ပြန်လည်ဆုံစည်းခြင်း အပိုင်း(၃)
Vol. 102 Ch. 1420
“မင်းနဲ့မတွေ့ရတာ အတော်လေးကြာပြီပဲ” ဝမ်ဝေ့က အောင်းထျန်းယီကို အဖန်ရည်ဧည့်ခံရင်း ပြောလိုက်သည်။
“ဟုတ်တယ်။ မတွေ့ရတာကြာပြီ” နဂါးက အဖန်ရည်ကို လက်ခံကာ တစ်ငုံသောက်သုံးပြီး ခေါင်းညိတ်လိုက်၏။
“မင်း ကြည့်ရတာအရင်နဲ့ မတူဘူး” ဝမ်ဝေ့က ထပ်ပြောလိုက်သည်။
“ဘယ်လိုလဲ”
“မင်းရဲ့ အငွေ့အသက်က မိုးမြေကြားမှာ မင်းက အရေးအကြီးဆုံးလိုမျိုး မောက်မာမှုတွေ မရှိတော့ဘူး”
အောင်းထျန်းယီက ထိုစကားများကို ကြားကာ သီးလုမတတ်ဖြစ်သွားလေသည်။
“မဟုတ်ပါဘူး။ မင်းရဲ့ မာနနဲ့မောက်မာမှုတွေ အားလုံးပျောက်သွားတယ်လို့တောင် ပြောလို့ရတယ်” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။
“ကောင်းပြီလေ။ ငါ့အဖေက ငါ့ကို နှိုးထလာစေခဲ့တာ။ ကမ္ဘာကြီးရဲ့ အမှန်တရားကိုလည်း သိအောင်ပြသခဲ့တယ်” အောင်းထျန်းယီက သက်ပြင်းချကာ ပြောလိုက်၏။
“ကြည့်ရတာ အဖေကောင်းပဲ” ဝမ်ဝေ့က ချီးကျူးလိုက်သည်။ သူက အဖန်ရည်ကို တစ်ငုံမျှသာ သောက်သုံးလိုက်သည်။
ဧည့်သည်များနှင့် တွေ့ဆုံမှုများက ၁၀နှစ်မျှ ကွာဟနေသော်လည်း သူက အကြိမ်ရေ ထပ်နေသလို ခံစားနေမိသည်။ ထို့ကြောင့် သူသည် အဖန်ရည် သို့မဟုတ် သေရည်ကို မသောက်သုံးလိုတော့ပေ။
“အဲ့လိုဖြစ်နိုင်ပါတယ်” အောင်းထျန်းယီက ပြန်ဖြေလိုက်သည်။ သူက သူ့အဖေ သူ့မောက်မာမှုနှင့် မသိတတ်မှုမှ နိုးထလာစေသည့်အတွက် ပျော်ရွှင်သော်လည်း တစ်စိတ်တပိုင်းကမူ သူ ဤကဲ့သို့ ကြမ်းကြမ်းတမ်းတမ်း ပြုမူခံခဲ့ရသည့်အတွက် နာကြည်းနေမိသည်။ ထိုဆိုးရွားလှသည့် စမ်းသပ်ချက်က အောင်းထျန်းယီ၏ စိတ်ဝိညာဉ်ကို ချိုးဖောက်ခဲ့ပြီး တစ်ဆင့်ချင်းစီ ပြန်လည်တည်ဆောက်ခဲ့၏။ သူက ထိုအတွေ့အကြုံနှင့် ပတ်သက်ပြီး မပျော်ရွှင်ပေ။
“ဘယ်လိုလုပ် ငါ့ကို လာတွေ့တာလဲ” ဝမ်ဝေ့က တဲ့တိုးသာ မေးလိုက်သည်။
“ဒီကို ကိစ္စနှစ်ခုအတွက် ရောက်လာတာ။ ပထမတစ်ခုကတော့ ငါတို့မျိုးနွယ်ရဲ့ ဘိုးဘေးအဆောင်ကြောင့်ပဲ” အောင်းထျန်းယီက ပြန်ပြောလိုက်သည်။
“ဘိုးဘေးအဆောင်လား။ အဲ့တာက ငါနဲ့ ဘာဆိုင်လို့လဲ”
“တိုက်ရိုက်တော့ မသက်ဆိုင်ပါဘူး” အောင်းထျန်းယီက ပြန်ဖြေလိုက်သည်။
“ရှုကျင်းယောင်က သွေးနဂါးကို သတ်ပြီးတဲ့နောက်မှ သူမလက်ထဲရှိနေမယ်လို့ ထင်တယ်။ ဗိမာန်က ပြန်လည်ရယူဖို့ ကြိုးစားနေတာ။ ဒါပေမဲ့ သူမကို ရှာဖို့ခက်တယ်။ ငါတို့ရဲ့သတင်းအချက်အလက်ကွန်ယက်က မင်းနဲ့သူမတို့က ရင်းနှီးတဲ့ ဆက်နွယ်မှုတွေရှိတယ်ဆိုတာကို ပြသနေတယ်။ အဲ့ဒါကြောင့် ဒီအဆောင်ကို ပြန်လည်ရဖို့ ကူညီပေးဖို့ မျှော်လင့်တယ်”
“အဲ့ဆိုရင်တော့ မင်း စိတ်ပျက်သွားရလောက်တယ်” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။
“အလျင်စလို မငြင်းဆန်ပါနဲ့ဦး။ ငါတို့က နောက်ထပ် အပိုဆေးလုံး ၂၀ ပေးနိုင်တယ်” အောင်းထျန်းယီက ပြောလိုက်သည်။
“ဒါက တကယ့်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့ အပေးအယူပဲ။ ဒါပေမဲ့ ငါ့ရဲ့ စိတ်ကို မပြောင်းလဲနိုင်ဘူး”
“ဆေးလုံး ၃၀ဆိုရင်ကော ဘယ်လိုလဲ”
ဝမ်ဝေ့က မျက်မှောင်ကျုံ့လိုက်သည်။
“မင်းတို့ရဲ့ဗိမာန်က ဘယ်တုန်းကများ အဲ့လောက်ချမ်းသာသွားရတာလဲ”
“ငါတို့က သက်တမ်းအရင့်ဆုံး အင်အားစုတစ်ခုလေ။ ငါတို့ရဲ့ ချမ်းသာကြွယ်ဝမှုကို ဘာလို့များ အံ့အားသင့်နေတာလဲ”
“မဟုတ်ပါဘူး။ မင်းတို့ရဲ့ ချမ်းသာကြွယ်ဝမှုအများစုက ကုန်သွားလောက်ပြီလေ” ဝမ်ဝေ့က ပြန်ပြောလိုက်သည်။
အောင်းထျန်းယီက မျက်နှာပူစွာ ချောင်းအသာဟန့်လိုက်၏။
“ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က တည်ရှိမှုကုသရေးဆေးလုံးနဲ့ ပတ်သက်လာတဲ့အခါမှာ ပေါများတယ်ဆိုတာ သိထားဖို့ပဲ လိုတယ်”
“အဲ့လိုလား” ဝမ်ဝေ့က ရေရွတ်လိုက်၏။
“အဲ့ဆိုတော့ မင်း ဘယ်လိုပြောမလဲ”
“ငါ အဆောင်ရအောင် ကူညီမပေးနိုင်ဘူး”
“တကယ်လို့ ....”
“ငါ စကားဆုံးတဲ့အထိ စောင့်ဦး။ တူညီတဲ့ တန်ကြေးနဲ့ကို သူမနဲ့မင်းနဲ့ ဆက်သွယ်လို့ရအောင် ကူညီပေးနိုင်တယ်” ဝမ်ဝေ့က လက်ကိုမြှောက်ကာ တားဆီးရင်း ပြောလိုက်သည်။
“အဲ့ဆိုတော့ အောင်မြင်မယ်လို့ အာမခံချက် မရှိဘူးပေါ့”
“သူမနဲ့ ငါရဲ့ ဆက်ဆံရေးက ရင်းနှီးတဲ့အသိအကျွမ်းသာသာပဲ။ ငါ အလိုရှိတယ်ဆိုရင်တောင် အောင်မြင်ဖို့ကို အာမ မခံနိုင်ဘူး” ဝမ်ဝေ့က ပြန်ဖြေလိုက်၏။
“ဒါပေမဲ့ သူမကို ဖျောင်းဖျပေးဖို့တော့ ကတိပေးနိုင်တယ်။ တကယ်လို့ သူမ ငြင်းဆန်တယ်ဆိုရင်တော့ မင်းတို့ရဲ့ ဗိမာန်ကို ဘာမှကူညီမပေးနိုင်မှာမဟုတ်ဘူး”
အောင်းထျန်းယီက သေချာစဉ်းစားပြီးသည့်နောက်တွင် ထိုအပေးအယူကို လက်ခံလိုက်သည်။
“ကောင်းပြီလေ။ တကယ်လို့ ဒီအပေးအယူ ကျရှုံးသွားတယ်ဆိုရင် သေမျိုးဘဝစစ်ဆေးမှုထဲမှာ အဆောင်ကို ပြန်လည်ရယူဖို့ ငါတို့ရဲ့ အားထုတ်မှုတွေကို မနှောင့်ယှက်ဖို့ မျှော်လင့်တယ်”
“ကိစ္စမရှိဘူး” ဝမ်ဝေ့က ရှုကျင်းယောင်ကို ဆက်သွယ်ပြီး ပြန်ဖြေလိုက်သည်။ သူတို့၏ ညှိုနှိုင်းမှုက လျင်မြန်လှသည်။ ရှုကျင်းယောင်က ပြောစမှတ်တွင်လောက်သည့် အမျိုးသမီးတစ်ယောက်ဖြစ်ပြီး အာဏာရှင်တစ်ယောက်၏ ပစ်မှတ်ထားခြင်းခံရသည့်အချက်ကို ကောင်းကောင်း သဘောပေါက်ထားလေသည်။ ထို့ကြောင့် သူမက နဂါးအဆောင်အား ပြန်လည်ပေးဖို့ သဘောတူလိုက်သည်။ သူမက အပြန်အလှန်အနေဖြင့် လိုချင်သည့်အရာကမူ ထိပ်တန်းစံပြ တစ်ယောက် ပြုလုပ်ထားသည့် လေဟာနယ်ချိုးဖောက်ရေးအဆောင် ဖြစ်၏။
ထိုအဆောင်များက နဂါးအဆောင်များလောက် ကောင်းမွန်ခြင်း မရှိသော်လည်း သူမတောင်းဆိုသည့် အရေအတွက်ဖြင့် ကာမိစေသည်။ အောင်းထျန်းယီက ငြင်းဆန်လိုသော်လည်း ဝမ်ဝေ့၏ ကာကွယ်မှုအောက်တွင် ရှုကျင်းယောင်က သူမတောင်းဆိုသည့် တန်ကြေးကို ရရှိသွားလေသည်။
ငါတို့ကြားက ကံဆက်နွယ်မှုကို ဖြတ်တောက်ဖို့ ခြေတစ်လှမ်းနီးလာပြီ ...
ဝမ်ဝေ့က တည်ငြိမ်စွာ တွေးလိုက်၏။
“အဲ့ဆိုတော့ သူမကို ကာကွယ်ဖို့ ဒီလောက်ထိလုပ်ဖို့လိုလို့လား” အောင်းထျန်းယီက ငြီးတွားလိုက်၏။
“ငါက မိတ်ဆွေတွေကို ကောင်းကောင်းဆက်ဆံတယ်”
“သူမက အသိအကျွမ်းသာသာလို့ပဲ ထင်နေတာ” အောင်းထျန်းယီက ပြန်လည်ချေပလိုက်သည်။
ဝမ်ဝေ့က သူ့ညီညာနေသည့် သွားအားလုံးကို ဖြီးကာ ပြုံးပြလိုက်၏။
“ဒုတိယပြဿနာကို ပြောရအောင်။ ဒါကမှ ငါ့ကို လာတွေ့တဲ့အဓိက အကြောင်းအရင်းလို့ ခံစားချက်ရနေတယ်”
အောင်းထျန်းယီက အလေးအနက် ဖြစ်လာလေသည်။
“ငါတို့ဗိမာန်က မင်းတို့ရဲ့ဂိုဏ်းက ဒီဆေးလုံးတွေကို ပါဝင်ဖို့ လူဦးရေကန့်သတ်ဖို့အတွက်ပဲ တောင်းဆိုတာ မဟုတ်ဘူးဆိုတာကို ခန့်မှန်းမိတယ်။ ပြီးတော့ မင်းအနေနဲ့အကြောင်းအရင်းတချို့ကြောင့် ဒီဆေးလုံးတွေကို လိုအပ်နေနိုင်ချေလည်း ရှိတယ်”
ဝမ်ဝေ့က မျက်မှောင်ကျုံ့လိုက်သည်။
“အဲ့ဆိုတော့ ဘာဖြစ်လဲ”
သူက သေမျိုးဘဝစစ်ဆေးမှု စတင်သည်နှင့် အမှန်တရားကို ဖုံးကွယ်ထားဖို့ ရည်ရွယ်ထားခြင်း မရှိပေ။ သူက ဆေးလုံးအားလုံးကို စတင်အသုံးပြုရမည် ဖြစ်၏။ ထို့အပြင် သူ့နည်းဗျူဟာက တစ်စုံတစ်ယောက်က သူ့ရည်မှန်းချက်ကို မှန်းဆခဲ့မိလျှင်ပင် အသုံးမဝင်နိုင်အောင် လုပ်ထားခြင်း ဖြစ်သည်။
“ဒီမှာ ဒါကို ကြည့်လိုက်”
ဝမ်ဝေ့က သေရည်အိုးကိုယူကာ ဖွင့်ကြည့်လိုက်သည်။ ထို့နောက် ဆေးနံ့ပြင်းပြင်းက အခန်းထဲ လွှမ်းခြုံသွားပြီး သူ့ဒဏ်ရာများက အလျင်အမြန် ပြန်လည်ကောင်းလာသလို ခံစားလိုက်ရသည်။
“ဒီလောက်တောင် အားကောင်းတယ်လား” ဝမ်ဝေ့က တစ်စက် မျိုချပြီးသည့်နောက်တွင် မေးလိုက်သည်။
“ဒါက တော်ဝင်နဂါးရေစင်လား”
“ဟုတ်တယ်။ ဒီဆေးဝါးက တည်ရှိမှုဒဏ်ရာတွေကို ကုစားပေးနိုင်တယ်။ ငါတို့က မင်းကို ရေကန်တစ်ကန်လုံး ပေးနိုင်တယ်”
တော်ဝင်နဂါးရေစင်က အဆင့်၁၂နဂါးနှင့် တခြားသောပင်ကိုယ်နတ်ဆိုးများနတ်ဘုရားများ၏ ဂူဗိမာန်အတွင်းသာ ဖန်တီးနိုင်သည်။ ထို့ကြောင့် ယွမ်ထီမူလဗိမာန်က ဤသို့ပမာဏများပြားနေသည့် အကြောင်းအရင်းကို နားလည်၍ ရနိုင်သည်။ ထိုရေစင်က တည်ရှိမှုကုသရေးဆေးလုံးအဖြစ် အသုံးပြုနိုင်သည်ဖြစ်သည့်အတွက် ကုစားရေးဆေးလုံးများစွာ ရှိနေသည့်အချက်ကိုလည်း ရှင်းပြပြီးသားဖြစ်သွားသည်။
“အပြန်အလှန်အနေနဲ့ ဘာလိုချင်တာလဲ” ဝမ်ဝေ့က သူသည် အတွေးတစ်ခု ရှိထားသော်လည်း မေးလိုက်သည်။
“ဒီသေမျိုးဘဝစစ်ဆေးမှုကနေ နတ်ဆိုးမျိုးနွယ်ကို ဖယ်ရှားပေးဖို့ပဲ တောင်းဆိုချင်တာ” အောင်းထျန်းယီက အလေးအနက် ပြောလိုက်သည်။
“ဟမ်” ဝမ်ဝေ့ ခေတ္တစဉ်းစားပြီးသည့်နောက်တွင် ပြောလိုက်သည်။
“ငါ ဒီလိုလုပ်လို့မရဘူး”
“ဘာလို့လဲ” အောင်းထျန်းယီက မျက်မှောင်ကျုံ့ကာမေးလိုက်၏။
“ငါတို့ရဲ့အပေးအယူက လုံလောက်တာထက် ပိုမှာပါ”
“အကြောင်းအရင်းတွေ အများကြီးရှိတယ်။ ဒါပေမဲ့ အဓိကအချက်က ဒီတော်ဝင်ရေစင်ကို လိုချင်တာက ငါ့ရဲ့ကိုယ်ပိုင်လိုအပ်ချက်ကြောင့်ပဲ။ နတ်ဆိုးမျိုးနွယ်နဲ့ ပင်ကိုယ်နတ်ဆိုးနတ်ဘုရားအကြားက ကိစ္စကို ဝင်ရောက်စွက်ဖက်ဖို့ အသုံးမချနိုင်ဘူး”
အောင်းထျန်းယီက သူ့ဆိုလိုရင်းကို နားလည်ပေ၏။ ထိုအင်အားစုနှစ်ခုကြားမှ တိုက်ပွဲသည် အာဏာရှင်များ ဂရုစိုက်ရမည့် ဖြစ်ရပ်တစ်ခု ဖြစ်လေသည်။ တာအိုအခွင့်အလမ်းဂိုဏ်းက အမြဲလိုလို ကြားနေသာ နေခဲ့လေ၏။ အကယ်၍ ဝမ်ဝေ့က သူတို့၏အပေးအယူကို လက်ခံလိုက်လျှင် သူတို့ဂိုဏ်း၏ ရပ်တည်ချက်က ပြောင်းလဲသွားလိမ့်မည်။
“တန်ကြေးနှစ်ဆ ပေးရင်ကော ဘယ်လိုလဲ။ အပြန်အလှန်အနေနဲ့ မင်းဖက်က ပါဝင်ဆင်နွဲမဲ့ နတ်ဆိုးပမာဏကိုပဲ ကန့်သတ်ပေးရမယ်” အောင်းထျန်းယီက ပြောလိုက်သည်။
“အဲ့တာဆိုတော့ မင်းတို့ရဲ့ ကြားနေအနေအထားကို ထိန်းသိမ်းထားလို့ရတယ်လေ”
“အဲ့လိုမဖြစ်သေးဘူး”
“ကြားနေလို့ ကြေညာထားတဲ့ ပညာရှင်တွေအများစုက နတ်ဆိုးမျိုးနွယ်နဲ့ငါတို့ကြားကို တိတ်တဆိတ်အပေးအယူတွေ လုပ်ထားကြတာပဲ။ မင်းက ဘာလို့မလုပ်နိုင်ရတာလဲ။ ဒါက နိယာမတွေကြောင့်လို့တော့ မပြောနဲ့နော်” အောင်းထျန်းယီက ငြင်းခုန်လိုက်သည်။
“မင်းက ငါ့ဆီမှာရှိတဲ့အာဏာကို အထင်ကြီးနေတာပဲ” ဝမ်ဝေ့က အမှန်အတိုင်း ပြောလိုက်သည်။
“ဘာကိုပြောတာလဲ”
“ဒီလိုဆုံးဖြတ်ချက်မျိုးက ပိုပြီးအရေးပါတဲ့လူပဲ ဆုံးဖြတ်နိုင်တာ” ဝမ်ဝေ့က ပြောလိုက်သည်။
“ငါ့ဆီမှာ အာဏာအများကြီးရှိတယ်ထင်ရပေမယ့် ဒီကိစ္စကိုဆုံးဖြတ်ဖို့ ကြိုးစားတဲ့အခါ တခြားမျိုးနွယ်တွေက ငါ့ကိုတားအဆီးကြလိမ့်မယ်”
“ငါ ဒီကိစ္စကို မေ့သွားတယ်” အောင်းထျန်းယီက ပြောလိုက်သည်။
ဝမ်ဝေ့က ပခုံးတွန့်ကာပြလိုက်၏။ သူ အမှန်အတိုင်း ပြောနေခြင်းဖြစ်သည်။ သူ့အနေဖြင့် လက်ရှိဂိုဏ်းအတွင်း အာဏာပိုင်းဆိုင်ရာအနေအထားတွင် ထိုသို့မလုပ်နိုင်သေးပေ။
“မင်းက ဖျောင်းဖျတဲ့နေရာမှာ ကျွမ်းကျင်တယ်လို့ ကြားတယ်။ သူတို့ကို ဖျောင်းဖျလို့မရဘူးလား”
“ငါက သူတို့ဖျောင်းဖျတယ်ပဲထား။ အဲ့နောက်ပိုင်း ဘယ်လိုဆက်ဖြစ်လာမှာပဲ” ဝမ်ဝေ့က ပြောလိုက်သည်။
“အဲ့တာဘာဆိုပြောတာလဲ”
“ဘိုးဘေးတွေက ငါ သူတို့မပါဘဲ ဒီလိုဆုံးဖြတ်ချက် ကြီးကြီးမားမားချတာကို ပျော်ရွှင်မယ်လို့ ထင်နေလား” ဝမ်ဝေ့က ပြောလိုက်သည်။
“သူတို့က ငါ့ကို ဘယ်လိုမြင်မလဲ”
ဝမ်ဝေ့က အဓိပ္ပါယ်မရှိ လျှောက်ပြောနေခြင်း မဟုတ်ပေ။
ချီယွမ်နှင့် သူ့ညီအစ်ကိုများက သူ့ကို ထောက်ပံ့ပေးဖို့ ဘာမှမပြောကြသော်လည်း ဖျက်ဆီးခြင်းဧကရာဇ်က ကွဲပြားပေသည်။ ဝမ်ဝေ့က ထိုသူကို သိထားသလောက် ထိုသူသည် တခြားသုံးဦးနှင့်ပင် ထိပ်တိုက်ရင်ဆိုင်နိုင်ချေ ရှိသည်။
“ဒီအပေးအယူအတွက် ငါ့အနာဂတ်အလားအလာကို ဖျက်ဆီးပစ်ဖို့ အကျိုးမရှိဘူး” ဝမ်ဝေ့က ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် နတ်ဆိုးမျိုးနွယ်ကို တားဆီးဖို့ အကြောင်းအရင်းမရှိဘူး။ ဒီတော်ဝင်ရေစင်နဲ့ဆိုရင် မင်းက နှစ်ဆ ဝယ်လို့ရတာပဲ။ မဟုတ်သေးဘူး … သူတို့ရဲ့ အရေအတွက် သုံးဆဝယ်လို့ရတယ်”
“မင်းတို့ဂိုဏ်းက ဒါကို ခွင့်ပြုပေးမှာလား” အောင်းထျန်းယီက မေးလိုက်သည်။
“တော်ဝင်နဂါးရေစင်အတွက် ခြွင်းချက် လုပ်ပေးလို့ရတယ်။ ဒါပေမဲ့ စစ်ဆေးမှုအတွင်းမှာ ဖြစ်ပျက်ခဲ့သမျှအရာတွေကတော့ ငါနဲ့မသက်ဆိုင်ဘူးဆိုတာ လက်မှတ်ထိုးမှ ရမယ်”
အောင်းထျန်းယီက သူ့ကို ကြည့်ကာ သူ ဘယ်လိုကစားကွက် ကစားနေတာလဲဟု စဉ်းစားနေသည်။
“ပြီးတော့ ကွဲပြားတဲ့အရင်းအမြစ်တွေနဲ့ ဒီရေစင်ကို ဝယ်လို့ရတယ်” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။
“အဲ့တာက ရောင်းဖို့မဟုတ်ဘူး” အောင်းထျန်းယီက လက်လွှတ်လိုက်ရသည့် သဘောတူညီချက်အတွက် မကျေနပ်မှုကို ပြသလာသည်။
“သေချာရဲ့လား”
“သေချာတယ်”
“ငါတို့ရဲ့ အထွတ်အထိပ်အကြီးအကဲတစ်ယောက်က နတ်ဆိုးမျိုးနွယ်ရဲ့ ကြယ်တာရာဝိဇ္ဇာနဲ့ အမည်မသိ ဆက်ဆံရေးတစ်ခု ရှိတယ်။ အဲ့တော့ သူက မင်းတို့ရဲ့ အင်အားစုနှစ်စုကြားမှာ ပတ်သက်လာတဲ့အခါ သူက မျက်နှာလိုက်နိုင်တာပဲ” ဝမ်ဝေ့က ထူးထူးဆန်းဆန်း ကြည့်ကာ ပြောလိုက်သည်။
“အခု မင်းက ငါနဲ့ဆက်ဆံရေးကောင်း တည်ဆောက်ဖို့ အခွင့်အရေးကောင်းပဲလေ။ သူရဲ့ မျက်နှာလိုက်မှုကို မျှခြေညီအောင်လို့ပေါ့။ ဘာလို့များ မင်းက ငြင်းဆန်နေတာလဲ”
အောင်းထျန်းယီက ဆွံ့အသွားမိသည်။
“ဒိုင်မေးရှင်းအနိမ့်မှာ ပင်ကိုနတ်ဆိုးနတ်ဘုရားတွေကို ပြန်ခေါ်လာပေးလို့ မင်းတို့ရဲ့ ဗိမာန်က ငါ့အပေါ် ကျေးဇူးကြွေးတင်နေတာတောင် ထည့်မပြောရသေးဘူး။ မင်းတို့ ငြင်းဆန်ချင်တာ သေချာရဲ့လား” ဝမ်ဝေ့က ပြောလိုက်သည်။
“ဆုံးဖြတ်ချက်မချခင် အဖေ့ကို လှမ်းပြီး ဆက်သွယ်လိုက်ဦးမယ်” အောင်းထျန်းယီက နောက်ဆုံးတွင် လက်လျော့လိုက်တော့သည်။