← Chapters

ကြီးမားသောအကျိုးရလာဒ်

Vol. 35 Ch. 523

ကြီးမားသောအကျိုးရလာဒ်

Vol. 35 Ch. 523

ရှည်လျားသော မြွေကဲ့သို့ ခွေပတ်ရစ်နေသည့် ရဲရဲတောက်ဖြစ်နေသော “ဧရာမသားရဲ”ကို ကြည့်ရင်း သလင်း‌ကျောက်နဂါးက ဖိနှိပ်သော ခံစားချက်တစ်မျိုး ခံစားလိုက်သည်။ အေးစက်သော အငွေ့အသက်ရှိ ဝိညာဉ်စွမ်းအားသာမက ကြမ်းကြုတ်ရက်စက်သော ဧရာမနဂါးကိုယ်တိုင်သည်လည်း အဆင့်တူချင်း သဘာဝ အနိုင်အထက်ပြုမူနေဟန်တူသည်။

၎င်းမှာ နဂါးအစစ်မှန်ဖြစ်ပြီး မိမိမှာ လင်းနို့တောင်ပံ ပါရှိသော ပုတ်သင်ညိုတစ်ကောင်သာ ဖြစ်သည်ဟူ၍ပင် အဆိပ်နဂါး ထင်မှတ်မိသွားသည်။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒါက စွမ်းအားကနေ အတုခိုးထားတဲ့ အမည်မသိ နတ်ဆိုးသားရဲတစ်ကောင်လေးပဲကို။

ဖျက်ဆီးမှု အေးခဲအငွေ့အသက်က မီးတောက်များ ပြည့်နှက်နသော မီးသင့်နဂါးနှင့် ပြဿနာ မဖြစ်ခဲ့ပေ။ ၎င်းကို မီးတောက်များကိုပင် ပိုမိုလောင်ကျွမ်းသွားစေသည်။ အလွန်ကြမ်းတမ်းသော အရှိန်အဝါက ယာကော့ဘ်ထံ မရောက်ခင်အထိ တင်းတင်းကြပ်ကြပ် အသေမှတ်ထားနေသည်။

ယာကော့ဘ် မရှောင်နိုင်တော့ပေ။ ရှင်းပြ၍မရသော နိုင်ထက်စီးနင်းပြုသည့် မီးသင့်နဂါးကို ရင်ဆိုင်ရသည့်အခါ သူ၏စိတ်ထဲ၌ ပြင်းထန်သော မသက်သာမှုတစ်ခု ရှိနေသည်။ သလင်းကျောက်နဂါး၏ခန္ဓာကိုယ်က အစိမ်းရောင်မီးတောက်များ ပေါက်ကွဲထွက်သွားပြီး မီးသင့်နဂါးထံသို့ အရှိန်ဖြင့် ပြေးဝင်သွားတော့သည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် အစိမ်းရောင်မီးတောက်များထဲရှိ သလင်းကျောက် နဂါးနှင့် မီးတောက်များ ဖုံးလွှမ်းနေသော မီးသင့်နဂါးတို့က လေထဲမှာပင် အချင်းချင်း ဝင်တိုက်သွားကြသည်။ [ သလင်းကျောက်ပိုင်နက် ] တစ်ခုလုံး တုန်ခါသွားပြီး အေးခဲနေသော ပင်လယ်ပေါ်၌ အလွန်ကြီးမားသော အက်ကြောင်းများ ပေါ်ထွက်လာ၏။ မိုးထိသော အေးခဲနေသည့် သလင်းကျောက်များ ကျိုးပဲ့သွားပြီး တစ်ခုပြီးတစ်ခု ပြိုလဲကုန်သည်။ မြောက်မြားလှစွာသော ပြန့်ကျဲနေသည့် ရေခဲနှင့် သလင်းကျောက်များက ကောင်းကင်ထဲ လွင့်ပျံနေကြလေသည်။

အပေါ်ယံ၌ သလင်းကျောက်နဂါးက မီးသင့်နဂါး၏ နှစ်ဖက်စလုံးမှ စွမ်းအားကို အောင်အောင်မြင်မြင်နှင့် ခုခံနိုင်ပြီး အဆင့်တူ၌ လက်ရည်တူနေပုံရသည်။ သို့သော် ထိုမီးသင့်နဂါးက ထင်ထားသည်ထက် ပိုမိုကြောက်စရာကောင်းသည်ကို ယာကော့ဘ် ယခုတွင် သိလိုက်သည်။ မွေးရာပါကဲ့သို့ ဖိအားက အမှန်ကယ်ပင် စိတ်ထင်သည် မဟုတ်ပေ။ ထို့အပြင် ထိုဝိညာဉ်ဖိအား၏ ဖျက်ဆီးခြင်းအေးစက်မှုအောက်တွင် သူ၏ [သလင်းကျောက်ပိုင်နက်] စွမ်းအားလည်း အနိမ့်ဆုံးအထိ ချုပ်တည်းခံလိုက်ရသည်။

သူ၏ခန္ဓာကိုယ်နှင့်ပိုင်နက်က အဆင့်သဘာဝအတိုင်း ချုပ်တည်းခံရသကဲ့သို့ ဖြစ်နေသည်။ ၎င်းမှာ နှစ်သောင်းချီအတွင်း ပထမဆုံးအကြိမ် ဖြစ်သည်။ ယာကော့ဘ်က အလွန်အမင်း ဒေါသထွက်နေသော်လည်း ယခုတွင် အတော်လေး အခြေအနေ ဆိုးနေလေပြီ။ သူ၏ခန္ဓာကိုယ်က မီးသင့်နဂါးကြောင့် အပေါ်မြောက်တက်သွားပြီး သလင်းကျောက်တိုင်များ ပိုပိုပြိုလာသည်။ [ သလင်းကျောက်ပိုင်နက် ] သည်လည်း ပြိုလဲလုမတတ် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။

“ဂွတ်..”

သလင်းကျောက်နဂါး၏ ခန္ဓာကိုယ်ပေါ်၌ မြောက်မြားလှစွာသော အက်ကြောင်း အသေးလေးများ ပေါ်ထွက်လာသည်။ ငွေသေတ္တာကြောင့် တိုက်ပွဲအတွင်း ရရှိခဲ့သော ဒဏ်ရာများမှာလည်း ပြန်မကောင်းသေးပေ။ ထို့နောက် သူက ပါ့ဂ်လီအိုနှင့် ကတ်သရင်း တို့ကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။ ယခုတွင် မီးသင့်နဂါး၏ အလွန်ကြီးမားသည့် ဖိအားကြောင့်လည်း သူ၏ခန္ဓာကိုယ်က ဝန်ဒဏ်ရာ မခံနိုင်တော့ပေ။

ရုတ်တရက် အလွန်ကျယ်လောင်သော အသံတစ်သံသာ ကြားလိုက်ရ၏။

ကောင်းကင်၊ အေးခဲနေသော ပင်လယ်ကမ်းခြေ၊ မိုးထိမြင့်မားသော ကျောက်တိုင်များ ..... အားလုံးက ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့သည်။

လေထဲ၌ အလွန်ကြီးမားသော သလင်းကျောက်နဂါး၏ ခန္ဓာကိုယ်က သနားစရာ ကောင်းအောင် အူလိုက်ပြီး ပျံပြေးသွားတော့သည်။ လမ်းတစ်လျှောက်၌ သလင်းကျောက်များနှင့် ကြေးခွံများ ပြန့်ကျဲနေပြီး မီးသင့်နဂါးကလည်း ကောင်းကင်သို့ သွေးရူးတန်းရူး ပျံတက်သွားကာ ထွက်ပြေးသွားသော ရန်သူကို ပြုံးဖြီးဖြီး လုပ်နေဟန် တူသည်။

ထိုအချိန်၌ ယာကော့ဘ်၏ နှလုံးသားထဲမှ အကြီးမားဆုံးအရာမှာ အမုန်းတရား မဟုတ်ဘဲ ကြောက်ရွံ့ခြင်း ဖြစ်နေသည်။

ဒီရန်သူက ငါ့ရဲ့ ဝိပါက်ပဲ။ အဆိပ်နဂါး ပါ့ဂ်လီအိုထက်တောင် ပိုပြီးတော့ “ဝိပါက်” ဖြစ်တယ်။

ဒီ “အာသာ”နဲ့ ပထမဆုံး ငါ ဆုံခဲ့တုန်းက ရှေးမှော်စာကျောက်ပြားတွေ အခိုးခံခဲ့ရပြီး အဲဒီမိန်းမကြောင့် ငါ ဒဏ်ရာအပြင်းအထန် ရသွားခဲ့တယ်။

ဒုတိယတစ်ကြိမ် ပြန်တွေ့သော ငါ့ကို ပါ့ဂ်လီအိုက အပြင်းအထန် ထိခိုက်အောင် လုပ်ခဲ့ပြီးတော့ ငါ ခက်ခက်ခဲခဲ စုဆောင်းထားခဲ့တဲ့ ကြွယ်ဝမှုကိုလည်း လုယူခံလိုက်ရတယ်။

တတိယတစ်ခေါက် ဒီရန်သူနဲ့ ငါတွေ့တော့ သူက နတ်ဆိုးဘုံရဲ့ နံပါတ်(၁) မိန်းမနဲ့လည်း မဟုတ်ဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀တုန်းက ရန်သူဟောင်းနဲ့လည်း မဟုတ်ဘူး။ သူ တစ်ယောက်တည်းပဲ။ အဲဒါကြောင့်ပဲ အရင်က အရှက်ကွဲခဲ့တာတွေ အတွက် လက်စားချေဖို့ အခွင့်အရေးတစ်ခု ဖြစ်လာခဲ့တာ။ ဒါပေမဲ့ ဒီဝိပါက်မှာ ငါ့ကို သတ်နိုင်လောက်တဲ့ စွမ်းအားရှိနေလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး။ မီးသင့်နဂါးကို လမ်းကြောင်းလွှဲဖို့အတွက် ငါ့ရဲ့ပိုင်နက်ကို မဖောက်ခွဲခဲ့ရင် အဲဒါကြောင့် ငါ စုတ်ပြတ်သပ်သွားလောက်တယ်။ အခုတော့ ငါက ဒဏ်ရာအပြည့် ဖြစ်နေပြီ။ ငါ ထွက်မပြေးရင် သေချာပေါက် သေမှာပဲ။ 

ကောင်းကင်ထဲသို့ သလင်းကျောက်နဂါး ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ချန်လွေ့က ခွန်အားများ ဆုံးရှုံးသွားပြီး မြေပြင်ပေါ်၌ ဖြည်းဖြည်းချင်း ထိုင်ချလိုက်၏။ သူက အောင်နိုင်မှုကို အခွင့်‌ကောင်းယူပြီး ယာကော့ဘ်ကို မသတ်ချင်၍ မဟုတ်ပေ။ ခုနက [ မီးသင့်နဂါးသတ်ဖြတ်ခြင်း ] က သူ၏ မချေဖျက်နိုင်သောစွမ်းအားအများစုကို အောင်အောင်မြင်မြင် ဖောက်ခွဲပစ်လိုက်နိုင်၍ ဖြစ်သည်။ သလင်းကျောက်နဂါးက ဒဏ်ရာအပြင်းအထန်ရသွားပြီး ပိုင်နက်စွမ်းအားကို ဖောက်ခွဲလိုက်သည့်အခါ လက်ကျန် ဝိညာဉ်စွမ်းအားအကုန် ပယ်ဖျက်ခံလိုက်ရလေသည်။

တစ်နည်းပြောရလျှင် ချန်လွေ့၏ခန္ဓာကိုယ်ကို လုယူချင်သည့် ဝိညာဉ်စွမ်းအားကို [ကြယ်ဝါးမျိုခြင်း] ၊ [ကြယ်ကူးပြောင်းခြင်း] နှင့် တိုက်ပွဲအတွင်း စွမ်းအားအသုံးချမှုကြောင့် နောက်ဆုံးတွင် ကုန်ခမ်းသွားခြင်း ဖြစ်သည်။ အကယ်၍ ယာကော့ဘ် ထွက်မပြေးဘဲ ယခု ပြန်လာလျှင် ထွက်ပြေးရမည့်သူမှာ ချန်လွေ့ဖြစ်နေပေလိမ့်မည်။ ၎င်းမှာ နှစ်ဖက်လုံး ကြောက်ရွံ့နေကြသော တိုက်ပွဲတစ်ခု ဖြစ်နေပေသည်။

ယခုတွင် သလင်းကျောက်နဂါးက ကြောက်ရွံ့လျက် ထွက်ပြေးသွားရာ ချန်လွေ့က စိတ်ကိုလျှော့ချပြီး ခန္ဓာကိုယ်ထဲမှ အသစ်စက်စက် ရရှိထားသော စွမ်းအားကို ဖြည်းဖြည်းချင်း ချိန်ညှိလိုက်သည်။

ယခုတစ်ခေါက် “အမွေအနှစ်”မှာ ကပ်တိုးလေး လွတ်မြောက်သွားခြင်း ဖြစ်သည်။ အတိအကျပြောရလျှင် အကျိုးရလာဒ်မှာလည်း တူညီစွာပင် ကြီးမားလှပေသည်။

ထိုအမွေအနှစ်ဆိုသည်က လျို့ဝှက်ကြံစည်မှု တစ်ခုဆိုသည်မှာ သိသာလှပေသည်။ ယခင် “မီးတောင်လိုဏ်ဂူစမ်းသပ်ချက်” က လက်ခံသူရန် စမ်းသပ်ရန် အခြေအနေတစ်ခု ဖြစ်နိုင်သည်။ သူ ကျရှုံးသွားလျှင် ဖယ်ရှားခံရပြီး သေသွားနိုင်ပေသည်။ လိုဏ်ဂူတာဝန် ပြီးပြီးနောက်တွင် အမွေအနှစ်ဆက်ခံခြင်း ( အမှန်တကယ်၌ ခန္ဓာကိုယ်ကို လုယူခြင်း ) ကို ဆုံးဖြတ်လိုက်သည်။ နောက်ပိုင်းကြင်နာသော ဆက်ဆံမှုက အမှန်တကယ်၌ ခန္ဓာကိုယ်ကို လုယူခြင်း၏အစ ဖြစ်ပေသည်။ ၎င်းတွင် အရသာတွေ့နေစဉ်အတွင်း အသိစိတ်က အကာအကွယ်မရှိဘဲ အလွယ်တကူ လုယူခံရပေမည်။ သို့သော်လည်း နတ်ဘုရား-တစ်ပိုင်းက စူပါစနစ်ကဲ့သို့ မမျှတသော အရာတစ်ခုကို မျှော်လင့်ထားမည် မဟုတ်သည်မှာ ဝမ်းနည်းစရာပင် ဖြစ်သည်။ ထို့ကြောင့် ၎င်းက ချန်လွေ့၏ “အာဟာရ” ဖြစ်သွားသည်။ ချန်လွေ့က ပိုလျှံနေသောစွမ်းအားကို ဖွင့်ထုတ်ရန်အတွက် ယာကော့ဘ်နှင့် တိုက်ခိုက်ရခြင်းမှာလည်း ကံကောင်း၍ပင် ဖြစ်သည်။ သို့မဟုတ်ပါက သူ၏ နတ်ဆိုးဧကရာဇ်အဆင့် ခန္ဓာအမျိုးအစားဖြင့် နတ်ဘုရား-တစ်ပိုင်းအဆင့် ဝိညာဉ်ကို “ချေဖျက်”နိုင်မည် မဟုတ်သည်မှာ သေချာသည်။ သူ မပေါက်ကွဲသွားသည့်တိုင် အသူရာ အသိစိတ်၏ ဝါးမျိုခြင်းကို ခံရပေလိမ့်မည်။

စူပါစနစ် အချက်အလက်ပြဇယား၌ စွမ်းအားအကဲဖြတ်တန်ဖိုးမှာ နတ်ဆိုး ဧကရာဇ်အဆင့် ထိပ်သီးပိုင်းဖြစ်သော A+ သို့ ရောက်ရှိသွားသည်။

ထိုခါးသီးမှုမှာ အလကားသက်သက် ဖြစ်မသွားခဲ့ပေ။ ချန်လွေ့ အလွန်ပင် ပျော်ရွှင်သွားခဲ့သည်။ သူ၏အသိစိတ်က “A+”ကို သတိထားမိသွားသည့်အခါ အသေးစိတ် တန်ဖိုးများကို ပြသလာသည်။

ခန္ဓာအမျိုးအစား - A+

ခွန်အား - A+

စိတ်ဝိညာဉ် - S+

အမြန်နှုန်း - A+

စိတ်ဝိညာဉ်က S+ ဟုတ်လား။

ဘာတွေဖြစ်နေတာလဲ။ ချန်လွေ့က ရုတ်တရက် စိတ်လှုပ်ရှားမှုကြောင့် ကြက်သေသေလုနီးပါး ဖြစ်သွားသည်။ သူ၏ဝိညာဉ် အဆပေါင်းစွာ ကျယ်ပြန့်သွားကြောင်း သူ အမှန်တကယ် ခံစားခဲ့ရသည်။ ထိုကျယ်ပြန့်မှုက စိတ်ဝိညာဉ်စွမ်းအား၌ အသုံးချလိုက်သည်။ ကံဆိုးစွာပင် ချန်လွေ့က မှော်ပညာရှင်တစ်ယောက် မဟုတ်ပေ။ သို့မဟုတ်ပါက သူ၏တိုက်ခိုက်ရေးစွမ်းအား တစ်ခါတည်း တိုးပွားသွားပေမည်။ ထိုသို့ ဆိုသည့်တိုင် စိတ်ဝိညာဉ်စွမ်းအား အရည်အသွေးပြောင်းလဲမှုနှင့် အကျိုးအမြတ်များက အတော်လေး ကောင်းမွန်လှသည်။ အမှန်တကယ်၌ ထိုစိတ်ဝိညာဉ်စွမ်းအားကြောင့်သာ ယာကော့ဘ်၏ တိုက်ခိုက်မှုများကို သူ ခန့်မှန်းနိုင်ခဲ့ခြင်း ဖြစ်သည်။

ချန်လွေ့က ခန္ဓာကိုယ်ထဲ၌ တစ်ခုခု ထူးခြားနေသည်ကို အာရုံခံမိပြီး ရုတ်တရက် သဘောပေါက်သွားသည်။ တိုက်ပွဲအတွင်း ဖွင့်ထုတ်ခဲ့သော စွမ်းအားများအပြင် အဂ္ဂိရတ် သက်ရှိအဖွဲ့အစည်း၏ နတ်ဘုရား-တစ်ပိုင်းဝိညာဉ်က သူ၏စိတ်ဝိညာဉ်စွမ်းအားကို အရည်အသွေးအရ ပြောင်းလဲသွားစေခဲ့သည်။ ထိုစဉ် ချန်လွေ့၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားနှင့် နတ်ဆိုးဧကရာဇ်အဆင့် နှောင်းပိုင်းကို တက်လှမ်းနိုင်စေခဲ့သည်က သူ၏ ခန္ဓာကိုယ်ထဲ၌ ထည့်ပေးခဲ့သော စေတန်၏ နတ်ဘုရား-တစ်ပိုင်း စွမ်းအားနှင့် တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ နတ်ဘုရား-တစ်ပိုင်း အဆင့်တူနှင့် ပိုမိုကြီးမားသော ဝိညာဉ်အောက်တွင် စေတန်၏ စွမ်းအား တစ်စိတ်တစ်ပိုင်းကို လုံးဝ စုပ်ယူနိုင်ခဲ့လေသည်။

ဤသို့ဖြင့် သူ၏ခန္ဓာကိုယ်ထဲ၌ လျို့ဝှက်အန္တရာယ်တစ်ခုကိုလည်း ဖယ်ရှားနိုင်ခဲ့၏။ [ နှစ်သွယ်လေ့ကျင့်ရေး ] အတွက် အနာဂတ်မှာ ငါ ဘာလုပ်သင့်လဲ။ စိုးရိမ်စရာ မလိုပါဘူး။ [ ကြယ်ဝါးမျိုခြင်း ] ထဲမှာ [ ကြယ်ကူးပြောင်းခြင်း ] နဲ့ မပြောင်းလဲရသေးတဲ့ ကျယ်ပြောတဲ့ ဝိညာဉ်တစ်ခု ရှိနေသေးတယ်။ ငါ့ရဲ့ မိန်းမတွေကို အကျိုးကျေးဇူးတွေရအောင် ကာမဆက်ဆံရင်းနဲ့ လုပ်လို့ရတာပဲ။

စွမ်းအားတိုးမြှင့်မှုအပြင် နောက်ထပ်ကြီးမားသော ရရှိမှုမှာ လေးခုမြောက် ပိုင်နက် [ဆောင်းပိုင်နက်]ကို သဘောပေါက်သွားခြင်းပင် ဖြစ်သည်။ [ဆောင်းပိုင်နက်] ကို ပြီးစီးရန်မှာ ချန်လွေ့၏ လိုချင်နေခဲ့သော ဆန္ဒတစ်ခု ဖြစ်သော်လည်း ကံဆိုးစွာပင် ယခင်က ကောင်းကောင်းမွန်မွန် မချဉ်းကပ်နိုင်ခဲ့ပေ။ ထိုစမ်းသပ်ချက်မှာ စူပါစနစ်ကို အသုံးမပြုရသော အခက်အခဲတစ်ခုဖြစ်ပြီး ချန်လွေ့အား လေ့ကျင့်ရန် အကောင်းဆုံး အခွင့်အရေးတစ်ခု ပေးခဲ့သည်။ အထူးသဖြင့် အဆုံးသတ်၌ မဟာဓားမကောင်းဆိုးဝါးကို တိုက်ခိုက်ခဲ့သော သေရေးရှင်ရေး အခိုက်အတန့်၌ သူက အံ့အားသင့်ဖွယ်ရာ သဘောတရားတစ်ခုကို တိတိကျကျ ဆုပ်ကိုင်နိုင်ခဲ့သည်။ ထိုကဲ့သို့ သဘောပေါက်ခြင်းကို ယာကော့ဘ်နှင့် တိုက်ခိုက်ရာ၌ လေ့ကျင့်ခဲ့လေသည်။

[ ဆောင်းပိုင်နက် ] မှာ အသူရာ၏ ဖျက်ဆီးမှုစွမ်းအားမှ ဉာဏ်ကွန့်မြူးထားခြင်း ဖြစ်သည်။ ရေခဲချိပ်ပိတ်နှင့် အဆုံးသတ်ခြင်းတို့က ထိုပိုင်နက်က အခြေခံ ဖြစ်ပေသည်။

[ သလင်းကျောက်ပိုင်နက် ] ကို ဖိနှိပ်နိုင်ခဲ့ရခြင်း၏ အရေးပါဆုံး ရည်ရွယ်ချက်မှာ [ သလင်းကျောက်ပိုင်နက် ] ၏ ဖိအားနှင့် နတ်ဘုရား-တစ်ပိုင်းအဆင့် ဝိညာဉ်စွမ်းအား၏ ပေါက်ကွဲမှုကို အသုံးချခဲ့၍ ဖြစ်သည်။ မတော်တဆ ထိခိုက်မှုအချို့၌ [ဆောင်းပိုင်နက်] က နတ်ဘုရား-တစ်ပိုင်းအဆင့် တစ်စိတ်တစ်ပိုင်း၏ ဝိညာဉ်ဥပဒေသနှင့် လုံးဝ ပေါင်းစည်းသွားသည်။ ထို့ကြောင့် နောက်ဆုံးတွင် ပိုင်နက်လေးခုလုံး ပြီးစီးသွားခဲ့လေပြီ။

နတ်ဘုရား-တစ်ပိုင်း ဝိညာဉ်နှင့် စုပ်ယူမှုနှင့်အတူ အသိစိတ်၏ ကျန်ရှိသော အပိုင်းအစ အချို့ကိုလည်း စုပ်ယူနိုင်ခဲ့သည်။ ယခင်တိုက်ပွဲများ၌ သူ့အတွက် စဉ်းစားရန် မဖြစ်နိုင်ပေ။ သို့သော်လည်း ယခုတွင် သူက ၎င်းကို သေသေချာချာ ကြည့်လိုက်သည်။

ထိုအသိစိတ် အပိုင်းအစများ၌ ချန်လွေ့က အဖိုးတန်သော မှတ်ဉာဏ်များကို ရရှိခဲ့သည်။ ထို “စမ်းသပ်ချက်”ဆိုသော ပုံရိပ်ယောင်များမှာ အမှန်ကယ်၌ ပိုင်နက် တိုင်းပြည်တစ်ခု ဖြစ်သည်။ သို့သော်လည်း ၎င်းမှာ မပြီးပြည့်စုံပေ။ ၎င်းကို ဝိညာဉ်ပိုင်ရှင်က မသေခင် ချန်ထားခဲ့လေသည်။

ပိုင်နက်တိုင်းပြည်အတွင်းမှ အရာရာတိုင်းကို အိပ်မက်၏ တကယ့်မြင်ကွင်းများဟု ပြော၍ ရနိုင်ပေသည်။ သ‌ဘောပေါက်ခြင်းနှင့် ခွန်အား ရရှိမှုတို့မှာ ထိန်းသိမ်းထား၍ ရသည်။ ၎င်းမှာ စူပါစနစ်၏ လေ့ကျင့်ရေးကွင်းနှင့် ဆင်တူသည်။ ကွာခြားသည်က တာဝန် ကျရှုံးသွားသည်နှင့် စည်းမျဉ်းစွမ်းအားကြောင့် သူ အမှန်တကယ် အသတ်ခံရနိုင်ခြင်းပင်။

စမ်းသပ်ချက်ထဲ၌ မြင်ခဲ့ရသော တိုက်ခိုက်ခြင်းများမှာ ပိုင်နက်တိုင်းပြည် စွမ်းအားဖြင့် သရုပ်သကန် ဖန်တီးထားခြင်းဖြစ်သော်လည်း စိတ်ကူးယဉ် မဟုတ်ပေ။ သလင်းကျောက်နတ်ဆိုးသားရဲနာမည်မှာ သလင်းကျောက်ကျားသစ်ဖြစ်ပြီး ဧရာမ သလင်းကျောက်သားရဲနာမည်မှာ သလင်းကျောက်နဂါး ဖြစ်သည်။ (တိုက်ဆိုင်တာလား။) စက်ရုပ်ကြီးနာမည်မှာ စုစည်းရုပ်သေးဖြစ်ပြီး မီးအိမ်တစ္ဆေများအပါအဝင် အားလုံးမှာ ရှေးဟောင်း အဂ္ဂိရတ်သက်ရှိအဖွဲ့အစည်း၏ ထုတ်ကုန်များ ဖြစ်ပေသည်။

လိုဏ်ဂူထဲရှိ ရန်သူများမှာတော့ ..... မကောင်းဆိုးဝါး အငယ်များကို ဟာကွက်နတ်ဆိုးဟု ခေါ်သည်။ ချိုအရှည်နှင့် နတ်ဆိုးမကောင်းဆိုးဝါးကို ဒေါသအိုး နတ်ဆိုးဟု ခေါ်သည်။ မီးတောက် အမျိုးသမီးကို မီးလျှံစုန်းမဟုခေါ်ပြီး မဟာဓား မကောင်းဆိုးဝါးကို အသူရာချောက်နက်အရှင်ဟု ခေါ်သည်။ မကောင်းဆိုးဝါးများအား ထုတ်လုပ်သော မိခင်ခန္ဓာကို အမြုံဟုခေါ်သည်။ ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာ မကောင်းဆိုးဝါးများကို စုစည်း၍ အသူရာချောက်နက်မိသားစုဟု ခေါ်လေသည်။

မှတ်ဉာဏ်အပိုင်းအစများထဲ၌ မြောက်မြားလှစွာသော အသူရာချောက်နက် မကောင်းဆိုးဝါးများက အဂ္ဂိရတ်သက်ရှိအဖွဲ့အစည်းရဲတိုက်ကို တိုက်ခိုက်နေသော မြင်ကွင်းတစ်ခုလည်း ပါရှိသည်။ မှော်သလင်းကျောက်အမြောက်နှင့် ဆင်တူသော တိုက်ခိုက်ရေးလက်နက်များ၊ စုစည်းရုပ်သေးများ၊ သလင်းကျောက်နဂါးများနှင့် အခြားသူများက နေရာအနှံ့ဖြစ်နေသော ရန်သူများကို မတားဆီးနိုင်ခဲ့ပေ။ နဂိုက ဖောက်ထွင်း၍ မရနိုင်သော ရဲတိုက်က အသူရာချောက်နက်မကောင်းဆိုးဝါး ဒီရေကြောင့် တဖြည်းဖြည်းနှင့် အုပ်မိုးခံလိုက်ရသည်။

၎င်းမှာ အသူရာချောက်နက် မကောင်းဆိုးဝါးများ ဖျက်ဆီးခဲ့သော အဂ္ဂိရတ် သက်ရှိအဖွဲ့အစည်းလောက၏ အပိုင်းအစတစ်ခုသာ ဖြစ်သည်။ ချန်လွေ့ စုပ်ယူခဲ့သော ဝိညာဉ်ပိုင်ရှင်က သက်ရှိအဖွဲ့အစည်း ဖျက်ဆီးမခံရခင်၌ နောက်ဆုံးစွမ်းအားကို အသုံးချပြီး ထိခိုက်ပျက်စီးနေသော ရဲတိုက်ကို မြေကြီးထဲသို့ မြုပ်ဝင်သွားစေရန် ထိန်းချုပ်ခဲ့သည်။ အန္တရာယ်ကျရောက်နေသော ခန္ဓာကိုယ်လည်း သုတ်သင်ခံလိုက်ရပြီး ဝိညာဉ်က အိပ်မောကျသွားတော့သည်။

နှစ်ပေါင်းများစွာကြအောင် စွမ်းအင်ကို အလိုလို စုပ်ယူနိုင်သည့် ပျက်စီးနေသော ရဲတိုက်က နောက်ဆုံးတွင် စွမ်းအင်အနည်းငယ် ပြန်ရလာပြီး မီးအိမ်တစ္ဆေအချို့ အသက်ပြန်ရှင်လာသည်။ သူတို့က မြေအောက်ယွမ်သတ္တုရိုင်း တစ်မျိုးကို အသုံးပြုပြီး စတင် စွမ်းအင်စုဆောင်းသည်။ ထို့နောက် သူတို့က အိပ်မပျော်ခင်ဝိညာဉ်၏အမိန့်ကို လိုက်နာပြီး သင့်တော်သော “ဆက်ခံသူ”ကို ရှာဖွေခဲ့ကြသည်။

ထိုဝိညာဉ်က ချန်လွေ့ကဲ့သို့ လူထူးဆန်းကို ရှာတွေ့သွားသည့်အတွက် ဝမ်းနည်းစရာ ကိစ္စတစ်ခု ဖြစ်သွားခဲ့သည်။ ထို့ကြောင့် သူက ချန်လွေ့ကို ဝင်မစီးနိုင်ခဲ့ဘဲ ဝါးမျိုခံလိုက်ရသည်။ ချန်လွေ့လေးက ဒူးခေါင်းတွင် မြားထိသွားသော်လည်း ကပ်ဘေးကို လွတ်မြောက်ပြီးနောက် ကောင်းချီးခံခဲ့ရသည်။ ချန်လွေ့က မမျှော်လင့်ထားသော ခွန်အား ရရှိခဲ့သည့်အပြင် စီကာလီ၏ တာဝန်ကိုလည်း ပြီးစီးအောင် ဆောင်ရွက်နိုင်သွားသည်။

ပို၍ အံ့အားသင့်စရာ ကောင်းသည်မှာ မှတ်ဉာဏ်အပိုင်းအစများ၌ ဆေးပညာနှင့် ယန္တရားပညာများ အပါအဝင် ရှေးဟောင်း အဂ္ဂိရတ်သက်ရှိအဖွဲ့အစည်း၏ အတွေ့အကြုံနှင့် အသိပညာ အများအပြား ပါဝင်သည်။ ၎င်းက မပြည့်စုံသော်လည်း အများစုမှာ ပျောက်ဆုံးသွားခဲ့သော အသိပညာများ ဖြစ်ကြသည်။ အဂ္ဂိရတ်ပညာရှင်များ အတွက်မူ ၎င်းမှာ မည်သည့်ချမ်းသာကြွယ်ဝမှုထက်မဆို ပိုမိုအဖိုးတန်ပေသည်။

သူ စိတ်လှုပ်ရှားနေရင်း မီးအိမ်တစ္ဆေတစ်ခုက သတိထား၍ ချဉ်းကပ်လာသည်ကို မြင်လိုက်ရသည်။ ဂျင်းရှာ၏ ဦးဆောင်မှုအောက်တွင် သူတို့က ရင်ဘတ်ပေါ်၌ လက်တင်ပြီး ဒူးတစ်ဖက် ထောက်လိုက်သည်။ “သခင်...”

မီးအိမ်တစ္ဆေတွေရဲ့ အသိအမှတ်ပြုတာ ခံရတော့ ဒီ“အမွေအနှစ်”က တကယ့် အောင်မြင်မှုတစ်ခုပဲ။ ချန်လွေ့၏မျက်လုံးများက မီးအိမ်တစ္ဆေများ၏ ရင်ဘတ်ကို မတော်တဆ သတိထားမိသွားပြီး ပုံရိပ်ယောင်ထဲမှ ကိုးရိုးကားရာနိုင်သော အခြေအနေတချို့ကို တွေးမိသွားသည်။ သူ၏နှလုံးသား ပူလောင်သွားပြီးနောက် အနှောင့်အယှက်ဖြစ်သော အတွေးများကို ဖယ်ရှားကာ ခေါင်းခါလိုက်သည်။

“အပျက်အစီးဆီကို သွားကြမယ်။ ဂျင်းနီကို အသက်ပြန်သွင်းပေးဖို့ ငါ ကတိပေးထားတယ်။”

All Chapters