ်။”
လိုအပ်ချက်တွေလား။ အဲဒါက ကြွယ်ဝမှုတွေ၊ စွမ်းအား ခိုကိုးရာနဲ့ ဖလားတွေထက် ဘာမှမပိုဘူး။ ငါ အသက်ရှင်နိုင်ပြီးတော့ အဆိုးဝါးဆုံး ရန်သူကို ရှင်းပစ်နိုင်သရွေ့ ကျန်တာတွေ အားလုံးကို ရေရှည်မှာ ကိုင်တွယ်လို့ရတယ်။ စီကာလီက လေးလေးနက်နက် သဘောတူလိုက်ပြီး ထရေစီကို ချန်လွေ့ပေးခဲ့သော သိုလှောင်လက်စွပ်အား ထုတ်လိုက်သည်။ “အရင်လိုပဲ။ သတင်းအချက်အလက်တွေက ဒီလက်စွပ်ထဲမှာ ရှိတယ်။”
ချန်လွေ့က လက်စွပ်ကိုယူပြီးနောက် လက်မောင်းထဲမှ အိတ်ကပ်ထဲထည့်ပြီး မတ်တပ်ရပ်လိုက်သည်။ “ဒါက ဆာ့ရဲ့ ရေရှည်ပူးပေါင်းဖို့အတွက် ကောင်းမွန်တဲ့အစတစ်ခု ဖြစ်လာမှာပါ။ ပြဿနာကို ဖြေရှင်းနိုင်တဲ့ ကျုပ်ရဲ့ စွမ်းရည်ကို သက်သေပြပြီးပြီ။ အဲဒါကြောင့် အဲဒီအကြောင်း ကြွားနေစရာ မလိုဘူး။ စကားတစ်ခွန်းပဲ။ ကျုပ် ဆာ့ကို ဘယ်တော့မှ စိတ်ပျက်စေမှာ မဟုတ်ဘူး။”
စီကာလီ၏မျက်လုံးထဲ၌ ထူးဆန်းသော အကြည့်တစ်ခု လက်ခနဲ ဖြစ်သွားသည်။ “သိပ်ကောင်းတယ်။ ဒါဆိုရင် အရင်တစ်ခေါက်ကလိုမျိုးပဲ ဆာ့ဆီကနေ သတင်းကောင်းကို စောင့်နေပါ့မယ်။”
တိုက်ပွဲဘောလုံး ကုန်ပစ္စည်း စတိုးဆိုင်၏ လျို့ဝှက်အခန်းမှ ထွက်လာပြီးနောက် ချန်လွေ့သည် ချပ်ကာဖြူဟိုတယ်လို့ ပြန်ရောက်လာသည်။ သူက စီကာလီကို စောင့်ကြည့်ရန် မှော်စက်ဝိုင်းကို ပြန်လည်ပြင်ဆင်ပြီး သိုလှောင်လက်စွပ်ကို ဖွင့်လိုက်သည်။
သိုလှောင်လက်စွပ်ထဲ၌ ဖြေရှင်းရမည့်သူက အသွင်ပြောင်းပညာရပ်၌ ကျွမ်းကျင်ကြောင်း ပြောထားသော သတင်းအချက်အလက်တစ်ခု ဖြစ်နေသည်။ သူက လော့ဒ်အဖြစ် ဟန်ဆောင်ခဲ့ဖူးပြီး အခွံချွတ်ဘီးဟူသော ဒဏ္ဍာရီလာ ပစ္စည်းတစ်ခု ရှိသည်။ ယခုတစ်ခေါက် အလုပ်မှာ ထိုသူကို ဖမ်းဆီးရန်သာမက အခွံချွတ်ဘီးကိုလည်း ရရှိရန် ဖြစ်သည်။
ချန်လွေ့၏ မျက်နှာပေါ်၌ သရော်ပြုံးတစ်ခု ပေါ်ထွက်လာသည်။ လော့ဒ်လိုမျိုး “ဟန်ဆောင်”တဲ့ ရန်သူတစ်ယောက်။ ပြီးတော့ ဒဏ္ဍာရီလာအဆင့် “အခွံချွတ်ဘီး” ဟုတ်လား။
ကိစ္စများကို မသိခဲ့လျှင် ၎င်းမှာ ကြောင်းကျိုးဆီလျော်နေသည်။ သို့သော်လည်း အစားထိုးဟု သတ်မှတ်၍ရနိုင်သော “ဆာ-လော့ဒ်” အပါအဝင် ဟဲရာဘီးနှင့် စီကာလီ၏ ပတ်သက်မှုကို ချန်လွေ့ သေသေချာချာသိသည်။ ၎င်းမှာ အစစ်အမှန်နေရာတွင် အစားဝင်ချင်သော အစားထိုးတစ်ယောက် ဖြစ်သည်မှာ အသေအချာပင် ဖြစ်သည်။
သို့သော်လည်း ချန်လွေ့ ဂရုစိုက်သည်မှာ ထိုအရာမဟုတ်ဘဲ “အစစ်အမှန်”နှင့် ဆက်နွှယ်နေသော သတင်းအချက်အလက် ဖြစ်သည်။ လက်စွပ်ထဲမှ သတင်းအချက်အလက်အရ မူရင်းစီကာလီသည် မက်စီမိုမြို့၏ လျို့ဝှက်နေရာ၌ လေ့ကျင့်နေသည်။ ထိုသူ၏ စွမ်းအားက နတ်ဆိုးဧကရာဇ်အဆင့်ကို ကျော်လွန်နေပြီး “ဟဲရာဘီး”မှာ အမှန်တကယ်၌ အလွန်ကြီးမားသည့် ဖြုတ်၍ရသော ပစ္စည်းတစ်ခု ဖြစ်သည်။ မူရင်းစီကာလီက ထိုပစ္စည်းကို အသုံးချကာ စွမ်းအားများ စုပ်ယူနေခဲ့သည်။
ထိုအချိန်၌ စောင့်ကြည့်ရေး မှော်ပညာထဲ၌ လော့ဒ်စံအိမ်ထဲသို့ ဖျတ်လက်စွာ လမ်းလျှောက်သွားနေသော စီကာလီကို မြင်နိုင်ပေသည်။ သူ၏ စိတ်ဓာတ်ကျနေသော ခံစားချက်က အတော်လေး ပြေလျော့နေသည်။ သူက ဘေးဖက်က အစေခံမလေးကို ဆုပ်ကိုင်ပြီး အင်္ကျီထဲသို့ လက်ထိုးထည့်လိုက်သည်။ ထိုကြမ်းတမ်းသော လုပ်ရပ်က အစေခံမလေးကို နာကျင်စွာစေသော်လည်း မခုခံရဲပေ။ စီကာလီက အစေခံမလေးကို ဆံပင်၌ ဆွဲကိုင်လိုက်သည်။ သူက ထိုအစေခံမလေးအား ကာမအနိုင်ကျင့်ရန် ပြင်လိုက်စဉ် အပြင်ဘက်မှ ခြေသံများ ရုတ်တရက် ထွက်ပေါ်လာသည်။ အခန်းထဲသို့ ပါလန်ဒို လမ်းလျှောက်လာသည်ကို သူမြင်လိုက်ရသည်။
ရှေ့မှမြင်ကွင်းကြောင့် ပါလန်ဒို၏မျက်လုံးများ ပို၍ မည်းမှောင်သွားသည်။ စီကာလီက အစေခံမလေးကို ဖြည်းဖြည်းချင်း လက်လွှတ်လိုက်သည်။ အစေခံမလေးက စုတ်ပြဲနေသော အဝတ်အစားများကို အလျင်အမြန် ဖုံးထားသည်။ သူ့ကို ပါလန်ဒိုက ကြမ်းပြင်ပေါ်လဲအောင် ပါးရိုက်လိုက်သည်။ ထို့နောက် အစေခံမလေးက မျက်နှာကိုဖုံးကာ အလောတကြီး ပြေးသွားတော့သည်။
ပါလန်ဒိုက အစေခံမလေးကို လျစ်လျူရှုပြီး စီကာလီ၏ မျက်နှာသို့ ရောက်အောင် လမ်းလျှောက်သွားသည်။ သို့သော်လည်း သူ့ကို စီကာလီက စားပွဲပေါ် တွန်းချလိုက်သည်။ ထို့နောက် သူက ပါလန်ဒို၏ ဂါဝန်ကို ဆွဲမပြီး ဖြူဖွေးသောတင်ပါးကို ခပ်ကြမ်းကြမ်း ရိုက်တော့သည်။ သူက ပါလန်ဒို၏ ခန္ဓာကိုယ်ကို ဖုံးအုပ်ရန် မလုံလောက်သော တီ-ဘက်ကို တင်းတင်းကြပ်ကြပ်ဆွဲကိုင်ပြီး...နောက်.... ညစ်ညမ်းရုပ်ရှင် ဖြစ်သွားတော့သည်။
ချန်လွေ့ ဆက်မကြည့်ချင်တော့ဘဲ စောင့်ကြည့်မှော်စက်ဝိုင်းကို ပိတ်လိုက်သည်။ ဒီ စီကာလီကိုယ်ပွားက တဏှာကြီးတယ်။ ကြမ်းတမ်းတယ်။ ကောက်ကျစ်တယ်။ သူ့ရဲ့ စွမ်းအားကလည်း အားနည်းချက်တစ်ခုပဲ။ ရွေးစရာ မရှိရင်တော့ သူ့ကို ထိန်းချုပ်ဖို့အတွက် နတ်ဘုရား-ဝါးမျို မျက်နှာဖုံးရဲ့ တစ်နေရာစာကို စတေးလို့ရတယ်။
ဒါပေမဲ့ အခု ဒီကိုယ်ပွားကို ထိန်းချုပ်တာက အသုံးမဝင်ဘူး။ နောက်ဆုံး ဆုံးဖြတ်ချက်က ဘာပဲဖြစ်ဖြစ် တကယ့်စီကာလီကို အရင်ဆုံး ဖြေရှင်းရမယ်။
ထိုအကြောင်း စဉ်းစားနေရင်း ချန်လွေ့က အဝေးမှ ထိုအခန်းသို့ ချဉ်းကပ်လာသည့် ခြေသံများကို ကြားလိုက်ရသည်။ သူတို့က လူနှစ်ယောက် ဖြစ်ဟန်တူသည်။ ချန်လွေ့၏ စိတ်ဝိညာဉ်စွမ်းအားက နတ်ဆိုးအရှင်သခင်အဆင့်သို့ ရောက်နေပြီး အာရုံခံစွမ်းရည်က ယခင်ကထက် များစွာ သာလွန်နေပြီဖြစ်သည်။ သူက ချဉ်းကပ်လာသူနှစ်ယောက်ထဲမှ တစ်ယောက်၏စွမ်းအားမှာ အတော်လေး ထူးခြားကြောင်း အာရုံခံမိသည်။ ချန်လွေ့သည် မှော်စက်ဝိုင်း သဲလွန်စများကို လိုရမည်ရ ချက်ချင်း ဖယ်ရှားလိုက်၏။
ခဏအကြာ တံခါးခေါက်သံ ထွက်လာသည်။ ချန်လွေ့က တံခါးကို အေးအေးဆေးဆေး ဖွင့်လိုက်သောအခါ ဟိုတယ်စားပွဲထိုးနှင့် သူစိမ်းတစ်ယောက်ကို တံခါးအပြင်ဘက်၌ တွေ့သည်။ စားပွဲထိုးက အရိုအသေပြုသည်။ “ဆာ-ဖာကို။ ဒါက ဆာ-လော့ဒ် လွှတ်လိုက်တဲ့ ဆက်သားတစ်ယောက်ပါ။”
ချန်လွေ့က ဆက်သားကို ဖျပ်ခနဲကြည့်ပြီး အနည်းငယ် အံ့အားသင့်သွားသည်။ ထို့နောက် လေးလေးနက်နက် ပြုံးသည်။ “ဝင်ခဲ့ပါ။”
ဆက်သား ဝင်သွားပြီးနောက် စားပွဲထိုးက တံခါးကို ပိတ်ကာ ထွက်သွားသည်။ စားပွဲသို့ အဝေးသို့ ရောက်သွားသည်ကို အာရုံခံမိပြီးနောက် ဆက်သားက ဦးညွှတ်လိုက်သည်။ “တွေ့ရတာ ဝမ်းသာပါတယ်။ ဆာ-ဖာကို။”
ချန်လွေ့က သူ့ကို စကားပြန်မပြောဘဲ တိတ်တိတ်လေး ကြည့်နေသည်။ ထို့နောက် ဝိညာဉ်စွမ်းအားကို ဖြည်းဖြည်းချင်း ထုတ်လွှတ်ပြီး ဆက်သားအား နတ်ဆိုးအရှင်သခင်အဆင့် စိတ်ဝိညာဉ်ဖိအားများ ဝိုင်းရံသွားသည်ကို စောင့်နေသည်။
ဆက်သားက ထိုဖိအားကို ခံနိုင်တော့ဟန် မတူပေ။ သူ၏ ခန္ဓာကိုယ် အပြင်းအထန် စတင်တုန်ခါလာပြီး တအံ့တသြနှင့် ပြောသည်။ “ဆာ။ ကျုပ်ကို အထင်မမှားပါနဲ့။ ကျုပ်က ဆာ-လော့ဒ် လွှတ်လိုက်တဲ့သူပါ။”
ချန်လွေ့၏ ရက်စက်သောအသံ ထွက်လာသည်။ “ကျုပ်တို့ စကား စမပြောခင် အကြံတစ်ခု ပေးလိုက်မယ်။ ဘာမှ မဆင်မခြင် မလုပ်နဲ့။ မဟုတ်ရင် နတ်ဆိုးအရှင်သခင် အဆင့် ထိပ်သီးပိုင်းစွမ်းအားတောင် ချက်ချင်း ချေမှုန်းခံရမယ်။”
ဆက်သား၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး တစ်ခုခုကို အမြန်တွေးနေဟန် တူသည်။ သူ၏တုန်ခါနေသော ခန္ဓာကိုယ် တဖြည်းဖြည်း ရပ်တန့်သွားပြီး တည်တည်ငြိမ်ငြိမ်နှင့် ပြောလိုက်သည်။ “ကျုပ်ရဲ့ အတင့်ရဲမှုအတွက် ခွင့်လွှတ်ပေးပါ။ ဆာ-ဖာကို။”
ထိုသို့ပြောပြီးနောက် စိတ်ဖိအား ရုတ်တရက် ပျောက်ကွယ်သွားသည်။ ချန်လွေ့က ဆိုဖာပေါ်၌ ထိုင်နေပြီဖြစ်ကာ လက်အမူအရာ ပြလိုက်သည်။ “ထိုင်ပါဦး။”
ဆက်သားက အသာလေး ဦးညွှတ်ပြီး ချန်လွေ့၏အရှေ့တွင် ထိုင်လိုက်သည်။
“ကျုပ် ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ။” ချန်လွေ့၏လေသံက စိတ်ဝင်စားနေပုံ ရသည်။ “ဆာ-လော့ဒ်လား။ ဒါမှမဟုတ် ... နောက်ထပ် ဆာ-လော့ဒ်လား။”
ဆက်သား၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားပြီး ထရန်ပြင်လိုက်သည်။ သို့သော်လည်း သူက ထိုအတွေးကို ထိန်းထားလိုက်၏။ သူ၏စွမ်းအားကို ဖောက်မြင်သွားသောအခါ သူ၏ အံ့အားသင့်မှုမှာ ဟန်ဆောင်ခြင်း အနည်းငယ် ပါသည်။ ယခုတွင်တော့ သူ အမှန်တကယ် ထိတ်လန့်သွားခြင်း ဖြစ်သည်။
[ သရုပ်ခွဲမျက်လုံး ] ထဲ၌ ဆက်သား၏ မျိုးနွယ်စုမှာ လူစီဖာ တော်ဝင်မိသားစုဖြစ်ပြီး စွမ်းအားအစစ်အမှန်မှာ A+ ဖြစ်သည်။ တန်ဖိုးမှာ အမှောင်လသို့ လာလည်ခဲ့သော နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းနှင့် လုံးဝ အတူတူပင် ဖြစ်သည်။ ရင်းနှီးသော ခံစားချက်နှင့် ပေါင်းလိုက်သောအခါ ၎င်းမှာ နောက်ထပ် “လော့ဒ်” ဖြစ်ကြောင်း ချန်လွေ့ သေချာသွားသည်။ ထိုသူက “ဖာကို”အား ကိုယ်တိုင် လာရောက်ရှာဖွေခြင်းသည် ချန်လွေ့၏ စိတ်ဝင်စားမှုကို တိုးသွားစေသည်။
“ဆာ-ဖာကို။ ဒီအတွင်းရေးကိစ္စတွေကို ..... အဲဒီလူက တိုက်ပွဲဘောလုံးကုန်ပစ္စည်း စတိုးဆိုင်မှာ ပြောခဲ့တာလား။”
“တိုက်ပွဲဘောလုံးစတိုးဆိုင်”ဟူသော စကားလုံးများကို ကြားသည့်အခါ ချန်လွေ့ အနည်းငယ် ကြက်သေသေသွားပြီး ခေါင်းခါရင်း ပြောသည်။ “အဲဒီလူက အသွင်ပြောင်းတဲ့ ပညာရပ်တတ်တဲ့ ရန်သူတစ်ယောက်ကို ဖြေရှင်းပြီးတော့ အခွံချွတ်ဘီးလို့ခေါ်တဲ့ ဒဏ္ဍာရီလာအဆင့် ပစ္စည်းကို ရယူပေးဖို့ ကျုပ်ကို အလုပ်အပ်ခဲ့ရုံပါပဲ။ ကျန်တာတွေ ဘာမှ မပြောခဲ့ပါဘူး။”
“အသွင်ပြောင်းပညာရပ်” နှင့် “အခွံချွတ်ဘီး” တို့ကို ကြားပြီးနောက် ဆက်သား၏ မျက်လုံးထဲ၌ လှောင်ပြောင်သရော်မှု အနည်းငယ် လက်ခနဲ ဖြစ်သွားသည်။ ချန်လွေ့ ဆက်ပြောသည်။ “တကယ်တော့ အတွင်းရေးကိစ္စတွေကို ကျုပ် သိထားတာ ကြာပြီ။ အစွမ်းထက်တဲ့ အင်အားစု တစ်ခုအနေနဲ့ ကျုပ်မှာ လျို့ဝှက်သတင်းတွေ မရှိရင် ထူးဆန်းနေမှာပေါ့။ မဟုတ်ဘူးလား။ ဆာ-လော့ဒ်။”
ဆက်သား၏မျက်နှာ ပြောင်းလဲမသွားပေ။ သို့သော်လည်း သူက သက်ပြင်းချသည်။ “ဒီတစ်ခေါက် ရုတ်တရက် လာရတာကို ခွင့်လွှတ်ပေးပါ။ ဆာက စဉ်းစားတတ်တဲ့သူ ဆိုတော့ ကျုပ်က ဝေ့ဝိုက်မပြောနေတော့ပါဘူး။ တကယ်တော့ ကျုပ်က ဆာ့ရဲ့ အင်အားစုနဲ့ အဆက်အသွယ် ရှိနေတာ ကြာပြီ။ ဆာ့ရဲ့ ဂိုဏ်းခွဲက ..... မဟုတ်ရုံပါပဲ။”
ချန်လွေ့၏နှလုံးသား လှုပ်ရှားသွားသည်။ စတွေ့ကတည်းက သူသည် နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းဖြစ်သော စီကာလီကို ဖိနှိပ်နေခဲ့သည်။ စိတ်ဝိညာဉ် ဖိအားဖြစ်စေ၊ အတွင်းရေးကိစ္စကို ဖော်ထုတ်ခြင်း၌ ဖြစ်စေ၊ ချန်လွေ့က အမြဲပင် အသာစီးရနေပြီး တစ်ဖက်လူအား အဆက်မပြတ် ချုပ်နှောင်မိစေနေသည်။ ယခုတွင်း စီကာလီ၏ စကားများကို ကြားသည့်အတွက် နိမ့်ကျသော အခြေအနေကို ပြေလျော့ချင်သော ရည်ရွယ်ချက်တစ်ခု ရှိနေသော်လည်း ချန်လွေ့က နောက်ထပ် သဲလွန်စများကို ကြားခဲ့ရသည်။
သူက “ဖာကို”ရဲ့ အင်အားစုနဲ့ ဆက်နွှယ်နေတာလား။
“ဖာကို” နောက်မှာ ဘယ်လိုအင်အားစု ရှိနေတာလဲ။ အမှောင်လလား။ မဟုတ်ဘူး။ အဲဆို စီကာလီထင်တဲ့ အင်အားစုက.....
“သြော်...” ချန်လွေ့က ဟန်ဆောင်ပြုံးရင်း ပြောသည်။ “ကျုပ်က အတော်လေး ကြီးမားတဲ့ အင်အားစုတစ်ခုကပါ။ ဂိုဏ်းခွဲတွေ အများကြီး ရှိတယ်။ တော်ဝင်မျိုးနွယ်တွေ၊ ဧရာမ နဂါးတွေ ပြီးတော့ ကျရှုံးသွားခဲ့တဲ့ တော်ဝင်မိသားစုတွေတောင် ပါတယ်။ ကျုပ် နည်းနည်းလေး စိတ်ဇဝေဇဝါ ဖြစ်မိတယ်။ ဆာ-လော့ဒ်ပြောတဲ့ လမ်းကြောင်းက ဘာကိုပြောတာလဲ မသိဘူး။”
၎င်းကို ကြားသည့်အခါ စီကာလီ၏ စိတ်ထဲ၌ သံသယ မရှိတော့ပေ။ သူက ခနဲ့တဲ့တဲ့ ပြောလိုက်သည်။ “ပွင့်လင်းတဲ့သူတစ်ယောက်က စောင်းပါးရိပ်ခြည် ပြောဖို့ မလိုပါဘူး။ အခု လို့ဘ်တောင် မိုင်းတွင်းက ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီ။ ကျုပ် ဆက်သွယ်နေတဲ့ လမ်းကြောင်းကိုလည်း ဆာက ဖြတ်တောက်လိုက်ပြီ။ ကျုပ် တကယ့်ကို ရှက်မိပါတယ်။”
ချန်လွေ့၏ စိတ်ထဲ၌ ပျော်ရွှင်သွားမိသည်။ နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်း စီကာလီက တကယ်ပဲ သွေးမြေကျနဲ့ ပတ်သက်နေတယ်။ ပြီးတော့ သူက ယာကော့ဘ်နဲ့ အချိတ်အဆက် ရှိတယ်။ ဒါကြောင့် သူက နတ်ဆိုးဧကရာဇ်အဆင့် အလတ်ပိုင်းဖြစ်တဲ့ စီကာလီထက် ပိုပြီးတော့ တည်ငြိမ်နေတာကိုး။ သူ့မှာ ဒုတိယအစီအစဉ် ရှိနေပြီးတော့ တကယ့်စီကာလီကို ဆန့်ကျင်ဖို့အတွက် သွေးမြေကျရဲ့စွမ်းအားကို သုံးချင်နေတာပဲ။
အခုတော့ ယာကော့ဗ် ထွက်ပြေးသွားပြီ။ သူက ယာကော့ဘ်နဲ့ အချိန်တိုအတွင် အဆက်အသွယ် မလုပ်နိုင်မှာ သေချာတယ်။ သလင်းကျောက်နဂါးကို ဘယ်သူ အနိုင်ယူလိုက်တာလဲဆိုတာ စီကာလီ မသိဘူး။ အဲဒါကြောင့် ငါဒါကို အသုံးချပြီးတော့ ငှက်တောင်ဖြူနယ်မြေပြဿနာကို မြန်မြန်လေး ဖြေရှင်းရမယ်။
“ဆာ ငှက်တောင်ဖြူနယ်မြေကို ရောက်လာတာ ကျုပ်သိတယ်။ ဒါပေမဲ့ အဲဒီတုန်းက ဆာ့ရဲ့ သရုပ်ကို မသိခဲ့ဘူး။ ပြီးတော့ ဆာ့ရဲ့ လက်ထဲမှာရှိတဲ့ စွမ်းအားကိုလည်း မသိခဲ့ဘူး။” စီကာလီက ပါးပါးနပ်နပ်နှင့် ပြောသည်။ “ဆာက တကယ့် ပူးပေါင်းဆောင်ရွက်သူကို လိုချင်လား မသိဘူး။”
“တကယ့်ပူးပေါင်းဆောင်ရွက်သူလား။” တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို ချန်လွေ့ သဘောပေါက်သည်။ ကိုယ်ပွားက “ဖာကို”ကို အသုံးချပြီး တကယ့်စီကာလီအား ဖျက်ဆီးပစ်လိုက်လျှင် နောက်ထပ်ဖြေရှင်းရမည့်အရာကို နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်း ဖြစ်သည်။ ထို့ကြောင့် ဖာကိုထံမှ အရေးအကြီးဆုံး အကူအညီကို ရရှိရန်အတွက် သူ ပထမဆုံး လှုပ်ရှားရပေမည်။
“ကျုပ်က အလေးနက်ဆုံး စိတ်ရင်းနဲ့ ရောက်လာတာပါ။ နောက်ထပ် လျို့ဝှက် အကြံအစည်ရှိတဲ့ အဲဒီတစ်ယောက်လိုမျိုး မဟုတ်ပါဘူး။” စီကာလီ မတ်တပ်ရပ်ပြီး လေးလေးနက်နက်နှင့် အရိုအသေ ပြုလိုက်သည်။ “ဆာ့ရဲ့ သတ်မှတ်ချက်တွေအကုန် ကျုပ် လက်ခံနိုင်ပါတယ်။”
တစ်ဖက်လူ၏ စိတ်အခြေအနေကို သဘောပေါက်ပြီးနောက် ချန်လွေ့ မလောနေတော့ပေ။ “ကျုပ် တစ်ခု အရင်မေးချင်တယ်။ တကယ်လို့ တစ်နေရာရာမှာရှိတဲ့ စီကာလီအစစ်ကို ကျုပ်သတ်တာပဲဖြစ်ဖြစ်၊ ဟဲရာဘီးကို ဖျက်ဆီးလိုက်တာပဲဖြစ်ဖြစ်၊ ခင်ဗျားရဲ့အသက်ကို သက်ရောက်မှု ရှိမှာလား။”
စီကာလီ ဉာဏ်များသည့်တိုင် အံ့အားသင့်မိသည်။
ဟဲရာဘီး တဲ့။ “အခွံချွတ်ဘီး” မဟုတ်ဘူး။ ပြီးတော့ တကယ့် စီကာလီ။
ဒါက ကိုယ်ပွားပြောပြတာတော့ လုံးဝ မဖြစ်နိုင်ဘူး။ ဒီ “ဖာကို”က ငှက်တောင်ဖြူ နယ်မြေရဲ့ အကြီးမားဆုံး လျို့ဝှက်ချက်ကို ရှာတွေ့သွားမယ် မထင်ထားခဲ့ဘူး။