← Chapters

ပြန်လည်ဆုံစည်းခြင်း အပိုင်း(၆)

Vol. 102 Ch. 1423

ပြန်လည်ဆုံစည်းခြင်း အပိုင်း(၆)

Vol. 102 Ch. 1423

အစစ်အမှန်အဆီအနှစ်အဖွဲ့က မြင့်တက်လာတော့မှာလား။

ဝမ်ဝေ့က တွေးတောလိုက်သည်။ မူလိန်နှင့် ယင်ကန်းကဲ့သို့ ပါရမီရှင်နှစ်ယောက်ဖြင့် သူတို့အင်အားစုက စည်ပင်ကြွယ်ဝလာမည်ဟု ပြောလျှင်ပင် လွန်ကဲရာကျမည် မဟုတ်ပေ။

ကြည့်ရတာ မဟာတာအိုက ဒုတိယအကြိမ် ထူးကဲသာလွန်မှုလမ်းစဉ်ပြီးတဲ့နောက်မှာ သန့်စင်တဲ့ ခန္ဓာကိုယ်လေ့ကျင့်သူတွေရဲ့ တိုးတက်မှုကို သဘောကျလာတဲ့ပုံပဲ။ သူတို့မြင့်တက်လာလိမ့်မယ်လို့ အာမခံချက်တော့ မရှိဘူး။ မဟာတာအိုက သူတို့အပေါ်မှာ တင်းကျပ်မှုအနည်းငယ် လျှော့လာနိုင်တယ်။ မဟုတ်လျှင်တော့ သူတို့ရဲ့ကံကြမ္မာက အတူတူပဲ ဖြစ်နေလိမ့်မယ်။

အကယ်၍ မဟာတာအိုက ဖြေလျော့မပေးပါက အစစ်အမှန်အဆီအနှစ်အဖွဲ့အနေဖြင့် ဖြစ်လာနိုင်မည့် အကောင်းဆုံးအရာက သူတို့အင်အားစုသည် ထူးကဲသာလွန်မှု အင်အားစုဖြစ်လာဖို့ နီးကပ်လာနိုင်မည်ဖြစ်ကာ ရွှေရောင်ခေတ်ကာလအတွင်း လုပ်ခဲ့သလိုမျိုး ထိုအဆင့်ကို အစစ်အမှန်ရောက်ရှိနိုင်ဖို့ ကျရှုံးသွားနိုင်တာမျိုးလည်း ဖြစ်နိုင်သည်။

တစ်ကယ်လို့ ငါသာ အဆီအနှစ်ပေါ်မှာ နားလည်ထားပြီးတော့ စတုတ္ထဂိတ်ပေါက်ကို ဖွင့်လှစ်ဖို့အတွက်ဆိုရင် ဂိုဏ်းရဲ့ ဗဟုသုတတွေက မလုံလောက်သေးဘူး။ အဲ့ဒါဆို ငါ့အနေနဲ့ အစစ်အမှန်အဆီအနှစ်အဖွဲ့အပေါ်မှာ ရင်းနှီးမြှုပ်နှံမှုကို စတင်သင့်တယ်။

ဝမ်ဝေ့က စီစဥ်လိုက်သည်။

အဓိက ငါ လိုချင်တာက ခန္ဓာဘိုးဘေးရဲ့ ဝိညာဉ်က ပြန်လည်ဝင်စားသွားတဲ့ နေရာကို ရှာဖို့ပဲ။ သူ့ပျောက်ကွယ်သွားမှုက ပြန်လည်ဝင်စားခြင်းသံသရာထဲမှာ မတော်တဆဖြစ်ခဲ့တာမျိုး ဒါမှမဟုတ်ဘူးဆိုရင် ယမမင်းရဲ့ စက်ယန္တရားတစ်ချို့ကြောင့် ဒါမှမဟုတ်ဘူးဆိုရင် တစ်ခြားတစ်ယောက်ကြောင့် ဖြစ်နေနိုင်တယ်။ ငါက အစစ်အမှန် မြေကမ္ဘာဧကရာဇ် ဖြစ်လာမယ်ဆိုရင် သူတို့ရဲ့ ဗဟုသုတတွေအားလုံးအတွက် သတင်းအချက်အလက်တွေကို လဲလှယ်နိုင်လိမ့်မယ်။

ဝမ်ဝေ့က ကျေနပ်စွာခေါင်းညိတ်လိုက်သည်။ သူက ရောက်ရှိလာမည့် ကပ်ဘေးအတွင်း သူတို့၏အဖွဲ့ကို မည်သို့ဆက်ဆံရမည်ကို ကောင်းကောင်းသိထားလေ၏။ သူက လက်ကို ဝှေ့ကာ ယွီချိုက်ထံ အဆောင်တစ်ခု ပို့ဆောင်ပြီး စုစည်းထားသည့် အဆီအနှစ်ရေစက်များကို ရယူဖို့အကြောင်း ပေးပို့လိုက်သည်။ ထိုအရာက သူ့နောက်ထပ် အစီအစဉ်အတွက် အရေးပါလာမည် ဖြစ်၏။

ငါက အဖန်ရည်နဲ့ သေရည်တွေ သောက်ရတာ ငြီးငွေ့နေပြီ … အခု နေရာလေးပြောင်းရအောင် ….

ဝမ်ဝေ့က တွေးပြီးသည့်နောက်တွင် အခန်းမှ ထွက်ခွာလာသည်။ သူ့နောက်ဖေးခြံဝန်းအတွင်း ရေကန်လေးတစ်ခု ရှိလေ၏။ သူက ငါးမျှားဖို့ ဆုံးဖြတ်လိုက်သည်။ ထိုရေကန်ငယ်လေးက အပေါ်ယံတွင် သေးငယ်ဟန် ထင်ရသော်လည်း ကွဲပြားသည့် သက်ရှိများစွာဖြင့် ပြည့်နှက်နေသည့် ဒိုင်မေးရှင်းတစ်ခု ရှိလေသည်။ နာရီပိုင်းအတွင်း ဝမ်ဝေ့က  ပင်လယ်နှင့် နတ်ဆိုးမျိုးနွယ်များကို ဖမ်းဆီးမိခဲ့သည်။

“ ဒါက လွယ်ကူလွန်းတယ်၊ ငါ ထင်ထားသလောက် ပျော်ဖို့မကောင်းဘူး” ဝမ်ဝေ့က ငြီးတွားလိုက်သည်။

“ ဒါဆိုရင် ပိုပြီးစိတ်ဝင်စားအောင် လုပ်ရအောင်”

သူက ရေကန်ကို လက်ညှိုးထိုးပြီး ကံကြမ္မာတာအိုနှင့် ရေကန်ကို လွှမ်းခြုံလိုက်သည်။ ထို့နောက် ဝမ်ဝေ့က ပြုံးကာ ငါးမျှားကြိုးကို ရေကန်ထဲ ပစ်ချလိုက်၏။ ထိုကြိုးငယ်လေးက ရေကန်ထဲ ပျောက်ကွယ်သွားပြီး အကန့်အသတ်မဲ့လဲလှယ်ရေးခန်းမ၏ ပိုင်နက်အတွင်း အပြာရောင်စကြာဝဋာထဲ ပေါ်ထွက်လာသည်။

ထိုကြိုးငယ်လေးက အကောင်းဆုံး ကောင်းကင်ဘုံအဆင့် ခုခံမှုကို ထိုးဖောကိကာ စာလိပ်တစ်လိပ်ကို ချိတ်ဆွဲသွားသည်။

“ တစ်ခုခု မိသွားတာလား” ဝမ်ဝေ့က ကြိုးကို ဆွဲယူလိုက်သည်။

“ ဓားရေးနည်းစနစ်လား၊ ကောင်းကင်ဘုံအဆင့် ကျင့်စဉ်အတွက်တော့ တော်တော်လေး ကောင်းမွန်တာပဲ”

ထိုအရာက သူ့အတွက် အသုံးမဝင်သော်လည်း ဘာမှမရှိသည်ထက်စာလျှင် ပိုကောင်းပေသည်။ ဝမ်ဝေ့က ဒုတိယအကြိမ် ကြိုးကို ပစ်ချလိုက်၏။ သို့သော်လည်း သူက သိပ်ကံမကောင်းခဲ့ပေ။ သူက ဧကရာဇ်ဆေးပုလင်း တစ်ပုလင်းကိုသာ ဖမ်းယူမိခဲ့၏။

“ အခု ဒီလိုပဲလုပ်ရမယ်” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ သူက ‌ကံကောင်းမှုကို ဖယ်ရှားလိုက်သည့်အခါ သူ၏ ငါးမျှားမှုက ကြုံရာကျပန်း ဖြစ်လာလေသည်။ အချိန်က ကုန်လွန်သွားပြီးသည့်နောက်တွင် နောက်ထပ် ဧည့်သည် ရောက်ရှိလာလေ၏။

“ နာမည်ကျော် အဆုံးမဲ့ဓားဧကရာဇ် ကျန့်ဝူရွှမ်းပါလား” ဝမ်ဝေ့က နောက်လှည့်မကြည့်ပဲ ပြောလိုက်သည်။

“ ဓားကောင်းကင်ဘုံအရှင်လို့ ခေါ်ရမှာပဲ”

ကျန့်ဝူရွှမ်းက ဒိုင်‌မေးရှင်းအနိမ့်ထဲတွင် ကုသိုလ်အမှတ် တော်တော်များများ မစုဆောင်းမိခဲ့ပဲ တော်လှန်ရေးအတွက် အလုပ်လုပ်ပေးခြင်းဖြင့် တာအိုကို သက်သေပြနိုင်ခြင်းဖြစ်၏။ ထို့ကြောင့်သူသည် ယွမ်ခေတ်ကာလ တစ်သောင်းမျှဖြင့် ကောင်းကင်ဘုံအဆင့် ရောက်ရှိလာခြင်းကား မူမမှန်မှုတစ်ခုသာ ဖြစ်ပေသည်။

“ ခင်များရဲ့ရှေ့မှာ ဘယ်သူက နာမည်‌ကြီးတယ်လို့ ပြောရဲမှာလဲ” ကျန့်ဝူရွှမ်းက ဘေးတွင် ဝင်ထိုင်ရင်း ပြောလိုက်သည်။ ဝမ်ဝေ့က သူ့ကို ကြည့်ကာ ပြုံးလိုက်ပြီး သူ့ကျင့်ကြံဆင့် မြန်ဆန်နေရသည့် အကြောင်းရင်းကို နားလည်သွားလေ၏။ အကြွင်းမဲ့ဓားလမ်းစဉ်၏ ကံကြမ္မာ ဖြစ်ပေသည်။ သူ့အဖေက ရွေးချယ်ခံတစ်ယောက် ဖြစ်ခဲ့သော်လည်း ထိုကောင်စုတ်က ထိုကံကြမ္မာကို တစ်စိတ်တစ်ပိုင်း ရယူနိုင်ခဲ့ပြီး ရွေးချယ်ခံဖြစ်ဖို့ ကြိုးစားခဲ့လေသည်။ သူက ကျရှုံးသွားခဲ့သော်လည်း ထိုဖြစ်စဉ်အတွင်း အကျိုးအမြတ်အမြောက်အများ ရရှိခဲ့လေ၏။

“ ဒီမိန်းမလှလေးက ဘယ်သူလဲ” ဝမ်ဝေ့က သူနှင့် ပါလာသည့် မိန်းကလေးကို ကြည့်ကာ မေးလိုက်သည်။

“ ဒါက ဓားခုနစ်ချက် ဓားဝိဇ္ဇာရဲ့ မျိုးဆက် ပါရမီရှင် မိန်းကလေးစုလီပါ” ကျန့်ဝူရွှမ်းက မိတ်ဆက်ပေးလိုက်သည်။

“ တွေ့ရတာ ဝမ်းသာပါတယ် ကျုပ်ရဲ့ ဘိုးဘေးဆီကနေ ဓားဝိဇ္ဇာအကြောင်း ချီးကျူးတာတွေ အများကြီး ကြားခဲ့ပါတယ်” ဝမ်ဝေ့က ပြောလိုက်သည်။

“ အဲ့လိုတော့ သံသယရှိမိသား” စုလီက တဲ့တိုးသာ ပြောလာလေ၏။ ဓားရေးလမ်းစဉ်တွင် ရှေးဦးစံပြသုံးယောက်သာ ရှိခဲ့ပြီး သုံးယောက်လုံးကို ဓားဝိဇ္ဇာအဖြစ် သိကြလေသည်။ သို့သော်လည်း မျိုးနွယ်တစ်ခုလုံးက တာအိုအခွင့်အလမ်းဂိုဏ်းနှင့် ဆိုးရွားသော ဆက်ဆံရေး ရှိလေသည်။ အကြောင်းအရင်းကမူ ယန်းအိုက်က ကမ္ဘာတွင် အကြီးကျယ်ဆုံး ဓားသမားဂုဏ်ပုဒ်ကို ကိုင်ဆောင်ထားပြီး ဓားမဟာတာအိုအရင်းအမြစ် ရာထူးကိုလဲ ဆုပ်ကိုင်ထားနိုင်ခဲ့သည်။

“ မင်းက စကားပြောသိပ်မကောင်းဘူးပဲ” ဝမ်ဝေ့ကပြောလိုက်စဉ် ကျန့်ဝူရွှမ်းက မလုံမလဲ ပြုံးလိုက်သည်။

“ ကျွန်မက ဒဲ့တိုးပြောရုံပါပဲ” စုလီက ပြန်ဖြေလိုက်၏။

“ အဲ့ဒါနဲ့ပက်သက်ပြီး ဘာမှမမှားပါဘူး။  ဒီမှာ မင်းတို့ရဲ့ ကံကောင်းမှုကို စစ်ကြည့်ကြ” ဝမ်ဝေ့က သူတို့အား ကြိုးတစ်ယောက် တစ်ချောင်းစီ ပေးလိုက်၏။ သူတို့က ဘာမှန်းမသိ ဖြစ်နေကြသော်လည်း ကြိုးကို လက်ခံလိုက်ကြ၏။ ဝမ်ဝေ့က အဆင့်သုံးနှင့်အောက်သာ အလုပ်ဖြစ်သည့် ကုသရေးဆေးအနှစ်ကို ဖမ်းယူမိခဲ့သည်။ သို့သော်လည်း သူ့ဧည့်သည်နှစ်ယောက်ကမူ အတော်လေး ကံကောင်းလှ၏။ ကျန့်ဝူရွှမ်းက စံပြအဆင့် နီးကပ်နေသည့် ဓားအဆောင်တစ်ခုကို ဖမ်းယူမိခဲ့စဉ် စုလီကမူ တစ်ခါက စံပြအသုံးအဆောင် ဖြစ်ခဲ့ဖူးသည့် ကောင်းကင်ဘုံအဆင့် အသုံးအဆောင်တစ်ခုကို ဖမ်းယူမိခဲ့သည်။

“ ငါနဲ့ ယှဉ်လိုက်ရင် မင်းတို့က အတော်လေး ကံကောင်းကြတာပဲ” ဝမ်ဝေ့က ပြောလိုက်၏။

“ ဒါက …..” ကျန့်ဝူရွှမ်းက စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ရင်း မေးလိုက်သည်။

“ လက်ဆောင်အနေနဲ့ သဘောထားလိုက်ပေါ့ အခု လာရင်းကိစ္စကို ပြောရအောင်။ အခု လာပြီးတော့ နှုတ်ဆက်ရုံသက်သက်ပဲလား” ဝမ်ဝေ့က ပြုံးလိုက်သည်။

“ မဟုတ်ပါဘူး တရားဝင် ကိစ္စလေး ရှိလို့ပါ” ကျန့်ဝူရွှမ်းက ပြောလိုက်သည်။ သို့သော်လည်းသူက စကားများကို စဉ်းစားမရသေးပဲ သူ့အမူအရာက အတွေးနက်လာသည်။ သူက ပြောလိုသည့်အရာများကို စကားစီ‌နေဟန်ပေါ်သည်။

“ ကောင်းပြီလေ” ဝမ်ဝေ့က မေးလိုက်သည်။

“ ဒီလိုပါ ကျုပ်တို့မျိုးနွယ်က အကြွင်းမဲ့ဓားရေးလမ်းစဉ်ရဲ့ ကြမ္မာက ပိုင်ရှင်ပြောင်းသွားတယ်ဆိုတာ သတိထားမိလို့ပါ”

ဝမ်ဝေ့၏ မျက်ဝန်းထဲတွင် ဒေါသနှင့် စိုးရိမ်သည့်အမူအရာ ပေါ်ထွက်လာသော်လည်း ချက်ချင်းဆိုသလို ပျောက်ကွယ်သွားလေသည်။

“ ဟုတ်တယ်”

ကျန့်ဝူရွှမ်းက လေထုအပြောင်းအလဲကို ချက်ချင်းသတိထားမိကာ သူကစကားများကို ဂရုတစိုက် သုံးစွဲလိုက်သည်။

“ ဓားဧကရီက အခု ကံကြမ္မာကိုင်ဆောင်သူ ဖြစ်သွားပြီမလား”

“ လိုရင်းကိုသာပြော” ဝမ်ဝေ့က ပြောလိုက်သည်။

“ ကျုပ်တို့မျိုးနွယ်က သူမက အဲ့ကံကြမ္မာနဲ့ ဘယ်လောက်ဆက်နွယ်နေလဲဆိုတာ သိချင်လို့ပါ”

ဝမ်တေက ကြိုးကို မကိုင်တော့ပဲ သူ့ကို ကြည့်ကာ ပြောလိုက်သည်။

“ ဓားဧကရီနဲ့ အဲ့ဒီကံကြမ္မာကို လဲလှယ်ချင်တာလား”

“ ဟုတ်ပါတယ်” ကျန်းဝူချွမ်းက ဝန်ခံလိုက်သည်။

“ ဘာလို့အဲ့လို လုပ်ချင်တာလဲ” 

“ အဲ့ဒါက သိသာတယ် မဟုတ်ဘူးလား” စုလီက ဝင်ပြောလိုက်သည်။

“ အကြွင်းမဲ့ဓားရေးလမ်းစဉ်ရဲ့ ကြမ္မာက ကျုပ်တို့မျိုးနွယ် မြင့်တက်လာဖို့အတွက် သော့ချက်ပဲ” ကျန့်ဝူရွှမ်းက ထပ်ပြောလိုက်သည်။

“ မင်း ပြောတာ ဟုတ်တယ်” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။ သို့သော်လည်း သူ့အလိုလိုသိစိတ်က တစ်စုံတစ်ခု ခံစားနေမိသည်။ ဓားလမ်းစဉ်အဖွဲ့အစည်းက သူတို့၏ အင်အားမြင့်တက်လာမှုအတွက် ကံကြမ္မာကို လိုချင်နေရုံမျှသာ မကပေ။ ဝမ်ဝေ့က ထိုအရာနောက်ကွယ်တွင် တစ်စုံတစ်ခု လျှို့ဝှက်ချက်ရှိနေမည်ဟု ခံစားနေမိ၏။

“ ဒါပေမယ့် ဘာလို့လာပြောနေတာလဲ။ မင်းတို့ဘိုးဘေး ပြန်ရောက်လာပြီးတော့မှ သူမနဲ့ ဆွေးနွေးတာက ပိုမကောင်းဘူးလား”

“ ကျုပ်တို့အင်အားစုနှစ်ခုရဲ့ ဘိုးဘေးတွေရဲ့ ဆက်ဆံရေးက ဆိုးရွားတာကိုလဲ သိတာပဲလေ။ အဲ့ဒါကြောင့် ခင်များက ကြားကနေ ညှိနှိုင်းပေးတဲ့သူ လုပ်နိုင်မလားလို့ သိချင်လို့ပါ” ကျန့်ဝူရွှမ်းက ထပ်ပြောလိုက်သည်။

“ ငါတို့ရဲ့ ဆက်ဆံရေးကြောင့် မင်းအတွက် အကောင်းဆုံးလုပ်ပေးနိုင်တာက သတင်းစကား ပို့ပေးဖို့ပဲ။ ဒီ ကြားနေ ညှိနှိုင်းပေးသူ လုပ်ပေးဖို့တော့ ထားလိုက်ပါတော့”

ထိုအပေးအယူ ကိစ္စတွင် ဘာမှအကျိုးအမြတ်မရပေ။ ဝမ်ဝေ့အနေဖြင့် သူ့ဘိုးဘေးက အပေးအယူကို လက်ခံမည်မဟုတ်ကြောင်း ခန့်မှန်းမိလေသည်။ ထို့ကြောင့် နက်နက်နဲနဲ ပါဝင်ပတ်သက်နေ၍ အကျိုးမရှိပေ။

“ ကျွန်မတို့က ရှင့်ကို လျော်ကြေးပေးမှာပါ” စုလီက ပြောလာသည်။

“ ငါက ဓားသမား မဟုတ်ဘူး မင်းတို့ပစ္စည်းတွေက ငါ့ကို ဆွဲဆောင်နိုင်ပါ့မလား”

စုလီက တစ်စုံတစ်ခု ပြောလိုသော်လည်း ကျန့်ဝူရွှမ်းက လက်ကိုမြှောက်ကာ သူမအား တားဆီးလိုက်သည်။

“ ခင်များရဲ့ အဖေ အသက်ရှင်နေလားဆိုတာ မေးလို့ရမလား”

ဝမ်ဝေ့၏ မျက်ဝန်းမှ အန္တရာယ်အငွေ့အသက်များ ထွက်ပေါ်လာလေ၏။

“ အဲ့ဒါက မင်းနဲ့ဘာဆိုင်လဲ” 

“ တစ်ကယ်လို့ သူသာ အသက်ရှင်နေမယ်ဆိုရင် ကျုပ်တို့တွေ သူ့ကို နောင်ယောင်ခံပေးလို့ရတယ်” ကျန့်ဝူရွှမ်းက အလျှင်အမြန် ပြောလိုက်သည်။

“ အို”

“ ကျုပ်တို့မျိုးနွယ်က ဓားတာအိုရဲ့ ကံကြမ္မာကို ကိုင်ဆောင်ထားတာ။ သင့်တော်တဲ့ တန်ကြေးနဲ့ဆိုရင် ဓားသမားလို့ ခေါ်တဲ့သူတိုင်းကို နောက်ယောင်ခံလို့ရတယ်၊ ပြီးတော့ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာရဲ့ နယ်ခံတိုင်းကိုပေ့ါ”

ဝမ်ဝေ့၏ မျက်ဝန်းအထက် ဖြတ်ခနဲ လင်းလက်သွားလေသည်။

“ မင်းတို့ရဲ့ ရှာဖွေမှုက ဘယ်လောက် သက်ရောက်မှုရှိလဲ”

“ ခင်များရဲ့ အကူအညီကိုတော့ လိုကောင်းလိုနိုင်တယ်၊ တကယ်လို့ သူအသက်ရှင်နေသရွေ့တော့ တစ်ခြားကမ္ဘာမှာ ရှိနေရင်ဆိုတောင်မှ နောက်ယောင်ခံလို့ရတယ်”

“ ဒါက အတော်လေးကို သက်ရောက်မှု ရှိတာပဲ” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ ဤသည်ကား စဉ်းစားကြည့်ဖို့ ထိုက်တန်သည့် အပေးအယူတစ်ခု ဖြစ်လေသည်။

“ ငါ့အဖေကို ရှာချင်တယ်ဆိုပေမယ့် ငါ့ရဲ့ကိုယ်ပိုင် အကျိုးအမြတ်အတွက်လေ … ဘိုးဘေးကို ရောင်းစားတာမျိုးတော့ မဖြစ်‌စေချင်ဘူး၊ အဲ့ဆိုတော့ မင်းတို့တွေက ငါ့ကို ညှိနှိုင်းသူ ဖြစ်လာစေဖို့အတွက် ထူးကဲတဲ့အရာမျိုး ပေးနိုင်ဖို့ လိုအပ်တယ်”

“ အဲ့ဒီကံကြမ္မာအတွက်လည်း ကြိုတင်ပြင်ဆင်ထားပါတယ်” ကျန့်ဝူရွှမ်းက ဝမ်ဝေ့၏ စိတ်ထဲ အသံ ပို့ဆောင်ကာ ပြောလိုက်သည်။

“ အဲ့ဒါက သူမကို ဆွဲဆောင်နိုင်တဲ့ အပေးအယူမျိုးပဲ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။ 

“ မင်းတို့ရဲ့ အပေးအယူကို သဘောတူတယ်၊ ဒါပေမယ့် အောင်မြင်မှုကိုတော့ အာမမခံပေးနိုင်ဘူး”

“ အဲ့ဒါကို နားလည်ပါတယ်” ကျန့်ဝူရွှမ်းက ခေါင်းညိတ်လိုက်သည်။ မျိုးနွယ်က ယန်းအိုက်နှင့် ဆိုးရွားသည့် ဆက်ဆံရေးအကြောင်း သိထားကြလေသည်။ ထို့ကြောင့် သူတို့က တစ်စုံတစ်ယောက်သည် ကြားနေအဖြစ် ဝင်ရောက်ညှိနှိုင်းပေးသည်ကို ကျေနပ်နေပြီ ဖြစ်၏။ မဟုတ်ပါက သူတို့၏ တစ်ခုတည်းသော ရွေးချယ်စရာက တာအိုအခွင့်အလမ်းဂိုဏ်းနှင့် တိုက်ခိုက်ကာ သူတို့အလိုရှိသည့်အရာကို ရယူဖို့သာ ဖြစ်သည်။

“ ကောင်းပြီလေ”

နောက်အဆင့်ကမူ ဤအပေးအယူကို နိဂုန်းချုပ်ဖို့ စာချုပ်ချုပ်ရန်သာ ဖြစ်သည်။ ထို့နောက် ဝမ်ဝေ့က ထိုသူနှစ်ဦးနှင့် နောက်မှ ရောက်ရှိလာမည့် မျိုးနွယ်မှ တခြားသော ဓားသမားများ နေထိုင်ဖို့ စီစဉ်ပေးလိုက်သည်။

All Chapters