← Chapters

ပြန်လည်စုံစည်းမှု အပိုင်း (၂)

Vol. 102 Ch. 1419

ပြန်လည်စုံစည်းမှု အပိုင်း (၂)

Vol. 102 Ch. 1419

ဗလာနတ္ထိက ပြီးပြည့်စုံတယ်လို့ ယူဆလို့မရဘူးလား ...

ဝမ်ဝေ့က သူ့ကိုယ်သူမေးလိုက်သည်။

တကယ်လို့ အချိန်၊ ဒြပ်ထု၊ အာကာသ ဒါမှမဟုတ် သဘောတရားဆိုတဲ့အရာတွေက မတည်ရှိဘူးဆိုရင် ရှိလာစရာ ဟာကွက်မရှိတော့ဘူး။ ဗလာနတ္ထိက ပြီးပြည့်စုံတဲ့တည်ရှိမှုလို့ ပြောလို့ရတယ်။

သူ့စိတ်ထဲအတွေးများက ဖြတ်ပြေးသွားလေ၏။ ယခုသူက သူ့ခန္ဓာကိုယ်နှင့် ရှုကျင်းယောင်၏ ပြီးပြည့်စုံမှုကြားမှ အဓိက စွမ်းအားအကြား ဆက်နွယ်မှုကို တည်ဆောက်ထားပြီးသား ဖြစ်၏။ သူက သူမဆီမှ သင်ယူနိုင်သည်။

ခန္ဓာကိုယ်အနေနဲ့အဓိကအချက်တစ်ခုက မသေမျိုးဂုဏ်သတ္တိတစ်ခုပဲ။ ငါကဗလာနတ္ထိကို ရွေးချယ်ထားတယ်။ အဲ့ဒီဂုဏ်သတ္တိကို အဲ့ဒီတည်းက ပြုစုပျိုးထောင်ထားတာ။ အဲ့ဒီဂုဏ်သတ္တိက ခန္ဓာကိုယ်ထူးကဲသာလွန်ဖို့အတွက် သော့ချက်မဟုတ်ဘူးဆိုရင် ဘာများဖြစ်မလဲ။

တကယ်လို့ငါက အဲ့ဒီဂုဏ်သတ္တိကို ငါ့ရဲ့ တည်ရှိမှု ကဏ္ဍကို ဖြန့်ဝေနိုင်မယ်ဆိုရင် ငါ့ရဲ့ခန္ဓာကိုယ်က ပိုမိုမြင့်မားတဲ့ အဆင့်တစ်ခုကို ရောက်ရှိသွားလိမ့်မယ်။ ဗလာနတ္ထိရဲ့အမြင့်ဆုံးအဆင့်က အစစ်အမှန်ဗလာနတ္ထိပဲ။ ငါ့ရဲ့ကိုယ်က အဲ့ဒီဂုဏ်သတ္တိကို ရရှိပြီးတာနဲ့ ထူးကဲသာလွန်မှုနယ်ပယ်ထဲ တရားဝင်ရောက်ရှိသွားလိမ့်မယ်။

ဝမ်ဝေ့၏မျက်ဝန်းအထက် ဉာဏ်အလင်းရောင် ဖြတ်ပြေးသွားလေသည်။

မဟုတ်သေးဘူး။ ငါ ပြောနေတဲ့အရာက ကူးပြောင်းတဲ့အဆင့်ပဲ ရှိသေးတယ်။ တကယ့်နည်းလမ်းအစစ် မဟုတ်သေးဘူး။

တကယ်လို့ ဝမ်ဝေ့၏ ခန္ဓာကိုယ်က ထူးကဲသာလွန်မှုအဆင့်ကို ရရှိပြီဆိုပါက သူ့တည်ရှိမှုက အတွေးပေါ် မူတည်ပြီး ပြောင်းလဲသွားနိုင်သည်။ သို့သော်လည်း သူက ကူးပြောင်းဖို့ နည်းလမ်းကို ရယူဖို့ မစဉ်းစားရသေးပေ။

ငါ့ရဲ့ တည်ရှိမှုကို တိုက်ရိုက်ကြိုးကိုင်လှုံ့ဆော်လိုက်တာက ပြောသလောက်တော့ မရိုးရှင်းဘူး။ အထူးသဖြင့် ပိုမိုမြင့်မားတဲ့အဆင့်အပြင် ပြောင်းလဲတဲ့နေရာမှာ ပါဝင်ပတ်သက်နေတဲ့အခါမျိုးပဲ။ ရှုကျင်းယောင်ရဲ့ ပြီးပြည့်စုံမှုက နဂိုဖြစ်ပြီးတော့ သူမအတွက် ကြိုးကိုင်လှုံ့ဆော်ဖို့ဆိုတာ လွယ်ကူတယ်။ သူ့လိုလူမျိုးကတောင် သူမရဲ့ ခန္ဓာကိုယ်ကို ပြီးပြည့်စုံမှုကို တိုးမြှင့်ပြီးထူးကဲသာလွန်တဲ့အဆင့် ရောက်အောင် မလုပ်နိုင်ဘူး။

ငါက တကယ့်ကို ခိုင်မာတဲ့ နည်းလမ်းတစ်ခုလိုတယ်။ တစ်ဆင့်ချင်းစီပေါ့ ....

ဝမ်ဝေ့က တွေးလိုက်သည်။

ကြည့်ရအောင်။ ခန္ဓာကိုယ်မှာ ဂိတ်ပေါက်သုံးခုရှိတယ်။ ဂိတ်ပေါက်တွေကို ပွင့်အောင်လုပ်လိုက်တာက ထူးကဲတဲ့ စွမ်းအားတွေကို ရစေတယ်။ တတိယဂိတ်ပေါက်က ခွန်အားဂိတ်ပေါက်။ အဲ့တာက စံပြအဆင့်နဲ့ ယှဉ်နိုင်တယ်။ တကယ်လို့ စတုတ္ထဂိတ်ပေါက်ရှိလာခဲ့မယ်ဆိုရင် ဘယ်လိုဖြစ်မလဲ။

မဟုတ်သေးဘူး။ ခန္ဓာကိုယ်မှာ တတိယဂိတ်ပေါက်ရှိတာဖြစ်ဖြစ် မဖြစ်ဖြစ် အရေးမကြီးဘူး။ ထူးကဲသာလွန်ဖို့က ကိုယ်တိုင်မှီခိုဖို့ပဲ။ အဲ့ဆိုတော့ ငါက မရှိသေးရင် စတုတ္ထဂိတ်ပေါက်ကို ကိုယ်တိုင်တည်ဆောက်နိုင်တာပဲ ...

ဝမ်ဝေ့က ဉာဏ်အလင်းပွင့်သည့် အခြေအနေထဲ ဝင်ရောက်သွားလေသည်။

စတုတ္ထဂိတ်ပေါက်ကို တည်ဆောက်ဖို့ ဘာတွေများလိုအပ်မလဲ။ ထူးကဲသာလွန်မှုဂိတ်ပေါက်က ဒီဂိတ်ပေါက်လား။ ပထမဦးဆုံး ငါ့ရဲ့ခန္ဓာကိုယ်ကို တတိယဂိတ်ပေါက်ရဲ့ ကန့်သတ်ချက်တွေရောက်အောင် တွန်းပို့ဖို့ လိုတယ်။ ဒုတိယအချက်အနေနဲ့ အဆီအနှစ် သဘောတရားကို နက်နက်နဲနဲ နားလည်ဖို့လိုတယ်။ ပြောရမယ်ဆိုရင် လူသားတွေ ခန္ဓာကိုယ်ရဲ့အလားအလာကို ကိုယ်စားပြုပြီးတော့ ဖွင့်လှစ်ရတဲ့ ဂိတ်တွေကို ဘယ်လိုဖွင့်ရတာလဲ သိဖို့လိုတယ် ...

နောက်ဆုံးအနေနဲ့ ငါက အဆီအနှစ်နားလည်မှုကို ဗလာနတ္ထိစွမ်းအားနဲ့ ပေါင်းစည်းပြီးတော့ စတုတ္ထဂိတ်ပေါက်ကို အုတ်မြစ်အနေနဲ့ တည်ဆောက်ရမယ်။

ဝမ်ဝေ့က ဉာဏ်အလင်းပွင့်ရာမှ နိုးထလာပြီး ထူးကဲသာလွန်မှုလမ်းစဉ်အကြောင်း တွေးမိသွားသည်။ သို့သော် သူက ထိုအရာဖြစ်နိုင်ဖို့အတွက် အရေးကြီးသည့်အရာတချို့ကို လိုအပ်နေကြောင်း သဘောပေါက်သွား၏။

အရင်ဆုံး ငါရဲ့ကိုယ်ပိုင်နည်းစနစ်ကို မဖန်တီးရသေးခင် ထူးကဲသာလွန်မှု ကျင့်စဉ် အစစ်အမှန်ကို မြင်တွေ့ရဖို့လိုတယ် ...

ဝမ်ဝေ့က သူ့ချီကံကောင်းမှုနဂါးကြောင့် ထူးကဲသာလွန်မှုလမ်းစဉ်အပေါ် အသေးစား နားလည်ထားလေသည်။ ပို၍အရေးကြီးသည်က တည်ရှိမှုပုံကြမ်း နည်းစနစ်ကို သင်ယူခြင်း ဖြစ်၏။ ထိုအရာအားလုံးက သူ့အနေဖြင့် ထူးကဲသာလွန်မှုတပါး အဆင့်သို့ရောက်ရှိလာသည့်အခါ အရေးပါသည့်အချက် ဖြစ်လာစေမည်ဖြစ်သော်လည်း သူက မလုံလောက်သလို ခံစားနေမိသည်။

သော့ခလောက် ဖြေရှင်းပြီးတာနဲ့ မေတ္တယျဆီ ဒီနည်းစနစ်ကို မျှဝေပေးဖို့ ပြောရမယ် ...

ဝမ်ဝေ့က တွေးလိုက်သည်။ မေတ္တယျ သို့မဟုတ် အန္တိမသဟဇာတ၏ နည်းစနစ်က ထူးကဲသာလွန်မှုလမ်းစဉ်ကို သိသိသာသာ အရှိန်မြှင့်တင်ပေးနိုင်မည်ဖြစ်၏။ သူက ထိုအရာများ မပါရှိဘဲ ကိုယ်တိုင်လုပ်နိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိသည်။ သူတို့နည်းစနစ်မပါဘဲ အချိန်ကြာမြင့်သွားမည်သာ ဖြစ်၏။ ဝမ်ဝေ့က စွန့်စားမှုကို ယူကာ သူတို့၏တည်ရှိမှုကို သူ့နည်းစနစ်အသစ်ဖြင့် လေ့လာကြည့်လိုသည်။

တကယ့်ကို နေ့ရက်ကောင်းလေးပဲ …

ဝမ်ဝေ့က သီးသန့်ကျင့်ကြံရာသို့ ပြန်ရောက်လာပြီးသည့်နောက် တွေးမိသွား၏။ ယခုသူက ထူးကဲသာလွန်မှုလမ်းစဉ်သို့ ဦးတည်နေပြီဖြစ်သည့်အတွက် စိတ်အခြေအနေ ကောင်းနေလေသည်။ အချိန်များစွာကြာလွန်ပြီးသည့်နောက်တွင် ဆယ်စုနှစ်အနည်းငယ်ကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ဝေ့က မျက်လုံးပြန်ပွင့်လာသည်။

နောက်ဆုံးတော့ ငါက ကောင်းကင်ဘုံအဆင့်ကို ပြန်လည်ရောက်ရှိသွားပြီ။

ဝမ်ဝေ့က တွေးလိုက်သည်။ သူ့တည်ရှိမှုပုံကြမ်းကို မြင်တွေ့နိုင်ခြင်းက အရေးသာချက်များစွာ ရှိနေသည်။ ထိုအရာထဲမှ တစ်ခုကမူ သူ့တည်ရှိမှုဒဏ်ရာကို ကုစားပြီး ယခင်ကျင့်ကြံရေးအဆင့်ကို ပြန်လည်ရောက်ရှိစေဖို့ ဖြစ်၏။

“နှစ်သုံးရာမတိုင်ခင် ငါ့ရဲ့ အထွတ်အထိပ်ကို ပြန်လည်ရောက်ရှိဖို့လိုတယ်”

ဝမ်ဝေ့က အံကြိတ်ကာ ရေရွတ်လိုက်၏။ သူက အခန်းထဲမှ ပြန်ထွက်လာ၏။

“ဘာတွေအလျင်လိုနေတာလဲ”

“မိန်းကလေးရှီရှန်းယန်က အရှင်နဲ့ တွေ့ချင်နေလို့ပါ။ သူမက အတော်လေးကို တောင်းဆိုနေလို့ပါ” ဝမ်ချီက ပြောလိုက်သည်။

“သူမကို ဝင်ခိုင်းလိုက်” ဝမ်ဝေ့က အဖန်ရည်နှင့် အချိုပွဲကို ပြင်ဆင်လိုက်သည်။ ထို့နောက် အဝါရောင်ဝတ်စုံဝတ်ဆင်ထားသည့် မိန်းမလှတစ်ဦးက အခန်းတွင်းသို့ ဝင်ရောက်လာ၏။ သူက သူမကို ခေါင်းညိတ်ပြကာ ဧည့်ခံလိုက်သည်။

“အခြေအနေဘယ်လိုလဲ”

“ဒီလိုအချိန်ခေတ်ကာလမှာ ကြိုးစားနေတဲ့လူတွေလိုပါပဲ” သူမက ပြန်ဖြေလိုက်သည်။

“ဟုတ်တာပေါ့ ... ဒါပေမဲ့ မင်းစိတ်ထဲမှာ တစ်ခုခုရှိနေသလိုပဲ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။

ရှီရှန်းယန်က သူမ၏အဖန်ရည်ကို သောက်လိုက်ပြီး ပြောလိုက်သည်။

“ရှင် သိတဲ့အတိုင်း သော့ခလောက်က အာကာသမျိုးနွယ်အတွက်  အရင်းအမြစ်ချီနေရာလွတ်မှာ ပိတ်မိသွားစေတယ်။ ဒါကြောင့် ကျွန်မတို့လူနည်းနည်းပဲ ကျန်တော့တယ်”

ရှီရှန်းယန်က ပြောရင်းဖြင့် မျက်နှာက နီရဲလာသည်။

“ဒါပေမဲ့ မျိုးနွယ်ဆီ မဆက်သွယ်နိုင်ရင် ကျွန်မ ဆေးငါးလုံးကို ပေးနိုင်မှာမဟုတ်ဘူး။ ကျွန်မလေ ...”

“အဲ့ဒီအတွက် စိုးရိမ်စရာမလိုပါဘူး။ အာကာသမျိုးနွယ်က ငါ့အပေါ်မှာ ယုံကြည်ပြီးတော့ ရင်းနှီးမြှုပ်နှံခဲ့တဲ့ ပထမဦးဆုံးအဖွဲ့ထဲက တစ်ခုပဲ။ ဒါက ငါ လုပ်ပေးနိုင်တဲ့အရာပါပဲ” ဝမ်ဝေ့က သူမအား ဖြောင်းဖျလိုက်သည်။

“ကျွန်မမျိုးနွယ်နဲ့ အဆက်အသွယ်ရတာနဲ့ ချက်ချင်း ပြန်ပေးမယ်လို့ ကတိပေးပါတယ်”ရှီရှန်းယန်က ကတိစကားဆိုလိုက်သည်။

ဝမ်ဝေ့က ထိုအရာကို ငြင်းဆန်လိုသော်လည်း ထိုမိန်းကလေးက မျက်နှာအရေမထူကြောင်း သိသည့်အတွက် သူ့ငြင်းဆန်မှုက သူမအား ပိုမိုမျက်နှာပူသွားစေလိမ့်မည်။

“ကိစ္စမရှိပါဘူး။ မင်း လိုချင်တယ်ဆိုရင် နောက်ထပ် နေရာနှစ်ခု ပေးနိုင်တယ်” ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ်ပြောလိုက်၏။

“မဟုတ်ပါဘူး။ တစ်ခုဆိုရင်တောင် အဆင်ပြေပါတယ်” ရှီရှန်းယန်က အလျင်အမြန် ငြင်းဆန်လိုက်သည်။

“မင်း အဲ့လိုပြောရင်လည်း ပြီးတာပါပဲ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။ နှစ်ဦးသား စကားစမြည်ပြောပြီးသည့်နောက်တွင် ရှီရှန်းယန်က သူမနေရာသို့ ထွက်ခွာသွားလေသည်။

“လူအများကြီးက လာတော့မှာဆိုတော့ သီးသန့်ကျင့်ကြံရေးထဲ မဝင်တာကောင်းလိမ့်မယ်နဲ့ တူတယ်” ဝမ်ချီက သတိပေးလိုက်သည်။

ဝမ်ဝေ့က သူ့ကိုလက်ဝေ့ပြလိုက်၏။ ထိုသူ ပြောစကားက မှန်ကန်နေကာ နောက်တစ်ယောက် ရောက်ရှိလာ၏။ ထိုသူက ရှုရှစ် ဖြစ်၏။

“ရှင့်မျက်လုံးတွေက အထီးကျန်မှုတွေ၊ ပင်ပန်းမှုတွေနဲ့ ပြည့်နှက်နေသလိုပဲ”

“ကဲ မင်္ဂလာပါ” ဝမ်ဝေ့က မျက်လုံးဝေ့မကြည့်ဖို့ရာ ကြိုးစားရင်း ပြောလိုက်သည်။ ထိုအရာများကို မည်သူက နှုတ်ဆက်စကားအနေဖြင့် ပြောမည်နည်း။

“ကျွန်မ သီချင်းတစ်ပုဒ် တီးခတ်ပေးရမလား” ရှုရှစ်က အကြုံပြုလိုက်သည်။

“မင်းရဲ့ တေးဂီတကလည်း ငါ့ကို ဘာမှလုပ်ပေးနိုင်မှာ မဟုတ်ဘူး“ ဝမ်ဝေ့က အမှန်အတိုင်း ပြန်ပြောလိုက်၏။ သူ့၏ အထီးကျန်မှုကို ဖြေဖျောက်ပေးနိုင်သည့် လူလက်တစ်ဆုပ်လောက်သာ ရှိသည်။ ထိုလူများက  ဒိုင်မေးရှင်းအနိမ့် သို့မဟုတ် အလင်းမဲ့အမှန်တရားတွင် ပိတ်မိနေကြခြင်း ဖြစ်သည်။

“အဲ့လိုဆိုရင်တော့ ဆိုးတာပဲ”

“အဲ့အကြောင်းမပြောနဲ့။ ဘယ်လိုလုပ် ရောက်လာတာလဲ” ဝမ်ဝေ့က မေးလိုက်သည်။

ရှုရှစ်က သူ့ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

“ရှင့်ရဲ့ လက်မှတ်တွေက အရမ်းကို ဈေးကြီးလွန်းတယ်”

“မင်း ဆေးဘယ်နှလုံးစာ စုမိလာလဲ”

“၁၂လုံး”

“ငါထင်ထားတာထက် ပိုပြီးများတာပဲ” ဝမ်ဝေ့က အသိအမှတ်ပြုလိုက်သည်။ ကျောင်းတော်က ကောင်းကင်ဘုံအဆင့် မျိုးနွယ်မျှသာဖြစ်သည့်အတွက် ဧကရာဇ်ခုံက လက်မှတ်နှစ်စောင်အတွက် ဆေးလုံးများစွာ စုဆောင်းထားနိုင်သည့်အချက်က ရှားပါးလှပြီ ဖြစ်သည်။

“ဘယ်လောက်လိုတာလဲ”

“နောက်ထပ် အပိုလက်မှတ်နှစ်စောင်” ရှုရှစ်က ပြောလိုက်သည်။

“ကျွန်မတို့တွေ တူညီတဲ့ တန်ဖိုးနဲ့ ပြန်ပြီးပေးမှာပါ”

“ကိစ္စမရှိပါဘူး” ဝမ်ဝေ့က သဘောတူကာ ယွီချိုက်အား လှမ်း၍ဆက်သွယ်လိုက်သည်။ ထို့နောက် နှစ်ဦးသားက နာရီပိုင်းလောက် စကားစမြည်ပြောပြီးသည့်နောက်တွင် ရှုရှစ်၏ အားမလျော့ဘဲ သီချင်းတစ်ပုဒ် တီးခတ်ပေးခဲ့သည်။ ကံဆိုးစွာဖြင့် ဝမ်ဝေ့ ပြောစကားက မှန်ကန်နေ၏။ လူတချို့ကသာ သူ့အား အမှန်အကန် ကူညီပေးနိုင်လိမ့်မည်။

သူက ရှုရှစ် ထွက်ခွာသွားသည်ကို ကြည့်နေမိရင်း အတွေးနက်နေမိ၏။

ဟွင်သွမ်းနတ်ဆိုးနတ်ဘုရားတွေက သူတို့ရဲ့ ခန္ဓာကိုယ်ကနေတဆင့်ထူးကဲသာလွန်မှုတွေ ရရှိထားတဲ့ မျိုးနွယ်ဝင်တွေ သေချာပေါက် ရှိနေလိမ့်မယ်။ တကယ်လို့ ငါသာ သူတို့ရဲ့သွေးမျိုးဆက်ကို ရနိုင်မယ်ဆိုရင် စတုတ္ထဂိတ်ပေါက်ကို ဖွင့်နိုင်မဲ့ အခွင့်အရေးတိုးပွားလာလိမ့်မယ် ...

ဝမ်ဝေ့က ကြံစည်နေမိသည်။ ဖြစ်လာမည့်ကပ်ဘေးအတွင်း လင်းဖန်က ဟွင်သွမ်းနတ်ဆိုးနတ်ဘုရား၏ နယ်ရုပ်အဖြစ် သိသာသည့်ကဏ္ဍမှ ပါဝင်ပတ်သက်လာရမည် ဖြစ်သည်။ အကယ်၍ သူသာ မှန်မှန်ကန်ကန် ကစားနိုင်ပါက ဝမ်ဝေ့သည် သူမှတဆင့် သူတို့၏သွေးမျိုးဆက်ကို ရယူနိုင်လိမ့်မည်။

စောင့်ကြည့်ရတာပေါ့ ...

ဝမ်ဝေ့က မျက်မှောင်ကျုံ့ကာ တွေးလိုက်သည်။

သူ့နောက်ထပ်ဧည့်သည်က ထင်မှတ်မထားသည့်သူ ဖြစ်၏။

“မင်းတစ်ယောက်တည်းပဲ ဒီစစ်ဆေးမှုမှာ ပါမှာလား” ဝမ်ဝေ့က မေးလိုက်သည်။

“မဟုတ်ဘူး။ တခြားသူတွေလည်း မကြာခင် ရောက်လာပါလိမ့်မယ်” အောင်းရှန်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

“ကြားရတာ တော်သေးတာပေါ့။ မင်း ဒီကိုရောက်နေတုန်း အခမ်းအနားအတွက် ကျေးဇူးတင်ရဦးမယ်” ဝမ်ဝေ့က ခေါင်းညိတ်ကာ အဖန်ရည်အစား သေရည်ဖြင့် တည်ခင်းလိုက်သည်။

အောင်းရှန်က အခမ်းအနားအတွင်း ပါဝင်ခဲ့သည့်ဝိဇ္ဇာ၂၂ ပါးထဲမှ တစ်ယောက် ဖြစ်၏။ သူက သူ့အဆင့်တစ် ကုသိုလ်ရွှေခန္ဓာကို စတေးခဲ့သည်။

“ကမ္ဘာကြီးက အန္တရာယ်ကျရောက်နေတာလေ။ ကူညီပေးဖို့ ကျုပ် တာဝန်ပါပဲ” အောင်းရှန်က ပြောလိုက်သည်။

“ပြီးတော့ သော့ခလောက်ကို ဖြေရှင်းပြီးတော့ ရလာမဲ့ အကျိုးအမြတ်တွေကိုလည်း နားလည်တယ်လေ”

“ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ဒါနဲ့ ဒီကို ဘယ်လိုရောက်လာတာလဲ။ နတ်ဆိုးမျိုးနွယ်က လက်မှတ်တန်ကြေးကို စုစည်းဖို့ ဘာအကူအညီမှ မလိုဘူးလို့ထင်တယ်”  ဝမ်ဝေ့က ခေါင်းညိတ်ကာ ပြောလိုက်သည်။

”အဲ့လိုမဟုတ်ပါဘူး။ ကြယ်တာရာဝိဇ္ဇာက သတင်းစကား ပို့ခိုင်းလိုက်လို့ပါ” အောင်းရှန်က ပြန်ဖြေလိုက်သည်။

“အိုး”

“သူမက ခင်ဗျားကို နတ်ဆိုးမျိုးနွယ်ဖက်ကို မလိုက်ရင်လည်း ရတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ကြားနေတော့ လုပ်ပေးပါတဲ့”

စိတ်ဝင်စားစရာပဲ။ ပင်ကိုနတ်ဆိုးနတ်ဘုရားတွေက လှုပ်ရှားကြတော့မှာလား ...

ဝမ်ဝေ့က တွေးလိုက်သည်။

“ဒါကို စိတ်မပူနဲ့လို့ ပြောလိုက်ပါ”

‌အောင်းရှန်က ကြာကြာမနေဘဲ ဝမ်ဝေ့၏ ဧည့်သည်များက ဆက်လက်ရောက်ရှိလာကြသည်။ ထိုဧည့်သည်က မိတ်ဆွေဟောင်းတစ်ယောက် ဖြစ်ပြီး မတွေ့ရတာကြာလှပြီဖြစ်သော ရှေးဟောင်းနဂါး  အောင်းထျန်းယီ ဖြစ်နေလေသည်။

All Chapters