နှိမ်နင်းခြင်း
Vol. 35 Ch. 518
ရွှေလူသားမှာ ဟန်ဆောင်ငေးငိုင်သော သိပ္ပံပညာရှင်မ၏ နောက်ဆုံးပေါ် သုသေတန ရလာဒ် ဖြစ်သည်။ ၎င်းသည် အစွမ်းထက်လှ၏။ ၎င်းက မှော်ထိခိုက်မှုကို တစ်ဝက်လျှော့နိုင်ပြီး အားလျှော့မှော်ပညာကို လျစ်လျူရှုနိုင်သည်။ တစ်ခုတည်းသော အားနည်းချက်မှာ လှုပ်ရှားမှုများ အတော်လေး နှေးကွေးခြင်း ဖြစ်သည်။
ရွှေလူသားများမှာ သက်ရှိများမဟုတ်ဘဲ ရုပ်သေးကဲ့သို့ တည်ရှိမှု ဖြစ်သည်။ ထို့ကြောင့် ချန်လွေ့က ၎င်းတို့ကို သိုလှောင်ဂိုဒေါင်ထဲ ထည့်ထားပြီး သယ်ဆောင်သွား နိုင်လေသည်။
ထိုရွှေလူသား ၁၀ယောက်မှာ ဇိုလာကိုယ်တိုင် အသစ်ပြုလုပ်ထားခြင်းဖြစ်ပြီး သူတို့၏ စွမ်းအားမှာ နတ်ဆိုးဘုရင်အဆင့် ရောက်နေပြီဖြစ်သည်။ သူတို့၏ အမြန်နှုန်းဖြင့် မီးအိမ်တစ္ဆေများကို မည်သည်မှ ပြုလုပ်နိုင်မည် မဟုတ်သော်လည်း တစ်နေရာတည်း၌ ကာကွယ်နေမည်ဆိုပါက အားလျှော့မှော်ပညာပြီးမှုက မီးအိမ်တစ္ဆေများအတွက် အကြီးမားဆုံး အတားအဆီး ဖြစ်လာပေလိမ့်မည်။ ချန်လွေ့နှင့် ရွှေလူသားတို့ ပေါ်ထွက်လာခြင်းက တိုက်ပွဲကို အလှည့်အပြောင်း ဖြစ်သွားစေနိုင်ကြောင်း ငြင်း၍ မရနိုင်ပေ။ နတ်ဆိုးဧကရာဇ်အဆင့် မီးအိမ်တစ္ဆေနှစ်ကောင်ကို ချန်လွေ့နှင့် မယ်ဒူဆာတို့ ဖမ်းဆီးပြီးနောက် မယ်ဒူဆာတို့က ကျန်ရှိသော မီးအိမ်တစ္ဆေများကို ဝိုင်းရံလိုက်ကြ၏။
အသာစီး ရနေသော်လည်း ချန်လွေ့က အဆက်မပြတ် အားလျှော့မှော်ပညာကြောင့် ဒေါသထွက်နေဆဲ ဖြစ်သည်။ သူက လန်လီဇာကို လက်ယမ်းပြပြီး နတ်ဆိုးဧကရာဇ်အဆင့် မီးအိမ်တစ္ဆေနှစ်ကောင်ကို ကိုယ်တိုင် ထိန်းချုပ်လိုက်သည်။
လန်လီဇာက ထိုမိတ်ဆွေအသစ် အပေါ်၌ ပိုကောင်းသောအမြင်ရှိပြီး အားနည်းသော မီးအိမ်တစ္ဆေများကို ကိုယ်တွယ်ရန်အတွက် လက်လွှတ်လိုက်သည်။ မီးအိမ်တစ္ဆေများက “ထာဝရရှင်သန်နိုင်သော” အထူးဂုဏ်သတ္တိများ ရှိသော်လည်း ဒဏ်ရာရရှိရန် ကြောက်နေဆဲ ဖြစ်သည်။ သူတို့ ခုခံနိုင်သည်ထက် လွန်ကဲသော တိုက်ခိုက်မှုများကို ရင်ဆိုင်ရသည့်အခါ ခန္ဓာကိုယ်ပေါ်မှ အလင်းရောင် ပုံစံကွက်များ မှေးမှိန်လာခဲ့သည်။ သူတို့၏စွမ်းအား ကုန်ခမ်းသွားသောအခါ သူတို့၏ ခန္ဓာကိုယ် တစ်ခုလုံး ပျောက်ကွယ်သွားမည် ဖြစ်သည်။
နတ်ဆိုးဧကရာဇ်အဆင့် မီးအိမ်တစ္ဆေနှစ်ကောင်က တစ်ဖက်၏ ရည်ရွယ်ချက်ကို မြင်လိုက်သည်။ သူတို့က ချန်လွေ့ကို ဖယ်ရှားပြီး အဖော်များကို ကာကွယ်ရန် ပြင်လိုက်စဉ် ပတ်ဝန်းကျင်မြင်ကွင်းများ အလျင်အမြန် ပြောင်းလဲသွားခဲ့သည်။ သူတို့၏ ပတ်ပတ်လည်မှ အရာအားလုံး စတင်ပျက်စီးကာ ကြုံလှီလာသည်။ သူတို့၏ခန္ဓာကိုယ်လည်း အားနည်းပြီး အားအင်ကုန်ခမ်းလာသည်။
၎င်းမှာ စူပါစနစ် အပြင်ဘက်၌ ချန်လွေ့ကိုယ်တိုင် သဘောပေါက်ထားသော [ဆောင်းဦးပိုင်နက်] စွမ်းအား ဖြစ်သည်။ အစပိုင်း၌ သဘောပေါက်ရန် ခက်ခဲသော်လည်း ယခုတွင် အသုံးပြုရန် လွန်ကူသွားလေပြီ။ ထိုကဲ့သို့ ကိုယ့်အစွမ်းဖြင့်ကိုယ် ပြန်ခံရခြင်းက နတ်ဆိုးဧကရာဇ်အဆင့် မီးအိမ်တစ္ဆေနှစ်ကောင်ကို ထိတ်လန့်သါားစေသည်။ သူတို့၏ ခန္ဓာကိုယ်ပေါ်မှ အလင်းရောင် ပုံစံကွက်များ တဖျပ်ဖျပ် လက်လာသည်။ သူတို့၏ မှော်ခန္ဓာမှာ အလွန်ထူးခြားသည်။ သက်ဆိုင်ရာ မှော်စွမ်းအားများ ထုတ်နိုင်သည်နှင့် သူတို့က ခန္ဓာကိုယ်ပေါ်မှ အားလျှော့သက်ရောက်မှုကို ဖယ်ရှားနိုင်ပေသည်။ သို့သော် ထိုအထူးခန္ဓာအမျိုးအစားသည် ချန်လွေ့၏ ပိုင်နက်စွမ်းအားကို ရင်ဆိုင်သောအခါ၌ အမှန်တကယ်ပင် အသုံးမဝင်ခဲ့ပေ။
သူတို့ကို ပို၍ပင် ထိတ်လန့်သွားစေသည်မှာ မြွေသွေးသစ်ပင်နှင့် သစ်သီးများ စတင် ခြောက်သွေးညှိုးနွမ်းလာခြင်းပင် ဖြစ်သည်။
[ ဆောင်းဦးပိုင်နက် ] ထဲ၌ ကြယ်များ ရေးရေးလေး ပေါ်ထွက်လာသည်။ [ ကြယ်င်စု ပိုင်နက် ] နှင့် ပေါင်းစည်းထားသော ထိုနှစ်သွယ်ပိုင်နက်စွမ်းအားအောက်တွင် မီးအိမ်တစ္ဆေများက သူတို့၏စွမ်းအားကို အနိမ့်ဆုံးအထိ ဖိနှိပ်ခံနေရကြောင်း ခံစားလိုက်မိသည်။ ရှုံးနိမ့်လုဆဲဆဲ ဖြစ်နေ၏။ ချန်လွေ့က ရန်သူကို ဖမ်းဆီးပြီး မိုင်းတွင်း အခြေအနေအကြောင်း မေးမြန်းရန် ပြင်လိုက်စဉ် မီးအိမ်တစ္ဆေတစ်ကောင်က နတ်ဆိုဘုံ၌ အများသုံးဘာသာစကားမဟုတ်သော ထူးဆန်းသည့် ဘာသာစကားတစ်ခုကို ရုတ်တရက် ပြောလိုက်သည်။ “ဂျင်းနီ။ အခု အခြေအနေက အတော်လေး အရေးကြီးနေပြီ။ စွမ်းအင် သစ်သီးက ရန်သူရဲ့စွမ်းအားကြောင့် တကယ် ညှိုးနွမ်းသွားနိုင်တယ်။ ငါ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပြီးနောက် ဒီရန်သူနဲ့အတူ သေလိုက်မယ်။ နင် အားလုံးကို ဦးဆောင်ပြီးတော့ ထွက်ပြေးတော့။”
“သဘောပေါက်ပြီ။” ဂျင်းနီး အမည်ရှိ နောက်ထပ် မီးအိမ်တစ္ဆေတစ်ကောင်က ပြန်တုံ့ပြန်ပြီး ၎င်း၏ခန္ဓာကိုယ်က ချက်ချင်းပင် အဝေးသို့ ရောက်သွားသည်။ စကားပြောနေသော မီးအိမ်တစ္ဆေ၏ ရွှေရောင် ပုံစံကွက်များ စတင် တလက်လက် တောက်ပလာတော့သည်။
နတ်ဆိုးဧကရာဇ်ဆင့် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲတာ။ အတူတူသေမှာ ဟုတ်လား။ ချန်လွေ့ သိမ့်သိမ့်တုန်သွားပြီး [ သရုပ်ခွဲမျက်လုံး ] မှတစ်ဆင့် ခပ်မြန်မြန် အော်ပြောလိုက်သည်။ “ခဏနေပါဦး။”
မီးအိမ်တစ္ဆေများ ကြက်သေသေသွားသည်။ ဖောက်ခွဲတော့မည့် မီးအိမ်တစ္ဆေပေါ်မှ အလင်းရောင်ပုံစံကွက်များပင် အမှောင်ပြန်မှိန်သွားကာ မေးသည်။ “ရှင်က ကျွန်မတို့ ဘာသာစကားကို နားလည်တာလား။”
“အင်း...” ချန်လွေ့က တိုက်ခိုက်မှုကို ရပ်တန့်လိုက်သော်လည်း ပိုင်နက်စွမ်းအားကို မပယ်ဖျက်ခဲ့ပေ။ “မင်းပြောတဲ့ စွမ်းအင်သစ်သီးက တကယ်ပဲ မယ်ဒူဆာမျိုးနွယ်စု စောင့်ကြပ်နေတဲ့ မြွေသွေးသစ်သီးလား။”
“ဟုတ်တယ်။ အဲဒါက ကျွန်မတို့ ရှာတွေ့ရသလောက် ကျွန်မတို့ရဲ့ တည်ရှိမှုကို ထိန်းသိမ်းထားနိုင်တဲ့ တစ်ခုတည်းသော စွမ်းအင်ပစ္စည်းပဲ။” ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်ချင်သော မီးအိမ်တစ္ဆေက မျက်လုံးထဲ၌ ပြင်းပြသော သတ်ဖြတ်ချင်စိတ် ရှိနေပြီး ၎င်း၏စွမ်းအား ထိုးတက်လာပြန်သည်။ “ရှင် အဲဒါတွေကို တကယ် ဖျက်ဆီးချင်မချင်တော့ ကျွန်မ မသိဘူး။ ဒါပေမဲ့ ရှင်ရှိနေရင် စွမ်းအင်သစ်သီးကို ကျွန်မတို့ မရနိုင်တော့ဘူး။ ထွက်ပြေးဖို့တောင် ခက်ခဲတယ်။ စွမ်းအင် ကုန်ခမ်းသွားတာနဲ့ မီးအိမ်တစ္ဆေတွေက ထာဝရ အိပ်စက်သွားလိမ့်မယ်။ ဒါက သေတာနဲ့ ဘာမှမကွာဘူး။”
ချန်လွေ့က အကြောင်းရင်းတစ်ခုကို သဘောပေါက်သွားဟန်တူပြီး မေးလိုက်သည်။ “မင်းတို့တွေ မယ်ဒူဆာတွေကို တိုက်ခိုက်နေရတာက တည်ရှိမှုစွမ်းအားကို ထိန်းသိမ်းဖို့ အတွက် မြွေသွေးသစ်သီးကိုသုံးဖို့လား။ တကယ်လို့ ငါ မင်းတို့ကို စွမ်းအင် လုံလုံလောက်လောက် ပေးနိုင်မယ့် နည်းလမ်းတစ်ခု ရှာပေးနိုင်တယ် ဆိုရင်ကော။”
မီးအိမ်တစ္ဆေနှစ်ကောင်က အချင်းချင်း ကြည့်လိုက်ကြသည်။ “ရှင်က ကျွန်မတို့ရဲ့ ဘာသာစကားကို နားလည်တယ်ဆိုတော့ အမွေအနှစ်ဆက်ခံမှု လိုအပ်ချက်တစ်ခုနဲ့ ကိုက်ညီနေပြီ။ တကယ်လို့ ရှင်က ကျွန်မတို့ကို စွမ်းအင်ရဖို့ ကူညီပေးနိုင်ရင် ရှင့်ကို အတော်လေး အရေးကြီးတဲ့ စမ်းသပ်ချက်တစ်ခု လက်ခံခိုင်းမယ်။ အဲဒါကို ရှင် ကျော်လွှားနိုင်ရင် စိတ်ကူးကြည့်လို့မရတဲ့ စွမ်းအားတဲ့ ကြွယ်ဝမှုတွေ ရလာလိမ့်မယ်။”
မီအိမ်တစ္ဆေများ၏ ဘာသာစကားကို ချန်လွေ့ သဘောပေါက်ရခြင်းမှာ စူပါစနစ်၏ အစွမ်းသက်သက်ကြောင့်သာ ဖြစ်သည်။ သို့သော်လည်း ချန်လွေ့ ရှင်းပြမည် မဟုတ်သည်မှာ သေချာပေသည်။ ထို့ပြင် မီးအိမ်တစ္ဆေများ၏ “အမွေအနှစ်” က သူ၏ စိတ်ဝင်စားမှုကို တိုးသွားစေခဲ့သည်။ အရေးကြီးဆုံးမှာ စီကာလီ၏ တာဝန်ကို ပြီးစီးရန်အတွက် မီးအိမ်တစ္ဆေများထံမှ မိုင်းတွင်းလျို့ဝှက်ချက်များကို နားလည်ရန် လိုအပ်ပေသည်။
“ငါတို့ကြားက တိုက်ပွဲကို ရပ်ဆိုင်းထားရမယ် ထင်တယ်။ ငါ့နာမည်က ချန်လွေ့ပါ...”
ခဏကြာပြီးနောက် -
ချန်လွေ့က ပိုင်နက်စွမ်းအားကို ရုပ်သိမ်းလိုက်သည်။ ထို့နောက် ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ရမ်းလိုက်ပြီး မီးအိမ်တစ္ဆေများနောက်သို့ လိုက်နေသော မယ်ဒူဆာ ဘုရင်မရှေ့၌ ပေါ်ထွက်လာသည်။ သူက ဘုရင်မ၏ တိုက်ခိုက်မှုကို တားဆီးပြီး ပြောလိုက်သည်။ “လန်လီဇာ။ ခဏနေဦး။”
လန်လီဇာက ဘာမှမဖြစ်နေသော နတ်ဆိုးဧကရာဇ်အဆင့် မီးအိမ်တစ္ဆေ နှစ်ကောင်ကို ကြည့်ပြီး သူ၏ရွှေရောင် မြွေမျက်လုံးများ ကျုံ့သွားသည်။ “ချန်လွေ့။ မင်းက မယ်ဒူဆာ မျိုးနွယ်စုရဲ့ ယုံကြည်မှုနဲ့ ရင်းနှီးမှုကို စွန့်ပစ်ချင်တာလား။”
“ကျုပ်က အမြဲတမ်း မြူအေးမျိုးနွယ်စုရဲ့ မိတ်ဆွေတစ်ယောက် ဖြစ်နေမှာပါ။” ချန်လွေ့ ခေါင်းခါလိုက်သည်။ “ကျုပ်က မိတ်ဆွေ လန်လီဇာနဲ့ သူ့မျိုးနွယ်စုကို ဒီစစ်ပွဲ အမှန်တကယ် အဆုံးသတ်ဖို့ ကူညီပေးချင်တာပါ။ ဒီတစ်ခေါက် ကျုပ်ကို ယုံကြည်ပေးပါ။”
လန်လီဇာက ချန်လွေ့၏မျက်လုံးကို စိုက်ကြည့်ပြီး နောက်ဆုံး၌ “တရွှီးရွှီး” အသံနှင့် အမိန့်ပေးလိုက်သည်။ မယ်ဒူဆာအားလုံးက တိုက်ခိုက်မှုကို ရပ်တန့်လိုက်ပြီး မြွေသွေးသစ်ပင်နေရာကို စောင့်ကြပ်သည်။ မီးအိမ်တစ္ဆေများက အတူတူ စုစည်းလိုက်ပြီး ဂျင်းနီး၏ အချက်ပြမှုကြောင့် မဆင်မခြင် မလုပ်တော့ပေ။
လက်ရှိတွင် နှစ်ဖက်လုံးက အချင်းချင်း ကြည့်နေကြပြီး အခြေအနေ တင်းမာနေသည့် အတွက်ကြောင့် ချန်လွေ့က စကားကို သေသေချာချာ ရွေးချယ်၍ ပြောရသည်။ “မယ်ဒူဆာမျိုးနွယ်စုနဲ့ ကျုပ် စကားပြောနိုင်သလိုမျိုး မီးအိမ်တစ္ဆေတွေ နဲ့လည်း ကျုပ် စကားပြောနိုင်တယ်။ မယ်ဒူဆာတွေအတွက် မျိုးဆက်သစ်တွေ မွေးဖွားပြီး မရှိမဖြစ်လိုအပ်တဲ့ မြွေသွေးသစ်သီးက မီးအိမ်တစ္ဆေတွေအတွက် အသက်ဆက်ဖို့ သစ်သီးတွေ ဖြစ်နေတယ်။ ခင်ဗျားတို့က အင်အားမျှနေတဲ့အတွက် နောက်ဆုံးမှာ တစ်ဖက်ဖက်က သစ်သီးတွေ အကုန်ရရင်တောင် ကြီးကြီးမားမား ပေးဆပ်ရမှာ။ ကျုပ် အခုလုပ်ချင်တာက မယ်ဒူဆာတွေနဲ့ မီးအိမ်တစ္ဆေတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို အမှန်တကယ် ဖြေရှင်းပေးဖို့ပဲ။”
လန်လီဇာက အရင်ဆုံး မေးသည်။ “မင်းနဲ့နည်းလမ်းက ဘာလဲ။”
“လန်လီဇာ။ ကျုပ်ရဲ့နည်းလမ်းက မြူအေး မယ်ဒူဆာမျိုးနွယ်စု တစ်ခုလုံးရဲ့ အနာဂတ်နဲ့ သက်ဆိုင်နေတယ်။ အဲဒီမတိုင်ခင် ကျုပ် မေးစရာတစ်ခု ရှိတယ်။ တကယ်လို့ မယ်ဒူဆာတွေ ကြီးထွားဖို့နဲ့ မျိုးပွားဖို့အတွက် ပိုကောင်းသော ပတ်ဝန်းကျင်တစ်ခု ရှိတယ်ဆိုရင် အဲဒီနေရာကို ပြောင်းသွားဖို့ ဆန္ဒရှိလား။”
အမှန်တကယ်၌ ၎င်းမှာ အစကတည်းက ချန်လွေ့၏အကြံ ဖြစ်သည်။ မူလက အပိုပြဿနာများ မဖြစ်စေရန်အတွက် ချန်လွေ့က မိုင်းတွင်းမှ ပြန်လာပြီးမှသာ ထိုကိစ္စကို မေးမြန်းချင်ခဲ့သည်။ သို့သော်လည်း ယခုတွင် သူက ကြိုတင်၍ မေးလိုက်တော့သည်။
“ပိုကောင်းတဲ့ပတ်ဝန်းကျင်လား။” လန်လီဇာ၏အကြည့်က ပို၍ပင် သံသယ ဝင်သွားပြီး ချန်လွေ့ကို သတိထားလျက် ကြည့်နေသည်။ ထိုသူက မည်သည့်လက်ဆောင် ပေးခဲ့ဖူးပါစေ၊ သူ့ကို အချိန်ခဏသာ သိသေးသည်။ ထို့ပြင် ထိုသူက ရန်သူများကို တမင်တကာ သက်ညှာခဲ့သေးသည်။ ထိုကဲ့သို့ မေးခွန်းမျိုးကို မဆင်မခြင် မေးမြန်းခြင်းက လန်လီဇာကို ပို၍ပင် မသင်္ကာ ဖြစ်သွားစေခဲ့လေသည်။
လန်လီဇာက တိတ်တိတ်လေး လက်အမူအရာ ပြလိုက်ရာ မယ်ဒူဆာ စစ်သည်များ၏ မြားများက ချန်လွေ့နှင့် ရွှေလူသားများကို ချိန်ထားလိုက်ကြသည်။
ချန်လွေ့က ၎င်းကို မမြင်ချင်ယောင်ဆောင်ပြီး ပြောလိုက်သည်။ “ကျုပ်ပြောတဲ့ ပိုကောင်းတဲ့ ပတ်ဝန်းကျင်ဆိုတာက ...... မျိုးနွယ်စုထဲက မယ်ဒူဆာတိုင်းက ဒီလိုဆန်းသစ်တဲ့ ချပ်ကာတွေနဲ့ လက်နက်တွေ တပ်ဆင်ပေးမယ်။ အမြင့်ဆင့်နတ်ဆိုး စွမ်းအားရှိတဲ့ မယ်ဒူဆာတိုင်းက စွမ်းအားတိုးတက်ဖို့ အဖိုးတန် မိစ္ဆာသစ်သီးတစ်လုံး ရမယ်။ ပြီးတော့ မယ်ဒူဆာမျိုးနွယ်က အသက်ဓာတ်ရေစင်ရဲ့ အကာအကွယ်အောက်မှာ အမြန်ဆန်ဆုံး မျိုးပွားမှုကို ရနိုင်လိမ့်မယ်။”
လန်လီဇာ၏ မြွေမျက်လုံးများ အရောင်လက်သွားနဲ့ ချက်ချင်းပင် ခေါင်းခါသည်။ “မယုံဘူး။”
သူက ငတုံးတစ်ယောက် မဟုတ်ပေ။ ထိုချပ်ကာနှင့် လက်နက်များ၏ တန်ဖိုးနှင့် အရည်အသွေးကို သူ ကောင်းကောင်း သိသည်။ မျိုးနွယ်စုမှာရှိတဲ့ မယ်ဒူဆာ အရေအတွက်က ၃၀၀၀ နားကပ်နေပြီ။ ပြီးတော့ အများစုက အမြင့်ဆင့်နတ်ဆိုးနဲ့ အထက်တွေပဲ။ ဒီလိုမျိုး ချပ်ဝတ်အဆင်တန်ဆာတွေ လူတိုင်းကိုပေးဖို့ မဖြစ်နိုင်ဘူး။ ပြီးတော့ မိစ္ဆာသစ်သီးက ဘာလဲ။ မဟာလော့ဒ်တစ်ယောက်က စွမ်းအင်နဲ့ ကြွယ်ဝမှု အကုန်ခံပြီးတော့ ရှာတာတောင် တစ်လုံးတွေ့ဖို့ ခက်ခဲတယ်။ အမြင့်ဆင့်နတ်ဆိုး စွမ်းအားရှိတဲ့ မယ်ဒူဆာတိုင်းက တစ်လုံးစီ ရနိုင်မယ်လို့ ဒီလူက ပြောခဲ့တယ်။ ဒါက လုံးဝကို မဖြစ်နိုင်တာပဲ။ ဒဏ္ဍာရီလာ အသက်ဓာတ်ရေစင်က ပိုပြီးတော့တောင် မဖြစ်နိုင်သေးတယ်။ ဒီလူက အဓိပ္ပာယ်မရှိတဲ့ အလိမ်အညာတွေကို ပြောနေတာပဲ။ သူ့ကို ယုံကြည်လို့မရဘူး။
ချန်လွေ့အကြောင်းကို မယ်ဒူဆာဘုရင်မက စိတ်ထဲ၌ ယူဆနေစဉ် ချန်လွေ့၏ လက်ဝါးပေါ်၌ သစ်သီးသုံးလေးလုံး ပေါ်ထွက်လာသည်။ ထိုသစ်သီးနှင့် သက်ဆိုင်သော အချက်အလက်များက လန်လီဇာ၏ ဆက်ခံထားသော မှတ်ဉာဏ်ထဲ၌ ရုတ်တရက် ပေါ်ထွက်လာသည်။ သူ မယုံကြည်နိုင် ဖြစ်သွားသည်။ သူက သစ်သီးတစ်လုံးကို ကောက်ယူပြီး အသေအချာ ကြည့်ကြည့်ကာ အနံ့ခံလိုက်ပြန်သည်။ နောက်ဆုံး၌ ၎င်းတို့မှာ စွမ်းအားတိုးမြှင့်ပေးနိုင်ပြီး သန္ဓေပြောင်း သွေးမျိုးဆက်ပင် ထုတ်ပေးနိုင်သော ဒဏ္ဍာရီလာ သစ်သီးများဖြစ်ကြောင်းကို အတည်ပြုခဲ့သည်။
“ဒီမိစ္ဆာသစ်သီးတွေကို ခင်ဗျား အရင်ယူသွားလို့ရတယ်။ ကျုပ်မှာ အများကြီး မပါလာဘူး။ နောက်ကျရင် ကျုပ် ခင်ဗျားတို့ကို အသုတ်လိုက် ပေးမယ်။ ကျုပ် အတည်ပြောတာ။ မယ်ဒူဆာတိုင်း တစ်လုံးစီ ရစေရမယ်။” ချန်လွေ့က လန်လီဇာ၏ အမူအရာကို သတိထားမိပြီး ရေတစ်ပုလင်းကို တိတ်တိတ်လေး ကမ်းပေးလိုက်သည်။
အကယ်၍ ယခင်မိစ္ဆာသစ်သီးများက လန်လီဇာကို မယုံကြည်နိုင် ဖြစ်သွားစေသည် ဆိုလျှင် ထိုပုလင်းထဲမှာအရည်က သူ့ကို လုံးဝ တုန်လှုပ်သွားစေခဲ့လေသည်။
အသက်ဓာတ်ရေစင်။ ထိုအချိန်၌ မယ်ဒူဆာ ဘုရင်မက အမြင်မှားနေသည်ဟုထင် ထင်မိလိုက်သည်။
“ကျုပ်က ဒီအသက်ဓာတ်ရေစင်ကို အခြားနေရာတစ်ခုကနေ နေရာလွတ် မှော်ပညာနဲ့က ရခဲ့တာ။ ထက်ပြီးတော့ ယူလာလို့ရတယ်။ ဒါပေမဲ့ အသက်ဓာတ်ရေစင်က အရင်းအမြစ်ကနေ ယူသွားပြီးရင် အစွမ်းက ပုံမှန်ဆို တစ်ရက်ပဲ ခံတယ်။” ထိုသို့ ပြောနေရင်း ချန်လွေ့က မျက်လှည့်ပွဲကဲ့သို့ပင် အိုးကြီးတစ်လုံး ထုတ်လိုက်သည်။ ၎င်းတွင် အသက်ဓာတ်ရေစင်များကို အပြည့်ထည့်ထားသည်။ သူက မတော်တဆ မြေပေါ်သို့ အနည်းငယ် ဖိတ်စင်သွားစေမိရာ တိုက်ပွဲကြောင့် နွမ်းခြောက်သွားသော အပင်များက ချက်ချင်းပင် မျက်စိဖြင့်မြင်နိုင်သော အမြန်နှုန်းဖြင့် စတင်သစ်လွင်လာတော့သည်။
ဘေးဖက်မှ မီးအိမ်တစ္ဆေများကလည်း အိုးကို စိုက်ကြည့်နေပြီး ဂျင်းနီက ပြောသည်။ “ဆာ-ချန်လွေ့။ ဒီအရည်တွေမှာပါတဲ့ စွမ်းအင်က သစ်သီးတွေထက် ပိုပြီးတော့ အားကောင်းတယ်။”
ချန်လွေ့ ခေါင်းညိတ်သည်။ “ဒီရေစင်က မင်းတို့အတွက် အသုံးဝင်တယ်ဆိုတော့ လွယ်ကူတဲ့ ကိစ္စတစ်ခု ဖြစ်လာမှာပဲ။ စိတ်မပူပါနဲ့။ ငါ့မှာ ရေစင်တွေ အများကြီး ရှိသေးတယ်။ မယ်ဒူဆာတွေရဲ့ ပြဿနာကို ဖြေရှင်းပြီးမှ ဒီအကြောင်း ပြောကြတာပေါ့။”
လန်လီဇာနှင့် အနီးအနားမှ မယ်ဒူဆာများက အိုးကို စိတ်အားထက်သန်သော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။ မြူအေးမျိုးနွယ်စု မယ်ဒူဆာတွေက မြွေသွေးသစ်သီးနဲ့မှ နောက်ထပ်မျိုးဆက်သစ်ကို မွေးဖွားနိုင်တယ်။ ဒီသစ်သီးရဲ့ လုပ်ဆောင်ချက်က အကန့်အသတ် ရှိတယ်။ တစ်ခါတလေ ၁၀လုံးနဲ့တောင် မယ်ဒူဆာ မြွေဥတစ်ဥပဲ ထုတ်ပေးနိုင်တယ်။ ပြီးတော့ အသက်ရှင်နှုန်းက သိပ်ပြီးမမြင့်ဘူး။ ပတ်ဝန်းကျင် သက်ရောက်မှုတွေကြောင့် မြွေသွေးသစ်ပင်တွေ အတော်လေး ညှိုးနွမ်းသွားတယ်။ အဲဒါကြောင့် မြွေသွေးသစ်သီး အထွက်နှုန်းက တစ်နှစ်ပြီးတစ်နှစ် ကျဆင်းလာခဲ့တာ။ မီးအိမ်တစ္ဆေလိုမျိုး အစွမ်းထက်ရန်သူတွေ မတပ်မက်ရင်တောင် လိုအပ်ချက်ထက် ထောက်ပံ့ပေးနိုင်တာက အများကြီး နိမ့်ကျနေတယ်။
ဒီအတိုင်းသာ ဆက်ဖြစ်မယ်ဆိုရင် မြူအေးမျိုးနွယ်စုက မြူအေးစိမ့်မြေကနေ ထွက်သွားပြီးနောက် မြွေသွေးသစ်သီး ရှိတဲ့နေရာတစ်ခုကို ဆက်ရှာရဦးမှာပဲ။ တကယ်လို့ ရှာမတွေ့ရင် မျိုးသုဉ်းမယ့် အန္တရာယ် ရှိနိုင်တယ်။ အခု အသက်ဓာတ်ရေစင်နဲ့ဆိုတော့ အဲဒီအကြီးမားဆုံး ပြဿနာကို ဖြေရှင်းနိုင်ပြီ။ အသက်ဓာတ်ရေစင်က ကလေးငယ်တွေ အသက်ရှင်နှုန်းကို အာမခံနိုင်ပြီးတော့ အထူးသက်ရောက်မှုလည်း ရှိတယ်လို့ ပြောတယ်။ သာမန်မယ်ဒူဆာက သောက်သုံးမယ်ဆိုရင် လူသားပုံစံ အသွင်ပြောင်းနိုင်ပြီးတော့ မျိုးနွယ်ခြားတွေနဲ့ မိတ်လိုက်ပြီး သန္ဓေပြောင်းမျိုးဆက်တွေ ရှိနိုင်တဲ့ ကလေးတွေကို ရနိုင်တယ်။
“ငါ့ရဲ့မျိုးနွယ်က ဘာပေးဆပ်ဖို့ လိုမှာပဲ။” နောက်ဆုံး၌ ဘုရင်မဖြစ်သော လန်လီဇာက တည်တည်ငြိမ်ငြိမ်နှင့် အဓိကမေးခွန်းကို မေးလိုက်သည်။
“ကျုပ်ကို သစ္စာခံထားတဲ့ မယ်ဒူဆာ မျိုးနွယ်စုတစ်ခု ရှိနှင့်ပြီးပြီ။ မြူအေးမျိုးနွယ်စုရဲ့ စွမ်းအားကို ကျုပ်ရဖို့ မျှော်လင့်တယ်။” မယ်ဒူဆာ မျိုးနွယ်စုမှာ သဘာဝအရ သံသယဝင်တတ်ကြောင်း ချန်လွေ့သိသည်။ စကားပလ္လင်ခံနေလျှင် ကိုယ့်တပ်ကိုယ်ပြန်နင်းသလို ဖြစ်နေပေလိမ့်မည်။ သူက တကယ့်ရည်ရွယ်ချက်ကို တန်းတန်းမတ်မတ်ပင် ပြောလိုက်သည်။
“မင်းရဲ့ သတ်မှတ်ချက်တွေက အတော်လေး ကောင်းတယ်။ အသက်ဓာတ်ရေစင် တစ်ခုတည်းနဲ့ ငါ မငြင်းနိုင်ဘူး။” လန်လီဇာ၏မျက်လုံးများ အနည်းငယ် ကျုံ့သွားသည်။ “ဒါပေမဲ့ ငါ့မျိုးနွယ်စု မင်းဆီကို အညံ့ခံဖို့အတွက်ကတော့ မင်းမှာ အရေးအကြီးဆုံး သတ်မှတ်ချက်တစ်ခု လိုအပ်နေသေးတယ်။”
“စွမ်းအားလား။”
လန်လီဇာ ဆိုလိုသည်ကို ချန်လွေ့ သဘောပေါက်သည်။ စွမ်းအားရှိသူများသာ အုပ်စိုးလေသည်။ ၎င်းမှာ လောကတိုင်း၌ တွေ့ရတတ်သော ဥပဒေသတစ်ခု ဖြစ်လေသည်။ ရုတ်တရက် သူ ပြုံးလိုက်သည်။ “မယ်ဒူဆာ မျိုးနွယ်စု တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်တဲ့ တကယ့်စွမ်းအား ကျုပ်မှာရှိတယ်လို့ပြောရင် ယုံမှာလား။”
မယ်ဒူဆာဘုရင်မက ပြတ်ပြတ်သားသား ခေါင်းခါလိုက်သည်။ ချန်လွေ့ရဲ့ အငွေ့အသက်အရဆိုရင် နတ်ဆိုးဧကရာဇ်အဆင့် အလတ်ပိုင်းရောက်ဖို့ ခြေတစ်လှမ်း လိုသေးတယ်။ ပြီးတော့ ငါက နတ်ဆိုးဧကရာဇ်အဆင့် အလတ်ပိုင်းကို ရောက်နေပြီ။ သူက အထူးချပ်ဝတ်တန်ဆာတွေ နည်းပရိယာတွေ သုံးမယ်ဆိုရင်တောင် အလွန်ဆုံး ငါ့ကို ယှဉ်နိုင်ရုံပဲ ရှိမယ်။
ထိုအချိန်၌ လန်လီဇာက အလွန်အမင်း အန္တရာယ်များသော ခံစားချက်တစ်ခုကို ရုတ်တရက် အာရုံခံလိုက်မိသည်။ အရင်းအမြစ်မှာ “သူနှင့်ယှဉ်နိုင်ရုံရှိသော” ချန်လွေ့ ဖြစ်သည်။ လန်လီဇာသာမက နတ်ဆိုးဧကရာဇ်အဆင့် မီးအိမ်တစ္ဆေနှစ်ယောက်ပင် ထိုကဲ့သို့ ခံစားခဲ့ရသည်။ သူတို့အားလုံး သတိရှိသွားဟန်တူသည်။
ရုတ်တရက် ချန်လွေ့၏ခန္ဓာကိုယ် တောက်ပသွားပြီး လမုပင်နယ်မြေတစ်ခုလုံးက ကြယ်ရောင်ကဲ့သို့ အလင်းရောင်များ ပြည့်နှက်သွားသည်။ မယ်ဒူဆာဘုရင်မနှင့် နတ်ဆိုးဧကရာဇ်အဆင့် မီးအိမ်တစ္ဆေများအပါအဝင် လူတိုင်းက ကြောက်မက်ဖွယ်ရာ ဖိအားကို ခံစားလိုက်ရသည်။ သာမန်မယ်ဒူဆာများနှင့် မီးအိမ်တစ္ဆေများက လှုပ်ပင် မလှုပ်နိုင်တော့ပေ။
တဖြည်းဖြည်း အရောင်ပြန်မှိန်သွားပြီး ခန့်ညားသော ချပ်ကာ ဝတ်ဆင်ထားသည့် ချန်လွေ့က လူတိုင်းအရှေ့၌ ပေါ်ထွက်လာသည်။ မယ်ဒူဆာဘုရင်မကို ကြည့်ရင်း သူက ဖြည်းဖြည်းချင်း လက်မြှောက်လိုက်သည့်အခါ ကြောက်မက်ဖွယ်ရာစွမ်းအားက သူ၏လက်ဝါးထဲ၌ အလျင်အမြန် စုစည်းသွားသည်။
လန်လီဇာက ကြောက်မက်ဖွယ်ရာ အသိစိတ်တစ်ခု၏ အသေမှတ်ခံရသည်ကို ခံစားလိုက်မိသည်။ သူ၏ခန္ဓာကိုယ်အောက်ပိုင်းမှ ကြေးခွံများသည် ကြောက်ရွံ့မှုကြောင့် လန်သွားကြသည်။ ထိုကြောက်မက်ဖွယ်ရာ ဖျက်ဆီးခြင်းစွမ်းအားကို ထုတ်လွှတ် လိုက်သည်နှင့် သူ ချက်ချင်းပင် ပျောက်ကွယ်သွားမည်ဖြစ်ကြောင်း လန်လီဇာ ခံစားလိုက်မိသည်။
ဒီစွမ်းအားက နတ်ဆိုးဧကရာဇ်အဆင့်ထက်ကို ကျော်လွန်နေတယ်။
“အခု ယုံပြီလား။ လန်လီဇာ။” ချန်လွေ့၏အသံ ထွက်ပေါ်လာသည်။
လန်လီဇာကို အားအင်စုစည်းပြီး အားနှင့်မာန်နှင့် ခေါင်းညိတ်လိုက်သည်။ ထို့နောက် ဖိအား လျော့ကျသွားသသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ ကြယ်ကဲ့သို့ အလင်းရောင် ကွယ်ပျောက်သွားပြီး ကြောက်မက်ဖွယ်ရာ ချပ်ကာနှင့်လူသည်လည်း မူလ ချန်လွေ့သို့ ပြန်ပြောင်းသွားခဲ့သည်။
[ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] ၏ ဝိသေသနလက္ခဏာများမှာ မိတ်လိုက်ခြင်းနှင့် အနည်းငယ် ဆင်တူသည်။ စွမ်းအားအသုံးချနှုန်းနှင့် ခံနိုင်ရည်မှာ အာနိသင်ပြီးနောက် ပင်ပန်းနွမ်းနယ်သောအချိန်အတိုင်းအတာနှင့် အချိုးကျသည်။ ချန်လွေ့သည် နောက်ပိုင်းတွင် မီးအိမ်တစ္ဆေများနှင့် ညှိနှိုင်းရဦးမည် ဖြစ်သည့်အတွက် ချက်ချင်းပင် [ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] ကို ချက်ချင်း အဆုံးသတ်လိုက်သည်။
ချန်လွေ့၏စွမ်းအားကို မျက်မြင်တွေ့ပြီးနောက် လန်လီဇာ တုံ့ဆိုင်းမနေတော့ပေ။ သူက ချက်ချင်းပင် မယ်ဒူဆာ၏ ယုံကြည်မှုနှင့်အတူ လေးလေးနက်နက် သစ္စာဆိုလိုက်သည်။ အစွမ်းထက်ပုဂ္ဂိုလ်ထံ အညံ့ခံခြင်းမှာ ရှက်စရာမဟုတ်ပေ။ အသက်ဓာတ်ရေစင် တစ်ခုတည်းကပင် မျိုးနွယ်စု အသက်ဆက်ရှင်ရန်အတွက် အကြီးမားဆုံး အကျပ်ရိုက်ခြင်းကို ဖြေရှင်းခဲ့ပြီးပြီ ဖြစ်သည်။ အကယ်၍ မျိုးနွယ်စုက ထိုသတင်းကို သိမည်ဆိုလျှင် သေချာပေါက် ကောင်းချီးသြဘာ ပေးကြပေလိမ့်မည်။
မယ်ဒူဆာ မျိုးနွယ်စုအား သိမ်းပိုက်ခြင်းမှာ သူထင်ထားသည်ထက် ပိုမို ချောမွေ့နေသည်။ နောက်တစ်ဆင့်မှာ မီးအိမ်တစ္ဆေများ၏ ပြဿနာကို ဖြေရှင်းရန် ဖြစ်သည်။