ဟဲရာဘီး
Vol. 35 Ch. 511
အမှောင်လမြို့ ဝတ်ရုံဂိုဏ်း အခြေစိုက်စခန်း ရှေးဟောင်းအိမ်၌ ဖြစ်သည်။
ညနက်နေချိန် ဖြစ်ပြီး ချန်လွေ့က “အက်ဂ်ယော” ဟူသော သရုပ်ကို အသုံးပြုပြီး ရှေးဟောင်းအိမ် နောက်ဖေးသို့ မပုန်းကွယ်ဘဲ ဝင်ရောက်လာသည်။ အမှောင်လ မြို့တော်၌ ကြယ်အမှတ် ရှိသည်။ [ ကြယ်ဂိတ် ] ၏ ထူးကဲသော လုပ်ဆောင်ချက်ကြောင့် ပြန်လာရန် တဒင်္ဂသာ ကြာသည်။
စကိုင်းနှင့် ရှင်းရှင်းတို့ အိပ်ပျော်လျက် ရှိနေပြီး ထယ်တင်းနစ်၏ စမ်းသပ်ခန်းသာ မီးလင်းနေဆဲ ဖြစ်၏။
တံခါးကိုခေါက်လိုက်ရင်း ချန်လွေ့က အတွင်းထဲမှ ဆေးရည်ပုလင်းများနှင့် ပစ္စည်းကိရိယာများကို မြင်လိုက်ရသည်။ ၎င်းတို့ထဲ၌ ပွက်ပွက်ဆူနေသော ပျော်ရည်များ ထည့်ထားလေသည်။
“မင်း ပြန်လာပြီလား။” ထယ်တင်းနစ်က ပုံမှန်ပင် မေးသည်။ အဘိုးအိုက ချန်လွေ့သည် လရောင်ခံတပ် ရှေ့တန်းမှ ပြန်လာသည်ဟုသာ ထင်မှတ်နေခဲ့သည်။
ချန်လွေ့ မရှင်းပြဘဲ ခေါင်းကိုသာ ညိတ်လိုက်သည်။ “ကျုပ် တစ်ညလောက် ပြန်လာပြီးတော့ ကိစ္စတွေပြီးရင် ထွက်သွားရမှာ။”
“ငါက ဆေးရည်မည်းတွေနဲ့ ပါဝင်ပစ္စည်းတွေကို စမ်းသပ်နေတာ။ ဒီဆေးရည်တွေနဲ့ ဖော်မြူလာတွေကို ကြည့်ပြီးတော့ မင်းမှာ ရင်းနှီးတဲ့ မှတ်ဉာဏ်တစ်ခုခု ရှိလား။”
ထယ်တင်းနစ်ကို ချန်လွေ့ ပေးခဲ့သော ဆေးရည်မည်းများမှာ စူပါစနစ်မှ ဝယ်ထားခြင်း ဖြစ်သည်။ “မဟာဆရာသခင်အမွေအနှစ်သွင်ပြင်”မှာ လုံးဝ အမှန် မဟုတ်ပေ။ ဖော်မြူလာတစ်ခုခုကို သူ မည်သို့ သိနိုင်မည်နည်း။ သူ ၎င်းကို ကြည့်ဟန်ဆောင်ပြီး ခေါင်းခါသည်။ “အဲဒီအချိန်တုန်းက ကျုပ်ရဲ့အသိစိတ်ကို မဟာဆရာသခင် လမ်းညွှန်ပေးခဲ့တာ။ အဲဒါကြောင့် ဘာမှတ်ဉာဏ်မှ မရှိဘူး။”
“ဆေးရည်မည်းက အတော်လေး လျို့ဝှက်ဆန်းကြယ်တယ်။ အခု ငါက အစွန်အဖျား နည်းနည်းလေးကိုပဲ ဆုပ်ကိုင်နိုင်သေးတာ။ ကံဆိုးစွာနဲ့ပဲ အထဲကို မရောက်နိုင်သေးဘူး။” အဘိုးအိုက နောင်တရစွာဖြင့် သက်ပြင်းချသည်။
ချန်လွေ့သည် ယခင်က ဆေးရည်မည်းများ သောက်ခဲ့ဖူးသော အခြေအနေများကို တွေးမိလိုက်ပြီး ပြောသည်။ “ဆရာ။ ဆေးရည်ကို သောက်ကြည့်ပြီးတော့ မယုံနိုင်စရာ ခံစားချက်ကို မြည်းကြည့်။ အသစ်တွေကို ရှာဖွေတွေ့ရှိနိုင်လောက်တယ်။”
“အဲလို ငါတွေးဖူးတာပေါ့။ ဒါပေမဲ့ ဒီဆေးရည်မည်းတွေက အဖိုးတန်လွန်းတယ်။ ငါ ဒါတွေကို ခွဲခြမ်းလေ့လာဖို့အတွက် သိမ်းထားရမယ်....”
သူပြောမပြီးခင်မှာပင် မျက်လုံးများ ရုတ်တရက် ပြူးသွားခဲ့သည်။ ချန်လွေ့၏ လက်ထဲ၌ ဆေးရည်မည်းများ ပေါ်ထွက်လာပြီး စားပွဲပေါ် တင်ထားလိုက်ခြင်း ဖြစ်သည်။ “ဒါတွေအားလုံးက သိပ်မကြာခင်က ဖော်စပ်ထားတဲ့ စစ်မှန်တဲ့ဆေးရည်အစုံလိုက်ပဲ။ ဆရာ သောက်ကြည့်လို့ ရပါတယ်။ မသိမ်းထားပါနဲ့။”
“သိပ်ကောင်းတယ်။” ထိုအေးစက်သော ဆေးရည်ပုလင်းများက အချိန်အကြာကြီး ပျောက်သွားခဲ့သော သူ၏ချစ်သူများ ဖြစ်နေသကဲ့သို့ပင် ထယ်တင်းနစ်၏ မျက်လုံးများ ရုတ်တရက် နီရဲရဲအရောင်တောက်သွားတော့သည်။
အဘိုးအိုက စိတ်ပါလက်ပါနှင့် သုတေသနထဲ စိတ်နှစ်ထားတော့မည်ကို မြင်သည့်အခါ ချန်လွေ့က ဆေးရည်ကို အမြန်ကာကွယ်ပြီး သူ၏ရည်ရွယ်ချက်ကို အရင်ပြောသည်။ “ကျုပ် အမှောင်လကို ညတွင်းချင်း အမြန်ပြန်လာတာက ဆရာ့ကို မေးစရာ အရေးကြီးကိစ္စတစ်ခု ရှိလို့ပဲ။”
“လိုရင်းကိုပြော။” အဘိုးအိုက တိုတိုတုတ်တုတ် ပြောသည်။ သူ၏မျက်လုံးများက ချန်လွ့၏ လက်နောက်ဘက်ရှိ ဆေးရည်များကိုသာ စိုက်ကြည့်နေလေသည်။
“ဆရာ။ ဟဲရာဘီးဆိုတာ ကြားဖူးလား။”
“ဟဲရာဘီးလား။” ထယ်တင်းနစ် အံ့အားသင့်သွား၏။ “အဲဒါက ရှေးဟောင်း အဆောင်ပစ္စည်းယောင်တစ်ခုပဲ။ မင်း ဘာလို့ ဒါကို မေးတာလဲ။”
“အဆောင်ပစ္စည်းယောင် ဟုတ်လား။” ချန်လွေ့က ထိုအသုံးအနှုန်းကို စာအုပ်ကြီး အချို့၌ ကြားခဲ့ဖူးဟန် တူသည်။ “ဆရာ။ အမှန်အတိုင်းပြောရရင် အခု ကျုပ်က လျို့ဝှက်တာဝန်လုပ်နေတာ။ ရှေ့တန်းမှာ မဟုတ်ဘူး။ ဒီတာဝန်မှာ ဟဲရာဘီးနဲ့ ပတ်သက်တဲ့ သော့ချက်အချို့ကို ရှာတွေ့ခဲ့တယ်။ အဲဒါကြောင့် ဆရာ့ဆီကို အကြံတောင်းဖို့ ပြန်လာခဲ့တာ။”
ထယ်တင်းနစ်က ၎င်းကို ခဏစဉ်းစားပြီး ရှင်းပြသည်။
သာမန်ယန္တရားပညာ အသိပညာ၌ မှော်ပစ္စည်းများကို အမြင့်ဆင့်၊ ထူးကဲအဆင့်နှင့် ဒဏ္ဍာရီလာအဆင့်ဟူ၍ အဆင့်သုံးဆင့် ပိုင်းခြားထားသည်။ ဒဏ္ဍာရီလာအဆင့် အထက်၌ အဆောင်ပစ္စည်း ရှိသည်။ အမှန်တကယ်၌ ဒဏ္ဍာရီလာအဆင့်ထက် ကျော်လွန်သော အစွမ်းထက်အဆင်တန်ဆာများ ရှိကြသည်။ သို့သော်လည်း ၎င်းတို့က အဆောင်ပစ္စည်း စံနှုန်းသို့ မရောက်ကြပေ။ ၎င်းတို့ကို အဆောင်ပစ္စည်းယောင်ဟု ခေါ်သည်။
အဆောင်ပစ္စည်းယောင်မှာ အခြားဂုဏ်သတ္တိများ၌ အဆောင်ပစ္စည်းနှင့် အတော်လေး နီးကပ်သည်။ ၎င်းမှာ ယန္တရားဆရာသခင်တစ်ယောက် လုပ်နိုင်သောအရာ မဟုတ်တော့ပေ။ ယုတ်စွအဆုံး ၎င်းကို ပြုလုပ်ရန် ထယ်တင်းနစ်ကဲ့သို့ တစ်ဝက်- မဟာဆရာသခင် တစ်ယောက် လိုအပ်ပေသည်။ ထယ်တင်းနစ်သည်ပင် အဆောင်ပစ္စည်းယောင်တစ်ခု အောင်အောင်မြင်မြင် ပြုလုပ်နိုင်ရန် အတော်လေး ခက်ခဲသည်။
“အဆောင်ပစ္စည်းယောင်နဲ့ အထက် အဆင့်တွေမှာ ပစ္စည်းကိရိယာက တိုးမြှင့်မှု ရာခိုင်နှုန်းနဲ့ တန်ဖိုးကို တိုင်းလို့မရတော့ဘူး။ သူက အရည်အသွေးအရ ပြောင်းလဲမှု ဖြစ်သွားတာ။ ဥပမာပြောရရင် သက်တမ်းကို ၂၀ % တိုးစေပြီးတော့ အသက်ကြီးတာကို နှောင့်နှေးနိုင်တဲ့ ဇီဝလည်ဆွဲတစ်ခု ရှိတယ်။ အဲဒီ ၂၀% ရဲ့ တကယ့်အဓိပ္ပာယ်က တိုက်ခိုက်မှုနဲ့ ခုခံမှု ၄၀% ထက်ကို အများကြီး သာလွန်တယ်” တယ်တင်းနစ်က ကြီးစွာသော ရင်းနှီးမှုများဖြင့် ကောင်းကောင်းကြီး စကားပြောနေခဲ့သည်။
ချန်လွေ့လည်း ခေါင်းညိတ်နေခဲ့သည်။ သူ၏ နတ်ဘုရား-ဝါးမျို မျက်နှာဖုံးတွင် အမှန်တကယ်၌ ထိုကဲ့သို့ တိုးမြှင့်မှုမျိုး မရှိပေ။ သို့သော်လည်း ဒဏ္ဍာရီလာအဆင့် ပစ္စည်းကိရိယာများ လုံးဝမယှဉ်နိုင်သော အစွမ်းထက် လုပ်ဆောင်ချက်တစ်ခု ရှိလေသည်။
“ကောင်းတဲ့ဆိုးတဲ့ ဒဏ္ဍရီလာအဆင့် ပစ္စည်းကိရိယာတွေ ရှိသလိုမျိုးပဲ အဆောင်ပစ္စည်းယောင်များလည်း အားနည်းတာ၊ အားကောင်းတာ ရှိတယ်။ ဟဲရာဘီးက ပျက်စီးသွားတဲ့ ရှေးဟောင်းအဆောင်ပစ္စည်းတစ်ခုလုံး ပြောကြတယ်။ အဲဒါက အဆောင်ပစ္စည်းယောင် ဖြစ်ပေမဲ့ သာမန် အဆောင်ပစ္စည်းယောင်ထက် အများကြီး သာလွန်တဲ့ စွမ်းအားတွေ ရှိနေတယ်။ ပြောရရင်တော့ အဲဒါက အဆောင်ပစ္စည်းကိုပါ ယှဉ်နိုင်တယ်။ ဟဲရာဘီးမှာ ယုံကြည်မှုဘီးလို့ခေါ်တဲ့ နောက်ထပ်နာမည်တစ်မျိုး ရှိတယ်။ အစွမ်းအထက်ဆုံး လုပ်ဆောင်ချက်ကတော့ ယုံကြည်မှုစွမ်းအားကို စုပ်ယူပြီးတော့ ကိုယ်ပိုင်စွမ်းအားအဖြစ်ကို ပြောင်းလဲနိုင်တာပဲ။”
ယုံကြည်မှုစွမ်းအားလား။ ထိုကဲ့သို့ ရင်းနှီးသော အသုံးအနှုန်းက ချန်လွေ့ကို အံ့အားသင့်သွားစေသည်။ ဟဲရာဘီးက ယုံကြည်မှုစွမ်းအားကို ပြောင်းလဲပြီးတော့ စုပ်ယူနိုင်တယ်။ ဒါက စူပါစနစ်ရဲ့ ယုံကြည်မှုမျှော်စင်နဲ့ မတူနေဘူးလား။ နတ်ဆိုးဘုံမှာ တကယ်ကြီး ဒီလိုအရာမျိုး ရှိနေတာပဲ။
ရုတ်တရက် ချန်လွေ့သည် စီကာလီအား ငှက်တောင်ဖြူနယ်မြေမှ လူများက ရူးသွပ်လုနီးပါး လေးစားအားကျနေကြသည်ကို သတိရလိုက်သည်။ ယခုတွင် သူက တချို့အကြောင်းအရင်းများကို ရေးရေးလေး သဘောပေါက်သွားသည်။
ထယ်တင်းနစ်က သူလက်ခံထားသော မှတ်ဉာဏ်အတိုင်း ဆက်လက် ရှင်းပြသည်။ “ယုံကြည်မှုစွမ်းအား”ကို နတ်ဘုရားသာ ပိုင်ဆိုင်နိုင်သည်။ နတ်ဘုရားတစ်ပိုင်းသည်ပင် ပိုင်နက်တစ်ခုခု၊ တိုင်းပြည်တစ်ခုခုထဲတွင်သာ ယုံကြည်မှုစွမ်းအားကို စုစည်းပြီး နားလည်သဘောပေါက်နိုင်ပေသည်။
ထို့ကြောင့် ဟဲရာဘီးစုပ်ယူသော ယုံကြည်မှုစွမ်းအားကို နတ်ဘုရားတစ်ပိုင်းအောက် လူများက တိုက်ရိုက် စုပ်ယူ၍ မရနိုင်ဘဲ အထူးကြားခံတစ်ခု လိုအပ်သည်။ ဟဲရာဘီး ပိုင်ရှင်က ထို အဆောင်ပစ္စည်းယောင်၏ အာရုံခံကို အသုံးချပြီး ယုံကြည်သူများအကြား အသင့်တော်ဆုံးသော ခန္ဓာအမျိုးအစားကို ရှာဖွေနိုင်သည်။ ထို့နောက် ဟဲရာဘီးက ထိုသူများကို သီးခြားအသိစိတ်နှင့် စွမ်းအားတို့ ပါဝင်သော ကိုယ်ပွားများအဖြစ်သို့ ပြောင်းလဲပေးသည်။
ထိုကိုယ်ပွားများက ယုံကြည်မှုစွမ်းအားကို စုပ်ယူပြီးသည့်အခါ သူတို့၏ စွမ်းအားများ အလျင်အမြန် တိုးပွားသွားပေမည်။ ထိုကဲ့သို့ စွမ်းအား တိုးနေစဉ်အတွင်း ဟဲရာဘီး ပိုင်ရှင်ကလည်း တစ်ချိန်တည်းမှာပင် အကျိုးအမြတ်များ ရရှိမည် ဖြစ်သည်။ အကန့်အသတ်တစ်ခုသို့ ရောက်သွားသောအခါ ဟဲရာဘီးပိုင်ရှင်သည် ယုံကြည်မှုစွမ်းအား အသွင်ပြောင်းထားသော စွမ်းအားအကုန် ရရှိရန်အတွက် ဝါးမျိုခြင်း နည်းလမ်းတစ်ခုဖြင့် ကိုယ်ပွားများ၏ စွမ်းအားနှင့် အသက်ဓာတ်အကုန်ကို စုပ်ယူပေမည်။
ကိုယ်ပွားများနှင့် ပိုင်ရှင်မှာ ကျွန်-သခင် စာချုပ်ကဲ့သို့ ပြန်ပြောင်း၍ မရသော ဆက်ဆံရေးမျိုးဖြစ်ပြီး ပိုင်ရှင်၏ ဝါးမျိုမှုကို ခုခံ၍မရနိုင်သလို ထွက်ပြေး၍လည်း မရပေ။
နောက်ဆုံး၌ ချန်လွေ့က ဟဲရာဘီး၏ လက်ဆောင်ချက်ကို သဘောပေါက်သွား၏။ ဒါက အဆင့်ဆင့်စျေးကွက်လိုမျိုးပဲ။ လက်လီဖြန့်ချိတဲ့သူတွေ ရတဲ့ အကျိုးအမြတ်တွေကို ရောင်းဝယ်တဲ့သူဆီ ဖြန့်ပေးတယ်။ ပြီးတော့ နောက်ဆုံးမှာ ရောင်းဝယ်တဲ့သူက သူ့အဖွဲ့သားကို အားဆေးအနေနဲ့ ဝါးမျိုလိုက်တယ်။ စွမ်းတိုးမြှင့်မြှင့်မှု လုပ်ဆောင်ချက်နဲ့ ယှဉ်မယ်ဆိုရင် ဟဲရာဘီးက တကယ့်ကို အဆောင်ပစ္စည်းနဲ့ ယှဉ်လို့ရတယ်။
ဒီလိုဆိုရင် ငါတွေ့ခဲ့ရတဲ့ စီကာလီ နှစ်ယောက်က ငှက်တောင်ဖြူနယ်မြေရဲ့ တကယ့်လောဒ် မဟုတ်ဘူး။ ဝါးမျိုခံရဖို့ စောင့်နေတဲ့ “အားဆေးတွေ”ပဲ။ လျို့ဝှက်ခန်းထဲမှာ မောင်နှမတမ်း ကစားနေတဲ့ တစ်ယောက်က ဝါးမျိုခံရတော့မယ့် ကိုယ်ပွားတစ်ယောက် ဖြစ်မယ်။ ဒါကြောင့် သူက ကယောင်ချောက်ချား ဖြစ်နေတာကိုး။ ဒါဆိုရင် တကယ့်စီကာလီက နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်း ကိုယ်ပွားထက်ကို မြင့်နေနိုင်တယ်။ နတ်ဆိုးအရှင်သခင်အဆင့်ပဲ။
ငှက်တောင်ဖြူနယ်မြေရဲ့လော့ဒ်က တကယ့်အကောင်ပဲ။ သူက ကောင်းကောင်း ပုန်းနေခဲ့တယ်။ အမှောင်လရဲ့ တိုးတက်မှုကြောင့်သာ မဟုတ်ရင် ငှက်တောင်ဖြူ နယ်မြေက ကြယ်ကြွေတမန်အင်ပါယာမှာ အစွမ်းအထက်ဆုံးနယ်မြေ ဖြစ်နေမှာပဲ။
“ဆရာ။ ဒီဓားကို တစ်ချက်ကြည့်ပါဦး။” ချန်လွေ့က တစ်ခုခုကို တွေးမိလိုက်သည်။ “ဒါက အဆောင်ပစ္စည်းယောင်လား။ အဆောင်ပစ္စည်းလား။”
ဟဲရာဘီး မေးခွန်းကို ဖြေပြီးနောက် ထယ်တင်းနစ်က ဆေးရည်များကို ဆက်လက်၍ သုတေသန ပြုလုပ်ချင်ခဲ့သည်။ ထိုစကားကို ကြားသည့်အခါ သူ ချက်ချင်း နောက်လှည့်ကြည့်သည်။ ချန်လွေ့၏လက်ထဲမှ မြောက်အဏ္ဏဝါဓားကို မြင်သည့်အခါ သူ၏မျက်လုံးများ ပြူးသွားပြန်၏။
၎င်း၏လုပ်ဆောင်ချက်အား ချန်လွေ့ ဖော်ပြသည်ကို နားထောင်ပြီးနောက် အဘိုးအိုက ပစ္စည်းတစ်ခုထုတ်ပြီး သေသေချာချာ အကဲဖြတ်တော့သည်။ သူက အပြည့်အဝ ချီးမွမ်းလိုက်သည်။ “ဒီလိုလက်ရာမျိုးက လုံးဝကို အပြစ်အနာအဆာ မရှိဘူး။ အဆောင်ပစ္စည်းနဲ့တောင် ယှဉ်လို့ရတယ်။ ပြီးတော့ သွေးစက်ချပြီး ပိုင်ရှင်အဖြစ် အသိအမှတ်ပြုတာက အဆောင်ပစ္စည်းအမျိုးအစားထဲ ပါဝင်နေပြီ။ ကံဆိုးချင်တော့ ဒါက တကယ့် အဆောင်ပစ္စည်းအဆင့်ကို မရောက်သေးဘူး။ ဒါကို အဆောင်ပစ္စည်းယောင် လို့ပဲ သတ်မှတ်လို့ရမယ်။ အတော်လေးအစွမ်းထက်တဲ့ အဆောင်ပစ္စည်းယောင်။”
ချန်လွေ့ ခေါင်းညိတ်သည်။ အဆောင်ပစ္စည်းယောင် သဘောတရားအား ထယ်တင်းနစ် အသေးစိတ် ရှင်းပြသည်ကို နားထောင်ပြီးနောက် ချန်လွေ့က အဖြေကို ခန့်မှန်းမိခဲ့သည်။ မြောက်အဏ္ဏဝါဓား၊ စီရင်ချက် မဟာဓားနှင့် မိုးခြိမ်းသံကဲ့သို့ စနစ်ထုတ်လုပ်သောပစ္စည်းများမှာ အဆောင်ပစ္စည်းယောင် အမျိုးအစားထဲ ပါဝင်သည်။ သူက ချက်ချင်းပင် စိတ်ကိုပြောင်းပြီး မေးလိုက်သည်။ “နတ်ဆိုးဘုံရဲ့ အဆောင်ပစ္စည်း ၇မျိုးကရော။ သူတို့က တကယ့် အဆောင်ပစ္စည်းတွေလား။”
“ဒါပေါ့။” အဘိုးအိုက ချက်ချင်း ပြန်ဖြေသည်။ “အဆောင်ပစ္စည်း ၇ခုက တကယ့် အဆောင်ပစ္စည်းတွေပဲ။ ပြီးတော့ အစွမ်းအထက်ဆုံးပဲ။ ရှေးစာအုပ်တွေရဲ့ အပိုင်းအစ တချို့တွေအရေ နတ်ဘုရားတွေတောင် အဲဒါတွေကို ကြောက်ရွံ့ကြတယ်။ ဒါပေမဲ့ အဆောင်ပစ္စည်း ၇ခုက အတူတူ စုစည်းလိုက်မှပဲ တကယ့်စွမ်းအားကို ထုတ်လုပ်နိုင်တာ။ တကယ်လို့ တစ်ခုတည်းသာဆိုရင် သာမန်အဆောင်ပစ္စည်း၊ ဒါမှမဟုတ် အဆောင်ပစ္စည်းယောင်နဲ့တောင် ဆင်တူတယ်။ ပြဿနာက အဆောင်ပစ္စည်း၇ခုကို သက်ဆိုင်ရာ သွေးမျိုးဆက်တွေနဲ့ပဲ အသက်သွင်းလို့ရတာ။ နတ်ဆိုးဘုံမှာက သွေးနှော မရှိတော့ တစ်ချိန်တည်းမှာ အဆောင်ပစ္စည်းတစ်ခုထက် ပိုပြီးတော့ ဘယ်သူမှ သုံးလို့မရဘူး။ အဲဒါကြောင့် ဒါက အမြဲတမ်း ပဟေဠိတစ်ခုအနေနဲ့ ရှိနေခဲ့တာ။”
ရုတ်တရက် ချန်လွေ့က ကြီးကြီးမားမား သဘောပေါက်သွားသည်။ တကယ့် အစွမ်းအထက်ဆုံး အဆောင်ပစ္စည်း ဖြစ်လာဖို့အတွက် အဆောင်ပစ္စည်း ၇မျိုးကို အသုံးပြုဖို့ လိုအပ်တယ်။
ကြယ်ကြွေတမန်ဓား၊ ထင်ယောင်မှားနတ်ဆိုးဒိုင်း၊ အရိပ်နက်ဝတ်ရုံ .... ဒါတွေအားလုံးက အဆင်တန်ဆာ အပြည့်အစုံ ဖြစ်နေတာကိုး။ အဆောင်ပစ္စည်း ၇မျိုးကို ငါ စုစည်းနိုင်တာနဲ့ နတ်ဘုရားကို တန်ပြန်နိုင်ဖို့ စွမ်းအား ရနိုင်မယ်။ မည်သူကမှ အဆောင်ပစ္စည်း တစ်ခုထက် ပို၍ အသုံးမပြုနိုင်ကြောင်း ထယ်တင်းနစ် ပြောခဲ့သော်လည်း ၎င်းမှာ ချန်လွေ့အတွက် အကြီးမားဆုံး ပြဿနာ မဟုတ်ပေ။ အကြောင်းမှာ သူ့တွင် အဆောင်ပစ္စည်းနှစ်ခု ရှိနေပြီ ဖြစ်၍ပင်။ အဲ..အတိအကျဆို တစ်ခုခွဲပေါ့။
စူပါစနစ် ဖော်ထုတ်ထားတဲ့ အဆောင်ပစ္စည်းတွေက အဆောင်ပစ္စည်း ၇မျိုး ပေါင်းစပ်ဖို့အတွက် စံနှုန်းတွေနဲ့ ကိုက်ညီရဲ့လား မသိဘူး။ ဒါက တကယ့်ကို ညစ်နေတာပဲ။
ချန်လွေ့ ခေါင်းခါသည်။ ယခုမှာ ၎င်းကို စဉ်းစားရန် အချိန်မဟုတ်ပေ။ သူက ဟဲရာဘီး၏ အဖြေကို ရပြီ ဖြစ်သည့်အတွက် သက်ဆိုင်ရာ ပြင်ဆင်ချက်အချို့ကို ပြုလုပ်ရန် လိုအပ်ပေသသည်။
“ဆရာ။ ဒီဓားကို ထပ်မကြည့်ပါနဲ့တော့။ ဒါက ကျုပ်ရဲ့ အသက်ကယ်ပစ္စည်းပါ။ ဆေးရည်မည်းတွေကို အရင် လေ့လာလို့ ရပါတယ်။”
“ဟမ့်။ လျို့ဝှက်တဲ့ကောင်လေး။ မင်း ဒီမှာ အလုပ်မရှိတော့ရင် ထွက်သွားတော့။”
အိမ်သို့ ချန်လွေ့ ပြန်သွားသောအခါ ခရမ်းရောင်လအောက် ဥယျာဉ်ထဲ ထိုင်နေသည့် သိမ်မွေ့သောပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ သူ၏လက်ထဲ၌ ပန်းတစ်ပွင့် ရှိနေလေသည်။
ကဝေမလေး၏ နူးညံ့သော ရေရွတ်သံ ထွက်လာသည်။ “အဲဒီမှာ သူဘာလုပ်နေမလဲ သိချင်မိတယ်။ သူ ငါ့ကို ပိုပြီးတော့ သတိရနေမလား။ အသီနာကိုလား။ ဇိုလာကိုလား။ ဒါမှမဟုတ် ..... တော်ဝင်မင်းသမီး အကြောင်း တွေးနေတာလား။”
“ခီရာ၊ အသီနာ၊ ဇိုလာ၊ တော်ဝင်မင်းသမီး၊ ခီရာ၊ အသီနာ....” အစေခံမလေး၏ လက်ထဲ၌ ပွင့်ချပ် တစ်ချပ်ချင်း ပြုတ်ကျလာသည်။ နောက်ဆုံး၌ ၎င်းတွင် ပွင့်ချပ် တစ်ချပ်သာ ကျန်တော့သည်။ အစေခံမလေး အလန့်တကြား ဖြစ်သွားသည်။ “တော်ဝင်မင်းသမီးလား။ မဖြစ်ရဘူး။”
ထို့နောက် နောက်ထပ် အပြစ်မဲ့သော ပန်းတစ်ပွင့် အခူးခံလိုက်ပြီး ၎င်း၏ ပွင့်ချပ်များက အစေခံမလေး၏ လက်ထဲသို့ တဖြည်းဖြည်း ပြုတ်ကျလာတော့သည်။
“အသီနာ၊ ခီရာ၊ ဇိုလာ၊ တော်ဝင်မင်းသမီး ..... ”
“အသီနာလား။” အစေခံမလေး စိတ်ဓာတ်ကျသွားသည်။ “အစောကြီးကသိရင် ငါ နေရာမပြောင်းလိုက်ပါဘူး...”
သူက ပန်းပွင့်များ ဆက်လက်ခြွေရန် ပြင်လိုက်စဉ် ရုတ်တရက် သတိဖြင့် နောက်ကို လှည့်ကြည့်လိုက်ရာ သူ နေ့ရောညပါ တွေးနေမိသော ပြုံးနေသည့်မျက်နှာကို မြင်လိုက်ရသည်။
အစေခံမလေးက မျက်လုံးများကိုပင် မယုံနိုင်ခဲ့ပေ။ သူက မျက်လုံးကို ခပ်ကြမ်းကြမ်း ပွတ်လိုက်ပြီးနောက် သူ၏အကြည့်က ပို၍ပင် အံ့အားသင့်သွားသည်။ ထို့နောက် သူက ထိုသူ၏ လက်မောင်းထဲသို့ ပစ်ဝင်လိုက်လေသည်။ “ချန်လွေ့။ ရှင် ပြန်လာပြီပဲ။”
“အရေးကြီးကိစ္စတချို့ရှိလို့ ခဏ ပြန်လာတာ။ ခဏနေ သွားရတော့မယ်။” ချန်လွေ့က အစေခံမလေး၏ နူးညံ့သော တောင်ပံများကို ပွတ်သပ်လိုက်သည်။ “မြို့တော်ရဲ့စစ်တပ်က အမှောင်လကို စပြီးတိုက်ခိုက်နေပြီလား။ အသီနာနဲ့ တခြားသူတွေ ဒီမှာ မရှိနေကြဘူး။”
“အင်း။ အသီနာ၊ ပါ့ဂ်လီအို၊ အိုလီဖီးရက်စနဲ့ ရိုမန်တို့က လရောင်ခံတပ်ကို သွားခဲ့တယ်။ ခရိုဘဲလက်စ်နဲ့ ဒေလီယာတို့က နန်းတော်မှာ။ အိုး.. မြို့တော်က လရောင်ခံတပ်ကို ပထမဆုံးတိုက်ခိုက်မှုမှာ ကြီးကြီးမားမား ရှုံးနိမ့်ခဲ့ပြီးတော့ ပြန်ဆုတ်ခွာ သွားရတယ်လို့ ခုနကပဲ သတင်းရထားတယ်။ ဒီတစ်ခေါက် အသီနာက အတော်လေး အကျိုးပြုခဲ့တယ်။”
“သူ အကျိုးပြုမပြုက အရေးမကြီးပါဘူး။ ပိုအရေးကြီးတာ အန္တရာယ်ကင်းဖို့ပဲ။” ချန်လွေ့ သက်ပြင်းချပြီး မေးလိုက်သည်။ “ဇိုလာ ဘယ်မှာလဲ။ သူက သက်တန့်တောင်ကြားမှာလား။”
“ရောက်လာတာနဲ့ ရှင်က အသီနာနဲ့ ဇိုလာအကြောင်းပဲ မေးတယ်။ သူတို့နဲ့ ယှဉ်ရင် ကျွန်မရဲ့ အဆင့်အတန်းက နိမ့်ကျပြီးတော့ စွမ်းအား မလုံလောက်ဘူးဆိုတာ သိပါတယ်..” အစေခံလေး၏ မျက်လုံးများက မျက်ရည်များဝဲနေပြီး ချစ်စဖွယ် ကောင်းနေ၏။
“ပြဿနာ မရှာပါနဲ့။” ချန်လွေ့က အစေခံမလေး၏ ဉာဏ်များသော စရိုက်ကို သိသည်။ သူက ထိုနူးညံ့သော မျက်နှာလေးကို အသာလေး ဆွဲဆိတ်လိုက်သည်။ “ငါ့မှာ အရေးကြီးကိစ္စတစ်ခုရှိလို့ ဇိုလာနဲ့ တွေ့ရမယ်။ ပြီးတော့ ခဏနေ ပြန်ရမှာ။”
အစေခံမလေးက ရှက်ကိုးရှက်ကန်းနှင့် ပြောသည်။ “အခုက နောက်ကျနေပြီပဲ။ မနက်ဖြန်မှ ပြန်ပါလား။ ကျွန်မတစ်ယောက်တည်း နည်းနည်းကြောက်လို့....”
၎င်းမှာ အသေအချာပင် ဆိုးရွားသော ဆင်ခြေတစ်ခု ဖြစ်၏.....
ကဝေမလေး၏ မျှော်လင့်နေသော မျက်နှာကိုကြည့်ရင်း ချန်လွေ့၏နှလုံးသား ပျော့ပျောင်းသွားကာ ခေါင်းညိတ်လိုက်သည်။ တစ်ချိန်လုံး အသိအမှတ်ပြုခံရဖို့အတွက် ခီရာက အသီနာဘေးက နောက်လိုက်ငယ်လေးအဖြစ်နဲ့ နေနေခဲ့တယ်။ တစ်ခါတလေ “အတူတူရှေ့တိုးနောက်ဆုတ်လုပ်တယ်”။ အခုလို သူ့ကို တစ်ယောက်တည်း အဖော်ပြုပေးရတာ ရှားတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ငှက်တောင်ဖြူနယ်မြေကို ပြန်ဖို့က တယ်လီပို့လမ်းကြောင်းကို အသက်သွင်းရုံပဲ။ အချိန်လောက်ပါတယ်။
ချန်လွေ့က သိပ်မကြာခင်က ပုံရိပ်ထဲရှိ ညစ်ညမ်းမြင်ကွင်းအချို့ ကြည့်ခဲ့သည်ကို ရုတ်တရက် သတိရလိုက်ပြီး နှလုံးသား ပူလောင်လာသည်။ သူက အစေခံမလေး၏ နားထဲသို့ တစ်စုံတစ်ခု ပြောနေရင်း မနေနိုင်တော့ဘဲ ခီရာ၏ နူးညံ့ပျော့ပျောင်းသော တင်သားများကို ဆုပ်ကိုင်လိုက်တော့သည်။
အစေခံမလေး၏ တင်ပါး အနည်းငယ် တုန်ခါသွားပြီး တောင့်တင်းသွား၏။ သူ၏ မျက်နှာ ရှက်သွေးဖြာနေပြီး ညုတုတု မျက်လုံးထဲ၌ ညှို့ယူဖမ်းစာသော အလင်းရောင် တစ်ခု ရှိနေသည်။ သူက နှုတ်ခမ်းကိုကိုက်ရင်း ပြောသည်။ “အင်း..”
“ရေချိုးပြီးတော့ အခန်းထဲမှာ ငါ့ကို စောင့်နေ။” ချန်လွေ့ ပြုံးဖြီးဖြီးလုပ်ရင်း ထပ်ကိုင်ကာ သက်တန့်တောင်ကြားသို့ သွားရာဖြစ်သော တယ်လီပို့လမ်းကြောင်းဆီသို့ လမ်းလျှောက်သွားလိုက်သည်။
အစေခံမလေး ရှက်သွားပြီး ပျော်ရွှင်စွာပင် အပြစ်ကင်းမဲ့သော ပွင့်ချပ်များကို ဆွဲနှုတ်လိုက်သည်။ နောက်ဆုံး ပွင့်ချပ် ရောက်လာသောအခါ သူက ရွှင်ပျလျက် ပြုံးလိုက်သည်။ “ခီရာ..”
ချန်လွေ့က သက်တန့်တောင်ကြားသို့ ဝင်သွားလိုက်ရာ စမ်းသပ်ခန်းထဲ၌ ခီရာကို ရှာတွေ့သွားခဲ့သည်။
ချန်လွေ့ကို မြင်သည့်အခါ မစ်-နတ်မိမယ်နဂါးလည်း အံ့အားသင့်သွားသည်။ ချန်လွေ့က လိုရင်းကို ပြောလိုက်သည်။ “ကျေးဇူးပြုပြီးတော့ အရင်တစ်ခေါက်က မှော်စာပစ္စည်းကို အဆင့်မြှင့်ပေးဖို့ ကူညီပေးနိုင်မလား။ အဲဒါက အရေးကြီးတဲ့ အခိုက်အတန့်တွေမှာ အသုံးဝင်နိုင်လောက်တယ်။”
“ကျေးဇူးပြုပြီးတော့ ဟုတ်လား။” ဇိုလာ၏ မျက်မှန်နောက်မှ မကျေနပ်တော့ ရောင်ခြည်တစ်ခု ထွက်လာဟန်တူသည်။ ဒီလောက် ယဉ်ကျေးဖို့ လိုလို့လား။
“ဟုတ်။ ကိုယ်ချစ်ရတဲ့ ဇိုလာလေး။ ကိုယ်တိုင် လုပ်ပေးပါနော်။” ချန်လွေ့ မျက်လုံးမှိတ်ပြပြီး မစ်-နတ်မိမယ်နဂါး၏ သွယ်လျသောခါးကို နောက်မှ ပွေ့ဖက်လိုက်သည်။
“အို..” မစ်-နတ်မိမယ်နဂါးက စိတ်ထဲ၌ ဝမ်းသာအားရလျက် တုံ့ပြန်လိုက်ပြီး မကျေနပ်မှု အနည်းငယ်ကလည်း ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ “နင် အလျင်လိုနေရင် ငါ အခုပဲ လုပ်ပေးမယ်။ ညတွင်းချင်း ရလိမ့်မယ်။ ဒါပေမဲ့ ဒီလိုပစ္စည်းမျိုးကို တစ်ခါပဲ အသုံးပြုလို့ရတယ်။ နင် သေချာ အာရုံစိုက်ဖို့လိုတယ်။”
ချန်လွေ့ ခေါင်းညိတ်သည်။ “အခုက အချိန်သိပ်မရဘူး။ အဲဒါကြောင့် မင်း အလုပ်ကြိုးစားဖို့လိုတယ်။ သုတေသနမှာ သိပ်ပြီးတော့ မကြိုးစားနေနဲ့ဦး။ မြို့တော် ကိစ္စ ပြီးသွားတဲ့အခါ ကိုယ်က မင်းရဲ့လက်ထောက် ပြန်ဖြစ်လာမှာပါ။ အဲဒီအချိန်ကျရင် ကိုယ်တို့ အတူတူ သုတေသန လုပ်ကြတာပေါ့။”
“အင်း...” မစ်-နတ်မိမယ်နဂါး နွေးထွေးကာ သာယာသွားခဲ့ပြီး ခေါင်းညိတ်သည်။
“အရင်တစ်ခေါက် ဇီရေးရဲ့ သုတေသနက ဘယ်လိုနေလဲ။”
“ဇီရေး”မှာ လိပ်ပြာနီနယ်မြေ မော်ဒိုမြို့ ကုန်စည်ပြပွဲမှ ချန်လွေ့ ယူလာခဲ့သော ပစ္စည်းတစ်ခု ဖြစ်သည်။ ၎င်း၏စွမ်းအားမှာ အံ့အားသင့်ဖွယ်ရာ ကောင်းလှပြီး နှစ်ခုကို သုံးပြီးသွားလေပြီ။ ကျန်ရှိသော တစ်လုံးကို ဇိုလာအား သုတေသန ပြုလုပ်ရန်ပေးပြီး နောက်ထပ် တုပဖန်တီးမည်ကို မျှော်လင့်နေခဲ့သည်။
“ရလာဒ် တချို့တော့ ရှိတယ်။ အသက်သွင်းတဲ့ နဂါးထွင်းစာအပြင်ကို အထဲမှာ အနည်းဆုံး ရှေးမှော်စာ ၁၂ယွမ်လောက် ရှိနေတယ်။ ကုန်ကြမ်းအကန့်အသတ်ကြောင့် သိပ်ပြီးတော့ စွမ်းအားမကြီးတဲ့ အတုအပ ငါးခုပဲ ငါ လုပ်နိုင်သေးတယ်။ နင် အဲဒါတွေကို အရင်သုံးလို့ရတယ်.... ”
မစ်-နတ်မိမယ်နဂါးက ကိုယ်ပိုင်ရလာဒ်များနှင့် မကျေနပ်သည်မှာ သေချာသည်။ သူက အတုအပ ထုတ်ကုန်များ ထုတ်ပြီး ချန်လွေ့ကမ်းပေးသော ပစ္စည်းကို ယူလိုက်သည်။ ထို့နောက် သူ၏ခါးကို ချန်လွေ့ ပွေ့ဖက်ထားသည်မှ ရုန်းထွက်သည်။ “ဟုတ်ပြီ။ အခုတော့ ဒါကို လုပ်ဖို့ အာရုံစိုက်ထားရမယ်။ နင် အရင် သွားနားလိုက်ဦး။”
ဇိုလာက သုတေသနများ၌ အတော်လေး စိတ်နှစ်ထားသည်။ ချန်လွေ့က သူ့ကို မနှောင့်ယှက်ဘဲ သက်တန့်တောင်ကြားမှ ခြံဝင်းသို့ တိတ်တိတ်လေး ထွက်သွားသည်။ ထို့နောက် အစေခံမလေး၏အခန်းထဲ၌ မီးလင်းနေပြီး သူ့ကိုစောင့်နေဟန်တူကြောင်း သူ မြင်လိုက်ရသည်။ သူ၏ မျက်လုံးများ အရောင်တောက်သွားပြီး အခန်းထဲသို့ လမ်းလျှောက် သွားတော့သည်။