← Chapters

မဟာတာအိုဆီ မေးမြန်းခြင်း

Vol. 102 Ch. 1416

မဟာတာအိုဆီ မေးမြန်းခြင်း

Vol. 102 Ch. 1416

အရင်းအမြစ်များကို လက်ခံရရှိပြီးသည့်နောက်တွင် ဝမ်ဝေ့ ပထမဦးဆုံး လုပ်သည့်အရာက သာလွန်ကံကြမ္မာတောင်ထိပ်တွင် အစီအရင်ကို ပြန်လည်ခင်းကျင်းခြင်း ဖြစ်သည်။ သူက ဂိုဏ်းကို ယုံကြည်ထားသော်လည်း ထိုအဆင့်အနေအထားထိ မဟုတ်ပေ။ ထိုအရာ ပြီးမြောက်သွားသည်နှင့် သူက ဝမ်ချီနှင့် တခြားသူများကို ထုတ်ကာ သူတို့အား တခြားသင့်တော်သည့် တာဝန်များပေးပြီး ဂိုဏ်းအတွင်း သေချာသည့်ကိစ္စများကို လုပ်ခွင့်ပြုထားလေသည်။ ထိုကိစ္စများကို ဖြေရှင်းပြီးမှသာ ဝမ်ဝေ့က သီးသန့်ကျင့်ကြံရေး ဝင်ရောက်ခဲ့၏။

“သွားလိုက်ကြရအောင်” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ သူ ပထမဦးဆုံးတာဝန်က သော့ခလောက်ကို နားလည်ဖို့ရာအတွက် မဟုတ်ပေ။ ထိုအစား သူက သူ့ဇစ်မြစ်ကို အသုံးပြုပြီး အတိုင်းအတာမဲ့ဧကရာဇ်အနေဖြင့် သူ့အောင်မြင်မှုကို ရယူခြင်း ဖြစ်၏။ ထိုအရာက မဟာတာအိုနှင့် ဆက်သွယ်ခွင့်ပြုထားလေသည်။

ဝမ်ဝေ့၏ စိတ်ဝိညာဉ်က ခန္ဓာကိုယ်မှ ထွက်ခွာသွားပြီး အဆုံးမဲ့အဖြူရောင်နေရာလွတ်အတွင်း ရောက်ရှိသွားလေသည်။ ထို့နောက် ဧရာမမျက်လုံးကြီးက သူ့ကို စိုက်ကြည့်နေလေ၏။ သူက ချက်ချင်းဆိုသလို ဖိအားပြင်းပြင်းကို ခံစားမိလိုက်သည်။ သာမန်လူများက မဟာတာအို၏ တည်ရှိမှုကို တိုက်ရိုက်ရင်ဆိုင်နိုင်ကြမည် မဟုတ်ပေ။

“မင်းရဲ့ တောင်းဆိုချက်က ဘာလဲ” အေးစက်သည့် အသံတစ်သံက ဝမ်ဝေ့၏ စိတ်ထဲ ဝင်ရောက်လာသည်။ ထိုအရာထဲတွင် အသံဇစ်မြစ် မရှိသလို အတက်အကျလှိုင်းဟူ၍လည်း မရှိဘဲ ထိုစကားများကသာ သူ့မှတ်ဉာဏ်၏ တစ်စိတ်တစ်ပိုင်းကဲ့သို့ အလိုအလျောက် ပေါ်ထွက်လာခြင်း ဖြစ်သည်။ ဝမ်ဝေ့က မျက်မှောင်ကြုတ်ပြီးသည့်နောက်တွင် ပုံမှန်အဖြစ် ပြန်လည်ပြောင်းလဲသွားသည်။

“ကျုပ်ရဲ့ တောင်းဆိုချက်က ရိုးရှင်းပါတယ်။ ကျုပ်ရဲ့ တည်ရှိမှုပုံကြမ်းကို မြင်တွေ့နိုင်စေတဲ့ ကံဝဋ်ကြွေးမဲ့ ကျင့်ကြံရေးနည်းစနစ်တစ်ခု လိုတယ်။ အဲဒီနည်းစနစ်က ကျုပ်ရဲ့ စိတ်ထဲကို ထည့်သွင်းထားတာ မဟုတ်သလို သတင်းအချက်အလက်အဆောင် သုံးထားတာလည်း မဖြစ်ရဘူး။ အဲဒါက ဟွင်သွမ်းစကြဝဠာကြီးရဲ့ ပုံမှန်တွေ့နေကြ တာအိုဘာသာစကားနဲ့ ရေးထားတဲ့ စာအုပ် ဖြစ်ရမယ်။ ပြီးတော့ ကျုပ် လက်ရှိ ကျင့်ကြံနိုင်တဲ့ ကျင့်စဉ်မျိုးပေါ့”

သူသည် သူ့ကံကြမ္မာအဆင့်အတန်းဟူသော မျိုးစေ့ကို အာရုံခံမိဖို့ မဟာတာအိုဆီမှ အကူအညီတောင်းခံမည့်အစား သူ့ကိုယ်သူမှီခိုသည်က အကောင်းဆုံးဖြစ်ကြောင်း ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူသည် သူ့ကံကြမ္မာမျိုးစေ့ဟူသော အဆင့်အတန်းကို အာရုံခံမိဖို့ နည်းလမ်းကို ရှာဖွေဖို့ တောင်းဆိုလိုက်ခြင်းသာ ဖြစ်၏။

မဟာတာအိုက သူ့ကို ခေတ္တမျှ ကြည့်ပြီးသည့်နောက်တွင် ပျောက်ကွယ်သွားပြီး စာအုပ်များကိုသာ ချန်ထားခဲ့လေသည်။ ဝမ်ဝေ့က ထိုအရာကို စစ်ဆေးကြည့်လိုက်သည့်အခါ စာအုပ်အရေအတွက်က စကြဝဠာတစ်ခုလုံးကိုပင် ဖြည့်တင်းနိုင်စွမ်းရှိ၏။

ထို့နောက် သူက ပါဝင်အကြောင်းအရာများကို ချက်ချင်း စစ်ဆေးကြည့်လိုက်သည်။

“အားလုံးကို သေချာနာမည်တပ်ထားသားပဲ” ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။ သူက အသေးစိတ် တောင်းဆိုနိုင်သော်လည်း မဟာတာအိုသည် သူ့တောင်းဆိုချက်ထဲတွင် ရှိနေသော ဟာကွက်နှင့် မည်သည့်ကစားပွဲမျိုး ကစားနေလဲဟု ကြည့်ချင်နေမိသည်။ ဝမ်ဝေ့က ထိုတောင်းဆိုချက်သည် မည်မျှယုံကြည်ဖို့ကောင်းကြောင်း ကောက်ချက်ချလိုက်၏။

“ဒီလောက်ထိ ပြဿနာတော့မရှိသေးဘူး” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ သူက သူ့ဇနီးနှင့် တခြားသောသူများအား ဤနည်းစနစ်ကို စမ်းသပ်ကြည့်ခိုင်းမည်ဖြစ်၏။ သို့သော် ထိုအရာက ယခု ပြဿနာတစ်ခုဟုတ်ဟန်မပေါ်ပေ။ သူက စာအုပ်များကို သိမ်းဆည်းပြီး ဆက်လက်ကျင့်ကြံလိုက်သည်။

သူက စိတ်ချဲ့ကားရေးဆေးလုံးကို သောက်ဖို့ တုံ့ဆိုင်းနေခြင်းမရှိပေ။ တခြားသော အားဖြည့်ရေးဆေးလုံးများလည်း အပါအဝင် ဖြစ်၏။ သူက စိတ်ကို ကန့်သတ်ချက်ထိ ရောက်အောင် ချဲ့ကားလိုက်ပြီး အပြင်ဘက်တွင် တစ်စက္ကန့်က သူ့စိတ်ထဲတွင် ယွမ်ခေတ်ကာလတစ်သောင်းနှင့် တူညီလာစေသည်။ ထို့နောက် သူသည် သော့ခလောက်၏ အနှစ်သာရကို စတင်ဆင်ခြင်လိုက်၏။ ဤနှစ်များစွာတိုင် သူသည် ထိုအရာကို လေ့လာဖို့ ကြိုးစားခဲ့ပြီး အောင်မြင်မှုတချို့ရရှိခဲ့သည်။ သို့သော်လည်း အထဲတွင် ရှိနေသည့် သတင်းအချက်အလက် သဘာဝက ထူးကဲသာလွန်မှုအဆင့်ကို ကျော်လွန်နေသည့်အတွက် ပါရမီနှင့် အချိန်များစွာ လိုအပ်ပေသည်။

အချိန်က အဆုံးမဲ့ဟန်ခံစားရလေ၏။ အကယ်၍ သူသာ ဤတာဝန်အပေါ် အာရုံစိုက်ထားသည့်အချက်ကြောင့်သာမဟုတ်လျှင် ဝမ်ဝေ့က အချိန်တိုအတွင်း ဤမျှများစွာ တွေ့ကြုံခံစားရခြင်းကြောင့် ရူးသွပ်သွားနိုင်ကြောင်း ခံစားမိသည်။ အပြင်ဘက်တွင် နှစ်၅၀ကုန်ဆုံးသွားပြီးသည့်နောက်တွင် သူ့ဝိညာဉ်က စတင်နာကျင်လာမိ၏။

မည်သို့ပင်ဆိုစေကာမူ ဝမ်ဝေ့က သော့ခလောက်ကို နားလည်ဖို့ အာရုံစိုက်ထားပြီး ချိုးဖောက်ဖို့ နည်းလမ်းကို ရှာတွေ့ခဲ့သည်။ ထိုအရာ ပြီးဆုံးသွားသည်နှင့် သူသည် အစီအစဉ်တချို့ကို ချမှတ်ပြီး မဟာတာအို၏ နည်းစနစ်များကို အာရုံစိုက်လိုက်သည်။

ဝမ်ဝေ့က သူ ထိုနည်းစနစ်ကို ရှေ့မှနောက် သေချာသိသွားပြီဖြစ်၏။ တကယ်တော့ သူ့ရှည်ကြာလှသည့် ကျင့်ကြံရေးခရီးအတွင်း သူသည် နည်းလမ်းတစ်ခုအပေါ် အချိန်အများကြီး မသုံးစွဲခဲ့ဖူးပေ။ ထိုအရာအပေါ်နားလည်သည့် အချိန်ပမာဏက ယခု သူကျင့်ကြံထားသည်ထက်ပင် ပိုမိုရှည်လျားနေ၏။

အရာအားလုံးက ငါ့ရဲ့ တည်ရှိမှုပုံကြမ်းအတွက်တော့ ကာမိသွားပြီ…

ဝမ်ဝေ့က တွေးလိုက်သည်။ သူက အဖြူရောင်အစက်အပြောက်၊ မျဉ်းကြောင်းနှင့် ပုံသဏ္ဌာန်မျိုးစုံရှိနေသည့် နေရာလွတ်ကို ကြည့်လိုက်သည်။

ငါတို့ရဲ့ မှတ်ဉာဏ်၊ အပြုအမူ၊ အောင်မြင်မှု၊ အတိတ်ဘဝ၊ ကံကောင်းမှုနဲ့ ငါတို့ရဲ့ ပတ်ဝန်းကျင်ဆီကနေ ရယူထားတဲ့ သတင်းအချက်အလက်တွေက ငါတို့ရဲ့ တည်ရှိမှုကို တစ်နည်းမဟုတ်တစ်နည်း သက်ရောက်မှုရှိသေးတာပဲ…

ထိုပုံကြမ်းက ဝမ်ဝေ့၏ တည်ရှိမှုအပေါ် နားလည်နိုင်စွမ်းအား နောက်တဆင့် တိုးမြင့်သွားစေသည်။

သူက လှုပ်ရှားလိုက်ပြီး မကြာခင် သူ လိုချင်သည့်အရာကို ရှာဖွေတွေ့ရှိသွားလေ၏။ သူ့တည်ရှိမှု၏ တစ်စိတ်တစ်ပိုင်းက ကံကြမ္မာကြား လွှမ်းမိုးခံထားရသည်။ ဝမ်ဝေ့က ထိုသတင်းအချက်အလက်များစွာကို စုစည်းပြီး ယခင်က သူ့အပိုင်မဟုတ်သည့် မျဉ်းကြောင်းတချို့ကို ရှာဖွေတွေ့ရှိသွားလေသည်။

ငါ ဒါကို စောစောစီးစီးလုပ်ခဲ့သင့်တာ…

ဝမ်ဝေ့က တွေးရင်းဖြင့် သူ့ကျင့်ကြံဆင့် မြင့်မားလာလေလေ ထိုအရာများ၏ လွှမ်းမိုးမှုကို သူ့ဘဝမှ ဖယ်ရှားဖို့ ပိုမိုခက်ခဲကြောင်း နားလည်သွားလေသည်။

ပြီးတော့ ဒီမျိုးစေ့ဂုဏ်ပုဒ်ကို ဖယ်ရှားဖို့ အဲ့လောက်လွယ်မှာလား…

သူက ခေါင်းအသာယမ်းလိုက်ပြီး အလုပ်၏ ခက်ခဲမှုကို အာရုံမစိုက်တော့ပေ။ ယခု သူက ပြဿနာကို သိပြီဖြစ်သည့်အတွက် ဖြေရှင်းဖို့ အချိန်ကျရောက်လာလေပြီ။

ထို့ကြောင့် ဝမ်ဝေ့က သီးသန့်ကျင့်ကြံရေးကို ချက်ချင်းအဆုံးမသတ်သေးဘဲ သူ့အစီအစဉ်အား ဆက်လက်ချောမွေ့စေပြီးမှသာ ထွက်ခွာလာခဲ့သည်။ ပထမဦးဆုံး သူလုပ်ခဲ့သည့်အရာက သူ့ဝိညာဉ်ကို သက်သာသွားစေဖို့ ဆေးလုံးတချို့သောက်သုံးခြင်းသာဖြစ်၏။ သက်ရောက်မှုက ချက်ချင်းအံ့မခန်းဖြစ်သော်လည်း ဝမ်ဝေ့က သူ့ဝိညာဉ်သည် ကြီးထွားလာကြောင်း ခံစားမိလိုက်သည်။ ဆေးလုံးဆီမှ ဆက်တိုက်ဖိအားနှင့် ကုစားသည့် အပြုအမူတို့က သူ့ဝိညာဉ်၏ အရည်အသွေးနှင့် ပမာဏတို့ကို တိုးမြင့်လာစေသည်။

သူက သူ့ဝိညာဉ်၏ တိုးပွားလာမှုကို ချက်ချင်းဆိုသလို စည်းပိတ်ပြီး နောင်အခါမှ အသုံးချဖို့ လုပ်လိုက်သည်။

“တော်သေးတယ်”

ဝမ်ဝေ့က ရေရွတ်လိုက်သည်။ သူသည် သော့ခလောက်၏ သက်ရောက်မှုအောက်တွင် နေထိုင်နေဆဲဖြစ်သည့်အတွက် ထိုကြီးထွားမှုက သူ့အသက်ကို ဆုံးရှုံးသွားစေနိုင်သည်။ ဝမ်ဝေ့က ကုစားရင်းဖြင့် အနီရောင်မျက်နှာဖုံးကို ဆင့်ခေါ်လိုက်၏။

“နှစ်၃၀၀ကုန်သွားတယ်ဆိုတာတော့ သိတယ်။ အခြေအနေတွေ ဘယ်လိုရှိနေပြီလဲ”

“ကျွန်မတို့ထင်ထားတာထက် ပိုပြီးတော့ကောင်းပါတယ်” အနီရောင်မျက်နှာဖုံးက တုံ့ပြန်လိုက်သည်။

“ရှဲ့မျိုးနွယ်က ကျွန်မတို့ကို ဂိုဏ်းထဲ ဝင်ရောက်ရောနှောနိုင်ဖို့ ကူညီပေးနေပါတယ်။ သူတို့တွေက အရင်းအမြစ်အများကြီးကိုလည်း ပေးအပ်လာပါတယ်”

“အိုး”

“သူတို့က ဂိုဏ်းတစ်ခုလုံးရဲ့ သူလျှိုကွန်ယက်အတွက် တာဝန်ယူထားကြတာ” အနီရောင်မျက်နှာဖုံးက ထပ်ပြောလိုက်သည်။

“အဲဒါကြောင့် သူတို့ရဲ့ အကူအညီက အတော်လေး အဖိုးတန်ပါတယ်။ ဒါပေမဲ့ သူတို့က ဘာလို့လုပ်တာလဲဆိုတာကိုတော့ စဉ်းစားနေတုန်းပါပဲ”

“အရိပ်အုပ်ချုပ်သူဆီကနေ အမိန့်ဖြစ်နိုင်တယ်” ဝမ်ဝေ့က ပြောလိုက်၏။ ချီယွမ်က အာဏာကို လွှဲပေးဖို့ ပြင်ဆင်နေပြီဖြစ်သည့်အတွက် တခြားသောသူများကလည်း အတူတူလုပ်သည်မှာ အဓိပ္ပာယ်ရှိပေသည်။

“ငါ့ကို ရန်လိုနေတဲ့ တခြားမိသားစုနှစ်ခုကိုရော ရှာဖွေပြီးသွားပြီလား”

“ကျိုးမျိုးနွယ်မှာက ရှေးဦးမျိုးစေ့ရာထူးကို လိုချင်တဲ့ ဒဏ္ဍာရီလာတပည့် တစ်ယောက်ရှိပါတယ်။ ဒါပေမဲ့ သူက မျိုးစေ့စစ်ဆေးမှုအတွင်းမှာ သူ့ကိုယ်သူ အရှက်ခွဲခဲ့မိတယ်။ အဲဒါကြောင့် ခေါင်းဆောင်က စမ်းသပ်ချက်ကို မအောင်မြင်ပဲနဲ့ ဒီနေရာကို ယူသွားတာကို မကျေနပ်ကြဘူးဖြစ်နေတာ။” အနီရောင်မျက်နှာဖုံးက ရှင်းပြလိုက်သည်။

“ဒါက သူတို့ရဲ့ တစ်ခုတည်းသော ပြဿနာဆိုရင်တော့ ဒီလိုဖြေရှင်းလို့ရတယ်” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ ချီယွမ်က သူ့အား ဂိုဏ်း၏ စည်းလုံးညီညွှတ်မှုသည် ရောက်ရှိလာမည့် ခေတ်အတွင်း ထိန်းသိမ်းထားရမည်ဖြစ်ကြောင်း သဲလွန်စပေးခဲ့ဖူးသည်။ ထို့ကြောင့် ဝမ်ဝေ့၏ ရည်မှန်းချက်က ထိုလူများအား သူ့ထိန်းချုပ်မှုအောက် လိုလိုလားလား နာခံလာစေဖို့ရာသာဖြစ်၏။

“စုမျိုးနွယ်ရဲ့ ပြဿနာကရော”

“သူတို့ရဲ့ ပြဿနာကတော့ အဆင့်(၁၂)မကောင်းဆိုးဝါးနတ်ဘုရားပြောင်းလဲရေးခန္ဓာပါ” အနီရောင်မျက်နှာဖုံးက ပြန်ဖြေလိုက်သည်။

“သူတို့က အဓိကမျိုးနွယ်သုံးခုကပဲ လူသားမကောင်းဆိုးဝါး နတ်ဘုရားသွေးမျိုးဆက်ရှိတာကို မကျေနပ်ကြတာပါ”

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။

“တကယ်တော့ တခြားမျိုးနွယ်တွေနဲ့ ဂိုဏ်းအမှုထမ်းဘက်က ယွီချိုက်အပါအဝင် မကျေနပ်ကြဘူးလေ။ ဒါပေမဲ့ သူတို့တွေက ဒီပြဿနာက ဘိုးဘေးတွေ ဖြေရှင်းရမယ်ဆိုတာကို နားလည်နေကြတယ်။ အဲဒါကြောင့် တိတ်ဆိတ်နေကြတာ။ စုမျိုးနွယ်ရဲ့ ခေါင်းဆောင်ကတော့ အတော်လေး ခေါင်းပူလွယ်တဲ့ လူမျိုးဆိုတော့ သူမက ဒီကိစ္စကို မရပ်မနားပြောနေတာ”

“ငါက မတက်လှမ်းခင်ကတည်းက ပြဿနာမီးမွှေးထားမိတာပဲ” ဝမ်ဝေ့က ရယ်မောလိုက်သည်။

“ခေါင်းဆောင် အခု ဘယ်လိုလုပ်မှာလဲ”

“တခြားမျိုးနွယ်တွေရဲ့ ချဉ်းကပ်မှုက မှန်ကန်တယ်။ ဘိုးဘေးတွေရဲ့ လုပ်ပိုင်ခွင့်နဲ့ ဖြေရှင်းရမဲ့ ကိစ္စပဲ” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။ သူက ထိုနည်းစနစ်ပျံ့နှံ့သွားခြင်းအတွက် ပြဿနာမရှိပေ။ သို့သော် တခြားသူများက သူ့အတွေးကို ခိုးယူပြီး ဂိုဏ်းအား သွေးမျိုးဆက်အင်အားစုအဖြစ် ပြောင်းလဲပစ်ဖို့ ကာကွယ်ထားဖို့ လိုအပ်နေသည်။ သူ့လက်ရှိအင်အားနှင့် ဂုဏ်သိက္ခာက ထိုစည်းမျဉ်းများကို လုပ်ဖို့ မလုံလောက်သေးပေ။ ထို့ကြောင့် သူက ဘိုးဘေးများ ပြန်လည်ရောက်ရှိလာပြီး ထိုကိစ္စကို ဆွေးနွေးပြီးသည့်အတွက် စောင့်ဆိုင်းရပေမည်။

“အဲဒီမိသားစုအပေါ် ကျွန်မတို့ ဘာလုပ်သင့်လဲ” အနီရောင်မျက်နှာဖုံးက မေးလိုက်သည်။

“စုမျိုးနွယ်ကိုတော့ ထားလိုက်တော့။ သူတို့က စကားနဲ့ပဲ ပြောနေတာ။ ကျိုးမျိုးနွယ်ကတော့ ငါ စစ်ဆေးမှုခံယူလိုက်တာနဲ့ သူတို့တွေ ပါးစပ်ပိတ်သွားလိမ့်မယ်” ဝမ်ဝေ့က ပြောလိုက်သည်။

“ဟုတ်ကဲ့ တခြားညွှန်ကြားစရာများ ရှိပါသေးလား” အနီရောင်မျက်နှာဖုံးက ခေါင်းညိတ်လိုက်သည်။

“မရှိတော့ဘူး။ မင်းအလုပ် မင်း ဆက်လုပ်”

ဝမ်ဝေ့က ဂိုဏ်းချုပ် ယွီချိုက်နှင့် မဟာအကြီးအကဲယန်းရွှယ်တို့အား ဆက်သွယ်လိုက်သည်။

“နှစ်၃၀၀တောင် ကြာခဲ့တယ်။ တကယ်ကို ပြင်းပြတဲ့စိတ်စွမ်းအားပဲ” ယွီချိုက်က ခေါင်းအသာယမ်းပြီး သူ့အားကျမှုကို ပြသလိုက်သည်။

“ကမ္ဘာကြီးက အခုတိတ်ဆိတ်ငြိမ်းချမ်းနေတယ်ဆိုပေမဲ့ ဒါက အပေါ်ယံပဲ ဆိုတာကို ကျုပ်တို့အားလုံးလည်း သိကြတာပဲ” ဝမ်ဝေ့က ပြန်ပြောလိုက်သည်။

“ငါတို့တွေ ဘာများလုပ်ပေးရမလဲ” ယန်းရွှယ်က မေးလိုက်သည်။ မဟာအကြီးအကဲက သူတို့သည် သမိုင်းကြောင်း၏ အနေအထားတစ်ခုသို့ ရောက်ရှိနပြီဖြစ်ပြီး သူတို့၏ အပြုအမူက ပြင်းထန်သည့် အကျိုးဆက်ရှိလာနိုင်ကြောင်း နားလည်ထားလေသည်။

“ကျုပ်အတွက် ဒီကိစ္စတွေကို လုပ်ပေးဖို့လိုတယ်” ဝမ်ဝေ့က ပြောလိုက်သည်။

“ပထမတစ်ခုက ရိုးရှင်းပါတယ်။ ကျုပ်က ရှေးဦးမျိုးစေ့စစ်ဆေးမှုကို ဖြေချင်တယ်”

ယွီချိုက်နှင့် ယန်းရွှယ်တို့က အချင်းချင်းကြည့်ကာ နားလည်လိုက်ကြသည်။ ထို့ကြောင့် သူတို့က နောက်ထပ်စကားမဆိုဘဲ ခေါင်းညိတ်လိုက်ကြ၏။

“ဒုတိယကိစ္စကတော့…”

All Chapters