ရှေးဟောင်း အဂ္ဂိရတ်သက်ရှိအဖွဲ့အစည်း
Vol. 35 Ch. 519
အမှောင်လတိုက်ပွဲမှာ လက်ရှိ၌ အရေးတကြီး ဖြစ်နေသည်။ ချန်လွေ့ အလိုအပ်ဆုံး အရာမှာ ငှက်တောင်ဖြူနယ်မြေအတွက် အစီအစဉ်ကို အမြန်ဆုံး ပြီးစီးရန် ဖြစ်သည်။ ထိုမတိုင်ခင် စီကာလီ အလုပ်အပ်ထားသည်ကို ဖြေရှင်းရပေမည်။ ထို့ကြောင့် မယ်ဒူဆာများ ပြောင်းရွှေ့ရန်မှာ မရေးမကြီးသေးပေ။ လက်ရှိ၌ ပြင်ဆင်မှုအချို့ကို အရင်ဦးစွာ ပြုလုပ်ရပေမည်။
ချန်လွေ့၏ ညွှန်ကြားမှုအောက်တွင် မယ်ဒူဆာများက မြွေသွေးသစ်သီး တစ်ဝက်ကို ခူးပြီး မီးအိမ်တစ္ဆေများအား ပေးလိုက်သည်။ ထိုကဲ့သို့ “သင့်မြတ်သော” မြင်ကွင်းမှာ ယခင်က လုံးဝ မမျှော်လင့်ထားသောအရာ ဖြစ်ပေသည်။
မြွေသွေးသစ်သီးများ ရရှိပြီးနောက် မီးအိမ်တစ္ဆေများ၏ အမူအရာ နောက်ဆုံး၌ အေးငြိမ်းသွားတော့သည်။ သူတို့က ချန်လွေ့ကို လမုပင်တောအုပ်မှတစ်ဆင့် လိုဏ်ဂူတစ်ခုသို့ ခေါ်သွားသည်။
ထိုလိုဏ်ဂူ၏ ဝင်ပေါက်ကို ကိုယ်ယောင်ဖျောက်ထားခြင်းမှာ အတော်လေး ပါးနပ်လှသည်။ ၎င်းသည် အလွန်ကြီးမားသော ကျောက်တုံးအပိတ်ကြီးနှင့် တူနေသည်။ မီအိမ်တစ္ဆေများ ထိုကျောက်တုံးကို တစ်ခါတည်း ဖောက်ဝင်သွားခဲ့သည် မဟုတ်လျှင် ၎င်းမှာ အမြင်မှားနေသည်ဟု ချန်လွေ့ ထင်မိပေလိမ့်မည်။ ထိုကဲ့သို့ ကိုယ်ယောင်ဖျောက် ထားခြင်းကို မှော်စက်ဝိုင်း၊ နဂါးထွင်းစာများနှင့် ပြုလုပ်နိုင်သော်လည်း ချန်လွေ့သည် ၎င်းကို ဖြတ်သွားသောအခါ စွမ်းအားနှင့် ဒြပ်စင်တို့ အတက်အကျ ဖြစ်နေသည်ကို လုံးဝ မခံစားခဲ့ရေပေ။ ထို့ကြောင့် သူ တိတ်တိတ်လေး သိချင်မိသွားသည်။
လိုဏ်ဂူထဲ၌ မီးအိမ်မိစ္ဆာ အကောင်၂၀ကျော် ရှိသည်။ သို့သော်လည်း သူတို့၏ ခန္ဓာကိုယ်ပေါ်မှ အလင်းရောင်ပုံစံကွက်များ အတော်လေး မှိန်နေပြီး သူတို့၏စွမ်းအင်က တိုက်ပွဲ၌ ဝင်ပါရန် မလုံလောက်နေသည်မှာ သိသာပေသည်။
ဂျင်းနီက သုံးမီတာ အမြင့်ရှိသော ထူးဆန်းသည့် ပစ္စည်းတစ်ခုစီသို့ ရောက်လာသည်။ ၎င်းက အနုစိတ်သော ပစ္စည်းကိရိယာတစ်ခုခု ဖြစ်ဟန်တူသည်။
ဂျင်းနီက မြွေသွေးသစ်သီးများကို ထိပ်ပိုင်းရှိ အလွန်ကြီးမားသော ထည့်စရာထဲသို့ ထည့်လိုက်သည်။ ဂျင်းရှာ၏လက်ထဲ၌ ထွက်လာသော အလင်းရောင်ကိုလည်း ထိုပစ္စည်း အပေါက်ဝထဲသို့ ထည့်လိုက်ပြီးနောက် ၎င်းက အရောင်စုံ တောက်ပလာ၏။ ၎င်းအထဲမှ မြွေသွေးသစ်သီးများ အလျင်အမြန် ပျောက်ကွယ်သွားပြီး ပစ္စည်းအောက်ဘက် ထွက်ပေါက်၌ လက်နှစ်ဆုပ်ဆာ အပြာရောင် ကုဗတုံးနှစ်ခု ပေါ်ထွက်လာသည်ကို ချန်လွေ့ သတိထား မိခဲ့သည်။
ထိုကုဗတုံးနှစ်ခု၏ အငွေ့အသက်ကို ချန်လွေ့ အလွန်ရင်းနှီးနေသည်။ မီးအိမ်တစ္ဆေများက ထိုကုဗတုံးနှစ်ခုကို မြင်သည့်အခါ သူတို့၏အကြည့်၌ အံ့အားသင့်မှုများ ပြည့်နှက်သွားသည်။
ဂျင်းနီက ကုဗတုံးနှစ်ခုကို မီးအိမ်တစ္ဆေများအရှေ့၌ ထားထားလိုက်သည်။ မီးအိမ်တစ္ဆေများအားလုံးက ကုဗတုံးထံသို့ လက်ဆန့်တန်းလိုက်ကြသည်။ မီးအိမ်တစ္ဆေ အများအပြား၏ အရောင်မှိန်နေသော အလင်းရောင် ပုံစံကွက်များ တဖြည်းဖြည်း ထင်ရှားလာသည်။ သူတို့သည် ခန္ဓာကိုယ်ကို ပြန်လည်ရရှိရန်အတွက် စွမ်းအင်ကို စုပ်ယူနေကြဟန်တူသည်။
စွမ်းအင် ကုန်ခမ်းသွားသည့်အခါ ကုဗတုံးများက တဖြည်းဖြည်း သေးငယ်လာပြီး နောက်ဆုံး၌ ပျောက်ကွယ်သွားခဲ့ကြသည်။
ဂျင်းနီနှင့် ဂျင်းရှာတို့က ကုဗတုံးများ၏ စွမ်းအင်ကို မစုပ်ယူခဲ့ပေ။ ဂျင်းနီက ချန်လွေ့ကို ပြောသည်။ “ကူညီပေးခဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် စွမ်းအင် ကုဗတုံးတွေ ပိုလုပ်ဖို့အတွက် အဲဒီထူးဆန်းတဲ့ ရေစင်ကို ထပ်ပြီးတော့ ရချင်တယ်။”
ယခုတွင် တစ်ဖက်လူက သူ့ထံမှ အကူအညီတောင်းနေကြောင်း သိသည့်အတွက် ချန်လွေ့က အပေးအယူကို ချက်ချင်း ထုတ်ပေးမည် မဟုတ်ပေ။ “ဒီကိစ္စကို နောက်မှ ဆွေးနွေးကြတာပေါ့။ အရင်ဆုံး ငါ တစ်ခုခု သိချင်တယ်။ အဲဒါက လို့ဘ်တောင် မိုင်းတွင်း အကြောင်းပဲ။ ဒီတစ်ခေါက် ငါက အလုပ်တစ်ခုကြောင့် မြူဖုံးစိမ့်မြေဆီကို ရောက်လာတာ။ လို့ဘ်တောင် မိုင်းလုပ်သားတွေ ပျောက်ဆုံးသွားရတဲ့ အကြောင်းရင်းကို ငါ စုံစမ်းပြီတော့ ဖြေရှင်းချင်တယ်။ မင်း ငါ့ကို အဖြေပေးနိုင်မယ်လို့ မျှော်လင့်တယ်။”
“ရှင်က အမွေအနှစ်စမ်းသပ်ချက်အတွက် အရည်အချင်း ပြည့်မီသွားပြီ။ ကျွန်မက ရှင့်ကို မိုင်းတွင်းထဲက အပျက်အစီးဆီ ခေါ်သွားမလို့ပဲ။” ဂျင်းရှာက ပြောသည်။ “ကျွန်မတို့က ရှေးမြောက်အောက် သက်ရှိအဖွဲ့အစည်းရဲ့ အပျက်အစီးတွေထဲမှာ နေနေပြီးတော့ အသက်စွမ်းအင်ကို စုဆောင်းဖို့အတွက် မြေအောက် ယွမ်သတ္တုရိုင်းတွေကို မိုင်းတူးနေခဲ့တာ။ ကျွန်မတို့က မိုင်းလုပ်သားတွေနဲ့ ပြဿနာ မရှိဘူး။ ဒါပေမဲ့ သိပ်မကြာခင်က အစွမ်းထက် ရန်သူတစ်ယောက် ပေါ်ထွက်လာပြီးတော့ ယွမ်သတ္တုရိုင်း အပါအဝင် အားလုံးကို သိမ်းပိုက်သွားခဲ့တယ်။ ကျွန်မတို့အဖော်တွေ အများကြီး အသတ်ခံရပြီးတော့ အိပ်မောကျသွားခဲ့တယ်။ ကျွန်မတို့က မြေအောက်ကနေ မြေပေါ်ကို ထွက်လာခဲ့ရသည်။ စွမ်းအင် မလုံလောက်တဲ့အတွက် ကျွန်မတို့က အဲဒီမြွေမတွေနဲ့ သစ်သီးတွေ လုခဲ့ရတယ်....”
“ဘယ်လို ရန်သူမျိုးလဲ။” ထိုအချိန်မှသာ မီးအိမ်တစ္ဆေများက မည်သည်ကြောင့် မိုင်းတွင်းမှ “ထွက်လာပြီး” မယ်ဒူဆာများနှင့် တိုက်ခိုက်ရကြောင်းကို ချန်လွေ့ သိသွားသည်။
“အတော်လေး စွမ်းအားကြီးတဲ့ ရန်သူပဲ။ အရပ်တော့ သိပ်မမြင့်ဘူး။” ဂျင်းနီက ထိုသူ၏ အသေးစိတ်ပုံစံကို ခဏအတွင်း မဖော်ပြနိုင်ခဲ့ပေ။ “သူ့မှာ ထူးဆန်းတဲ့ အစေခံတွေလည်း အများကြီး ရှိတယ်။ သူတို့အားလုံးမှာ ဖောက်ထွင်းမြင်ရတဲ့ ခန္ဓာကိုယ်တွေ ရှိပြီးတော့ ကျွန်မတို့ရဲ့ အားလျှော့မှော်ပညာရဲ့ သက်ရောက်မှု မခံရဘူး။ အဲဒါက ရှင် ခုနက ထုတ်ခဲ့တဲ့ ရွှေလူသားတွေနဲ့ အတော်လေး ဆင်တူတယ်။ မိုင်းလုပ်သားတွေကို သူတို့က ထိန်းချုပ်ပြီးတော့ ကျွန်ပြုထားကြတယ်။”
အရပ်သိပ်မမြင့်ဘူး။ ဖောက်ထွင်းမြင်ရတဲ့ အစေခံတွေ။ အားလျှော့မှော်ပညာရဲ့ သက်ရောက်မှု မခံရဘူး။ မိုင်းလုပ်သားတွေကို ထိန်းချုပ်ထားတယ်။
ထိုအဓိကအချက်များကို စုပေါင်းလိုက်သောအခါ ချန်လွေ့၏ စိတ်ထဲ၌ ပုံရိပ်တစ်ခု တဖြည်းဖြည်း ထင်ရှားလာပြီး အံ့အားသင့်သွားသည်။ လို့ဘ်မိုင်းတွင်း အဖြစ်အပျက် နောက်ကွယ်ကလူက တကယ်ကြီး အဲဒီ “မိတ်ဆွေဟောင်း”လား။
၎င်းမှာ သေချာပေါက် ပျော်ရွှင်စရာတစ်ခု မဟုတ်ပေ။ ယခင်တစ်ခေါက် သူ သလင်းကျောက်တောင်ကြားရှိ မြေအောက်သလင်းကျောက်မိုင်းတွင်း၌ ရှိနေစဉ် ထို “မိတ်ဆွေဟောင်း”က ပါ့ဂ်လီအိုကြောင့် ဒဏ်ရာအပြင်းအထန် ရသွားခဲ့ရုံသာမက ချန်လွေ့၏ လျို့ဝှက်ကြံစည်မှုကြောင့် အသက်ပင် ဆုံးရှုံးမတတ် ဖြစ်သွားခဲ့သည့်အပြင် နှစ်ထောင်ပေါင်းများစွာ စုဆောင်းလာခဲ့သော ကြွယ်ဝမှုများလည်း ဆုံးရှုံးခဲ့ရသည်။ ၎င်းကို ဆုံးရှုံးမှု နှစ်ဆတိုးသည်ဟု ဖော်ပြနိုင်ပေသည်။ သို့သော်လည်း ထိုစဉ်က ပါ့ဂ်လီအို ရှိနေခဲ့သည်။ အကယ်၍ ချန်လွေ့က နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းဖြစ်သော ထိုရန်သူကို ကိုယ်တိုင်ရင်ဆိုင်ရလျှင် [ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] ၊ [မီးသင့်နဂါးသတ်ဖြတ်ခြင်း] ၊ အဆောင်ပစ္စည်းယောင်များ အားလုံးကို အသုံးပြုသည့်တိုင် အနိုင်ရနိုင်ချေ မရှိပေ။
ဒီတာဝန်က ပြီးမြောက်ဖို့ ခက်လောက်မှာ မဟုတ်ဘူးလို့ ထင်ထားခဲ့တာ။ ပိုပြီးတော့ ခက်ခဲနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ချန်လွေ့က တန်ပြန်တိုက်ခိုက်ရန် စဉ်းစားနေစဉ် ဂျင်းရှာက ပြောလိုက်သည်။ “ချန်လွေ့။ အခုပဲ မိုင်းတွင်းကို သွားရအောင်။ မိုင်းတွင်း အနက်ထဲမှာ အပျက်အစီးတွေ ရှိတယ်။ ပြီးတော့ အဲဒီမှာ အထူးအကာအကွယ်တွေ ရှိတယ်။ အဲဒါကြောင့် အပြင်လူတွေ မဝင်နိုင်ဘူး။ အဲဒီကြောက်စရာကောင်းတဲ့ အစွမ်းထက်ပုဂ္ဂိုလ်တောင် မဝင်နိုင်ဘူး။”
သူက စမ်းသပ်ချက်ကို ကျော်လွှားနိုင်လျှင် စိတ်ကူး၍မရသော စွမ်းအားနှင့် ကြွယ်ဝမှုကို ရရှိနိုင်မည်ဖြစ်ကြောင်း သူမိန်းမနှစ်ယောက် ပြောခဲ့သည်ကို ချန်လွေ့ မှတ်မိသည်။ သူက ရန်သူ၏ အသေးစိတ်အကြောင်း သိသည်ကို မပြောပြဘဲ မေးသည်။ “ရှေးဟောင်း သက်ရှိအဖွဲ့အစည်း အမွေအနှစ်ကို ငါ ရနိုင်ရင် အဲဒီကြောက်စရာကောင်းတဲ့ ရန်သူကို အနိုင်ယူဖို့ လုံလောက်လား။”
ဂျင်းနီ ပြန်ဖြေသည်။ “အမွေအနှစ်ကို ရှင်မရခင် သက်ဆိုင်တဲ့ အချက်အလက်တွေကို ကျွန်မ ထုတ်ပြောပိုင်ခွင့် မရှိဘူး။ တကယ်လို့ ရှင်က အမွေအနှစ်ကို ရမယ်ဆိုရင် အားလုံးကို သဘောပေါက်သွားလိမ့်မယ်။ ဒါပေမဲ့ ရှင့်ကို မိုင်းတွင်းဆီ ခေါ်မသွားခင် အရင်ဆုံး ကျွန်မတို့ကို သစ်သီးတွေ၊ ဒါမှမဟုတ် အသက်ဓာတ်ရေစင်တချို့ ပေးနိုင်မလား။ စွမ်းအင်တုံးတွေ ဖန်တီးပေးဖို့ အရေးပေါ်ကိစ္စ တစ်ခုခု ဖြစ်တဲ့အခါ ကျွန်မတို့ရဲ့အဖော်တွေ သုံးဖို့အတွက်။”
ထိုမီးအိမ်တစ္ဆေများက အသိဉာဏ်ရှိကြသော်လည်း လျို့ဝှက်အကြံအစည်များ မရှိကြအောင်း ချန်လွေ့ သတိထားမိခဲ့သည်။ သူတို့ ရှေ့တက်သွားရခြင်းမှာ စွမ်းအင် လိုအပ်သည့်အတွက်ကြောင့်သာ ဖြစ်သည်။ ချန်လွေ့က ချက်ချင်း ခေါင်းညိတ်ပြီး တစ်ခုခုကို ထုတ်လိုက်သည်။ “ဒါကို မင်းတို့လိုအပ်တဲ့ စွမ်းအင်ကုဗတုံးအဖြစ် ပြောင်းလဲနိုင်မလား မသိဘူး။”
ဂျင်းနီနှင့် ဂျင်းရှာတို့က ၎င်းကို ကြည့်လိုက်ကြသည်။ ချန်လွေ့၏ လက်ထဲ၌ ငန်းဥအရွယ် သစ်သီးတစ်လုံ ရှိနေသည်။ ၎င်းမှာ လုံးဝနီရဲနေပြီး ဝိုင်းစက်ကာ ကျောက်မျက်တစ်လုံး ကဲ့သို့ပင် အရည်လဲ့နေသည်။ ၎င်းမှ အထူးအငွေ့အသက် တစ်ခုကိုလည်း ထုတ်လွှတ်နေ၏။
ထိုကဲ့သို့ အငွေ့အသက်မျိုးကို ဂျင်းနီနှင့် ဂျင်းရှာတို့က အတော်လေး ရင်းနှီးနေပြီး သူတို့ အံ့အားသင့်သွားကြသည်။ “သိပ်ကို အသက်ဓာတ်ကြွယ်ဝတဲ့ အငွေ့အသက်ပဲ။ ဒါက အတော်လေး သန့်စင်တဲ့ စွမ်းအင်ကုဗတုံးတစ်ခုကို ထုတ်လုပ်ပေးနိုင်ရမယ်။”
ဂျင်းရှာက သစ်သီးကိုယူပြီး ပစ္စည်းကိရိယာဆီသို့ ချက်ချင်းယူလာကာ သေသေချာချာ ထည့်လိုက်သည်။ ပြောင်းလဲသောအချိန်မှာ ယခင်မြွေသွေးသစ်သီး ဒါဇင်ခန့်ထက် ပိုကြာသည်။ နောက်ဆုံး၌ အောက်ဘက်တွင် ယခင်ကုဗတုံးနှင့် အရွယ်အစားတူသော ကုဗတုံးတစ်ခု ပေါ်ထွက်လာသည်။ သို့သော်လည်း အရောင်မှာ အပြာဖျော့ရောင် မဟုတ်ဘဲ ပန်းခရမ်းရောင် ဖြစ်နေသည်။
“ထိပ်တန်းအဆင့် စွမ်းအင်အမြုတေပဲ။” မီးအိမ်တစ္ဆေများ တအံ့တသြနှင့် ပြောပြီး စုဝေးလိုက်ကြသည်။
ချန်လွေ့၏အထင် မှန်သွားခဲ့ပြီး တိတ်တိတ်လေး ခေါင်းညိတ်လိုက်သည်။ မြွေသွေးသစ်သီးနှင့် အသက်ဓာတ်ရေစင်တို့ တူညီသည်မှာ အရှိန်အဝါ အငွေ့အသက်တစ်ခု ရှိနေခြင်း ဖြစ်သည်။ ခုနက ထုတ်လုပ်ခဲ့သော အပြာဖျော့ရောင် စွမ်းအင်ကုဗတုံးမှာ အသေအချာပင် သန့်စင်သည့် အရှိန်အဝါ ဖြစ်သည်။ ထို့ကြောင့် သူက မီးအိမ်တစ္ဆေများအား အရှိန်အဝါသစ်သီးတစ်လုံး ပေးလိုက်သည်။ ၎င်းက ထင်ထားသည်ထက် ကျော်လွန်နေပြီး ထိပ်တန်းအဆင့် စွမ်းအင်အမြုတေကို အမှန်တကယ် ထုတ်လုပ်ပေးခဲ့သည်။
ဂျင်းနီက ပန်းခရမ်းရောင်ကုဗတုံးကို ထုတ်ပြီး ရတနာတစ်ခုသဖွယ် လက်ထဲ၌ ကိုင်ထားလိုက်သည်။ မီးအိမ်တစ္ဆေတစ်ယောက်က တအံ့တသြနှင့် မေးသည်။ “ဂျင်းနီ။ ဂျင်းရှာ။ ငါတို့ရဲ့စွမ်းအား အပြည့်အဝ ပြန်ရဖို့အတွက် ဒီ ထိပ်တန်းအဆင့် စွမ်းအင် အမြုတေကို စုပ်ယူလို့ ရနိုင်မလာ။”
ဂျင်းနီနှင့် ဂျင်းရှာတို့က တစ်ပြိုင်နက်တည်း ခေါင်းခါလိုက်ကြသည်။ “ဒီသန့်စင်မှု မြင့်မားတဲ့ စွမ်းအင်က အဲဒီယွမ်သတ္တုတွေထက် ပိုပြီးတော့ အဖိုးတန်တယ်။ ဒါက အပျက်အစီးကို ပြန်လည်ပတ်စေဖို့အတွက် အရေးအကြီးဆုံး မောင်းနှင်အားပဲ။ ငါတို့ ဒါကို သုံးလို့မရဘူး။”
ထိုစကား ထွက်လာသည်နှင့် မီးအိမ်တစ္ဆေများအားလုံးက မကျေနပ်ကြောင်း ဖော်ပြကြသည်။ ထိုမီးအိမ်တစ္ဆေများ၏စွမ်းအားများ အမှန်တကယ် ပြန်မရသေးကြောင်း ချန်လွေ့ သဘောပေါက်လိုက်သည်။ သူ ခဏတွေးပြီး အရှိန်အဝါသစ်သီးတစ်လုံး ထုတ်လိုက်သည်။ “ငါ့မှာ ဒီလိုသစ်သီးတွေ နည်းနည်း ရှိတယ်။ အရင်ဆုံး အားလုံးကို စွမ်းအားပြန်ရအောင် လုပ်ပေးလိုက်။ ဒါက မင်းတို့ကို အကူအညီ ဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်။”
မီးအိမ်တစ္ဆေများအားလုံးက အံ့အားသင့်မှုနှင့် ကျေးဇူးတင်ခြင်းများ ပြသကြသည်။ ဂျင်းရှာနှင့် ဂျင်းနီတို့ပင် ခြွင်းချက် မဟုတ်ပေ။ ဂျင်းရှာက စိတ်လှုပ်ရှားလျက် ပြောသည်။ “ချန်လွေ့။ ရှင့်မှာ တကယ်ပဲ အသက်စွမ်းအင်ပါဝင်မှု မြင့်မားတဲ့ မှော်သစ်သီးတစ်မျိုး ရှိတာလား။ အများကြီးရှိတယ်ဆိုရင် အိပ်ပျော်သွားတဲ့ မီးအိမ်တစ္ဆေတွေကို ပြန်ပြီးတော့ အသက်သွင်းလို့ ရနိုင်သလို အပျက်အစီး တစ်ခုလုံးကိုပါ နဂိုအတိုင်း ပြန်ဖြစ်အောင် လုပ်နိုင်လောက်တယ်။”
အသက်စွမ်းအင်လား။ ထိုစကားလုံးများက စူပါစနစ်နှင့် ဆက်နွှယ်နေနိုင်သော လှုံ့ဆော်မှုတစ်ခုခုကို ချန်လွေ့အား ပေးစွမ်းနေသည်။ သို့သော်လည်း ရုတ်တရက် အသေးစိတ်ကို ချန်လွေ့ မပြောနိုင်ပေ။
မီးအိမ်တစ္ဆေများ၏ မျှော်လင့်နေသော အကြည့်များနှင့် ရင်ဆိုင်ရသောအခါ ချန်လွေ့က မရေမရာနှင့် ဖြေသည်။ “နည်းနည်းတော့ ရှိတယ်။ အများကြီးတော့ မဟုတ်ဘူး။”
ချန်လွေ့က အကုန်လုံး ပေးမည် မဟုတ်ပေ။ အမှန်တကယ်ပ အရှိန်အဝါ အများအပြားကို အရှိန်အဝါသစ်သီးများဖြင့် ယခင်က လဲလှယ်ခဲ့သော်လည်း ယခုအချိန်အတွင်း စုစည်းထားသည်မှာ ရာနှင့်ချီ ကျန်နေသေးသည်။
သို့သော်လည်း “နည်းနည်း”ဟူသော အဖြေကြောင့် မီးအိမ်တစ္ဆေများ သံပြိုင် အော်ဟစ်လိုက်ကြသည်။
ယခုတစ်ခေါက်တွင် ဂျင်းနီနှင့် ဂျင်းရှာတို့လည်း စွမ်းအင်ကို စုပ်ယူကြသည်။ စွမ်းအင် စုပ်ယူခြင်းကြောင့် မီးအိမ်တစ္ဆေများ၏ အသွင်အပြင်များ ပြောင်းလဲလာနေသည်ကို မြင်ရသည့်အခါ ချန်လွေ့ အံ့အားသင့်သွားသည်။ ဗလာနီးပါးဖြစ်နေခဲ့သော သူတို့၏ ခန္ဓာကိုယ်များက တဖြည်းဖြည်း အသွေးအသားနှင့် ဖြစ်လာသည်။ သူတို့၏ ခန္ဓာကိုယ်ပေါ်မှ အလင်းရောင် ပုံစံကွက်များလည်း စုစည်းသွားပြီး နောက်ဆုံး၌ ပျောက်ကွယ်သွားကြသည်။
ထို့နောက် ချန်လွေ့၏အရှေ့တွင် လုံးဝကိုယ်တုံးလုံးဖြစ်နေသော အမျိုးသမီးများ တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာသည်။ သူတို့က အပြာရောင်ဖျော့ဖျော့ အသားအရေ၊ ငွေရောင်ဆံပင်၊ ကြက်သွေးနီနှုတ်ခမ်းနှင့် ရဲရဲတောက် ခန္ဓာကိုယ် ရှိကြသည်။ သူတို့၏ ခန္ဓာကိုယ်အောက်ပိုင်းမှာ အမွှေးအမျှင် လုံးဝမရှိဘဲ ချန်လွေ့အပေါ် ပြင်းထန်သော သက်ရောက်မှု ဖြစ်စေသည်။
ချန်လွေ့က လူသစ်တစ်ယောက် မဟုတ်တော့သော်လည်း ထိုကဲ့သို့ ဗလာကျင်း ဖြစ်နေသော အမျိုးသမီးများအကြား နေရသည်ကို မသက်မသာ ခံစားနေရသေးသည်။ ကံကောင်းစွာပင် ၎င်းမှာ မိနစ်အနည်းငယ်သာဖြစ်ပြီး မီးအိမ်တစ္ဆေများအပေါ်၌ အဝတ်အစားများ ပေါ်ထွက်လာခဲ့သည်။ သို့သော်လည်း ထိုအဝတ်အစားပုံစံများမှာ အတော်လေး လှစ်ဟာပြနေပြီး ရင်ခွဲကြောင်းလည်း ပေါ်နေ၏။ သူတို့၏ နူးညံ့သော အသွင်အပြင်ကို ဖုံးလွှမ်းထားသော မျက်နှာလွှားနှင့်အတူ သူတို့က လျို့ဝှက်ဆန်းကြယ်ပြီး ဆွဲဆောင်မှု ရှိနေလေသည်။
“အသွင်ပြောင်းပြီး”နောက်တွင် မီးအိမ်တစ္ဆေများ၏စွမ်းအားက ယခင်ကနှင့် လုံးဝခြားနားသွားသည်မှာ သတိပြုဖွယ်ပင် ဖြစ်သည်။ သူတို့သည် ယခင်က စွမ်းအင် အားနည်းသော အခြေအနေ၌ ရှိနေခဲ့၍ စွမ်းအားအမှန်ကို မထုတ်နိုင်ခဲ့ခြင်း ဖြစ်ပေမည်။
“ချန်လွေ့။ အမွေအနှစ် ဆက်ခံတာ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည် ဖြစ်စေ၊ ရှင့်ရဲ့အကူအညီကို ကျွန်မတို့ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။” ဂျင်းနီနှင့် ဂျင်းရှာတို့က ရင်ဘတ်ပေါ်၌ လက်ကိုတင်ပြီး မီးအိမ်တစ္ဆေများနှင့်အတူ အရိုအသေပြုရန် ဦးဆောင်လိုက်သည်။ မီးအိမ်တစ္ဆေများ၏ အသွင်အပြင်နှင့် ခန္ဓာကိုယ်ပုံစံများမှာ ဆင်တူလှသည်။ တစ်ခုတည်းသော ခြားနားချက်မှာ မျက်လုံးအရောင် ဖြစ်သည်။ ဂျင်းနီနှင့် ဂျင်းရှာတို့က ရွှေရောင်ဖြစ်ပြီး အခြားသူများက ငွေရောင်နှင့် မီးခိုးရောင်များ ဖြစ်ကြသည်။ ၎င်းမှာ သူတို့၏ ကိုယ်ပိုင်စွမ်းအားအဆင့်နှင့် ဆက်နွှယ်နေသည်။
ခဏအကြာ လို့ဘ်တောင် မိုင်းတွင်း အဓိကဝင်ပေါက်နက်နက်ထဲ၌ -
“သတိထား။ ရန်သူက အနီးအနားမှာ ရှိလောက်တယ်။ ထူးဆန်းတဲ့ ချိပ်ပိတ် စွမ်းအားတွေကို ကျွန်မ ခံစားမိတယ်။ ဒါပေမဲ့ အပျက်အစီးဆီ ဝင်ပေါက်က အတော်လေး ဝေးကွာနေတုန်းပဲ။ ရှင် ဖောက်ဝင်သွားရန် အဲဒီအစွမ်းထက်ပုဂ္ဂိုလ် သတိထားမိ သွားလိမ့်မယ်။ ဒီချိပ်ပိတ်ထားတဲ့ စွမ်းအားတွေကို ကြိုးစားပြီးဖွင့်ကြည့်တာ ပိုကောင်းတယ်။”
ချန်လွေ့အား မိုင်းတွင်းသို့ ခေါ်လာသူမှာ ဂျင်းနီ ဖြစ်သည်။ ဂျင်းရှာနှင့် အခြား မီးအိမ်တစ္ဆေများက လိုဏ်ဂူထဲ၌ လိုရမည်ရ နေနေခဲ့သည်။
လို့ဘ်တောင် မိုင်းတွင်း မြေအနေအထားမှာ အတော်လေး ရှုပ်ထွေးသည်။ သို့သော်လည်း ရှီရန်တောင်ထက် များစွာ သေးငယ်သည်။ ဂျင်းနီက ထိုနေရာနှင့် အတော်လေး ရင်းနှီးနေပြီး သူပြောသော “အပျက်စီး”နှင့်လည်း အထူး အာရုံခံမှုတစ်ခု ရှိသည်။ သူက မှော်မြေပုံနှင့် အလင်းရောင်ပစ္စည်းများ လုံးဝမလိုအပ်ဘဲ မိုင်းတွင်းထဲ၌ လွတ်လွတ်လပ်လပ် သွားလာနိုင်သည်။
“ကျွန်မ ဒါကို ဖြေရှင်းလိုက်မယ်။ မလှုပ်နဲ့။” ချန်လွေ့လည်း ဂျင်းရှာပြောခဲ့သော “ချိပ်ပိတ်စွမ်းအားများ”ကို ခံစားလိုက်မိသည်။ ၎င်းမှာ နဂါးထွင်းစာ အငွေ့အသက် ဖြစ်သည်။ ထင်ထားသည့်အတိုင်းပင် ထိုထွင်းစာပညာရပ်တွင် ရင်းနှီးသော ခံစားချက် တစ်ခု ရှိနေဆဲ ဖြစ်သည်။
ချန်လွေ့က ထိုထူးဆန်းသောအားနှင့် ဆင်တူသော နည်းလမ်းတစ်ခုကို အသက်သွင်းလိုက်ပြီး ချိပ်ပိတ်မှတစ်ဆင့် မိမိကို သေသေချာချာ ဦးဆောင်ပြီး ခရီးပန်းတိုင်သို့ တစ်လှမ်းချင်း ဦးဆောင်ခဲ့သည်ကို မြင်သည့်အခါ ဂျင်းနီ အံ့အားသင့်သွားခဲ့သည်။
ရှည်လျားသော လမ်းကြောင်းတစ်ခု အရှေ့တွင် သူတို့နှစ်ယောက်က အဝေးမှ ခြေသံများကို ကြားလိုက်ရသည်။ ရုတ်တရက် ဂျင်းနီက ချန်လွေ့၏လက်ကိုကိုင်ပြီး ကျောက်နံရံနှင့် ဖိကပ်လိုက်ကာ ချန်လွေ့၏ကျောကို ဖိအားရင်း တိုးတိုးလေး ပြောသည်။ “မလှုပ်နဲ့။”
ထိုအမူအရာမှာ အတော်လေး မသင့်တော်ပေ။ အထူးသဖြင့် ဂျင်းနီနှင့် ခန္ဓာကိုယ်က သာမန်လူများနှင့် မခြားနားနေပေ။ နောက်ဘက်မှ နူးညံ့ပြီး ဖွံ့ဖြိုးသော ဖိအားက ချန်လွေ့၏ နှလုံးသားကို အနည်းငယ် မြန်ဆန်သွားစေသည်။ ကံကောင်းစွာပင် သူက စိတ်ကို အမြန် တည်ငြိမ်အောင် ပြုလုပ်နိုင်ခဲ့သည်။ ရှေ့တွင် အလင်းရောင်များကို မြင်နေရပြီး လူတစ်စု ရောက်ရှိလာသည်။
ထင်ရှားသည်မှာ ထိုအဖွဲ့ထဲ၌ အကြီးအကဲများ ဖြစ်ဟန်တူသော အရပ်မြင့်မြင့်နှင့် သလင်းကျောက်ကဲ့သို့ ကြည်လင်နေသော ပုံရိပ်အချို့ပင် ဖြစ်သည်။ သူတို့က ဓာတ်သတ္တုများ ပြည့်နှက်နသော လှည်းများကို ဆွဲနေသည့် မိုင်းလုပ်သား တစ်ဖွဲ့ကို လိုက်ပို့ပေးနေကြသည်။
တကယ် သလင်းကျောက်လူသားတွေပဲ။ ချန်လွေ့၏မျက်လုံးများ ကျဉ်းမြောင်း သွားသည်။ သလင်းကျောက်နဂါး ယာကော့ဘ်က အရင်တစ်ခေါက် သလင်းကျောက် တောင်ကြားမှာ ဒဏ်ရာအပြင်းအထန် ရသွားပြီးတော့ အဲဒီထူးဆန်းတဲ့ ပန်းနီနီကို အသက်သွင်းလိုက်တော့ ပိုပြီးတော့တောင် ဒဏ်ရာပြင်းထန်သွားခဲ့တယ်။ အခုက သူက အကွက်ဟောင်းကို ပြန်သုံးနေပြီးတော့ ဒဏ်ရာတွေကိုကုသဖို့ ဓာတ်သတ္တုတွေကို သုံးနေတာ ဖြစ်ရမယ်။ သို့သော်လည်း ချန်လွေ့က မဆင်မခြင် မလှုပ်ရှားရဲပေ။ ဂျင်းနီက သူတို့၏ အငွေ့အသက်နှင့် ပုံစံကို ဖုံးကွယ်နိုင်သော ပုတ်သင်ညိုကဲ့သို့ နည်းလမ်းတစ်ခုကို အသုံးပြုလိုက်ကြောင်း ချန်လွေ့ သိသည်။ ၎င်းမှာ မီးအိမ်တစ္ဆေများ ယာယီနေနေသော လိုဏ်ကူကို ကိုယ်ယောင်ဖျောက်ထားသလိုမျိုးပင် ဖြစ်သည်။
သလင်းကျောက်လူသားနှင့် မိုင်းလုပ်သားတို့က ဘာမှ မသိလိုက်ကြဘဲ သူတို့နားကို ဖြတ်သွားလိုက်သည်။ ခြေသံများ ဝေးကွာသွားသောအခါ ဂျင်းနီ လက်လွှတ်ပြီး ကိုယ်ယောင်ဖျောက်သော စွမ်းအားကို ရုတ်သိမ်းလိုက်သည်။ ချန်လွေ့ အနည်းငယ် ကိုးယိုးကားယား ခံစားလိုက်ရသည်။ သို့သော်လည်း ဂျင်းနီးက လုံးဝ သတိမထားမိပေ။ သူက ချန်လွေ့၏လက်ကိုကိုင်ပြီး ရှေ့သို့ ဆက်သွားသည်။
လမ်းတစ်လျှောက်မှ နဂါးထွင်းစာများကို ကျော်ဖြတ်ပြီးနောက် ဂျင်းနီက ချန်လွေ့ကို သလင်းကျောက်လူသားများ စောင့်ကြပ်နေသော နေရာအပြင်သို့ ခေါ်ထုတ်လာပြီး မြေအောက်နက်နက်သို့ ဆက်သွားသည်။ ထို့နောက် ပတ်ဝန်းကျင်မြင်ကွင်းများ အလျင်အမြန် ပြောင်းလဲသွားသည်ကို ချန်လွေ့ ခံစားလိုက်မိသည်။ ကျောက်နံရံ ဖြတ်ပိုင်းအချို့ကို ဖြတ်သန်းပြီး မြေအောက်သို့ “ခုန်ဆင်း”ပြီးနောက်တွင် သူတို့ နှစ်ယောက်လုံးက ဧရာမ ကျောက်နံရံတစ်ခုအရှေ့၌ ရပ်တန့်လိုက်ကြသည်။
ဂျင်းနီး၏ခန္ဓာကိုယ် လွင့်မျောသွားပြီးနာက် ကျောက်နံရံပေါ်၌ အထူးပုံစံကွက်ဖြင့် ဖိလိုက်သည်။ ကျောက်တုံးက ၇ရောင် တောက်ပသွားပြီး ထိုကဲ့သို့ မှောင်မည်းသော ပတ်ဝန်းကျင်၌ပင် မျက်စိကျိန်းသွားစေခဲ့သည်။
၎င်းမှာ တံခါးပေါက် ဖြစ်သည်။ ပုံစံက မထူးခြားသော်လည်း ချန်လွေ့ကို ဖျက်ဆီး၍မရသော ခံစားချက်တစ်ခု ပေးစွမ်းနေသည်။ သူက နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းစွမ်းအား ရှိသည့်တိုင် ထိုတံခါးကို အနည်းငယ်ပင် လှုပ်ခါနိုင်မည်မဟုတ်ဟု သူ ခံစားမိလိုက်သည်။
“ဒါက အမွေအနှစ် ဂိတ်တံခါးပဲ။” ဂျင်းနီက လက်ချောင်းထိပ်မှ ရောင်စုံ အလင်းရောင်များ ထွက်နေရင်း ပြောလိုက်သည်။ ထို့နောက် အလယ်မှ ကြက်ခြေခတ် သော့ပေါက်လေးကို ထိလိုက်ရာ သော့ပေါက်က တဖြည်းဖြည်းနှင့် လူအရွယ် ဖြစ်လာပြီး အမျိုးသမီးတစ်ယောက်၏ ခန္ဓာကိုယ်ကို ထွင်းထားသည့်အတိုင်း ဖြစ်နေသည်။ ဂျင်းနီက လက်နှစ်ဖက်ကို မြှောက်ပြီး ထိုလူပုံစံခွက်ထဲသို့ လမ်းလျှောက်သွားသည်။ တံခါးကို ဖွင့်ရန် သော့မှာ သူကိုယ်တိုင် ဖြစ်နေလေသည်။
သော့ပေါက်သို့ ဂျင်းနီလမ်းလျှောက်သွားပြီးနောက် မူလက ထူထဲပြီး ခိုင်မာသော ခံစားချက် ပေးစွမ်းနေသည့် တံခါးက ရုတ်တရက် ပါးလွှာကာ တဖြည်းဖြည်းနှင့် ဖောက်ထွင်းမြင်သွားပြီး နောက်မှ ခန့်မှန်း၍မရသော မြူများကို တဖြည်းဖြည်း မြင်လိုက်ရသည်။
“မြန်မြန်သွားတော့။ အမွေအနှစ်ဂိတ်တံခါးက ဖွင့်တဲ့အချိန် အကန့်အသတ်ရှိတယ်။ ကျွန်မရဲ့အသက်က ချက်ချင်း ပျောက်ကွယ်သွားမှာ။ ကျန်တဲ့ကိစ္စတွေကို ရှင့်အပေါ်မှာပဲ မူတည်တယ်။ ရှင် တကယ်လို့ အမွေအနှစ်ကို ရယူဆိုရင် ရှင်ကျွန်မကို နှလုံးသားမီးအိမ်နှင့် အသက်ပြန်သွင်းပေးလို့ရတယ်...”
ထိုအမွေအနှစ်ဂိတ်တံခါးကို ဖွင့်ရန် ပေးဆပ်ရသည်မှာ ဂျင်းနီ၏အသက်ဖြစ်ကြောင်း ချန်လွေ့ သဘောပေါက်လိုက်သည်။ ကံကောင်းစွာပင် မီးအိမ်တစ္ဆေများက ထာဝရ ရှင်သန်နိုင်ကြသည်။ နှလုံးသားမီးအိမ် မပျက်စီးသရွေ့ လုံလောက်သောစွမ်းအားဖြင့် အကြိမ်ကြိမ် ပြန်လည်ရှင်သန်နိုင်သည်။ ၎င်းမှာ အလောင်းအောက်လမ်းပညာရှင်နှင့် တစ်နည်းတစ်ဖုံ ဆင်တူပေသည်။
သူ ချက်ချင်းပင် အမွေအနှစ်ဂိတ်တံခါးထဲသို့ လမ်းလျှောက်သွားလိုက်သည်။ အထဲ ဝင်သွားသည်နှင့် မြင်ကွင်းက တမုဟုတ်ချင်း ပြောင်းလဲသွားသည်။ ဂိတ်တံခါးနှင့် မြူနှင်းတို့ ပျောက်ကွယ်သွားပြီး သူ၏ခန္ဓာကိုယ်ကလည်း ဟင်းလင်းပြင်ထဲ၌ လွင့်မျောနေ၏။
အသံတစ်သံ ထွက်ပေါ်လာသည်။ “ကြိုဆိုပါတယ်။ ဧည့်သည်။ အဂ္ဂိရတ် သက်ရှိအဖွဲ့အစည်းရဲ့ ဆက်ခံသူ စမ်းသပ်ချက်ကို လက်ခံဖို့ ဆန္ဒရှိပါသလား။”
ရှေးဟောင်း အဂ္ဂိရတ်သက်ရှိအဖွဲ့အစည်းလား။ အရင်က ငါ ဒါကို ကြားဖူးတယ် မထင်ဘူး။
ချန်လွေ့က ထိုတံခါးထဲသို့ ဝင်သွားလိုက်ပြီ ဖြစ်သည့်အတွက် သိပ်ပြီး မစဉ်းစားဘဲ ချက်ချင်းပင် ပြန်ဖြေလိုက်သည်။ “ဆန္ဒရှိပါတယ်။”