မင်းကိုချုပ်နှောင်ဖို့လာတာ
Vol. 124 Ch. 1723
ရှောင်ချီသည် ရှီမာယူယူလျှောက်လာသည်ကို မြင်သောအခါ စကားပြောနေရင်းနှင့် ပြုံးပြီးလက်ယမ်းပြလေသည်။
“ယူယူ ဘာလို့ရောက်လာတာလဲ”
“အကြီးအကဲဖြူရဲ့အခြေအနေကို စမ်းသပ်ဖို့နဲ့ သူ လက်စားချေချင်လား လို့လာမေးတာ” ရှီမာယူယူ ပြောလိုက်သည်။
“လက်စားချေမယ် ဟုတ်လား” အကြီးအကဲဖြူအံ့ဩသွားသည်မှာ ထိုကိစ္စကို တစ်ခါမှမစဉ်းစားဖူးသည်ကို ပြသနေသည်။
“ဟုတ်တယ် အကြီးအကဲဖြူကို အကျဉ်းချထားတဲ့ လူကသေသွားပေမဲ့ ပညာရှိစံအိမ်တော်က နောက်မျိုးဆက်တွေက အကြီးအကဲဖြူရဲ့ တည်ရှိမှုကို သိပေမဲ့ လွှတ်ပေးဖို့ တစ်ခါမှမစဉ်းစားခဲ့ဘူး အဲအစား ရှင့်ဆီကပဲ ယူခဲ့ပြီး ရှင့်ကို အားနည်းစေခဲ့တယ် လက်စားမချေချင်ဘူးလား” ရှီမာယူယူ ပြောလိုက်သည်။
“လက်စားချေမယ်…. သေချာပေါက် ရှောင်ချီတို့ လက်စားချေရမှာပေါ့” ရှောင်ချီ ဆက်ပြောလေသည် “သူတို့က ဘိုးဘိုးဖြူကို ဒီလောက်ထိ ခံစားရ အောင်လုပ်ထားတာ ဘယ်လိုလုပ် လက်စားမချေဘဲနေရမလဲ”
“ဒါပေမဲ့ ပညာရှိစံအိမ်တော်ရဲ့ အားကိုငါသိတယ် ငါ့ရဲ့လက်ရှိအားနဲ့ဆိုင် သူတို့ကိုရင်ဆိုင်ဖို့ခက်လိမ့်မယ် ပြီးတော့ အပြစ်မရှိတဲ့သူတွေကို မထိခိုက်စေ ချင်ဘူး” အကြီးအကဲဖြူသည် အလွန်ပင်ကြင်နာတတ်သည်။
“သူတို့က ရှင့်ကိုဘာမှမလုပ်ခဲ့ဘူးဆိုရင်တောင် ဒီလောက် နှစ်တွေအများ ကြီးကြာပြီးသွားတော့ ပညာရှိစံအိမ်တော်က ဒီလိုအယောင်ဆောင်တာတွေရဲ့ နောက်ကွယ်မှာ မကောင်းတာတွေအများကြီးလုပ်ခဲ့တယ် သူတို့တွေက တကယ် အပြစ်မရှိတာမျိုး မဖြစ်နိုင်ဘူး” ရှီမာယူယူ ပြောလိုက်သည်။
“ငါက သူတို့ရဲ့စံအိမ်တော်သခင်ကို လက်စားချေချင်တာ မျိုးဆက်တွေ ထဲမှာ စံအိမ်တော်သခင်ကပဲ ငါရှိတာကို သိလို့ပဲ၊ ဒါပေမဲ့ အခုလက်ရှိအားနဲ့ဆို ရင် သူ့ကိုမတိုက်ခိုက်နိုင်ဘူး” အကြီးအကဲဖြူ ဆက်ပြောလေသည် “လက်စား ချေဖို့ကိစ္စကိုနောက်မှပြောကြတာပေါ့”
“အကြီးအကဲဖြူ စဉ်းစားကြည့်ပါ” ရှီမာယူယူ ဆက်ပြောလေသည် “ကျွန်မတို့က ပညာရှိစံအိမ်တော်နဲ့ တိုက်ခိုက်ဖို့ ပြင်ဆင်နေကြတာ အဲဒါကြောင့် ကျွန်မလာမေးတာပါ”
“အင်း” အကြီးအကဲဖြူသည် ရှီမာယူယူ ထည့်တွေးပေးတတ်သည်ကို ကျေးဇူးတင်မိသည် “မင်းရဲ့ ဝိညာဉ်က လတ်တလောမှာ မတည်ငြိမ်ဘူး ဒါက ကျန်တဲ့အအဆီအနှစ်တွေပဲ သုံးလိုက်ပါ”
သူပြောပြီးနောက် သစ်ကိုင်းကို ကွေးညွှတ်လိုက်ကာ သစ်ရွက်ပေါ်မှ အဖြူရောင်အရည်တချို့ကို အစက်ချလိုက်သည်။
“အကြီးအကဲဖြူ ကျန်းမာရေးမကောင်းသေးဘဲနဲ့ ကျွန်မက ဘယ်လိုလုပ် အဲဒီအဆီအနှစ်ကိုသုံးရပါမလဲ” ရှီမာယူယူ ငြင်းဆန်လိုက်သည်။
“မင်း ငါ့ကိုကယ်ခဲ့ပြီး နလန်ထူဖို့ကို ဒီလိုကောင်းတဲ့ ပတ်ဝန်းကျင်ပေးခဲ့ တာ ဒါကဘာမှမဟုတ်ပါဘူး ယူလိုက်ပါ” အကြီးအကဲဖြူ ပြောလေသည်။
သူမ သူ့ကို ထပ်ငြင်းနေသည်ကို မြင်ပြီးနောက် အကြီးအကဲဖြူ ပြောလိုက်သည် “မင်းခန္ဓာကိုယ်ထဲက စွမ်းအားက ထိန်းချုပ်ဖို့ ပိုခက်လာပြီ မင်းရဲ့ ဝိညာဉ်ကိုလည်း သက်ရောက်မှုရှိနေတယ်၊ ဝိညာဉ်အရည်က မင်းရဲ့ ဝိညာဉ် စွမ်းအားကို တိုးစေနိုင်ပေမဲ့ ခန္ဓာကိုယ်ကိုတော့ အားဖြစ်စေမှာမဟုတ်ဘူး ဒါနဲ့ ဆိုရင် မင်းခန္ဓာကိုယ်ထဲက ဝိညာဉ်က ငြိမ်သွားလိမ့်မယ် မငြင်းပါနဲ့ အခုမင်း ဒါကို လိုနေတယ်”
အကြီးအကဲဖြူသည် သူမ၏ အခြေအနေကို ရှင်းလင်းစွာ မြင်နေရမည်ဟု ရှီမာယူယူ ထင်မထားပေ။ ထို့ကြောင့် သူမသည် သူ့လက်ဆောင်ကို လက်ခံ လိုက်ရတော့သည်။
သူမသည် ပါးစပ်ဟ,ပြီး နို့နှစ်ဖြူရောင်အရည်များကို ပါးစပ်အတွင်းသို့ အစက်ချလိုက်သည်။ မျိုချလိုက်ပြီးနောက် သူမခန္ဓာကိုယ်သည် များစွာ သက်သာသွားသည်ကို ခံစားရသည်။ သူမ ခန္ဓာကိုယ်မှ ချွေးပေါက်တစ်ခုစီသည် မိခင်ဝမ်းဗိုက်အတွင်းသို့ ပြန်ရောက်သွားသလိုခံစားရသည်။
သူမ ထိုနေရာတွင်ထိုင်ပြီး အဆီအနှစ်များအားလုံးကို စုပ်ယူပြီး သူမ၏ ဝိညာဉ်စွမ်းအင်ကို ခံစားလိုက်ရာ ပိုသန်မာပြီး တည်ငြိမ်လာသည်။ ယုံကြည်မှု စွမ်းအားကိုသုံးလိုက်ရာမှ ဖြစ်လာသော မသက်မသာခံစားချက်မှာ ပျောက်ကွယ်သွားလေသည်။
သူမ အသက်ရှုထုတ်ပြီး မျက်လုံးဖွင့်လိုက်ရာ ပို၍ သတိရှိလာသည်။
သူမ ထပြီး အကြီးအကဲဖြူကို ဦးညွှတ်နှုတ်ဆက်ကာ ကျေးဇူးတင်စကား ပြောလိုက်သည် “လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်အကြီးအကဲဖြူ”
အကြီးအကဲဖြူသည် အခုချိန်တွင် လက်စားမချေလိုသဖြင့် သူတို့ကို အနှောင့်ယှက်လိုသောကြောင့် သူမ ဝိညာဉ်စေတီမှထွက်လာခဲ့လိုက်သည်။
သူမသည် ဝိညာဉ်စေတီအတွင်းမှ ဆက်သွယ်၍ မရနိုင်သော်လည်း ကမ်းပါးအောက်ခြေမှ အပြင်သို့ဆက်သွယ်နိုင်ပြီး အပြင်မှ အခြေအနေကို သိနိုင်သည်။ထို့ကြောင့် သူမသည် ကမ်းပါးအောက်ခြေတွင် ဘာမှလုပ်စရာမလို ဘဲ ထိုင်နေရုံသာရှိသည်။
သည်လိုနှင့် သတင်းသည် နေရာတကာတွင် ပျံ့နှံ့သွားသည်။ ဟိန်းသံလေး၊ အသင်း၊ ထန်းယွမ်နှင့် သူမ အပြင်တွင်ထားခဲ့သည့် နီရဲပျားများ ဖြန့်လိုက်ခြင်းဖြစ်သည်။ သူမ၏ သတင်းများမှာ အလွန်ပင် ပြည့်စုံနေရာ ချုံးကျိ ပင်လျှင် သူမလောက် မသိနိုင်ပေ။
ညီလာခံမတိုင်ခင်တစ်ရက်တွင် ချုံးကျိသည် တောင်ကမ်းပါးအောက်ခြေ သို့သူ့ဘာသာရောက်လာသည်။ အေးစိမ့်မှုကြောင့် ခိုက်ခိုက်တုန်နေပြီး အမည်းလေးကို ချီထားသော ရှီမာယူယူကို မြင်သောအခါ မေးလိုက်သည် “မင်း ဘာတွေအမှားလုပ်ခဲ့လဲ သိလား”
“ဒီလက်အောက်ငယ်သား သိပါပြီ” ရှီမာယူယူသည် ကျိုးကျိုးနွံနွံနှင့် ဝန်ခံ လေသည်။
“မင်းသိမှတော့ တက်သွားလိုက်တော့” ချုံးကျိသည် သူမလက်ကို ဆုပ်ကိုင်ပြီး သူ၏ဝိညာဉ်စွမ်းအင်မှာ ချုပ်တည်းမခံရသကဲ့သို့ တောင်ကမ်းပါး ဆီသို့ ပျံတက်သွားလေသည်။
သူမသည် ချုံးကျိကို ကြည့်လိုက်သည်။ သူ့ဝိညာဉ်စွမ်းအင်က ဘယ်လိုလုပ် တခြားသူတွေနဲ့ ကွဲနေတာလဲ။ သူမရဲ့ တစ္ဆေရောင်ဝါနဲ့တောင် တူသေး တယ်။
“ဘာတွေစဉ်းစားနေတာလဲ” ချုံးကျိ ပြောလိုက်သည်။
“စံအိမ်တော်သခင် ဟိုအောက်မှာ ရှင့်အတွက် သက်ရောက်မှုမရှိပုံပဲ” ရှီမာယူယူသည် သူ့ကိုကြောက်သလိုဟန်ဆောင်ကာ နူးညံ့စွာ ပြောလေသည်။
ချုံးကျိသည် သူမ၏ တုံ့ပြန်မှုကို ကျေနပ်သွားသည်။ သူမကို အောက်တွင် ထားလိုက်သည်မှာ အလဟဿမဖြစ်သည့်ပုံပင်။ “အောက်က မီးခိုးတွေက ဝိညာဉ်စွမ်းအင်ကိုပဲ ချုပ်ထားနိုင်တာ ဒါပေမဲ့ တခြားစွမ်းအားကို မချုပ်နိုင်ဘူး ငါက အောက်မှာ ယုံကြည်မှုစွမ်းအားကိုသုံးလိုက်တာပဲ”
“စံအိမ်တော်သခင်က ယုံကြည်မှုကို ဒီအတိုင်းသုံးနိုင်တာလား” ရှီမာယူယူ အံ့ဩသွားသည်။ သူ့ရဲ့ယုံကြည်မှုက ဘယ်လောက်တောင် အားကောင်းမလဲဆိုသည်ကို သူမ သိချင်လာသည်။
သူမ အံ့ဩနေသည်ကို ကြည့်ပြီး သူသည် သူမ၏ပခုံးကိုပုတ်ပြီး ရယ်မောကာ ပြောလိုက်သည် “အခုတော့ မင်းရဲ့စွမ်းအား မလောက်သေးဘူး မင်း ခန္ဓာကိုယ်ထဲမှာ ယုံကြည်မှုတွေ လုံလုံလောက်လောက်ရှိလာတော့မှ လုပ်နိုင် မှာ”
“တကယ်လား”
“ဒါပေါ့… ငါတို့ယုံကြည်မှုက ဘယ်ဝိညာဉ်စွမ်းအင်ကိုမဆို ချုပ်နိုင်တာကို မင်းသိထားရမယ် ယုံကြည်မှုနဲ့ လုပ်ထားတဲ့ ကာကွယ်မှုတွေက ဘယ်ဝိညာဉ် စွမ်းအင်ကြောင့်မှ ဖျက်ဆီးခံရမှာမဟုတ်ဘူး”
ရှီမာယူယူ မျက်လုံးများပြူးကျယ်သွားသည်။ ယုံကြည်မှုက အဲလောက် တောင် နားလည်ရခက်တာလား။
“ဒါဆိုရင် စံအိမ်တော်သခင် ရှုံးတဲ့တိုက်ပွဲဆိုတာ ရှိမှာမဟုတ်ဘူး အဲလူ တွေ ဘယ်လောက်ပဲအားကောင်းကောင်း စံအိမ်တော်သခင်နဲ့ယှဉ်နိုင်မှာ မဟုတ်ဘူး ကျွန်မတို့ဂိုဏ်းအဖွဲ့ဝင်တွေသာ ဒီအကြောင်းသိသွားရင် စံအိမ်တော် သခင်က နံပါတ် ၁ ဖြစ်သွားမှာပဲ”
“ဟားဟားဟား….” ချုံးကျိရယ်မောလိုက်သည်။ “သူများတွေကို အလွယ်တကူဖိနှိပ်ဖို့ဆိုတာ အဲလောက်လွယ်မလား ယုံကြည်မှုက နည်းနည်းစီ ရလာတာ၊ မင်း ငါ့ကိုဖြစ်ချင်ဖို့ကခက်မယ် ငါတောင် မင်းရဲ့နောက်ဆုံး အကူအညီကြောင့်မဟုတ်ရင် အောင်မြင်မှာမဟုတ်ဘူး”
ရှီမာယူယူ ထိတ်လန့်သွားသည်။ သူမရဲ့ အကူအညီဟုတ်လား။ ထိုအရာ ကိုကျုံကျန်းဟန်ယွဲ့၏ မှတ်ဉာဏ်ထဲမှမမြင်ခဲ့ပေ။ ချုံးကျိ မှားများမှားနေ သလား။
မဟုတ်သေးဘူး။
သူမသည် ကျုံကျန်းဟန်ယွဲ့၏ မှတ်ဉာဏ်ထဲတွင် နေရာလပ်တစ်ခုကို သတိထားမိသည်။ ထိုအရာသည် ချိပ်စည်းပိတ်ထားသော မှတ်ဉာဏ်များပင် ဖြစ်သည်။ အဲဒါကိုချုံးကျိလုပ်တာလား။
သူမ စဉ်းစားလိုက်သည်နှင့် ချုံးကျိ ကျုံကျန်းဟန်ယွဲ့အပေါ် ဆက်ဆံပုံမှာ အလွန်ထူးဆန်းသည်။ သူမသည် သူမ၏ အဆင့်အတန်းနှင့် မည်သို့ ပညာရှိ စံအိမ်တော်၏ မြင့်မြတ်သောသမီးတော်ဖြစ်ခဲ့သနည်း။ သူမကို ကိုယ်တိုင်ပင် ခေါ်လာခဲ့သည်။ သူတို့နှစ်ယောက်ကြားမှ အဖြစ်ကို သူမသိချင်လာသည်။
“ကျွန်မတို့သာ ယုံကြည်မှုကို ကျင့်ကြံနိုင်ရင် ကျွန်မတို့ကို ဘယ်ဟာကမှ ချုပ်လို့မရတော့ဘူးလား”
ထိုသို့ဆိုလျှင် သူမ၏ အစီအစဉ်ကိုပြောင်းလဲပစ်ရတော့မည်။
“အဲလိုတော့မဟုတ်ဘူး ရှိကိုမရှိတာ” ချုံးကျိ ပြောလိုက်သည်။
“မရှိဘူးဟုတ်လား”
“ဟုတ်တယ် မင်းသိတယ်တဲ့ ယုံကြည်မှုစွမ်းအားက အပြင်ကလာတာ အဲဒါကြောင့် ယုံကြည်မှုစွမ်းအားက အဲလောက် ဖြူစင်တာမဟုတ်ဘူး၊ အဲဒါ ကြောင့် ငါတို့ကို ချုပ်ထားနိုင်တဲ့တစ်ခုက ဖြူစင်တဲ့ယုံကြည်မှုစွမ်းအားပဲ ဒါပေမဲ့ အဲလိုယုံကြည်မှုက ဒီကမ္ဘာမှာမရှိဘူးလေ” ချုံးကျိ ဆက်ပြောလေသည် “ယုံကြည်မှုစွမ်းအား လုံလောက်တဲ့အထိ သွားကျင့်ကြံလိုက် ပြီးရင် ဘယ်လို သုံးရမလဲဆိုတာ မင်းကိုသင်ပေးမယ်”
“ကျေးဇူးတင်ပါတယ် စံအိမ်တော်သခင်”
ရှီမာယူယူသည် ခေါင်းငုံ့ကာ မျက်လုံးထဲမှ ခံစားချက်များကို ဖုံးကွယ်ထား လိုက်သည်။
အခုမှပင် ပညာရှိစံအိမ်တော်၏ ဟောကိန်းမှာ မှန်သလိုခံစားမိသည်။ သူမသည် သူတို့ကို ချုပ်နှောင်မည့်သူပင်ဖြစ်သည်။
***