လူသူမဲ့သောမြို့
Vol. 35 Ch. 512
နောက်တစ်နေ့၌ ချန်လွေ့က ငှက်တောင်ဖြူနယ်မြေရှိ ချပ်ကာဖြူဟိုတယ်၌ ပေါ်ထွက်လာခဲ့သည်။
“ဆာ-ဖာကို...” ဟိုတယ်မှ စားပွဲထိုးက ချန်လွေ့ကို တရိုတသေနှင့် ဦးညွှတ်သည်။ “ဆာ-လော့ဒ် လွှတ်လိုက်တဲ့သူ ဆာ့ကို အခန်းထဲမှာ စောင့်နေပါတယ်။”
“သြော်...” ချန်လွေ့၏ နှလုံးသား လှုပ်ရှားသွားပြီး အခန်းထဲသို့ တည့်တည့် လမ်းလျှောက်သွားလိုက်သည်။
အခန်းထဲ၌ အစေခံဝတ်စုံ ဝတ်ထားသော ယောက်ျားတစ်ယောက် စောင့်နေ၏။
ချန်လွေ့က [ သရုပ်ခွဲမျက်လုံး ] ၌ ဖော်ပြသော သတင်းအချက်အလက်ကို သတိထားမိလိုက်သည်။ သူ အသားလေး မျက်ခုံးပင့်ပြီး တံခါးကို ပိတ်သည်။ ထိုသူ စကားမပြောခင်မှာပင် ချန်လွေ့က အရိုအသေပေးကာ ပြောသည်။ “ဆာ-လော့ဒ်ကို အကြာကြီး စောင့်စေမိတဲ့အတွက် တကယ်တောင်းပန်ပါတယ်။”
ထိုသူ၏ သူရုပ်ဖျက်ထားခြင်း ခပ်မြန်မြန် ပေါ်သွားမည်ဟု မထင်မှတ်ထားခဲ့ပေ။ သူ၏မျက်လုံးထဲ၌ ထူးဆန်းသော အမူအရာတစ်ခု လက်ခနဲ ဖြစ်သွားခဲ့ပြီး သူ၏မျက်နှာ အလျင်အမြန် ပြောင်းလဲသွားခဲ့သည်။ “ဆာ-ဖာကိုက အမြင်ကောင်းတာပဲ။ ကျုပ် လာတာက ရုတ်တရက်ကြီး ဖြစ်သွားတယ်။ ကျုပ် ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲမိသွားတာပဲ။”
“ဆာ-လော့ဒ်က အတည်ကြီး ပြောနေတာပဲ။ ဆာကိုယ်တိုင် ကျုပ်ဆီကို လာတာက ကျုပ်အတွက် ဂုဏ်ယူစရာပါပဲ။” ချန်လွေ့က ကံကောင်းသည်ဟု တိတ်တိတ်လေး တွေးမိလိုက်သည်။ မူလက သူသည် စီကာလီဆီသို့သွားရန် ဆင်ခြေတစ်ခု ရှာချင်နေ ခဲ့သည်။ သို့သော်လည်း မမျှော်လင့်ဘဲနှင့် စီကာလီက ကိုယ်တိုင် ရောက်လာခဲ့လေသည်။
ထိုစီကာလီမှာ ယမန်ညက လျို့ဝှက်အခန်း၏ ညစ်ညမ်းရုပ်ရှင်မှ ဇာတ်လိုက် ဖြစ်သည်။ သို့သော်လည်း အတိအကျပြောရလျှင် ထို “စီကာလီ”မှာ ယုံကြည်သူများထဲမှ တစ်ယောက် ဖြစ်ခဲ့သည်။ ဟဲရာဘီး၏ စွမ်းအားကြောင့် သူက အဓိကခန္ဓာကိုယ်၏ ကိုယ်ပွားအဖြစ်သို့ ပြောင်းလဲခံခဲ့ရသည်။ သူက ပါလန်ဒိုနှင့် သွေးသားဆက်စပ်မှု မရှိပေ။ ထို့ကြောင့် နာကျင်မှုမှ သာယာသူ ဟူသော နာမည်နှင့် အမှန်ပင် ထိုက်တန်ပေသည်။
စီကာလီ ထိုင်ချပြီး ပြုံးရင်း ပြောသည်။ “ဆာ-ဖာကို စိတ်တက်ကြွနေတာပဲ။ ပျော်နေတာ ထင်တယ်။”
__ စိတ်တက်ကြွမှာပါ။ မနေ့ညတုန်းက ငါချစ်ရတဲ့ ဆွဲဆောင်မှုရှိသော ကောင်မလေးနဲ့ ပျော်ပါးခဲ့ရတယ်။ ပြီးတော့ အထူးဝန်ဆောင်မှုတစ်ခုလည်း ခံစားခဲ့ရတယ်။ ငါ နည်းနည်းလေး စိတ်လှုပ်ရှားနေတဲ့ အစေခံမလေးက တင်ပါးကိုင်ပြီး အော်ဟစ်နေခဲ့တယ်။ နောက်ထပ် သနားတဲ့၊ ချစ်တဲ့ မုန်တိုင်းမိုးရွာတဲ့ အချီတွေလည်း ရှိတယ်။ အောက်က နတ်မိမယ်မလေးကတော့ ကာမအထွတ်အထိပ် သုံးလေးကြိမ် ခံစားခဲ့ရပြီးတော့ အတူတူဖက်ရင်း အိပ်ပျော်သွားခဲ့တယ်။
[ နှစ်သွယ်လေ့ကျင့်ရေး ] ရဲ့ အကျိုးအမြတ်တွေကို ထားထား။ ယောက်ျားနဲ့ မိန်းမကြားမှာရှိတဲ့ အချစ်က သာမန်ပဲ။ ပြီးတော့ ငါတို့က အချင်းချင်း သဘောကျကြတဲ့ လူငယ်စုံတွပဲ။ ကာမဆက်ဆံတာနဲ့ ပတ်သက်လာရင် တစ်ကိုယ်ကောင်းဆန်တာ မရှိသင့်ဘူး။ အပြန်အလှန် သာယာဖို့နဲ့ ကျေနပ်ဖို့က အရေးအကြီးဆုံးပဲ။ ကိုယ်ကျင့်တရား တန်ဖိုးတွေကိုတော့ အင်္ကျီဝတ်ပြီးမှ ပြန်စဖို့ စောင့်နေတော့။
“ကျုပ်က ဘယ်လိုလုပ် ဆာ-လော့ဒ်ကို ယှဉ်နိုင်မှာလဲ။ ဆာက တကယ့်ကို တက်ကြွနေသလိုပဲ။” ချန်လွေ့ အသာလေး ပြုံးလိုက်သည်။ ရုပ်ရှင်ဇာတ်လိုက်မှာ အကြိုက်တစ်ခု ရှိတယ်။ ကြာပွတ်နဲ့ရိုက်တာ၊ ဖယောင်းစက်ချတာ၊ နှိပ်စက်ကိရိယာ စတာတွေပေါ့။ ဆာ့ထက် ဘယ်သူက ရက်စက်ကြမ်းကြုတ်မှာလဲ။
ချန်လွေ့ တွေးနေသည်ကို စီကာလီ မသိပေ။ ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်ပြီးနောက် စီကာလီက ပြောသည်။ “ဆာ-ဖာကိုက အမြော်အမြင်ကြီးတဲ့သူပဲ။ အဲဒါကြောင့် ကျုပ် ရှည်ရှည်ဝေးဝေး မပြောနေတော့ဘူး။ ဒီတစ်ခေါက် ကျုပ် ရုပ်ဖျက်ပြီး လာရတာက ကိစ္စတစ်ခုကို အတည်ပြုဖို့ပဲ။”
ပြပွဲ၏ အဓိကအကြောင်းများ လာနေပြီဖြစ်ကြောင်း သိသည့်အတွက် ချန်လွေ့က အပိုထပ်မပြောတော့ဘဲ နားထောင်နေလိုက်သည်။
“ကျုပ်ရဲ့ဘယ်ဆန္ဒကိုမဆို ဖြည့်ဆည်းပေးမယ်လို့ ဆာ-ဖာကို မနေ့က ပြောခဲ့တယ် မဟုတ်လား။ အဲဒီစကားက ဘယ်လောက် ယုံကြည်ရမလဲဆိုတာ မသိဘူး။ ကျုပ်က အမှန်ကန်ဆုံးအဖြေကို ကြားရအောင်လို့ ဒီကို စိတ်ရင်းနဲ့ လာခဲ့တာပါ။”
ချန်လွေ့က တိတ်တိတ်လေး ကျေနပ်သွားသည်။ ယမန်ညက ညစ်ညမ်းပြကွက်ကို မမြင်တွေ့ခဲ့ရဘဲ စီကာလီနှစ်ယောက်ကြားမှ ပြောစရာများကို သူ မကြားခဲ့ရလျှင် ယနေ့ “ဆာ-လော့ဒ်” ရုတ်တရက် လာလည်သည်ကို သံသယများ ဝင်နေလိမ့်မည်။ ယခုတွင် ချန်လွေ့က ဟဲရာဘီး၏ လျို့ဝှက်ဆန်းကြယ်မှုကို သဘောပေါက်သွားပြီဖြစ်ရာ သူ၏ စိတ်ထဲ၌ အစီအစဉ်တစ်ခု ရှိနှင့်ပြီးလေပြီ။
ကြံရာမရ အခြေအနေများ၌ အရာအာလုံးကို ကြိုးစားကြည့်ခြင်းဟုခေါ်သော ဆိုရိုးတစ်ခု ရှိသည်။ ထိုစီကာလီမှာ ဝါးမျိုခံရတော့မည့် ကိုယ်ပွားတစ်ယောက် ဖြစ်နိုင်ပေသည်။ ၎င်းသည် သေရေးရှင်ရေး ဖြစ်သည့်အတွက် စိတ်ကို တည်တည်ငြိမ်ငြိမ် ထားရန် ခက်ခဲပေသည်။ ၎င်းကို ယမန့်နေ့က တွေ့ဆုံသောအခါ စကားပြောရာတွင် မြင်နိုင်ပေသည်။ လျို့ဝှက်အခန်းမှ ကယောင်ချောက်ချား အနိုင်ကျင့်ခြင်းနှင့် ထွက်ပေါက်ရှာခြင်းကိုမူ ပြောစရာပင် မလိုပေ။
ချန်လွေ့က ပြုံးနေဆဲ ဖြစ်သည်။ “ပေးဆပ်တာနဲ့ ဆုလာဒ်က တစ်ခါတလေ တူညီတတ်တယ်။ ဆာ-လော့ဒ် ဘယ်လောက် ပေးနိုင်မလဲဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။ တကယ်လို့ ဆာက သက်တမ်း တစ်သောင်းကို လိုချင်ရင်တောင် ပြဿနာ မရှိပါဘူး။ ဆာက လုံလောက်တဲ့ပမာဏ ပေးနိုင်မယ်ဆိုရင် ဧရာမနဂါးကိုတောင် ခင်ဗျားနဲ့ သဟဇီဝစာချုပ် ချုပ်ဆိုဖို့ ဆွဲဆောင်နိုင်တယ်။”
ထိုစကားကို ဆရာသခင် အဆိပ်နဂါးကြားလျှင် ထိုစဉ်က စျေးနိမ့်နိမ့်ဖြင့် ရောင်းခဲ့သည့်အတွက် သေချာပေါက် နောင်တရနေပေလိမ့်မည်။
စီကာလီက မယုတ်မလွန်နှင့် ခေါင်းညိတ်သည်။ “ဆာ့ရဲ့စွမ်းဆောင်ရည်ကို ကျုပ် မယုံတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အချက်အလက်တွေက စကားသက်သက်ထက် ပိုပြီးတော့ စိတ်ချရတယ်။ ခင်ဗျား ဘယ်လိုထင်လဲ။”
ချန်လွေ့က တည်ငြိမ်စွာဖြင့် မေးသည်။ “ဟုတ်ပါတယ်။ ဒါပေမဲ့ ဆာ လိုအပ်တဲ့ “အချက်အလက်”က ဘယ်လိုမျိုးလဲဆိုတာ မသိသေးဘူး။ အဲဒါကို အတည်ပြုပြီးသွားရင် ဆာက ကျုပ်ကို ဘယ်လိုအဖြေမျိုး ပေးမှာလဲ။”
စီကာလီ လေးလးနက်နက်နှင့် ပြောလိုက်သည်။ “ဆာ။ အမှန်အတိုင်း ပြောရရင် ကျုပ်မှာ ခင်ဗျားကို အကူအညီတောင်းစရာ အရေးကြီးကိစ္စတစ်ခု ရှိတယ်။ ဒါပေမဲ့ အဲဒီမတိုင်ခင် ဆာ့ရဲ့စွမ်းဆောင်ရည်ကို သက်သေပြဖို့လိုအပ်တယ်။”
ယခုတစ်ခေါက်၌ ချန်လွေ့က စကားပလ္လင်မခံတော့ပ။ “ပြောပါ။ ဆာ။”
“ငှက်တောင်ဖြူနယ်မြေ အရှေ့ပိုင်း မြူအေးစိမ့်မြေက လို့ဘ်မိုင်းတွင်းမှာ မတော်တဆမှုအချို့ ဖြစ်ခဲ့တယ်။ အဲဒါကို ဖြေရှင်းပေးဖို့ ကျုပ် ဆာ့ကို အကူအညီ တောင်းချင်တယ်။ တကယ်လို့ ဒီပြဿနာကို ၁၀ရက်အတွင်း ဆာ ဖြေရှင်းပေးနိုင်ရင် ကျုပ် ဆာ့ကို ကျေနပ်လောက်တာ တစ်ခုခု ပေးမှာပါ။ ပြီးတော့လည်း ဒါက ကျုပ်တို့ရဲ့ စစ်မှန်တဲ့ ပူးပေါင်းမှု ပထမအစလည်း ဖြစ်လာလိမ့်မယ်။”
ထိုကိစ္စမှာ ဟဲရာဘီးနှင့် ဆိုင်မဆိုင် ချန်လွေ့ သေချာမသိပေ။ ယခုတွင် အမှောင်လက အပြင်းအထန် တိုက်ခိုက်နေ၏။ သူတို့က လရောင်ခံတပ်၌ အောင်နိုင်မှု အသေးလေးတစ်ခု ရရှိသွားခဲ့သော်လည်း ၎င်းမှာ အဓိကအားဖြင့် အိုဆိုင်ဒန်၏ ရန်သူများကို အထင်သေးခြင်းကြောင့်သာ ဖြစ်ပေသည်။ နောက်ထပ်တိုက်ပွဲများ၌ လရောင်ခံတပ်ပေါ်ရှိ ဖိအားများ သေချာပေါက် ပိုမိုကြီးမားလာပေလိမ့်မည်။ လက်ရှိ ခံစစ်နှင့် စစ်ရေးအင်အားအရ သန်းနှင့်ချီသော တပ်သားများ၏ အပြင်းအထန် တိုက်ခိုက်မှုကို တားဆီးရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် သူ၏အစီအစဉ်ကို အမြန်ဆုံး အရှိန်တင်ရပေမည်။
သို့သော်လည်း ထို “စီကာလီ”အတွက် အချိန်သိပ်မကျန်တော့ကြောင်း ချန်လွေ့ ယုံကြည်သည်။ လို့ဘ်မိုင်းတွင်းက စမ်းသပ်ချက်တစ်ခု ဖြစ်သည့်တိုင် ပြီးစီးသွားသည်နှင့် သူသည် စီကာလီ၏ အသက်ကယ်ကောက်ရိုး ဖြစ်လာမည်မှာ သေချာပြီး ငှက်တောင်ဖြူ နယ်မြေ၏ အကြီးမားဆုံး လျို့ဝှက်ချက်ကိုပင် ထိတွေ့နိုင်လောက်သည်။
“ကောင်းပါပြီ။ ဆာ။ လို့ဘ်မိုင်းတွင်းအကြောင်း အသေးစိတ်ကို ပြောပြပေးပါ။”
တစ်ဖက်လူ၏ မတုံ့ဆိုင်းသော ပြန်ဖြေမှုက စီကာလီကို ကျေနပ်သွားစေသည်။ သူက လက်စွပ်တစ်ကွင်းကို ထုတ်လိုက်သည်။ “အချက်အလက်က ဒီလက်စွပ်ထဲမှာ ရှိတယ်။ အထူးအခြေအနေတွေကြောင့် လော့ဒ်စံအိမ်မှာ ကျုပ်တို့တွေ့ဖို့ မသင့်တော်ဘူး။ တကယ်လို့ ဆာက ဒီတာဝန်ကို ပြီးမြောက်သွားခဲ့ရင် ပြိုင်ကွင်းတိုက်ပွဲဘောလုံး ကုန်ပစ္စည်း စတိုးဆိုင်ကို သွားပြီးတော့ ပိုင်ရှင် ထရေစီကို သွားရှာ။ သူက အရာအားလုံးကို စီစဉ်ပေးလိမ့်မယ်။”
“ကျုပ် ဒီတာဝန်ကို အမြန်ဆုံးပြီးအောင် လုပ်မှာပါ။ စိတ်မပူပါနဲ့။” ချန်လွေ့ ခေါင်းညိတ်ပြီး လက်စွပ်ကို ယူလိုက်သည်။
“ဒါဆိုလည်း ဆာ့ရဲ့ သတင်းကောင်းကို စောင့်နေပါ့မယ်။” စီကာလီ မတ်တပ်ရပ်လိုက်ပြီး မှော်ပစ္စည်းတစ်ခုကို အသက်သွင်းကာ အစေခံတစ်ယောက် အသွင်သို့ ပြန်ပြောင်းပြီး ဟိုတယ်မှ ထွက်သွားတော့သည်။
လို့ဘ်မိုင်းတွင်းသည် ငှက်တောင်ဖြူနယ်မြေ အနောက်ဘက် မြူအေးစိမ့်မြေ၌ တည်ရှိသည်။ ၎င်းမှာ ရှားပါးဓာတ်သတ္တုများ ကြွယ်ဝသော အန္တရာယ်များသည့် နေရာတစ်ခု ဖြစ်သည်။ လှည်းနှင့်သွားလျှင် အနည်းဆုံး နှစ်ရက်ကြာမည်ဖြစ်ပြီး မိုးပျံနတ်ဆိုးသားရဲဖြင့်ဆိုလျှင် တစ်ရက်သာ ကြာမြင့်ပေမည်။
ချန်လွေ့က ရထားသော ဂရစ်ဖင်းကိုစီးပြီး တောင်ဘက်ကောင်းကင်သို့ ပြန်လှည့်ကြည့်ကာ ခါးမှ အနီရောင်ကြိုးကို ညင်ညင်သာသာ ပွတ်သပ်လိုက်သည်။ ထိုကြိုးနီတွင် ထူးခြားသော မှော်ဂုဏ်သတ္တိများ မရှိသော်လည်း သူ့ကို အသီနာကိုယ်တိုင် စည်းပေးထားခဲ့ခြင်း ဖြစ်သည်။ ထို့နောက် သူက ချက်ချင်းပင် ဂရစ်ဖင်းကို ပုတ်လိုက်ရာ ၎င်းကို တောင်ပံခတ်ပြီး အနောက်ဘက်သို့ အရှိန်ဖြင့် ပြေးထွက်သွားတော့သည်။
တဖြည်းဖြည်းနှင့် အချိန်တစ်ရက်ကုန်ဆုံးသွားခဲ့ပြီး ညအချိန်သို့ တိတ်တိတ်လေး ရောက်ရှိလာခဲ့သည်။
တည်ငြိမ်နေသော ခရမ်းရောင်လနှစ်စင်းက လရိပ်ခံတပ်ပေါ်ရှိ ကျိုးပဲ့နေသော တံတိုင်းများပေါ်သို့ ထွန်းလင်းနေလေသည်။ သွေးများစွန်းထင်နေသော မီးလျှံဗိုလ်ခြေ၏ အလံသည်လည်း ညလေထဲ၌ တဖျပ်ဖျပ်လှုပ်နေပြီး ရှင်းပြ၍မလွယ်သော အနိဋ္ဌာရုံ မြင်ကွင်းနှင့် အထီးကျန်မှုကို ပြသနေ၏။
ခံတပ်မှ ထူထဲသော မီးခိုးများ ငြိမ်းသွားပြီး စစ်မြေပြင်မှ အလောင်းများကို နှစ်ဖက်လုံးမှ အချင်းချင်း နားလည်မှုနှင့်အတူ ရှင်းလင်းပြီးသွားခဲ့သည်။ သုသာန် တစပြင်ပမာ အခြေအနေက နေ့ခင်းအတွင်း သွေးများနှင့်မီးတောက်များထဲမှ ပြင်းထန်သော တိုက်ပွဲနှင့် ဆန့်ကျင်ဘက် ဖြစ်နေလေသည်။
၎င်းမှာ လရောင်ခံတပ်အပေါ် မြို့တော်ညွန့်ပေါင်းစစ်တပ်၏ ဒုတိယအကြိမ် တိုက်ခိုက်ခြင်း ဖြစ်သည်။ အမှောင်လ နတ်ဆိုးအရှင်သခင်အဆင့် ပုဂ္ဂိုလ်များ၊ မှော်သလင်းကျောက်အမြောက်များ နှင့် အစောင့်အရှောက်နွယ်များကဲ့သို့သော လျို့ဝှက်လက်နက်များကို ပထမတိုက်ပွဲ၌ ဖော်ပြခဲ့ပြီးပြီ ဖြစ်သည့်အတွက် ယခုတစ်ကြိမ် မြို့တော်၏တိုက်ခိုက်မှုမှာ ပို၍သတိထားလာသည်။ သူတို့က အမှောင်လ၏ နတ်ဆိုးအရှင်သခင်အဆင့် နဂါးနှစ်ကောင်ကို တိုက်ခိုက်ရန် အစွမ်းထက်ပုဂ္ဂိုလ်များကို အထူးတလည် စေလွှတ်ခဲ့သည်။
သို့သော်လည်း အိုဆိုင်ဒန်က ပါ့ဂ်လီအို၏စွမ်းအားကို အထင်သေးနေဆဲ ဖြစ်သည်။ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း သုံးယောက် ပူးပေါင်းပြီး တိုက်ခိုက်သော်လည်း ပါ့ဂ်လီအိုနှင့် အိုလီဖီးရက်စ်တို့ကို အမှန်တကယ် ရှုံးနိမ့်ခဲ့ကြသည်။ ထို့အပြင် အမှောင်လ၏ ကာကွယ်ရေးစစ်သည်များကလည်း အိုဆိုင်ဒန် ထင်ထားသည်ထက် ပိုမိုအစွမ်းထက် ကြသည်။ ခံတပ်၏ မြေအနေအထား အားသာချက်ကြောင့် သူတို့က ညွန့်ပေါင်းစစ်တပ်၏ တိုက်ခိုက်မှုလှိုင်းများကို ခုခံနိုင်ခဲ့သည်။
ကြီးကြီးမားမား ပေးဆပ်ခဲ့သော်လည်း ခံတပ်၏ ခံစစ်ကို မဖောက်ထွင်းနိုင်သည့် အတွက်ကြောင့် နောက်ဆုံးတွင် အိုဆိုင်ဒန်က တိုက်ခိုက်မှု ရပ်တန့်ရန် အမိန့်ပေးခဲ့သည်။ ယခုတိုက်ပွဲ၌ အမှောင်လ၏ အသေအကြေများမှာလည်း ထိတ်လန့်ဖွယ် ကောင်းပေသည်။ ခံတပ်၏အင်အားနှင့် အဆောက်အအုံများဖြင့် ယခုအထိ တောင့်ခံနိုင်ရန်သူ သူတို့အတွက် မလွယ်ကူလှပေ။ အသေအကြေလုံးဝမရှိဆိုသည်မှာ စစ်မြေပြင်၌ စိတ်ကူးယဉ်ဒဏ္ဍရီ တစ်ခုသာ ဖြစ်ပေသည်။
တကယ့်စစ်ပွဲမှာ ကဗျာများ၌ ဖော်ပြထားသော မြင့်မြတ်ခြင်း မဟုတ်ပေ။ အနှစ်ချုပ်မှာ အကျိုးစီးပွားနှင့် စိတ်ဆန္ဒများကြောင့် အချင်းချင်း သတ်ဖြတ်ပြီး အသက်များစွာကို နှုတ်ယူခြင်းသာ ဖြစ်လေသည်။
အိုဆိုင်ဒန် နောက်ဆုတ်သွားရခြင်းမှာ အသက်ရှင်ခြင်းကို သဘောပေါက်သွား၍ မဟုတ်ဘဲ ဂျို့ရှ်၏အမြင်ကို နားထောင်ကာ ညပိုင်း၌ စီးနင်းတိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ညပိုင်း၌ မြင်နိုင်မှု နိမ့်ပါးသော်လည်း ခံတပ်၏ မှော်သလင်းကျောက် အမြောက်များနှင့် လေးသမားများ၏ တိုက်ခိုက်မှုလည်း ကြီးကြီးမားမား လျော့ကျ သွားပေလိမ့်မည်။ ပြောရမည်ဆိုလျှင် ခံတပ်သည် ပို၍ထင်းနေမည် ဖြစ်သည်။ ထို့ပြင် ပြင်းထန်သော တိုက်ပွဲနှစ်ခု ပြီးနောက်တွင် လရောင်ခံတပ်က အကုန်လုံးနီးပါးကို ထုတ်ပြခဲ့ရသည်။ အိုဆိုင်ဒန်က ခံတပ်ကို တစ်ခါတည်း သိမ်းပိုက်ရန်အတွက် အသစ်စက်စက် တပ်သားတစ်ဖွဲ့ကို ပြောင်းရန်သာ လိုအပ်လေသည်။
ခံတပ်အရှေ့၌ အနက်ရောင်မြူ အများအပြား ပေါ်ထွက်လာပြီး အတွင်းမှ အခြေအနေကို မြင်နိုင်ရန် မဖြစ်နိုင်တော့ပေ။ ၎င်းမှာ မှော်ပညာရှင်ဗိုလ်ခြေ မန်းမှုတ်သော [ အမှောင်ကောင်းကင် ] ဖြစ်သည်။ ၎င်းက အနက်ရောင်မြူထဲ၌ ရန်သူ၏အမြင်ကို ဝေဝါးစေနိုင်ပြီး အသံကို ဖုံးအုပ်ထားပေးနိုင်သည်။
ခံတပ်မှ ခုခံသူများက [ အမှောင်ကောင်းကင် ] ကို သတိထားမိဟန်မတူဘဲ အနက်ရောင်မြူများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်အထိ မတုံ့ပြန်ခဲ့ပေ။ ထိုတစ်ကြိမ်သာ အမှန်တကယ်၌ စမ်းသပ်ချက်တစ်ခုသာ ဖြစ်သည်။ ဒုတိယ [အမှောင်ကောင်းကင်]ကို အသက်သွင်းလိုက်စဉ် လက်ထောက်တပ်မှူးအသစ် ပယ်လော ဦးဆောင်သော လက်ရွေးစင် ဗိုလ်ခြေသုံးဖွဲ့က မြူအကာအကွယ်အောက်တွင် ခိုးဝင်သွားလိုက်ကြသည်။
နတ်ဆိုးဘုံ၌ ၃၆ ပရိယာယ် မရှိပေ။ သို့သော်လည်း ကိစ္စအတော်များများက ဆက်နွှယ်နေ၏။ ထိုလှည့်ကွက်တွင် လျို့ဝှက်သော အနှစ်သာရ ရှိသည်။ ပယ်လောက စစ်တပ်အား အနက်ရောင်မြူထဲ၌ တဖြည်းဖြည်း လှုပ်ရှားရန် စိတ်ရှည်ရှည်နှင့် အမိန့်ပေးနေခဲ့သည်။ ခံတပ်သို့ ချဉ်းကပ်လာသောအခါမှသာ သူတို့က ကျယ်လောင်စွာ အော်ဟစ်ပြီး ခံတပ်ကို တိုက်ခိုက်ကြတော့သည်။ တစ်ချိန်တည်းမှာပင် လေထဲမှ ဗိုလ်ခြေနှစ်ဖွဲ့ကိုလည်း အလျင်အမြန် စေလွှတ်လိုက်သည်။
ထူးဆန်းစွာပင် လရောင်ခံတပ်က လူသူမဲ့သော မြို့တစ်မြို့ကဲ့သို့ပင် မည်သည်ကိုမှ မတုံ့ပြန်ခဲ့ပေ။
ဟုတ်ပေသည်။ အမှန်တကယ် လူသူကင်းမဲ့နေသော မြို့တစ်မြို့ ဖြစ်နေ၏။
“အမှောင်လရဲ့ ခုခံနေတဲ့ စစ်သည်တွေအကုန်လုံး ခံတပ်ကနေ ထွက်ပြေးသွား ကြတာလား။” အိုဆိုင်ဒန် မျက်မှောင်ကြုတ်လိုက်သည်။ သူ အသေအချာ စီစဉ်ထားသည့် ပြင်းထန်သော ထိုးနှက်ချက်တစ်ခုက အချည်းနှီး ဖြစ်သွားခဲ့ရသည်။ သို့သော်လည်း မည်သို့ပင် ဆိုစေကာမူ နောက်ဆုံးတွင် ခံတပ်ကို သိမ်းပိုက်နိုင်ခဲ့လေပြီ။
ဂျို့ရှ်က ပထမဆုံး စပြောသည်။ “အရှင့်ရဲ့ ဝင်ရောက်စီးနင်းတဲ့ ဗျူဟာက တကယ့်ကို ပါးနပ်ပါပေတယ်။ ဒါပေမဲ့ ရန်သူက အတော်လေး ဉာဏ်များတယ်။ သူတို့က ကျုပ်တို့စစ်တပ်ရဲ့စွမ်းအားကို မခုခံနိုင်တော့မှန်းသိတော့ ထွက်ပြေးသွားခဲ့ကြတယ်။”
လော့ဒ်များကလည်း တစ်ယောက်ပြီးတစ်ယောက် ချီးမွမ်းကြပြီး အနည်းဆုံး အောင်နိုင်မှုတစ်ခု ရရှိကာ လရောင်ခံတပ်ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ပြောနေကြသည်။
ရှေ့တန်းကင်းထောက်က သတင်းပို့လာသည်။ “အရှင်မင်းကြီး။ ရန်သူက အခု အလောတကြီးနဲ့ ထွက်ပြေးနေကြတယ်။ ဗိုလ်ချုပ် ပယ်လောက သူတို့နောက် လိုက်ပြီးတော့ ဒီကိုမြို့ကို တစ်ခါတည်း သိမ်းပိုက်ဖို့အတွက် တောင်းဆိုနေတယ်။”
အိုဆိုင်ဒန်၏မျက်လုံးများ တောက်ပသွားပြီး လော့ဒ်အားလုံးကလည်း သဘောတူ ကြသည်။ ဒုတိယတပ်မှူးနေရာမှ ထုတ်ပယ်ခံရသော ဂရန့်တစ်ယောက်တည်းသာ ပြောသည်။ “အရှင်မင်းကြီး။ အမှောင်လက ဉာဏ်များတယ်။ ကျုပ်တို့ သူတို့နောက် မဆင်မခြင်နဲ့လိုက်ရင် ထောင်ခြောက်ထဲ ရောက်သွားမှာ။ ကျုပ်တို့ သတိထားရမယ်။”
“အရှင်မင်းကြီး။ ဗိုလ်ချုပ် ဂရန့်ပြောတာ အဓိပ္ပာယ် ရှိတယ်။” ဂျို့ရှ်က ပြောသည်။ “ဒါပေမဲ့ ဒီကိုမြို့ရဲ့ မြေအနေအထားက လရောင်ခံတပ်လိုမျိုး မဟုတ်ဘူး။ အရှေ့ပိုင်းက အဓိကအားဖြင့် တောင်ထူထပ်တယ်။ လေတပ်ဗိုလ်ခြေကနေ ပူးပေါင်းမှုရှိနေသရွေ့ သူတို့တွေ လမ်းမှာ ချောင်းမြောင်းတိုက်ခိုက်ရင်တောင် ကျုပ်တို့ မြင်နိုင်မှာပဲ။ ဒီကိုမြို့ နောက်ဘက်မှ လွင်ပြင်ကြီးတစ်ခု ရှိတယ်။ အဲဒါက လိုင်ရာမြို့နဲ့ တည့်တည့် ချိတ်ဆက်နေတယ်။ လွင်ပြင်က ကျုပ်တို့ရဲ့စစ်တပ် အရည်အချင်း ထုတ်ပြဖို့ အကောင်းဆုံး မြေအနေအထားပဲ။ ကျုပ်တို့တွေ ဒီကိုမြို့ကို သိမ်းပိုက်နိုင်ရန် လိုင်ရာမြို့ကလည်း ကျုပ်တို့ရဲ့ လက်ဖျားထိပ်မှာပဲ။ ဒါက ကျုပ်ရဲ့အမြင်ပါ။ ဆုံးဖြတ်ချက်ကတော့ အရှင်မင်းကြီး အပေါ်မှာပဲ မူတည်ပါတယ်။”
ဂျို့ရှ်၏ ခွဲခြမ်းစိတ်ဖြာမှုက အိုဆိုင်ဒန်၏ ယုံကြည်ချက်ကို ပိုတိုးသွားစေပြီး သူ ခေါင်းညိတ်လိုက်သည်။ “ပယ်လောကို ပြန်ဆုတ်ခွာသွားတဲ့ စစ်တပ်နောက်ကို လိုက်ပြီးနောက် ဒီကိုမြို့ကို သိမ်းပိုက်ဖို့ အမိန့်ပေးလိုက်။ နဂါးစီးနင်းသူဗိုလ်ခြေကို ပြန်လာခိုင်း။ ပြီးတော့ မိုးပျံတိမ် ဗိုလ်ခြေကို နောက်လိုက်ဖို့ အကူအညီပေးခိုင်း။ နေ့ပိုင်းက နဂါးနှစ်ကောင်အပြင်ကို အမှောင်လရဲ့ နတ်ဆိုးအရှင်သခင်အဆင့်တွေမှာ သစ္စာဖောက် ခရိုဘဲလက်စ်နဲ့ ဗာနင်မ်တို့လည်း ရှိနေနိုင်တယ်။ လာဂရာရော့စ်၊ စတေလာ။ မင်းတို့နှစ်ယောက် ပယ်လောကို ကူညီပေးလိုက်။ ရန်သူတွေ နတ်ဆိုးအရှင်သခင်အဆင့် အကုန်ထုတ်ရင်တောင် ငါတို့တွေ သူတို့ကို ယှဉ်နိုင်သေးတယ်။ ငါတို့ရဲ့ စစ်တပ်အင်အားနဲ့ ဆိုရင် အမှောင်လရဲ့ ရှုံးနိမ့်သွားတဲ့စစ်တပ်နဲ့ ဒီကိုမြို့ရဲ့ ခုခံနေတဲ့ စစ်သည်တွေကို ရင်ဆိုင်ဖို့ မခက်လောက်ဘူး။”
အားလုံးက ရီဂျန့်၏ ဉာဏ်ပညာကို ချီးမွမ်းကြသည်။ ဂရန့်က နောက်ထပ်ဖျောင်းဖျရန် ပြင်လိုက်သော်လည်း အိုဆိုင်ဒန်က သူ့ကို အေးစက်စက်နှင့် စိုက်ကြည့်လိုက်သည်။ ဂရန့် သက်ပြင်းချလိုက်ပြီး ဘာမှမပြောတော့ပေ။