← Chapters

လျို့ဝှက်ဆန်းကြယ်သော အဂ္ဂိရတ်သက်ရှိ

Vol. 35 Ch. 517

လျို့ဝှက်ဆန်းကြယ်သော အဂ္ဂိရတ်သက်ရှိ

Vol. 35 Ch. 517

“လေးစားရတဲ့ မယ်ဒူဆာ ဘုရင်မ။ ခင်ဗျား အထင်လွဲနေပြီလို့ ကျုပ် ထင်တယ်။ ကျုပ် နာမည်က ချန်လွေ့ပါ။ ပြီးတော့ ကျုပ်က ဒီကို မြေသွေးသစ်သီးအတွက် ရောက်လာတာ မဟုတ်ပါဘူး။ မယ်ဒူဆာတွေနဲ့ ပြဿနာဖြစ်ရတာက သူတို့တွေ ကျုပ်ကို အရင်ဆုံး တိုက်ခိုက်ကြလို့ပါ။ ဒါပေမဲ့ ကျုပ် သူတို့ကို အမှန်ကတယ် နာကျင်အောင် မလုပ်ခဲ့ဘူး။ တစ်ခုခု လွန်သွားတာရှိရင် ကျုပ်ကို ခွင့်လွှတ်ပေးပါ။ ဘုရင်မ။” ချန်လွေ့က ထိန်းချုပ်ထားသော မဟာနတ်ဆိုးဘုရင်အဆင့် မယ်ဒူဆာနားမှ ထွက်သွားပြီး မယ်ဒူဆာ ဘုရင်မထံသို့ လမ်းလျှောက်လာသည်။ သူက ညာလက်ကို ရင်ဘတ်ကို တင်ပြီး အသာလေး ဦညွှတ်ကာ မယ်ဒူဆာတို့၏ ကျင့်ဝတ်ထုံးတမ်းအတိုင်း ပြုလုပ်လိုက်သည်။

ထိုကျင့်ဝတ်ထုံးတမ်းက မယ်ဒူဆာ ဘုရင်မကို ကြက်သေသေသွားစေသည်။ သူက ချန်လွေ့ကို ခဏစိုက်ကြည့်ပြီး တစ်ယောက်ပြီးတစ်ယောက် ထလာသော မျိုးနွယ်စု အဖွဲ့ဝင်များကို ကြည့်လိုက်သည်။ နောက်ဆုံး၌ သူက ကျင့်ဝတ်ထုံးတမ်းအတိုင်း ပြန်ပြုမူလိုက်သည်။ တင်းမာသောအခြေအနေ ပြေလျော့သွားခဲ့လေသည်။

ထိုကျင့်ဝတ်ထုံးတမ်း အသုံးဝင်သည်ဟု ပြောခြင်းထက် ချန်လွေ့က မယ်ဒူဆာ ဘုရင်မထက် စွမ်းအားမနိမ့်ကျသည်ဟု ပြောခြင်းက ပိုမိုတိကျပေသည်။ အကယ်၍ သူက အားနည်းသူ တစ်ယောက်သာဆိုရင် ကျောက်ရုပ်အဖြစ် ပြောင်းသွားလောက်ပြီဖြစ်သည်။

“ဘုရင်မ။ ကျုပ်က မယ်ဒူဆာရဲ့ ရန်သူ မဟုတ်ပါဘူး။ ကျုပ်နဲ့ မယ်ဒူဆာတွေက ရင်းနှီးတဲ့ မိတ်ဆွေတွေပဲ။ အဲဒါကြောင့်ပဲ ကျုပ်က ခင်ဗျားရဲ့ မျိုးနွယ်စုကို ရင်းရင်းနှီးနှီး ဆက်ဆံနေတာပါ။” ချန်လွေ့က စကားလုံးများထဲ၌ သဘောကောင်းခြင်း ပြသရန် အကောင်းဆုံး ကြိုးစားသည်။ “ကျုပ် သိရသလောက်ဆိုရင် မြွေသွေးသစ်သီးက မယ်ဒူဆာမျိုးနွယ်စုကို မျိုးဆက်တွေ တိုးပွားစေနိုင်တယ်။ ဒါပေမဲ့ သက်ရောက်မှုက သိပ်ပြီးတော့ အကောင်းဆုံး မဟုတ်ဘူး။ အဲဒါက အသက်ဓာတ်ရေစင်ထက် အများကြီး နိမ့်ကျတယ်။”

ချန်လွေ့က နတ်ဆိုးဘုံသို့ ရောက်ခါစ လူသစ်တစ်ယောက် မဟုတ်ပေ။ ယခုတွင် သူက ရှီလန်တောင်ရှိ မယ်ဒူဆာမျိုးနွယ်စုကို ထိန်းချုပ်ထားပြီး မယ်ဒူဆာမျိုးနွယ်စု၏ အလေ့အကျင့်များကို အတော်လေး နားလည်မှု ရှိနေပြီ ဖြစ်သည်။

“အသက်ဓာတ်ရေစင်လား...” မယ်ဒူဆာဘုရင်မ အနည်းငယ် အံ့အားသင့် သွားသည်။ “ဒါက အတော်လေးကို ရှားပါးတဲ့ မျိုးဆက်ပွားဖို့အတွက် အထွတ်အမြတ် အမွေအနှစ် တစ်ခုပဲ။ ငါတို့မျိုးနွယ်စုမှာ မပြောနဲ့၊ မြူဖုံးစိမ့်မြေတစ်ခုလုံးမှာတောင် အသက်ဓာတ်ရေစင် တည်ရှိမှု မရှိဘူး။”

အသက်ဓာတ်ရေစင်အကြောင်း ပြောနေစဉ် ချန်လွေ့က တစ်စုံတစ်ခုကို စီစဉ်နေလေသည်။ ထိုအဖြေကို ကြားသောအခါ သူ စိတ်ဝင်စားသွားသည်။ သို့သော်လည်း သူက အသက်ဓာတ်ရေစင်ကို ပိုင်ဆိုင်ကြောင်း မဖော်ပြခဲ့ဘဲ ခေါင်းညိတ်ကာ ပြောသည်။ “သဘောပေါက်ပြီ။ ဒါကြောင့် ကျုပ်က ခင်ဗျားတို့ မယ်ဒူဆာမျိုးနွယ်စုတဲ့ အထင်လွဲစရာတွေ ဖြစ်ခဲ့တာပဲ။ မေးမိတဲ့အတွက် ခွင့်လွှတ်ပေးပါ။ မြွေသွေးသစ်သီးတွေကို လုယူတဲ့ ရန်သူတွေ ရှိတာလား။”

မယ်ဒူဆာ ဘုရင်မ မဖြေပေ။ တစ်ဖက်လူက သတိထားနေသေးကြောင်း သိသည့်အတွက် ချန်လွေ့ အသာလေး ပြုံးလိုက်သည်။ “ဒီတစ်ခေါက် ကျုပ်ရဲ့ ခရီးပန်းတိုင်က လို့ဘ်တောင် မိုင်းတွင်းပဲ။ ဘုရင်မ ကျုပ်ကို ယုံကြည်တယ်ဆိုရင် မယ်ဒူဆာ မျိုးနွယ်စုကို ကျုပ် အကောင်းဆုံး ကူညီပေးမှာပါ။”

ထိုသို့ပြောနေရင်း သူက ပစ္စည်းအချို့ ထုတ်လိုက်သည်။ “ဒီမှာ ချပ်ဝတ်တန်ဆာတွေ ရှိနေသေးတယ်။ ဒါတွေကို ဘုရင်မဆီ ကျုပ် လက်ဆောင်ပေးတယ်လို့ သဘောထားပါ။”

စိမ်းပြာရောင် ကျောက်မျက်များ ထည့်သွင်းထားသော လက်တစ်ဆုပ်စာ ‌ရွှေရောင် ဓားမောက်ရှည် တစ်လက်။

မယ်ဒူဆာပုံနှင့် ဒိုင်းကာအငယ်စား တစ်ခု။

လက်ရာမြောက်သော ‌ရွှေနီချပ်ကာ တစ်စုံ။

မှော်စွမ်းအင် ပြည့်နှက်နေသော ငွေရောင် လေးကောက်တစ်လက်။

သတ္တုပေါင်းစုံ မှော်မြားတစ်ကျည်။

မယ်ဒူဆာ ဘုရင်နှင့် မယ်ဒူဆာ စစ်သည်တို့က ထိုကဲ့သို့ လက်ရာမြောက်ပြီး အစွမ်းထက်သည့် လက်နက်များနှင့် ချပ်ကာများကို မြင်သည့်အခါ အံ့အားသင့် သွားကြသည်။ ဒါတွေက မယ်ဒူဆာ မျိုးနွယ်အတွက် သီးသန့်လုပ်ထားတဲ့ အကောင်းဆုံး ချပ်ဝတ်တန်ဆာတွေပဲ။

“ဒီပစ္စည်း(၅)မျိုးက ဘုရင်မ အတွက်ပါ။ အရည်အသွေးနိမ့်တာတွေတော့ ရှိသေးတယ်။ ကြည့်လိုက်ဦးမယ်။ ဆယ်စုံတော့ ရှိတယ်။ အဲဒါတွေကို ဘုရင်မရဲ့ ရဲရင့်တဲ့ စစ်သည်တွေဆီ ပေးလို့ရပါတယ်။” ချန်လွေ့က အသစ်စက်စက် ချပ်ဝတ်တန်ဆာ အများအပြားကို သိုလှောင်ဂိုဒေါင်ထဲမှ ထုတ်လိုက်ပြန်သည်။ “ကျုပ်ပြောထားတဲ့အတိုင်း ကျုပ်က မယ်ဒူဆာတွေရဲ့ အကောင်းဆုံး မိတ်ဆွေပါ။ ဒါတွေကို ကျုပ် မယ်ဒူဆာ မျိုးနွယ်စု တစ်ခုကို ကူညီခဲ့တုန်းက လုပ်ပေးခဲ့တာ။ ကံဆိုးချင်တော့ အချိန်သိပ်မရှိတော့ဘူး။ အဲဒါကြောင့် ဒါတွေအားလုံး ခင်ဗျားတို့ကို ပေးခဲ့မယ်။”

အရည်အသွေး “နိမ့်ကျ”သော ချပ်ဝတ်တန်ဆာများမှာ ဘုရင်မ၏ လက်ရှိ ချပ်ဝတ်တန်ဆာထက် ပိုမိုသာလွန်လှသည်။ ၎င်းမှာ လက်ရှိ မယ်ဒူဆာမျိုးနွယ်စုတွင် အကောင်းဆုံး ဖြစ်ခဲ့လေသည်။

မယ်ဒူဆာ ဘုရင်မက ခန္ဓာကိုယ်ပေါ်မှ ချပ်ကာကိုချွတ်လိုက်ပြီး အပြင်လူက မိမိ၏ ပြည့်မောက်သော ရင်သားများအား မြင်မည်ကို မရှက်နေပေ။ သူက အရည်အသွေးအမြင့်ဆုံး ချပ်ဝတ်တန်ဆာကို ဝတ်ဆင်လိုက်ပြီး ကျန်ရှိသော အရည်အသွေးမြင့် ချပ်ဝတ်တန်ဆာများကို စွမ်းအားအလိုက် ဝေမျှပေးလိုက်သည်။

ဘုရင်မ အပါအဝင် ချပ်ဝတ်တန်ဆာ ရရှိသော မယ်ဒူဆာအားလုံးက ၎င်းကို သဘောကျနေဟန် တူသည်။ ချန်လွေ့အပေါ်သို့ ရန်လိုမှုများ တဖြည်းဖြည်း ပျောက်ကွယ်သွား၏။

မယ်ဒူဆာ ဘုရင်မက ချန်လွေ့က ဦးညွှတ်လိုက်သည်။ “မြူအေးမျိုးနွယ်စုကိုယ်စား လန်လီဇာက မယ်ဒူဆာရဲ့မိတ်ဆွေ ချန်လွေ့ကို ကျေးဇူးတင်ပါတယ်။”

“အရှင်မ လန်လီဇာက ယဉ်ကျေးလွန်းနေပါပြီ။” ချန်လွေ့က တစ်ဖက်လူ၏ ယုံကြည်မှုကို ရရှိသွားသည့်အတွက် တိတ်တိတ်လေး ပျော်ရွှင်မိသွားသည်။ “ပျော်ရွှင်စရာ အကောင်းဆုံးက ကျုပ်တို့ကြားမှာရှိတဲ့ အထင်လွဲမှုကို ဖြေရှင်းသွားနိုင်တာပဲ။ အကူအညီလိုရင် ကျုပ်ကို ပြောပါ။ မိတ်ဆွေ တစ်ယောက်အနေနဲ့ ကျုပ်ရဲ့စွမ်းအားနဲ့ ကူညီဖို့ တွန့်တိုနေမှာ မဟုတ်ပါဘူး။”

မယ်ဒူဆာဘုရင်မ ခေါင်းညိတ်လိုက်သည်။ “မိတ်ဆွေ ချန်လွေ့။ မင်းငါ့ကို လန်လီဇာလို့ ခေါ်လို့ရပါတယ်။ ငါတို့ မြွေသွေးသစ်သီးတွေကို ယူချင်တဲ့ အတော်လေး ခက်ခဲတဲ့ရန်သူတွေ တကယ်ရှိတယ်။ ပြီးတော့ အဲဒီရန်သူတွေက မင်းသွားမယ့် မိုင်းတွင်းနဲ့ သက်ဆိုင်နေနိုင်တယ်...”

လို့ဘ်တောင် မိုင်းတွင်းနဲ့ သက်ဆိုင်နေတယ်လား။ ၎င်းကိုကြားသည့်အခါ ချန်လွေ့ သေသေချာချာ နားထောင်နေလိုက်သည်။

“အဲဒီရန်သူတွေက မိုင်းတွင်းအနက်ထဲမှာ နေနေသင့်တာ။ ပြီးတော့ သူတို့ကို တစ်ခါတစ်ရံမှပဲ အပြင်မှာ တွေ့ရတတ်တာ။ အခုလက်ရှိမှာ သူတို့က အကြောင်းရင့် အချို့ကြောင့် အကုန်ပြေးထွက်လာကြတယ်။ ပြီးတော့ သူတို့က မြွေသွေးသစ်သီးတွေကို မျက်စိကျနေကြတယ်။ အဲဒီရန်သူတွေနဲ့ ငါတို့ သုံးလေးခေါက် တိုက်ခိုက်ပြီးသွားပြီ။ နိုင်တာတွေ၊ ရှုံးတာတွေ ရှိတယ်။ ပြီးတော့ မြွေသွေးသစ်သီးတွေ အများကြီးကိုလည်း ယူသွားခံလိုက်ရပြီ။”

“သူတို့က ဘယ်လို ရန်သူတွေလဲ။” မျက်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။ အဲဒီ ရန်သူတွေက မယ်ဒူဆာတွေကို အနိုင်ယူနိုင်ပြီးတော့ မြွေသွေးသစ်သီးတွေကို လုယူနိုင်တယ်။ အဲဒါကြောင့် သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက သေချာပေါက် ထူးချွန်ရမယ်။ သူတို့က မိုင်းတွင်းထဲက ထွက်လာတယ်။ သူတို့ကို ငါ သေသေချာချာ နားလည်အောင် လုပ်ရမယ်။

လန်လီဇာ ခေါင်းခါလိုက်သည်။ “ငါ့မှာ သွေးမျိုးဆက် ဆက်ခံမှုကနေ မှတ်ဉာဏ်နဲ့ ဗဟုသုတ အများကြီး ရှိပေမဲ့ သူတို့က ဘယ်လိုနတ်ဆိုးမျိုး၊ ဘယ်လိုနတ်ဆိုးသားရဲမျိုးလဲ မသိဘူး။ သူတို့အားလုံးက အမျိုးသမီးတွေပဲ။ ပြီးတော့ သူတို့ရဲ့ အသားအရေက အပြာရောင်။ သူတို့က တိုက်ခိုက်ရေးစွမ်းအားမှာ မယ်ဒူဆာတွေထက် အားနည်းတယ်။ နတ်ဆိုးဧကရာဇ်အဆင့် ခေါင်းဆောင်နှစ်ယောက် ပေါင်းပြီးတော့ တိုက်ခိုက်ရင်‌တောင် ငါ့ပြိုင်ဘက်တွေ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီရန်သူတွေရဲ့‌ မှော်စွမ်းအားက အတော်လေးကို အားကောင်းတယ်။ သူတို့က တိုးမြှင့်၊ အားလျှော့ မှော်ပညာတွေကို ချက်ချင်း အသက်သွင်းနိုင်ပြီးတော့ မယ်ဒူဆာရဲ့ ကျောက်ဖြစ်ပါရမီနဲ့လည်း သက်ရောက်မခံရဘူး။ တိုက်ခိုက်မှုတွေမှာ ငါတို့ရဲ့ တိုက်ခိုက်ရေး သက်ရောက်မှုက ရန်သူရဲ့ အားလျှော့ မှော်ပညာကြောင့် ကြီးကြီးမားမာ လျော့ကျသွားခဲ့တယ်။”

ချန်လွေ့က နားထောင်နေရင်း သံသယ ဝင်သွားသည်။ ပြောရမယ်ဆိုရင် မိုင်းတွင်းမှာနေတဲ့ မြေအောက်သတ္တဝါတွေက မှင်စာကလေး၊ ပြိဿ၊ မယ်ဒူဆာ နဲ့ မိစ္ဆာမျက်လုံးတွေပဲ။ ဒါပေမဲ့ အားလုံးက မိန်းမတွေဖြစ်တဲ့ အသားပြာ မှော်မျိုးနွယ်မျိုး တစ်ခါမှ မကြားဖူးဘူး။ သူတို့က နတ်ဆိုးဘုံမှာ ငါကြားဖူးတဲ့ ဘယ်သတ္တဝါ အမျိုးအစား အထဲမှာမှ မပါဘူး။ အားလုံးမိန်းမတွေပဲရှိတာ မယ်ဒူဆာနဲ့ ကဝေမတွေပဲ ရှိတယ်။ ပြီးတော့ မယ်ဒူဆာတွေက ဘာသာစကားနဲ့ မြွေခန္ဓာကိုယ်ကြောင့် နတ်ဆိုးသားရဲတွေအဖြစ် သတ်မှတ်ထားကြတာ။

တစ်ခါမှ မကြားဖူးတာက မရှိဘူးလို့ မဆိုလိုဘူး။ နတ်ဆိုးဘုံက နေရာ အကျယ်ကြီး။ ပြီးတော့ ထူးဆန်းတဲ့ မျိုးစိတ်တွေ အများကြီး ရှိတယ်။ နတ်ဆိုးဘုံသို့ ရောက်လာသည်မှာ အချိန်ခဏသာ ရှိသေးသော လူသားတစ်ယောက်ဖြစ်သူ ချန်လွေ့ပင် မပြောနှင့်၊ အသိပညာ ဆက်ခံထားသော မယ်ဒူဆာ ဘုရင်မသည်ပင် မသိပေ။

ထိုအခိုက်၌ မယ်ဒူဆာ စစ်သည်များက အလျင်အမြန် သတင်းပို့လာသည်။ “ဘုရင်မ။ အဲဒီ အပြာရောင်ရန်သူတွေ ထပ်ပြီးတော့ ပေါ်လာပြန်ပြီ။ သူတို့က ကျွန်မတို့ ခံစစ်ကြောင်းကို ဖောက်သွားပြီးတော့ မြွေသွေးသစ်ပင်ဆီကို သွားနေကြတယ်။”

မယ်ဒူဆာဘုရင်မ၏ မြွေမျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေသည်။ သူက အသက်ရရှိထားသော တစ်ဝက်-ဒဏ္ဍာရီလာအဆင့် ဓားမောက်ရှည်ကို ဝှေ့ရမ်းပြီး လျှာနှစ်ခွဖြင့် ဒေါသတကြီး တရှူးရှူး လုပ်လိုက်သည်။ “ရန်သူကို ရင်ဆိုင်ဖို့ မြွေသွေး သစ်ပင်ဆီကို သွားကြ။”

ချန်လွေ့က မိုင်းတွင်းမှ ထွက်လာသော ထူးဆန်းသည့် သတ္တဝါများကို တွေ့ချင်သည့်အတွက် ပြောလိုက်သည်။ “ကျုပ် ခင်ဗျားနဲ့ လိုက်သွားမယ်။ မိတ်ဆွေ လန်လီဇာ။”

“ကောင်းပြီ။” မယ်ဒူဆာ ဘုရင်မက တရိုတသေနှင့် လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။ သူ၏ခန္ဓာကိုယ် ရှေ့သို့ အလျင်အမြန် လူးလွန်းသွားသည်။ သူသည် အမှန်တကယ်ပင် မှော်မြင်းကဲ့သို့ စီးစရာများထက် ပိုမြန်ပေသည်။

ချန်လွေ့က ခြေထောက်ကိုတော့ပြီး မယ်ဒူဆာဘုရင်မှ အနောက်မှ အနီးကပ် လိုက်သွားခဲ့သည်။

ခဏအကြာတွင် သူတို့အဖွဲ့က လမုပင်တောအုပ် အနက်ထဲသို့ ရောက်သွားသည်။ အဝေးမှနေ၍ ပန်းခရမ်းရောင် သစ်သီး ရာနှင့်ချီရှိသော အပင် ၇ပင် ၈ပင်ကို သူတို့ မြင်လိုက်ရသည်။ ၎င်းတို့မှာ မယ်ဒူဆာမျိုးနွယ်စုတို့ မျိုးပွားရန်အတွက် လိုအပ်သော မြွေသွေးသစ်သီး ဖြစ်ဟန်တူသည်။ သစ်ပင်နှင့် မနီးမဝေးတွင် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်နေလေသည်။

ရန်သူများမှာ အယောက်၂၀ခန့်ရှိသော ထူးဆန်းသော သတ္တဝါများ ဖြစ်ကြသည်။ သူတို့က သွယ်လျပြီး အားလုံး အမျိုးသမီးများ ဖြစ်ကြသည်။ သူတို့၏ခြေထာက်များက လွင့်မျောနေဟန်တူပြီး သူတို့သွားလာပုံမှာ ပျံသန်းနေသည်နှင့် ဆင်တူပေသည်။

ထိုအမျိုးသမီးများတွင် ငွေရောင်ဆံပင်၊ လှပသောမျက်နှာ၊ အပြာရောင် အသားအရေများ ရှိကြသည်။ သူတို့အားလုံး အဝတ်မပါကြသော်လည်း အစိတ်အပိုင်း အတော်များများကို ရွှေရောင်တောက်ပနေသော ထူးဆန်းသည့်ပုံစံကွက်များဖြင့် ဖုံးလွှမ်းထားလေသည်။

ဘုရင်မ လာလီဇာ ပြောထားသည့်အတိုင်းပင် အပြာရောင်အမျိုးသမီးများ၏ မှော်ပညာ အမြန်နှုန်းနှင့် စွမ်းအားတို့မှာ မယုံနိုင်စရာ ကောင်းလှသည်။ သို့သော် ၎င်းမှာ တိုက်ခိုက်ရေးမှော်ပညာ မဟုတ်ဘဲ တိုးမြှင့်၊ အားလျှော့ မှော်ပညာများသာ ဖြစ်ကြ၏။

တိုးမြှင့်မှော်ပညာများမှာ သူတို့၏အဖော်များအတွက် ဖြစ်ပြီး အားလျှော့ မှော်ပညာများမှာ မယ်ဒူဆာများအတွက် ဖြစ်ပေသည်။ ထိုအမျိုးသမီးများ၏ မှော်ပညာမှာ နေရာပြန့်ဖြစ်ကြောင်း ချန်လွေ့ သတိထားမိခဲ့သည်။ ဆိုလိုသည်မှာ အရှိန်မြန်မန္တန်တစ်ခု သုံးပြီးသည်နှင့် အဝန်းအဝိုင်းအတွင်းရှိ အဖော်အားလုံး ပိုမြန်သွားမည် ဖြစ်သည်။ ထိုနည်းတူစွာပင် အရှိန်လျှော့မန္တန်တစ်ခုက မယ်ဒူဆာတစ်ဖွဲ့ကို အရှိန်လျှော့နိုင်၏။

အပြာရောင်အမျိုးသမီး တစ်ယောက်က မယ်ဒူဆာစစ်သည်အတန်းလိုက် အရှေ့သို့ လက်ဆန့်တန်းလိုက်ရာ မယ်ဒူဆာများက မူးနေသကဲသို့ပင် ဒယီးဒယိုင် ဖြစ်သွားကြသည်။ အမျိုးသမီးများက မူးဝေနေသော မယ်ဒူဆာများကို မသတ်ပစ်ဘဲ မြွေသွေးသစ်ပင်သို့ အရှိန်မြန်စွာပင် တစ်ခါတည်း ပျံသန်းသွားကြသည်။

သစ်ပင်နားသို့ ချဉ်းကပ်နေရင်း ထိုအမျိုးသမီးက ရုတ်တရက် တုန်လှုပ်သွား၏။ သူ၏မို့မောက်သော ရင်သားကို ငွေမြားတစ်ချောင်းက လျင်မြန်စွာ ထိုးစိုက်သွားသည်။ ထို့နောက် မြားနှစ်ချောင်းက သူ၏ဝမ်းဗိုက်နှင့် ပုခုံးကို ထိသွားပြန်သည်။ အမျိုးသမီး၏ ခန္ဓာကိုယ် နောက်သို့ ယိုင်သွားသည်။ သူ၏မျက်နှာပေါ်၌ နာကျင်သော အမူအရာတစ်ခု ရှိနေသည်။ ထူးဆန်းစွာပင် ဒဏ်ရာက သွေးမထွက်ခဲ့ဘဲ သူ၏ခန္ဓာကိုယ်မှ ရွှေရောင် ပုံစံကွက်များသာ အရောင်ပိုမှိန်သွားခဲ့သည်။

မြားပစ်လိုက်သူမှာ မယ်ဒူဆာ ဘုရင်မ ဖြစ်သည်။ သူက အသစ်ရရှိထားသော လက်နက်မှာ အလွန်အမင်း အစွမ်းထက်လှကြောင်း ခံစားလိုက်ရသည်။ လေးနှင့်မြား တစ်ခုတည်းကပင် ယခင်ကထက် ၁၀ဆခန့် ပိုမိုအားကောင်းသွား၏။ ကျယ်လောင်သော အော်သံနှင့်အတူ မယ်ဒူဆာအားလုံးက ရန်သူများထံ ချီတက်သွားကြတော့သည်။

မယ်ဒူဆာ၏ မိတ်ဆွေ ဖြစ်သည့်အလျောက် ချန်လွေ့လည်း ကူညီပေးချင်ခဲ့သည်။ မယ်ဒူဆာ ဘုရင်မ မြားပစ်လိုက်သောအခါ ချန်လွေ့က ခြေထောက်ကို ဆောင့်နင်းပြီး အပြာရေင်အမျိုးသမီးထံ အရင်ဦးစွာ ပြေးဝင်သွားလိုက်ပြီး [ အရှိန်အဝါဓားသွား ] ဖြင့် ခုတ်ပိုင်းလိုက်သည်။

အမျိုးသမီးက ခန္ဓာကိုယ်ပေါ်မှ ငွေမြားကို ဆွဲနှုတ်ပြီးသွားပြီ ဖြစ်သည်။ သူက လက်ကို ဝှေ့ရမ်းလိုက်ရာ ချန်လွေ့၏အမြန်နှုန်း နှေးကွေးသွားသည်ကို ခံစားလိုက်ရသည်။ ထိုနှေးကွေးသွားသော [ အရှိန်အဝါဓားသွား ] အမျိုးသမီးက လျင်မြန်စွာ ရှောင်တိမ်းပြီး မြေပြင်ပေါ်၌ နက်ရှိုင်းလှသော အရာတစ်ခု ဖြစ်သွားခဲ့သည်။

ထိုအမျိုးသမီးက ထိုရန်သူ၏ ကြီးမားသောစွမ်းအားကို အာရုံခံမိသည့်အတွက် လက်ကို အဆက်မပြတ် ဝှေ့ရမ်းနေခဲ့သည်။ ခဏကြာသည်အထိ အားနည်းခြင်း၊ မူးဝေခြင်း၊ အရှိန်လျှော့ခြင်းကဲ့သို့ အားလျှော့ခြင်းအမျိုးမျိုးက အဝေးမှရောက်လာပြီး ဆန့်ကျင်မှုမရှိဘဲ ထပ်နေလေသည်။ ထိုကဲ့သို့ မှော်အစွမ်းအဆင့်မှာ သိပ်မမြင့်သော်လည်း သက်ရောက်မှုများမှာ အမြင့်ဆုံး မှော်ပညာအဆင့်အထိ သေချာပေါက် ရောက်ရှိလေသည်။

မှော်ထိခိုက်မှုနှင့် အားလျှော့သက်ရောက်မှုများကို လျှော့ချနိုင်သေည့် [ မှော်-ဆန့်ကျင် ] ခန္ဓာအမျိုးအစားရှိသော ချန်လွေ့သည်ပင် အတော်လေး မသက်မသာ ခံစားလိုက်ရသည်။ သူက အသေအချာပင် စွမ်းအားကြီးသော်လည်း အမျိုးမျိုးသော ကန့်သတ်မှုများကြောင့် သာမန်တိုက်ခိုက်မှုများကို မပြုလုပ်နိုင်ခဲ့ပေ။ သူ အလွန်ပင် ဒေါသထွက်သွားပြီး ထိုအမျိုးသမီးများအား မယ်ဒူဆာများ တိုက်ခိုက်သည့်အခါ ခံစားရသည်ကို သဘောပေါက်သွားတော့သည်။

ထိုအချိန်၌ ထိုထူးဆန်းသော အမျိုးသမီး၏ အချက်အလက်က [ သရုပ်ခွဲမျက်လုံး ] တွင် ပေါ်ထွက်လာခဲ့သည်။

မျိုးနွယ် - မီးအိမ်တစ္ဆေ (အဂ္ဂိရတ်သက်ရှိ)

စွမ်းအားအကဲဖြတ်မှု - A-

ခန္ဓာအမျိုးအစား - B+

ခွန်အား - B

စိတ်ဝိညာဉ် - A-

အမြန်နှုန်း - A-

[ ဂုဏ်သတ္တိ ] - ထာဝရရှင်သန်နိုင်သော ဂုဏ်သတ္တိ၊ မှော်ခန္ဓာ။

ထိုသတင်းအချက်အလက်က ချန်လွေ့ကို အံ့အားသင့်သွားစေသည်။ အဂ္ဂိရတ်သက်ရှိဆိုတာ ဘာလဲ။ ပြီးတော့ ထာဝရရှင်နိုင်တာလိုမျိုး အစွမ်းထက်တဲ့ ဂုဏ်သတ္တိတွေ ရှိတာလား။

ဒါနဲ့ “မီးအိမ်တစ္ဆေ”ဆိုတဲ့နာမည်နဲ့ အဲဒီလို မှော်ပညာက ငါ့မှတ်ဉာဏ်ထဲက ဂန္တဝင်ဂိမ်းတစ်ခုက စစ်တပ်နဲ့ နည်းနည်း ဆင်တူသလိုပဲ။ ကြည့်ရတာ လောကနှစ်ခုမှာ “တိုက်ဆိုင်တာတွေ” အများကြီး ရှိနေသေးတဲ့ပုံပဲ။

သို့သော်လည်း ယခုအချိန်မှာ ထိုကဲ့သို့ကိစ္စမျိုးကို စဉ်းစားရန် အချိန် မဟုတ်ပေ။ မီးအိမ်တစ္ဆေများ၏ မြန်ဆန်ပြီး အားကောင်းသော မှော်ပညာများက မယ်ဒူဆာများနှင့် သူတို့ကို ဝိုင်းရံနေသော မယ်ဒူဆာ ဘုရင်မကိုပင် သက်ရောက်သွားခဲ့သည်။ 

မီးအိမ်တစ္ဆေများက မြွေသွေးသစ်သီးများကို ခူးရန်ပြင်လိုက်စဉ် သစ်ပင် ပတ်ပတ်လည်၌ ထူးဆန်းသော လူသားပုံရိပ်၁၀ခု ရုတ်တရက် ပေါ်ထွက်လာသည်။ ထိုလူသားပုံရိပ်များမှ ၂မီတာမြင့်ပြီး သူတို့၏ ခန္ဓာကိုယ်ကို ရွှေအိုရောင်အလင်း တောက်ပနေသော သတ္တုဖြင့် ပြုလုပ်ထားလေသည်။

သတ္တုခန္ဓာကိုယ်များမှာ အားကောင်းပြီး အစွမ်းထက်ကြသည်။ မီးအိမ်တစ္ဆေများကို အံ့အားသင့်သွားစေသည်မှာ ထိုရွှေလူသားများအပေါ်သို့ အသုံးပြုသည့် အဆုံးမရှိသော အားလျှော့မှော်ပညာများ အမှန်တကယ် သက်ရောက်မှု မရှိခြင်းပင်။

All Chapters