← Chapters

ပြန်လည်ဆုံစည်းခြင်း အပိုင်း (၁)

Vol. 102 Ch. 1418

ပြန်လည်ဆုံစည်းခြင်း အပိုင်း (၁)

Vol. 102 Ch. 1418

ဝမ်ဝေ့က သူ့အမှတ်အသားကို အသုံးပြုလိုက်ပြီးသည့်နောက် ရှေးဦးမျိုးစေ့စမ်းသပ်ချက်ဆီ ရောက်ရှိသွားလေသည်။ ပထမစမ်းသပ်ချက်အနေနှင့် သူက လူတချို့သာ အောင်မြင်ရသည့် အကြောင်းအရင်းကို နားလည်သွားလေ၏။ သူ့ပထမတာဝန်က အင်အား ၉၀ ရာခိုင်နှုန်းရှိထားသည့် စံပြပုံရိပ်ယောင်တစ်ခုကို အနိုင်ယူဖို့ ဖြစ်သည်။ တခြားနည်းဖြင့်ပြောရလျှင် ထိုစမ်းသပ်ချက်အတွက် အနည်းဆုံးလိုအပ်ချက်က ကောင်းကင်ဘုံအဆင့်အတွင်း တားမြစ်တိုက်ခိုက်ရေးအဆင့်ကို ရောက်ရှိထားဖို့ ဖြစ်၏။

ထိုစမ်းသပ်ချက်က ဝမ်ဝေ့အတွက် ပြဿနာတစ်ခု မဟုတ်သည့်အတွက် သူက များစွာအားစိုက်စရာမလိုဘဲ အောင်မြင်သွားလေသည်။ စမ်းသပ်ချက်၏ ဒုတိယအပိုင်းကမူ သူ့ဝိညာဉ်ကို ဖြစ်၏။ ထိုအရာ၏ လိုအပ်ချက်က ကောင်းကင်ဘုံအဆင့်တွင် ရှိနေစဉ် စံပြဝိညာဉ် ရှိထားဖို့ ဖြစ်ပြီး ဝိညာဉ်က အနည်းဆုံး ၉၂ ရာခိုင်နှုန်း ဖြစ်ရပေမည်။ တတိယစမ်းသပ်ချက်ကမူ စိတ်ဆန္ဒ ဖြစ်၏။ စမ်းသပ်ချက်က စံပြတစ်ယောက်၏ ကျင့်ကြံဆင့်ပေါ် မူတည်၍ အရည်အသွေးပြည့်မှီရမည် ဖြစ်ပြီး အနည်းဆုံး လိုအပ်ချက်က စိတ်ဆန္ဒ ၉၂ ရာခိုင်နှုန်း ဖြစ်ပေသည်။ စတုတ္ထစမ်းသပ်ချက်ကမူ တာအိုအုတ်မြစ် ဖြစ်ကာ အနည်းဆုံးလိုအပ်ချက်က အဆင့်(၁) အင်အားကို ပိုင်ဆိုင်ထားသည့် တာအိုပြန်လည်တည်ထောင်မှု ရှိထားရမည်။

နောက်ဆုံးစမ်းသပ်ချက်က အောင်မြင်မှု ပါဝင်ပတ်သက်နေ၏။ ရှေးဦးမျိုးစေ့အမှတ်အသားပြား ပိုင်ရှင်သည် တစ်စုံတစ်ခု ထူးချွန်ပြောင်မြောက်နေရမည် ဖြစ်သည်။ နမူနာအနေနှင့် စံပြသတ်ဖြတ်ရေးဂုဏ်ပုဒ်ကို ရရှိထားခြင်းမျိုး ဖြစ်၏။ ဝမ်ဝေ့က ထိုဂုဏ်ပုဒ်ကို မရထားသော်လည်း သူသည် ပြောစမှတ်တွင်လောက်သည့် အရာများကို လုပ်ဆောင်ခဲ့ဖူးလေသည်။ ထိုအရာများထဲတွင် လမင်းခုနှစ်စင်း ခေတ်ကာလကို အဆုံးသတ်ခြင်းနှင့် အန္တိမသဟဇာတ၏ ဆိုးယုတ်သော လှည့်ကွက်များမှ ကမ္ဘာကို ကယ်တင်ခြင်းတို့ ပါဝင်သည်။

ဝမ်ဝေ့က ဂုဏ်ထူးဖြင့် စမ်းသပ်ချက် အောင်မြင်သွားပြီးသည့်နောက် တာအိုဆက်သွယ်ရေးနယ်ပယ်ထဲ သတင်းက ချက်ချင်း ပျံ့နှံ့သွားလေသည်။ သူက စမ်းသပ်ချက်ကို ဖုံးကွယ်ထားခြင်း မရှိသည့်အတွက် အမှတ်အသားပြားရှိထားသူတိုင်းက ထိုဖြစ်စဉ်ကို ကြည့်ရှုနိုင်လေ၏။ သူ ထွက်လာပြီးသည့်နောက် သိပ်မကြာခင် ကျိုးမိသားစုခေါင်းဆောင်က ဝမ်ဝေ့ဆီ လာရောက်တွေ့ဆုံခဲ့ပြီး လက်ဆောင်များပါ ယူဆောင်လာသည်။ မိသားစုခေါင်းဆောင်က ယခင်ရန်ငြိုးနှင့် ပတ်သက်ပြီး ဘာမှမပြောသော်လည်း လက်ဆောင်ယူလာသည့် အနေအထားဖြင့် သူ့သဘောထားကို ပြသခဲ့လေရာ ဝမ်ဝေ့က လက်ခံခဲ့လေသည်။

တခြားသော မျိုးနွယ်များက သူ့ကို လာရောက်ဂုဏ်ပြုကြသော်လည်း ကျိုးမျိုးနွယ်ကဲ့သို့ လက်ဆောင်များ ယူမလာကြပေ။ သို့သော်လည်း သူတို့က ပထမတစ်ခေါက် လာရောက်တွေ့ဆုံစဉ်ထက် ပိုမို ရိုကျိုးလာကြ၏။ ယန်းအိုက်က သူ့ဆီ ရာထူးအပ်နှံထားသော်လည်း သူကိုယ်တိုင် ရာထူးရယူနိုင်ကြောင်း ပြသလိုက်သည့်အခါ ကွဲပြားသွားပေသည်။ မည်သို့ပင်ဆိုစေကာမူ ဂိုဏ်းအတွင်း ဝမ်ဝေ့၏ အာဏာက ဤစမ်းသပ်ချက်အပြီးတွင် ပိုမို ခိုင်မာလာခဲ့သည်။

အချိန်က ကုန်လွန်သွားကာ သတင်းထွက်လာပြီး ငါးနှစ်တာ ကြာမြင့်သွားလေသည်။ တာအိုအခွင့်အလမ်းဂိုဏ်းဆီ ပထမဆုံးရောက်ရှိလာသူက ဝမ်ဝေ့၏ အသိအကျွမ်းများ ဖြစ်ကြသည်။ တကယ်တော့ သူတို့က သူ့ဆီ တိုက်ရိုက်လာရောက်ခြင်း ဖြစ်သည်။

“မိန်းကလေးရှု တွေ့ရတာဝမ်းသာပါတယ်” ဝမ်ဝေ့က သူမအား ထိုင်ဖို့ လက်ဟန်ပြရင်း ပြောလိုက်သည်။

“ငါလည်း ဒီမှာရှိတာ သိတယ်မလား” ရှောင်ထျန်းတိက ငြီးတွားလိုက်သည်။ ဝမ်ဝေ့က သူ့ကို လျစ်လျူရှုထားပြီး သူ၊ မိန်းကလေးရှုနှင့် နောက်ဆုံးရောက်လာသူ ချန်ရှုတို့ကိုသာ လက်ဖက်ရည် တည်ခင်းဧည့်ခံလိုက်သည်။

“ခင်ဗျားက ထူးကဲတယ်ဆိုတဲ့ စားဖိုးမှူးမလား” ဝမ်ဝေ့က ပြောလိုက်၏။

“ဟုတ်ပါတယ်။ ကျုပ် တပည့်လေးကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” ချန်ရှုက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ သူ့ဆရာကို တွေ့ပြီးတော့ ကျုပ်ကို မျက်နှာလွဲခဲပစ်လုပ်သွားတဲ့ ကလေးမလေးကို ပြောတာလား” ဝမ်ဝေ့က ပုံမှန်အတိုင်း ပြောလိုက်သည်။ သူက ထိုကောင်မလေးကို ဆရာဆီ ပြန်ပို့ပြီးကတည်းက သူမသည် ဘယ်တော့မှ ပြန်မရောက်လာခဲ့ပေ။ ဆိုလိုသည်မှာ သူ့အဖွဲ့မှ ပါရမီရှိ စားဖိုးမှူးတစ်ယောက် ဆုံးရှုံးလိုက်ရခြင်း ဖြစ်၏။

“သူမက မျက်နှာလွဲခဲပစ် လုပ်လိုက်တာ မဟုတ်ပါဘူး။ ကျုပ်က အခု သူမအပေါ် နည်းနည်း ကာကွယ်လိုအား ကြီးနေလို့ပါ။ သူမကို အပြင်ထွက်ခွင့်မပြုထားဘူးလေ” ချန်ရှုက ရှင်းပြလိုက်သည်။

“ဒါပေမဲ့ ကျုပ်တပည့်အတွက် လုပ်ပေးခဲ့တဲ့ကိစ္စအတွက် ပြန်ပြီး အကြွေးဆပ်ဖို့ ကတိပေးပါတယ်”

“ကြားရတာကောင်းသားပဲ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီး သူ့ပင်မဧည့်သည်ကို အာရုံစိုက်လိုက်သည်။

“အဲဆိုတော့ မိန်းကလေးရှု အခုနောက်ပိုင်းဘယ်လိုလဲ ”

“ကျွန်မသာ မဆင်းရဲရင် ဘဝကြီးက ပိုကောင်းနေမှာ” ရှုကျင်းယောင်က ပြန်ဖြေလိုက်၍ ဝမ်ဝေ့က ဆွံ့အသွားလေသည်။

“တကယ်လို့ မင်းဆီမှာ ပြောစရာရှိရင် တည့်တိုးသာပြောလိုက်ပါ”

“ကောင်းပြီလေ” သူမက ခေါင်းညိတ်လိုက်၏။ ဤသည်က သူမ လိုချင်သည့်အရာ ကွက်တိ ဖြစ်ပေသည်။

“ကျွန်မနဲ့ တပည့်လေးအတွက် ဝင်ခွင့်လက်မှတ်ကို အောင်အောင်မြင်မြင် စုစည်းထားပြီးပေမဲ့ ချန်ရှုအတွက် တစ်ခုလိုနေလို့ပါ။ ကျွန်မကို မျက်နှာသာပေးပြီး နေရာတစ်ခုစာအတွက် အဲဒီဆေးလုံးတွေကလွဲပြီး တခြားအရာနဲ့ အစားထိုးပေးလို့ ရနိုင်မလား”

ရှုကျင်းယောင်က အရင်းအမြစ်မြောက်များစွာရှိထားသော်လည်း တည်ရှိမှုကုစားရေး ဆေးလုံးများများစားစား မရှိပေ။ သူမက အဆက်အသွယ်သုံး၍ ဆေးဆယ်လုံး ရထားသော်လည်း သူမ၏ သစ္စာရှိစားဖိုးမှူးအတွက် ဆေးငါးလုံး လိုအပ်နေသည်။

“ဒါက ပြဿနာအသေးအမွှားလေးပါ” ဝမ်ဝေ့က သဘောတူလိုက်၏။

“အဲဆိုတော့ ဘာကိုများလိုချင်လဲ” ရှောင်ထျန်းတိက မေးလိုက်သည်။ သူက ထိုကောင်စုတ်အပေါ် အကြွေးမတင်လိုပေ။

ဝမ်ဝေ့က လက်မြောက်ကာ ကမ္ဘာတစ်ခု၏ ပုံရိပ်ယောင်ကို ထုတ်ဖော်လိုက်၏။

“ဒါက ချက်ပြုတ်ရေးတာအိုကို ကျင့်ကြံကြတဲ့ ဟွေ့မျိုးနွယ်လို့ခေါ်တဲ့ မျိုးနွယ်ငယ်လေးတစ်ခုပါ။ ချန်ရှုက သူတို့မျိုးနွယ်ဝင်တစ်ယောက်ကို တပည့်အနေနဲ့ လက်ခံဖို့ လိုတယ်။ ပြီးရင် သူ့အရည်အချင်းတွေ သင်ပေးရမယ်”

ဟွေ့မျိုးနွယ် တိုးတက်လာမှုက ဝမ်ဝေ့အတွက် သူ့အနာဂတ်ဇနီးလောင်းလေးအား သူ့အချက်အပြုတ်သည် သူမထက် ပိုမိုကောင်းမွန်ကြောင်း လက်ခံမည်လား၊ လက်မခံမည်လား မူတည်နေသည်။ ထို့ကြောင့် သူက သူတို့ကို မေ့လျော့နေခြင်း မရှိပေ။

ရှုကျင်းယောင်က ချန်ရှုကိုယ်စား သဘောမတူလိုက်ပေ။ ထို့အစား သူမက သူ့အား ဆုံးဖြတ်ချက်ချခိုင်းဖို့ တစ်ချက်ကြည့်လိုက်၏။

“ အဲလိုမထင်ရပေမဲ့ ကျုပ်ရဲ့ နည်းစနစ်တွေက ပါရမီမြင့်မားဖို့လိုတယ်နော်” ချန်ရှုက ပြောလိုက်သည်။

“ကောင်းပြီလေ။ လုံလုံလောက်လောက် ပါရမီရှိတဲ့လူမျိုး ရှာတွေ့ဖို့ အချိန်ယူလို့ ရပါတယ် ဒါမှမဟုတ် အဲလိုပါရမီရှင်မျိုးကို ကိုယ်တိုင်ဖန်တီးလို့လဲ ရတယ်”

“ဒီလိုဆိုရင်တော့ ကျုပ်ဆီမှာ ပြဿနာမရှိပါဘူး”

ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ သူတို့အားလုံးရှေ့တွင် ယွီချိုက်ဆီ သတင်းစကားပို့ကာ ချန်ရှုအတွက် ဝင်ခွင့်လက်မှတ်တစ်စောင် တောင်းလိုက်သည်။ ထိုလူက ဖြစ်စဉ်ကို အတည်ပြုပြီးသည်နှင့် သူတို့၏ အပေးအယူက တရားဝင်ဖြစ်သွားလေပြီ။

“ကျေးဇူးပါ” ရှုကျင်းယောင်က ပြောလိုက်သည်။

ဝမ်ဝေ့က သူမ၏ ကျေးဇူးတင်မှုကို လက်ခံလိုက်၏။ ထို့နောက် သူက ထိုလူများနှင့် စကားစမြည်ပြောလိုက်ပြီး ကိုယ်စီလမ်းခွဲလိုက်ကြသည်။ သို့သော် သူတို့၏ ရည်ရွယ်ချက်က ပြီးမြောက်သေးဟန် မပေါ်ပေ။

“နောက်တစ်ခုက …” ရှောင်ထျန်းတိက ပြောလာသည်။

“တကယ်လို့ ငါ့ကို သေမျိုးဘဝစစ်ဆေးမှုအကြောင်း မေးချင်တယ်ဆိုရင် ငါလဲ မင်းသိသလောက်ပဲ သိထားတာ” ဝမ်ဝေ့က ပြောလိုက်သည်။

“မဟုတ်ဘူး။ အဲဒါ သိချင်တာမဟုတ်ပါဘူး” ရှောင်ထျန်းတိက ပြန်ဖြေလိုက်သည်။ သူက အတွေးများကို ခဏစုစည်းပြီး ပြောလိုက်သည်။

“လမင်းခုနှစ်စင်းကာလက အဆုံးသတ်သွားပြီးတော့ မင်းရဲ့ နောက်ပစ်မှတ်က သော့ခလောက်မှန်း အရိပ်အမြွက်အားလုံးက ညွန်ပြနေတယ်”

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သော်ငြား စကားကို ဖြတ်မပြောလိုက်ပေ။

“ နောက်ရောက်လာမဲ့ ခေတ်ကာလနဲ့ ပတ်သက်ပြီး အကြံဉာဏ်တောင်းချင်လို့ပါ” ရှောင်ထျန်းတိက ပြောလိုက်၍ ဝမ်ဝေ့က သူတို့ထံ သတင်းအချက်အလက် မည်မျှကို ထုတ်ဖော်သင့်လဲ စဉ်းစားလိုက်သည်။

“ ကောင်းပြီလေ။ ငါတို့က အခု မဟာမိတ်တွေဆိုတော့ မင်းတို့ကို အနေအထားတစ်ခုအထိတော့ ယုံပါတယ်” သူက လက်ကိုမြောက်ကာ ပတ်ဝန်းကျင်ထဲ မိုးမြေ၏ လျို့ဝှက်ချက်များကို ဖုံးကွယ်ဖို့ လုပ်ဆောင်လိုက်သည်။ သူ့သတိကြီးမှုက တခြားလူများအား သတိကြီးကြီးဖြစ်လာစေ၏။

“ကမ္ဘာကြီးမှာ သော့ခလောက်ပျောက်ကွယ်သွားတာနဲ့ နောက်ထပ် ကပ်ဘေးကြီးတစ်ခုနဲ့ ရင်ဆိုင်ရလိမ့်မယ်”

“ဘယ်လို … ငါတို့က ထူးကဲသာလွန်မှုခေတ်ကာလထဲ ဝင်ရောက်သွားရမှာ မဟုတ်ဘူးလား” ရှောင်ထျန်းတိက မေးလိုက်သည်။

“ကြည့်ရတာ မင်း တော်တော်သိထားတဲ့ပုံပဲ” ဝမ်ဝေ့က ရေရွတ်လိုက်၏။

“ဘာကပ်ဘေးလဲ”

“ထူးကဲသာလွန်မှုခေတ်ကာလမတိုင်ခင် စစ်တုရင်ခုံကို မွေနှောက်ပစ်ဖို့ လိုတယ်” ဝမ်ဝေ့က ပြောလိုက်သည်။

“အဲဆိုတော့ ကပ်ဘေးက အာဏာရှင်တွေကို ပစ်မှတ်ထားနေတာပေါ့” ရှုကျင်းယောင်က သုံးသပ်လိုက်သည်။

“ဟုတ်တယ်” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။

“ဒါပေမဲ့ ထင်ထားတဲ့အတိုင်း ဒီကပ်ဘေးက မရိုးရှင်းဘူး။ တကယ်လို့ ကိစ္စတွေမှားယွင်းသွားခဲ့မယ်ဆိုရင် နယ်ခြားတွေက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာကို ကျူးကျော်ပြီး ထူးကဲသာလွန်မှုခေတ်ကာလက နယ်ခံတွေဖြစ်တဲ့ ငါတို့နဲ့ ဘာမှပတ်သက်မှုမရှိတာမျိုးအထိ ဖြစ်သွားနိုင်တယ်”

ထိုသတင်းစကားကို ကြားလိုက်သည်နှင့် အခန်းတစ်ခုလုံး တိတ်ဆိတ်သွားကြသည်။

“အဲကပ်ဘေးကို တားနိုင်လား” ရှောင်ထျန်းတိက မေးလိုက်သည်။

“ကစားသမားတွေများလွန်းနေတယ်။ ငါ့အနေနဲ့ တားဖို့ အင်အားမဲ့နေတယ်” ဝမ်ဝေ့က အမှန်အတိုင်း ပြန်ဖြေလိုက်၏။ ထိုသို့သောရိုးရှင်းသော စကားက သူတို့သုံးယောက်ထံ သတင်းအချက်အလက်များစွာ ဆောင်ကျဉ်းလာသည်။

“ အဲဆို ရောက်လာမဲ့ ခေတ်ကာလမှာ အသက်ရှင်ဖို့ ဘာတွေလုပ်သင့်လဲ” ရှောင်ထျန်းတိက တည့်တိုးသာ မေးလိုက်၏။

“နောက်ခံရှာထား” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။

“ ထူးကဲသာလွန်မှု အင်အားကြီးပုဂ္ဂိုလ်တွေအများကြီး ပါဝင်လာလိမ့်မယ်။ အဲဒီအခါကျရင် ရှုကျင်းယောင်ရဲ့ ပြီးပြည့်စုံတဲ့ အနှစ်သာရက ထူးကဲသာလွန်မှုလမ်းစဉ်ကို ရှာဖွေနေတဲ့လူ ဒါမှမဟုတ် သူတို့ရဲ့ အထွတ်အထိပ်ကို ပြန်ရောက်ချင်တဲ့ ထူးကဲသာလွန်မှုအဆင့်တွေဆီကနေ လိုက်ရှာခံရလိမ့်မယ်”

“ကျွန်မတို့ကို ဗုဒ္ဓဘာသာနဲ့ ပူးပေါင်းဖို့ ပြောနေတာလား”

“ဒါက ရွေးချယ်စရာတစ်ခုပါပဲ။ ဒါပေမဲ့ ဒီကပ်ဘေးအတွင်း ကျုပ်တို့ဆီမှာ အိမ်ကွင်းအရေးသာချက်ရှိလာလိမ့်မယ်။ အဲဆိုတော့ အာဏာရှင်တွေနဲ့ ထိပ်တန်းမျိုးနွယ်တွေကြား ထူးကဲသာလွန်မှုအဆင့်တွေ ပေါ်လာဖို့ မျှော်လင့်ထားလို့ရတယ်”

ချန်ရှုက တိတ်ဆိတ်နေစဉ် ဆရာတပည့်နှစ်ဦးကမူ အတွေးနက်နေကြသည်။ သူတို့က အချင်းချင်းကြည့်လိုက်ကြပြီး မျက်လုံးမှတဆင့် ဆက်သွယ်နေကြ၏။

ဝမ်ဝေ့က သူတို့ဘာပြောနေမှန်း မသိသော်လည်း သူတို့က အစပိုင်းသဘောတူညီချက် ရလာကြောင်း ပြောနိုင်လေသည်။

“ဒီသတင်းအချက်အလက်အတွက် ကျေးဇူးပါ” ရှုကျင်းယောင်က ပြောပြီးသည့်နောက် ထွက်သွားဖို့ ပြင်လိုက်သည်။

“ကိစ္စမရှိပါဘူး” ဝမ်ဝေ့က ပြောလိုက်သည်။

“ဒါပေမဲ့ မင်းကို တစ်ခုသတိပေးရဦးမယ်။ သော့ခလောက်ကို ဖျက်ဆီးဖို့ မင်းက အခရာဖြစ်လာလိမ့်မယ်။ အဲဒါကြောင့် စောစောစီးစီး ပြင်ဆင်ထားသင့်တယ်”

ရှုကျင်းယောင်က ရုတ်ချည်း ရပ်တန့်သွားကာ ရှောင်ထျန်းတိက အလျှင်အမြန် မေးလာသည်။

“အဲဒါက အန္တရာယ်များလား”

“ဒါပေါ့”

“ဒီလိုဆိုရင် … ”

“ကမ္ဘာရဲ့ ကြမ္မာက ငါတစ်ယောက်တည်း ထမ်းဆောင်ဖို့ မဟုတ်ဘူး” ဝမ်ဝေ့က သူ့ကို ဖြတ်ပြောလိုက်သည်။

“ဒီမွန်းကျပ်စရာ လှောင်ချိုင့်ကနေ လွတ်မြောက်ချင်ရင် အားလုံးက ကိုယ်စီကြိုးပမ်းအားထုတ်ရမှာပဲ”

“နားလည်ပါပြီ။ ကျွန်မ ပြင်ဆင်ထားလိုက်ပါ့မယ်” ရှုကျင်းယောင်က ပြောလိုက်သည်။

ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီးသည့်နောက် သူတို့က စံအိမ်မှ လိုက်ပို့လိုက်သည်။

သူမရဲ့ ပြီးပြည့်စုံမှုက ငါနဲ့ တကယ်ကွာခြားတယ် … ငါ့ပြီးပြည့်စုံမှုက ကျင့်ကြံရေးအုတ်မြစ်ပေါ် မူတည်နေပြီးတော့ သူမကတော့ တည်ရှိမှုတစ်ခုလုံးပဲ …

သူမသာ ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကို ပြီးပြည့်စုံမှု ဖြန့်ကျက်နိုင်သရွေ့ ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်အထိ ရောက်နိုင်လောက်တယ် …

ဒါပေမဲ့ သူမရဲ့ ဝိညာဉ်က ပြီးပြည့်စုံသွားတာနဲ့ သူမက စိတ်ခံစားချက်နဲ့ လိုအင်ဆန္ဒတွေ မရှိတော့တဲ့ မဟာတာအိုလိုမျိုး စက်ယန္တရား  ဖြစ်လာလိမ့်မယ်

ဝမ်ဝေ့က ထိုနည်းစနစ်သည် သူ့အား အကျိုးမြတ်များစွာ ဆောင်ကျဉ်းပေးလာမည်ဖြစ်ကြောင်း သိထားသော်လည်း ဤမျှအထိ မမျှော်လင့်ထားပေ။ တစ်စုံတစ်ယောက်၏ ပုံကြမ်းကို မြင်ရခြင်းက သူတို့၏ အတွင်းပိုင်းအနှစ်သာရအထိ မြင်တွေ့နိုင်သည့် အကောင်းဆုံးနည်းလမ်းဖြစ်ကာ စကြဝဠာကြီး၏ အနက်ရှိုင်းဆုံး လျို့ဝှက်ချက်များအတွက် သော့တစ်ချောင်း ရှိထားခြင်းလိုမျိုး ဖြစ်၏။

မပြီးပြည့်စုံတဲ့ ပြီးပြည့်စုံမှု လမ်းစဉ်က ရှုကျင်းယောင်အတွက် တကယ်အကောင်းဆုံးနည်းလမ်းပဲ …

သူက မှတ်ချက်ပေးလိုက်သည်။

ဒီလမ်းစဉ်က ငါ့အတွက် မသင့်တော်ပေမဲ့ ထူးကဲသာလွန်မှုကို ရရှိဖို့ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ် အတွေးကတော့ ကြိုးစားကြည့်ဖို့ ထိုက်တန်တယ် …

All Chapters