← Chapters

အသူရာချောက်နက်

Vol. 35 Ch. 520

အသူရာချောက်နက်

Vol. 35 Ch. 520

ချန်လွေ့၏ အဖြေကို ကြားရပြီးနောက် အသံထွက်လာပြန်သည်။ “စမ်းသပ်ချက်က တစ်ခုပဲ ရှိတယ်။ အသက်ရှင်ဖို့ပဲ။ ကျရှုံးရင် အမှန်တကယ် သေဆုံးရလိမ့်မယ်။”

ထိုအသံ အဆုံးသတ်သွားသည်နှင့် ပတ်ဝန်းကျင် ပြောင်းသွားပြန်ပြီး အလွန်ကြီးမားသော မီးတောင်လိုဏ်ဂူအဖြစ် ပြောင်းလဲသွားသည်။

နေရာတိုင်း၌ ပွက်ပွက်ဆူနေသော သွေးနီရောင် ချော်ရည်များ ရှိနေသည်။ ကြောက်မက်ဖွယ်ရာ အပူချိန်ထဲ၌ မြင်ကွင်းများလည်း ဝေဝါးနေပြီး ချစ်ချစ်တောက် ပူနေသော လေထုထဲ၌ မွန်းကျပ်သောဖိနှိပ်ခြင်းများ ပြည့်နှက်နေလေ၏။

ချစ်ချစ်တောက်ပူနေသော အနီရောင်ကြောင့် ချန်လွေ့က အနည်းငယ် မသက်မသာ ဖြစ်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။ ထိုမြင်ကွင်းမှာ ရိုးရှင်းသော ပုံရိပ်ယောင် မဟုတ်ကြောင်း သူ ခံစားမိနေသည်။ ၎င်းမှာ အမှန်တကယ် ဖြစ်သည်ဟု ခံစားရသည်။ ထိုနေရာ၌ သေသွားသည်နှင့် သူ၏အသိစိတ် တစ်ခုလုံး ပျောက်ပျက်သွားပြီး အမှန်တကယ် သေဆုံးသွားမည် ဖြစ်သည်။

ထိုအသံပြောခဲ့သည်မှာ ခြောက်လှန့်ရန်အတွက် ချဲ့ကားပြောဆိုခြင်း မဟုတ်ခဲ့ပေ။

ပို၍ထူးဆန်းသည်မှာ သူ၏ခန္ဓာကိုယ်ထဲ၌ စူပါစနစ်၏ တည်ရှိမှုကို မခံစားမိသည့် အပြင် မည်သည့်အစွမ်းကိုမှ အသုံးပြု၍ မရနေခြင်းပင်။ သူ၏စိတ်ကို အထူးစွမ်းအား အချို့က ဖြတ်တောက် လိုက်သကဲ့သို့ ဖြစ်နေသည်။ တစ်နည်းပြောရလျှင် သူက ကိုယ်ပိုင်ဖြစ်သော နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်းစွမ်းအားကိုသာ အသုံးပြု နိုင်တော့မည် ဖြစ်သည်။

ထိုလိုဏ်ဂူသည် အလွန်ကျယ်ပြန့်ပြီး မီတာရာနှင့်ချီ အမြင့်ရှိသည်။ ချန်လွေ့က ရှေ့တွင် မိမိကို မည်သည့်အန္တရာယ် စောင့်ဆိုင်းနေကြောင်း မသိပေ။ သူက မြင့်မားသော အပူရှိန်ကို ခုခံရန် ကိုယ်ပိုင်စွမ်းအားကိုသာ အသုံးပြုရပြီး ပူလောင်သော ကျောက်နက်များ အပေါ်၌ တစ်လှမ်းချင်း ရှေ့သို့ သေသေချာချာ ဆက်သွားနေသည်။

အပူရှိန် မြင့်သထက်မြင့်လာပြီး နတ်ဆိုးဧကရာဇ်အဆင့်၏ ခုခံမှုသည်ပင် ၎င်းကို မခံနိုင်တော့ပေ။ ချန်လွေ့၏ခန္ဓာကိုယ်က ချွေးများဖြင့် ရွှဲနစ်သွားသည်။ အကယ်၍ သူက ထိုပတ်ဝန်းကျင်၌ အချိန်အတော်ကြာ နေရမည်ဆိုလျှင် သူ၏ခန္ဓာကိုယ်က ပြန်ပြင်၍မရသော ထိခိုက်မှု ခံစားရပေလိမ့်မည်။

ချန်လွေ့၏အကြည့်က မနီးမဝေးမှ အရည်ပျော်နေသော နေရာဘက်သို့ ရောက်သွားပြီး ရုတ်တရက် မျက်မှော်ကြုတ်လိုက်သည်။ ၎င်းအပေါ်၌ တစ်စုံတစ်ခု ပေါလောပေါ်နေသည်။

ပန်းနီနီ တစ်ပွင့်။

ပန်းပွင့်ချပ်များမှာ သလင်းကျောက်များကဲ့သို့ ဖြစ်နေသော်လည်း အသက်မဲ့နေသည် မဟုတ်ပေ။ ၎င်းတွင် အမှန်တကယ် အသက်ဓာတ် ရှိနေသည်။ အရာအားလုံးကို အရည်ပျော်နိုင်သော ချော်ရည်များထဲ၌ ပွင့်လန်းနေခြင်းဖြစ်ပြီး မြင့်မားသော အပူရှိန်၏ သက်ရောက်မှုကို အမှန်တကယ် မခံရဘဲ ပို၍ပို၍ ပင် လှပလာသည်။ အတိအကျပြောရမည်ဆိုလျှင် ၎င်းမှာ ညှို့ငင်နေလေ၏။

ပန်းနီနီ၏ ညှို့ဓာတ်က စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုပြီး မခုခံခဲ့လျှင် ရူးသွပ်ပြီး စိတ်မထိန်းနိုင်အောင် ဖြစ်စေနိုင်ပေသည်။

ထိုကဲ့သို့ပန်းပွင့်မျိုးကို ချန်လွေ့ မြင်ဖူးသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ သလင်းကျောက်တောင်ကြားအောက်မှ လျို့ဝှက်ဆန်းကြယ်သော လိုဏ်ဂူတစ်ခုထဲ၌ ချန်လွေ့သည် ထိုပန်းပွင့်မျိုးကို တွေ့ခဲ့ဖူးသည်။ သူ ကံကောင်းပြီး [ ကြယ်ဂိတ် ] ကို အသုံးပြုကာ ထွက်ပြေးပြီးနောက် ထိုပန်းပွင့်၌ သူ၏လက်ထဲ အလိုလို ရောက်လာခဲ့သည်။ နောက်ပိုင်းတွင် သွေးရောင်အင်ပါယာရှိ ဆက်ခ်ရက်တောင်ထဲ၌ ထိုပန်းပွင့်က နတ်ဘုရား-တစ်ပိုင်းအဆင့် ပုဂ္ဂိုလ် စေတန်ကို ဒေါသထွက်သွားစေခဲ့သည်။ ၎င်းကို အသူရာချောက်နက်ပန်းဟု ခေါ်လေသ်ည။

ချန်လွေ့က ဇိုလာကို ထိုအကြောင်း မေးခဲ့သော်လည်း ဗဟုသုတ ကြွယ်ဝလှသော နတ်မိမယ်နဂါးသည်ပင် အသူရာချောက်နက်နာမည်ကို မကြားဖူးပေ။ ယခုတွင် သူ့အရှေ့၌ အသူရာချောက်နက်ပန်း ပြန်လည်ပေါ်ထွက်လာသည်။ ရှေးဟောင်း အဂ္ဂိရတ် သက်ရှိအဖွဲ့အစည်း၏ အမွေအနှစ်ဆက်ခံရာစမ်းသပ်ချက်၌ အလွန်ကြီးမားသော လျို့ဝှက်ချက်တစ်ခု ရှိရပေမည်။

ချန်လွေ့ကို ပို၍ပင် အံ့အားသင့်သွားစေသည်မှာ အသူရာချောက်နက်ပန်း တစ်ပွင့်ထက် ပိုရှိနေခြင်းပင် ဖြစ်သည်။ သူ ဆက်လက်၍ လမ်းလျှောက်သွားရာ သူ၏ မြင်ကွင်း၌ ပန်းပွင့်များ တဖြည်းဖြည်း တိုးပွားလာသည်။ ၂...၃....

စမ်းသပ်ချက်၏ ပန်းတိုင်တစ်ခုသို့ တစ်လှမ်းချင်း ချဉ်းကပ်လာကြောင်း ချန်လွေ့ ခံစားမိနေသည်။ သို့မဟုတ် သူက အလွန်ကြီးမားသော အန္တရာယ်အချို့နှင့် နီးသထက် နီးကပ်လာခြင်း ဖြစ်နိုင်သည်။

ရှေ့လိုဏ်ဂူမှ ဟိန်းသံများ ထွက်လာပြီး တစ်ခါမှ မတွေ့ဖူးသော သတ္တဝါများ ပေါ်ထွက်လာသည်။ ထိုသတ္တဝါများမှာ မှင်စာအရွယ်ရှိပြီး ချွန်ထက်သော လက်သည်းနှင့် ပိန်ပါးသော ခြေလက်များ ရှိသည်။ လွန်လွန်ကဲကဲဖြစ်နေသော ပါးစပ်က မျက်နှာတစ်ဝက်ကို နေရာယူထားပြီး အစွယ်နှစ်တန်းကလည်း အတော်လေး ကြောက်စရာ ကောင်းလှသည်။

စူပါစနစ်ကို အသုံးပြု၍ ရသည့်အတွက် ချန်လွေ့က [ သရုပ်ခွဲမျက်လုံး ] ဖြင့် ရန်သူ၏ မျိုးနွယ်စုနှင့် စွမ်းအားကို မမြင်နိုင်ပေ။ သို့သော်လည်း သူ၏ နတ်ဆိုးဧကရာဇ် အဆင့် အာရုံခံစွမ်းရည် ရှိနေသေးသည်။ ထိုမကောင်းဆိုးရွားများထဲ၌ အားကောင်းသူနှင့် အားနည်းသူများ ရှိကြသည်။ အစွမ်းထက်ဆုံးမှာ နတ်ဆိုးဘုရင်အဆင့်ဖြစ်ပြီး အားအနည်းဆုံးမှာ အမြင့်ဆင့်နတ်ဆိုး ဖြစ်သည်။ သူတို့တစ်ကိုယ်လုံးက ကြမ်းကြုတ်ပြီး ရက်စက်သော အငွေ့အသက်များ ထုတ်လွှတ်နေသည်။ ချန်လွေ့၏ နတ်ဆိုးဧကရာဇ် အဆင့် စွမ်းအားကြောင့် သူတို့က ကြောက်ရွံ့စွာဖြင့် နောက်မဆုတ်သွားကြဘဲ အပြင်းအထန် ပြေးဝင်လာကြလေသည်။

ချော်ရည်အပူကို မကြောက်ရွံ့ကြသော မကောင်းဆိုးရွားငယ်များစွာ ရှိသည်။ ထို့ပြင် သူတို့၏ ခုန်ပေါက်သောစွမ်းရည်မှာ မယုံနိုင်စရာကောင်းလှသည်။ အရှေ့ဆုံးမှ တစ်ယောက်သည် လေထဲသို့ ၁၀မီတာကျော် ခုန်လိုက်သည်။ ချန်လွေ့ကို မထိခင်မှာပင် ၎င်းက ပြားချပ်သွားခဲ့သည်။ ချန်လွေ့က နှစ်ချက်ဆင့် လက်သီးထိုးသွင်းလိုက်ပြီး မည်သည့် မကောင်းဆိုးရွားကိုမျှ အလွတ်မပေးခဲ့ပေ။

နောက်မှ မကောင်းဆိုးရွားများက သူတို့၏ အဖော်များ သေဆုံးသွားခြင်းကြောင့် မကြောက်ရွံ့သလို တုန်လှုပ်လည်း မသွားခဲ့ဘဲ ပို၍ပင် ကြမ်းတမ်းလာခဲ့သည်။ ထိုအချိန်၌ အနီးအနားရှိ အသူရာချောက်နက်ပန်းက အားတစ်ခုခုကြောင့် ရုတ်တရက် ပေါက်ကွဲ ထွက်သွားသည်။ ထို့နောက် အင်အားကြီးသော မြူနီအငွေ့အသက်က ပတ်ဝန်းကျင် မကောင်းဆိုးရွားငယ်များကို အုပ်မိုးသွားခဲ့သည်။

ထိုမကောင်းဆိုးရွားငယ်များ၏ ခန္ဓာကိုယ်က စတင်ပျက်ယွင်းပြီး ရောင်ကိုင်းလာပြီး ၂မီတာခန့်မြင့်မားသော ကြံ့ခိုင်သည့် မကောင်းဆိုးများအဖြစ် ပြောင်းလဲသွားကာ ကြက်သွေးနီရောင်ခန္ဓာကိုယ်နှင့် ကြောက်မက်ဖွယ်ရာ အသွင်အပြင် ဖြစ်သွားသည်။ ထိုမကောင်းဆိုးရွားများ၏ ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များ ပို၍ပင် ပြင်းထန်သွားပြီး သူတို့၏စွမ်းအားကလည်း အရည်အသွေးအရ တိုးတက်သွားသည်။ မကောင်းဆိုးရွား အများအပြားက မဟာနတ်ဆိုးဘုရင်အဆင့်သို့ ရောက်ရှိသွားကြသည်။ သူတို့က အပူချိန်မြင့်မားသော မီးစက်လုံးများ ပစ်လွှတ်နိုင်သော စွမ်းရည်အသစ်ပင် ရရှိလာသည်။

ချန်လွေ့ ရင်ဆိုင်ရသောဖိအား ရုတ်တရက် တိုးတက်သွားသည်။ ယခင်က လက်သီးတစ်ချက်တည်းဖြင့် အလွယ်တကူ သတ်ပစ်နိုင်သော မကောင်းဆိုးရွားများကို ယခုတွင် သုံးလေးချက် ထိုးမှသာ သတ်နိုင်တော့သည်။ ထို့ပြင် ရန်သူ၏ တန်ပြန် တိုက်ခိုက်မှုမှာ အလွန်အားကောင်းလှသည်။ တရစပ်ပစ်လွှတ်သော မီးစက်လုံးများက ချန်လွေ့ကို လွှမ်းမိုးသွားခဲ့သည်။

မဟာနတ်ဆိုးဘုရင်အဆင့် မကောင်းဆိုးရွား ဒါဇင်ခန့်သာဆိုလျှင် သူသည် ၎င်းတို့ကို စူပါစနစ်မပါဘဲ အေးအေးဆေးဆေး သတ်ပစ်နိုင်သည်။ သို့သော်လည်း ယခုတွင် သူ၏အရှေ့၌ မကောင်းဆိုးရွား ၁၀၀၀နီးပါး ရှိနေပြီး ရာနှင့်ချီက မဟာနတ်ဆိုးဘုရင် အဖြစ်သို့ သန္ဓေပြောင်းသွားကြသည်။ သူတို့က အကြောက်တရားကင်းမဲ့လျက် ချန်လွေ့ထံ တစ်ယောက်ပြီးတစ်ယောက် ပြေးဝင်လာတော့သည်။

ပုရွက်ဆိတ်များလျှင် ဆင်တစ်ကောင်ကိုပင် သတ်ပစ်နိုင်သည်ဟူသော စကားအတိုင်းပင် ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ အဝိုင်းခံထားရသော ချန်လွေ့အပေါ်မှ ဒဏ်ရာများ ပိုမိုများပြားလာသည်။ ထိုစမ်းသပ်ချက် လောက၌ စူပါစနစ်သာမက အလိုအလျောက် စွမ်းရည်နှင့် ခန္ဓာကိုယ်မှ ချပ်ဝပ်တန်ဆာများပင် အလုပ်မလုပ်တော့ပေ။

ဝိုင်းရံထားသော မကောင်းဆိုးရွားများ၏ အမြန်နှုန်းများ ရုတ်တရက် နှေးကွေးသွားကာ သူတို့၏ဂုဏ်သတ္တိများ အလျင်အမြန် ကျဆင်းလာသည်။ အချို့က အချင်းချင်း သတ်ဖြစ်နေကြသည်။ ချန်လွေ့က [ ဆောင်းဦးပိုင်နက် ] ကို အသက်သွင်း ခဲ့ခြင်းဖြစ်ပြီး ပိုင်နက်အတွင်းရှိ ရန်သူအားလုံး အားနည်းသွားပြီး အသက်ကြီးလာကာ အမျိုးမျိုးသော အားလျှော့မှုများလည်း ခံရမည်ဖြစ်သည်။

ယခင်တိုက်ပွဲပြီးနောက် ထိုသန္ဓေပြောင်း မကောင်းဆိုးရွားများ၏ ချက်ကောင်းမှာ ဦးခေါင်း၌ဖြစ်ကြောင်း ချန်လွေ့ သတိထားမိသွားသည်။ သူ၏လက်သီးများက လျှပ်စီးကဲ့သို့ ဖြစ်နေသည်။ လက်သီးရောက်သွားသော နေရာတိုင်း မကောင်းဆိုးရွားများ အားလုံး၏ ဦးခေါင်းများ ပေါက်ကွဲထွက်ကုန်သည်။ အခြိမ်းခြောက်ဆုံးဖြစ်သည့် အနီးအနားမှ ရန်သူများကို ရှင်းပစ်ပြီးနောက် ချန်လွေ့က လေထဲသို့ လက်သီးပစ်ထိုးရာ ၅မီတာအကွာမှ မကောင်းဆိုးရွားများကို ထိသွားသည်။ လေထဲ၌ မတည်ငြိမ်သော စွမ်းအား လှိုင်းတွန့်များ ရှိနေဟန်တူသည်။ ထိုယပ်တောင်ပုံစံအတွင်း မကောင်းဆိုးရွားငယ်များနှင့် သန္ဓေပြောင်း မကောင်းဆိုးရွား ဒါဇင်ခန့်တို့၏ ခန္ဓာကိုယ်များက တစ်ချိန်တည်းမှာပင် အပိုင်းပိုင်း ဖြစ်သွားခဲ့သည်။

၎င်းမှာ စူပါစနစ်၏အစွမ်း မဟုတ်ဘဲ လှိုင်းကြမ်းပင်လယ်လေ့ကျင့်ရေးမှ ချန်လွေ့ လေ့လာခဲ့ရသော ပေါင်းစည်းစွမ်းအား ဖြစ်သည်။ ပုံမှန်အားဖြင့် ၎င်းတွင် သူ့လက်သီး၏ တိုက်ခိုက်တိုက်ခိုက်မှုသာ အများဆုံး ပါဝင်သည်။ ယနေ့ကဲ့သို့ ပေါက်ကွဲထွက်ပြီး လေထဲသို့ ပစ်လွှတ်လိုက်သည်မှာ ရှားပေသည်။

ပြောရမည်ဆိုလျှင် နတ်ဆိုးဘုရင်နှင့် မဟာနတ်ဆိုးဘုရင်အဆင့်က တုန်ခါမှု လှိုင်းများကဲ့သို့သော စွမ်းအင်များနှင့် အလှမ်းဝေးတိုက်ခိုက်မှုများကို ထုတ်လွှတ်နိုင်သော စွမ်းရည်များ ရှိသည်။ ချန်လွေ့က နတ်ဆိုးဧကရာဇ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထိုကဲ့သို့ တိုက်ခိုက်မှုပုံစံမှာ သေချာပေါက် ပြဿနာတစ်ခု မဟုတ်ပေ။ သို့သော်လည်း စူပါစနစ်မှ အစွမ်းများက ပိုမိုအင်အားကြီးနေခြင်းသာ ဖြစ်ပေသည်။ စွမ်းအား သုံးစွဲမှု နည်းပါးပြီး၊ တိုက်ပွဲများ၌ တိကျသော သတ်ဖြတ်ခြင်းက ပိုမိုကောင်းမွန်နေသည်။ ထို့ကြောင့် သူက ၎င်းကို အမှန်တကယ် တိုက်ခိုက်ရာ၌ အသုံးပြုခဲသည်။ ၎င်းကို လေ့ကျင့်ရေးအတွင်း စွမ်းအားထိန်းချုပ်ရန်အတွက်သာ အသုံးပြုလေသည်။

မဟာနတ်ဆိုးဘုရင်အဆင့်နှင့် နတ်ဆိုးဘုရင်အဆင့် ရန်သူများအတွက် ပေါင်းစည်း စွမ်းအား၏ သေစေနိုင်မှုက အတော်လေး ချီးမွမ်းစရာကောင်းပေသည်။ သို့သော် စွမ်းအား ကုန်ဆုံးမှုမှာ အတော်လေး မြင့်မားသည်။ [ နက္ခတ်သဏ္ဌာန် ] နှင့် [ ထိခိုက်မှုစုပ်ယူခြင်း ] အလိုအလျောက်ဂုဏ်သတ္တိများ ဆုံးရှုံးနေသော အ‌ခြေအနေ၌ ပိုမိုသိသာလှသည်။ ချန်လွေ့က ချက်ချင်းပင် ပိုင်နက်စွမ်းအားကို ပြောင်းလဲလိုက်ရာ အားနည်းစေသော [ဆောင်းဦးပိုင်နက်] က ထူးဆန်းသော အားစက်ကွင်းတစ်ခု ဖြစ်သွားသည်။

အားစက်ကွင်းတွင် ထူးဆန်းသော ကြက်ခြေခတ် စွမ်းအားများ ပြည့်နေပြီး မြင့်မားသော အပူချိန်ကိုပင် မကြောက်ရွံ့ကြသော မကောင်းဆိုးရွားများက မူမမှန်သော လောင်မြိုက်မှုနှင့် စိုးရိမ်မှုများ ခံစားလာရသည်။ သူတို့၏တိုက်ခိုက်မှု အများစုကို ထိုထူးဆန်းသော အားစက်ကွင်းက စုပ်ယူလိုက်ပြီး ပျော်ဝင်သွားကာ ချန်လွေ့၏ ကိုယ်ပိုင်စွမ်းအားအဖြစ် ပြောင်းလဲသွားသည်။

ချန်လွေ့၏ လက်ရှိတိုက်ခိုက်မှုတွင် [ နွေပိုင်နက် ] အတွက် သီးသန့်ဖြစ်သော ဝိညာဉ်တိုက်ခိုက်မှု ပါဝင်နေပြီး ဖြစ်သည်။ ဝိညာဉ်စွမ်းအားမှာ မကောင်းဆိုးရွားများ၏ အားနည်းချက် အတိအကျပင် ဖြစ်သည်။ ပေါင်းစည်းစွမ်းအား၏ ပြင်းထန်သော တိုက်ခိုက်မှုကြောင့် ရှေ့တက်လာသော မကောင်းဆိုးရွား အရေအတွက် သိသိသာာ လျော့ကျလာပြီး နောက်ဆုံး၌ အားလုံးကုန်သွားသည်။

ပျက်ယွင်းသွားသော အားစက်ကွင်းလည်း တဖြည်းဖြည်းနှင့် အစိမ်းရောင် လေညင်းအဖြစ် ပြောင်းလဲသွားသည်။ ချော်ရည်၏ မွန်းကြပ်သော အပူသည်ပင် ထိုကဲ့သို့ လန်းဆန်းသော အေးမြမှုကို မဝါးမျိုနိုင်ခဲ့ပေ။ ချန်လွေ့၏ဒဏ်ရာ ဖြည်းဖြည်းချင်း မကောင်းမချင်း ထိုလေညင်း မပျောက်ကွယ်သွားခဲ့ပေ။

[ နွေဦးပိုင်နက် ] ကို အသုံးပြုက ဒဏ်ရာကုသပြီးနောက် ချန်လွေ့က ပိုင်နက်စွမ်းအားကို ရုတ်သိမ်းပြီး မြေပြင်ပေါ်၌ ထိုင်ချကာ မောဟိုက်နေသည်။ ၎င်းမှာ ထိုကြောက်မက်ဖွယ်ရာ မကောင်းဆိုးရွားများကို သုတ်သင်ရန်အတွက် စွမ်းအားအကုန် အသုံးပြုပြီးမှသာ ဖြစ်သည်။ ၎င်းသည် အစွမ်းအများအပြား ကုန်ဆုံးစေသော်လည်း ရရှိမှုများမှာ မသေးငယ်လှပေ။

သူ၏ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသော ပေါင်းစည်းစွမ်းအားမှာ လေ့ကျင့်ရေး အတွင်း ထိုကဲ့သို့ မပြင်းထန်ခဲ့ပေ။ ယခုတွင် သူက အုပ်စုလိုက်တိုက်ခိုက်ရာ၌ အသုံးပြုသောအခါ တိုးတက်ရမည့်နေရာများ အများအပြား ရှိနေသေးကြောင်း သဘောပေါက်လိုက်သည်။ စွမ်းအားကို တိုးမြှင့်၍ ရနိုင်ပြီး ကုန်ဆုံးနှုန်းကိုလည်း လိုအပ်သလို လျှော့ချနိုင်မည် ဖြစ်သည်။ အကယ်၍ တိုးတက်မှု အောင်မြင်ခဲ့လျှင် စူပါစနစ်ထက် မနိမ့်ကျသော တိုက်ခိုက်ရေး ပညာရပ်အသစ်တစ်ခု ဖြစ်လာပေမည်။

ပိုင်နက်နှင့်ပတ်သက်၍ တိုးတက်ကောင်းမွန်ရန် လိုအပ်သော အသေးစိတ်အချို့ အပြင် တိုက်ခိုက်ရေးအားနည်းချက်များမှာလည်း သိသာလာခဲ့သည်။ [ ဆောင်းဦးပိုင်နက် ] ဖြစ်စေ၊ [ နွေပိုင်နက် ] ဖြစ်စေ၊ ၎င်းတို့မှာ အဓိကအားဖြင့် အထောက်အပံ့သာဖြစ်ပြီး တကယ့်သေစေနိုင်မှု ကင်းမဲ့နေသည်။ အမှန်တကယ်၌ ချန်လွေ့က ထိုအချက်က ယခင်ကတည်းက စဉ်းစားနေခဲ့သည်။ သူ၏စိတ်ကူးထဲ၌ နောက်ဆုံး [ ဆောင်းပိုင်နက် ] မှာ ထိုအားနည်းချက်ကို ဖာထေးပေးနိုင်မည့် ပိုင်နက်တစ်ခု ဖြစ်ပေသည်။

လက်ရှိ၌ [ ဆောင်းပိုင်နက် ] ၏ ယေဘုယျ “ကန့်သတ်ချက်”မှာ ပြီးစီးလုနီးပါး ဖြစ်နေသော်လည်း ထိုကဲ့သို့ ပိုင်နက်မျိုးက စူပါစနစ်ထဲတွင် မရှိသည့်အတွက် အရေးအပါဆုံးသော “ဝိညာဉ်” လိုအပ်နေသေးသည်။ ချန်လွေ့က အလကား လမ်းကြုံလိုက်စီး၍မရဘဲ ကိုယ်တိုင်နားလည်သဘောပေါက်ရမည် ဖြစ်သည်။

ခဏကြာ အားဖြည့်ပြီးနောက် ချန်လွေ့က လမ်းပေါ်၌ တဖန် ခြေချလိုက်ပြန်သည်။ အသူရာချောက်နက်ပန်း အရေအတွက်လည်း တဖြည်းဖြည်း တိုးလာသည်။ ရန်သူများ ပို၍ပို၍ များလာသည်။ မကောင်းဆိုးရွား အငယ်များသာမက ကိုင်တွယ်ရ ခက်ခဲသော အမည်မသိ နတ်ဆိုးမကောင်းဆိုးရွားများလည်း ပါလာသည်။ ထိုနတ်ဆိုးမကောင်းဆိုးရွား၏ ဦးခေါင်ပေါ်၌ ချိုကွေးတစ်ချောင်း ရှိနေပြီး သန်မာကာ အရပ်မြင့်လျက် မျက်လုံးများက မီးတောက်ကဲ့သို့ အနီရောင်အလင်းများနှင့် လောင်ကျွမ်းနေလေသည်။ ၎င်း၏ လက်မောင်းနှင့် ပုခုံးများတွင် ချွန်ထက်သော အရိုးဆူးချွန်များ ရှိနေသည်။ ၎င်း၏ အသွင်အပြင်က မဟာနတ်ဆိုး၏ တိုက်ခိုက်ရေးပုံစံနှင့် ဆင်တူသည်။ သို့သော်လည်း ၎င်းက ပို၍ ကြောက်စရာကောင်းပြီး ကြမ်းကြုတ်ရက်စက်သည်။ ၎င်း၏ အနက်ရောင် အသားအရေက မီးတောက်ကဲ့သို့ အနီရောင်အလင်းတစ်ခု ပေါ်လွင်နေသည်။ ၎င်း၏ စွမ်းအားမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်သော စက်တစ်ခုသဖွယ် အလွန်အမင်း ထိန်းသိမ်းမရ ဖြစ်သည်။

နတ်ဆိုးမကောင်းဆိုးရွားများ၏ ပိုမြင့်မားသော အသိဉာဏ်နှင့် သွေးမျိုးဆက်တို့ ရှိကြပြီး မကောင်းဆိုးရွားငယ်များကို တိုက်ခိုက်ရန် ညွှန်ကြားနိုင်သည်။ ချန်လွေ့က အသူရာချောက်နက်ပန်း၏ ကြောက်မက်ဖွယ်ရာ သက်ရောက်မှုကို သိထားပြီးဖြစ်သည်။ ချိုပါသော ထိုမကောင်းဆိုးရွားများမှာ လက်ရှိတွင် မဟာနတ်ဆိုးအဆင့်သာ ဖြစ်သည်။ အသူရာချောက်နက်ပန်း၏စွမ်းအားကို သူတို့ လက်ခံလိုက်သည်နှင့် နတ်ဆိုးဧကရာဇ် အဆင့်သို့ ရောက်ရှိသွားနိုင်ပေသည်။ သို့သော်လည်း အသူရာချောက်နက်ပန်း၏ အာနိသင်မှာ အဆုံးမဲ့ မဟုတ်ပေ။ တိုးမြှင့်သက်ရောက်မှုပြီးနောက်တွင် အားနည်းသော အချိန်အတိုင်းအတာ တစ်ခုသို့ ရောက်ရှိသွားမည် ဖြစ်သည်။

ချန်လွေ့၏ နည်းဗျူဟာမှာ အသူရာချောက်နက်ပန်းနှင့် တတ်နိုင်သမျှ အဝေးဆုံး နေရန်ဖြစ်ပြီ ပိုင်နက်သုံးခုကို ပေါင်းစည်းကို တစ်ချက်တည်း သတ်ပစ်ရန် ဖြစ်၏။ ပထမဦးစွာ အန္တရာယ်အများဆုံး ချိုပါသည့် နတ်ဆိုးမကောင်းဆိုးရွားများကို အားကုန်သုံး သတ်ပစ်မည်။ ထို့နောက် မကောင်းဆိုးရွားငယ်များကို ရင်ဆိုင်မည်။ အသူရာချောက်နက် ပန်းများကို မရှောင်နိုင်လျှင် အချိန်ဆွဲသည့်နည်းဗျူဟာကို အသုံးပြုပြီး တိုးမြှင့်သက်ရောက်မှု ပြယ်သွားသည်ထိ စောင့်ဆိုင်းကာ ရန်သူကို သတ်ပစ်မည်။

ထိုစမ်းသပ်လောက၌ စွမ်းအားကုန်ဆုံးခြင်းသာရှိပြီး ဆာလောင်ခြင်း မရှိပေ။ ရုပ်ပိုင်းဆိုင်ရာ အားအင်ကုန်ခမ်းမှု ကြီးမားသော်လည်း ချန်လွေ့ ကြံ့ကြံ့ခံနိုင်သေးသည်။ အစုအပြုံလိုက်သတ်ဖြတ်ပြီး လေ့ကျင့်ပြီးနောက်တွင် သူက ပေါင်းစည်းစွမ်းအားကို ပို၍ ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်လာသည်။ နောက်ထပ် လျို့ဝှက်ဆန်းကြယ်သော ခံစားချက်က ရေးရေးလေး ထင်ရှားလာသည်။ သို့သော်လည်း ထိုအချိန်၌ အဓိက သော့ချက်မှာ မထင်ရှားသေးပေ။

“ဂါး...”

တစ်ချိန်တည်းမှာပင် ချန်လွေ့က အန္တရာယ် အချက်ပြတစ်ခုကို ခံစားလိုက်မိပြီး ရှေ့လိုဏ်ခေါင်းမှ ဟိန်းသံတစ်သံ ထွက်လာသည်။ သူ၏အရှေ့၌ ထောင်နှင့်ချီသော မကောင်းဆိုးရွား အငယ်များကို အမိန့်ပေးနေသည့် ချိုပါသော နတ်ဆိုးမကောင်းဆိုးရွား တစ်ဖွဲ့ ပေါ်ထွက်လာလေသည်။ ထိုအထဲ၌ အရပ်အမြင့်ဆုံး ချိုနှင့်နတ်ဆိုးမကောင်းဆိုးရွား မျက်လုံးထဲ၌ အနီရောင်အလင်းက အခြားသူများထက် ပိုမိုတောက်ပနေသည်။ ၎င်းက သန္ဓေပြောင်းစွမ်းအားကို ရရှိထားဟန်တူသည်။

သန္ဓေပြောင်း ချိုပါသောနတ်ဆိုးမကောင်းဆိုးရွားက လက်ထဲ၌ အသူရာချောက်နက် ပန်းတစ်ပွင့်ကို ကိုင်ထားသည့်အတွက် ချန်လွေ့၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။ ထို့နောက် ၎င်း၏ ရက်စက်ကြမ်းကြုတ်သော အကြည့်က ချန်လွေ့ကို စိုက်ကြည့်နေပြီး ကြောက်စရာကောင်းအောင် ပြုံးလိုက်သည်။

အသူရာချောက်နက်ပန်း ပေါက်ကွဲထွက်သွားပြီး အနီးအနားရှိ နတ်ဆိုးမကောင်းဆိုးရွားများ တစ်ပြိုင်နက်တည်း အော်ဟစ်ကာ သန္ဓေပြောင်းလာသည်။ သူတို့၏ ခန္ဓာကိုယ် သိပ်ပြီး မကြီးလာသော်လည်း ခန္ဓာကိုယ်ရှိ အနီရောင်အလင်းက ပို၍ အရောင်တောက်လာသည်။ တစ်ချိန်တည်းမှာပင် ချိုကွေးများ၊ အရိုးဆူးချွန်များနှင့် ခြေလက်များက မီးတောက်များ တောက်လောင်လာပြီး သူတို့၏ အငွေ့အသက်က ရုတ်တရက် နှစ်ဆဖြစ်သွားသည်။

ချိုပါသော နတ်ဆိုးမကောင်းဆိုးရွားများအပေါ်သို့ အသူရာခြောက်နက်ပန်း၏ တိုးမြှင့်သက်ရောက်မှုမှာ ယခင်မကောင်းဆိုးရွားငယ်များထက် အားနည်းကြောင်း ချန်လွေ့ ခံစားမိသည်။ သန္ဓေပြောင်းများ၏ တိုးမြှင့်မှုမှာ အထက်ကန့်သတ်ချက် ရှိပုံရသည်။ သို့သော်လည်း ချိုပါသည့် နတ်ဆိုးမကောင်းဆိုးရွားအချို့မှာ နတ်ဆိုးဧကရာဇ်အဆင့် သို့မဟုတ် နတ်ဆိုးဧကရာဇ်အဆင့်နားသို့ ချဉ်းကပ်နေပြီ ဖြစ်သည်။ ထို့အပြင် အခြား ချိုပါသော နတ်ဆိုးမကောင်းဆိုးရွားများလည်း အသူရာချောက်နက်ပန်းကို စတင် အသုံးပြုလာကြသည်။ စွမ်းအားမြင့်မားနေသော မကောင်းဆိုးရွားများက ချန်လွေ့ထံသို့ ဒီရေသဖွယ် ပြေးဝင်လာကြတော့သည်။

ချန်လွေ့က မတုံ့မဆိုင်းဘဲ လှည့်ထွက်ပြေးတော့သည်။ လာနောက်နေတာလား။ ဒီလောက်စွမ်းအား ခြားနားနေမှတော့ ဘာနည်းဗျူဟာကမှ အသုံးဝင်မှာ မဟုတ်ဘူး။ အရင်ထွက်ပြေးတာ အကောင်းဆုံးပဲ။

သန္ဓေ‌ပြောင်းကောင်က အစွမ်းထက်လှသည်။ ၎င်းက ချန်လွေ့နောက်သို့ အနီးကပ် လိုက်လာသည်။ ထို့နောက် ၎င်း၏ ပုခုံးပေါ်မှ မီးတောက်များနှင့် အရိုးဆူးချွန်များကို ထက်မြက်လှသော မြားတစ်ချောင်းသဖွယ် ရုတ်တရက် ပစ်လွှတ်လိုက်သည်။ ချန်လွေ့ ခြေတစ်လှမ်းနောက်ကျသွားပြီး ဘယ်ပုခုံးကို အရိုးဆူးချွန် ဖောက်ထွင်းသွားသည်။ ချော်ရည်ကဲ့သို့ မီးတောက်က သူ၏ဒဏ်ရာအနီးမှ သျှစ်ရှူးများကို လောင်ကျွမ်း နေသကဲ့သို့ပင် ဖြစ်နေသည်။ သူ၏သွေးများ အလျင်အမြန်ပင် အငွေ့ပျံသွားပြီး ထိုကဲ့သို့ မြင့်မားလှသော အပူချိန်ကြောင့် အရိုးများပင် ပြာဖြစ်လုမတတ် ဖြစ်သွားခဲ့သည်။

ဒဏ်ရာရသွားသော ချန်လွေ့၏အရှိန် ရုတ်တရက် နှေးသွားပြီးနောက် ရုတ်တရက် နောက်လှည့်ပြီး လက်သီးဖြင့် ထိုးလိုက်သည်။ လှိမ့်တက်နေသော စွမ်းအင်ရှိသည့် ဧရာမလှိုင်း၇ခုက ချဉ်းကပ်လာသော လက်ရွှေးစင် မကောင်းဆိုးရွားကို ထိသွားသည်။ ၎င်း၏ ရင်ဘတ်ပေါ်၌ လက်သီးရာတစ်ခု ပေါ်ထွက်လာပြီး မကောင်းဆိုးရွားကို နောက်ပြန်လွင့်သွားစေသည်။ လမ်းတစ်လျှောက်၌ မီးတောက်နေသော အရည်များ စင်ကုန်၏။ သို့သော်လည်း ၎င်းက မတ်မတ်ရပ်နေဆဲပင်ဖြစ်ပြီး သေစေနိုင်သော ဒဏ်ရာများ မခံစားခဲ့ရပေ။

ထိုလုပ်ရပ်က ချန်လွေ့ကို ပို၍ပင် နှေးကွေးသွားစေသည်။ သူက မျက်စိတစ်မှိတ် အတွင်းမှာပင် အဝိုင်းခံလိုက်ရသည်။ မကောင်းဆိုးရွားများက အလွန်ဉာဏ်များပြီး တိုက်ရိုက် မတိုက်ခိုက်ကြပေ။ ထိုအစား သူတို့က သန္ဓေပြောင်း မကောင်းဆိုးရွား အငယ်လေးများကို အသည်းအသန် ဝိုင်းတိုက်စေသည်။ ထိုစဉ် သူတို့က ဘေးဖက်၌ ပုန်းအောင်းနေကြပြီး အလစ်တိုက်ခိုက်ရန် အခွင့်အရေးကို စောင့်ဆိုင်းနေကြသည်။

ချန်လွေ့က ယခုတွင် အစွမ်းကုန် ထုတ်မှသာ ရတော့မည်ဖြစ်ကြောင်း သိလိုက်သည်။ သူက နာကျင်မှုကို တောင့်ခံပြီး အရိုးဆူးချွန်ကို ဆွဲထုတ်လိုက်ပြီး လက်နက်အဖြစ် ကိုင်ထားကာ မကောင်းဆိုးရွားအုပ်စုဆီသို့ ပြေးဝင်သွားတော့သည်။

အစုလိုက်အပြုံလိုက်နီးပါး သတ်ဖြတ်နေစဉ်အတွင်း ချန်လွေ့က တိုက်ကွက်အကုန် ထုတ်သုံးလိုက်သည်။ တိုက်ခိုက်ခြင်း၊ ခုခံခြင်းနှင့် ရှောင်တိမ်းခြင်းတို့မှာ အလိုလိုပင် ဖြစ်နေခဲ့သည်။ သေရေးရှင်ရေး အစွန်အဖျားနားသို့ ရောက်လေလေ ထူးဆန်းသော ခံစားချက်က ပို၍ လေးနက်လာလေလေပင် ဖြစ်သည်။ အကယ်၍ သူက ထိုခံစားချက်ကို ဆက်လက်သဘောပေါက်နိုင်လျှင် ၎င်းကို အမှန်တကယ် တတ်ကျွမ်းသွားပေမည်။ ကံဆိုးစွာပင် ချန်လွေ့၏ ဒဏ်ရာများ အလွန်အမင်း ပြင်းထန်နေပြီး သူ၏ခွန်အားမှာ ပြိုလဲလုမတတ် ဖြစ်နေသည့်အတွက် ထိုအချိန်ကို မစောင့်နိုင်တော့ပေ။ သူက မကောင်းဆိုးရွားအုပ်ကြီး၏ လုံးဝလွှမ်းမိုးခြင်းခံရတော့မည် ဖြစ်သည်။

ရုတ်တရက် လိုဏ်ဂူထိပ်မှ ကျောက်နံရံများ စတင်လှုပ်ခါလာပြီး ကျောက်စက်ပန်းဆွဲများ ဆက်လက်ပြုတ်ကျလာသည်။ ရုတ်တရက် ပြိုလဲသံ တစ်သံနှင့်အတူ ကြီးမားသော အပေါက်ကြီးတစ်ပေါက် ပေါ်ထွက်လာခဲ့သည်။

အနက်ရောင်ပုံရိပ်တစ်ခု အပေါက်မှ အလျင်အမြန် ဆင်းသက်သွားပြီး လိုဏ်ခေါင်း တစ်ခုလုံးကို တုန်ခါသွားစေသည်။ ၎င်းမှာ ၁၀မီတာခန့် မြင့်မားသော အလွန်ကြီးမားသည့် လူသားပုံရိပ်တစ်ခု ဖြစ်သည်။ သူ၏တစ်ကိုယ်လုံးကို ရွှေအိုရောင်သတ္တုဖြင့် ပြုလုပ်ထားပြီး မျက်လုံးများကလည်း အပြာရောင်ဖျော့ဖျော့ တောက်ပနေသေည်။ ၎င်းက အက်စ်မိုဒက်စ် တော်ဝင်မိသားစု၏ [ စစ်ရုပ်သေး ] ထက်ပင် ပိုမိုကြီးမားပြီး ချန်လွေ့၏ မှတ်ဉာဏ်ထဲရှိ အခြားလောက စိတ်ကူးယဉ်ဝတ္ထုများတွင် ဖော်ပြထားသော ရွှေ့ပြောင်း၍ရသည့် ချပ်ကာနှင့် အနည်းငယ် ဆင်တူနေသည်။

ဧရာမစက်ရုပ်ကြီးက ခြေထောက်ကို ဆောင့်နက်လိုက်ရာ အချိန်မီ မရှောင်နိုင်သော မကောင်းဆိုးရွားငယ်များ ရုတ်တရက် အသားအချဉ်ရည်အဖြစ် အနင်းခံလိုက်ရသည်။ ၎င်းက လက်ဝါးကိုဖြန့်လိုက်ရာ အလယ်တွင် အမြောက်တစ်လက် ပေါ်ထွက်လာသည်။ ထို့နောက် ရွှေရောင်အလင်းတန်းတစ်ခု ထွက်လာပြီး မကောင်းဆိုးရွားများ အားလုံးကို သုတ်သင်ပစ်လိုက်၏။

အပေါ်တွင်းပေါက်မှ အနက်ရောင်ပုံရိပ်များ အဆက်မပြတ် ဆင်းသက်လာသည်။ သူတို့မှာ သလင်းကျောက်ကဲ့သို့ ကြည်လင်သော နတ်ဆိုးသားရဲတစ်မျိုးဖြစ်ပြီး ချန်လွေ့အား သလင်းကျောက် လူသားများအကြောင်း တွေးမိလိုက်သည်။ ထို့နောက် နောက်ထပ်ရင်းနှီးသော ဇာတ်ကောင်တစ်ခု ပေါ်ထွက်လာသည်။ မီးအိမ်တစ္ဆေ။

မီးအိမ်တစ္ဆေတစ်ယောက်က ချန်လွေ့အနားသို့ ရောက်လာသည်။ သူက လက်ကို ဆန့်တန်းလိုက်ရာ ချန်လွေ့အပေါ်၌ အဖြူအရောင်အလင်း တောက်ပသွားပြီး ဒဏ်ရာများ အလျင်အမြန် စတင်ကောင်းမွန်လာသည်။

ထိုမီးအိမ်တစ္ဆေက ချန်လွေ့ကို တစ်ခုခု ပြောလိုက်သည်။ ကံဆိုးစွာပင် ချန်လွေ့က ယခုတွင် စူပါစနစ်၏ စွမ်းရည်ကို ဆုံးရှုံးထားသည့်အတွက် ထိုမီးအိမ်တစ္ဆေ ပြောနေသည်ကို နားမလည်နိုင်ပေ။ တစ်ခုသေချာသည်က ထိုမီးအိမ်တစ္ဆေများ၊ သလင်းကျောက် နတ်ဆိုးသားရဲများနှင့် အလွန်ကြီးမားသော စက်ရုပ်ကြီးများမှာ သူ၏ ရန်သူများ မဟုတ်ခြင်းပင်။

All Chapters