← Chapters

စံပြတစ်ယောက်၏လမ်းစဉ်

Vol. 102 Ch. 1417

စံပြတစ်ယောက်၏လမ်းစဉ်

Vol. 102 Ch. 1417

“ဒုတိယအချက်အနေနဲ့ကတော့ ခင်ဗျားတို့တွေသေမျိုးဘဝစစ်ဆေးမှုကို ဆင့်ခေါ်ဖို့လိုတယ်။” ဝမ်ဝေ့ကပြောလိုက်သည်။

“ကမ္ဘာကြီးက ပိတ်ဆို့ခံထားရတာ။ ဒါကို ဘယ်လိုလုပ် လုပ်နိုင်ပါ့မလဲ။” ယွီချိုက်က မျက်မှောင်ကြုတ်ကာမေးလိုက်သည်။ ခဏအကြာတွင် သူက ဝမ်ဝေ့သည် မဖြစ်နိုင်သည့်အရာကို တမင်တောင်းဆိုနေခြင်းဖြစ်ကြောင်း တွေးမိသွားသည်။

“ကျုပ်တို့ကမ္ဘာကြီးမှာ ဆင့်ခေါ်ဖို့မလိုပါဘူး။ အချိန်မြစ်ကြောင်းခွဲမှာ ဆင့်ခေါ်ရုံပဲ။” ဝမ်ဝေ့က ရှင်းပြလိုက်သည်။

“သော့ခလောက်က အဲ့နေရာကို လွှမ်းမိုးမထားနိုင်ဘူး။ လက်ရှိအနေနဲ့ဆို သူ့စွမ်းအားက အားအနည်းဆုံးဖြစ်နေတာ။ အခု ပြီးပြည့်စုံတဲ့ အချိန်အခါကောင်းပဲ။”

သူ့အစီအစဉ် အောင်မြင်ဖို့ရန်အတွက် သူက စံပြတစ်ယောက်ဖြစ်လာဖို့ လိုအပ်ပြီး သေမျိုးဘဝစစ်ဆေးမှုကသာ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၏ လက်ရှိအနေအထားတွင် သူ တွေးနိုင်သည့် တစ်ခုတည်းသောနည်းလမ်းသာ ဖြစ်၏။

“ဒီချဉ်းကပ်မှုက အလုပ်ဖြစ်ကောင်းဖြစ်နိုင်တယ်။” မဟာအကြီးအကဲယန်းရွှယ်က ပြောလိုက်သည်။

“ကျွန်မတို့တွေ အခမ်းအနားကို ကြိုတင်ပြင်ဆင်ထားဖို့ လိုတယ်။ ဒါပေမဲ့ လုပ်လို့တော့ရပါတယ်။”

သေမျိုးဘဝ စစ်ဆေးမှုက လူများအား စံပြဖြစ်လာဖို့ ခွင့်ပြုထားရုံသာမကပဲ သူမကဲ့သို့လူများအား ယခင်အထွတ်အထိပ် အနေအထားသို့ပြန်လည်ရောက်ရှိစေနိုင်မည့် တစ်ခုတည်းသော နည်းလမ်းလည်း ဖြစ်သည်။

“အရမ်းလည်း စိတ်လှုပ်ရှားမနေနဲ့ဦး။” ယွီချိုက်က ထပ်ပြောလိုက်သည်။

“အခမ်းအနားက ကမ္ဘာရဲ့ ပါရမီရှင်နဲ့ ကောင်းကင်ရွေးချယ်ခံအများစုဆီကနေ ကံကောင်းမှုတွေလိုအပ်တယ်။ ဆိုလိုတာက တခြားအာဏာရှင်တွေနဲ့ ထိပ်တန်းစံပြမျိုးနွယ်တွေဆီကနေ ပူးပေါင်းမှုကိုလည်း လိုအပ်တယ်ဆိုတဲ့သဘောပဲ။”

“အဲ့ဒီလူတွေရဲ့ စွမ်းအားမြှင့်တင်ချင်တဲ့ အလိုဆန္ဒက ကျွန်မတို့လိုပဲ မြင့်တယ်။ အဲ့ကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်ဖို့မလိုဘူးလို့ ထင်တယ်။” ယန်းရွှယ်က ပြောလိုက်သည်။

“အဲ့တာကို သိပါတယ်။ ဒါပေမဲ့ ပြောသလောက်တော့ လွယ်မယ် မထင်ဘူး။ အဲ့လူတွေနဲ့ ညှိနှိုင်းဖို့ အချိန်တစ်ခု လိုလိမ့်မယ်။” ယွီချိုက်က ရှင်းပြလိုက်သည်။

“အာဏာရှင်တွေရဲ့ ကြမ္မာ ပြန်ရောက်ရှိလာမှုက အဲ့ဒီလူတွေကို မြှောက်ကြွမြှောက်ကြွဖြစ်စေလိမ့်မယ်။ ဒါကြောင့် ဒီအခမ်းအနားနဲ့ ပတ်သက်ပြီး လူများစွာက ရှေးကနေ ဦးဆောင်မှုရဖို့ အခြေအတင် ပြောဆိုကြမှာပဲ။” ဝမ်ဝေ့က ပြောလိုက်သည်။

“သူတို့ရဲ့အဓိပ္ပါယ်မရှိတာတွေကို လိုက်ပြီးနားထောင်မနေနဲ့။ နှစ်သုံးရာအကြာမှာ ရက်သတ်မှတ်ထားမယ်။ သူတို့ကို ပြောရမှာက သူတို့အလိုရှိရင် ပါဝင်နိုင်တယ်ဆိုတာပဲ။”

“အဲ့တာက နည်းနည်းလေး အချိန်မတိုတောင်းဘူးလား။ ပြီးတော့ အခမ်းအနားအတွက် သူတို့ကို အမှန်တကယ်လိုအပ်နေတာလေ။”

“သူတို့က အဲ့တာကို မသိဘူးလေ။ ပြီးတော့ သူတို့က အဲကိစ္စကို သေချာသိနေတာလဲ မဟုတ်ဘူး ” ဝမ်ဝေ့က ပြောလိုက်သည်။

“အဲ့ဆိုတော့ ကျုပ်တို့က သူတို့ကို အရေးမကြီးသလိုမျိုး ပြုမူရမယ်။ ဒီလှောင်ချိုင့်ခေတ်ကာလထဲမှာ စံပြတွေကို လေ့ကျင့်ပေးနိုင်တာကို သဘောပေါက်သွားတဲ့အခါကျရင် သူတို့က ကျုပ်တို့အပေးအယူတွေကို လက်ခံပြီးတော့ သူတို့အတွက် နေရာရဖို့ လက်ဆောင်တွေပါ ယူလာကြလိမ့်မယ်။”

“အဲ့ဒီလူတွေနဲ့ဖြေရှင်းတဲ့အခါမှာ ဘာမှအားနာနေဖို့ မလိုဘူး။” အကြီးအကဲယန်းရွယ်ကပြောလိုက်သည်။

“ဟုတ်တယ်။ ကျုပ် လုပ်ရမယ့်ဟာကို သိပြီ။” ယွီချိုက်က ခေါင်းညိတ်လိုက်သည်။

ဝမ်ဝေ့က မေးလိုက်သည်။

“အခု တတိယတောင်းဆိုချက်အနေနဲ့ကတော့ တည်ရှိမှုဆေးလုံးတွေအများကြီး ရရှိဖို့လိုတယ်။”

“ဘယ်လောက်ကို ပြောတာလဲ။” ယွီချိုက်က မျက်မှောင်ကျုံ့ကာ မေးလိုက်၏။

 ဝမ်ဝေ့က အရေအတွက်တစ်ခု ရေးသားထားသည့် စာရွက်ကို ပြသလိုက်သည်။

“ဒါက များလွန်းတယ်။” ယွီချိုက်က ချက်ချင်း ငြင်းဆန်လိုက်သည်။

“အကြွင်းမဲ့တားမြစ်ချက်မတိုင်ခင်က ထိန်းသိမ်းထားတာ တချို့တော့ရှိတယ်။ ဘိုးဘေးတွေက သုံးဖို့ အခွင့်အရေး မရခဲ့ဘူးလေ။”ယန်းရွယ်က ထပ်ပြောလိုက်သည်။

“အဲ့ဆိုတော့ ထိန်းသိမ်းထားတာ တချို့တော့ရှိတယ်။ ဒါပေမဲ့ ရှင့်ရဲ့တောင်းဆိုမှုက အရမ်းကို မြင့်မားလွန်းတယ်။ ဘာလို့အဲ့ဒီလောက်လိုတာလဲ။”

“ကျုပ်ရဲ့ စံပြစမ်းသပ်ချက်အတွက်လိုတာ။” ဝမ်ဝေ့က ရှင်းပြလိုက်သည်။ သို့သော်လည်း သူ့စကားများက သူတို့၏ ပူပန်မှုကို ပျောက်ပျက်သွားစေခြင်း မရှိခဲ့ပေ။ သို့သော်လည်း သူက ဆက်လက်မပြောတော့ပေ။

“ကျုပ်က မူလစည်းတံဆိပ်ကုန်းမြေရဲ့ ရတနာသိုက်ကို ဝင်လို့ရတယ်။ ဒါပေမဲ့ ဝူဟုန်က သူမရဲ့ဆေးလုံးအများစုကို သုံးပြီးသွားပြီ။ အဲ့တာကြောင့်မလို့ ပစ္စည်းတွေကို လဲလှယ်ဖို့လိုတယ်။ သေမျိုးဘဝစမ်းသပ်မှုမှာပါဝင်ဖို့ တန်ကြေးက လူတစ်ယောက်ကို အနည်းဆုံး ဆေးလုံးငါးလုံး ဖြစ်လိမ့်မယ်။”

“အဲ့တာ နည်းနည်း များလွန်းမနေဘူးလား။”

“မများပါဘူး။” ဝမ်ဝေ့က တည်ငြိမ်စွာ ပြောလိုက်သည်။

“ကျုပ်တို့တွေလိုမျိုးပဲ သူတို့တွေက သူတို့ဘိုးဘေးတွေအတွက် ဆေးလုံးတွေ ပြင်ဆင်ထားခဲ့မှာ။ ဒါပေမဲ့ သုံးဖို့ အခွင့်အရေးမရခဲ့ကြဘူး။ ပြီးတော့ ကျုပ်တို့တွေက ဒီခေတ်ကာလထဲမှာ ပေါ်ထွက်လာမယ့် စံပြအရေအတွက်ကို ကန့်သတ်ဖို့လိုတယ်။ အဲ့တာက တားမြစ်ဖို့ နည်းလမ်းတစ်ခုပဲ။”

“ဟုတ်တယ်။ လေလွှင့်ကျင့်ကြံသူတွေအကြောင်းတောင်ထည့်မပြောရသေးဘူး။” အကြီးအကဲယန်းရွယ်က ထည့်ပြောလိုက်သည်။

“သူတို့တွေက သတင်းကို ကြားရင် ငြီးတွားကြလိမ့်မယ်။ အတားအဆီးတစ်ခု ထားတာက သူတို့တွေကို ပါးစပ်ပိတ်ဖို့ နည်းလမ်းကောင်းပဲ။”

“ခင်ဗျားတို့နှစ်ယောက် ပြောတာဟုတ်တယ်။ ဒါပေမဲ့ ဒီချဉ်းကပ်မှုက တန်ပြန်သက်ရောက်မှုမျိုး ရှိလာမှာတာကို စိုးရိမ်မိတယ်။” ယွီချိုက်က ရှင်းပြလိုက်သည်။

“မစွန့်စားရဲရင် ကျုပ်ဆီကို အပ်ထားလိုက်။” ဝမ်ဝေ့က ရုတ်တရက်ပြောလိုက်သည်။

“မဟုတ်ပါဘူး ကျုပ် လုပ်ပါ့မယ်။”

“ကောင်းပြီလေ။” ဝမ်ဝေ့က ယွီချိုက်၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။

“ခင်ဗျားကို အားကိုးလို့ရမယ်မှန်း သိတယ်။”

ယွီချိုက်က ချက်ချင်းဆိုသလို မျက်နှာနီသွား၏။ ဝမ်ဝေ့က ထိုအရာကို မသိသော်လည်း ဤကမ္ဘာတွင် သူ့ဂုဏ်သတင်းက ကြီးမားလှသည်။ သူက တစ်ယောက်တည်းဖြင့် လမင်းခုနစ်စင်း ပျက်စီးမည့်ခေတ်ကာလကို ဆောင်ကျဉ်းခဲ့ပြီး ကမ္ဘာကြီးသည် အန္တိမသဟဇာတကြောင့် ချောက်နက်ကြီးထဲ ကျမသွားသေးသည့်အကြောင်းအရင်းကလည်း သူ့ကြောင့်သာ ဖြစ်သည်။ ထို့ကြောင့် သူ့တည်ရှိမှုကို မသိကြသေးသော်လည်း ထိပ်တန်းမျိုးနွယ်အာဏာရှင်အများစုကမူ သူ့ကို ကောင်းကောင်းသိကြသည်။

ယွီချိုက်က ယုံကြည်ချက်အပြည့်ဖြင့် အခန်းမှ ထွက်သွားလေ၏။ သို့သော်လည်း သူ အပြင်ရောက်လာသည့်အခါ မြေခွေးအိုကြီးက ဝမ်ဝေ့၏လှည့်ကွက်ငယ်လေးကို သတိထားမိသွားကာ ခေါင်းသာရမ်းလိုက်၏။ ထိုအမျိုးသား၏ ဩဇာတိက္ကမကို ချီးကျူးမိလိုက်သည်။

“သူ့ကို ဘယ်လိုထင်လဲ။” အကြီးအကဲယန်းရွယ်က ယွီချိုက် ထွက်ခွာသွားပြီးနောက်တွင် မေးလိုက်သည်။

“သူက ပါရမီရှိတယ်။ ဒါပေမဲ့ သူ့အရည်အချင်းနဲ့ ပတ်သက်ပြီးတော့ စိတ်မလုံမခြုံ ဖြစ်နေတဲ့ပုံပဲ။ ပြီးတော့ သူက တာအိုအခွင့်အလမ်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်တစ်ယောက်ဆိုတာကို မဖမ်းဆုပ်မိတဲ့ပုံပဲ။” ဝမ်ဝေ့က သူ့ကို မှတ်ချက်ပေးလိုက်သည်။

“အဲ့တာ သူ့ကို အပြစ်တင်လို့မရဘူးလေ။ သူက ဂိုဏ်းရဲ့ ဩဇာတိက္ကမအနိမ့်ကျဆုံးအချိန်မှာ နေထိုင်ခဲ့ရတာ။ သူ ကြီးကြပ်နေစဉ်အချိန်တုန်းမှာ အသက်ရှင်ဖို့အတွက် ဦးညွှတ်ရမယ်ဆိုတာပဲ သိခဲ့တာလေ။ သူ့အနေနဲ့ အာဏာရှင်တစ်ယောက်ရဲ့ ဂုဏ်ကျက်သရေကို ခံစားရတဲ့အချိန်က တိုတောင်းတယ်လို့ ပြောလို့ရတယ်။”

ဝမ်ဝေ့က ဆိုလိုရင်းကို နားလည်သည်။ သူက ယွီချိုက်၏စိတ်ခံစားချက်များကို ဂရုမစိုက်ပေ။ ထို့ကြောင့် သူက စကားခေါင်းစဉ်လွဲကာ ပြောလိုက်သည်။

“ရှေးဦးမျိုးစေ့စမ်းသပ်ချက်အတွက် ဘယ်မှာသွားပြီး ခံယူရမလဲ။”

“အမှတ်အသားပြားကို မသုံးရသေးဘူးမလား။ အဲ့ဒီထဲကို အံ့ဖွယ်အသိစိတ်ကိုထည့်လိုက်ရင် လိုချင်တဲ့သတင်းအချက်အလက်တွေကို ရနိုင်တယ်။” ယန်းရွယ်က ပြန်ပြောလိုက်သည်။

“ကျုပ် သိပြီ။” ဝမ်ဝေ့က သူမအား ကျေးဇူးတင်လိုက်၏။ သူတို့က စကားစမြည်ပြောပြီးသည့်နောက်တွင် မဟာအကြီးအကဲက ထွက်ခွာသွားလေသည်။ ဝမ်ဝေ့က သူ့အမှတ်အသားပြားကို ချက်ချင်းအသုံးမပြုသေးဘဲ မီးတာက်ပန်းပဲဆရာကို ဆင့်ခေါ်လိုက်၏။

“အာဏာရှင်တွေရဲ့ ကြမ္မာက ပြန်ရောက်လာပြီ။ ခင်ဗျား အရည်အချင်းတာအိုအဖွဲ့အစည်းဆီ ပြန်သွားဖို့ စီစဉ်ထားလား။” ဝမ်ဝေ့က တဲ့တိုးမေးလိုက်၏။

“မပြန်သေးပါဘူး။ ခင်ဗျားအပေါ်မှာ ကံကြွေးအမြောက်အများ တင်ထားတာ။ ကျုပ်အကြွေးကို ဆပ်ပြီးမှပဲ ပြန်တော့မယ်။” မီးတောက်ပန်းပဲဆရာက အမှန်အတိုင်း ပြန်ဖြေလေသည်။ သူက သူ့အင်အားစုဆီ ပြန်သွားနိုင်ပြီဖြစ်သည့်အတွက် ဝမ်ဝေ့ကို စွန့်ပစ်သွားမည် မဟုတ်ပေ။

“တော်သေးတာပေါ့။” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။

“အရည်အချင်းတာအိုအဖွဲ့အစည်းက လူတွေ မကြာခင်ရောက်လာလိမ့်မယ်။ ခင်ဗျားအလိုရှိရင် သူတို့နဲ့ မိတ်ဆက်ထားလိုက်ပေ့ါ။ သူတို့နဲ့ ဆက်နွယ်မှုတစ်ခု တည်ဆောက်ထားတာက ကိစ္စဆိုးတော့ မဟုတ်ပါဘူး။”

“ကျုပ် နားလည်ပါပြီ။”

“တကယ်လို့ သူတို့က ခင်ဗျားကို တာအိုလမ်းစဉ်ကျောက်ပြားအကြောင်း မေးတယ်ဆိုရင် ခင်ဗျားရဲ့ အဖြေက မသိဘူးပဲ။ နားလည်လား။”

မီးတောက်ပန်းပဲဆရာက ခဏရပ်ဆိုင်းသွားသည်။

“ကောင်းပါပြီ။”

“သူတို့က ကျုပ်တို့ရဲ့အနာဂတ်မဟာမိတ်တွေပဲ။ ဒီပစ္စည်းတွေက သေချာပေါက်ပြန်ပေးရမှာပေါ့။ ဒါပေမဲ့ အချိန်နဲ့နေရာနဲ့ဆိုတာ ရှိတယ်လေ မဟုတ်ဘူးလား။ ပြီးတော့ တာအိုအခွင့်အလမ်းဂိုဏ်းက အဲ့ဒီလူတွေဆီက ပြဿနာအများကြီးကြုံတွေ့ပြီးတော့ ရယူထားရတာလေ။ နည်းနည်းလေးတော့ ပြန်ပြီးပေးဆပ်သင့်တယ်မလား။”

“ခင်ဗျား ပြောတာ အဓိပ္ပါယ်ရှိပါတယ်။” မီးတောက်ပန်းပဲဆရာက ခေါင်းညိတ်ပြီး သက်ပြင်းချလိုက်သည်။

ဝမ်ဝေ့က သူ့ကို ပြန်လွှတ်ပြီးသည့်နောက်တွင် မာမျိုးနွယ်ကို ပြန်စစ်ဆေးလိုက်၏။

ငါ မှန်နေတာပဲ။ မာလီချိုးက သူမမျိုးနွယ်ရဲ့တည်ရှိမှုကို တစ်ခုခုလုပ်ထားတယ် ....

ဝမ်ဝေ့က တွေးလိုက်သည်။ သူက မာလီချိုးသည် သူပျိုးထောင်ထားသည့် စံပြကို အသုံးပြုပြီး သူမကိုယ်သူမ အသက်သွင်းဖို့ စီစဉ်နေကြောင်း သံသယရှိထားသည်မှာ ကြာပြီဖြစ်၏။ သို့သော် သူ့အနေဖြင့် သက်သေအခိုင်အမာ မရှိခဲ့ပေ။ သို့သော် ယနေ့တွင် သူက ဤမျိုးနွယ်၏ တည်ရှိမှုပုံကြမ်းကို ချောင်းကြည့်ခဲ့ပြီး သူမ အသက်သွင်းနိုင်သည့် ဟာကွက်တခုကို တွေ့ရှိခဲ့ရသည်။

သူမရဲ့နည်းလမ်းက တကယ်ကိုနက်နဲတာပဲ။ ဒါပေမဲ့ ငါ့ရဲ့စိတ်တိုင်းကျ ပြင်ဆင်လို့ရသေးတယ် ......

ဝမ်ဝေ့က သုံးသပ်လိုက်၏။ သို့သော်လည်း သူက မာလီချိုးအား မဟာမိတ်အဖြစ် သတ်မှတ်ထားပြီးဖြစ်သည့်အတွက် သူမ၏ အသက်ပြန်ရှင်မှုကို နှောင့်ယှက်ဖို့အကြောင်းအရင်း မရှိပေ။

ငါက မာမျိုးနွယ်ကို စတင်လေ့ကျင့်ပေးလို့ရပြီ။ ဒါပေမဲ့ သူတို့တွေကို လက်ရှိသေမျိုးဘဝ စစ်ဆေးမှုထဲမှာ ပါဝင်ပေးဖို့ ခွင့်ပြု‌ပေးဖို့မလိုသေးဘူး ....

မာလီချိုး၏ အသက်ပြန်ရှင်လာမှုက ဤမျှစောစီးနေ၍ မရပေ။ ဝမ်ဝေ့က သူတို့အား နေရာတစ်ခုပေးလိုလျှင်ပင် သူတို့၏အဖွဲ့သားများက ကောင်းကင်ဘုံအဆင့် မဟုတ်သေးသည့်အတွက် သူတို့အတွက် အသုံးမဝင်ပေ။

ဝမ်ဝေ့က သူတို့၏ ဒိုင်မေးရှင်းမှ တိတ်တဆိတ် ထွက်ခွာလာပြီးသည့်နောက်တွင် အမှတ်အသားပြားကို အသုံးပြုလိုက်သည်။

ဟမ် ... ဂိုဏ်းက သူတို့ရဲ့ လေဟာနယ်ပုံရိပ်ယောင်နယ်မြေ ပုံစံမျိုးရှိတာလား ...

အမှတ်အသားပြားက သူနှင့် ဤတာအိုဆက်နွယ်ရေးနယ်ပယ်အား ဆက်နွယ်ပေးထားလေသည်။ ထိုအရာက တပည့်များနှင့်အကြီးအကဲများ အချင်းချင်း ဆက်နွယ်နိုင်ကာ သင်ယူနိုင်ဖို့ လေဟာနယ်တစ်ခု ဖြစ်၏။ ဝမ်ဝေ့က သူ့အိမ်မက်လောကတွင် တွေ့ရှိခဲ့သည့် လှုံ့ဆော်မှုပုံစံကို မြင်တွေ့လိုက်ရသည်။ ထိုအရာက တပည့်များနှင့် အကြီးအကဲများအား နည်းစနစ်များကို လေ့ကျင့်ကာ ဤနယ်ပယ်ထဲတွင် ဆေးလုံးဖော်စပ်ခြင်းကိုပင် လေ့လာနိုင်သည်။

“ခေတ်မီလိုက်တာ။” ဝမ်ဝေ့က မှတ်ချက် ပေးလိုက်၏။ ဒိုင်မေးရှင်းအမြင့်ဂိုဏ်း၏ ဖွဲ့စည်းတည်ဆောက်မှုက ဒိုင်မေးရှင်းအနိမ့်ဂိုဏ်းထက် ပိုမိုအဆင့်မြင့်ကာ ခေတ်မီလွန်းလှသည်။

ခဏအကြာတွင် ဝမ်ဝေ့က သူသည် ခေတ်သစ်လောကကို ပြန်လည်ရောက်ရှိသွားသလိုမျိုး ခံစားချက်ရရှိလိုက်သည်။ သူက ခေါင်းအသာရမ်းပြီးသည့်နောက်တွင် ထိုခံစားချက်များကို ဖယ်ရှားလိုက်သည်။ ထို့နောက် အကောင့်တစ်ခု ဖွင့်ကာ သူ့လုပ်ပိုင်ခွင့်နှင့် အာဏာအကြောင်း မှတ်သားချက်များကို ဖတ်ရှုပြီး တာအိုဆက်နွယ်ရေးနယ်မြေကို လေ့လာပြီး အခြေခံဂိုဏ်းစည်းမျဉ်းများကိုပါ ကြည့်ရှုလိုက်သည်။

All Chapters