ပြန်လည်ဆုံစည်းခြင်း အပိုင်း(၁၁)
Vol. 102 Ch. 1428
တိုက်ပွဲက နာရီပိုင်းခန့်ကြာမြင့်သည့်အတွက် ဝမ်ဝေ့က အဆုံးသတ်ထိ သူ့စွမ်းအားအပြည့် ထုတ်သုံးမထားကြောင်း ဆိုလိုနေသည်။ သူက ဆယ်ဆတိုက်ခိုက်ရေးစွမ်းအားကို အသုံးပြုကာ ဟို့ဖုန်းဟွမ်အား ကိစ္စတချို့ သင်ကြားပေးခဲ့၏။ နောက်ဆုံးတိုက်ကွက်တွင် သူမက တားမြစ်တိုက်ခိုက်ရေးအဆင့်ကို ပြသလာခဲ့သည်။ ထိုတိုက်ပွဲအပြီးတွင် ဟို့ဖုန်းဟွမ်က စိတ်သစ် လူသစ်ဖြင့် ထွက်ခွာသွားလေ၏။
သူမ၏ တစ်စိတ်တစ်ပိုင်းက စံပြဖြစ်လာဖို့ရာ အလျင်လိုနေ၏။ သို့သော် ဤတိုက်ပွဲအပြီးတွင် သူမက အောင်မြင်မှုမရှိဘဲ ထိုစမ်းသပ်ချက်ကို ချန်ထားဖို့ရာ ပြင်ဆင်ထားသည်။ သူမက အခြေခံအုတ်မြစ်၏ အရေးပါမှုကို နားလည်ထားသည့်အတွက် သူမ၏ ဦးစားပေးမှုက စံပြဖြစ်မလာခင် ထိုစွမ်းအားအဆင့်အနေအထားကို ရောက်ရှိဖို့ရာအတွက် ဖြစ်၏။
ဝမ်ဝေ့က ဟို့ဖုန်းဟွမ်၏ စိတ်အနေအထားနှင့် ပတ်သက်ပြီး အတော်လေး ကျေနပ်နေမိပြီး သူမက ဂိုဏ်းအတွင်းမနေဘဲ ထွက်သွားမည့်အကြောင်း ပြောသည့်အခါ ကိုယ်တိုင်ကိုယ်ကျ လိုက်လံပို့ဆောင်ပေးခဲ့သည်။ ဝမ်ဖုရွှမ်အတွက်မူ ဝမ်ဝေ့က ဂရုမစိုက်ပေ။ ရောက်ရှိလာမည့်ခေတ်ကာလက ရှေးဦးစံပြများစွာ ထွက်ပေါ်လာမည်ဖြစ်သည့်အတွက် ဝမ်ဖုရွှမ်သည် ထိုအဆင့်အနေအထားကို ရောက်ရှိဖို့ရာ အခွင့်အရေး မြင့်မား၏။ သို့သော်လည်း သူက ယခင်မျိုးဆက်ဟောင်းအတိုင်း လိုက်မှီပြီး တခြားသူအားလုံးနှင့် ထူးကဲသာလွန်မှုခရီးလမ်းကို မစတင်နိုင်သရွေ့ အရေးမကြီးပေ။
ဝမ်ဝေ့က သူ့တောင်ထိပ်ဆီ ဖြည်းဖြည်းချင်း ပျံသန်းလာပြီး လမ်းတွင် သူ့ကို မှတ်မိသည့်သူများကို နှုတ်ဆက်ခဲ့သည်။ သူက မျှော်နန်းဆောင်တွင် ထိုင်နေရင်းဖြင့် အသင်္ချေမျိုးနွယ် အဖွဲ့အစည်းမှ သတင်းအချက်အလက် အဆောင်တစ်ခုကို ထုတ်ယူလိုက်သည်။
ဘန်း
ဝမ်ဝေ့က ခေတ္တမျှ တွေးပြီးသည့်နောက်တွင် အရေးကြီးသတင်းအချက်အလက် နှစ်ခုကို ဖမ်းဆုပ်မိသွား၏။ ပထမတစ်ခုက သေမျိုးဘဝစစ်ဆေးမှု၏ အရေးကြီးဆုံးအရာသည် ဝင်ခွင့်အမှတ်အသားပြား ဖြစ်၏။ ထိုအမှတ်အသားပြားက ရှားပါးလွန်းသော်လည်း တခြားသူများအား စစ်ဆေးမှုထဲတွင် ပါဝင်နိုင်အောင် ကူညီပေးထားသည်။ ဝမ်ဝေ့က လူများစွာနှင့် အင်အားစုများသည် ထိုဝင်ခွင့်များအတွက် မည်မျှယှဉ်ပြိုင်မည်ကို နားလည်ထား၏။ ပြောရမည်ဆိုလျှင် အနည်းဆုံးတော့ သူတို့အတွက် စံပြတစ်ယောက်ကို တတ်နိုင်သမျှ မြန်မြန်လေ့ကျင့်ပေးဖို့ အာမခံပေးနိုင်သည်။
ဒုတိယအရေးကြီးသည့်အချက်ကမူ ထိုစစ်ဆေးမှုထဲတွင် မူမမှန်မှုတချို့ဖြစ်လာနိုင်သည့် အခြေအနေမျိုး ရှိသည်ဟု ဆိုထားသည်။ ထို့ကြောင့် ပုံမှန်နှင့် ကွဲပြားနေနိုင်၏။
ငါ့ရဲ့ ကံကောင်းမှုနဲ့ဆိုရင် မူမမှန်မှုဖြစ်လာဖို့က ၈၀ ရာခိုင်နှုန်းအထက်ရှိတယ်။
ဝမ်ဝေ့က သူ့ကိုယ်သူ ညည်းတွားလိုက်၏။ သူက နားထင်ကြောကို ဖိနှိပ်ပြီး ခေါင်းကိုက်သလို ခံစားလာမိသည်။
ထားလိုက်ပါတော့။ ငါ့ရည်မှန်းချက် ပြီးမြောက်သရွေ့ ထွက်သွားလို့ရတာပဲ
အလုံးစုံသိမြင်ပကတိဘုံကျောင်း၏ ကပ်ဘေးနိမိတ်အကြောင်း သိပြီးသည့်နောက်တွင် နောက်ကွယ်မှာသာ နေပြီး သိုသိုသိပ်သိပ်နေဖို့ ဆုံးဖြတ်ထားခဲ့သည်။ စစ်ဆေးမှုအတွင်း ဖြစ်လာခဲ့သည့် ကိစ္စရပ်များက သူနှင့် မသက်ဆိုင်ပေ။ သူက လူသိရှင်ကြား ထုတ်ဖော်ပြသမည် မဟုတ်ပေ။ သူ့ဦးစားပေးက သော့ခလောက် ဖြစ်၏။ ထို့ကြောင့် အစောဆုံးအရာက သူသည် အရာအားလုံးကို စွန့်ပယ်ပြီး အိမ်သို့ ပြန်လာနိုင်သည်။
“အနီရောင်မျက်နှာဖုံး” ဝမ်ဝေ့က လှမ်းခေါ်လိုက်စဉ် ဆယ်စက္ကန့်ကြာမြင့်ပြီးသည့်နောက် အရိပ်တစ်ခုက ဒူးထောက်လျက် ပေါ်ထွက်လာသည်။
“အမိန့်ရှိပါ”
“ငါတို့နဲ့ ပင်ကိုနတ်ဆိုးနတ်ဘုရားတွေကြားက အပေးအယူက ပေါက်ကြားသွားပြီ။ ငါတို့ဘက်ကလား။ သူတို့ဘက်ကလားဆိုတာ စစ်ဆေးလိုက်” ဝမ်ဝေ့က ပြောလိုက်သည်။
“အမိန့်အတိုင်းပါ”
“တစ်ခုခုများ ရှိလို့လား” ဝမ်ဝေ့က သူမကို လွှတ်ပြီးသည့်နောက်တွင် သူမ ကျန်နေသည့်အချက်ကို နားမလည်နိုင်ဘဲ မေးလိုက်သည်။
“ဒါက ကျွန်မဘက်က ပြောစရာကိစ္စတော့ မဟုတ်ပေမဲ့ ခေါင်းဆောင်ရဲ့ စိတ်အခြေအနေ တိုးတက်လာတဲ့အတွက် ဂုဏ်ယူပါတယ်”
“အဲ့လောက်တောင် သိသာနေတာလား” ဝမ်ဝေ့က ပြုံးလိုက်၏။ ဟို့ဖုန်းဟွမ်ရောက်ရှိလာမှုက ထင်မှတ်မထားသည့် ဖြစ်ရပ်တစ်ခု ဖြစ်ပေသည်။ သူက ထိုကိစ္စကို ထုတ်မပြောသော်လည်း ဝမ်ဝေ့က သူသည် သိထားသမျှသူအားလုံးကို ကျော်တက်သွားပြီး သူသည် သူ့မျိုးဆက်မှ လူများနှင့် ယှဉ်လိုက်လျှင် ရှေ့မည်မျှရောက်နေမည်ကို စိုးထိတ်နေမိသည်။ ထိုအကြောက်တရားက ဝူဟုန်အပေါ် ပိုမိုငြိတွယ်နေသည့် အကြောင်းအရင်းတစ်ခုလည်း ဖြစ်၏။ သူ သိထားသလောက် သူမသည် သူ့ကို အမှီလိုက်နိုင်ရုံသာမကဘဲ သူမနှင့်အတူ လိုက်ဖို့ပါ သူ့ကို ဖိအားပေးနိုင်သည်။
ဟို့ဖုန်းဟွမ်၏ လက်ရှိအနေအထားအရ သူ့မျိုးဆက်မှ တချို့ကလည်း သူနှင့်အတူ ကျင့်ကြံရေးခရီးလမ်းဆုံးသည်အထိ လိုက်ပါနိုင်ကြောင်း ပြသခဲ့လေသည်။ ထိုအချက်က သူ့အား စိတ်ပျော်လာစေ၏။
“ကောင်းပြီလေ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ တုံ့ပြန်သည့်အနေဖြင့် အနီရောင်မျက်နှာဖုံးက ဦးညွှတ်ပြီးသည့်နောက်တွင် အရိပ်အဖြစ် ပျောက်ကွယ်သွားလေ၏။
“အခု ငါးမျှားဖို့ အချိန်ကောင်းပဲ။ ငါ့ရဲ့ ကံကောင်းမှုက တိုးတက်လာလောက်ပြီ”
သူက ရေကန်ငယ်လေးဆီ သွားကာ ရေရွတ်လိုက်သည်။ သူက သူ့ရေကန်ဘေးတွင်ရှိနေသည့် ဆန်းဆန်းပြားပြား ပန်းပွင့်များအားလုံးဖြင့် ဝန်းရံခံထားရပြီး သူ့ခေါင်းအထက် ကြယ်တာရာကောင်းကင်ကြီးဖြင့် လှပနေသည့်အတွက် ဝမ်ဝေ့က ဘဝ၏ စိုးရိမ်သောကများကို မေ့လျော့ထားကာ ငြိမ်းအေးမှုကို ခံစားနေသည်။
……………………
“နောက်ဆုံးတော့ ငါ အထွတ်အထိပ်ကို ပြန်ရောက်သွားပြီ”
ဝမ်ဝေ့က မျက်လုံးဖွင့်လာကာ ပြောလိုက်၏။ သူက လက်သီးကိုဆုပ်ကာ ခေတ္တမျှ သူဆုံးရှုံးလိုက်ရသည့် စွမ်းအားနှင့် ထိန်းချုပ်မှုကို ခံစားလိုက်သည်။
“အခု အရင် အသားရုပ်သေးရုပ်တွေနဲ့ ပတ်သက်ပြီး ဘာလုပ်ရမလဲ။ သူတို့က သဲလွန်စမရှိဘဲနဲ့ ပြစ်မှုတွေ ကျူးလွန်ဖို့ရာ နည်းလမ်းကောင်းဆိုပေမဲ့ တချို့လူတွေက သူတို့တွေက ငါတို့ဂိုဏ်းရဲ့ အကျဉ်းသားတွေဆိုတာကို မှတ်မိသွားနိုင်ခြေ ရှိတယ်”
ဝမ်ဝေ့က ထိုအသွေးအသားရုပ်သေးရုပ်များကို အသုံးပြုလိုသော်လည်း သူတို့၏ သွင်ပြင်ကို အရင်ဦးဆုံးပြောင်းပစ်ဖို့ လိုအပ်နေလေသည်။ မဟုတ်ပါက သူတို့ကို နောက်ယောင်ခံကာ ဂိုဏ်း သို့မဟုတ် သူ့ဆီအထိ ပြန်လည်ရောက်ရှိလာနိုင်၏။
“ဒါကို ဆုံးဖြတ်ပြီးသွားပြီဆိုတော့ ဧည့်သည်တွေနဲ့ တွေ့ရအောင်” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ သူက ပြန်လည်အားဖြည့်ကာ သီးသန့်ကျင့်ကြံနေသည့်အတွက် သူ့ဧည့်သည်များက စောင့်ဆိုင်းနေကြရသည်။
“ကောင်းပြီလေ။ ဗုဒ္ဓဘာသာနဲ့ စလိုက်ရအောင်”
ထို့နောက် ထူးထူးဆန်းဆန်း ဘုန်းကြီးတစ်ပါးက သူနှင့် လာရောက်တွေ့ဆုံလေ၏။ ထူးဆန်းသည်ဟု ဆိုရသည့်အချက်က သူ့ဦးခေါင်းက ကလေးငယ်တစ်ယောက်လို ဖြစ်သော်လည်း သူ့ခန္ဓာကိုယ်ကမူ ထွားထွားကျိုင်းကျိုင်း အမျိုးသားတစ်ယောက် ဖြစ်နေလေသည်။ မည်သည့်ထောင့်မှ ကြည့်စေကာမူ ထူးဆန်းနေလေ၏။
ဒါကပြန်လည်အားဖြည့်ရေး နည်းလမ်းတစ်ခုလား…
ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။
ဒါတင်မကသေးဘူး။ ဒါက အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်ဗုဒ္ဓဘာသာကျမ်းကနေ ဆင်းသက်လာတဲ့ နည်းစနစ်တစ်ခုပဲ။ တကယ်ကို စိတ်ဝင်စားစရာကောင်းတဲ့ နည်းစနစ်ပဲ…
“ဒကာ” ဘုန်းကြီး သန့်စင်ကလေးငယ်က ဂါရဝပြုလာသည်။
“ဘာလို့များ ရောက်လာတာပါလဲ” ဝမ်ဝေ့က ဗုဒ္ဓဘာသာသည် သူနှင့် တွေ့ဖို့ရာ အကြောင်းအရင်းမရှိဟု ယုံကြည်ထားသည့်အတွက် သိချင်နေမိသည်။ သူက သူတို့၏ လက်မှတ်တန်ကြေးအား ဆေးလုံး သုံးလုံးအထိ လျှော့ချထားပြီဖြစ်သည့်အတွက် သူကသာ သူ့ကို ကျေးဇူးတင်လိုပါက ကိုယ်တိုင်ကိုယ်ကျ စောင့်ဆိုင်းစရာမလိုဘဲ စာမျှသာ ပို့ဆောင်နိုင်သည်။
“မာတာမေတ္တယျဆီကနေပြီးတော့ သတင်းစကားနှစ်ခု ရရှိလို့ပါ”
ဝမ်ဝေ့က ထိုစကားကို ကြားပြီးသည့်နောက်တွင် ချက်ချင်းဆိုသလို အလေးအနက် ဖြစ်လာလေ၏။
“ပထမဦးဆုံးအနေနဲ့ သူမက ကြမ္မာရဲ့ နောက်တွေ့ဆုံမှုဖြစ်ရပ်က ချဉ်းကပ်လာပြီလို့ ပြောပါတယ်။ ဒကာ အာရုံမခံမိမှာစိုးလို့ လာပြီး သတိပေးခိုင်းတာပါ”
ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ ပင်မဖြစ်ရပ်များစွာက ဖြစ်ပျက်တော့မည်ဖြစ်သည့်အတွက် သူက ကိစ္စတချို့၏ အလယ်ဗဟိုသို့ ကျရောက်နေလေသည်။ သူက ထိုအရာကို သိထားပြီး အဆိုးဆုံး အနေအထားထိ ဦးတည်ပြင်ဆင်ထားလေ၏။
“ဒုတိယအနေနဲ့တော့ အချိန်အများကြီး ရှိနေသေးတဲ့အတွက် အလျင်လိုစရာ မလိုဘူးလို့ ပြောလိုက်ပါတယ်။ ဒါက ယွမ်ခေတ်ကာလမဟုတ်ဘဲနဲ့ တကယ်ကို ပြောလို့မရတဲ့ ကြာရှည်လှမဲ့ အချိန်ကာလပါ” ဘုန်းကြီး သန့်စင်ကလေးငယ်က ပြောလာသည်။
“ဒါပဲလား”
“ဒါပါပဲ ဒကာ”
“ကောင်းပြီလေ။ သတင်းစကား ပို့ပေးတဲ့အတွက် ကျေးဇူးပါ”
ဘုန်းကြီးသန့်စင်ကလေးငယ်က ထွက်ခွာသွားလေသည်။
“အချိန်အများကြီး ကျန်သေးတယ်မလား။ တော်သေးတာပေါ့”
သူ့အကြောက်တရားတစ်ခုက အန္တိမသဟဇာတ၏ ပြန်ရောက်လာမှုသည် သူ ထင်ထားသည်ထက် စောနေမည်ကို ဖြစ်၏။ သို့သော် ထိုသူ၏ စွမ်းအားက အဆုံးမဲ့ တက်လှမ်းခြင်းကမ္ဘာတွင် ရှိသမျှအချိန်အားလုံး၌ နိမ့်ကျနေဟန်ပေါ်သည်။ ဝမ်ဝေ့အတွက် သတင်းကောင်း ဖြစ်၏။ သူ စစ်ဆေးမှုထဲ ပါဝင်ဆင်နွှဲနေစဉ် အန္တိမသဟဇာတက ကမ္ဘာကြီးထံ တစ်စုံတစ်ခုလုပ်ဖို့ရာ မဖြစ်နိုင်လောက်ပေ။
အဲဒါဆိုတော့ ကျန်တာက အချိန်စားသုံးသူပဲ…
ဝမ်ဝေ့က တွေးလိုက်သည်။
သူမက ချီယွမ်အား ထိုသူကို စောင့်ကြည့်ဖို့ တောင်းဆိုထားသော်လည်း ဘိုးဘေးသည် မည်မျှ ယုံကြည်ရမလဲ မသိရပေ။ အရိပ်အမြွက်အားလုံးက အတော်လေး ယုံကြည်ရကြောင်း ညွှန်ပြနေသော်လည်း သူသည် မေတ္တယျအပေါ် ယုံကြည်မိပြီး သူ့ဘဝဖြင့် ပေးဆပ်ခဲ့ရသည် မဟုတ်ပါလော။
ဘိုးဘေး ကျုပ်ကို အပြစ်မတင်ပါနဲ့။ ကျုပ်ရဲ့ စိတ်ဒဏ်ရာကိုပဲ အပြစ်တင်လိုက်ပါ…
ဝမ်ဝေ့က ထုံရို့ပင်းထံ အဆောင်တစ်ခု ပို့ဆောင်ကာ သူမ၏ ရွှေရောင်ခန္ဓာအား အချိန်စားသုံးသူ၏ စည်းတံဆိပ်ကို စောင့်ကြည့်ဖို့ရာ မှာကြားခဲ့သည်။ သူက ရွှေရောင်ခန္ဓာအား ဝိဇ္ဇာလင်းချီ၏ စိတ်ဝိညာဉ်ကိုပါ ဆင့်ခေါ်ဖို့ စွမ်းအားကို ပေးအပ်ထားခဲ့၏။
“ကောင်းပြီ”
ဝမ်ဝေ့က ရေရွတ်ပြီး စိတ်အေးလက်အေး ဖြစ်သွားမိ၏။
“နောက်ထပ် ဧည့်သည်နဲ့ တွေ့ဆုံရအောင်”
ထို့နောက် ညာဖက်မျက်လုံးကို အကာဖြင့် အုပ်ထားသည့် အမျိုးသမီးတစ်ဦးက ဝင်ရောက်လာလေသည်။ သူမက တာအိုသူတော်စင်ကဲ့သို့ ငြိမ်းအေးသည့် သဘာဝအငွေ့အသက်မျိုး ပိုင်ဆိုင်ထားသော်လည်း အချိန်အတော်ကြာ မဆေးကြောနိုင်သေးသည့် သွေးသံရဲရဲအငွေ့အသက် ရှိနေဟန်ပေါ်သည်။ ထို့အပြင် သူမ၏ ညာဖက်မျက်ဝန်းက ကြက်သီးထဖွယ် အငွေ့အသက်တို့ ပိုင်ဆိုင်ထားလေသည်။
“အဲဒီစစ်ပွဲမှာ မင်း သေသွားတယ်လို့ ထင်နေတာ” ဝမ်ဝေ့က ပြောလိုက်သည်။
“ကျွန်မလည်း အဲ့လိုထင်တာပဲ။ ဒါပေမဲ့ အခု ကျွန်မက အသက်ရှင်ရက်နဲ့ ကောင်းကောင်းမွန်မွန် ရှိနေတယ် မဟုတ်ဘူးလား” ကျန်းပိယုက ပြောလာသည်။
“အသက်ရှင်တာပေါ့။ ဒါပေမဲ့ မင်းက အရင်ကထက် ပိုကောင်းလို့လား” ဝမ်ဝေ့က သူမ၏ မျက်လုံးအကာကို ကြည့်ရင်း ထိုအရာမှ ဆိုးဆိုးရွားရွားကျိန်စာကို ခံစားမိလိုက်သည်။
“ဒါက အသက်ရှင်ဖို့အတွက် ပေးဆပ်ရတဲ့ တန်ကြေးတစ်ခုပါပဲ” သူမက တုံ့ပြန်လိုက်၏။ ဗုဒ္ဓဘာသာနှင့် တာအိုဘာသာကြားမှ စစ်ပွဲက အတော်လေး ရက်စက်လှသည်။ သို့သော်လည်း များစွာ သက်ရောက်မှုရှိ၏။ ကျန်းပိယုက ယခုအခါ ရှင်ကျန်ခဲ့သည့် တာအိုဘာသာအင်အားစုမှ ပင်မအဖွဲ့ဝင်တစ်ယောက်ဖြစ်နေပြီ ဖြစ်၏။ ယခု သူမက စံပြတစ်ယောက်ဖြစ်လာပြီး သူမ၏ ရာထူးကို အခြေခိုင်စေဖို့ရာသာ လိုအပ်တော့သည်။ ဘိုးဘေးများ ပြန်ရောက်လာသည်နှင့် သူမ၏ ထမ်းဆောင်မှုအတွက် ဆုချီးမြှင့်ခံရမည် ဖြစ်၏။ ထိုဆုလာဘ်ကမူ သူမအား ထိပ်တန်းစံပြ သို့မဟုတ် ရှေးဦးစံပြအထိ လမ်းစဉ်ကို ထိုးဖောက်နိုင်လိမ့်မည်။
“မင်း အဆင်ပြေတာ တော်သေးတာပေါ့။ လာထိုင်လေ” ဝမ်ဝေ့က သူမအား အဖန်ရည်တည်ခင်းလိုက်သည်။ သူမက အဖန်ရည်တစ်ငုံ သောက်သုံးပြီးသည်နှင့် သူမ မျက်ဝန်းထဲရှိ ကျိန်စာကို ထိန်းထားဖို့ ပိုမိုလွယ်ကူသွားသလို ခံစားလိုက်ရသည်။
“ကျေးဇူးပါ” ကျန်းပိယုက အလေးအနက် ပြောလိုက်သည်။
“ကိစ္စမရှိပါဘူး။ ဒါပေမဲ့ အဲဒီကျိန်စာကို ပိုပြီး သတိထားသင့်တယ်။ မဟုတ်ရင် မင်း တခြားအကျင့်စရိုက်ကိုပါ လွှမ်းမိုးသွားနိုင်တယ်”
ကျန်းပိယုက မျက်မှောင်ကြုတ်လိုက်သည်။ သူမ၏ တခြားသော အကျင့်စရိုက်က သူမ၏ ကျင့်ကြံရေးပါရမီ၏ အဓိကသော့ချက်ဖြစ်သည့်အတွက် တစ်စုံတစ်ခု အဖြစ်မခံလိုပေ။
“အခုကစပြီး ဂရုစိုက်ပါမယ်”
ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။
“မင်း တာအိုဘာသာကို ကိုယ်စားပြုဖို့ ရောက်လာတာလို့ထင်တယ်။ သူတို့တွေက ဘာလိုချင်တာလဲ”
“ကျွန်မတို့ အရင်ခေါင်းဆောင်ရဲ့ အပြုအမူတွေက ကျွန်မတို့နဲ့ တာအိုအခွင့်အလမ်းဂိုဏ်းကြားက ဆက်ဆံရေးအပေါ်မှာ သက်ရောက်မှုရှိလား၊ မရှိလား လာပြီး စစ်ဆေးကြည့်တာပါ”
“ငါက မင်း ဒါမှမဟုတ်ဘူးဆိုရင် တခြားသူတွေထက် ပိုပြီးတန်ကြေးတောင်းထားတာ မဟုတ်တာကိုက ငါတို့ဘက်ကက အမြင်ကို ထုတ်ဖော်ပြသပြီးသားဖြစ်နေပြီလေ” ဝမ်ဝေ့က တည်ငြိမ်စွာ ပြောလိုက်သည်။
“အဲဒါကိုပဲ ကျွန်မတို့ဘက်က ကြားချင်တာပါ”